Switch Mode

Chapter – 11

ဘိုးဘွားပိုင်အမွေကို ဆက်ခံခြင်း

Chapter – 11 ဘိုးဘွားပိုင်အမွေကို ဆက်ခံခြင်း

” ငါတို့ကတော့ လိုက်ရိုက်ခံနေရတယ် နင်ကတော့ ဒီမှာ အေးအေးဆေးဆေးနို့လာသောက်နေပါလား…”

ဖီးဟိုက စိတ်မသက်မသာဖြစ်လို့နေပါတယ်။

” ငါကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို အဘိုးအကြီးအကဲကို ပြောပြလိုက်တယ်လေ သူက ငါ့ကို အပြစ်မတင်တော့ဘူးပေါ့ အာ့ဒါ့ကြောင့်ပဲထင်ပါတယ်…”

ရှီဟောင်ရဲ့ မျက်လုံးထဲက အရိပ်အယောင်တစ်ချို့က ပြောင်းလဲလို့သွားပါတယ်။

” ဘာအဖြစ်အပျက်လဲ…?”

” ဘယ်ဟာလဲ စာနီငှက်လေးလား..?”

” ဟုတ်တယ် စာနီငှက်လေးပေါ့ ငါမင်းတို့ကို ပြောပြခဲ့တာပဲ…”

ရှီဟောင်ကတော့ သိပ့်ပြီးရွှင်ပြတဲ့ပုံမပေါ်ပါဘူး။

” အဘိုးအကြီးအကဲက အာ့ဒါကို တကယ်ယုံသွားလား ဒါဆိုရင်မင်းတွေ့ခဲ့တာတကယ်ပဲ ဒဏ္ဍာရီထဲက မိုးကောင်းကင်ငှက်နီလား…”

ကောင်လေးတွေအုပ်စုလည်း ရှင်းရှင်းလင်းလင်းသိသွားကြပါတယ်။

” လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တောင်တန်းဒေသရဲ့အနက်ရှိုင်းနေရာက အမည်မဲ့တောင်တန်းမှာ ရတနာတစ်ခုပေါ်လာတယ် အာ့ဒီရတနာရဲ့ သွေးနီရောင်မီးလျှံတွေက မိုးကောင်းကင်အနှံ့ကို စီးမျောနေခဲ့တာတဲ့ အာ့ဒါက စစ်ပွဲတွေကို ဖြစ်ပေါ်စေခဲ့သလို အဆမတန်များပြားတဲ့ သားရဲတွေကိုလည်း ဆွဲဆောင်ခဲ့တာပဲ ငါတို့ရွာကနေတောင် အာ့ဒီမီးလျှံတွေကို သဲသဲကွဲကွဲမြင်ခဲ့ကြရတာလေ…”

ကောင်လေးတစ်ယောက်က သူသိသမျှပြောလိုက်ပါတယ်။

” မိုးကောင်းကင်ငှက်နီက သူတို့ရဲ့ စွမ်းအားတွေကို ဖုံးကွယ်ထားနိုင်တယ်လေ ဒါ့ကြောင့် လက်တွေ့ကျကျပြောရရင် ဒဏ္ဍာရီလာ မိုးကောင်းကင်ငှက်နီမဖြစ်နိုင်ဘူး..”

ကောင်လေးတွေ တစ်ယောက်တစ်ပေါက်ငြင်းခုန်နေချိန်မှာပဲ ရှီလင်းဟူက ၀င်ရောက်ပြောဆိုလိုက်ပါတယ်။ သူတို့တွေလည်း ကောင်လေးတွေနောက်ကို လိုက်လာခဲ့တာပါ။

” ကျန်ခဲ့တဲ့ နှစ်နှစ်တုန်းက အရမ်းကို ကြောက်စရာကောင်းတဲ့ တိုက်ပွဲတစ်ခုတကယ်ဖြစ်ခဲ့သေးတာပဲ ငါ ရှေးဟောင်းသားရဲကြီးတွေက ဘယ်လိုဆိုတာကို သိတောင်မသိဘူး တစ်နေ့တော့ ငါ ညဉ့်နက်နက်တစ်ညမှာ ချောင်းနက်ကို ကျော်ပြီး တောင်တွေကို ကျော်ခွသွားတဲ့ လူတစ်ယောက်ကို တွေ့လိုက်တယ် ဒါပေမဲ့ သူ့မျက်နှာကို ငါ ရှင်းရှင်းလင်လင်းမမြင်ခဲ့ရဘူး..”

ရှီဖန်ကျင်းကလည်း သက်ပြင်းချပြီးပြောလိုက်ပါတယ်။ သူက အာ့ဒီညက မြင်ခဲ့ရတာတွေကို အခုချိန်ထိ တုန်လှုပ်ခြောက်ခြားလို့ နေဆဲပါပဲ။ ရွာအကြီးအကဲရဲ့ ခြံ၀န်းထဲကို ရွာသားတွေထပ်ရောက်လာပါတယ်။ သူတို့တွေက အပြေးမြန်တဲ့ ကလေးတွေကို လိုက်မမီတာကြောင့် နောက်ကျနေခဲ့တာပါ။ သူတို့ကို မြင်လိုက်တဲ့ ကောင်လေးတွေရဲ့မျက်နှာကတော့ ခါးသက်သက်အရိပ်တစ်ခုဖြတ်ပြေးသွားလို့ပါ။

” အဘိုးအကြီးအကဲ ကျွန်တော်တို့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အသိုက်ထဲက ဥတွေရလာခဲ့တယ် အကြေးခွံစိမ်းလင်းယုန်ငှက်က ရှေးဟောင်းသားရဲမျိုးဆက်ဆိုတော့ အနာဂတ်မှာ သူတို့က ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ရွာကိုကာကွယ်ပေးနိုင်လိမ့်မယ် ဒါ့ကြောင့် ဥတွေကို ယူလာခဲ့တာပါ..”

” အမှန်ပဲ အနာဂတ်မှာ ကျွန်တော်တို့ ကျောက်ခေတ်ရွာက ကောင်းကင်က ငှက်လို ပျံသန်းနိုင်တော့မှာ ဒီဥတွေက ရှေးဟောင်းသားရဲက ဆင်းသက်လာတဲ့ ဥတွေပဲလေ..”

ကောင်လေးတွေက လူကြီးတွေအားလုံးရဲ့ ခွင့်လွှတ်မှုကို ရဖို့ အတတ်နိုင်ဆုံးကြိုးစားလို့နေပါတယ်။

” မင်းတို့ဘာသိလို့လဲ အာ့ဒီငှက်တွေက တစ်နေ့ကို ဘယ်လောက်စားနိင်သလဲဆိုတာကိုလေ ငါတို့အတွက်တောင် မနည်းကြီး ချို့ချန်ချွေတာနေရတာ ငါတို့ထက်ပိုစားနိင်တဲ့ အကောင်တွေကို မွေးရမှာလား..”

” အင်း..”

ရွာသားတွေကတော့ မကျေနပ်ကြတော့ပါဘူး။

” ငြင်းခုန်မနေကြနဲ့တော့ ငါတို့တော့ နလန်မထူနိုင်တောင် ဆုံးရှုံးရတော့မယ်ထင်တယ် ရွာပြင်ကို ကြည့်လိုက်ကြဦး…”

သက်ကြီှးဝါကြီးအကြီးအကဲတစ်ယောက်က သက်ပြင်းချလိုက်ပါတယ်။ ကျောက်ခေတ်ရွာသားတွေအားလုံး ရွာပြင်ကို လှမ်းကြည့်လိုက်ကြပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရွာပြင်ကျောက်တောင်ထိပ်တစ်ခုပေါ်မှာ နားလို့နေတာပါ။ သူက အေးစက်နေတဲ့ မျက်လုံးအစုံနဲ့ ကျောက်ခေတ်ရွာကို စူးစိုက်ကြည့်လို့နေပါတယ်။

” အကြေးခွံစိမ်းလင်းယုန်ငှက်ဆိုတာ ရက်စက်တဲ့ သားရဲကောင်ပဲလေ အငြိုးအတေးလည်း အတော်လေးကြီးတာမလား ဘာပဲဖြစ်ဖြစ် ဒါက ငါတို့ရွာကို ခက်ခဲစေတော့မှာပဲ သူ့ဥတွေကို ခိုးလာမိပြီးပြီပဲ ဘာတတ်နိုင်တော့မလဲ..”

ရှီဖန်ကျင်းက စိုးရိမ်တကြီး ပြောဆိုလိုက်ပါတယ်။ ရွာသားတွေလည်း ဖြစ်ပေါ်လာနိုင်တဲ့ကံကြမ္မာဆိုးကြောင့် မျက်နှာမှာ သွေးစုတ်ဖြူရော်လို့သွားခဲ့ပါပြီ။

” ယိ ယ လွယ်လွယ်လေးပဲဟာ သူ့ဥတွေကို ပြန်ပေးလိုက်ကြပေါ့ ကြည့်ဦး လင်းတစိမ်းကြီးက သူ့ဥတွေ မရှိတော့တော်တေ်ာသနားစရာကောင်းနေပြီ…”

ရှီဟောင်က မျက်လုံးကို ကလယ်ကလယ်လုပ်ပြပြီး ခပ်တိုးတိုးပြောလိုက်ပါတယ်။ သူက တည်ငြိမ်စွာပဲ စကားဆက်လိုက်ပါတယ်။

” ကျွန်တော်တို့က သူ့ရဲ့ဥတွေကို ပြန်မပေးဘူးဆိုရင် ဒီလင်းတကြီးက ကျွန်တော်တို့ကို အမြဲတမ်းနှောက်ယှက်နေတော့မှာ ကျွန်တော်တို့ ရွာလည်း ဘယ်တော့မှ ငြိမ်းချမ်းတော့မှာ မဟုတ်ဘူး ကျွန်တော့်တို့မှာ ဘိုးဘွားပိုင်အမွေရှိနေရင်တောင် ကိုင်တွယ်ရ ခက်နေမှာပဲ အင်း ဒီနေရာမှာ အမှန်တကယ်အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုခုက အသက်၀င်လာရင်တော့ တစ်မျိုးပေါ့လေ..”

ကျောက်ခေတ်ရွာသားတွေလည်း ငြိမ်ကျသွားပါတယ်။ ဒီမွန်းစတားဆန်တဲ့ သူငယ်လေး ရှီဟောင်က အသက်သုံးနှစ်ခွဲအရွယ်ဆိုတာယော ဟုတ်သေးရဲ့လား။ နောက်ဆုံးမှာတော့ ရွာသားတွေက သူတို့ရလာတဲ့ ဥတွေကို လက်မလွှတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါက အလုပ်မဖြစ်ဘူးဆိုရင်တောင် သူတို့လည်း တခြားနည်းလမ်းတစ်ခုကို ရှာတွေဦးမှာပဲလေ။

ရွာသားတွေက အရမ်းကို ကြီးမားတဲ့ ရေအင်တုံတစ်လုံးထုတ်ယူလာပြီး ဥတွေကို ထည့်လိုက်ပါတယ်။ ကျောက်စိမ်းရောင်တောက်ပနေတဲ့ ဥတွေကလည်း ရေအင်တုံးထဲကနေတစ်ဆင့် လေထုတစ်ခုလုံးကို ဖြာထွက်လို့နေပါတယ်။

ကျောက်ခေတ်ရွာသားတွေဟာ ခြံ၀န်းထဲကနေထွက်လာပြီး ရွာထိပ်က မိုးမခပင်ကြီးကို ဦးတည်လိုက်ကြပါတယ်။ ရွာဦးက မိုးမခသစ်ပင်ကြီးဆီကလည်း ရုတ်တရက်တုန်လှုပ်စရာကောင်းတဲ့ အလင်းတန်းတွေဟာ နေတစ်စင်းလို ဖြာထွက်လာပါတယ်။ မိုးမခသစ်ပင်ကြီးရဲ့ မြစိမ်းရောင်အလင်းတန်းတွေဟာ မိုးကောင်းကင်ကို ထိုးဖောက်တက်သွားပြီး ရေအင်တုံထဲက ကျောက်စိမ်းရောင်လက်နေတဲ့ ဥတွေပေါ်ကို ညင်ညင်သာသာကျရောက်လို့သွားပါတယ်။

**********

လူတိုင်းက အံ့အားသင့်လို့ သွားခဲ့ပါတယ်။ ရွာအပြင်ဘက်မှာရှိနေတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးတောင် တုန်လှုပ်သွားပြီး ရုတ်တရက်ခေါင်းထောင်လာခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေကနေ လျှပ်စီးလိုအလင်းတန်းတွေ ထွက်ပေါ်လာခဲ့ပြီး ယဇ်ပလ္လင်ပေါ်က ဥတွေထည့်ထားတဲ့ ရေအင်တုံကို ငေးကြည့်နေပါပြီ။

မြစိမ်းရောင်မိုးမခသစ်ပင်ကြီးကလည်း တောက်ပတဲ့ အလင်းရောင်အော်ရာတွေသိပ့်သည်းလာခဲ့ပြီး ဥတွေကို ရစ်ပတ်လွှမ်းခြုံသွားခဲ့ပါတယ်။ တစ်ချက်တစ်ချက်ကြယ်ကြွေသလို တောက်ပသွားတဲ့အလင်းတန်းတွေကြောင့် အရမ်းတုန်လှုပ်စရာကောင်းနေပါတော့တယ်။

သားရဲငှက်ဥတွေပေါ်က အစက်အပြောက်လေးတွေကလည်း သန်မာတဲ့အလင်းတန်တွေဖြာထွက်လာပြီး နေငယ်လေးတစ်စင်းလို ထွန်းလင်းလာပါတယ်။ ဒါ့အပြင် အစက်အပြောက်အလင်းတန်းတွေနားကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ ပုံစံတွေအမျိုးမျိုးထွက်လာပါတယ်။ အာ့ဒါတွေက နတ်ဘုရားတွေရဲ့ မြွေနဲ့တောင် ဆင်တူနေပါတယ်။

သားရဲငှက်ဥတွေက ပြောင်းလဲလို့ လာခဲ့သလို လျို့ဝှက်ဆန်းကြယ်တဲ့ ပုံစံတွေကလည်း လှိုင်းတွေဖြစ်ပေါ်လာပါတယ်။ အချိန်ခနလောက်ကြာသွားချိန်မှာတော့ သားရဲငှက်ဥတွေ အရမ်းကို ကောင်းမွန်တဲ့ စွမ်းအားတွေပြည့်နှက်လို့သွားခဲ့ပါတယ်။

” သားရဲငှက်ဥတွေက ပိုပြီးအစွမ်းထက်လာပြီပဲ ရှေးဟောင်းမိစ္စာသားရဲငှက်ရဲ့ အမှတ်အသားက ငါတို့တွေရွာကို အများကြီးတိုးတက်စေတော့မှာ ဒါဆိုရင် အကြေးခွံစိမ်းလင်းယုန်ကြီးကို သေချာပေါက်မောင်းထုတ်ပစ်နိုင်မယ်..”

ရှီယွီဖန်းဟာ ခြောက်ခြားဖွယ်ရာကောင်းတဲ့အသံနဲ့ ပြောဆိုလိုက်ပါတယ်။ သားရဲငှက်ဥတွေဟာ ရှေးဟောင်းမိစ္စာသားရဲငှက်ရဲ့ အမွေအနှစ်အပိုင်းအစတွေကို ရရှိထားတာကြောင့် ထူးခြားလို့ နေပါတယ်။ တစ်ယောက်ယောက်က ဘိုးဘေးတွေရဲ့ ဆန်းကြယ်တဲ့အမွေအနှစ်တွေကို ဆက်ခံခွင့်ရမယ်ဆိုရင် သူတို့တွေဟာ မိဘတွေထက် သာလွန်တဲ့ စွမ်းအားတွေကို ရရှိသွားကြမှာပါ။

မိုးမခသစ်ပင်ကြီးနဲ့ သားရဲငှက်ဥတွေရဲ့ ဆက်နွယ်မှုတွေကြောင့် ရွာသားတွေဟာ ရူးချင်ချင်ဖြစ်လို့ သွားကြပါတယ်။ မိုးမခသစ်ပင်ကြီးနဲ့ သားရဲငှက်ဥတွေရဲ့ ထူးခြားချက်ကိုရှာဖွေဖို့လုပ်ကြရပါတော့မယ်။ ဒါမှပဲ သားရဲငှက်ဥတွေရဲ့ မျိုးရိုးဗီဇပြောင်းလဲနိုင်စွမ်းနဲ့ သူတို့ရဲ့ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေကို သိကြရမှာပါ။

ရွာသားတွေအားလုံးက အရမ်းကိုအံ့သြနေကြပြီး တလက်လက်တောက်ပနေတဲ့ သားရဲငှက်ဥတွေကို ကြည့်ပြီး သူတို့ရဲ့ မျက်လုံးတွေပါ အရောင်တောက်လို့လာခဲ့ပါတယ်။ ဒါက ရှားပါးတဲ့ ဒဏ္ဍာရီလာငှက်ဖြစ်လာနိုင်တာကြောင့် သူတို့ရဲ့ အလားအလာက အတိုင်းအဆမဲ့ပါပဲ။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက သူ့ရဲ့အစိမ်းရောင်တောင်ပံတွေကို ဖြန့်ထားတာကြောင့် ရွာအပြင်က ကျောက်ဆောင်ကြီးကိုတောင် ဖုံးလွှမ်းလို့နေပါတယ်။ သူ့ရဲ့မျက်လုံးနှစ်လုံးကအဖြစ်အပျက်တွေကို စေ့စေ့စပ်စပ်ကြည့်နေပေမယ့် မယုံကြည်နိုင်လောက်အောင် ဖြစ်လို့နေပါတယ်။ သူ့ရဲ့ ဥတွေကနေ တကယ်ပဲ ဒဏ္ဍာရီလာငှက်ကြီးတွေ ပေါက်ဖွားလာမှာလား။

အကြေးခွံစိမ်းလင်းယုန်ကြီးက အဖြစ်အပျက်မှန်ကို အတည်ပြုဖို့ ရှေ့ကိုမြန်ဆန်စွာလှမ်းတက်လိုက်ပေမယ့်လည်း မိုးမခသစ်ပင်အိုကြီးရဲ့အရောင်အဝါတွေကြောင့် အသာကိုယ်ရှိန်သပ်လိုက်ပါတယ်။ ကျောက်ခေတ်ရွာက မိုးမခသစ်ပင်ကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာရှိနေတာကြောင့် သူ့လို မိစ္စာသွေးမျိုးဆက်က အတင်း၀င်ရောက်နိုင်စွမ်းမရှိပါဘူး။

ရွာသားတွေဟာ အတိုင်းမသိပျော်ရွင်သွားကြပြီးနောက်မှာတော့ ငြိမ်သက်လို့သွားကြပါတယ်။

” ရွာအကြီးအကဲ အခုကျုပ်တို့ ဒီသားရဲငှက်ဥတွေကို ဘယ်လိုစောင့်ရှောက်ကြမလဲ..”

ရှီလင်းဟူက မေးမြန်းလိုက်ပါတယ်။ အခုတော့ ရွာသားတွေက သားရဲငှက်ဥတွေနဲ့ပတ်သက်ပြီး စိတ်အားထက်သန်မှုတွေပြည့်နှက်လာခဲ့ပြီလေ။ ဒီလောက်အစွမ်းထက်ပြီး အလားအလာကောင်းတွေရှိနေတဲ့ သားရဲငှက်ဥတွေကို မစောင့်ရှောက်ထားချင်တဲ့ သူဟာ ရူးနေလို့ပဲဖြစ်ပါလိမ့်မယ်။

” မင်း ရွာပြင်က ငှက်ဆိုးကို မမြင်ဘူးလား ငါတို့က သားရဲငှက်ဥတွေကို စောင့်ရှောက်ထားရင် သူရူးသွားလိမ့်မယ်..”

ရှီယွီဖန်းက မကျေမနပ်ပြောဆိုလိုက်ပါတယ်။
မိုးမခသစ်ပင်ကြီးကတော့ ကျောက်ခေတ်ရွာကို အဆက်မပြတ်ကာကွယ်ခဲ့သလို ရွာကို ဖျက်စီးဖို့ ကြိုးစားခဲ့ဖူးတဲ့ သားရဲအများကြီးကို လျို့ဝှက်ဆန်းကြယ်တဲ့အစွမ်းတွေနဲ့ ဟန့်တားခဲ့ဖူးပါတယ်။ ကျောက်ခေတ်ရွာကို ကျရောက်လာမဲ့ ဘယ်လိုအန္တရာယ်မျိုးကိုမဆို ကာကွယ်ခုခံပေးခဲ့တာပါ။ ဒါပေမဲ့ရွာအပြင်က အရာတွေကိုတော့ ကူညီတိုက်ခိုက်ပေးခြင်းမရှိပါဘူး။

ဒါကြောင့်ပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရွာထဲကို ၀င်မလာရဲခဲ့တာလေ။ ဒါပေမဲ့ သူက ရွာသားတွေကို ညှင်းဆဲနိုင်ဖို့ ရွာထိပ်ကနေ စောင့်နေလို့ရပါတယ်။ ကျောက်ခေတ်ရွာထဲက ရွာသားတွေ ရွာပြင်မထွက်ဘဲမနေနိုင်ကြပါဘူး။ သူတို့တွေရဲ့ အစားအသောက်အတွက် တောင်တန်းထဲမှာ အမဲလိုက်ဖို့ လိုသေးပါတယ်။

” ဟူးး သားရဲငှက်ဥတွေကို ပြန်ပေးလိုက်ကြရအောင် မေ့လိုက်တာပဲကောင်းမယ်..”

သက်ကြီးဝါကြီးရွာသားတစ်ယောက်က ပြောဆိုလိုက်ပါတယ်။ ရွာသားတွေအားလုံးက စိတ်ပျက်သွားခဲ့ကြပေမယ့်လည်း ရွေးချယ်စရာတခြားနည်းလမ်းလည်း ရှာမတွေ့သေးပါဘူး။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကလည်း အစွမ်းထက်လွန်းနေပါတယ်။ တောင်တန်းဒေသရဲ့ အနက်ရှိုင်းဆုံးအပိုင်းက သားရဲတွေသာ မထွက်လာဘူးဆိုရင် သူက ဒီနေရာပတ်၀န်းကျင်ရဲ့ အရှင်သခင်ပါပဲ။

သတိကောင်းပြီးရဲရင့်ပုံရတဲ့ ရွာသားတစ်ယောက်က သားရဲငှက်ဥတွေယူပြီး ရွာပြင်က နယ်နိမိတ်စည်းအစပ်မြက်ခင်းပေါ်မှာ ချထားလိုက်ပါပြီ။ သူတို့ လက်တစ်ဖက်မှာတော့ အကာအကွယ်အဖြစ် ဘိုးဘေးတွေရဲ့ အရိုးလက်နက်ကို ကိုင်ဆောင်လို့ ထားပါတယ်။

သားရဲငှက်ဥတွေရဲ့ မျက်စိကြိမ်းလောက်အောင်စူးရှတောက်ပနေခဲ့တဲ့ အော်ရာတွေကလည်း ချက်ချင်းကို မှေးမှိန်သွားကြပါတယ်။ ဒါက ရွာထဲမှာတုန်းက ရှေးဟောင်းဒဏ္ဍာရီလာသားရဲငှက်မွေးဖွားလာတော့မလားထင်မှတ်ခဲ့ရတဲ့ သားရဲငှက်ဥတွေလို့ ပြောရင် အခုနကအဖြစ်အပျက်ကိုသာ မမြင်ထားကြဘူးဆိုရင်တော့ သူတို့ပြန်ပြောမှာက တစ်ခွန်းတည်းရယ်ပါ။ ” သောက်ရူးကောင်..”

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက သူ့ရဲ့တောင်ပံတွေကို မုန်တိုင်းတဝ်ခုတိုက်ခိုက်လာတဲ့အလား ဖြန့်လိုက်ပြီး ကျောက်ဆောင်ပေါ်က ဆင်းလာခဲ့ပါတယ်။ သူ့ရဲ့ကြီးမားလှတဲ့ တောင်ပံနှစ်ဖက်ဖြန့်လိုက်ပြီး သူ့ရဲ့ဥတွေကို ရင်ငွေ့အနည်းငယ်ပေးလိုက်ပါတယ်။ သူဟာ သူ့ ရဲ့ဥတွေကို ရီဝေစူးနစ်စွာ စိုက်ကြည့်လို့နေပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက အရမ်းကို စိတ်လှုပ်ရှားပုံရလာပြီး လေချွန်သံရှည်ကြီးတစ်ချက်ကို အော်မြည်လိုက်ပါတယ်။ သူ့ရဲ့ အော်မြည်သံဟာ မိုးကောင်းကင်ပေါ်က လေထုတဝ်လျောက်ကို ဖြတ်သန်းသွားပြီး လယ်ကွင်းတွေ သစ်တောတွေ နဲ့ အရွက်အခက်အလက်အားလုံးကို တုန်ခါလို့သွားစေပါတယ်။

အချိန်အတော်ကြာအောင် အကြေးခွံစိမ်းလင်းယုန်ကြီးက အော်မြည်နေခဲ့ပြီး သူ့ရဲ့မျက်လုံးထဲက ထူးဆန်းတဲ့ အရောင်အဝါတွေလည်း တဖြည်းဖြည်းပျောက်ကွယ်ပါတယ်။ သူက မိုးမခပင်အိုကြီးကို ငေးကြည့်လိုက်ပေမယ့်လည်း ရွာထဲကိုတော့ ခြေတလှမ်းတောင်မသီရဲပါဘူး။

” မြန်မြန်ကြည့်လိုက်ကြ မိစ္စာငှက်ကြီး သူ့ရဲ့ဥတွေကို ထားခဲ့ပြီ..”

ရွာသူရွာသားတွေ ပျော်ရွင်စွာ ကြွေးကြော်လိုက်ကြပါတယ်။

****°

Comment

Leave a Reply

Options

not work with dark mode
Reset