Switch Mode

Chapter – 12

လျှို့ဝှက် ဆန်းကြယ်သော အရိုးကျမ်း

Chapter – 12 လျှို့ဝှက် ဆန်းကြယ်သော အရိုးကျမ်း

လက်ရှိအဖြစ်အပျက်က ရွာသားတွေမျော်လင့်ထားတာနဲ့ကို ကျော်လွန်လို့သွားခဲ့ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း သူ့ရဲ့ တောင်ပံတွေကို တဖြန်းဖြန်းခပ်လိုက်ပါတယ်။ တောင်ပံရိုက်ခပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့လေပွေတွေဟာ မိုးမခပင်အိုကြီးဆီကို တိုး၀င်သွားသလို သူ့ ရဲ့ ဥတွေပါ မျောလွှင့်လို့သွားပါတယ်။ အကြေးခွံစိမ်းလင်းယုန်ကြီးက သူ့ရဲ့ဥတွေကို မိုးမခပင်အိုကြီးဆီမှာ အပ်နှံနေပုံပါပဲ။

” ကျုပ်တို့က သူ့ရဲ့ဥတွေကိုတောင် ပြန်ပေးပြီးပြီလေ သူကဘာလို့မယူတော့တာလဲ…”

ရွာသားတစ်ယောက်က အကြေးခွံစိမ်းလင်ယုန်ငှက်ကြီးရဲ့ ထူးဆန်းတဲ့ အမူအယာကြောင့်အံ့သြလို့ နေပါတယ်။

” ဒါက အနာဂတ်မှာ တခြားကလန်တွေထက် ငါတို့ကို သာလွန်စေတော့မှာပဲ မိုးမခပင်အိုကြီးက ငါတို့ ပူဇော်တာကို သဘောကျလို့ သားရဲဥတွေကို စွမ်းအားတွေနဲ့ လွှမ်းခြုံပေးတာတွေ့တယ်မလား..”

ရှီယွီဖန်းကို ရှင်းပြလိုက်ပါတယ်။

” ဒီလိုမျိုးလည်း ရှိသေးတာလား..”

မိန်းမောတွေဝေနေကြတဲ့ရွာသားတွေထဲက တစ်ယောက်က ထအော်လိုက်ပါတယ်။

” မေ့နေပြီလားဟ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ဆန်းကြယ်တဲ့စွမ်းအားတွေရှိသလို ရက်စက်ကြမ်းကြုတ်တဲ့ သားရဲငှက်လည်း ဟုတ်တယ်လေ။ ဒါ့ကြောင့် သူ့ရဲ့ရိုးတွင်းချဉ်ဆီတွေထဲမှာ လျို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေပိုင်ဆိုင်ထားတာပေါ့ ဒါက အသိဥာဏ်ရှိတဲ့လူသားတစ်ယောက်ထက် ဘယ်လိုမှ မနိပ့်ကျစေတော့ဘူး…”

ရွာအကြီးအကဲဟောင်းတစ်ယောက်က ရှင်းပြလိုက်ပါတယ်။

ပိုပြီးကြောက်စရာကောင်းသလို ထူးခြားပြီးရက်စက်ကြမ်းကြုတ်မဲ့ သားရဲငှက်တစ်ကောင်မွေးဖွားလာမယ်လို့ နိမိတ်စကားပေါ်လာခဲ့တာကြာနေပါပြီ။ ဒဏ္ဍာရီလာ လူသားတစ်ယောက်ထက်ပိုပြီး အစွမ်းထက်တဲ့ ရှေးကျတဲ့သားရဲတစ်ချို့လည်း အမှန်တကယ်ကို ရှိခဲ့ဖူးပါတယ်။ သူတို့က နတ်ဘုရားတွေလို အမျိုးမျိုးကို စွမ်းဆောင်နိုင်ကြတယ်လေ။

ရှေးကာလတုန်းက ဘိုးဘေးတွေချန်ထားရစ်ခဲ့တဲ့သတင်းစကားကို ရွာအကြီးအကဲဟောင်းက ပြန်လည်ပြောပြလို့နေတာပါ။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ထူးခြားတဲ့အပြုအမူတွေကလည်း ရွာအကြီးအကဲဟောင်းရဲ့ မှန်ကန်သယောင်ဖြစ်စေတာကြောင့် ရွာသားတွေဟာ ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားကြပါပြီ။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကတော့ မိုးမခပင်အိုကြီးနဲ့ သူ့ရဲ့ ဥတွေကို ရီဝေစွာ လှမ်းမျော်ကြည့်လိုက်ပါတယ်။

” ဟူး…”

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ ဆယ်မီတာ ဆယ့်ခြောက်မီတာလောက် အရှိန်ယူပြေးလွှားသွားပြီး လေထဲကို ခုန်တက်သွားပါတယ်။ သူဟာ မျက်စိတမှိတ်လျှပ်တပြတ်အတွင်းမှာပဲ မိုးတိမ်တွေကြားထဲမှာ ပျောက်ကွယ်လို့ သွားခဲ့ပါတယ်။

လူတိုင်းက ထပ်ပြီးအံ့သြကြရပြန်ပါတယ်။ အကြေးခွံစိမ်းလင်းယုန်စိမ်းကြီးဟာ သူ့ရဲ့ ဥတွေကို မိုးမခပင်အိုကြီးဆီမှာ ထားခဲ့ပြီး ပျောက်ကွယ်သွားမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။

” ဦးလေးလင်းဟူ အခုကျွန်တော်တို့ ဘာလုပ်သင့်သလဲ..”

အန်းမန်က မေးလိုက်ပါတယ်။

” ဘာလုပ်ရမလဲ အခုအခြေအနေရောက်မှာတော့ တာ၀န်ယူရတော့မှာပေါ့ ဒါတွေက မင်းတို့သောက်ကလေးတွေကြောင့် ဖြစ်ရတာပဲ..”

ရှီလင်းဟူက မှုန်ကုတ်ကုတ်နဲ့ ပြန်ဖြေလိုက်ပါတယ်။

” အာ မဟုတ်ဘူး ကယ်ကြပါဗျို့ ..”

လူကြီးတွေရဲ့ ဒေါသတွေက သူတို့ပေါ်ပြန်ကျလာတာကြောင့် ကောင်လေးတွေဟာ ငယ်သံပါအောင် အော်ဟစ်လိုက်ကြပါတယ်။ ရေအင်တုံထဲက သားရဲငှက်ဥတွေကတော့ မိုးမခပင်အိုကြီးရဲ့ ရှေ့မှာ ရှိလို့နေတုန်းပါပဲ။ ရွာသားတစ်ချို့ကတော့ ဥတွေကို ကာကွယ်စောင့်ရှောက်ဖို့ နဲ့ ငှက်တွေ အကောင်ပေါက်လာချိန်အထိ စောင့်ကြည့်နေဖို့ တာ၀န်ရလိုက်ကြပါတယ်။ ပြီးတော့ သားရဲငှက်ဥတွေက အရမ်းကို အစွမ်းထက်တဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ဥတွေလေ။ သူတို့က အရမ်းအရမ်းကို အဖိုးတန်လို့နေပါပြီ။

( PS. ကျွန်တော်အမြင်အရတော့ ဘုန်းသမ္ဘာရှင်တွေမွေးဖွားလာတိုင်း သူတို့ရဲ့ အစောင့်အရှောက်သားရဲတွေလည်း မွေးဖွားလာရတဲ့ ဒဏ္ဍာရီအတိုင်းပဲ ထင်ပါတယ် ဒီသားရဲငှက်တွေက ရှီဟောင်ရဲ့ ဘ၀မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါလာတာကြောင့်ပါ ဥပမာပြောရရင် ဒုဠဂါမဏိမင်းနဲ့အတူ သူရဲကောင်းခုနှစ်ယောက်မွေးလာခဲ့သလိုပါပဲ )

ရက်တွေတော်တေ်ာလေးကြာသွားပြီးနောက်မှာတော့ တဗြစ်ဗြစ်အသံတွေမြည်လာပြီး ဥတစ်လုံးက အက်ကွဲလာခဲ့ပါတယ်။ ကျောက်စိမ်းရောင်အလင်းတွေထွန်းလင်းလာပြီး ဥခွံထဲကနေ အစိမ်းရောင်အကြေးခွံတွေတောက်ပနေတဲ့ ငှက်ကလေးတစ်ကောင်တိုးထွက်လို့လာပါတယ်။

တခြားဥတစ်လုံးကလည်း တဖြည်းဖြည်းအက်ကွဲကြောင်းတွေလိုက်လာပြီး တစ်ခုခုက အပြင်ကို ရုန်းကန်ထွက်လာနိုင်ဖို့ ကြိုးစားနေတဲ့အလား…။ သိပ့်မကြာခင်မှာပဲ ငှက်ကလေးတစ်ကောင်ထပ်ပေါ်လာခဲ့ပြန်ပါတယ်။ သူက ပတ်၀န်းကျင်ကို စူးစမ်းကြည့်တဲ့အလား သူ့ရဲ့ ခေါင်းလေးကို ဘယ်ညာလှည့်ပတ်ပြီး မျက်လုံးတောက်တောက်လေးတွေနဲ့ ကြည့်လိူက်လို့ပါ။

နောက်ဆုံးကျန်ရှိနေတဲ့ ဥကတော့ အရမ်းကို ထူးခြားလို့ နေပါတယ်။ ဒီဥ လေးက အရောင်အဝါတွေဟာ သက်တ့ံ့လို ရောင်စုံထွန်းလင်းလို့့ဖြာထွက်လာတာပါ။ ဥခွံတွေဟာ အက်ကြောင်းတွေ ပေါ်လာပြီး အစိမ်းရောင်အကြေးခွံတွေမဟုတ်ဘဲ ခရမ်းရောင်အကြေးခွံတွေသာရှိနေတဲ့ ငှက်ကလေးတစ်ကောင်ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း မီးလောင်ကျွမ်းသလို အလင်းရောင်တွေထွက်နေတာကြောင့် မီးဘောလုံးဆလးတစ်လုံးကို မြင်နေရသလိုပါပဲ။ ဒီအကောင်ပေါက်လေးဟာ သူ့ရဲ့အရှေ့က နှစ်ကောင်ထက် ပိုပြီး ဆန်းကြယ်နေတဲ့ပုံရပါတယ်။

ငှက်ကလေးရဲ့ ခရမ်းရောင်အလင်းတန်းတွေက အချိန်အတော်လေးကြာအောင်ရှိနေတာကြောင့် အစောင့်ရွာသားတွေဟာ တအံ့တသြကြည့်မိနေကြပါတယ်။ ခရမ်းရောင်အကြေးခွံငှက်ကလေးရဲ့ မျက်လုံးပြူးပြူးလေးတွေကလည်း တက်ကြွရိပ်တွေ ပြည့်နှက်လို့နေပါတယ်။ ဒီအကောင်လေးက ထူးခြားတဲ့ငှက်ကလေးပဲဆိုတာ ဘယ်သူကမှ စိတ်ထဲကနေတောင် သံသယမရှိကြပါဘူး။

” ဥတွေ အကောင်ပေါက်လာပြီဗျို့ …”

ကောင်လေးတွေဟာ အိမ်ထဲကို ပြန်ပြေး၀င်သွားကြပါတယ်။ သူတို့က အကောင်ပေါက်လေးတွေကို အစားကျွေးဖို့ အသားနည်းနည်းလောက်ပြန်ယူကြတာပါ။

” ဂီး …”

ရုတ်တရက်ငှက်အော်သံကြီးတစ်ချက်ဟာ တံပိုးခရာမှုတ်လိုက်သလိုပေါ်ထွက်လာပြီး ကြီးမားလှတဲ့ ငှက်ကြီးတစ်ကောင်က ကျောက်ခေတ်ရွာကို အလျင်အမြန်ပျံသန်းလို့လာပါတယ်။

” အာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး ပြန်ပေါ်လာပြန်ပြီဟ။ သူပျောက်နေတာ လ၀က်တောင် ရှိတော့မှာလေ။ အခုသူက ပြန်ရောက်လာပါလား။ သူ့ရဲ့ ငှက်ပေါက်လေးတွေကို ပြန်ခေါ်သွားတော့မလို့လား…”

ရွာသားတစ်ချို့က အံ့အားတသင့်အော်ဟစ်လိုက်ကြပါတယ်။

” ဘာကြီးလဲဟ…”

ရွာသားတွေဟာ သူတို့ရဲ့မျက်စိကိုမယုံနိုင်လောက်အောင် အံ့သြနေကြသလို အရမ်းကိုတုန်လှုပ်မိသွားကြပါတယ်။

” ဝုန်း…”

” ဗုန်း…”

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက သူ့ရဲ့ ခြေသည်းတွေကို ဖြေလျော့ချလိုက်တဲ့အခါမှာတော့ ဧရာမနဂါးကြီးတစ်ကောင်က မြေပြင်ကို တဟုန်ထိုးပြုတ်ကျလို့လာခဲ့ပါတယ်။ မြေပြင်တစ်လျောက်မှာလည်း ဖုန်မှုန့်တွေအလိမ်းလိမ်းထလို့ သွားခဲ့ပါတယ်။

အာ့ဒါကတော့ မီတာ၇၀လောက် ရှည်လျားပြီး မီတာ၆၀လောက်ကြီးမားတဲ့ ဦးချိုပါ ဆင်နဂါးသားရဲကြီးတစ်ကောင်ပါ။ သူ့ရဲ့ နဂါးဦးချိုကနေ စွမ်အားတွေဟာ အလင်းတစ်ခုလိုထွက်ပေါ်လို့ နေပါတယ်။ သူ့ရဲ့ကြီးမားလေးလံတဲ့ ခန္ဓာကိုယ်ကြီးက မိုးကောင်းကင်ကနေ ပြုတ်ကျလာတာကြောင့် မြေပြင်ပေါ်ရောက်တာနဲ့ သေသွားပါတော့တယ်။

” အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး အာ့ဒါက မင်းရဲ့ ကလေးတွေ ကျွေးဖို့လား မင်းက တကယ့်ကို စွမ်းအားကြီးပြီး ဥာဏ်ကောင်းတဲ့ လူသားတစ်ယောက်လိုပါပဲလား..”

ရွာသားတွေကတော့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို လေးစားလို့သွားကြပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ သံတိုမြည်သံတစ်ချက်ပေးလိုက်ပြီး မိုးတိမ်တွေကြားထဲမှာ ထပ်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးမရှိတာ့တဲ့အခါမှာတော့ ရွာသားတွေလည်း ပျော်ပျော်ရွှင်ရွှင်ရယ်ရယ်မောမောဖြစ်သွားကြပါတယ်။ ဒါကမမျှော်လင့်ဘဲ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။ ဘယ်သူကမှတော့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ယုံကြည်မှုတွေမရှိကြပါဘူး။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရက်စက်ကြမ်းကြုတ်တဲ့သားရဲဖြစ်ပေမယ့် သူ့ရဲ့အသိဥာဏ်ကတော့ ကြောက်စရာကောင်းလောက်အောင် ထက်မြက်လို့နေပါတယ်။

ရက်သတ္တပတ်အတွင်းမှာကိုပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက မှော်သားရဲပေါင်းများစွာကို ရွာသားတွေကို ပေးအပ်ခဲ့ပါတယ်။ ရွာသားတွေကလည်း အသားတစ်တွေ တုံးပြီး ငှက်သားပေါက်လေးတွေကို ကျွေးခဲ့ပါတယ်။ သူတို့က ၂မီတာလောက်သာကြီးထွားသေးပေမယ့်လည်း သူတို့ရဲ့ နေ့စဉ်စားသောက်နှုန်းက တရိပ်ရိပ်တက်လာသလို အရမ်းကို တုန်လှုပ်စရာကောင်းနေပါတယ်။

” အကြီးဆုံးက ရှောင်းရောင် အငယ်ဆုံးက ဇီယန် ဒီအလတ်ကောင်ကတော့ အားဖုန် လို့ ခေါ်ကြတာပေါ့..”

ကောင်လေးတွေက ငှက်သားပေါက်လေးတွေကိုနာမည်စ ပေးလိုက်ကြပါတယ်။ ပြောစရာတောင် မလိုတော့ပါဘူး။ ဒီ အကြေးခွံစိမ်းလင်းယုန်ငှက်သုံးကောင်စလုံးက အရမ်းအရမ်းကို မှော်ဆန်ကြသလ်ို အရမ်းလည်းပဲ အသိဥာဏ်မြင့်မားကြပါတယ်။ သူတို့တွေက လူသားတွေရဲ့ သဘောသဘာဝကို နားလည်မှုမြင့်မားကြပါတယ်။ ဘယ်သူတွေဘာပဲပြောနေပါစေ သူတို့တွေက အကုန်လုံးကို နားလည်လို့နေပါတယ်။ သူတို့တွေဟာ လူသားတွေနဲ့ ရိုးရှင်းစွာကွဲပြားခြားနားနေတာကတော့ လူသားတွေစကားကို မပြောနိုင်ကြတာလေးတဝ်ခုပါပဲ။

အထူးသဖြင့်တော့ အသိဥာဏ်အမြင့်မားဆုံးဖြစ်လို့နေတာက ဇီယန်လေးပါပဲ။ တစ်ချိန်တည်းမှာပဲ သူက အရမ်းလည်းအစွမ်းထက်လို့နေပါတယ်။ ကျန်ခဲ့တဲ့ ရက်တုန်းက သူတစ်ကောင်တည်း မီတာတော်တော်များများကို ရောက်နေပြီး တောင်ပံတွေဖြန့်လို့ ရွာထဲကနေ ထွက်နေခဲ့ပါတယ်။ ဒါက ရွာသားတွေကို စကားမပြောနိုင်လောက်အောင် အံ့သြဆွံ့အစေပြီး ကမတန်းကတန်းလိုက်ဆွဲထားကြလို့သာ ရွာကိုပြန်ရောက်လာတာပါ။

” ဇီအော် အမြန်လာကွ..”

ရှီဟောင်က အရှေ့ကနေ ပြေးနေပါတယ်။ ဇီယန်ကလည်း အနောက်ကနေ အားကြိုးမာန်တက်လိုက်လို့ပါ။ ဒီအဖြစ်အပျက်က တခြားကလေးတွေအတွက်ကတော့ ငြူ စူစရာဖြစ်နေပါတယ်။ ဒီလိုထူးခြားဆန်းကြယ်တဲ့ ငှက်ကောင်ပေါက်လေးက ရှီဟောင်ကိုပဲ ဘာလို့များ ခင်ခင်မင်မင်ရှိသွားရတာလဲ။

ဇီယန်ငှက်လေးဟာ အသံသာသာနဲ့ အော်မြည်နေပြီး ရှီဟောင်အနောက်ကို ခြေကော အတောင်တွေပါ သုံးပြီးပြေးလိုက်နေရပါတယ်။ ပြောရရင် အကြေးခွံစိမ်းလင်းယုန်ငှက်တွေက အရမ်းကို ဆိုးသွမ်းပြီး ပေါင်းရသင်းရအင်မတန်ခက်ခဲတဲ့ သားရဲကောင်တွေပါ။

” ရှီဟောင် ဒီကောင် သူ့ရဲ့ အရိုးစာသားအစွမ်းတွေသုံးပြီး ထိန်းချုပ်လိုက်တာနေမယ် ”

ဆယ်ကျော်သက်ကောင်လေးအုပ်စုတစ်စုက ဒေါသတကြီးနဲ့ ရောက်ရှိချလာပါတယ်။

****°

Comment

Leave a Reply

Options

not work with dark mode
Reset