Switch Mode

Chapter – 260

သူ ပေးတာ များသွားပြီ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၆၀ သူပေးတာ များသွားပြီ။

” ခုနတုန်းက သူက လူသားတစ်ယောက် ဟုတ်တယ်မလား ”
ခေါင်းဆောင်က ရေရွတ်ပြောဆိုမိသွား၏။ ကျန်သည့်သူများကလည်း လိုက်ပြောကြတော့သည်။
” သူ့ကို ရှင်းရှင်းလင်းလင်း မတွေ့ရဘူး။ သူ့ကို ရွှေရောင်အလင်းတန်းတစ်ခုက လွှမ်းခြုံထားတာ။ ဒါကြောင့် သူ့မျက်နှာကို သေချာမတွေ့ရဘူး ”
” ဒါပေမဲ့ ဖြစ်နိုင်ပါတယ်လေ။ သူက လူသားတစ်ယောက်နဲ့ တူတယ်။ နှာခေါင်းတစ်ခု၊ မျက်လုံးနှစ်လုံး၊ လက်နှစ်ဖက်၊ ခြေနှစ်ချောင်းရှိတယ်။ သူက ငါတို့နဲ့ တူတူလောက်ပဲ ”
” ဒါ့အပြင် သူက ကြယ်တာရာသားရဲတစ်ကောင် ဖြစ်ခဲ့ရင် ငါတို့အားလုံးကို သတ်ပြီးလောက်ရောပေါ့။ ငါတို့ကို ထားခဲ့ပြီး သူ ဘာကြောင့် ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ ”
” ဒါပေမဲ့ သူ လုပ်ခဲ့တာတွေက လူသားတစ်ယောက် လုပ်တာမျိုး ဘာကြောင့် ဟုတ်မနေရတာလဲ ”
ယဲ့ရှောင်သည် မျက်တောင်တစ်ခတ်အတွင်း ကျန်းဟိုင်မြို့သို့ ပြန်ရောက်သွားသည်။
အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်ဆီသို့ ခရီးစဥ်၌ သူသည် ကောင်းကင်ကုန်ကြမ်းများနှင့် မြေကမ္ဘာရတနာများစွာ စုဆောင်းရရှိခဲ့ပြီး အားလုံးက ထိပ်တန်းအဆင့်များထဲမှ ထိပ်ရောက်သည့်အရာများပဲ ဖြစ်သည်။ ၄င်းတို့က ထိုကြယ်တာရာသားရဲများ အသုံးပြုရန်အတွက် လုံလောက်သည်။ သို့သော်ငြား ယဲ့ရှောင်၌ ပြဿနာတစ်ရပ် ရှိနေသေး၏။ ကောင်းကင်ကုန်ကြမ်းများနှင့် မြေကမ္ဘာရတနာများစွာ ရှိသော်ငြား သူတို့က အကန့်အသတ် ရှိသည်။ တစ်ခုစားလိုက်ပြီးနောက် တစ်ခုလျော့သွားလိမ့်မည်။
သူ ပျိုးထောင်နေသော ကြယ်တာရာသားရဲ အရေအတွက်က လျော့သွားမှာ မဟုတ်ရုံသာမက ဆက်လက် တိုးလာဖို့တောင် ရှိသည်။ ထိုအတိုင်းသာဆိုလျှင် ကောင်းကင်ကုန်ကြမ်းများနှင့် မြေကမ္ဘာရတနာများသည် ကြာမြင့်စွာ သုံးစွဲနိုင်မှာ မဟုတ်ပေ။
အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်အဖို့ အချိန်တိုအတွင်း ဆင်တူသော သဘာဝရတနာ နောက်ထပ် တစ်သုတ်ကို ဖန်တီးဖို့က မဖြစ်နိုင်ပေ။
ထိုကဲ့သို့ အရာဝတ္ထုများ ကြီးထွားသည့် အဆင့်က အမှန်တကယ် ရှည်ကြာ၏။ မဟုတ်လျှင် ထိုကဲ့သို့ အစွမ်းထက်သော အဟာရဖြည့်မှုမျိုး ရှိနေမှာ မဟုတ်ပေ။ သူတို့က သုံးလအတွင်း ရောင်းချနိုင်သော ဝက်များ မဟုတ်ချေ။
ထို့အပြင် အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်အပြင် ရင်းမြစ်များစွာ ရှိသည့် စီရင်စု၉ခုတစ်ခုလုံး၌ ထိုကဲ့သို့ နေရာများများစားစား မရှိပေ။
တစ်ကမ္ဘာလုံး၌ ထိုကဲ့သို့ အရင်းအမြစ်များကို ရှာရန် ခက်ခဲသည်ဟုတောင် ပြောနိုင်ပေ၏။ ယင်းက မဖြစ်နိုင်ပေ။ သူက ဘုရင်နယ်ပယ်သို့ ရောက်ခါစ ဖြစ်၏။ အရင်းအမြစ် ထောက်ပံ့မှုက မလုံလောက်ခဲ့လျှင် သူ၏ ကျင့်ကြံမှုကို မည်ကဲ့သို့ အရှိန်တင်ရမည်နည်း။ ကျင့်ကြံခြင်း မြှင့်တင်ရန် အချိန်စွမ်းအား အရင်းအမြစ်များက ဆတိုး မြှင့်တင်ရန် လိုအပ်ကြောင်း သိထားရပေမည်။
သူသည် အချိန်တိုင်း၌ လျင်မြန်စွာ တိုးတက်ရန် ကြာရှည်စွာ လှုပ်ရှားရပေလိမ့်မည်။
သူက ကြယ်တာရာသားရဲ အရင်းအမြစ်ပမာဏများစွာကို စုပ်ယူပြီး သူကိုယ်တိုင် လုယူခဲ့၏။ အရင်းအမြစ်တစ်ခုတည်းဖြင့် အဆင့်တက်နိုင်ဖို့က ဝေးကွာလွန်း၏။ အရင်းအမြစ်မရှိလျှင် အရင်းအမြစ်မရှိတာပဲ ဖြစ်သည်။
ငါ နည်းလမ်းတစ်ခု ရှာရမယ်။
ဒါမှမဟုတ် နောက်ထပ် မွေးမြူရေးခြံ လုပ်ရမလား။ ဒါက အကြံကောင်းတစ်ခုပဲ။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူက ဝတ်စားရန်အတွက် တတ်နိုင်လာလိမ့်မည်။
သို့သော်ငြား သူက ခြံတစ်ခု တည်ဆောက်ချင်သည်ဆိုလျှင် မြေနေရာကို စဥ်းစားရန် လိုအပ်သည်။
သူ တည်ဆောက်ထားသော ကောင်းကင်ကြယ်တာရာ မွေးမြူရေးခြံသည် စာကြည့်တိုက်၏ မြေအောက်တွင် ရှိသည်။ နေရာ သိပ်မယူပဲ တစ်ချိန်တည်းတွင် ကျန်သည့်သူများ ရှာတွေ့မှာ မဟုတ်ပေ။
သို့သော် ကြယ်တာရာသားရဲ မွေးမြူရေးခြံသည် ထိုနေရာတွင် စီစဥ်ထားသောကြောင့် သူတို့သည် ဝိညာဥ်စွမ်းအင် ထောက်ပံ့ပေးရန် လိုအပ်သည်။
ကောင်းကင်ကုန်ကြမ်းများနှင့် မြေကမ္ဘာရတနာများက ထိုသို့ မပြုလုပ်နိုင်ပေ။ ဝိညာဥ်စွမ်းအင်ပမာဏများစွာ လိုအပ်တာအပြင် သူတို့သည် သူတို့ လျင်မြန်စွာ အရွယ်ရောက်စေရန်အတွက် သူတို့ကို နေနှင့်လ၏ အဆီအနစ်များ ဆက်တိုက် စုပ်ယူခွင့် ပေးရန်လည်း လိုအပ်သည်။ ယင်းက မြေပေါ်တွင် ဖြစ်ရန် လိုအပ်၏။
ထို့အပြင် အရာများစွာ စိုက်ပျိုးရန်အတွက် လိုအပ်သည့် မြေပမာဏက သေးသေးမွှားမွှား မဟုတ်တာ သေချာ၏။
သူ ယခင်က စိုက်ပျိုးခဲ့သော ပန်းပွင့်များအတွက် မြေနေရာကတောင် မလုံလောက်နိုင်ပေ။ ထိုအတိုင်း လုပ်မည်ဆိုလျှင် ကုန်ကျစရိတ်က ထိရောက်မှာ မဟုတ်။ ထိုစဥ် ယဲ့ရှောင်၏ အကြည့်က သူ၏ သိုလှောင်လက်စွပ်ဆီ ရောက်သွားသည်။
သိုလှောင်လက်စွပ်။ လေဟာနယ်ကို ကျုံ့ခြင်း။ မှန်ပေ၏။ သူသည် လေဟာနယ်စွမ်းအားကို ပစ္စည်းတစ်ခုထဲ ထည့်ပြီး ၄င်းကို လေဟာနယ်ပုံစံ မှော်ရတနာတစ်ခုအဖြစ် သန့်စင်နိုင်၏။ ပြီးနောက် သူသည် ၄င်းပေါ်၌ အစီအရင်တစ်ခု ထွင်းထုကာ မိုး နှင့် မြေ ဝိညာဥ်စွမ်းအားကို စုပ်ယူပြီး နေနှင့်လ၏ အဆီအနစ်ကို စုပ်ယူကာ ကောင်းကင်ရတနာများစွာကို ကြီးပြင်းစေလိမ့်မည်။ ထို့အပြင် သူက ၄င်းကို သူနှင့် တစ်ပါတည်း သယ်သွားနိုင်ပြီး အလွယ်တကူ ဝှက်ထားနိုင်၏။ ကျန်သည့်သူများ ရှာတွေ့မှာကို စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။
ပြီးပြည့်စုံတယ်။ သူသည် မနက်ဖြန်ကျ ဝမ်တာ့လုံကို ဖုန်းခေါ်ပြီး သူ့အတွက် မီးတောင်ထွတ်ကျောက်အချို့ ရှာရန် အကူအညီ တောင်းလိုက်မည်။ သူက သားရဲနတ်ဘုရား မဟာမိတ်၏ မဟာမိတ်ခေါင်းဆောင်ဆီမှ လုယူလာခဲ့သော သိုလှောင်လက်စွပ်သည် ကောင်းကင်ရတနာများကို ကြီးထွားစေရန် အသုံးပြုနိုင်သည့် အရာဝတ္ထုဖြစ်သော်ငြား မီးတောင်ထွတ်ကျောက် မရှိတော့ပေ။
မီးတောင်ထွတ်ကျောက်က ဈေးပေါလွန်းသဖြင့် မဟာမိတ်ခေါင်းဆောင်၏ သိုလှောင်လက်စွပ်က သိုလှောင်နယ်မြေ အကန့်အသတ်ရှိတာ ဖြစ်လောက်သည်။ ထို့ကြောင့် သူက အတွင်း၌ ထည့်ရန် ဆန္ဒမရှိပေ။
ယဲ့ရှောင်သည် အရွယ်အစားအားဖြင့် ၁၀၀ ကုဗပေ ရှိသည့် အစီအရင်၏ အခြေခံအနေဖြင့် နှစ်တစ်သောင်း သက်တမ်းရှိသော ဥက္ကာခဲသံမဏိကို ရှာတွေ့ခဲ့၏။
ယင်းက အင်မတန် မာကျောပြီး ဝိညာဥ်စွမ်းအင်ပမာဏများစွာ ပေါင်းစည်းမှုကို ခံနိုင်ရည်ရှိသည်။
ယဲ့ရှောင်သည် ၄င်းကို ထောင့်မှန်စတုဂံ အခြေစိုက်အဖြစ် သွန်းလုပ်ရန်အတွက် နတ်ဘုရားလက်မှုပညာကို အသုံးပြုခဲ့သည်။ အစောပိုင်းမြေပြင်က စတုရန်းပေ ၅၀၊ ၆၀ ဝန်းကျင်သာ ရှိပြီး အထူက ၅လက်မ၊ ၆လက်မသာ ရှိ၏။
မီးတောင်ထွတ်ကျောက် လေဟာနယ်စွမ်းအား ထပ်ထည့်လိုက်သရွေ့ ၄င်းက လေဟာနယ်ကျုံ့သည့် အာနိသင်ကို ထုတ်လုပ်ပေးနိုင်လိမ့်မည်။
ထိုအချိန်ရောက်လျှင် မိုးနှင့်မြေရတနာများကို အတွင်း၌ အမြောက်အများ စိုက်ပျိုးနိုင်လိမ့်မည်။ သို့သော်ငြား ထိုသို့ပြုလုပ်ရန်အတွက် သူက မီးတောင်ထွတ်ကျောက် စုစည်းသည်အထိ စောင့်ရမည်။
အချိန်က ဖြတ်ခနဲ ကုန်သွား၏။ မျက်တောင်တစ်ခတ်အတွင်း တစ်ညတာ ကုန်ဆုံးသွားချေပြီ။
ကံကောင်းသည်မှာ ယဲ့ရှောင်က ယခုအချိန်တွင် အနိုင်ယူရန် မလိုအပ်ပေ။ မည်သူသည် လူသားများ၏ ရုပ်ခန္ဓာ၏ ချုပ်နှောင်ခြင်းစွမ်းအားထက် သာလွန်သည့် သူ့ခန္ဓာကိုယ်ထဲ၌ ဝိညာဥ်စွမ်းအင်က ပြည့်နေပြီး တစ်ချိန်လုံး လှည့်ပတ်နေ၏။
နံနက်ခင်း၌ ဟွမ်လျိုလီသည် ယဲ့ရှောင်အတွက် မနက်စာပြင်ပေးရန် ကြယ်တာရာသားရဲများ၏ အသားများကို သုံးလိုက်၏။ သို့မှသာ သူ၏ အသက်ဓာတ်ကို ဖြည့်နိုင်လိမ့်မည်။
မနက်စာ စားသောက်နေစဥ် ယဲ့ရှောင်က ဝမ်တာ့လုံ၏ နံပါတ်ကို နှိပ်လိုက်၏။
” ဟယ်လို မစ္စတာယဲ့။ ဒီညီလေးအတွက် ဖြေရှင်းစရာ အလုပ်ကိစ္စ ထပ်ရှိပြန်ပြီလား ”
” မီးတောင်ထွတ်ကျောက်ပဲ။ ဒီတစ်ခေါက် ပိုလိုချင်တယ်။ ကုန်တင်ကားစီး အစီးရေ အနည်းငယ်လောက် ရနိုင်မလား ”
” ပြဿနာ မရှိဘူး။ ကိစ္စကြီး မဟုတ်ဘူးလေ။ ဘယ်အချိန်လောက် လိုချင်တာလဲ။ ပြီးရင် တန်းပို့ပေးလိုက်မယ် ”
ယဲ့ရှောင်က အနည်းငယ် အံ့အားသင့်သွား၏။
” အခု ပို့ဆောင်တဲ့အရှိန်က ဒီလောက်မြန်နေပြီလား။ အရင်တုန်းက စုဆောင်းဖို့အတွက် အချိန်လိုတယ် မဟုတ်ဘူးလား ”
” ဒါက အရင်တုန်းကလေ။ ဒါပေမဲ့ အခု မတူတော့ဘူး။ ကျုပ်တို့ ကျန်းဟိုင်မြို့က ချဲ့ထွင်လိုက်ပြီဆိုတော့ စူပါစကေးနဲ့ သိုင်းပညာအရင်းအမြစ် ပို့ဆောင်ရေးဌာနတစ်ခုကိုတောင် တည်ဆောက်လိုက်ပြီလေ ”
” အရင်းအမြစ်မျိုးစုံကို အချိန်မရွေး ပို့ဆောင်နိုင်တယ် ”
” တခြားနေရာက ပို့ဆောင်ဖို့လိုတဲ့ အရင်းအမြစ်က အနည်းစုပဲ ရှိတာ။ ဒါပေမဲ့ အရှိန်က အလွန်မြန်တာနော်။ အရင်နဲ့ယှဥ်ရင် အဆင့်၂နှင့် အဆင့်၃မြို့တွေက တစ်လလောက် အချိန်ယူရတာလေး။ အခုတော့ တိုက်ရိုက် လေကြောင်း ပို့ဆောင်ရေး ရှိနေပြီ။ မနက်ခင်းမှာ လိုချင်တယ်ဆိုရင် နေ့လည်ခင်းမှာ ပို့ပေးနိုင်တယ် ”
” ဒါ့အပြင် လူအချို့နဲ့ ပို့ဆောင်ရေးကုမ္မဏီတစ်ခု ဖွဲ့ထားသေးတယ်။ နောင်ကြ ပုံမှန်တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်လာလိမ့်မယ်။ ငွေလက်ခံလက်မှတ် ဒါမှမဟုတ် တစ်ခုခု ရေးပေးချင်တယ်ဆိုရင် ပြောလိုက် ”
ဒီတော့မှ ယဲ့ရှောင်သည် ကျန်းဟိုင်မြို့၏ ဆက်တိုက် ချဲ့ထွင်မှုနှင့် အဆင့်မြှင့်တင်မှုကို သဘောပေါက်သွား၏။ မြို့သည် သူ ယခင်က နေထိုင်ခဲ့သည့် မြို့လေးတစ်မြို့ မဟုတ်တော့ပေ။ ထိုအစား သိုင်းပညာအရင်းအမြစ်များ ပေါကြွယ်ဝသည့် မြို့ကြီးတစ်မြို့ ဖြစ်နေချေပြီ။ ထို့အပြင် အလွန့်အလွန်ကြီးမားသော မြို့ကြီးတစ်မြို့ဆီသို့ ဦးတည်နေတာပဲ ဖြစ်၏။
ယင်းကလည်း ကိစ္စကောင်းတစ်ရပ် ဖြစ်သည်။ နောင်ကြ သူသည် ပစ္စည်းများ ထပ်ရှာချင်ပါက ကျန်သည့် မြို့များသို့ သွားရန် မလိုအပ်တော့ပေ။ ကျန်းဟိုင်မြို့တွင် အမြဲတမ်း နေပြီး ဒုက္ခသက်သာ၏။
” ဒီလိုဆိုရင် ညနေအလုပ်ဆင်းတဲ့အချိန် ပို့ပေးလိုက်လေ။ နေရာကို သိပါတယ် ”
” စိတ်မပူပါနဲ့။ ခင်ဗျားအတွက် ဖြေရှင်းပေးမယ်လို့ ကတိပေးပါတယ် .. မစ္စတာယဲ့ ”
ထိုကိစ္စကို ဖြေရှင်းပြီးနောက် ယဲ့ရှောင်သည် အလုပ်လုပ်ရန်အတွက် အိမ်ကနေ ထွက်လာလိုက်သည်။
သူက စာကြည့်တိုက်သို့ ရောက်သည့်အချိန်၌ ၇နာရီကျော်သာ ရှိသေးသည်။ အလုပ်တက်ရန် အချိန်အများကြီး လိုနေသေး၏။ ယဲ့ရှောင်က ချက်ချင်းပင် မြေဝပ်ခြင်းကျင့်စဥ်ကို သုံးပြီး ယနေ့ ပစ္စည်းများကို ယူရန်အတွင် မြေအောက်သို့ သွားလိုက်၏။
သူ ရောက်လာတာကို မြင်သောအခါ ကြယ်တာရာသားရဲများ အားလုံးက စိတ်အားထက်သန်စွာ တက်လာကြ၏။
” သခင် ဒီရောက်လာပြီ ”
” သခင် ကျုပ်ရဲ့ ကျင့်ကြံမှုက မနေ့တုန်းက တစ်ဆင့်တိုးသွားတယ်။ ရှန်းထျန်း အဌမအဆင့်ကို အဆင့်တက်သွားပြီးပြီး။ ကျုပ် ပိုပေးရမှာ။ အသားနဲ့ အကြောတွေပဲမလား ”
” သခင် မနက်စာ စားပြီးပြီလား။ မနေ့တုန်းက ကျွန်မ လုပ်ထားတဲ့ နွားနို့က ဘယ်လိုနေလဲ။ အရသာကောင်းရဲ့လား။ အနံ့ကောင်းလား။ ချိုလား။ မချိုရင် ဒီနေ့ သကြား ပိုစားလိုက်မယ် ”
ကြယ်တာရာသားရဲများအနက် ဖုန်းလုံနှင့် ချင်းနျိုသာလျှင် သူတို့ကဲ့သို့ ခွေးများပမာ လျှက်ရန် ရှေ့မတက်သွားတာပဲ ဖြစ်သည်။ သူတို့နှစ်ကောင်သည် ပထမဆုံးနေ့ ရောက်ခါစဖြစ်သောကြောင့် မွေးမြူရေးတိရစ္ဆာန် ဖြစ်ရသည့် နေ့ရက်များကို အသားမကျသေးပေ။ ယဲ့ရှောင်က လက်ဝှေ့ရမ်းလိုက်၏။
” အားလုံး တိတ်ကြ။ ငါ့ကို သွေးနဲ့ စွမ်းအားတွေ ပိုထောက်ပံ့ပေးမယ်ဆိုရင် အဲ့ဒီလူကို အရင်းအမြစ်တွေ ပိုထောက်ပေးပြီး ခွန်အားမြင့်တက်အောင် ကူညီပေးမယ်လို့ ပြောပြီးသားပဲ။ ဒီနေ့ကစပြီး … မဟုတ်ဘူး … အခုကစပြီးတော့ စည်းမျဥ်းတွေက အကျုံးဝင်ပြီ ”
” ဒီနေ့ မင်းတို့ရဲ့ လုပ်ဆောင်ချက်အလိုက် သင့်တော်တဲ့ ပစ္စည်းတွေ ခွဲဝေပေးမယ် ”
စူဇန်က ရှေ့သို့ အရင်တိုးလာ၏။ သူမ တာဝန်သည် ကြယ်တာရာသားရဲများ အားလုံးအနက် အရိုးရှင်းဆုံးဖြစ်သောကြောင့် ဖြစ်သည်။ သူမက ပျားရည်ထုတ်ရန်သာ လိုအပ်ပြီး သွေးနှင့် စွမ်းအားများ စတေးရန် မလိုအပ်ချေ။ ထို့ကြောင့် သူက အမြန်ဆုံးဖြစ်၏။
” ကျွန်မလုပ်မယ်။ ကျွန်မလုပ်မယ်။ အဆင်သင့်ဖြစ်ပြီ။ ဒါက မနေ့တုန်းက ချက်ထားတဲ့ ပျားရည်စုစုပေါင်း( ၂၈ )ပုံးရှိတယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သူမ လုပ်ထားတာ အမှန်တကယ် ကောင်းသည်။ အတိတ်တုန်းကဆို သူမသည် တစ်ညလျှင် ပျားရည်ပုံး အနည်းငယ်သာ ထုတ်နိုင်၏။ ထိုပျားရည်ပမာဏသည် အတိတ်တုန်းက ပမာဏထက် အဆပေါင်းစွာ သာ၏။ ထိုမျှ များပြားသည့် ပျားရည်ဖြင့် ယဲ့ရှောင်သည် ၄င်းတို့ကို ဝိညာဥ်စွမ်းအင်ဖြင့် ဝိုင်ချက်နိုင်ပြီဖြစ်သည်။ သမင်သွေး၊ သမင်ချို စသည်ဖြင့် သွေးစွမ်းအင်နဲ့ တိုးမြင့်လာမှုက ယခင်ကထက် အဆပေါင်းများစွာ တိုးလာလောက်သည်။
” ဒီမှာ အဖြူရောင် ရိုးတံ ( ၁၀ ) ခု။ သူတို့ရဲ့ အာနိသင်ကို ထပ်ပြောဖို့ မလိုတော့ဘူးမလား။ မင်း ပိုထုတ်ထားတဲ့ ပုံးအပိုနဲ့ရော ထိုက်တန်ရဲ့လား ”
စူဇန်က မျက်လုံးလက်သွားပြီး ချက်ချင်း ခေါင်းညိတ်လိုက်၏။
” တန်တာပေါ့ တန်တာပေါ့ ”
အဖြူရောင် ရိုးတံ၏ တန်ဖိုးသည် စူဇန်အတွက် အထွတ်အထိပ် ရတနာတစ်ပါးဆိုတာ မပြောနိုင်ပေ။ သို့သော်ငြား စူဇန်သည် ညတိုင်း ပျားရည်ပုံး ( ၂၀ ) ထပ်တိုး ထုတ်လုပ်ရမည်ကိုသာ အာရုံစိုက်၏။ လစာကို အခြေပြုပြီး တွက်ချက်လျှင် ယင်းက အကျိုးအမြတ် ရှိသေးသည်။
တစ်ရက်လျှင် ယွမ် ၁၀၀၀ခန့် ရသည့် ဝန်ထမ်းတစ်ဦးနှင့် ညီမျှ၏။ ယင်းတန်ဖိုးက များပြားလှသည်။
ပိုအရေးကြီးသည်က သူမသည် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။ သူမက မပင်ပန်းပေ။ အမှန်တကယ်တွင် ပျားရည်များ ဆက်တိုက် ထုတ်ခြင်းဖြင့် သူမ၏ ကျင့်စဥ်ကို လည်ပတ်နိုင်ပြီး သူမ ကျင့်ကြံမှု ပိုတောင် တိုးနိုင်သည်။
ထိုသို့ဆိုလျှင် သူမက ကျင့်ကြံဆင့်ကို မြှင့်တင်ပြီး များစွာရနိုင်မည်။ ထို့ကြောင့် အဘယ်ကြောင့် မချက်ပဲ နေရမည်နည်း။ ကျန်သည့် ကြယ်တာရာသားရဲများ၏ မျက်လုံးကလည်း လက်သွားတော့သည်။ သူတို့က စတင်လှုပ်ရှားလာ၏။
” သခင် သခင်။ ကျုပ်လည်း ဒီမှာ ပစ္စည်းကောင်းတချို့ ရှိတယ်။ ကြည့်ပါဦး။ မနေ့တုန်းက လက်တံ( ၈ ) ခု ခုတ်ထားတာလေ ”
” သခင် သခင်။ မနေ့တုန်းက တောင်ပံနှစ်ချောင်း ခုတ်ထားတာနော်။ ငှက်မွေးတွေကိုတောင် နုတ်ထားသေးတယ်။ အားလုံးက ထိပ်တန်းအဆင့် ငှက်မွေးတွေကြီးပဲ ”
” သခင်။ မနေ့တုန်းက ကျွန်မ ညှစ်ထားတဲ့ နွားနို့တွေ ဘယ်လောက်များလဲ ကြည့်ဦး။ ပုံးအနည်းငယ်လောက် ရထားပြီနော်။ ရောင်ကိုင်းလွန်းလို့ ပင်ပန်းနေပြီ ”
ကြယ်တာရာသားရဲများသည် သူတို့၏ ပစ္စည်းများ အားလုံးကို ထုတ်ပေးလာကြ၏။ ယဲ့ရှောင်ကလည်း အရင်းအမြစ်များ ပေးလိုက်သည်။
နောက်ကွယ်ကနေ ကြည့်နေသော ဖုန်းလုံနှင့် ချင်းနျိုသည် တံတွေးမြိုချမိသွား၏။
” ဟေ့ … လောင်လုံ။ မတွေ့ဘူးလား။ သူက ငါတို့ကို ဒီလောက် ပစ္စည်းတွေ အများကြီး ပေးနေတာ ”
” အများကြီး ဟုတ်လို့လား။ ဒီပစ္စည်းတွေ အများကြီးက အကောင်းတကာ့ အကောင်းဆုံးတွေပဲ .. ငါတို့ထဲက နှစ်ယောက်တောင် အဲ့ဒါကို အသုံးပြုနိုင်တယ်။ သူတို့ကို စားပြီးရင် ကျင့်ကြံဆင့် မြင့်တက်လာမှာ ”
” ငါတို့နှစ်ယောက် ဒီမှာ တစ်သီးတစ်သန့် ပြုမူနေဖို့လိုလား။ လိုတယ်လို့ထင်လား ”
” ငါ ဟန်ဆောင်ချင်ပေမဲ့ ဒါပေမဲ့ သူက အများကြီး ပေးနေတာနော် ”

အပိုင်း ၂၆၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset