Switch Mode

Chapter – 259

ဆန်းကြယ်မှုအကြောင်း ဆောင်ယူလာသည့်သူ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၉ ဆန်းကြယ်မှုအကြောင်း ဆောင်ယူလာသည့်သူ။

ကိစ္စက ဒီလိုကိုး။
ယဲ့ရှောင်သည် တော်ဝင်ဓါးသိုင်းသုံးမျိုး ပေါင်းစည်းသွားပြီးနောက် သူ နားလည်သဘောပေါက်ထားသော ကောင်းကင်ခွင်းဓါးသိုင်းအပြင် ကျန်သည့် ဓါးသိုင်းကို မှတ်တမ်းတင်ထားသော စာရွက်များသည် စာရွက်သုံးရွက်ကနေ နှစ်ရွက်အဖြစ် ပေါင်းစည်းသွားပြီ ဖြစ်သည်။
ဆိုလိုသည်က နတ်ဘုရားသတ်ဖြတ်ခြင်း ကျင့်စဥ်ပြီးနောက် နောက်ထပ် ပေါင်းစည်းမှုတစ်မျိုး ရှိလောက်သည်။ ယင်းက နောက်ဆုံး ပေါင်းစည်းမှုဖြစ်လောက်သည်။
ပြီးပြည့်စုံစွာ ပေါင်းစည်းပြီးနောက် ယင်းက ၄င်း၏ အကန့်အသတ် ရောက်သွားပြီ ဖြစ်သည်။
ထိုအထက်တွင် ပေါင်းစည်း၍ ရနိုင်သော ကျင့်စဥ် မရှိလောက်တော့တာ ဖြစ်နိုင်၏။
ဆိုလိုသည်က နောင်ကြ သူသည် နတ်ဘုရားသတ်ဖြတ်ခြင်း ကျင့်စဥ်ကို ပေါင်းစည်းပြီးသည်နှင့် သူသည် အပြည့်အဝ ပြိုင်ဘက်ကင်း တည်ရှိမှု ဖြစ်လာမည်လော။ ပြိုင်ဘက်ကင်းဟူသော စကားလုံးကို တွေးလိုက်မိသည်နှင့် ယဲ့ရှောင်က နှလုံးခုန်လာမိသည်။
သူက ထိုအဆင့်သို့ ရောက်နိုင်လျှင် ဤကမ္ဘာကြီး၌ ငြိမ်းငြိမ်းချမ်းချမ်း ရှင်သန်နေထိုင်နိုင်လိမ့်မည်။
ထိုအချိန်ရောက်လျှင် သူ ထွက်ချင်သည့်နေရာကို ထွက်၊ သွားချင်သည့် နေရာကို သွားကာ လုပ်ချင်တာ လုပ်နိုင်လိမ့်မည်။ သူက နတ်ဘုရားသတ်ကျင့်စဥ်များ ပိုမို ပေါင်းစည်းရပေမည်။ နတ်ဘုရားသတ်ကျင့်စဥ်အားလုံး စုစည်းရမည်။ ယဲ့ရှောင်က လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။ သို့သော်ငြား သူက မြန်မြန်ဆန်ဆန်ပဲ စိတ်တည်ငြိမ်သွားသည်။
တစ်ကိုက်တည်းဖြင့် မအောင်မြင်နိုင်ပေ။ သူ၏ လက်ရှိခွန်အားက ဘုရင်နယ်ပယ်တွင်သာ ရှိသည်။
သူက ထိုအဆင့်ရောက်ဖို့က ဝေးကွာနေလေ၏။ တစ်ကြိမ်လျှင် တစ်လှမ်းသာ လှမ်းပြီး ဖြည်းဖြည်း မှန်မှန် လမ်းလျှောက်ချင်က မှန်ကန်သော လမ်းစဥ်ဖြစ်သည်။
သူသည် ထိုနဂါးသွေးကြော၏ အဆီအနစ်ကို ရရှိပြီးနောက် ဤနေရာတွင် ဆက်နေရန် မလိုအပ်တော့ပေ။ သူက နဂါးသွေးကြောတစ်ခုလုံးကို မရွှေ့နိုင်ပေ။ နဂါးသွေးကြောတစ်ခုလုံးကို ဖျက်ဆီးခြင်းက လူ မဆန်ရာ ရောက်လွန်းသည်။
စီရင်စု၉ခုအထက်၌ နဂါးသွေးကြောက အနည်းစုသာ ရှိတာ ဖြစ်၏။ သူက ထိုနဂါးသွေးကြောကို ဖျက်ဆီးခဲ့လျှင် ပိုတောင် နည်းသွားလိမ့်မည်။
ရေရှည်တွင် ယင်းက လူသားမျိုးနွယ်အတွက် အလွန်အကျိုးယုတ်စေလိမ့်မည်။ ထို့အပြင် သူက အဆီအနစ်ကို ရရှိပြီ ဖြစ်၏။ ကျန်ရှိသည့် အရာများကို စုပ်ယူပေးလျှင် သူ၏ ကျင့်ကြံခြင်းက များများစားစား တိုးတက်သွားမှာ မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား သူ၏ ကဏ္ဍအတိုင်း ဆက်လက် သွားစေခွင့်ပေးကာအနောက်တောင်ပင်လယ်ကမ်းခြေတောအုပ်ကို အားဖြည့်ခွင့် ပေးတာက ပိုကောင်းလိမ့်မည်။
ယဲ့ရှောင်က မြေပြင်ပေါ် ပြန်တက်လာ၏။ သို့သော်ငြား သူက ကောင်းကင်ဖွင့်လှစ်ခြင်းကို အသုံးမပြုခဲ့ပေ။
သူ မပေါင်းစည်းခင်တည်းက အလွန်အစွမ်းထက်နေပြီးသား ဖြစ်၏။ ၄င်းကို အသုံးပြုလိုက်ချိန်တိုင်းတွင် လူများစွာ၏ အာရုံစိုက်မှုကို ရလိမ့်မည်။ ယခုအခေါက်တွင် ထိုအကွက်က အစွမ်းထက်လွန်းနေ၏။ အစစ်အမှန် တိုက်ခိုက်ကြလျှင် လူ မည်မျှ များစွာကို သွေးဆောင်မိမည်ဆိုတာ မည်သူက သိမည်နည်း။
ထိုအချိန်ရောက်လျှင် အတော်လေး ဒုက္ခများလိမ့်မည်။ သူက ကိုယ်ပိုင်အတွေးများကို သုံးခါစဖြစ်ပြီး သူ့ခန္ဓာကိုယ်ဆီသို့ အနောက်တောင်ပင်လယ်ကမ်းခြေ တောအုပ်ထဲရှိ ကောင်းကင်ရတနာများစွာကို ထိန်းချုပ်ကာ သူ့ဆီသို့ ရောက်အောင် လျင်မြန်စွာ စုစည်းလိုက်၏။ ထိုပစ္စည်းများ ရပြီးနောက် သူ ထွက်သွားနိုင်မည်။
ဘုရင်နယ်ပယ်သို့ ရောက်ရှိပြီးနောက် ယဲ့ရှောင်သည် ကိစ္စရပ်များစွာကို ပြုလုပ်ရန် အတွေးတစ်ချက်သာ လိုအပ်သည်။ သူက နယ်ပယ်တစ်ခု၌ အထွတ်အထိပ် အုပ်စိုးသူတစ်ဦးပမာ ဖြစ်နေ၏။
ထိုအကြောင်းအရင်းက ဘုရင်နယ်ပယ်တွင် ဘုရင်တစ်ပါးဟု ခေါ်ရသည့် အဓိပ္ပာယ် ဖြစ်လောက်သည်။
ဘုရင်တစ်ပါးဟူသည့် နယ်ပယ်တစ်ခု၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်၏။ ဘုရင်နယ်ပယ်သိုင်းပညာရှင်တစ်ဦးကို မည်သူမှ မခုခံနိုင်ပေ။ ပတ်ဝန်းကျင်ရှိ ကြယ်တာရာသားရဲများသည် အစောတည်းက ထွက်ပြေးသွားကြပြီ ဖြစ်သည်။ ဤနေရာသို့ မည်သူမှ မချဥ်းကပ်ရဲချေ။
ကြယ်တာရာသားရဲများသည် လူသားများထက် ပိုသိမြင်တတ်သည်။ သူတို့က ယဲ့ရှောင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ရှာတွေ့ပြီးဖြစ်သောကြောင့် သူ့နား မည်သူမှ အနားမကပ်ရဲချေ။
ကြယ်ဆုံသော ကောင်းကင်အောက်၌ လူရိပ်အချို့က ပင်လယ်ကမ်းခြေ တောအုပ်အလယ်သို့ ဖြည်းဖြည်းချင်း ချဥ်းကပ်လာသည်။
” အားလုံးပဲ ဂရုစိုက်။ ဒီနေရာက ပင်လယ်ကမ်းခြေ တောအုပ် ဗဟိုပဲ။ ဒီနေရာမှာ အဆင့်မြင့် ကြယ်တာရာသားရဲတွေ အများကြီး စုဝေးနေကြတာ။ သူတို့တွေက ငါတို့ သမန်ကာလျှံကာ ဖြေရှင်းနိုင်တာထက် ဝေးတယ် ”
” ငါတို့ တိုက်ခိုက်မှာကို ရှောင်ရှားနိုင်မယ်ဆိုရင် တိုက်ခိုက်မှာကို ရှောင်တာက အကောင်းဆုံးပဲ။ မဟုတ်ရင် ငါတို့အဖွဲ့က သန်မာတယ်ဆိုရင်တောင် ဒီမှာ သေသွားနိုင်တယ် ”
” ဟုတ်ကဲ့ ”
လူတိုင်းက တုံ့ပြန်လိုက်သည်။ အဖွဲ့ထဲရှိ ကျင့်ကြံသူများက အင်မတန် စိတ်ပူပန်နေသည်။ သူတို့ ပတ်ဝန်းကျင်ကို အာရုံစူးစိုက်နေကြ၏။ သူတို့က ချူခရိုင်ထဲ၌ အလွန်အင်အားကြီးတာ ဖြစ်သည်။ သူတို့သည် ကျင့်ကြံဆင့် မြှင့်တင်ရန် ပိုမို ကောင်းမွန်သည့် အရင်းအမြစ်များ ရှာဖွေရန်အတွက်အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်သို့ ရောက်လာကြတာပဲ ဖြစ်သည်။
သူတို့က အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်ထဲသို့ သူတို့ ဝင်လေလေ ပစ္စည်းများ ပိုတန်ဖိုးရှိလေ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ် ဗဟိုသို့ တန်းသွားကြတာပဲ ဖြစ်သည်။ သို့သော် တစ်ချိန်တည်းတွင် အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်၏ ဗဟိုက အန္တရာယ်ပိုများပြီး အင်အားကြီးသည့် ကြယ်တာရာသားရဲများ ပိုများပြားသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။
ထိုအချိန်တွင် အလယ်ဗဟိုသို့ အောင်အောင်မြင်မြင် ရောက်ရှိနိုင်ရန်အတွက် ကုမ္မဏီတစ်ခုလုံးက ၄င်း၏ အဆက်အသွယ်များ၊ အရင်းအမြစ်များ သုံးပြီး ကျန်သည့် ကုမ္မဏီများမှ ထိပ်တန်းအဆင့် သိုင်းပညာရှင်များစွာကိုလည်း ရွှေ့ပြောင်းပေးခဲ့၏။
ထိုအဖွဲ့ထဲတွင် အားအနည်းဆုံး အဖွဲ့ဝင်က အနည်းဆုံး ရှန်းထျန်းစတုတ္ထအဆင့် မဟာချီရှန်း ဖြစ်ရမည်။
သူတို့အဖွဲ့သည် အိမ်နီးချင်းမြို့များ၏ အထွတ်အထိပ် တိုက်ပွဲဝင်ခွန်အားရှိသည်ဟုဆိုလျှင် ချဲ့ကားပြောရာ မရောက်ပေ။ ထိုအသင်း၏ အကူအညီဖြင့် သူတို့သည် နောက်ဆုံးတော့ အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်၏ အလယ်သို့ ရောက်သွားသည်။ သူတို့က ထိပ်တန်းအဆင့် ကုန်ကြမ်းများ ကောက်ယူနိုင်သရွေ့ ထိုမျှ များပြားသည့်လူများစွာကို ရှာရန် သူတို့ ကုမ္မဏီက များစွာ အားစိုက်ထုတ်ခဲ့ရတာ အချည်းနှီးဖြစ်တော့မှာ မဟုတ်ပေ။
” ခေါင်းဆောင် ရှေ့မှာ ဘာလဲ … မြန်မြန် ကြည့်ကြည့်ဦး ”
ခေါင်းဆောင်ဟု ခေါ်သည့်သူက လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံး ချက်ချင်း လက်သွားတော့သည်။
အဲ့ဒါက ဝိညာဥ်ပုလဲသစ်သီးပဲ။ ထိုကဲ့သို့ အသီးမျိုးက အလွန်ထူးဆန်း၏။ ကြီးမားသည့် ဝိညာဥ် ပုလဲနှင့် ဆင်တူပြီး အလွန်မာကျောသည်။ ၄င်း၏ အခွံကို ခွဲလိုက်သည့်အချိန်၌ အတွင်းသားက အလွန်နူးညံ့ပြီး အရည်ရွှဲ၏။
ထိုကဲ့သို့ သစ်သီးမျိုးက ရေဆာပြေရုံသာမက ထူးခြားသော အာနိသင်လည်း ရှိသည်။ ဆေးလုံးများ ဖော်စပ်ရန်အတွက် အသုံးပြုနိုင်ပြီး အလွန်အစွမ်းထွက်သော ဆေးဖော်မြူလာများစွာ၏ ကုန်ကြမ်းလည်း ဖြစ်သည်။
၄င်း၏ တန်ဖိုးကလည်း သာမန်မဟုတ်ပေ။
” ဒီနေရာမှာ ဝိညာဥ်ပုလဲသစ်သီးတစ်လုံး ရှာတွေ့
လိမ့်မယ်လို့ မထင်ထားဘူး။ ငါတို့ အတော် ကံကောင်းတာပဲ ”
” မြန်မြန် .. အားလုံးကို မြန်မြန်လေးထုတ်ဖို့ သူတို့ကို ယူသွားလိုက် ”
” ငါတို့တွေ တောအုပ်အလယ်တောင် မရောက်သေးဘူး။ ဒီလိုပစ္စည်းကောင်းမျိုးနဲ့ တွေ့နေပြီ ”
” ငါတို့တွေ တောအုပ်အလယ်ကို ရောက်မယ်ဆိုရင် ထိပ်တန်းအဆင့် ဘယ်လိုပစ္စည်းကောင်းမျိုးတွေ ရှာတွေ့မလဲဆိုတာ မသိဘူးနော် ”
သို့သော် အသင်းဝင်များထဲမှ တစ်ယောက်က မေးလိုက်တော့၏။
” ခေါင်းဆောင် နည်းနည်းထူးဆန်းနေတယ်လို့ မထင်ဘူးလား ”
” ဒီနေရာက တောအုပ်အလယ်ကို ရောက်နေပြီးပြီ။ အလယ်မဟုတ်ရင်တောင် အလွန်အရေးကြီးတဲ့ ဧရိယာအဖြစ် သတ်မှတ်လို့ရသေးတယ်။ ပုံမှန်ဆို ဒီနေရာမှာ ကြယ်တာရာသားရဲတွေ အများကြီး ရှိသင့်တာ။ ဒါပေမဲ့ အခုအချိန်အထိ ကြယ်တာရာသားရဲတွေ ဘယ်လိုလုပ် ရှာမတွေ့သေးတာလဲ ”
” ဝိညာဥ်ပုလဲသစ်သီးမှာ နေနေတဲ့ ကြယ်တာရာသားရဲတွေတောင် မရှိတဲ့ပုံပဲ ”
ခေါင်းဆောင်ကလည်း အနည်းငယ် ထိတ်လန့်သွားပြီးနောက် ခေါင်းညိတ်လိုက်၏။
” မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ အရင်တုန်းက အစွမ်းထက်တဲ့ အဲ့ဒီစီနီယာက ဒီနေရာမှာကြယ်တာရာသားရဲတွေကို ရှင်းလင်းသွားတယ်ဆိုတဲ့ ဖြစ်နိုင်ချေကိုလည်း ဖယ်ထုတ်ထားလို့ မရဘူး ”
နောက်ဆုံးအခေါက် ယဲ့ရှောင် အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်သို့ ရောက်လာစဥ်၌ သူသည် တစ်ချက် လှုပ်ရှားခဲ့ဖူး၏။
ထိုစဥ်က သူ၏ ဓါးသည် အောက်ခြေမှ အသင်္ချေခရမ်းနှင့် သစ်ရွက်နီများကို ဖြတ်တောက်ခဲ့ပြီးပင်လယ်ကမ်းခြေ တောအုပ်ထဲ၌ ချောက်နက်ကြီးတစ်ခု ဖန်တီးခဲ့၏။
ထိုစဥ်က သူသည် တောအုပ်ထဲတွင် တောင်တန်းများ ပြိုလှဲမည့်အချိန်၌ တထဂတာ နတ်လက်ဝါးကို သုံးပြီး ပင့်တင်ပေးခဲ့၏။
ထိုထိတ်လန့်ဖွယ်ကောင်းသည့် ကောင်းကျိုးဆောင်သတင်းများသည် အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်တစ်ခုလုံး၌ ပျံ့နှံ့နေတာ ဖြစ်သည်။ ယင်းက ဒဏ္ဍာရီတစ်ပုဒ်သဖွယ် ဖြစ်နေပြီး ယခုအချိန်ထိတိုင် လူများစွာကို သက်ရောက်စေသေး၏။
” ဂရုစိုက်။ အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ဆီကနေ ချုံခိုတိုက်ခိုက်မှာကို ကာကွယ်ဖို့ ပတ်ဝန်းကျင်ကို အာရုံစိုက်ကြ။ ဝိညာဥ်ပုလဲသစ်သီးကို ခူးပြီးရင် ထွက်သွားကြမယ် ”
သို့သော် ပြောပြီးသည်နှင့် နောက်တစ်စက္ကန့်တွင် အသင်းဝင်များထဲမှ တစ်ယောက်က သူတို့ရှေ့ရှိ ဝိညာဥ်ပုလဲသစ်သီးပင်ကို လက်ညိုးထိုးပြပြီးနောက် ကြောက်လန့်တကြား မအော်ပဲ မနေနိုင်တော့ချေ။
” ခေါင်းဆောင် ကြည့်ကြည့်ဦး ”
ကတ်ပတိန်ခေါင်းဆောင်သည် သူ လက်ညိုးထိုးပြသည့်ဘက်သို့ လှည့်ကြည့်လိုက်၏။ နောက်တစ်စက္ကန့်၌ သူ၏ မျက်ဝန်းများ မှေးကျဥ်းမိသွားတော့၏။
သူ ဘာကို တွေ့လိုက်ရတာလဲ။
ဝိညာဥ်ပုလဲတစ်လုံးပြီး တစ်လုံးကို မြင်လိုက်ရသည်။ သူတို့ကို မည်သူမှ မခူးယူပဲ သစ်သီးများသည် လေထဲသို့ ဖြည်းဖြည်းချင်း ပျံတက်သွားကာ တောအုပ်အလယ်ဆီသို့ ပျံသန်းသွား၏။
” ခေါင်းဆောင် ဟိုမှာကြည့်ဦး ”
နောက်ထပ် အသင်းဖော်တစ်ဦးကလည်း အခြားတစ်နေရာရှိ မူမမှန်မှုကို သတိပြုမိသွားသည်။
သူက ချက်ချင်း လှည့်ကြည့်လိုက်၏။ ချက်ချင်းပင် သူ၏ နှလုံးခုန်နှုန်းက ပိုမြန်ဆန်လာကာ ဦးရေပြားများ ထုံကျင်လာတော့သည်။
သူရှေ့ရှိ ဝိညာဥ်ပုလဲသစ်သီးသာမက အနောက်တောင် ပင်လယ်ကမ်းခြေ တောအုပ်အတွင်းရှိ ထိပ်တန်းအဆင့် သဘာဝရတနာအများစုသည် အမည်မသိ အင်အားတစ်ခု၏ ထိန်းချုပ်မှုအောက် ကျရောက်နေပြီး တောအုပ်၏ အလယ်ဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားတာပဲ ဖြစ်သည်။
ယင်းက ဝတ္ထုများထဲတွင်သာ ပေါ်လာတတ်သော ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်၏။ ယင်းက ဆန်းကြယ်မှုတစ်ရပ်ပမာ ဖြစ်နေသည်။ ထင်ယောင်ထင်မှား ဖြစ်တာဟု ထင်ရသော်ငြား။
လူတိုင်းက ခဏတာ ထိတ်လန့်နေပြီးနောက် အသင်းခေါင်းဆောင်က ချက်ချင်း ပြောလိုက်သည်။
” မင်းတို့အားလုံး ဒီမှာနေ။ မလုပ်ကြနဲ့ ”
ထိုသို့ပြောပြီးနောက် သူသည် တစ်ယောက်တည်း ရှေ့သို့ ပြေးတက်သွားကာ ဝိညာဥ်ပုလဲသစ်သီးများနောက် နီးကပ်စွာ လိုက်ပါသွား၏။
သူက ရှေ့တွင် ရှိသည့် အဖြစ်အပျက်ကို မြင်ချင်၏။ ထိုထူးခြားသော ဆန်းကြယ်မှု ဖြစ်ရပ်ကို မည်သည့်အရာက ဖြစ်စေလဲဆိုတာ တွေးချင်သည်။ သို့သော် ကျန်သည့် အဖွဲ့သားများသည် သူအမိန့်ပေးတာကို နားမထောင်။ ဆန့်ကျင်ဘက်အနေဖြင့် သူက သူတို့ကို ကျော်ဖျက်သွားသည်နှင့် သူတို့က ချက်ချင်း လိုက်လာကြသည်။
” လိုက်မလာဖို့ ပြောခဲ့တယ် မဟုတ်ဘူးလား ”
” ခေါင်းဆောင်။ ခေါင်းဆောင်တစ်ယောက်ပဲ သိချင်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့တွေလည်း သိချင်နေတာလေ ”
ခေါင်းဆောင်က ကူကယ်ရာမဲ့သွားပြီး ရိုးရှင်းသည့် စကားတစ်ခွန်းသာ ပြောနိုင်တော့သည်။
” အာရုံစိုက်ထားကြ။ အန္တရာယ်များတာ တစ်ခုခု ဖြစ်လာခဲ့ရင် ချက်ချင်း ထွက်ပြေး။ ဘယ်သူ့မှ ကြာကြာ မနေသင့်ဘူး ”
” ဟုတ်ကဲ့ ”
လူတိုင်းက တောင်ကုန်းလေးဘေးသို့ လျင်မြန်စွာ ရောက်သွားကြသည်။ သူတို့က သစ်ပင် ပင်လယ်၏ နှလုံးသားကို မြင်တွေ့နေရပြီ ဖြစ်သည်။ သူတို့ ရောက်သွားသည့်အချိန်၌ လူတိုင်းက အံ့သြဆွံ့အနေ၏။ သူတို့သည် မဟာချီရှန်းဖြစ်သော်ငြား ထိုဆန်းကြယ်မှုရှေ့၌ သူတို့သည် မည်မျှ သေးငယ်ပြီး မည်မျှ လှောင်ရယ်စရာကောင်းကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ သူတို့က ပုရွက်ဆိတ်တစ်စုသာ ဖြစ်သည်။
သူတို့ရှေ့၌ မရေမတွက်နိုင်သော ကောင်းကင်ရတနာများက မျောလွင့်နေပြီး ထိုဧရိယာ၌ စုဝေးနေကြ၏။ ပြီးနောက် သူတို့က ရွှေရောင်အလင်းပုံရိပ်ဆီသို့ တိုးဝင်သွားကြသည်။ သူတို့က ထိုအလင်းပုံရိပ်အတွင်းတွင် ဘာရှိမှန်း ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြပေ။ သူတို့ ဝေးဝါးဝါး မြင်ရသည်ကတော့ လူတစ်ယောက်ပဲ ဖြစ်သည်။ တစ်နည်းအားဖြင့် အရာအားလုံး၏ နောက်ကွယ်တွင် ရှိသည့်သူက အမှန်တကယ် လူသားတစ်ယောက် ဖြစ်နေသည်။
ဘုရားရေ။ အဲ့ဒီလူသားက ကောင်းကင်ကို ဖီဆန်နိုင်တဲ့ အဆင့်ထိရောက်အောင် ဘယ်လောက်သန်မာတာလဲ။ သူ့ရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ပဲ အရပ်မျက်နှာအနှံ့က မရေမတွက်နိုင်တဲ့ ရတနာတွေကို အလွယ်တကူ စုစည်းနိုင်တယ်။
သူ့ကို လူသားတစ်ယောက်လို့ ခေါ်နိုင်သေးတယ်လား။
နတ်ဘုရားတစ်ပါးလို့ ခေါ်ရင် မလွန်ဘူးမလား။
ရတနာများစွာကို စုဆောင်းပြီးနောက် သူတို့ကို တစ်ချက်ကြည့်လိုက်၏။ တစ်ချက်ကြည့်ရုံကတင် မဟာချီရှန်းများ၏ ဦးရေပြားကို ထိတ်လန့်မှုကြောင့် ထုံကျင်သွားစေပြီး သူက သူတို့အားလုံးကို ဖောက်ထွင်းမြင်နိုင်သည့်ပမာ ခံစားရသည်။ သူတို့ ကွယ်ဝိုက်နိုင်သည့်အရာ တစ်စွန်းတစ်စမှတောင် ကျန်မနေတော့ချေ။ ယင်းက သူတို့ကို ပုရွက်ဆိတ်တစ်စုပမာတောင် ခံစားရစေ၏။ အတွေးတစ်ချက်ဖြင့် တစ်ဖက်သူက သူတို့ကို ပြာဖြစ်အောင် ချေမှုန်းလိုက်နိုင်သည်။
တစ်ဖက်သူက ရွှေရောင်အလင်းတန်းတွင် ရှိနေသောကြောင့် မျက်နှာသွင်ပြင်ကို မမြင်နိုင်ပေ။ ကံကောင်းသည်မှာ တစ်ဖက်သူက သူတို့ကို မတိုက်ခိုက်ခဲ့ပေ။ သူက သူတို့ကို တစ်ဖက်မျှသာ ကြည့်ပြီးနောက် လှည့်ထွက်သွားတော့၏။
တစ်ချက်လှည့်ထွက်သွားပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားတော့သည်။ မြန်ဆန်လွန်းသောကြောင့် ဘာမှ မဖြစ်ပျက်သွားသလိုပင်။
အံ့ဖွယ်ချီရှန်းအချို့ကတောင် တစ်ဖက်သူ၏ လှုပ်ရှားသွားသည့် အရိပ်အယောင်ကို မမြင်လိုက်ရပေ။ ယင်းက အိမ်မက်တစ်ခုပမာ ဖြစ်နေတော့သည်။

အပိုင်း ၂၅၉ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset