Switch Mode

Chapter – 261

ရှင်းကျန်းကျား။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆၁ ရှင်းကျန်း ကျား။

မျက်စိကြိမ်းလောက်အောင် တောက်ပသော ဂလက်ဆီအတွင်း ဥက္ကာခဲတစ်ခုပေါ်၌ အရိပ်နှစ်ရိပ်က ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေကာ သူတို့ရှေ့ရှိ မိုးပြာရောင် ဂြိုလ်ကို စိုက်ကြည့်နေလေ၏။ သူတို့ မျက်လုံး၌ အေးစက်မှု တစ်စွန်းတစ်စ ဖြာထွက်နေသော်ငြား ကူကယ်ရာမဲ့မှု တစ်စွန်းတစ်စလည်း ရှိသည်။
ထိုပုံရိပ်နှစ်ခု၏ သူငယ်အိမ်များက ခရမ်းရောင်နဲ့ အစိမ်းရောင်များ ဖြစ်ကြသည်။ သူတို့က ၄င်းတို့သည် လူသားများ ပိုင်ဆိုင်သည့်အရာ မဟုတ်ပေ။ ဆိုလိုသည်က နှစ်ယောက်လုံးသည် ကြယ်တာရာသားရဲများ ဖြစ်၏။ သူတို့၏ ခွန်အားက သန်မာလွန်းသောကြောင့် လူသားအသွင် ပြောင်းလဲနိုင်ကြတာပဲ ဖြစ်သည်။
သို့သော် ကြယ်တာရာသားရဲများ၏ ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုစိတ်ကို အာရုံမခံမိပေ။ သူတို့က အင်မတန် မြင့်မားသည့် နယ်ပယ်ရောက်အောင် ကျင့်ကြံပြီးတာ အလွန်သိသာ၏။ သူတို့သည် ကြယ်တာရာသားရဲများ၏ ရက်စက်သော အငွေ့အသက်ကို ဖယ်ရှားပြီး ဒိုင်ဗေးရှင်းအသစ်၏ တည်ရှိမှုအဖြစ် အသွင်ပြောင်းလဲလိုက်တာပဲ ဖြစ်သည်။ လူသားများက ဘုရင်နယ်ပယ်သို့ တက်လှမ်းပြီးသွားပြီး သူတို့၏ ခန္ဓာကိုယ်က ဝိညာဥ်နဲ့ အသွင်ပြောင်းလဲသွားသည့်အတိုင်းပင် သူတို့က သာမန်လူသားများ မဟုတ်သည့်နည်းနှင့် တူတူပဲ ဖြစ်သည်။
ပုံရိပ်နှစ်ခုထဲမှ တစ်ခုသည် သန်မာသည့် နောက်ကျောနှင့် သန်မာသည့် ခါးရှိသည်။ သူ၏ မျက်နှာက ဖြူဖွေးနေပြီး ဆံပင်များက အင်မတန် တောက်ပနေ၏။ နောက်တစ်ယောက်က ကျော့ရှင်းသည့် အကွေ့အကောက်နှင့် သွယ်လျသော လည်တိုင်ရှိသည်။ သူမက လှပပြီး အလွန်နူးညံ့သိမ်မွေ့၏။
” အားဟူ။ ချင်းနျိုနဲ့ ဖုန်းလုံကြားက အဆက်အသွယ်က ချက်ချင်း ပြတ်တောက်သွားတာ ”
” ငါ သိတယ် ”
” မင်း သူတို့ကို မလွှတ်လိုက်သင့်ဘူး။ ဒီကမ္ဘာရဲ့ လူသားတွေက ကျွန်းအဆုံးကို ရောက်နေပြီဆိုပေမဲ့ ပိန်လီနေတဲ့ ကုလားအုတ်က မြင်းတစ်ကောင်ထက် ကြီးတုန်းပဲ။ သူတို့တွေထဲမှာ သိုင်းပညာရှင် တော်တော်များများ ရှိနေသေးတုန်းပဲ ”
” ဒီလူသားကမ္ဘာကို ငါကိုယ်တိုင် သွားသင့်တယ် ထင်တယ် ”
သူ ထိုသို့ပြောပြီးနောက် လှပသော အမျိုးသမီး၏ အမူအယာက ချက်ချင်း ထိတ်လန့်သွားတော့သည်။
” လုံးဝမရဘူး။ မင်းမှာ ဒုက္ခကြုံရရင် ဘယ်သူက မင်းကို ကယ်နိုင်မှာလဲ ”
” သားရဲကပ်ဘေးက လာတော့မှာ။ စောင့်လိုက်တာ ပိုကောင်းမယ်။ လူသားတွေ သူတို့ရဲ့ ခံစစ်ကို ဖွင့်တဲ့အချိန်ထိ စောင့်။ ငါတို့တွေ သူတို့တွေကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်နိုင်တယ်။ ပြီးရင် လူသားတွေကို ​ဖြေရှင်းမယ်။ ဒီနည်းက ဘေးပိုကင်းတယ် ”
ကြံ့ခိုင်သည့် သူသည် ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ဖြင့် မိုးပြာရောင် ဂြိုလ်ကို စိုက်ကြည့်နေ၏။
” ဒါမှန်တာပဲ။ ဒါပေမဲ့ ချင်းနျိုနဲ့ တခြားသူတွေ အန္တရာယ်များနေပြီ။ သူတို့က စစ်ပွဲထဲ ကျုပ်နောက် နှစ်ပေါင်းများစွာ လိုက်ခဲ့တာ။ သူတို့ကို လွှတ်ထားလိုက်ရမယ်ဆိုရင် ကျုပ် ဘာဖြစ်သွားမလဲ ”
” အဲ့ဒီအချိန် ရောက်လာရင် ကျုပ် ရှင်းကျန်းကျားတင်မကဘူး။ ရှင်းကျန်းမျိုးနွယ်တစ်ခုလုံးက တခြားသူတွေ ပြက်ရယ်ပြုတာ ခံရလိမ့်မယ် ”
” မျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာ လွင့်ပြယ်သွားတာကို ခွင့်မပြုနိုင်ဘူး။ သူတို့တွေ အကူအညီ မရပဲ ဒုက္ခခံစားနေရတာကို ကြည့်မနေနိုင်ဘူး ”
” ဒီကိစ္စကို နတ်ဘုရား လင်းဆီကို သတင်းပို့ပြီးပြီးလား။ နတ်ဘုရား လင်းရဲ့ ခွင့်ပြုချက်မပါပဲ လှုပ်ရှားမယ်ဆို လူသားကမ္ဘာကနေ မင်း ပြန်ရောက်လာရင်တောင် တခြားအံ့ဖွယ်သားရဲတွေက မင်းကို စွပ်စွဲဖို့ ပူးပေါင်းလိုက်ခဲ့မယ်ဆိုရင် မင်းအတွက် ကောင်းမှာမဟုတ်ဘူး ”
” အဲ့ဒီအရူးတွေအကြောင်း ပြောနေတာလား။ ကိစ္စမရှိဘူး။ နတ်ဘုရား လင်း အခုချိန်မှာ အလိုအပ်ဆုံးက နတ်ဘုရားသွေးအပြင် ခွန်အားပဲ။ သူနဲ့ တခြားအံ့ဖွယ်သားရဲတွေက ပြောင်ပြောင်တင်းတင်းရော တိတ်တဆိတ်ပါ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြတာ။ အံ့ဖွယ်သားရဲ လက်အောက်ငယ်သားတွေက ဘယ်လောက် တန်ဖိုးရှိလဲ ”
” ဒီလို အသေးအမွှား ကိစ္စအတွက် ကျုပ်ကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးမှာ မဟုတ်ဘူး ”
” ဒါပေမဲ့ မင်း ပြန်မလာခဲ့ရင်ရော။ ရှင်းကျန်းမျိုးနွယ်ကရော ဘယ်လိုလုပ်မလဲ ”
” ကျုပ် တကယ်ပြန်မလာခဲ့ဘူးဆိုရင် ရှင်းကျန်းမျိုးနွယ်က မင်းတို့ မိုးပြာကောင်းကင်မျိုးနွယ်ထဲ ပေါင်းသွားလိမ့်မယ်။ ဒါက မင်းအပေါ် ကျုပ်မိတ်ဆွေဟောင်းရဲ့ နောက်ဆုံး တောင်းဆိုချက်လို့ သတ်မှတ်လို့ရတယ် ”
” အားဟူး ”
အမျိုးသမီးသည် ရှင်းကျန်းကျား၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ မျက်လုံးထဲ၌ တွန့်ဆုတ်မှု အရိပ်အယောင်များစွာ ထုတ်ပြလာလေ၏။ သူက သူမလက်ကို ဖြစ်ညှစ်ကာ နှစ်သိမ့်လိုက်တော့သည်။
” မင်း အများကြီး စိတ်ပူနေစရာ မလိုဘူး။ ငါ လူသားမျိုးနွယ်ကို သွားမှာဆိုပေမဲ့ အဆင်အခြင်မဲ့မှာ မဟုတ်ဘူး။ လူသားပိုင်နက်မှာ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တွေ မရှိဘူးဆိုတာ တွက်ချက်ထားမိသား။ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်မရှိသရွေ့ သူတို့တွေက ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ သူတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရင် ပုန်းနေလို့ရတယ်။ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရလောက်တဲ့အထိ ဦးနှောက်မဲ့မှာ မဟုတ်ဘူး ”
ဒီတော့မှ အမျိုးသမီးက ခေါင်းညိတ်လိုက်၏။
” ရှင် ပြန်လာမှာ စောင့်နေမယ် ”
” ကိုယ် သေချာပေါက် ပြန်လာမှာပါ ”
°°°°
ယဲ့ရှောင်ဘက်တွင်မူ သူသည် ကြယ်တာရာသားရဲများဆီမှ ဝေစုများစွာ ရိတ်သိမ်းရရှိလိုက်သည်။ သူတို့ကို ကုန်ကြမ်းများ ခွဲဝေပေးပြီးနောက် သူသည် အလုပ်လုပ်ရန် စာကြည့်တိုက်သို့ တန်းသွားတော့၏။
လက်ရှိ ဖြန့်ဖြူးရေးအစီစဥ်က ဤအတိုင်းပဲ ဖြစ်သည်။ ထိုကဲ့သို့ပင် သူက သွေးအဆီအနစ်နှင့် ဝိညာဥ်စွမ်းအင် သုံးစွဲရန် မလိုအပ်ချေ။ သူက ဝိညာဥ်စွမ်းအင် သန်မာသည့် ပျားရည်များ ရရှိသော်ငြား သူမကို ပေးသည့် အရင်းအမြစ်က အကောင်းဆုံး မဟုတ်ပေ။ နော့ဖစ်နှင့် ကျန်သည့်သူများအတွက်မူ သူတို့က သွေးအဆီအနစ်များစွာကို ထုတ်သုံးရပြီး လက်တံကို ဖြတ်တောက်ရသောကြောင့် သူတို့ကို အရင်းအမြစ် ပိုပေး၏။
သူတို့ကို သင့်တော်စွာ မခွဲဝေပေးလျှင် သူတို့ရင်ထဲ၌ မတရားသလို ခံစားလာရလိမ့်မည်။ ယင်းက အလွန်ဒုက္ခများသည့် ပြဿနာတစ်ရပ်လည်း ဖြစ်၏။ သူ့အတွက် သူတို့ကို စီမံခန့်ခွဲရတာ အဆင်ပြေတော့မှာ မဟုတ်ပေ။
သူ၏အစီအစဥ်က နေ့အချိန်တွင် စာကြည့်တိုက်အတွင်း စာအုပ်များ ဖတ်ရှုပြီး နတ်ဘုရားသတ်ကျင့်စဥ်ကို ပေါင်းစည်းရန်အတွက် တော်ဝင်သိုင်းများကို ဆွဲထုတ်ရန် ဖြစ်သည်။ ယဲ့ရှောင်၏ ဒုတိယတော်ဝင်ကျင့်စဥ်သည် ကုသခြင်း တော်ဝင်ကျင့်စဥ်ပဲ ဖြစ်၏။ သူ့ကို ဒဏ်ရာရစေနိုင်သည့် ကိစ္စရပ် များများစားစား မရှိသော်ငြား သူသည် ယခင်ကလောက် သူ့ကိုသူ လျင်မြန်စွာ မကုသနိုင်ပေ။ သူ ဒဏ်ရာရခြင်းမှ ကာကွယ်ရန်နှင့် သူ့ကိုသူ ကုသနိုင်ခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှာ ကုသခြင်းကျင့်စဥ်ကို ဦးစွာ ကျင့်ကြံတာက ပိုကောင်းမည်။ သူက ယခုအချိန်၌ အန္တရာယ်များသည့် တိုက်ပွဲထဲ ဝင်ပါမှာမဟုတ်။ သူသည် ထွက်ပြေးရန် သို့မဟုတ် လိုက်ဖမ်းရန် လိုအပ်သည့် အခြေအနေနှင့် ကြုံတွေ့ရမှာလည်း မဟုတ်ပေ။ အမှန်တကယ်တွင် ယင်းက ကိစ္စမရှိပေ။
ဆိုရလျှင် ၈ရက်အတွင်း သူက နောက်ထပ် ပုံစံတစ်မျိုးကို ပေါင်းစည်းနိုင်မှာပဲ ဖြစ်၏။ ၁၆ရက်သာ ကြာမည်ဖြစ်ကာ ယင်းက မနှေးလွန်းပေ။ ညအချိန်၌ သူက မိုးနှင့်မြေ ရတနာများကို သုံးပြီးနောက် ကြယ်တာရာသားရဲများကို ကျင့်ကြံခိုင်း၏။ ထိုကဏ္ဍများအားလုံး သက်ဆိုင်နေသည်။ ရှေးဦးစွာ သူသည် ကြယ်တာရာသားရဲများကို ပိုသန်မာအောင် လေ့ကျင့်ပေး၏။ သူတို့သည် ဝိညာဥ်စုစည်းခြင်း အစီအရင် အမြုတေထဲ၌ အရေးကြီးသည့် အခန်းကဏ္ဍထဲ ပါဝင်နေသည်။ သူသည် ဝိညာဥ်စုပ်ယူရန် ဝိညာဥ်စုစည်းခြင်း အစီအရင်၏ အရှိန်ကို မြှင့်တင်နိုင်၏။
ဒုတိယအချက်အနေဖြင့် တစ်မြို့လုံးက ဝိညာဥ်စွမ်းအင်ကို စုပ်ယူသည့် အရှိန်ဖြစ်သည်။ သူတို့ အားလုံး ပိုသန်မာလာခဲ့လျှင် သူတို့၏ ကိုယ်ပိုင် မွေးမြူရေးလုပ်ငန်းကလည်း ဝိညာဥ်စွမ်းအင်ပမာဏများစွာ ရရှိလိမ့်မည်။ ဝိညာဥ်စွမ်းအင် ပိုများလေ မိုးနှင့်မြေရတနာများ ပေါက်ရောက်မှုက ပိုမြန်ဆန်လေ ဖြစ်သည်။
ပြီးနောက် နှစ်ခုကို ဆက်သွယ်ရန် ဝိညာဥ် စုစည်းခြင်း အစီအရင် လိုအပ်၏။ ထိုဖြစ်စဥ်အတွင်း ဝိညာဥ်စုစည်းခြင်း အစီအရင်သည် နှစ်ဖက်လုံးရှိ ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်သည့် အရှိန်ကို တိုးမြှင့်ပေးကာ မိုးနှင့်မြေရတနာများနှင့် ကြယ်တာရာသားရဲများကြားရှိ ကြီးပြင်းမှု နှစ်ရပ်ကိုလည်း မြှင့်တင်ပေးမည်။
ဝိညာဥ်စွမ်းအင်က တန်ဖိုးမရှိပေ။ လောကကြီး၌ နေရာအနှံ့ရှိပြီး လိုအပ်သလောက် ရှိ၏။
သို့သော်ကြား ပေါင်းစည်းနိုင်သော မိုးနှင့်မြေ ရတနာများဖြင့် ပျိုးထောင်နိုင်သော ကြယ်တာရာသားရဲများရှိ သွေးအဆီအနစ်များအားလုံးက အစစ်အမှန်ပဲ ဖြစ်သည်။ သူသာ ထိုသွေးအဆီအနစ်ကို သူ့ခွန်အား မြှင့်တင်ရန် သုံးခဲ့လျှင် ယင်းကလည်း အစစ်အမှန် ဖြစ်လာလိမ့်မည်။
အပေါ်ထပ်သို့ ရောက်ပြီးနောက် သူက အလုပ်စဝင်တော့သည်။ လျိုချန်စွင်း၏ စိတ်အခြေအနေ သိပ်မကောင်းတာကို မြင်သောအခါ သူက သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
” ခင်ဗျား ဘာဖြစ်လို့လဲ။ ဒီနေ့ နေကောင်းတဲ့ပုံ မပေါ်ဘူး ဟုတ်တယ်မလား။ ခင်ဗျားရဲ့ ကျင့်ကြံဆင့်က ဒီလောက်များတာ။ ဖျားနေတာတော့ မဟုတ်လောက်ဘူးမလား ”
လျိုချန်စွင်းက သူ့ကို တစ်ချက်ကြည့်ပြီး အနည်းငယ် တွေဝေနေ၏။ မနေ့ညက အဖြစ်အပျက်က သူ့ကို ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်စေခဲ့သည်။
ရှန်းထျန်းဆဌမအဆင့်တွင်သာ ရှိသူနှင့် တူသော အမှိုက် ဒါရိုက်တာသည် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။ မူလက ဤမြို့တွင် ဓါးမော့ဓါးဝိဇ္ဇာ၊ ဓါးနတ်ဘုရား လီလျိုဆွေ့နှင့် အမည်မသိ အံ့ဖွယ်ဂိုဏ်းအချို့မှလွှဲလျှင် သူက အသန်မာဆုံး ဖြစ်မည်ဟု ခံစားခဲ့မိသည်။ နောက်ပိုင်း၌ ထိုအံ့ဖွယ်ဂိုဏ်းများ အားလုံးက ရှန်းထျန်းသတ္တမအဆင့်ဖြစ်ကြောင်း သိလိုက်ရချိန် သူ၏ ရင်ထဲရှိ ယုံကြည်ချက်တို့က ပိုတောင် မြင့်တက်လာသည်။ အကြောင်းမှာ သူသည် ရှန်းထျန်းအဌမအဆင့်တွင် ရှိနေသောကြောင့် ဖြစ်၏။ ဆိုလိုသည်က ဓါးမော့ဓါးဝိဇ္ဇာနှင့် ဓါးနတ်ဘုရား လီလျိုဆွေ့မှလွှဲလျှင် သူက အသန်မာဆုံး ဖြစ်သည်။ ထိုစဥ် ဒါရိုက်တာ၏ ပေါ်ပေါက်လာမှုက လီလျိုဆွေ့ကို သေသည့်အထိ ဖိနှိပ့်သွားနိုင်၏။ သူက ဓါးမော့ဓါးဝိဇ္ဇာ ကို ဖိနှိပ့်နိုင်မလားဆိုတာ မည်သူက သိမည်နည်း။ သူကမူ ထည့်ပြောရန် မလိုအပ်ချေ။ သူက ဆန်ကုန်မြေလေး ပုရွက်ဆိတ်လေးတစ်ကောင်သာ ဖြစ်သွားတော့သည်။ ယင်းက သူ့ရင်ထဲ၌ သူ့ကို အင်မတန် မသက်မသာ ဖြစ်စေခဲ့၏။
” ယဲ့ရှောင် ငါ့ကိုပြော။ တစ်နေ့ကျရင် မင်း အထင်သေးတဲ့သူက ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ယောက် ဖြစ်နေတာကို ရုတ်တရက် သိလိုက်ရရင် မင်း ဘယ်လိုခံစားရမလဲ ”
” ”
” အမ်း။ ကျွန်တော် သေချာမသိဘူး။ မထင်ထားတာ ဖြစ်မလာခဲ့ရင် ကျုပ်ဘဝမှာ အဲ့ဒီလို ခံစားချက်မျိုး မခံစားရလောက်ဘူး ”
” ”
အဓိပ္ပာယ်ရှိပုံပဲ။ ယဲ့ရှောင်လိုလူမျိုးက သူ့ထက် ပိုသန်မာတဲ့ ပါရမီရှင် သိုင်းပညာရှင် ကြုံတွေ့နိုင်တာပဲ။ သူ့ကို အထင်သေးတဲ့သူ ရှိခဲ့ရင်တောင် ကျန်တဲ့သူတွေက သူ့ကို အထင်သေးကြတာကြောင့်ပဲ ဖြစ်မှာလေ။ သူက တခြားသူတွေကို အထင်သေးတဲ့အချိန် ရှိမှာမဟုတ်ဘူး။ သူက ဒီခံစားချက်ကို လူမှားပြီး ဆွေးနွေးခဲ့မိတာနဲ့ တူတယ်။
သူ၏ကိုယ်ပိုင် ခံစားချက်ကို သူ နားမလည်နိုင်ပေ။
ယဲ့ရှောင်က သူ ဆိုလိုတာကို မည်ကဲ့သို့ သိမည်နည်း။ ဒါရိုက်တာကို တွေ့ပြီး သူက ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ရုတ်တရက် ဖြစ်လာတာပဲ ရှိ၏။ ယင်းကို သူ့ရင်ထဲ၌ လက်မခံနိုင်ဖြစ်နေသည့် ကိစ္စရပ်များက နားလည်ရ အလွန်လွယ်ကူသည်။ ဆိုရလျှင် ဒါရိုက်တာ ရောက်မလာခဲ့လျှင် စာကြည့်တိုက်ထဲ၌ သူမှလွှဲလျှင် သူက အသန်မာဆုံး ဖြစ်လိမ့်မည်။ ထို့အပြင် သူ၏ ကိုယ်ပိုင်ခွန်အားကို မသိပေ။ အခြေအနေအရ အနည်းဆုံးတော့ သူ ကိုယ်ပိုင် နားလည်သဘောပေါက်မှုအရ စာကြည့်တိုက်ထဲတွင်သူက အသန်မာဆုံး ဖြစ်သည်။ သို့သော် ယခု ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးက သူ့ခေါင်းအထက်၌ ရုတ်တရက် ပေါ်လာ၏။ ယင်းက အလွန်မသက်မသာ ဖြစ်စေ၏။ သူသာဆိုလျှင်လည်း သူ့ရင်ထဲမှာ နည်းနည်း မသက်မသာ ဖြစ်လောက်တယ်မလား။
ကံဆိုးသည်မှာ ယဲ့ရှောင်ကတော့ မဟုတ်ပေ။ ထို့အပြင် သူသည်က ဘုရင်နယ်ပယ်တွင် ရှိ၏။ ထို့ကြောင့် ဘာမှမခံစားရပေ။ သူသည် လျိုချန်စွင်း၏ လက်ရှိ အခက်အခဲကို နားမလည်နိုင်ချေ။ သို့သော် လျိုချန်စွင်း ငြင်းဆန်နေတာကို မြင်သောအခါ ယဲ့ရှောင်က သူ့ကို နှစ်သိမ့်ရန် ပါးစပ်ဟလိုက်၏။
” တကယ်တော့ အဲ့ဒါ အတော်ကောင်းတယ်ထင်တာပါပဲ ”
” ဂရုတစိုက် စဥ်းစားကြည့်လေ။ မင်းရဲ့ ဘေးမှာ ပါရမီရှင် သိုင်းပညာရှင်တစ်ယောက် ရှိနေရင် လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးလား။ သူ့ရဲ့ ခွန်အားကအားနည်းရင် သူက ခင်ဗျားကိုတောင် သတ်လောက်တယ် ”
လျိုချန်စွင်းက ခဏတာ တိတ်ဆိတ်သွား၏။ ယဲ့ရှောင်ပြောတာ အဓိပ္ပာယ်ရှိပုံ ပေါ်သည်။
မနေ့တုန်းက ဒါရိုက်တာကြောင့်သာ မဟုတ်ရင် အခုလောက်ဆို သေနေလောက်ပြီ။ တစ်စုံတစ်ခုကို ခံစားမိလား မခံစားမိလား ဆွေးနွေးနေဖို့ ဖြစ်နိုင်တော့မှာတောင် မဟုတ်ဘူး။
” ဟူး။ ငါ တကယ်ကူကယ်ရာမဲ့လိုက်တာ။ ကျုံးစီရင်စုကို သွားချိန်ကစပြီး ပိုဆိုးလာတယ်လို့ ခံစားမိတယ်။ အရင်တုန်းက ငါက ဟန်နိုင်ငံမှာ ဟန်နိုင်ငံတစ်ခုလုံးရဲ့ အင်အားအကြီးဆုံး သိုင်းပညာရှင်ပဲ။ နတ်ဘုရားတစ်ပါးလိုမျိုး ကိုးကွယ်ခံရတာ။ ဒါပေမဲ့ အခု ဒီနေရာရောက်တော့ ပုရွက်ဆိတ်လေးတစ်ကောင်လိုပဲ ခံစားရတယ်။ လူတိုင်းက လာပြီး ငါ့ကို ဆိတ်သွားလို့ ရတယ် ”
” ဟန်နိုင်ငံလို နေရာလေးနဲ့ ကျုံးခရိုင်လို နေရာကို မယှဥ်နဲ့လေ။ မသင့်တော်ဘူး။ နှစ်ခုက အဆင့်မှ မတူတာ။ ဒါပေမဲ့ တခြားရှုထောင့်ကနေ တွေးကြည့်ရင် ဒါလည်း ကောင်းတာပဲလေ။ အနည်းဆုံးတော့ ကို့ကိုယ်ကို ဂုဏ်ယူဝင့်ကြွားလွန်းပြီး မောက်မာထောင်လွှားတာမျိုး မဖြစ်တော့ဘူးပေါ့။ ဒီစိတ်ဓာတ်ခွန်အား အမြင်နဲ့ဆိုရင် သိုင်းပညာရပ်မှာ ခင်ဗျားရဲ့ နှလုံးသားက ပိုတည်ငြိမ်ပြီး ပိုပြီးပြည့်စုံလာလိမ့်မယ်။ ဒါက ခင်ဗျားကို ရှန်းထျန်း နဝမအဆင့် ရောက်အောင် အဆင့်တက်ဖို့ ကူညီပေးနိုင်လိမ့်မယ် ”
လျိုချန်စွင်းသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်လေ၏။
” မင်းပြောတာ မှန်တယ်။ ဒါပဲ။ သူတို့ရဲ့ ဥပမာကို လိုက်ပြီး ငါ့ရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်နိုင်အောင် ကြိုးစားရမယ်။ ဒီမှာ စောဒက တက်မနေသင့်ဘူး။ ကျေးဇူးပါပဲ
… ယဲ့ရှောင် ”
” ရပါတယ် ”
လျိုချန်စွင်းက တရားထိုင်ရန် ဘေးသို့ ပြေးသွားစဥ် ယဲ့ရှောင်က စာဆက်ဖတ်လိုက်၏။ သို့သော် ယနေ့တွင် သူက စိတ်ဝင်စားစရာကောင်းသော စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။

အပိုင်း ၂၆၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset