စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆၂ နဂါးစွမ်းအင်။ ဧကရာဇ်၏ သွေးမျိုးဆက်။ နတ်ဘုရား သွေး။ လောကကြီးအကြောင်း မှန်းဆမှုများ။
ယင်းက ကျင့်စဥ်တစ်ခု မဟုတ်။ ကျင့်စဥ်ဆယ်ခု ဆင့်ကဲပြောင်းလဲမှု စာအုပ်တစ်အုပ်ပဲ ဖြစ်သည်။ စာအုပ်ကို ကြည့်ခြင်းအားဖြင့် ရှေးယခင်ကာလတည်းက ရေးခဲ့တာ ဖြစ်လောက်၏။
ယခင်စစ်သည်တော်များ ရေးထားတာ ဖြစ်လောက်သည်။ နဂါးစွမ်းအင်အကြောင်း အချက်အလက်များ ပါရှိပေ၏။ နဂါးစွမ်းအင်ဟု ခေါ်သည်က သူသည် နဂါးသွေးမျိုးဆက်ထဲတွင် သူရထားသော စွမ်းအား၏ အဆီအနှစ်ပဲ ဖြစ်သည်။
မနေ့ညက ယဲ့ရှောင်သည် သူ၏ လက်ရှိကျင့်ကြံမှုကို ၁၀ရာခိုင်နှုန်း မြှင့်တင်ရန်အတွက် ထိုစွမ်းအားကို အားကိုးခဲ့ရသည်။ ထို့ကြောင့် သူသည် ယခုအချိန်၌ ထိုစွမ်းအားကို အင်မတန် စိတ်ဝင်စားနေတော့သည်။ ထိုစွမ်းအား ဘာဆိုတာ သူ အမှန်တကယ် သိချင်၏။ စာအုပ်ကို ဖွင့်လိုက်ပြီးနောက် ရိုးရှင်းသည့် တန်ဆာ မဆင်ထားသော စကားလုံးများက သူ့ရှေ့၌ ပေါ်လာ၏။
” ”
သေသင့်တဲ့ ဂန္နဝင် တရုတ်စာ။
ကံကောင်းသည်မှာ သူသည် ယခုအချိန်၌ ဘုရင်နယ်ပယ်သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို လှည့်ပတ်လိုက်စဥ် သူ၏ ဝိညာဥ်စွမ်းအင်က အင်မတန် မြန်ဆန်သော နှုန်းဖြင့် ပေါ်ထွက်လာတော့၏။ အလျင်အမြန်ပဲ သူသည် နားလည်သဘောပေါက်သွားကာ ၄င်းကို အဟန့်အတားမရှိ ဖတ်နိုင်သွား၏။
နဂါးစွမ်းအင်ဟူသည် လူသားမျိုးနွယ်ကံကြမ္မာရှိသည့် တောင်တန်းများ၊ မြစ်များ၊ သမုဒ္ဒရာတို့၏ ကံကြမ္မာ။ သူတို့သည် နဂါးသွေးကြောအတွင်း၌ မွေးဖွားလေ့ရှိသည်။
သာမန်လူတစ်ယောက်သည် ထိုကံကြမ္မာကို ရရှိခဲ့လျှင် သူတို့က ရုပ်ခန္ဓာ၏ အဟန့်အတားကို ဖြတ်ကျော်လျက် ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သည်။
ဧကရာဇ်တစ်ပါး၏ ဧကရာဇ်ခန္ဓာကိုယ်ဟူသည်က အချိန်နှင့် လေဟာနယ် နိယာမ၏ ပေါင်းစည်းထားသော ဖိအားကို ကျော်လွန်သော တည်ရှိမှုပဲ ဖြစ်သည်။
ဧကရာဇ်တစ်ပါး ဖြစ်မှသာလျှင် နိယာမ၏ ဖိနှိပ့်မှုက လွတ်မြောက်နိုင်ပြီး ရှေ့ဆက်ကျင့်ကြံနိုင်မှာပဲ ဖြစ်သည်။
လူတစ်ယောက်သည် ဧကရာဇ်တစ်ပါး မဖြစ်နိုင်လျှင် ကျင့်စဥ်က လူတစ်ယောက်၏ ကျင့်ကြံမှုသည် အသက်အရွယ်တစ်ခုထိ ရောက်သည့်အချိန်၌ သူတို့သေမှာ သဘာဝပဲ ဖြစ်သည်။ သူတို့သည် အသက်ကို ထိန်းသိမ်းထားရန် ထူးခြားသော နည်းလမ်းအချို့ကို အသုံးပြုပေးလျှင် သူတို့အသက်ကို အနည်းငယ် ဆွဲဆန့်နိုင်ရုံသာ ရှိလိမ့်မည်။ အစစ်အမှန် သက်တမ်းနှင့် ယှဥ်လျှင် ယင်းက ယှဥ်ပြိုင်နိုင်ရန် ဝေးကွာလွန်းနေ၏။
သို့သော်ငြား ဧကရာဇ်ခန္ဓာကိုယ် ဖွဲ့တည်ရန် မည်မျှ ခက်ခဲသနည်း။ ဧကရာဇ်၏ ခန္ဓာကိုယ်သည်လေဟာနယ်နှင့် အချိန်၏ နိယာမဖြင့် အလွယ်တကူ ကန့်သတ်၍ ရသည်တောင် မဟုတ်ပေ။
၄င်းက မည်မျှ အစွမ်းထက်ကြောင်း မှန်းဆနိုင်ပေ၏။
သာမန်လူတစ်ယောက်အဖို့ ဧကရာဇ်တစ်ပါး ဖြစ်လာခြင်းက အိမ်မက်တစ်ခုသာ ဖြစ်နေ၏။
လူဦးရေ ၁၀ဘီလီယံချီကို မဆိုထားနှင့် လူဦးရေ ဘီလီယံ ၁၀၀ထဲတွင် တစ်ယောက်က ဧကရာဇ်တစ်ပါးဖြစ်လျှင်တောင် အလွန်ခက်ခဲနေပြီ ဖြစ်၏။ ယဲ့ရှောင်က အနည်းငယ် ထိတ်လန့်သွားမိသည်။
စာအုပ်ထဲရှိ အချိုးအစားအရ တစ်လောကလုံး၌ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်တောင် ရှိမှာ မဟုတ်ပေ။ ယင်းက ခက်ခဲလွန်း၏။ တစ်ချိန်တည်းတွင် သူ၏ သိချင်စိတ်ကလည်း ပေါ်လာကာဆက်လက် ဖတ်နေ၏။
ဧကရာဇ်တစ်ပါး ဖြစ်လာရန် နည်းလမ်းတစ်ခု ရှိသည်။ ပထမနည်းလမ်းက ဧကရာဇ်၏ သွေးမျိုးဆက်ကို နှိုးထစေရန် ဖြစ်သည်။ ယင်းက အင်မတန် ထူးခြားသော သွေးမျိုးဆက်တစ်ခု ဖြစ်၏။ အချိန်နှင့် လေဟာနယ်၏ နိယာမဖြင့် ဖိနှိပ့် မခံထားရပေ။ ၄င်းကို အဆင့်ကျော်ဖျက်တက်လျှင် မိုးကြိုးကပ်ဘေးကို ကြုံရမှာ မဟုတ်ပေ။
ယင်းက မည်သို့ မွေးဖွားလာမှန်း မသိ။ မည်မျှ သန်မာမှန်းလည်း သူတို့ မသိကြပေ။ ဧကရာဇ်သွေးမျိုးဆက် ဖြစ်နေသရွေ့ နောက်ဆုံး ကျင့်ကြံမှုက နိမ့်မှာ မဟုတ်တာ သေချာ၏။
လူအများစု၌ ဧကရာဇ်သွေးမျိုးဆက် မရှိပေ။ ယခုအချိန်၌ သိုင်းပညာရှင်အချို့က နောက်ထပ်တစ်နည်းကို ရှာတွေ့သွားသည်။ ယင်းက နဂါးသွေးကြောမှ နဂါးစွမ်းအင်ကို ထုတ်ပြီး လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ထူးခြားသော စွမ်းအင်ကို သွင်းပေးလိုက်တာပဲ ဖြစ်သည်။ ဧကရာဇ်သွေးမျိုးဆက်ရှိသူနှင့် တူညီသွားစေကာ ရုပ်ခန္ဓာ၏ အဟန့်အတားများကို ချိုးဖျက်ခွင့်ပေးလျက် စစ်မှန်သော ဧကရာဇ်သွေးမျိူးဆက်ဆီသို့ ရောက်အောင် ပြုလုပ်ပေး၏။
သမိုင်းထဲတွင် ထိုအကြောင်းအရင်းကြောင့် သူ၏ လက်အောက်ငယ်သားများကို စီရင်စု၉ခုရှိ နဂါးသွေးကြောအားလုံးကို ဖြတ်တောက်ရန် အမိန့်ပေးခဲ့သော ဧကရာဇ်တစ်ပါး ရှိခဲ့၏။ သူ၏ မျိုးဆက်များကို နောင်လာနောင်သားများ ဖျက်ဆီးခြင်းမှ ကာကွယ်ရန်အတွက် ဖြစ်သည်။
နဂါးစွမ်းအင်သည် မိုးနှင့်မြေ ဖန်တီးမှု၏ အဆီအနစ်ပဲ ဖြစ်သည်။ နိယာမ၏ စွမ်းအား ပါဝင်နေသည်။ ယင်းက မိုးကြိုးကပ်ဘေးနှင့် တူလောက်သည်။ ထို့ကြောင့် မိုးကြိုးကပ်ဘေးက အလွန်အကျွံ တုံ့ပြန်မှာ မဟုတ်ပေ။
နဂါးစွမ်းအင်ရှိသူများသာလျှင် အဆင့်တက်သွားချိန်၌ မိုးကြိုးကပ်ဘေး၏ စမ်းသပ်မှုကို ကျော်ဖျက်နိုင်၏။ သူတို့ခန္ဓာကိုယ်များက မိုးကြိုး အပစ်ခံရလျှင်ပင် သေမှာ မဟုတ်ပေ။
နဂါးစွမ်းအင်၏ ကာကွယ်ပေးမှု မရှိပဲ လူတစ်ယောက်၏ ကျင့်ကြံမှု အုတ်မြစ်က မည်မျှ သန်မာစေကာမူ ပါရမီ မည်မျှ ထူးစေကာမူ မိုးကြိုးကပ်ဘေး၏ အစွမ်းထက်သော ဖိနှိပ့်မှုကို သူတို့ ဘယ်တော့မှ ခံနိုင်ရည် ရှိမှာ မဟုတ်ပေ။
ထိုအရာကလည်း သော့ချက်တစ်မျိုးအနေဖြင့် နားလည် သဘောပေါက်ထားနိုင်သည်။
ယင်းက ဘုရင်နယ်ပယ်ဆီ ဦးတည်သွားစေသည့် သော့ချက်ဖြစ်ပြီး ဧကရာဇ်နယ်ပယ်ဆီသို့ တံခါးကို ဖွင့်လှစ်နိုင်သည့် သော့ပဲ ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လာချင်လျှင် ဧကရာဇ်သွေးမျိုးဆက် မရှိပါက နဂါးစွမ်းအင်ကို ရအောင်ယူရမည်။ ပိုများလေ ကောင်းလေဖြစ်သည်။
သို့သော်ငြား လူတစ်ယောက်၏ ကျင့်ကြံမှုက မည်မျှ နက်ရှိုင်းစေကာမူ အဆုံးတွင် သေရဦးမှာပဲ ဖြစ်သည်။
စာရေးသူ၏ ခန့်မှန်းချက်အရ နဂါးစွမ်းအင်သည် ဓာတ်ကူပစ္စည်းနှင့် ဆင်တူ၏။
လူသား၏ ခန္ဓာကိုယ်ကို ထောက်ကူပေးကာ လူသားခန္ဓာကိုယ်၏ အစိတ်အပိုင်းများကို ဧကရာဇ်၏ သွေးမျိုးဆက်ကဲ့သို့ ပြုပြင်ပြောင်းလဲပေး၏။ ဤနည်းဖြင့် သာမန်လူတစ်ယောက်ကသာလျှင် ဧကရာဇ်၏ သွေးမျိုးဆက်လောက် အစွမ်းထက်သည့် ခွန်အားနှင့် အထုံပါရမီကို ပိုင်ဆိုင်လာမည်ဖြစ်ကာ ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်လိမ့်မည်။
ထိုစာအုပ်သည် အပိုင်းအစမျှသာ ရှိသည်။ ထိုအရာကို ဖတ်ပြီးနောက် မှတ်တမ်း မရှိတော့ပေ။ အချိန်ကာလ ကုန်လွန်မှုကြောင့် ပျက်စီးသွားတာ ဖြစ်ဟန်တူ၏။ ၄င်း၏ ပိုင်ရှင်က အားလုံး အဆုံးထိ မရေးခဲ့တာလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ အနည်းဆုံးတော့ ယဲ့ရှောင်တစ်ခု သိသွားပြီ ဖြစ်သည်။ သူက ဧကရာဇ်ခန္ဓာကိုယ်ကို ရရှိရန်အတွက် နဂါးစွမ်းအင်များ ပိုမို ရှာဖွေရမည်။
မဟုတ်လျှင် သူက ထိုနယ်ပယ်သို့ အဆင့်တက်နိုင်မှာ မဟုတ်ပေ။ သူသည် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်အဖြစ် ကြီးပြင်းလာမှာ မဟုတ်တာ သဘာဝကျ၏။
သူက ဧကရာဇ်နယ်ပယ်ကိုတောင် မရောက်နိုင်လျှင် ကျန်သည့်သူများက မည်သို့ ဖြစ်မည်နည်း။ တစ်ဖန် သူက နဂါးစွမ်းအင်ကို ရရှိသည့်အချိန် သူ၏ ခန္ဓာကိုယ်က ဓာတ်ကူးမှု အချို့ကို တကယ်ရရှိခဲ့၏။
အထောက်အကူပြုသည်ဟု ပြောလျှင် အလွန် မတိကျပေ။ စကားတစ်ခွန်းနဲ့ သုံးရမည်ဆိုလျှင် ပုံသွင်းရန် ပိုသင့်တော်တာပဲ ဖြစ်သည်။
ခန္ဓာကိုယ်ထဲရှိ မသန့်စင်မှုများ အားလုံးကို ကန်ထုတ်ပြီး အစွမ်းထက်သည့် သွေးအဆီအနစ်အချို့သာ ချန်ထားရစ်ခဲ့သည်။
စာရေးသူ၏ ခန့်မှန်းချက်အရ နဂါးစွမ်းအင်သည် လူသားခန္ဓာကိုယ်ကို ပုံသွင်းပေးကာ လူသားခန္ဓာကိုယ်၏ သွေးကို ဧကရာဇ်သွေးမျိုးဆက် ကိုင်ဆောင်သူနှင့် ဆင်တူအောင် ပြောင်းလဲပေး၏။ ယင်းက ချင်ယွိယန်နှင့် တူသွားမည် မဟုတ်ပါလော။ သူသည်လည်း ဧကရာဇ်သွေးမျိုးဆက် ရှိလာနိုင်သည်မှာ မဟုတ်ပေ။ တစ်ခုခု မှားနေပုံရ၏။
ဧကရာဇ်သွေးမျိုးဆက်သည် အင်မတန် ထူးကဲနေရသည့် အကြောင်းအရင်းမှာ ၄င်းသည် သာမန်သွေးမျိုးဆက်နှင့် ကွဲပြားခြားနားနေသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် ဧကရာဇ်သွေးမျိုးဆက်ကို မည်ကဲ့သို့ ခွဲခြားနိုင်မည်နည်း။
ထိုစဥ် ယဲ့ရှောင်သည် နတ်ဘုရား သွေး ဟူသော အသုံးအနှုန်းကို ရုတ်တရက် တွေးမိသွား၏။
နတ်ဘုရားသွေးဟူသည် သူ ယခင်က သင်ယူရရှိလိုက်သည့် အသုံးအနှုန်းတစ်ခု ဖြစ်သည်။ ယင်းက ကြယ်တာရာသားရဲများက လူသားများကို တိုက်ခိုက်ရသည့် အကြောင်းအရင်းလည်း ဖြစ်သည်။
ဒဏ္ဍာရီအဆိုအရ လူသားများသည် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်များဖြစ်ပြီး နတ်ဘုရားမျိုးနွယ်သည် စကြာဝဠာထဲ၌ အားအကောင်းဆုံး မျိုးနွယ်ဖြစ်သည်။
ထို့ကြောင့် လူသားခန္ဓာကိုယ်ထဲ၌ သွေးအဆီအနစ်တွင် နတ်ဘုရားသွေး ပါဝင်နေ၏။ သို့သော် အလွန်ရှားပါးပြီး ဘီလီယံချီ သို့မဟုတ် လူသား ၁၀ ဘီလီယံတွင် တစ်ယောက်သာ ပေါ်ထွန်းလာနိုင်သည်။
၄င်းသည် အံ့ဖွယ်သားရဲများနှင့် စူပါအံ့ဖွယ်သားရဲများကို တစ်ဆင့်တက်ခွင့် ပေးပြီး လူသား ဘုရင်နယ်ပယ်၏ သိုင်းပညာရှင်များနှင့် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များကို စစ်မှန်သော နတ်ဘုရားများပမာ ဖြစ်စေသည်။
ယဲ့ရှောင်သည် ရုတ်တရက် နှလုံးခုန်နှုန်း မြန်လာလေ၏။ သူသည် ဆက်နွှယ်မှုတစ်ခုကို ဝေဝါးဝါး နားလည်သွားသည်။
သူ ခန့်မှန်းချက်တစ်ခု ပြုလိုက်၏။ ဧကရာဇ်၏ သွေးမျိုးဆက်ဟူသည် အမှန်တကယ် နတ်ဘုရားသွေး ဖြစ်နေ၏။ တစ်နည်းဆိုရလျှင် ဧကရာဇ်သွေးမျိုးဆက် နှိုးထလာသည့် သူများသည် နတ်ဘုရားသွေး နှိုးထလာတာပဲ ဖြစ်သည်။
နတ်ဘုရားသွေးဟူသည် အချိန်နှင့် လေဟာနယ် နိယာမကြောင့် ပစ်မှတ်ထား ခံရမှာ မဟုတ်ပေ။ ထို့ကြောင့် သူတို့ အဆင့်တက်သည့်အချိန်၌ မိုးကြိုးကပ်ဘေး ကြုံရမှာ မဟုတ်။ သူတို့သည် ပုံမှန်အတိုင်း ဆက်လက် အဆင့်ချိုးဖျက်တက်နိုင်၏။
သို့သော် သာမန်လူသားများက ၄င်းကို နှိုးထစေမှာ မဟုတ်ပေ။ လူအများစု၏ သွေးများက သာမန်လူသားများ၏ သွေးများဖြစ်သည်။
သူတို့၏ ကိုယ်ပိုင် လတ်ဆတ်သော သွေးများကို သန့်စင်သည့် နတ်ဘုရားသွေး ဖန်တီးနိုင်သည့် အဆင့်သို့ရောက်ရန်အတွက် နဂါးစွမ်းအင် လိုအပ်သည်။
ဤနည်းဖြင့် သာမန်လူသားများသည် ဧကရာဇ်သွေးမျိုးဆက်ကဲ့သို့ တူညီသည့် လတ်ဆတ်သော သွေးလည်း ရရှိလိမ့်မည်။
ယဲ့ရှောင်သည် ထိုနည်းကို စဥ်းစားရာ၌ အခြေခံအချို့ ရှိလာတော့သည်။ နောက်ဆုံးအခေါက်က ကျားနတ်ဘုရား လက်အောက်ရှိ စူဇန်နှင့် ကျန်သည့်သူများသည် ချင်ယွိယန်ကို ဖမ်းရန် ရောက်လာကြ၏။ ယင်းက ဧကရာဇ်၏ သွေးမျိုးဆက်သည် အမှန်တကယ် နတ်ဘုရားသွေး ဖြစ်နေသောကြောင့် ဖြစ်လောက်၏။
မဟုတ်လျှင် ကြယ်တာရာသားရဲများသည် ချင်ယွိယန်ကို အဘယ်ကြောင့် ဖမ်းမည်နည်း။
ချစ်ကြိုက်သွားလို့လား။ ဒါမှမဟုတ် သူ့အရိုးကို စွပ်ပြုတ် လုပ်သောက်မလို့လား။
ကြယ်တာရာသားရဲများ ထိုမျှ ပျင်းရိနေလိမ့်မည်ဆိုတာ ယဲ့ရှောင် မယုံပေ။ သူတို့၏ လုပ်ရပ်နောက်ကွယ်၌ ပြောမပြနိုင်သော လျှို့ဝှက်ချက်အချို့ ရှိရပေမည်။ သူ ကြိုးစားကြည့်ရမည်။ မည်သို့ပင် တွေးစေကာမူ ကြိုးစားကြည့်တာက ပိုကောင်းမည်။
ယဲ့ရှောင်သည် ပတ်ဝန်းကျင်ကို စစ်ဆေးရန်အတွက် ဝိညာဥ်စွမ်းအင်ကို အသုံးပြုလိုက်၏။ ချင်ယွိယန်၏ တည်နေရာကို အတည်ပြုပြီးနောက် သူသည် နတ်ဘုရားအာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို ချက်ချင်းသုံးကာ ချင်ယွိယန်ဆီသို့ သွားလိုက်၏။
သူမရှေ့တွင် လဲ့ရှင်းလင်က ကျင့်ကြံခြင်း ဗဟုသုတများ ဖြန့်ကြန့်ပေးနေ၏။ သို့သော် ယဲ့ရှောင်၏ အရှိန်က အလွန်မြန်ဆန်သည်။ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အရှိန်က ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့် နှစ်ယောက်လုံးက သူတို့ ပကတိ မျက်လုံးဖြင့်တောင် အာရုံခံနိုင်သည့်အရာ မဟုတ်ပေ။
ချက်ချင်းပင် ယဲ့ရှောင်က ချင်ယွိယန်၏ သွေးတစ်စက်ကို ထုတ်လိုက်၏။ ပြီးနောက် သူ၏ ကျင့်စဥ်ကို သုံးကာ ထပ်ထွက်သွားတော့သည်။
ဖြစ်စဥ်တစ်ခုလုံးသည် ၀.၀၀၀၀၁ စက္ကန့်သာ ကြာသည်။ မည်သူကမှ ထိုအရှိန်ကို လိုက်မမှီပေ။
ချင်ယွိယန်က သူမ၏ ရင်ဘက်ကို ထိလိုက်၏။
” ထူးဆန်းလိုက်တာ။ ခုနတုန်းက ကျွန်မ ဆူးခနဲ ဖြစ်သွားတယ်လို့ ဘာကြောင့် ခံစားမိလိုက်တာပါလိမ့် ”
လဲ့ရှင်းလင်က ခေါင်းခါလိုက်၏။
” သမီး မှားတာများလား။ ဒီနေမှာ ခြင်တွေ မရှိလောက်ပါဘူး။ တစ်ခုခုက ဆူးတယ်ဆိုရင် ငါ သတိပြုမိမှာ သေချာတယ် ”
” ဒါ ဟုတ်တာပဲ။ ဆရာလဲ့က အံ့ဖွယ်ချီရှန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ။ သူက ဆရာမရဲ့ မျက်စိရှေ့မှာ ဘယ်လိုလုပ် ပုန်းနေနိုင်မှာလဲ ”
” အာရုံမလွှင့်နဲ့။ သင်ပေးတာကို ရိုးရိုးသားသား နားထောင် ”
” ဟုတ်ကဲ့ ”
အမျိုးသမီးနှစ်ယောက်လုံးက ဗဟုသုတများဆက်လက် ဖြန့်ကျက်ကာ လေ့လာ သင်ယူနေတော့သည်။
တစ်ဖက်တွင်မူ ယဲ့ရှောင်သည် ချင်ယွိယန်၏ သွေးကို ရရှိပြီးနောက် ချက်ချင်း ထွက်လာ၏။ သူက လူသူကင်းမဲ့သည့် ဧရိယာသို့ ရောက်လာကာ သူ၏ လက်ညိုးကနေ သွေးတစ်စက်ကို ထုတ်လိုက်၏။
သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးလျက် နှစ်ယောက်၏ သွေးစက်ကို စစ်ဆေးကြည့်ပြီး ယှဥ်ကြည့်လိုက်၏။ သူသည် တစ်စက္ကန့်လျှင် အကြိမ်ပေါင်းနှစ်ထောင်ကျော် စစ်ဆေးကြည့်ခဲ့တာ ဖြစ်၏။
အကြိမ်ပေါင်းများစွာ စစ်ဆေးပြီးနောက် နောက်ဆုံးတွင် သူ၏ ယူဆချက်ကို အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။
သူတို့နှစ်ယောက်ကြား၏ သွေးကို နှိုင်းယှဥ်ကြည့်ရာ နှစ်ယောက်လုံးက လူသားသွေးဖြင့် မွေးဖွားလာသည့် အချက်အပြင် အင်မတန် ထူးကဲသည့် ဆင်တူမှုမျိုး ရှိသည်။ နှစ်ယောက်လုံး၏ သွေးက ရွှေရောင်အလင်းဖျော့ဖျော့ ထွက်နေပြီး နဂါးစွမ်းအင်ဖြင့် ပုံသွင်းခံရပြီးနောက် သွေး၏ အခြေအနေပဲ ဖြစ်သည်။
သို့သော် ယဲ့ရှောင်၏ သွေးက အလွန်အားနည်းနေစဥ် ချင်ယွိယန်၏ သွေးက အလွန်တောက်ပပြီး အလွန်ကြည်လင်၏။
မှန်ပေ၏။
ယင်းက ဧကရာဇ်သွေးမျိုးဆက်ဟူသည် နတ်ဘုရားသွေးပဲ ဖြစ်သည်။
ထို့ကြောင့် ဧကရာဇ်၏ သွေးမျိုးဆက် နှိုးထလာပြီးနောက် သူသည် သာမန်လူများထက် ကျင့်ကြံမှု အရှိန်က ပိုမြန်ဆန်တာပဲ ဖြစ်သည်။
ထို့အပြင် မိုးကြိုးကပ်ဘေးကို ခံစားရမှာလည်း မဟုတ်ပေ။
နားလည်သွားပြီ။ ယခု သူ အားလုံးကို နားလည်သဘောပေါက်သွားချေပြီ။
သူသည် နဂါးစွမ်းအင်ကို အဘယ်ကြောင့် ရှာရမည်နည်း။ ယင်းက လူသားမျိုးနွယ်ကို ကူညီပေးနိုင်သော သန့်စင်သည့် သဘာဝစွမ်းအား ရှိနေပြီး သူတို့၏ သွေးမျိုးဆက်ကို ပုံသွင်းပေးနိုင်ကာ လူသားမျိုးနွယ်ကို နတ်ဘုရားမျိုးနွယ် ဖြစ်လာစေရန် နှိုးထစေနိုင်သောကြောင့် မဟုတ်ပါလော။
သို့သော် ထိုအချက်ကို စဥ်းစားပြီးနောက် ယဲ့ရှောင်၏ ရင်ထဲ၌ လေးလံလာတော့သည်။
ဧကရာဇ်၏ သွေးမျိုးဆက်က အလွန်ခမ်းနားသည့် တည်ရှိမှုဖြစ်သော်ငြား ဧကရာဇ်သွေးမျိုးဆက်ဟူသည် ကောင်းကင်ကို ဖီဆန်နိုင်တာ မဟုတ်ပေ။
ဧကရာဇ်၏ သွေးမျိုးဆက်က နတ်ဘုရားသွေးဖြစ်ခဲ့လျှင် ချင်ယွိယန်သည် နတ်ဘုရားသွေး နှိုးထလာသော သာမန်လူတစ်ဦးအဖြစ်သာ သတ်မှတ်နိုင်၏။
ကြယ်ဆုံသော ကောင်းကင်တစ်ခုလုံး၌ ချင်ယွိယန်ကဲ့သို့ နတ်ဘုရားသွေး နှိုးထသူ မည်မျှ ရှိသနည်း။
ရှားပင်းနဥ်း ဟုတ်တယ်မလား။ သူ ဘယ်ကနေ ရောက်လာတာလဲ။ သူရှိတဲ့နေရာမှာ သိုင်းပညာရှင်တွေ အများကြီးလို့ ပြောခဲ့တယ်။ သူ့မှာ မျက်ဝန်းသွေးမျိုးဆက် ကျင့်စဥ်လည်း ရှိနေတယ်။ အစွမ်းထက်တဲ့ မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ် အများစုက သဘာဝအတိုင်း မွေးဖွားလာပြီး သူတို့ကိုယ်ပိုင် အမွေဆက်ခံမှု ဒါမှမဟုတ် မျိုးနွယ်စု အကြီးအကဲတွေက လက်ဆင့်ကမ်းပေးတာလေ။
ဒီတော့ ရှားပင်းနဥ်းရဲ့ နောက်ခံက တွေးကြည့်ဖို့ ပိုတောင် ထိုက်တန်သေးတယ်။
ဖြစ်နိုင်တာက ကြယ်ဆုံသောကောင်းကင်အောက်မှာ သူ မှန်းဆနိုင်တာထက် ကျော်လွန်ပြီး ပိုခမ်းနားတာတွေ ရှိနေဦးမလား။ လူသားကမ္ဘာက သူ့ရဲ့ ထောင့်တစ်ထောင့်လေးပဲလား။
အပိုင်း ၂၆၂ ပြီး၏။