Switch Mode

Chapter – 263

မွေးမြူရေးခြံက ခရီးပေါက်လာသောအခါ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆၃ မွေးမြူရေးခြံက ခရီးပေါက်လာသောအခါ။

ယဲ့ရှောင်၏ နှလုံးက ရုတ်တရက် ခုန်လာလေ၏။ သူ၏ အတွေးများက အတော်လေး ရူးသွပ်နေပြီဟု ခံစားမိသွားသည်။ သူ၏ အတွေးများသာ မှန်မည်ဆိုလျှင် လူသားမျိုးနွယ်က နောင်ကြ ရင်ဆိုင်ရမည့် အန္တရာယ်သည် ကြယ်တာရာသားရဲများထက် ပို၏။
ကြယ်တာရာသာရဲများထက် ပိုကြီးမားသည့် အန္တရာယ်ကို ကြုံတွေ့ရတာတောင် ဖြစ်နိုင်သည်။ နောင်ကြ သူသည် နဂါးစွမ်းအင်များ ပိုပိုရှာဖွေရမည့်ပုံ ပေါ်၏။ သို့သော်ငြား ဧကရာဇ်တစ်ပါးသည် စီရင်စု၉ခုအတွင်းရှိ နဂါးသွေးကြောများအားလုံးကို ဖယ်ရှားရန် လက်အောက်ငယ်သားများကို အမိန့်ပေးခဲ့သည်က မှန်လျှင် ယင်းက ဒုက္ခများသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အဖို့ နဂါးသွေးကြောများကို ရှာဖို့ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အတွင်းရှိ နဂါးစွမ်းအင်ကို သူ မည်ကဲ့သို့ သန့်စင်ရမည်နည်း။
ထိုကိစ္စက ယဲ့ရှောင်ကို ခေါင်းကိုက်လာစေတော့၏။
ထားလိုက်တော့။ အခုအချိန်မှာ အဲ့ဒီအကြောင်း မတွေးရအောင်။ တစ်ကြိမ်ကို တစ်လှမ်းပဲ လှမ်းမယ်။
ဆိုရလျှင် သူသည် အားနည်းသော နဂါးစွမ်းအင်၏ အရိပ်အယောင်ကို ရခဲ့ပြီးဖြစ်ရာ သူ၏ ခန္ဓာကိုယ်ထဲ ဖြည်းဖြည်းချင်း သန့်စင်နေလေ၏။
ထိုအတိုင်း ဆက်လက် ရှိနေသရွေ့ အနှေးနှင့်အမြန် သူ၏ ခန္ဓာကိုယ်ကိုလည်း သန့်စင်ပေးနိုင်လိမ့်မည်။ အချိန်အတိုင်းအတိုင်းအတာတစ်ခုမျှသာ ကြာလိမ့်မည်။
ယခုအချိန်တွင် သူ တွေးသင့်သည့် ပြဿနာက တော်ဝင်ကျင့်စဥ်ကို သန့်စင်ပြီး ၄င်းကို နတ်ဘုရားသတ်ကျင့်စဥ်အဖြစ် ပေါင်းစည်းကာ သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရန်ပဲ ဖြစ်သည်။
ဆိုရလျှင် သူ၏ သွေးမျိုးဆက် မည်မျှ သန်မာစေကာမူ အရေးကြီးဆုံးအရာက သူ၏ ကျင့်ကြံမှုပဲ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုက မလုံလောက်ခဲ့လျှင် ဘာမှဖြစ်လာမှာ မဟုတ်ပေ။ တစ်ရက်တာ စာဖတ်ပြီးနောက် ယဲ့ရှောင်သည် နောက်ထပ် တော်ဝင်ကျင့်စဥ်ကို သန့်စင်လိုက်၏။
ယင်းက လက်သီးသိုင်း၊ ဧကရာဇ် ခုံမင်လက်သီးပဲ ဖြစ်သည်။ ထိုလက်သီးသိုင်းက အတော်လေး စုတ်ချာပြီး လျှပ်စီးကျွဲစိမ်းဆီကနေ ရသည့် မိုးကြိုးဧကရာဇ်လက်သီးနှင့် ယှဥ်လျှင် စုတ်ချာသည်။ ယင်းက မဟာနိဗ္ဗာနလက်သီးကို မယှဥ်နိုင်ပေ။ ချုံပြောရလျှင် အတော်ကောင်းမွန်သည့် လက်သီးကျင့်စဥ် ဖြစ်နေ၏။
ယခုအချိန်၌ ယဲ့ရှောင်တွင် လက်သီးသိုင်းများစွာ ရှိနေသောကြောင့် ၄င်းကို အလေးမထားရုံသာ ဖြစ်သည်။
ယင်းကို သာမန်လူတစ်ယောက်၏ လက်ထဲ ထည့်လိုက်မည်ဆိုလျှင် သူတို့က သွေးအန်လောက်သည်အထိ ဖိအားပေးခံရလောက်သည်။ ထို့အပြင် ယဲ့ရှောင်က ၄င်းကို အသုံးပြုရန် မလိုအပ်ချေ။ နတ်ဘုရားသတ်အစစ် ကျင့်စဥ်တစ်ခု ပေါင်းစည်းရန်အတွက် ၄င်းကို သုံးရန်သာ လိုအပ်သည်။
ဧကရာဇ် ခုံမင် လက်သီးကို သန့်စင်ပြီးနောက် အလုပ်ဆင်းရန် အချိန်ရောက်သွားပြီ ဖြစ်သည်။
လျိုချန်စွင်းသည် ယဲ့ရှောင်ကို အစက ညစာအတူ စားချင်လားဟု မေးခဲ့၏။ ယဲ့ရှောင်ကမူ ငြင်းပယ်လိုက်တော့သည်။ သူသည် ဝမ်တာ့လုံနှင့် အချိန်းအချက် ပြုထားသောကြောင့် ဖြစ်သည်။ ဝမ်တာ့လုံက ညနေခင်း၌ သူ့ကို မီးတောင်ထွတ်ကျောက်များ ပို့ပေး
လိမ့်မည်။
သူ အိမ်ပြန်ရောက်ချိန်တွင် တံခါးဝ၌ ကားတန်းရှည်ကြီး ရောက်နေပြီ ဖြစ်၏။ ကုန်တင်ကားကြီးထဲ၌ မီးတောင်ထွတ်ကျောက်များ ပြည့်နေသည်။
ယဲ့ရှောင် မထင်ထားသည်က ကားမောင်းလာသည့်သူသည် တခြားသူမဟုတ် ရွှီတာ့မောင်ပဲ ဖြစ်သည်။
” မင်း ဒီကို ဘာကြောင့် ရောက်နေတာလဲ”
” ဒီမေးခွန်းကို မေးသင့်တဲ့သူက ကျွန်မ မလား။ အစောတုန်းက အံ့သြနေသေးတာ။ ဘယ်ထူးဆန်းတဲ့ ဝယ်သူကများ ဒီလို အသုံးမဝင်တဲ့ မီးတောင်ထွတ်ကျောက်တွေ အများကြီးလိုချင်ရတာလဲပေါ့ ”
” ရှင် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး ”
ယဲ့ရှောင်က အတော်လေး ဆွံ့အသွားတော့သည်။
” ငါ ဝမ့်လုံကို မေးခဲ့တာ မဟုတ်ဘူးလား။ သူ ဘာကြောင့် လာမပို့တာလဲ။ အဲ့ဒီအစား မင်း လာပို့တာလား ”
” ဝမ်တာ့လုံနဲ့ ကျွန်မအဖေရယ် တခြားသူတွေရယ်က ပိုကြီးတဲ့ ကုမ္မဏီကြီး စတင်ဖို့ ပါတနာ ဖွဲ့လိုက်ကြပြီ။ နောင်ကြ ကုန်ကြမ်းတွေ ရှင် ထပ်ဝယ်ချင်ရင် ကျွန်မတို့ ကုမ္မဏီကို တန်းသွားလိုက်လို့ရတယ် ”
ရွှီတာ့မောင်က အလုပ်ကတ်ပြားတစ်ခု ပေးလိုက်၏။
သူမ၏ အမည်၊ ကုမ္မဏီအမည်နှင့် ဖုန်းနံပါတ်ကို ရိုက်နှိပ်ထားလေသည်။
” ရွှီဝမ် ယူနိုက်တက် ကုန်သွယ်ရေး ကုမ္မဏီ လီမိတက် လက်ထောက် အထွေထွေမန်နေဂျာ ရွှီ့တာ့မောင်”
ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားတော့၏။
” မင်းက လက်ထောက် အထွေထွေ မန်နေဂျာတွေထဲက တစ်ယောက်လား ”
” ဒါပေါ့။ ကျွန်မ အဖေက ဒါရိုက်တာတွေထဲက တစ်ယောက်လေ။ ကျွန်မက လက်ထောက်မန်နေဂျာတစ်ယောက် ဖြစ်မှာ အသေအချာပဲလေ။ မဟုတ်ရင် ကျွန်မ အဖေရဲ့ မျက်နှာ ဘယ်သွားထားရမလဲ”
အမှန်တကယ်တွင် ယဲ့ရှောင် ထိုအကြောင်းကို ဇဝေဇဝါ ဖြစ်သွားတာ မဟုတ်။ သို့သော် ရွှီတာ့မောင်သည် လက်ထောက်အထွေထွေမန်နေဂျာတစ်ယောက် ဖြစ်နေပြီးသားပင်။ သူသည် အဘယ်ကြောင့် ကားတစ်စီးကို မောင်းလာရသနည်း။ ယာဥ်မောင်းအနေဖြင့်လော။ ” မင်းတို့ ကုမ္မဏီမှာ လူ ဘယ်နှစ်ယောက်ရှိလဲ”
ရွှီတာ့မောင်က ခဏတဖြုတ် တွေးလိုက်လေ၏။
” ဒါရိုက်တာအချို့ကို ဖယ်လိုက်ရင် ကျွန်မအပါအဝင် စုစုပေါင်း ဒုဥက္ကဌ ( ၆ )ယောက်ရှိတယ်။ မိသားစုတစ်စုမှာ တစ်ယောက်ပေါ့။ ဒုဥက္ကဌတွေအားလုံးက အလုပ်မှာ ဝင်ပါရမယ်။ ဝမ့်လုံက ဥက္ကဌ။ ပြီးတော့ အထွေထွေမန်နေဂျာလည်း ဟုတ်တယ်။ ကျွန်မတို့ ကုမ္မဏီရဲ့ အရွယ်အစားက ကြီးတယ် ဟုတ်။ ရှင် ကြောက်သွားပြီမလား။ အရင်ကထက် အဆပေါင်းများစွာ ပိုကောင်းသွားပြီ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” အင်း။ ငါ လန့်သွားတာ။ မင်းမိသားစုရဲ့ ကုန်ကြမ်းဆိုင်ကရော။ ဘာကြောင့် ထပ်မလုပ်တော့တာလဲ ”
” အရင်တုန်းက ကုန်ကြမ်းတွေ ဝယ်ရမလွယ်ဘူးလေ။ ဒါကြောင့် ကျွန်မတို့ မိသားစုက မတူညီတဲ့ ဈေးနှုန်းနဲ့ သေးငယ်တဲ့ ကုန်ကြမ်းဆိုင်လေးတွေကို သုံးနေနိုင်သေးတာ။ ဒါပေမဲ့ အခုမြို့က ချဲ့ထွင်လိုက်ပြီ။ တခြားမြို့က ကုန်သည်တွေကလည်း တိုးဝင်လာပြီ။ အကျိုးအမြတ် ဝေစုတစ်ခု လိုချင်နေတာ။ ဆိုင်တွေ ပိုပိုများလာပြီး ဆိုင်ကြီးကြီးတွေ ဖြစ်လာမှာ။ စီးပွားရေးဆိုတာ အမြဲတမ်း ဒီလိုပဲ။ အကြီးကို စားလိုက်။ အသေးကို စားလိုက်ပေါ့ ”
” ကျွန်မ အဖေက မိတ်ဆွေတချို့နဲ့ပဲ ပိုကြီးတဲ့ ကုမ္မဏီတစ်ခု ဖွင့်နိုင်တာလေ။ ဒါပေမဲ့ အခုတော့ ကုန်ကြမ်းတွေ မဝယ်သေးတာ ပိုကောင်းဦးမယ်။ မြို့က လတ်တလောမှ ချဲ့ထွင်တာဆိုတော့ ကုန်သည်တွေ ရောက်လာခါစ ကုန်ကြမ်းတွေ အများစုက အပြည့်အဝ မရောက်သေးဘူး ”
” ဒါပေမဲ့ လူဦးရေကလည်း တိုးလာတာပဲ။ သိုင်းပညာရပ်မျိုးစုံက အချိန်တိုအတွင်း ထောက်ပံ့ပေးနေတာ။ လတ်တလောမှာ ကုန်ကြမ်းအားလုံး ဈေးတက်လာတာ ”
” မီးတောင်ထွတ်ကျောက်လို အရာမျိုးက လူတွေ သိပ်မလိုချင်တဲ့ ပစ္စည်းမျိုးပဲ။ ဒါကြောင့် ဈေးမတက်သွားတာလေ ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီး ရွှီတာ့မောင်က ထပ်ပြောလိုက်သည်။
” ဒါတွေကို ကျွန်မ ဘယ်နားထားရမလဲ။ အခု ရှင့်အတွက် ဖယ်ပေးမယ်။ ပြီးရင် တခြားပစ္စည်းတွေ ပို့စရာ ရှိသေးတယ် ”
ယဲ့ရှောင်သည် ခြံဝန်းထဲရှိ ရှင်းလင်းနေသော နေရာကို လက်ညိုးထိုးပြလိုက်၏။
” အဲ့မှာ အရင်ထားလိုက်ဦး ”
မီးတောင်ထွတ်ကျောက်သည် ပစ္စည်းကောင်း မဟုတ်ပေ။ ထို့ကြောင့် ကျန်သည့်သူများ ခိုးယူမှာကိုကြောက်ရွံ့နေဖို့ မလိုပေ။
ခြံဝန်းထဲတွင် ထား၍ မရသောကြောင့် အပြင်ဘက်တွင် ထားလိုက်တာက အဆင်ပြေလိမ့်မည်။ မည်သည့်နည်းနှင့်မဆို ပြီးမှ သူသည် ၄င်းတို့ထဲမှ သိုလှောင်မှုစွမ်းအားကို ထုတ်မှာပဲ ဖြစ်သည်။
” ဟုတ်ပြီ။ အခု ရှင့်အတွက် ရွှေ့ပေးမယ်။ ဒါတွေ ရွှေ့ဖို့ ကူညီပေးစေချင်လား ”
” မလိုဘူး။ ကျွန်မတို့ ကုမ္မဏီက ကုန်ပစ္စည်းတွေကို တံခါးဝထိ ပို့ပေးပြီး ဝယ်သူတွေကို သူတို့ကိုယ်တိုင် အတင်အချ လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ဝယ်သူတွေကို လက်တစ်ချောင်းတောင် မြှောက်ခွင့်ပေးမှာ မဟုတ်တာ သေချာတယ်။ ကျေးဇူးပြုပြီး စစ်တမ်းဖောင်လေး ဖြည့်ပေးပါဦး။ ပြီးရင် မှတ်ချက်ကောင်းလေး ပေးဦးနော် ”
သူမ ထိုသို့ပြောပြီးသည်နှင့် ရွှီတာ့မောင်က အင်္ကျီလက်ကို လှိမ့်တင်ပြီး ယဲ့ရှောင်၏ ခေါင်းထက် ပိုတုတ်သော လက်မောင်းကြီးများကို ထုတ်ပြလိုက်၏။
ဝက်ဝံကဲ့သို့ သူမ၏ ခန္ဓာကိုယ်ို ကြည့်ပြီး ယဲ့ရှောင်က ထပ်မပြောတော့ပေ။ သူသည် သူမ၏ ကားထဲကနေ ဝယ်သူများ စိတ်ကျေနပ်မှု ရှိ မရှိ စစ်တမ်းကောက်ယူမှု ဖောင်ကို ယူလိုက်တော့၏။
” ဒါမလား ”
” ဟုတ်တယ်။ အဲ့ဒီဟာ။ ကျွန်မပစ္စည်းတွေကို သယ်ပေးမယ်။ ရှင်က အဲ့ဒါကို ကျွန်မကို ကူဖြည့်ပေးပေး ”
” ဟုတ်ပြီလေ ”
ပြီးနောက် ယဲ့ရှောင်သည် စစ်တမ်းဖောင်ကို စဆင်ဖြည့်နေစဥ် ရွှီတာ့မောင်က သူမ၏ စိတ်တက်ကြွသော အမူအယာဖြင့် မျက်လုံးပြူးကျယ်နေကာ ပစ္စည်းများကို လျင်မြန်စွာ ချပေးလိုက်၏။
ယဲ့ရှောင်သည် အချက်အလက်ဖောင်ကို ဖြည့်ပြီးသည့်အချိန်တွင် ရွှီတာ့မောင်သည် တစ်ချိန်တည်းနီးပါး မီးတောင်ထွတ်ကျောက် အားလုံးနီးပါးကို ရွှေ့ပြီးသွားပြီ ဖြစ်၏။
ယင်းက ယဲ့ရှောင်ကို သိုင်းပညာရှင်တစ်ဦး၏ ခွန်အားအကြောင်း သက်ပြင်းချမိစေတော့၏။ မြေကမ္ဘာပေါ်တွင်ဆိုပါက မီးတောင်ထွတ်ကျောက်အားလုံးကို ရွှေ့ရန် အနည်းဆုံး နှစ်ဝက်အချိန်ယူရပေလိမ့်မည်။
ရွှီတာ့မောင်က မိနစ်အနည်းငယ်အတွင်း ရွှေ့ပြီးသွား၏။ ယင်းက တကယ် အံ့သြစရာ ကောင်းလှသည်။ သူက ဖြည့်ပြီးသွားသည့် ဖောင်ကို လှမ်းပေးလိုက်၏။
” ဒီမှာ ကြယ်၅ပွင့် ပေးလိုက်တယ်။ အထဲဝင်ပြီး လက်ဖက်ရည် သောက်ချင်လား ”
” မလိုဘူး။ ကျွန်မရဲ့ အဖေက အမျိုးသားစ်ယောက်အိမ်ထဲ လက်လွှတ်စပယ် ဝင်ခွင့်ပေးမှာ မဟုတ်ဘူး။ အထူးသဖြင့် ရှင့်ကို ကျွန်မတို့ သတိထားရမယ်လို့ သူက ပြောတယ် ”
” … ”
လောင်ရွှီ၌ သူ ချန်ထားရစ်ခဲ့သော မှတ်ဉာဏ်များ ရှိနေဦးမည်ဟု သူ မထင်ထားပေ။
ထိုစဥ်က သူသည် အလွန်အားနည်းနေသေး​ပြီး ကျန်သည့်သူများက သူ၏ အထောက်အထားကို ရှာတွေ့သွားမှာကို သူ စိုးရိမ်ပူပန်ခဲ့၏။ ထို့ကြောင့် လောင်ရွှီ၏ မှတ်ဉာဏ်များကို ပြုပြင်ကာ သူ့ကို ကုန်ပစ္စည်းများ ရောင်းချခြင်းကနေ ရထားသည့် ပိုက်ဆံကနေ သူနှင့် လောင်ရွှီ လောင်းကစားပြုလုပ်ရင်းကနေ ရလာသည့် ပိုက်ဆံများဟူ၍ ပြောင်းခဲ့၏။ ထိုအချိန်မှစကာ လောင်ရွှီသည် သူ့ကို သဘောကျခြင်း မရှိတော့ပေ။
သို့သော် ယင်းကလည်း ကောင်းပေ၏။ သူ့ကို နေ့စဥ်နေ့တိုင်း သမက်ဖြစ်အောင် ပြုလုပ်ရမည့်နည်းကို တွေးနေတာထက် ကောင်းသည်။
” ဒါဆိုရင် မင်းကို ထပ်မဆွဲထားတော့ဘူး။ ပြီးရင် ဝမ်တာ့လုံဆီကို ပိုက်ဆံလွှဲပေးလိုက်မယ် ”
” ကောင်းပါပြီ နှုတ်ဆက်ပါတယ်”
ရွှီတာ့မောင်က ကားပေါ်ခုန်တက်ပြီးနောက် ဂီယာကို လှည့်ကာ အရှိန်တင်လိုက်၏။ ကုန်တင်ကားကြီးသည် ယဲ့ရှောင်ဆီကနေ လျင်မြန်စွာ မောင်းထွက်သွားတော့၏။
သတ္တိရှိလိုက်တဲ့ အမျိုးသမီးပဲ။
ယဲ့ရှောင်က ခေါင်းခါလိုက်မိ၏။ ပြီးနောက် သူ့ရှေ့ရှိ မီးတောင်ထွတ်ကျောက်ို ကြည့်ပြီး နှုတ်ခမ်းထောင့်က အပြုံးတစ်ပွင့်အဖြစ်ကွေးတက်သွားတော့၏။
ငါ စတင် သန့်စင်လို့ရပြီ။
ခြံဝန်းထဲသို့ ပြန်ရောက်သည့်အချိန်တွင် နံရံကို ကြည့်မိရာ သူက မီးတောင်ထွတ်ကျောက်၏ လေဟာနယ်စွမ်းအင်များ အားလုံးကို ထုတ်ယူရန် နတ်ဘုရားလက်မှုပညာကို အသုံးပြုပြီး ထွင်းထုထားသော နှစ်တစ်သောင်းသက်တမ်းရှိသည့် ဥက္ကာခဲသံရိုင်းထဲ ထည့်လိုက်လေ၏။
နှစ်တစ်သောင်းသက်တမ်းရှိ ဥက္ကာခဲကိုယ်တိုင်က လေဟာနယ်စွမ်းအင်ကို စုပ်ယူနိုင်သည့် လက္ခဏာ မရှိပေ။ သို့သော်ငြား ယဲ့ရှောင်သည် ထိုအပါ်၌ လေဟာနယ် နီလာခရမ်းတစ်ခု မြုပ်နှံထားလိုက်ရာ ထိုသို့သော စုပ်ယူနိုင်စွမ်း ရှိသွား၏။
သားရဲနတ်ဘုရား မဟာမိတ်ခေါင်းဆောင်၏ သိုလှောင်လက်စွပ်ထဲတွင် လေဟာနယ် နီလာခရမ်းအချို့ ရှိနေသေး၏။ သူတို့ကိုယ်တိုင်က လေဟာနယ်စွမ်းအင်ပမာဏများစွာ ပါဝင်သည်။ ယဲ့ရှောင်သည် သူတို့နှစ်ခုကြား လေဟာနယ်စွမ်းအင်ကို သိပ်သည်းလိုက်တော့၏။
မျက်တောင်တစ်ခတ်အတွင်း၌ အစွမ်းထက်သည့် ကွင်းက လေဟာနယ် ချဲ့ထွင်နိုင်သည့် စွမ်းအင်ဖြင့် စွမ်းအားကြီးသည့် ကွင်းသည် ပြီးပြည့်စုံသွားတော့၏။
ယဲ့ရှောင်၏ တွက်ချက်ထားမှုအရ အရွယ်အစားဖြင့် ပေ၆၀၀ရာခန့် ရှိသည့် တောင်ကုန်းတစ်ခုထက် မြင့်မားပေသည်။ ယင်းက သိပ်မကြီးသော်ငြား လုံလောက်နေပြီ ဖြစ်သည်။
ရှေးဦးစွာ သူသည် ခုခံရန်အတွက် မြေကမ္ဘာခွင်း ကောင်းကင်ခုနှစ်စင်ကြယ် အစီအရင်ကို ထိန်းချုပ်လိုက်ပြီးနောက် ဝိညာဥ်စွမ်းအင် စုပ်ယူရန်အတွက် ကောင်းကင်ကွမ်းလျန် ခမ်းနားခြင်းအစီအရင်ကို ရေးဆွဲလိုက်၏။
ပြီးနောက် အတွင်းသို့ မြေဆီလွှာများ ထည့်ပြီးနောက် တောင်အတုများကိုလည်း ထည့်လိုက်တော့သည်။
သဘာဝရတနာများအားလုံးသည် နေ့စဥ်နေ့တိုင်း နေရောက်အောက်တွင် နေထိုင်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။ အရိပ်ထဲ၌ ပေါက်ရောက်ရန် လိုအပ်သည့် သဘာဝရတနာများလည်း ရှိ၏။ လရောင်ကို သူတို့က ပိုနှစ်ခြိုက်ကြသည်။
ထို့အပြင် မြေအောက်ထဲတွင် မြုပ်နိုင်ရန် လိုအပ်သည့် အရာများတောင် ရှိသည်။
ယဲ့ရှောင်က ပျားရည်ကိုသုံးပြီး ဝိုင်ချက်ချင်သည်ဆိုပါက ထူးခြားသည့် ပတ်ဝန်းကျင်လည်း လိုအပ်၏။ သူက ၄င်းကို တောင်တစ်ခုထဲတွင် မြုပ်နှံပြီးနောက် ဝိညာဥ်စွမ်းအင်များ ပိုမိုစုစည်းရန် ဝိုင်ချက်ဖို့ အစီအရင်တစ်ခု ရေးဆွဲလိုက်သည်။
ယဲ့ရှောင်သည် သုံးညလုံးလုံး အလုပ်လုပ်နေပြီးနောက် နောက်ဆုံးတွင် စိုက်ပျိုးတာ အပါအဝင် အားလုံး ပြီးစီးသွားတော့၏။
ထိုစဥ် တုချန်ဖုန်းဘက်တွင်လည်း စတင် ခေါင်းကိုက်လာတော့သည်။ မြို့၏ ချဲ့ထွင်မှုသည် မြို့ကို ချဲ့ထွင်ခြင်း ဖြစ်ရုံသာမက အစီအရင်အချို့ကိုလည်း တည်ဆောက်ရသောကြောင့် မရိုးရှင်းပေ။ ၄င်းက မြို့သို့ သိုင်းပညာရှင်များကိုလည်း ရောက်လာစေ၏။ လူများစွာက ရုတ်တရက် ဝင်လာ၏။ ပြဿနာမျိုးစုံက တိုးလာသည်။
လူသားများ၏ အသက်ရှင်နေထိုင်မှု။
သိုင်းပညာအရင်းအမြစ်များ။
မည်သည်ကိုမှ လွှဲချော်ခံ၍ မရပေ။
ယင်းက ပြဿနာကြီးတစ်ရပ် ဖြစ်နေ၏။
မြို့၏ သိုင်းပညာ အရင်းအမြစ်က မလုံလောက်ပေ။
လက်နက်၊ ကုန်ကြမ်း၊ ဆေးလုံး၊ အဂ္ဂရိတ်ကိရိယာများ။ အားလုံးက ပြတ်လက်နေ၏။ ထိုပစ္စည်းများ၏ တန်ကြေးများကတောင် မြင့်တက်လာတော့သည်။
စီရင်စု၉ခုမဟာမိတ်သည် ထိုမျှ များပြားသည့် အရင်းအမြစ်များကို တစ်ခါမှလည်း မစစ်ဆေးနိုင်သောကြောင့် မကူညီနိုင်တာ ဖြစ်၏။ မြို့၏ စုစည်းမှုအတွက် နာကျင်ရသည့် ကာလဖြစ်သည်။
” မြို့တော်ဝန် ဒီနေ့ မြို့ရဲ့ မြောက်ဘက်မှာ သိုင်းပညာရှင်တွေ တိုက်ခိုက်ကြတယ်”
” ဘာဖြစ်လို့လဲ ”
” အရင်းအမြစ် ပြဿနာကြောင့်ပါပဲ။ အတော်ကောင်းကောင်း လုပ်ထားတဲ့ သာမန်းတီး ဓါးကို လုဖို့အတွက် သူတို့တွေက ရိုက်နှက်နေကြတာ။ သူတို့ထဲက တစ်ယောက်က ဒဏ်ရာပြင်းလို့ ဆေးရုံ ပို့လိုက်ရပါပြီ ”
တုချန်ဖုန်းသည် ထိုစကားကို ကြားသည့်အချိန်၌ ခေါင်းပေါက်ကွဲတော့မည်ဟု ချက်ချင်း ခံစားလိုက်ရသည်။

အပိုင်း ၂၆၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset