စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆၄ မျိုးကောင်းမျိုးသန့်။
” အရင်းအမြစ်တွေ။ ထပ်ပြီးတော့ အရင်းအမြစ် ဖြစ်ပြန်ပြီ။ ဒီလူတွေရဲ့ အာသီသကို ကျေနပ်စေဖို့ ငါတို့တွေ အရင်းအမြစ် ဘယ်လောက်များများ လိုအပ်နေတာလဲ ”
အတွင်းရေးမှူးက နှစ်သိမ့်လိုက်၏။
” ဆရာ စိတ်သိပ်ပူဖို့ မလိုပါဘူး။ မြို့ပေါင်းများစွာ ရုတ်တရက် ပေါင်းစည်းလိုက်တာက လူဦးရေ အများကြီးကို ဆောင်ယူလာမိတာပဲ။ ဒီတော့ အရင်းအမြစ် လိုအပ်ချက်က ပိုကြီးမားလာမှာ သေချာတယ်။ ဒီကာလလွန်သွားရင် အဆင်ပြေသွားမှာပါ။ ကုန်သည်တွေ အများကြီးကို ဆက်သွယ်ပြီး တတ်နိုင်သမျှ မြန်မြန် တခြားနေရာတွေဆီကနေ အရင်းအမြစ် အမြောက်အမြား ပို့ဆောင်ဖို့ သူတို့ကို ပြောပြီးပါပြီ ”
” အရင်းအမြစ်ပြဿနာကို ဖြေရှင်းနိုင်ဖို့ အချိန် သိပ်မလိုတော့ပါဘူး ”
” တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းဖို့ ပြောလိုက်။ သူတို့အတွက် ငါ ပေါ်လစီကို ဖြေလျှော့ပေးမယ်လို့ ပြောလိုက် ”
” နားလည်ပါပြီ ”
အတွင်းရေးမှူးက ထွက်သွား၏။ တုချန်ဖုန်းကတောင် စိတ်ဓာတ်ကျသွားတော့သည်။
သူသည် အနည်းငယ် အင်အားကင်းမဲ့မှုကို ခံစားနေရပြီး ဖြစ်၏။ မြို့လေးတစ်မြို့ကို အုပ်ချုပ်ရခြင်းနှင့် မြို့ကြီးတစ်မြို့ကို အုပ်ချုပ်ရခြင်းကြား ကွာဟချက်က အသေးအမွှား မဟုတ်ပေ။
အစတည်းက ကောင်းကောင်းမွန်မွန် မဆောင်ရွက်ထားလျှင် ဗရမ်းဗတာ ဖြစ်သွားနိုင်၏။ အထူးသဖြင့် လူသားများ၏ အသက်သွေးကြောနှင့် သိုင်းပညာရပ် အရင်းအမြစ်များသည် အရေးကြီးဆုံး ပြဿနာရပ်များ ဖြစ်သည်။
လူသားများ၏ အလုပ်အကိုင်က အဆင်ပြေ၏။ ကျန်သည့်မြို့များကနေ စားစရာများ ပို့ဆောင်ရတာ လွယ်ကူသည်။ သို့သော်ငြား သိုင်းပညာ အရင်းအမြစ်များကို ပို့ဆောင်ဖို့က မလွယ်ကူချေ။
ယင်းက သူတို့၏ အမှား မဟုတ်ပေ။အကြောင်းမှာ ယင်းသည် လောကကြီး၏ နည်းလမ်းပဲ ဖြစ်သည်။ အရင်းအမြစ်များက ကန့်သတ်ခံထားရ၏။
ဆေးလုံးများ၊ လက်နက်များဖြစ်စေ၊ ဆေးလုံးများ ဖော်စပ်ရန် အသုံးပြုသည့် ကုန်ကြမ်းများဖြစ်စေ၊ လက်နက်များ သွန်းလုပ်ရန် အသုံးပြုသည့် ပါဝင်ပစ္စည်းများဖြစ်စေ ၄င်းတို့က လူသားမျိုးနွယ်၏ လက်ရှိ လိုအပ်ချက်အတွက် ပြည့်မှီနိုင်ဖို့ ဝေးကွာလွန်းနေသည်။
ကျန်သည့် မြို့များကလည်း ယခုအချိန်တွင် အတော်လေး တည်ငြိမ်နေသေး၏။ သို့သော်ငြား သူတို့က အရေအတွက် မြောက်မြားစွာ ထုတ်ပြခဲ့လျှင် အရင်းအမြစ် ပြတ်လက်မှု ဖြစ်စေနိုင်၏။ ယင်းက ဈေးနှုန်း အလွယ်တကူ မြှင့်တက်သွားစေနိုင်ကာ ထိုအချိန်ရောက်လျှင် ဒုက္ခများစွာ ရနိုင်၏။
ထို့ကြောင့် သူတို့သည် ဤပစ္စည်းများကို ပြောင်ပြောင်တင်းတင်း ရွှေ့ပြောင်းမှာ မဟုတ်ပေ။
စီရင်စု ၉ခု မဟာမိတ်ကလည်း ကူကယ်ရာမဲ့နေ၏။ အလွန်ဆုံးမှ သူတို့သည် မဟာမိတ်ကနေ အရင်းအမြစ်အချို့ကိုသာ ရွှေ့ပြောင်းနိုင်လိမ့်မည်။ သို့သော် ကျန်သည်ကတော့ ဒေသခံကုန်သည်များကိုသာ မှီခိုအားထားရမည့် လူသားမျိုးနွယ်နှင့် သက်ဆိုင်သည့်အရာက ရှုပ်ထွေးလွန်းလှသည်။ အဆုံးတွင်မူ နောက်ဆုံးတော့ အကြောင်းအရင်းက ကျင့်ကြံရန် အရင်းအမြစ် မလုံလောက်ခြင်းပဲ ဖြစ်သည်။
တုချန်ဖုန်းက ယခုအချိန်တွင် ကောင်းကင်
နှင့် မြေကြီး၏ ရတနာမျိုးစုံကို စိုက်ပျိုးနိုင်သော ရွှေတောင်ငွေတောင်ကြီးတစ်ခု ရှိချင်လာ၏။ နောင်ကြ ယင်းက တောင်ပေါ်၌ သန့်စင်ထားသော ကုန်ကြမ်းမျိုးစုံ ရှိလိမ့်မည်။ မရေမတွက်နိုင်အောင် ရှိနေပြီး သူမည်မျှ ပင်ပန်းနွမ်းနှယ်စေကာမူ သူတို့အားလုံးကို တူထုတ်နိုင်မှာ မဟုတ်ပေ။ ထိုသို့သာဆိုပါက သူသည် ဤကဲ့သို့ ခေါင်းကိုက်နေရမှာ မဟုတ်ပေ။
အမှန်တကယ်တွင် ရွှေတောင်ငွေတောင် တစ်ရာကို မဆိုထားနှင့်။ ပစ္စည်းများ ပြည့်နေသော တောင်တစ်တောင်ကတောင် သူ၏ ရေဆာမှုကို ဖြည့်ဆည်းပေးနိုင်သော ချိုမြိန်သော စွမ်းရည်ဖြစ်ပြီး သူ့အတွက် အသက်ကယ်ဆေးဖြစ်၏။
ယဲ့ရှောင်ဘက်တွင်မူ ညအနည်းငယ် အလုပ်များနေပြီးနောက် စိုက်ပျိုးရေးခြံသည် နောက်ဆုံး၌ သင့်တင်သာ အချိန်သို့ ရောက်ရှိလာ၏။
ပေ၆၀၀ခန့် မြင့်မားသော တောင်တစ်ခုလုံး၌ ပစ္စည်းများ ပြည့်နေလေ၏။
အစီအရင်ကြောင့် သဘာဝရတနာများသည် ဝိညာဥ်စွမ်းအင်များကို အလွန်လျင်မြန်စွာစုပ်ယူနေ၏။ အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်ထဲတွင် ရှိစဥ်ကထက် ပိုမြန်ဆန်၏။ အကြောင်းမှာ ပင်လယ်ကမ်းခြေ တောအုပ်ထဲ၌ နဂါးသွေးကြောတစ်ခု ရှိသော်ငြား အနောက်ဆောင် ပင်လယ်ကမ်းခြေ တောအုပ်၏ ဧရိယာက ကြီးမားလွန်းနေသည်။
နဂါးသွေးကြောသည် ဝိညာဥ်စွမ်းအင် အကျယ်အဝန်းတစ်ခုကိုသာ စုပ်ယူနိုင်ပြီး ၄င်းကို အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်ထဲ၌ စုဝေးလေ၏။ ကျန်သည်က သဘာဝရတနာများသည် သူ့တို့ဘာ့သာ
ကျင့်ကြံရန် လိုအပ်သည်။
ထိုအရှိန်က အမှန်တကယ် မမြန်ဆန်ပေ။ အကြောင်းမှာ ကောင်းကင်နှင့် မြေကြီး၏ ရတနာများ စုပ်ယူသည့် ၄င်းနှင့် ဆက်နွှယ်သည့် အရှိန်က မမြန်ဆန်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆိုရလျှင် သူတို့၏ ဝိညာဥ်အသိအာရုံ မဖွင့်ခင် သူတို့သည် အစာကွင်းစက်၏ အနိမ့်ဆုံးအဆင့်တွင် ရှိနေပြီး သာမန်အပင်များသာ ဖြစ်၏။
နေနှင့်လ၏ အဆီအနစ်ကို စုပ်ယူပြီးနောက် သူတို့သည် လူသားများနှင့် ကြယ်တာရာသားရဲများ၏ ပြီးပြည့်စုံသော အသိစိတ်ကို ပိုင်ဆိုင်လာတာပဲ ဖြစ်သည်။
ယင်းက ကျန်သည့်သူများ ဉာဏ်ရည် စရလာသည့် အချိန်နှင့် ဆင်တူ၏။ သို့သော်ငြား အသိစိတ် အနည်းအကျင်းသာ ရရှိတာ ဖြစ်သည်။ စတင်သည့် မျဥ်းက ကျန်သည့်သူများထက် နိမ့်နေပြီးသား ဖြစ်၏။
ယခုအချိန်တွင် ယဲ့ရှောင်က ဤနေရာ၌ အစီအရင်တစ်ခု တည်ဆောက်ထား၏။ အရာအားလုံးက မတူညီတော့ပေ။ ထိုဧရိယာက အလွန်သေးငယ်သည့် ဝိညာဥ်စုစည်းခြင်း အစီအရင်က အလွန်အားကောင်း၏။
ထို့ကြောင့် ဝိညာဥ်စွမ်းအင် သိပ်သည်းလွန်းသောကြောင့် ဝိညာဥ်စွမ်းအင်ကို ၄င်းစုပ်ယူသည့်အချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ ရတနာများသည် သူတို့ဘာသာ ၄င်းကို မစုပ်ယူချင်လျှင်တောင် သူတို့ ခန္ဓာကိုယ်က ၄င်းကို ရူးသွပ်စွာ စုပ်ယူနေကြမှာပဲ ဖြစ်သည်။
ရလာဒ်က ဓာတ်မြေသြဇာ ထည့်ပေးလိုက်သည့်ပမာ မြန်ဆန်သည့်အရှိန်ဖြင့် ပေါက်ရောက်လာတော့၏။
မိုးနှင့်မြေရတနာများက စတင်မြင့်တက်လာ၏။
နှစ်နှစ်ရာသက်တမ်းရှိ ချင်စင်း၊ နှစ်လေးရာသက်တမ်းရှိ လင်ဇီး၊ နှစ်ငါးရာ သက်တမ်းရှိ ဂျင်ဆင်း။ လိုချင်သမျှ အရာအားလုံးရှိပြီး အသုံးပြု၍ မရနိုင်ပေ။
ကောင်းကင်နှင့် မြေကြီး၏ ရတနာများက သူတို့ပေါက်ရောက်သည့် နှစ်ကို ပြောနေတာ မဟုတ်ပေ။ သဘာဝရတနာများကို နှစ်ဖြင့် ဆုံးဖြတ်တာ မဟုတ်ပဲ ကိုယ်ထည်၏ ကျင့်ကြံမှုအဆင့်ဖြင့် ဆုံးဖြတ်တာပဲ ဖြစ်သည်။ ဥပမာအနေဖြင့် ဂျင်ဆင်းသည် ညတွင်းချင်း ကျင့်ကြံနိုင်ပြီး သာမန် ဂျင်ဆင်းသည် တစ်နှစ်တွင်သာ ကျင့်ကြံနိုင်၏။ ယင်းက တစ်နှစ် သက်တမ်းရှိသည့် ဂျင်ဆင်းဟု ခေါ်လိမ့်မည်။
၄င်းက တစ်ညအတွင်း နှစ်တစ်ရာ ကျင့်ကြံမှု ကျင့်ကြံနိုင်ခဲ့လျှင် ၄င်းက နှစ်တစ်ရာ ဂျင်ဆင်းနှင့် ညီမျှ၏။
ယဲ့ရှောင်က တောင်ထွတ်ပေါ်တွင် မတ်တပ်ရပ်နေလျက် သူ စိုက်ပျိုးထားသော သဘာဝ ရတနာများစွာကို ကြည့်လိုက်၏။ သူ၏ စိတ်အခြေအနေက အတော်လေး သက်သောင့်သက်သာ ဖြစ်နေသည်။
ထို မွေးမြူရေးကွင်းဖြင့် သူသည် နောင်ကြ သဘာဝရတနာများကို စိုးရိမ်ပူပန်ရန် မလိုအပ်တော့ချေ။ ဤနည်းဖြင့် မွေးမြူရေးခြံဖြစ်စေ၊ လက်ရှိလယ်ကွင်းဖြစ်စေ ယဲ့ရှောင်သည် အရာအားလုံးကို ပြီးပြည့်စုံအောင် ချမှတ်ထားပြီးပြီ ဖြစ်၏။ သူသည် နောင်ကြ အမျိုးအစား ဆက်လက် တိုးမြှင့်သရွေ့ အဆင်ပြေသွားလိမ့်မည်။
သို့သော် ထိုမွေးမြူရေးခြံကိုမူ သေချာပေါက်အနည်းငယ် ချဲ့ထွင်ရပေမည်။
လယ်ကွင်းသည် လယ်ကွင်းတစ်ခု မဟုတ်ပေ။ လယ်စိုက်ရန်အတွက် လိုအပ်သည့် မြေသည် ကြယ်တာရာသားရဲများ လိုအပ်တာထက် ပိုများ၏။
ကြယ်တာရာသားရဲများကို အတန်းလိုက် ဒေါင်လိုက် ထားနိုင်၏။ သူတို့ကို တစ်ကောင်ကို အပေါ်တွင်ထား။ တစ်ကောင်ကို အောက်ကိုထား။ တစ်ကောင်ကို အလယ်တွင် ထားနိုင်၏။ သို့သော် ယာစိုက်ခြင်းက မလုံလောက်ပေ။ ယာတစ်ကွက်၌ သဘာဝရတနာအများစုသည် နေရောင်ကို စုပ်ယူရန်အတွက် နေရာ လုံလုံလောက်လောက်တစ်ခု လိုအပ်သည်။
ယဲ့ရှောင်သည် နေ့စဥ်နေ့တိုင်း သူ ရရှိမည့်အရင်းအမြစ် ပမာဏများစွာကို တွက်ချက်ထားပြီး ဖြစ်၏။ ထို့ကြောင့် သူသည် ထိုအရင်းအမြစ်များထဲမှ အချို့ကို ကြယ်တာရာသားရဲများနှင့် ဆေးလုံးသန့်စင် ဖော်စပ်ရာ၌ ရင်းနှီးမြုပ်နှံသည့် နည်းလမ်းတစ်ခုလုံးဖြင့် ချွင်းချက်မရှိ အာနိသင်ရှိစေပြီး သူ၏ ရှင်သန်နိုင်စွမ်းကို သေချာစေပြီး မှန်မှန်လေး မြင့်တက်စေလိမ့်မည်။
သူ ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက် ယဲ့ရှောင်သည် အိပ်ယာထဲ ပြန်သွားလိုက်၏။ ဖုန်းထုတ်ကာ နောက်ဆုံးသတင်းများကို ကြည့်လိုက်၏။ သတင်းများက ပြဿနာတစ်ရပ်အကြောင်း ပြောနေသည်။ အရင်းအမြစ်များ။
လူအများစု ပြောနေသည်က သိုင်းအရင်းအမြစ်များအကြောင်းပဲ ဖြစ်သည်။ သိုင်းအရင်းအမြစ် ချို့တဲ့ခြင်းဖြင့် ပြဿနာရပ်များစွာ ပေါ်လာ၏။ ယဲ့ရှောင်သည် ထူးမခြားနားသာ ကြည့်နေလေ၏။
သူ့၌ အရင်းအမြစ်များစွာ ရှိ၏။ သို့သော် ၄င်းတို့ကို သူ ကိုယ်တိုင် အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်ကနေ ယူလာခဲ့တာပဲ ဖြစ်သည်။ သူသည် လူကောင်းတစ်ယောက်လုပ်ပြီး အားလုံးကို သူများကို မပေးနိုင်သည် မဟုတ်ပါလော။ ယင်းက ရက်ရောတာ မဟုတ်ပဲ စက်ဆုတ်ဖွယ် ကောင်းခြင်းသာ ဖြစ်သည်။
ကြယ်တာရာသားရဲများ ကျူးကျော်လာခဲ့လျှင် လူများစွာ သေလိမ့်မည်။ သူ့၌ ခွန်အား ရှိလျှင် သူက မကူညီခဲ့ပါက ရပ်ကြည့်ခြင်းက သွေးအေးပြီး နှလုံးသားမဲ့ရာ ရောက်လိမ့်မည်။ သူ၏ မျိုးနွယ်ကို ကြယ်တာရာသားရဲများစွာ သတ်နေတာ ကြည့်နေရလိမ့်မည်။
သို့သော်ငြား အရင်းအမြစ် ပြဿနာကသေရေးရှင်ရေး မဟုတ်ပေ။ အလွန်ဆုံးမှ သူတို့ တစ်ရက်နှစ်ရက် ကြာပြီးမှ ကျင့်ကြံနိုင်သည်။ သို့သော် ကျန်းဟိုင်မြို့၏ ဝိညာဥ်စွမ်းအင်က ကြွယ်ဝလာ၏။ သူတို့သည် ကျန်းဟိုင်မြို့တွင် ကျင့်ကြံခြင်းက ကျန်သည့်နေရာများတွင် ကျင့်ကြံခြင်းထက် ပိုမြန်ဆန်၏။ အရင်းအမြစ် လုံလောက်မှုဖြင့် သူတို့က ပိုတောင် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်လိမ့်မည်။
နောက်ထပ် ပြဿနာတစ်ရပ် ရှိသည်။ သူ အနောက်တောင် ပင်လယ်ကမ်းခြေတောအုပ်ကနေ သယ်လာသော ပစ္စည်းများက ပစ္စည်းကောင်းများ ဖြစ်၏။
ထို့ကြောင့် သာမန်သိုင်းပညာရှင်များသည် ၄င်းတို့ကို အသုံးမပြုနိင်ပေ။
သူတို့၏ လက်ရှိခွန်အားက နိမ့်ပါးလွန်းနေ၏။ သူတို့သည် ဆေးလုံးများ သန့်စင်ရန် အမှိုက်သာသာ ပစ္စည်းများကိုသာ အသုံးပြုနိုင်၏။ သူတို့သည် ထိုကောင်းမွန်သည့် ကုန်ကြမ်းများကို အသုံးပြုပြီး ဆေးလုံးများသန့်စင်ခဲ့မည်ဆိုလျှင် သူတို့ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပြီး အကန့်အသတ်ကို ကျော်လွန်သွားမည်ဖြစ်ကာ သူတို့ခန္ဓာကိုယ်ကိုတောင် ပျက်စီးစေနိုင်၏။
အခြေအနေမဆိုးလျှင် သူတို့၏ ချီသွေးကြောများ ပျက်စီးပြီး ပြင်းထန်လျှင် သေတောင်သေနိုင်၏။
တစ်ခါတစ်ရံတွင် ကောင်းမွန်လွန်းသည့် ပစ္စည်းသည် အားနည်းသော သိုင်းပညာရှင်တစ်ယောက်အတွက် ပစ္စည်းကောင်း မဟုတ်ပေ။ ယင်းက အဆိပ်တောင် ဖြစ်သွားနိုင်၏။ ဆိုရိုးစကားရှိသည့်အတိုင်း အားနည်းသော ခန္ဓာကိုယ်သည် အားဆေးများကို ခံနိုင်ရည် မရှိပေ။ ယင်းက အကြောင်းအရင်းပဲ ဖြစ်၏။ ထိုသို့တိုင် ယဲ့ရှောင်သည် သူတို့ကို မျက်နှာသာ ပေးချင်ပေ၏။
ယဲ့ရှောင်သည် မွေးမြူရေးကွင်းထဲရှိ ကြယ်တာရာသားရဲများ၏ ခွန်အားကို တိုးမြှင့်ပေးရန် ထိုကုန်ကြမ်းများကို အသုံးပြုရမည်။ ကျန်းဟိုင်မြို့တွင်းရှိ ဝိညာဥ်စုစည်းခြင်း အစီအရင်သည် ပိုသန်မာလာပြီး ဝိညာဥ်စွမ်းအင် စုပ်ယူည့်နှုန်း ပိုမြန်ဆန်လာတာ ထိုအကြောင်းအရင်းကြောင့်ပဲ ဖြစ်သည်။
ဤနည်းဖြင့် သူတို့ကဲ့သို့ သိုင်းပညာရှင်များက ယဲ့ရှောင်၏ မျက်နှာသာပေးမှုကို ရရှိသေးသည်။
တစ်ချိန်တည်းတွင် အနောက်အရပ် တောအုပ်ထဲတွင် မှောင်မည်းနေသော ဘုရားကျောင်းထဲ၌ အရိပ်တစ်ရိပ် ပေါ်လာ၏။ ထိုအရိပ်က ပေါ်ပေါက်လာမှုသည် ရုတ်ချည်း ဆန်လွန်းသည်။ ရုတ်တရက် ဆန်လွန်းသောကြောင့် လူအများက သတိမပြုမိပေ။ မည်သည့်အချိန်က ရောက်လာမှန်းတောင် မသိကြပေ။
ထိုလူ ပေါ်ပေါက်လာပြီးတော့မှ မိနစ်အနည်းငယ်အကြာတွင် သူ၏ တည်ရှိမှုကို တခြားသူများ ရှာတွေ့သွားတာပဲ ဖြစ်သည်။ ချက်ချင်းပင် အမှောင်ထုထဲရှိ အရိပ်များစွာက ပြေးထွက်ပြီး သူ့နား ဝိုင်းလိုက်ကြ၏။
အင်မတန် သန်မာသော သတ်ဖြတ်ခြင်းဆန္ဒက ထွက်ပေါ်လာ၏။ အမှောင်ထုထဲရှိ အရိပ်များသည် လင်းနို့တောင်ပံနှင့် အစွယ်များရှိသည့် သားရဲလူသားများ ဖြစ်ကြ၏။
သူတို့၏ သူငယ်အိမ်များက အနီတောက်တောက်အဖြစ် ပြောင်းသွားပြီ ဖြစ်သည်။ သူတို့သည် ကြယ်တာရာသားရဲများအဖြစ် အပြည့်အဝ ပြောင်းခါနီးပြီဆိုတာ သိသာ၏။ ပိုတောင် ကြောက်မက်ဖွယ် ကောာင်းသည်က သူတို့ ဖြာထွက်နေသော အရှိန်အဝါပဲ ဖြစ်သည်။
ရောင်ဝါတိုင်းက လေးလံလွန်းသောကြောင့် အသက်ရှူရ ခက်ခဲစေသည်။ လူတစ်ယောက်၏ ရင်ဘတ်ပေါ် ကြီးမားသည့်တောင်တစ်တောင် ဖိချလာသည့်ပမာ ခံစားနေရ၏။
ဤနေရာရှိ ပုံရိပ်တိုင်းက ခွန်အား အနိမ့်ဆုံးအဆင့်တွင် ရှိ၏။ သူတို့သည် ရှန်းထျန်း တတိယအဆင့် ချီရှန်း အဆင့်တွင် ရှိကြ၏။ အသန်မာဆုံးသည် မဟာချီရှန်းအဆင့်တွင် ရှိ၏။
နှစ်ယောက်ကဆို ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
တောအုပ်ထဲရှိ သေးငယ်ပြီး မှောင်မည်းသော ဘုရားကျောင်းလေးထဲ၌ ထိုမျှ များပြားသော သားရဲလူသားများ ပုန်းနေလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။ သူတို့က သိပ်ကို အစွမ်းထက်လွန်း၏။
” မင်း ဘယ်သူလဲ။ သွေးမျိုးနွယ်ရဲ့ မွန်မြတ်တဲ့ မြေထဲ ရာရာစစ ကျူးကျော်တယ်ပေါ့။ ဒီနေရာကို မသိဘူးလား။ သွေးမျိုးနွယ်ကလွှဲရင် ဒီနေရာကို ဘယ်သူ့မှ ဝင်ခွင့် မရှိဘူး ”
ထွားကြိုင်းသန်မာသည့် လူရိပ်က လက်နောက်ပစ်ထားလျက် သူတို့ကို ကြည့်တောင် မကြည့်ပေ။
” ငါ့ရဲ့ မိတ်ဆွေဟောင်းကို ရှာနေရုံပဲ။ မင်းတို့က သူ့ရဲ့ လက်အောက်ငယ်သားတွေဆိုတော့ မင်းတို့ အသက်ကို ချမ်းသာပေးမယ်။ ထွက်သွား ”
ထိုစကားလုံးများထဲ၌ စိတ်ခံစားချက် ဆိုးဆေးများ မပါရှိပေ။ သူတို့က သိုင်းပညာရှင်များမဟုတ်ပဲ ပုရွက်ဆိတ်များပမာ ဖြစ်နေပြီး သူ အလေးထား ဆက်ဆံခံရရန် မထိုက်တန်သလိုပင်။
သွေးမျိုးနွယ်နှင့် သားရဲလူသားများ၏ မျက်လုံးများက အေးစက်ကုန်၏။
” မိတ်ဆွေ။ ခင်ဗျားရဲ့ စိတ်က နည်းနည်း မကြည်လင်ဘူးနဲ့ တူတယ်။ ခင်ဗျားရဲ့ မောက်မာထောင်လွှားမှုက ခင်ဗျား အသက်ဆုံးရှုံးခြင်းကို ဖြစ်စေမှာပဲ ”
” မိတ်ဆွေလား ”
လူထွားကြီး၏ နှုတ်ခမ်းထောင့် အနည်းငယ် ကွေးတက်သွား၏။ ခဏအကြာတွင် သူ၏ မျက်လုံးက အနည်းငယ် လှုပ်ရှားသွားလျက် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
ဝေါင်း။
မိုးနှင့်မြေကို လှုပ်ခါသွားစေသော ကျားတစ်ကောင်၏ ဟိန်းဟောက်သံပဲ ဖြစ်သည်။
ထိုဟိန်းသံကို ကြသောအခါ နောက်တစ်စက္ကန့်၌ သားရဲလူသားများအားလုံး ဖျက်ဆီးခံလိုက်ရပြီး နေရာမှာတင် သွေးမြူအဖြစ် ပေါက်ကွဲသွားတော့၏။
ရှန်းထျန်း သတ္တမအဆင့် အံ့ဖွယ်ချီရှန်းနှစ်ဦးကတောင် ချွင်းချက် မဟုတ်ပေ။ အသံတစ်သံ။ ဟိန်းသံတစ်ချက်မျှဖြင့် သန်မာသူများစွာကို ချက်ချင်း သတ်ဖြတ်ပစ်ခဲ့၏။ ထိုကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက တောင်တစ်တောင်လုံးကို အကြောက်တရား အငွေ့အသက်များ ဖြာထွက်နေစေ၏။
တောင်ကြားထဲကနေ မရေမတွက်နိုင်သော အရိပ်များ ပြေးထွက်လာပြီး ထိုအရိပ်များသည် သွေးမျိုးနွယ်မှ သားရဲလူသားများပဲ ဖြစ်သည်။
အပိုင်း ၂၆၄ ပြီး၏။