Switch Mode

Chapter – 256

ထွက်ပြေးခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၆ ထွက်ပြေးခြင်း။

” အရူး .. ငါ ဖုန်းလုံက ဘယ်လိုလုပ် ကျွန်တစ်ယောက် ဖြစ်နိုင်မှာလဲ။ ငါ့ကို မင်းတို့များ ထင်နေလား။ ငါ့ လမ်းက ဖယ် ”
ဒေါသတကြီး အော်သံဖြင့် ဖုန်းလုံက သူ၏ ခွန်အားများ ထပ်မံ ပြသပြန်၏။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ ဆယ်ကြိမ် ဆက်တိုက် ကျရှုံးမှုကို တွေ့ကြုံပြီးနောက် ဖုန်းလုံ၏ ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ပြည့်လာတော့၏။
သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များ ရောင်ကိုင်းမှုများ ရှိလာနေသည်။ အချို့နေရာ၌ သူ၏ နဂါးကြေးခွံကတောင် ခွာချခံထားရသည်။
ကျန်သည့် ကြယ်တာရာသားရဲများက သူ့ကို ဖြောင်းဖြရန် ကြိုးစားကြတော့၏။
” မင်းကိုမင်း ရိုက်နေတာ တော်လိုက်တော့။ ခဏလောက် ရပ်။ မင်း လွတ်မြောက်မှာ မဟုတ်ဘူး။ ဒီအတိုင်း ဆက်ဖြစ်ပွားနေရင် မင်း လွတ်မြောက်မှာ မဟုတ်ပဲ မင်းကိုမင်း သေတဲ့အထိ ရိုက်မိလိမ့်မယ်။ ဝမ်းနည်းစရာအကောင်းဆုံးက မင်းသေတဲ့အထိ မင်းကိုမင်း သေအောင် ရိုက်ရင်တောင် ကိစ္စမရှိဘူး။ အဲ့ဒီလူသားက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူ မင်းကို အသက်ပြန်သွင်းနိုင်ချေက ၈၀ကနေ ၉၀ရာခိုင်နှုန်း အခွင့်အရေး ရှိတယ် ”
” အဟုတ်ပဲ။ ဒါကြောင့် အခု မင်းကိုမင်း ရိုက်တာက အကျိုးမထူးဘူး။ အကြောင်းမဲ့သက်သက် နာကျင်ရုံပဲ ရှိတယ် ”
” ပါးစပ်ပိတ်ထား။ အရူးတစ်သိုက်။ ကြယ်တာရာသားရဲတွေအနေနဲ့ မင်းတို့တွေက လူသားတစ်ယောက်အတွက် မွေးမြူရေးတိရစ္ဆာန်ဖြစ်ဖို့ တကယ်ကြီး ဆန္ဒရှိတယ်ပေါ့။ မင်းတို့တွေက ကြယ်တာရာသားရဲတွေကို သိက္ခာကျစေတာပဲ။ ငါက ကျားနတ်ဘုရား လက်အောက်က မဟာစစ်သူကြီး သုံးပါးထဲက တစ်ပါးဖြစ်တဲ့ စစ်နတ်ဘုရား ဖုန်းလုံပဲ ”
” ငါက မင်းတို့ကောင်တွေလို ဘယ်လိုလုပ် မွေးမြူရေးတိရစ္ဆာန် ဖြစ်နိုင်မှာလဲ ”
” သွေးပေါက်ကွဲခြင်း နည်းစနစ် ငါ့အတွက် ဖွင့်လေရော ”
ခဏအကြာတွင် ဖုန်းလုံက သွေးပေါက်ကွဲခြင်းကို ထပ်မံ အသုံးပြု၏။ သူ့အဖို့ သွေးပေါက်ကွဲခြင်းကို အသုံးပြုချိန်၌ ထိခိုက်မှုကလည်း ကြီးမားသည်။ သို့သော် ယခုအချိန်တွင် ဤနေရာကနေ လွတ်မြောက်နိုင်ရန်အတွက် သူက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရမည်ဆိုလျှင်တောင် ဤနေရာကနေ ဖောက်ထွက်ရန် နည်းလမ်းတစ်ခု တွေးရမည်။
မိနစ်အနည်းငယ် ကြာညောင်းပြီးနောက် အမှောင်ထုက ထပ်မံ ပျော်ကွယ်သွားပြီး သွေးအဆီအနစ်များက စုဝေးလာ၏။ ဖုန်းလုံ၏ နှုတ်ခမ်းထောင့်ကအနည်းငယ် ကွေးတက်သွားတော့သည်။
အခုအချိန်မှာ သူ ဒီနေရာကနေ လွတ်မြောက်လောက်ပြီမလား။
လူသားရဲ့ ချိတ်ပိတ်ထားတဲ့ နည်းစနစ်တစ်ခုလောက်က သူ့အဆင့်မှာရှိတဲ့ ပါရမီရှင်တစ်ယောက်ကို ဘယ်လိုလို့ ပိတ်ထားနိုင်မှာလဲ။
သို့သော် သူ မပျော်နိုင်သေးခင် နောက်တစ်စက္ကန့်၌ ရင်းနှီးနေသော အသံကို ထပ်ကြားလိုက်ရသည်က သူ့ကို အိမ်မက်နတ်ဆိုးပမာ ခံစားရစေတော့သည်။
” ကြည့် … မင်းကို ပြောသားပဲ။ အသုံးမဝင်ဘူး။ ဒါပေမဲ့ မင်းက ငါပြောတာမှ မယုံတာ။ မင်းကိုမင်း အချည်းနှီး ဖောက်ခွဲမိတာပဲမလား ”
သူက ခေါင်းလှည့်လိုက်ပြီး ဆာမြူရယ်နှင့် ကျန်သည့်သူများကို မယုံနိုင်စွာ ကြည့်ပြီး ပြိုလဲသွားတော့သည်။
ဘာတွေဖြစ်ကုန်တာလဲ။ ဘာကြောင့်လဲ။
သူက ကိုယ်ပိုင် သွေးဖောက်ကွဲခြင်း နည်းစနစ်ကို သုံးခဲ့တာ သိသာနေတာပဲ။ ဒါပေမဲ့ ဒီလျှို့ဝှက်နေရာကနေ မလွတ်မြောက်နိုင်သေးဘူး။ သူ အိမ်မက်မက်နေတာလား။
ဘုရားသခင် .. ဒါက အိမ်မက်ဆိုးပဲ ဖြစ်ရမယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို မြန်မြန် နှိုးထခွင့်ပေးပါ။
ကျွန် ကျွန်တော် တကယ် မထိန်းထားနိုင်တော့ဘူး။
တစ်ဖက်တွင်မူ ချင်းနျိုက ဖုန်းလုံကို ကန်ကြောက်ခဲ့၏။ ဖုန်းလုံကို ကန်ပြီးနောက် တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးခဲ့သည်။
တစ်ဖက်သူက အလွန်အစွမ်းထက်သော်ငြား သူ့ကို အချိန်တစ်စက္ကန့်ပေးသရွေ့ သူ ကျန်းဟိုင်မြို့ထဲကနေ ထွက်ပြေးနိုင်သည်။
ဤနည်းဖြင့် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသရွေ့ ထိုလူသားဘုရင်နယ်ပယ် သိုင်းပညာရှင် ဖမ်းတာ ခံရတော့မှာ မဟုတ်ပေ။
ပြီးမှ သူသည် အာကာသစစ်မြေပြင်သို့ ပြန်သွားရန် အခွင့်အရေးကောင်းတစ်ခုယူပြီး အရှင်ကျားနတ်ဘုရားဆီသို့ သတင်းပို့မည်။
ဖုန်းလုံသည် ထိုလူသားပါရမီရှင် သတ်တာ ခံရမှာ သေချာ၏။ ထို့ကြောင့် သူက စိုးရိမ်ပူပန်မနေတော့ပေ။
အချိန်ကျလာလျှင် သူက စစ်မြေပြင်ပေါ်၌ ဖုန်းလုံ သေသွားသည့်အကြောင်းကို စီကာပတ်ကုံး ပြောပြလိုက်မည်။ ဖုန်းလုံက သူ့ကို ကယ်တင်ရန် အသက်စွန့်စားခဲ့တာ ဖြစ်၏။ သို့သော် အဆုံးတွင်မူ ဖုန်းလုံက ရှုံးနိမ့်သွားပြီး ရွေးချယ်စရာ မရှိပဲ သူကလည်း ထွက်ပြေးခဲ့ရ၏။ ယင်းက အဆင်ပြေလိမ့်မည်။
သူက ဆုလာဘ်တစ်ခုတောင် ရနိုင်လောက်သည်။ ထို့အပြင် သူက ဆုမရပင်လျှင် အရှင်ကျားနတ်ဘုရား၌ မဟာစစ်သူကြီး သုံးဦးထဲ၌ သူတစ်ယောက်သာ ကျန်တော့တာ ဖြစ်သည်။ ထို့ကြောင့် ယခုမှစပြီး သူက အရှင်ကျားနတ်ဘုရား၏ တစ်ဦးတည်းသော ညာလက်ရုံး ဖြစ်သွားလိမ့်မည်။ အရှင်ကျားနတ်ဘုရားက သူ့ကို အားမကိုးလျှင် မည်သူ့ကို အားကိုးရမည်နည်း။ ထိုအချိန်ကြ သူသည် လူတစ်သောင်း၏ အထက်တွင်ရှိပြီး လူတစ်ယောက်၏ အောက်တွင်သာ ရှိပေလိမ့်မည်။
ပြီးပြည့်စုံတယ်။
သို့သော်ငြား သူက ထိုအကြောင်းကို တွေးနေစဥ် လက်နောက်ပစ်ထားလျက် ကောင်းကင်ထဲ၌ ရပ်နေသည့် အရိပ်တစ်ရိပ်ကို တွေ့လိုက်ရသည်။ သူက သူ့ကိုသူ တည်ငြိမ်အောင် ကြိုးစားနေသည့်ပမာ လရောင်ကို မော့ကြည့်လိုက်၏။
တစ်ဖက်သူက သူ့ကို သတိပြုမိတာ သိသာသည်။
ဟန့် .. အဆင်အခြင်မဲ့တဲ့ လူသား။ ငါ လာနေတာ တွေ့တာတောင် ဘာကြောင့် မရှောင်ရတာလဲ။ မင်းက သေချင်နေတာပဲ။
ဖြစ်ချင်တာ ငါ ဒီကမ္ဘာမြေကို ရောက်လာတဲ့ အချိန်ကစပြီး ဘယ်သူ့ကိုမှ မစားရသေးဘူး။ မင်းကို စတေးမှုအနေနဲ့ အသုံးပြုမယ်။
ချင်းနျိုက ရက်စက်စွာ ရယ်မောလိုက်၏။ သူက လက်မြှောက်ကာ လက်သီးထိုးချလိုက်သည်။ လက်သီးအလင်းက နွားသိုးတစ်ကောင်ပမာ တိုးဝှေ့သွားပြီး ယင်းက အင်မတန် ခွန်အားကြီးသည်။ လက်သီးပေါ်၌ ချင်းနျို၏ ပုံရိပ်ဖျော့ဖျော့ ရှိနေသည့်ပမာ ၄င်း၏ အရှိန်အဝါက သက်တန့်တစ်စင်းပမာ ဖြစ်နေ၏။
ယင်းက သူ၏ အစွမ်းအထက်ဆုံး ဒေါသ လေ ဧကရာဇ် လက်သီးပဲ ဖြစ်သည်။
မိုးပြာနွားသိုးမျိုးနွယ်၏ လက်သီးနည်းစနစ်ထဲမှ အခွဲတစ်ခု ဖြစ်သည်။ ယင်းက မိုးကြိုးဧကရာဇ်လက်သီး၊ ဒေါသ လေ ဧကရာဇ်လက်သီး၊ မြေကမ္ဘာဧကရာဇ်လက်သီးဟူ၍ ပြောင်းလဲသွားပြီး မိုးပြာနွားသိုးမျိုးနွယ်၏ မတူညီသည့် ကျင့်စဥ်များအလိုက် ကွဲထွက်သွားသည်။ သူတို့အနက် သူ၏ ဒေါသ လေ ဧကရာဇ်လက်သီးက အင်မတန် အစွမ်းထက်သည်။ သူ၏ လက်သီးသိုင်းက အင်မတန် ပြင်းထန်ရုံသာမက ၄င်း၏ အရှိန်ကလည်း လူတစ်ယောက်ကို ကြက်သိမ်းမွေးညှင်းများ ထသွားစေလောက်သည်အထိ မြန်ဆန်သည်။
အဆင့်တူထဲတွင်ဆိုလျှင် သူ၏ လက်သီး ခံနိုင်ရည်ရှိသည့်သူက အနည်းစုသာ ရှိသည်။
ရန်သူက သေမှာ သေချာနေ၏။
သို့သော် တစ်ဖက်သူကို သူ၏ လက်သီးဖြင့်အလွယ်တကူ ထိုးနှက်ပြီး ဝါးမြိုနိုင်မည်ဟု တွေးထားမည့်အချိန်၌ မတော်တဆမှုတစ်ခုက ရုတ်တရက် ဖြစ်ပွားလာ၏။
ထိုပုံရိပ်က လက်ဖဝါးထဲ၌ ဓါးမော့တစ်လက်က ရုတ်တရက် ပေါ်လာသည်။ ပြီးနောက် နဂါးတစ်ကောင်ပမာ ပိုင်းဖြတ်လိုက်တော့သည်။ ဓါးအလင်း ဖျတ်ခနဲ ပေါ်လာပြီးနောက် ထိတ်လန့်ဖွယ် ဓါးသွား စွမ်းအားက သူ၏ လက်သီးပေါ် တိုက်ရိုက် ကျရောက်လာ၏။
ဖုန်း။
သူ့ပြိုင်ဘက်၏ ဓါးမော့အလင်းနှင့် သူ၏ ဒေါသလေ ဧကရာဇ်လက်သီးတို့က ပြင်းထန်စွာ တိုက်မိသွားပြီး ချက်ချင်းပင် ပြိုပျက်သွားတော့၏။
သူ၏ ခန္ဓာကိုယ်ထဲကို ကြီးမားလာသော သက်ရောက်အားက တိုးဝင်လာကာ သူ၏ အတွင်း ကလီစာများကို တစ်စစီ ဖြစ်သွားစေတော့သည်။ လွှဲရမ်းမှုတစ်ခုတည်းဖြင့် သူ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားစေ၏။ သူ၏ တစ်ကိုယ်လုံးက အမြှောက်ဆံပမာ လွင့်ထွက်သွားတော့သည်။
သေစမ်း။
ချင်းနျိုက လေထဲတွင် သွေးတစ်ပွက် အန်လိုက်တော့၏။ သူ၏ မျက်လုံးထဲ၌ ဇဝေဇဝါ ဖြစ်မှုများ၊ မယုံနိုင်မှုများ ပြည့်နေသည်။
ယခုအချိန်တွင်တောင် သူက ယင်းက သေးငယ်သည့် ကျန်းဟိုင်မြို့လေးလားဆိုတာ နားမလည်နိုင်သေးပေ။ ဤနေရာသည် လူသားမျိုးနွယ်၏ စူပါမြို့ကြီးများထဲမှ တစ်မြို့မဟုတ်ပေ။ ဤနေရာက သူ၏ကိုယ်ပိုင် နယ်မြေလောက်တောင် မကြီးမားပေ။ သို့သော် ဤကဲ့သို့ နေရာသေးလေး၌ ထိုမျှ များပြားသည့် သိုင်းပညာရှင်များ အဘယ်ကြောင့် ရှိနေရသနည်း။ တစ်ယောက်စီတိုင်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည်။ သူသည် ခွန်အားကြီးသည့် အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင် ဖြစ်၏။ ထိုသို့တိုင် တစ်ဖက်သူကို အဘယ်ကြောင့် မခုခံနိုင်ရသနည်း။
ကောင်းကင်ဘုံသည် ယနေ့ည သူ့ကို ကျီစယ်ရန် ရည်ရွယ်ထားသည်လော။ ထိုပုံရိပ်က လှုပ်ရှားလာပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် စတင်တုန်ယင်လာတော့သည်။
သေစမ်း။ အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင် ဤနေရာမှာ ရုတ်တရက် ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ငါ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအားတွေက ။ ဒါက ငါ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအားတွေကို တုန်လှုပ်သွားစေတာ။
ဒီနေရာမှာ ငါ့စိတ်ငြိမ်အောင် လုပ်ပြီး ငါ့ရဲ့ ဝိညာဥ်ကို အားဖြည့်ဖို့ လရောင်ရဲ့ အဆီအနစ်ကို ချေးငှားရတာ လွယ်တာ မဟုတ်ဘူး။ အခုတော့ နတ်ဆိုးကောင်က ထပ်ပြီး မွှေနှောက်လိုက်ပြန်ပြီ။ ငါ ဒါကို အပြည့်အဝ ဖိနှိပ့်ထားရမယ်။ မဟုတ်ရင် ငါ လီလျိုဆွေ့က သတ်ဖြတ်ခြင်း နတ်ဆိုးအဖြစ် ပြောင်းလဲသွားပြီး စီရင်စု ၉ခု ကို ထိခိုက်စေလိမ့်မယ်။
ထိုသို့ပြောဆိုပြီးနောက် သူက ချက်ချင်းပင် သူ၏ လက်ကောက်ဝတ်ပေါ်ရှိ ဗုဒ္ဓပုတီးကို သုံးပြီး ၄င်းကို ဖိနှိပ့်လိုက်၏။ သူက ဗုဒ္ဓကျမ်းစာများကို တိတ်တဆိတ် ရွတ်ဖတ်နေပြီးနောက် သူ့ရင်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်လိုက်လေ၏။
တစ်ဖက်တွင်မူ ချင်းနျိုက ကျန်းဟိုင်မြို့ထဲရှိ နေရာတစ်ခုကို ပြုတ်ကျသွားပြီး ရုတ်တရက် မြေပြင်ပေါ်၌ တွင်းကြီးတစ်တွင်း ဖြစ်သွားတော့သည်။
ဖုန်း။
ဖူး။
သူက ပါးစပ်အပြည့် သွေးတစ်ပွက် အန်တော့သည်။ သူ့၌ ရွေးချယ်စရာ မရှိပေ။ ထိုဓါးမော့က သူ၏ လက်သီးကို ထိသွားပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်များကို မွှေနှောက်သွားကာ ဝိညာဥ်စွမ်းအင်များကို ထိန်းချုပ်မှု ကင်းမဲ့သွားစေပြီး သူ့အတွင်း ကလီစာများကို တစ်စစီ ဖြစ်သွားစေကာ သူ့ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် သွားစေ၏။
ယခုအချိန်တွင် သူက ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင်ပမာ အားနည်းနေပြီး အစောတုန်းက လူသားသိုင်းပညာရှင် နှစ်ယောက်နှင့် တွေ့လျှင် ပြောရန် မလိုတော့ချေ။
သူက လူသားချီရှန်းလေးတစ်ယောက်နှင့် တွေ့ပင်လျှင် ပြေးစရာ မြေမရှိပဲ သေသွားနိုင်၏။
မဟုတ်ဘူး။ ငါ ဒီအတိုင်း ထွက်သွားလို့ မရဘူး။ ငါ့ရဲ့ လက်ရှိ ခွန်အားကြောင့် လူသားချီရှန်းတွေတောင် ငါ့ကို သတ်နိုင်နေပြီ။
ငါက လူသားချီရှန်းလေးတစ်ယောက်ရဲ့ လက်ထဲမှာ သေရမယ်ဆိုရင် ငါ ခွန်အားနတ်ဘုရား ချင်းနျိုက ကြယ်ဆုံသောကောင်းကင် တစ်ခုလုံးထဲမှာ ဟာသဖြစ်သွားမှာ မဟုတ်ဘူးလား။
မရဘူး။ ဒါမျိုး ဘယ်တော့မှ မဖြစ်စေရဘူး။
သူက ရှေးဦးစွာ ပုန်းရန်အတွက် နေရာတစ်နေရာ ရှာချင်၏။ သူ၏ ကျင့်ကြံဆင့်အချို့ ပြန်ရအောင် ဖြည့်ပြီးမှ ဤနေရာကနေ ချက်ချင်း ထွက်ပြေးပြီး သူ့ဒဏ်ရာများကို ကုသရန် အရှင်ကျားနတ်ဘုရားကို ရှာဖို့ အာကာသစစ်မြေပြင်သို့ သွားမည်။
ထိုစဥ် သာယာငြိမ့်ညောင်းသော တေးသံက ရုတ်တရက် ပေါ်ထွက်လာ၏။
ပန်းလေးတွေ ခူးရတာ ငါ ပျော်တယ်။ ငါ ခူးထားတဲ့ ပန်းတွေက သန်မာတယ်။
သေစမ်း။ ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်နိုင်မှာလဲ။ ဒီနေရာက အဝေးကြီးပဲဆို သူက လူသားတစ်ယောက်နဲ့ ဘယ်လိုလုပ် တွေ့ရတာလဲ။
ချင်းနျိုသည် သွေးတစ်ပွက်အန်ပြီးနောက် လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။ သူ၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နေသည်။
သို့သော် ခဏအကြာတွင် တစ်ဖက်သူက သူ၏ မြင်ကွင်းထဲ ဝင်လာချိန်၌ သတ်ဖြတ်လိုစိတ်က ရုတ်တရက် ပျောက်ကွယ်သွားလေ၏။ ထိုမျှမက ညအချိန်တွင် သူက ပျော်ရွှင်စွာတောင် ရယ်မောလိုက်သေး၏။ အကြောင်းမှာ တစ်ဖက်သူ၏ ခေါင်းပေါ်၌ ကြောင်နှစ်ရွက်တစ်စုံ မြင်လိုက်ရသောကြောင့် ဖြစ်သည်။ သူမ တင်ပါးနောက်၌ အမြီးရှည်ကတောင် ထွက်နေ၏။ ထိုသူက လူသားတစ်ယောက် မဟုတ်ပေ။
ဟား ဟား ဟား။ သူက လူသား မဟုတ်ဘူး။ တကယ်ကြီး ကြယ်တာရာသားရဲပဲ။
ကောင်းကင်ဘုံက ငါ့ကို တကယ် ကူညီပေးနေတာ။
သူက အဲ့ဒီ ကြယ်တာရာသားရဲကို တွေ့ပြီဆိုတော့ သူ့ဒဏ်ရာ ကုသပေးအောင် အကူအညီ တောင်းလို့ရတယ်။ သူတို့နှစ်ယောက်လုံး ကြယ်တာရာသားရဲတွေဆိုတော့ သူမက သူ့ကို သေချာပေါက် ငြင်းမှာ မဟုတ်ဘူး။
သူ့ခွန်အား နည်းနည်းလောက် ပြန်ရအောင် ကူညီပေးနိုင်ရင် သူက ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းဖြစ်နေရင်တောင် ပို့ဆောင်ရေး အစီအရင်ကို အသက်သွင်းနိုင်မှာ။
ထိုအချိန်ကျလျှင် သူက အာကာသစစ်မြေပြင်သို့ အလွယ်တကူ ပြန်ပြေးသွားနိုင်ပြီ ဖြစ်သည်။ သူကယ်တင်ခံရပြီး ထွက်ပြေးနိုင်တော့မည်ဟု ဆိုလိုတာလည်း ဖြစ်၏။ ထိုအကြောင်းကို တွေးမိပြီး သူက ချက်ချင်း ထရပ်ကာ သူ၏ ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တောင့်ခံလျက် တစ်ဖက်သူဆီ တိုးဝင်သွားလိုက်သည်။
” မိတ်ဆွေလေး ဒီမှာ ဟော့ဒီက ဟော့ဒီက ”
ပန်းခူးတော့မည့် ဟွမ်လျိုလီက တစ်ဖက်သူကို မြင်သောအခါ ထိတ်လန့်သွားမ်၏။
” ဒါက ကြယ်တာရာသားရဲတစ်ကောင်လား။ လခွမ်း ”
သူမက မကျိန်ဆဲပဲ မနေနိုင်တော့ချေ။
တစ်ဖက်သူ၏ အရှိန်အဝါက မူမမှန်ကြောင်း သူမ အာရုံခံမိနေသောကြောင့် ဖြစ်သည်။
တစ်ဖက်သူသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသော်ငြား သူ၏ အရှိန်အဝါက အတော်လေး သက်ရောက်နေသေးပြီး ဟွမ်လျိုလီက တစ်ဖက်သူ၏ အရှိန်အဝါသည် ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်း အထွတ်အထိပ်ထက် အထက်တွင်ရှိကြောင်း ပြောနိုင်၏။
အစွမ်းထက်လိုက်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ပဲ။ ဒီလူက နော့ဖစ်နဲ့ ဆာမြူရယ်ထက် ပိုသန်မာတယ်။
ယခုအချိန်တွင် အားနည်းနေသည့် သူက လက်သည်းကို ဝှေ့ရမ်းလိုက်၏။
ထိုကြယ်တာရာသားရဲ၏ ခွန်အားက အလွန်သန်မာနေပြီ ဖြစ်သည်။ ခုနတုန်းက ဒဏ်ရာရထားသောကြောင့် သိပ်သန်မာတော့မှာ မဟုတ်ပေ။ ထိုအရာကို သူမ သခင်အား ပေးခဲ့လျှင် သူမ သခင်က ၄င်းကို ကုသပြီး မွေးမြူရေးကွင်းထဲ ပစ်ထည့်လိမ့်မည်။
ယင်းက သူ့အတွက် အကျိုးထူးဆောင်ပေးတာ မဟုတ်ပါလော။ သူမ သခင် ပျော်ချိန်၌ သူသည် သူမကို တစ်ခုခုဖြင့်တောင် ဆုပေးနိုင်လောက်သည်။ ထိုအချိန်တွင် ချင်းနျိုက သူမဆီ ပြေးဝင်လာပြီ ဖြစ်သည်။
” မိတ်ဆွေလေး … ငါတို့အားလုံး ကြယ်တာရာသားရဲတွေပဲ။ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါဦး။ ငါ လူသားတွေကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ။ ငါ့ရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ ကူညီပေးမယ်ဆိုရင် ငါ မင်းကို ကျေးဇူးတင်မိမှာပါ။ ဆုလာဘ်က မင်း မှန်းဆနိုင်တာထက် ပိုတယ် ”
” ဟီး ဟီး ဟီး။ နင်က အကြီးမားဆုံး ငွေပေးချေမှုပဲ ”
ထိုသို့ပြောပြီးနောက် သူမ၏ လက်သည်းများကို ဆန့်ထုတ်လိုက်တော့သည်။

အပိုင်း ၂၅၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset