စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၅ လှောင်အိမ်ထဲ မြန်မြန်ဝင်။
” သေစမ်း။ နောက်ဆုတ် ”
ချက်ချင်းဆိုသလိုပင် ဖုန်းလုံက တုံ့ပြန်ပြီး ချင်းနျိိုကို နောက်ဆုတ်ဖို့ ခေါ်လိုက်လေ၏။ ထိုစဥ် မတော်တဆမှုက ရုတ်တရက် ဖြစ်ပွားလာလေ၏။
ဖုန်းလုံက လှည့်ပြေးတော့မည့် အချိန်၌ သူ၏နောက်ကျောကနေ ကြီးမားသည့် ဖိအားက ရုတ်တရက် ပေါ်ထွက်လာ၏။ ယင်းက ချင်းနျိုပဲ ဖြစ်သည်။
သေစမ်း။
ခွေးသား။ ဒီလို အရေးကြီးတဲ့ အခြေအနေမှာ နောက်ကနေ တိုက်ခိုက်တယ်ပေါ့။
သူသာ နောက်ကျောက ရုတ်တရက် တိုက်ခိုက်လျှင် ခန္ဓာကိုယ်ကို ယာယီ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပေလိမ့်မည်။ သူ လွတ်မြောက်နိုင်တော့မှာ မဟုတ်ပေ။
ချင်းနျိုက ယင်းကို အခွင့်ကောင်းယူပြီးနောက် အလင်းစီးကြောင်းအသွင် ပြောင်းလဲပြီး သူ ရှိနေသည့် နေရာကနေ လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။
ဖုန်းလုံသည် ချင်းနျို၏ ဘိုးဘေး၁၈ဆက်ကို သူ့စိတ်ထဲ၌ ကျိန်ဆဲနေတော့သည်။ ထိုသို့တိုင် အခြေအနေကို သူ မပြောင်းလဲနိုင်ပေ။
သူက ကျန်းချန်နှင့် နီးကပ်လွန်းနေ၏။
အင်အားကြီးသည့် အံ့ဖွယ်သားရဲတစ်ကောင်ကတောင် ထိုကဲ့သို့ အကွာအဝေးကို ရှောင်တိမ်းနိုင်မှာ မဟုတ်လေရာ အံ့ဖွယ်သားရဲနယ်ပယ်သို့ မရောက်သေးသည့် သူ၏ ကျင့်စဥ်ဖြင့်ဆို ပြောနေရန် မလိုတော့ချေ။ သူက အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင်သာဖြစ်သည်။
သေစမ်း။
ရွေးချယ်စရာ မရှိတော့ပဲ သူ၏ လက်သည်းသိုင်းကို သုံးလိုက်၏။ သူက တစ်ပြိုင်နက်တည်း လက်နှစ်ဖက်ကို သုံးပြီး တိုက်ခိုက်လိုက်ကာ သူနှင့် ကျန်းချန်ကြားရှိ နေရာလပ်တစ်ခုကို ဖန်တီးရန် ကြိုးစားလိုက်တော့၏။
ကံဆိုးသည်မှာ သူ၏ ခွန်အားသည် သန်မာသော်ငြား ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ရှေ့တွင် ဘာမှမဟုတ်ပေ။ ကျန်းချန်က လက်သီးဖြင့် ထိုးချလိုက်လေ၏။
ယင်းက ရိုးရှင်းသည့် လက်သီးတစ်ချက်ဖြစ်သော်ငြား သန်မာသည့် စွမ်းအားက အတွင်း၌ ပါဝင်နေလေသည်။ ပတ်ဝန်းကျင် ဝိညာဥ်တန်းစွမ်းအားများကို ဖရိုဖရဲ ဖြစ်သွားစေ၏။
ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ခွန်အားက အစွမ်းထက်လွန်းသည်။ သူက သာမန်လူသားများနှင့် သာမန်ကြယ်တာရာသားရဲများ၏ အကန့်အသတ်ကို အပြည့်အဝ ကျော်လွန်နေပြီ ဖြစ်သည်။ သူသည် သိုင်းပညာရှင်များ၏ ဒိုင်ဗေးရှင်းအဆင့်ဟု ပြောလျှင် ချဲ့ကားရာ ရောက်မှာ မဟုတ်ပေ။
ဖုန်းလုံက ထုတ်ဖော်လိုက်သည်။ စွမ်းအားများသည် ချက်ချင်း ပြိုကွဲသွား၏။
ထိုတင်မက သူ၏ လက်ဖဝါးနှင့် လက်ကလည်း အင်မတန် ပြင်းထန်လွန်းသည့် ခွန်အားကြောင့် သွေးမြူအဖြစ် ချက်ချင်း ပေါက်ကွဲသွား၏။ ထိုအတိုင်း ဆက်မဖြစ်ပွားပေ။ သူက ဆက်လက် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေခဲ့လျှင် သူ၏ ခန္ဓာကိုယ်ကပေါက်ကွဲသွားလောက်ပေ၏။
ပြီးနောက် သူ အမှန်တကယ် ကံဆိုးမိုးမှောင်ကျလိမ့်မည်။ ကျားနတ်ဘုရားတောင် သူ့ကို မကယ်တင်နိုင်လောက်ပေ။
သေရေးရှင်ရေး အခြေအနေ၌ သူက ထွက်ပြေးရန် လျှို့ဝှက်သိုင်းဖြစ်သည့် သွေးပေါက်ကွဲခြင်းကို အသုံးပြုခဲ့၏။ ချက်ချင်းပင် သူ့တစ်ကိုယ်လုံးက သွေးမြူတစ်ခုအဖြစ် ပေါက်သွား၏။ သွေးမြူက ပေါ်ပေါက်လာသည်နှင့် ၄င်းက ငွေ့ရည်ပျံသွားကာ ပျောက်ကွယ်သွားတော့သည်။
ကျန်းချန်က ထိုးနှက်တာ ရပ်တန့်လိုက်လေ၏။ သူက မျက်မှောင်ကျုံ့မိသွား၏။
သေစမ်း။ သူက ဒီလို လျှို့ဝှက်သိုင်းမျိုး သိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ သူက သွေးပေါက်ကွဲခြင်းကို သုံးလိုက်တာနဲ့ တခြားနေရာကို ချက်ချင်း ရွှေ့ပြောင်းနိုင်မှာ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလိမ့်မယ်။
သူ့ကိုသူသာ ကျိန်ဆဲမိသွား၏။ သူက သူ့ကိုသူ အတော်လေး ရက်စက်ပေ၏။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခါနီး စွန့်စားခဲ့သည်။
သူက ငါ့လက်သီးက လွတ်မြောက်အောင် သွေးပေါက်ကွဲခြင်းကို သုံးခဲ့တာပဲ။
လျိုချန်စွင်းသည် နှလုံးခုန်နှုန်း ရပ်တန့်သွားသည့်ပမာ နှလုံးသည် အပြင်ဘက်သို့ ဆန့်တန်းလာသည်ဟု ထင်မှတ်ရသည်။
သိပ်အစွမ်းထက်တယ်။ သိပ်အစွမ်းထက်တာပဲ။
အံ့ဖွယ်အဆင့်အောက် သားရဲအဆင့်တွင် ရှိသည်။
မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်သည့်သူနှစ်ဦး ဖြစ်သည်။ ထိုလူများသည် သူတို့ကို ပုရွက်ဆိတ်ပမာ အလွယ်တကူ သတ်ဖြတ်နိုင်သူများ ဖြစ်သည်။ ထိုသို့တိုင် တစ်ကွက်တည်းဖြင့် ကျန်းချန်ကို ရှုံးနိမ့်သွား၏။ သူတို့ထဲမှ တစ်ယောက်ကဆို ကျန်တစ်ယောက်ကို ထိခိုက်အောင်လုပ်ပြီး ထွက်ပြေးသွားခဲ့သည်။ နောက်တစ်ယောက်က သွေးပေါက်ကွဲခြင်းကို အသုံးပြုခဲ့၏။ ယင်းက သူတို့၏ အကန့်အသတ်ပဲ ဖြစ်သည်။
သို့သော်ငြား ကျန်းချန်က သူ၏ အကန့်အသတ်ကို မသုံးခဲ့ပေ။
” ဒါရိုက်တာ … ဒါရိုက်တာကျန်း။ သူတို့နောက်ကို မလိုက်သင့်ဘူးလား။ သူတို့ကို တိုက်ခိုက်ခဲ့မယ်ဆိုရင် သူတို့ကို ဖမ်းမိပြီး သတ်ဖို့က ပြဿနာ မဟုတ်လောက်ဘူး ”
ကျန်းချန်က မဖြေပေ။
လျိုချန်စွင်းပြောတာ မှန်ပေ၏။ သူ၏ ခွန်အားဖြင့်သူသည် သွေးပေါက်ကွဲခြင်း ကျင့်စဥ်ကို အသုံးပြုသွားခဲ့သော ချင်းနျိုကို လိုက်မှီနိုင်လောက်၏။
ယင်းက အသေးအမွှားပဲ ဖြစ်သည်။ သို့သော်ငြား သွေး ပေါက်ကွဲခြင်းကို အသုံးပြုသွားခဲ့သည့် ဖုန်းလုံကို လိုက်မှီနိုင်လောက်သည်။ သို့သော်ငြား ချင်းနျိုကို လိုက်ဖမ်းဖို့က ခက်ခဲလိမ့်မည်။ သို့သော် သူက ထိုနှစ်ယောက်ကို ဖြေရှင်းဖို့ ဤနေရာသို့ ရောက်လာတာ မဟုတ်ပေ။
သူ၏ အစစ်အမှန် တာဝန်က သူ့နောက်ရှိ စာကြည့်တိုက်ကို စောင့်ကြပ်ပေးရန် ဖြစ်သည်။ စာကြည့်တိုက်ထဲတွင် အလွန်အရေးပါသည့် တစ်စုံတစ်ခု ရှိနေ၏။ ၄င်းကို သူ ပျောက်ဆုံးသွားခဲ့လျှင် ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် သူသည် အံ့ဖွယ်အဆင့်အောက် သားရဲနှစ်ကောင်ကို အမဲလိုက်ရန်အတွက် စာကြည့်တိုက်ကို လျစ်လျူမရှုထားနိုင်ပေ။
” ထားလိုက်တော့။ သူတို့ ထွက်သွားပြီပဲ။ သူတို့ကို ငါ လိုက်မှီမယ် မထင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စီရင်စု၉ခုထဲမှာ တခြားအစွမ်းထက်တဲ့သူတွေ ရှိနေတာပဲ။ သူတို့ကို တာဝန်ယူခိုင်းလိုက်မယ် ”
ပြီးနောက် ကျန်းချန်က လှည့်ထွက်သွားပြီး စာကြည့်တိုက်ထဲ ဝင်သွားလေ၏။ သူက စာကြည့်တိုက်ထဲ မရောက်ခင် သတင်းစကားတစ်ခု ချန်ခဲ့၏။
” ဒီည ဖြစ်ခဲ့တာကို တတိယလူကို မသိစေချင်ဘူး။ တတိယမြောက်လူက ရှာတွေ့သွားပြီဆိုတာနဲ့ မင်း နောက်ဆက်တွဲကို ခံစားရမယ် ”
လျိုချန်စွင်းက စိတ်နှလုံးတုန်လှုပ်သွား၏။ သူက ချက်ချင်း ပြောလိုက်သည်။
” ဒါရိုက်တာ စိတ်မပူပါနဲ့။ ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဘူးလို့ ကျုပ်ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ ရင်းပြီး ကျိန်ဆိုပါတယ်။ ကျုပ် လျိုချန်စွင်းက စကားများတတ်တဲ့သူ မဟုတ်ဘူး ”
ကျန်းချန်က ခေါင်းညိတ်ပြီးနောက် စာကြည့်တိုက်ထဲ လျှောက်သွားလိုက်၏။
သူ စာကြည့်တိုက်ထဲ ဝင်သွားသည်နှင့် လျိုချန်စွင်းက ဖုန်းထုတ်ကာ ယဲ့ရှောင်ကို ဆက်သွယ်လိုက်သည်။
သူသည် ယခင်က ဖုန်းကို မည်ကဲ့သို့ အသုံးပြုရမည်မှန်း မသိခဲ့ပေ။ သူ၏တပည့် ဖျောင်ကျန့်ရှန်က သူ့အတွက် ဝယ်လာပေးတာပဲ ဖြစ်သည်။
ဖျောင်ကျန့်ရှန်နှင့် ယဲ့ရှောင်၏ နံပါတ်တို့သာလျှင် မှတ်ထားလေ၏။
” ယဲ့ရှောင် မင်းကို ငါ အရေးကြီးတစ်ခုခု ပြောစရာရှိတယ် ”
” နောင်ကြ ဒါရိုက်တာ အသစ်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ ဘာမှ မဆွေးနွေးနဲ့ ဂရုစိုက်။ ဘာမှ မရှိရင် ဂရုစိုက်ဦး ”
” သူ့ရဲ့ အထောက်အထားက အပေါ်ယံမှာ မြင်ရတာလောက် မရိုးရှင်းဘူး။ သူ့ရဲ့ စစ်မှန်တဲ့ အထောက်အထားက နေလိုလလို ကောင်းကင်ထဲက ကြယ်တွေလို။ ငါတို့နှစ်ယောက်အတွက် မြင့်မားလွန်းတယ်။ ငါတို့တွေ သတိထားတာ ပိုကောင်းမယ်။ သူ့ကို ရန်မစနဲ့။ မဟုတ်ရင် မင်း ဘယ်လိုသေသွားမှန်းတောင် သိမှာ မဟုတ်ဘူး ”
သို့သော် သူက စာရိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားကာ စကားလုံးတစ်လုံး ဖျက်လိုက်၏။ သူက စိတ်လှုပ်ရှားလွန်းနေခဲ့သည်။ သူ မေ့ခါနီးပါး ဖြစ်သွား၏။
ဤအရေးကိစ္စကို မည်သူ့ကိုမှ ထုတ်မပြောဟု ဒါရိုက်တာကို သူ ကတိပေးခဲ့တာပဲ ဖြစ်သည်။ ထိုစဥ် ဖုန်းဖန်သားပြင်ကနေ အသံတစ်သံက ရုတ်တရက် ပေါ်လာ၏။ ယဲ့ရှောင်ထံမှ စာဖြစ်သည်။
” ဘာကိစ္စလဲ ”
” ဘာမှမဟုတ်ဘူး။ ဒီည မင်းကို အစာပြေ လိုက်ကျွေးမလို့။ ဒါပေမဲ့ သေချာတွေးပြီးတော့ နောက်ကျနေပြီမှန်း သိလိုက်ရတယ်။ အချိန်မရှိလောက်ဘူး။ ထားလိုက်တော့ ”
” ကျွန်တော့်မှာ အချိန်ရှိတယ် ”
” ထားလိုက်တော့။ ငါ ရုတ်တရက်ကြီး မစားချင်တော့ဘူး ”
တစ်ဖက်တွင်မူ ဖုန်းလုံသည် အမှောင်ထုထဲကနေ သူ၏ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း သိပ်သည်းလိုက်တော့၏။
ဟူး။
သူက လေများ မှုတ်ထုတ်လိုက်ပြီး သူ၏ အမူအယာက ချက်ချင်းပင် ပြေလျော့သွားလေ၏။
အဲ့ဒီ သေသင့်တဲ့ ချင်းနျိုက ငါ့ကို သတ်လုနီးပါးပဲ။ ကံကောင်းလို့ ငါ့မှာ သွေးပေါက်ကွဲခြင်းကျင့်စဥ် ရှိနေတာ။ ဒါကြောင့် အချိန်တိုအတွင်း တခြားနေရာကို ရွှေ့ပြောင်းနိုင်ခဲ့တာလေ။ မဟုတ်ရင် ခုနတုန်းက အဲ့ဒီလူရဲ့ လက်သီးနဲ့ ငါသေရွာကို ရောက်လောက်ရောပေါ့။
သို့သော် ထိုစဥ် ရင်းနှီးနေသော အသံတစ်သံက နားထဲ ကြားလိုက်ရ၏။
” ဖုန်းလုံ မင်းက ဖုန်းလုံလား။ ဘာကြောင့် ဒီရောက်နေတာလဲ ”
ဘာကြောင့် ဒီအသံက ဒီလောက် ရင်းနှီးနေရတာလဲ။
သာက လှည့်ကြည့်လိုက်ရာ ချက်ချင်း အံ့သြဆွံ့အသွား၏။
ဘာတွေဖြစ်နေတာလဲ။ သူ ဘယ်နေရာကို ပို့ဆောင်ခံလိုက်ရတာလဲ။ ဒီနေရာမှာ ဒီလောက်များတဲ့ ကြယ်တာရာသားရဲတွေ ဘာကြောင့် ရှိနေရတာလဲ။ ဒါ့အပြင် အားလုံးက အံ့ဖွယ်အဆင့်အောက် ကြယ်တာရာသားရဲတွေလား။ ကြယ်ဆုံသော ကောင်းကင်ထဲကို ပို့ဆောင်ခံလိုက်ရတာများလား။
မဟုတ်သေးဘူး။ သူ့ရဲ့ သွေးပေါက်ကွဲခြင်း ကျင့်စဥ်က အဝေးလောက်ပဲ ရွှေ့နိုင်တာ။ ဘယ်လိုလုပ် အကွာအဝေးကျယ်ကို သွားနိုင်မှာလဲ။
ဒါက အာကာသစစ်မြေပြင် မဟုတ်ဘူး။
ထိုစဥ် သူက ဆာမြူရယ်၊ စူဇန်၊ မော့ယွီနဲ့ ကျန်သည့် သံမဏိကျွဲရိုင်းကိုလည်း သတိပြုမိသွား၏။
” နောက်ဆုံးတော့ မင်းတို့တွေကို ရှာတွေ့ပြီ။ မင်းတို့ကောင်တွေ ဘာကြောင့် ဒီမှာ စုနေတာလဲ။ အရှင်ကျားနတ်ဘုရားက မင်းကို အကြိမ်ပေါင်းများစွာ ခေါ်နေတာ။ ဘာကြောင့် မဖြေရတာလဲ ”
” ပြီးတော့ သူတို့က ဘယ်သူတွေလဲ။ မင်းတို့ အရှင်ကျားနတ်ဘုရားကို သစ္စာဖောက်ဖို့ စဥ်းစားနေတာလား ”
ဖုန်းလုံက မေးခွန်းများ ဆက်တိုက်မေးပြီး သူ၏ မျက်နှာက အေးစက်လာလေ၏။
ယခုအချိန်တွင် သူ့ကို မည်သူမှ မဖြေပေ။ ကြယ်တာရာသားရဲများက သူ့ကို ဆွံ့အပြီး ဂရုဏာသက်နေသော အမူအယာဖြင့်သာ ကြည့်နေ၏။ တစ်ချိန်တည်းတွင် သူတို့၏ မျက်လုံးထဲ၌ သံသယရိပ် တစ်စွန်းတစ်စ ရှိနေသည်။
သူဆို့ စကားမပြောတာကို ပြောသောအခါ ဖုန်းလုံ၏ အမူအယာက ပိုတောင် ရုပ်ဆိုးသွားလေ၏။
” ဆာမြူရယ် … ငါ မေးတာကို မင်း ဘာကြောင့် မဖြေတာလဲ ”
ဆာမြူရယ်က ပြောလိုက်၏။
” ကျုပ် မေးချင်နေတာ။ ခင်ဗျား ပါရမီရှင် သိုင်းပညာရှင်တစ်ယောက်နဲ့များ တွေ့ဆုံခဲ့လား။ အရမ်းအရမ်းအစွမ်းထက်တဲ့ လူသားတစ်ယောက်လေ ”
ဖုန်းလုံက ခေါင်းညိတ်၏။
” တွေ့ခဲ့တော့ ဘာဖြစ်လဲ ”
” ဒါဆို မင်းရဲ့ လျှို့ဝှက်သိုင်းကို အသုံးပြုပြီး သွေးပေါက်ကွဲ လျှို့ဝှက်သိုင်း ကျင့်စဥ်ကို သုံးခဲ့တာလား။ မင်း ဒီအကွာအဝေးကို နေရာရွှေ့ပြောင်းလိုက်တာလား ”
” အဟုတ်ပဲ ”
” ဟူး ”
ဆာမြူရယ်က သက်ပြင်းချလိုက်၏။ သူက ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း မြင်သွားတာ ဖြစ်ဟန်တူသည်။
အရှင်ကျားနတ်ဘုရားသည် သူတို့ထဲမှ အချို့ ပြန်မရောက်လာတာကို မြင်သောအခါ သု့ကို ရှာဖို့ ဖုန်းလုံကို ပို့ခဲ့တာ ဖြစ်ဟန်တူ၏။ ဆိုရလျှင် ဖုန်းလုံက အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင် ဖြစ်သည်။ သို့သော် ယဲ့ရှောင်က ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီးသားပင်။ ထို့ကြောင့် သူသည် ယဲ့ရှောင်ကို သေချာပေါက် အနိုင်မယူနိုင်ပေ။
ထို့ကြောင့် သွေးပေါက်ကွဲခြင်း ကျင့်စဥ်ကို အသုံးပြုခဲ့၏။ အဆုံးတွင်မူ ဝိညာဥ်စုစည်းခြင်း အစီအရင်ထဲ သူ့ကိုသူ မတော်တဆ ရွှေ့ပြောင်းမိသွားသည်။
ဒီအရူးက ယဲ့ရှောင်ရဲ့ မွေးမြူရေးခြံထဲ ကျရောက်နေပြီဆိုတာ မသိသေးတဲ့ပုံပဲ။ ဒီကို လာပြီး သူတို့ကို မေးခွန်းထုတ်ရဲသေးတယ်ပေါ့။
သို့သော်ငြား ထိုလူသည် ကံဆိုးလှသည့် အရူးတစ်ယောက်ဟုသာ သတ်မှတ်၍ ရသည်။ မည်သည့်နေရာသွားသွား ရသော်ငြား ဤကဲ့သို့ နေရာကောင်းကိုမှ ရောက်လာသည်။ သူက အသက်ပြင်းပြင်း ရှူပြီးနောက် ဆာမြူရယ်သည် ပြုံးပြီး ပြောလိုက်၏။
” ဖုန်းလုံ ကြိုဆိုပါတယ်။ ယဲ့ရှောင်ရဲ့ ကြယ်တာရာသားရဲ မွေးမြူရေးခြံထဲကို ဝင်ပြီး ဒီမွေးမြူရေးခြံထဲက ၁၂ကောင်မြောက် မွေးမြူရေးတိစ္ဆာန် လုပ်လိုက်တော့။ ဒီမွေးမြူရေးခြံက ချဲ့ထွင်ခါစ။ အထဲမှာ နေရာလွတ်တွေ အများကြီးရှိတယ်။ မင်းအတွက် အသိုက်တစ်ခု အခု ရွေးလို့ရပြီ ”
” ဘာ ”
” မင်း စိတ်လွတ်သွားပြီလား။ ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ။ အရှင်ကျားနတ်ဘုရားနဲ့ တွေ့ဖို့ ငါ့နောက် ချက်ချင်းလိုက်ခဲ့ ”
ဆာမြူရယ်က ပခုံးတွ့န်လိုက်၏။
” ငါ မထွက်သွားနိုင်ဘူး။ မင်း ဒီနေရာကို လာသရွေ့ မင်းက ငါတို့လိုပဲ အဲ့ဒီလူသားရဲ့ မွေးမြူရေး တိရစ္ဆာန် ဖြစ်လာမှာ ”
” မင်းက တကယ်ရူးနေတာပဲ။ မင်းရဲ့ ဦးနှောက်ထဲ ရေတွေ ပြည့်နေတာကိုး။ မင်းကို ဖမ်းခေါ်သွားပြီးရင် ဖြေရှင်းဖို့ အရှင်ကျားနတ်ဘုရားဆီ မင်းကို အပ်မယ် ”
ဆာမြူရယ်က ပခုံးထပ်တွန့်လိုက်ပြန်၏။
” မင်း ငါ့ကို ဖမ်းစရာ မလိုဘူး။ ငါ့ကို အဝေးခေါ်သွားနိုင်ရင် မင်းနောက် အချိန်မရွေး လိုက်မယ်။ အရင်ဆုံး ကြိုးစားကြည့်လိုက်လေ။ ဒီနေရာက ထွက်နိုင်မလားလို့ ”
ဖုန်းလုံက နှာခေါင်းရှုံ့လိုက်၏။
” အရူး … ဒါက သီးသန့်သိုလှောင်နယ်မြေလေးပဲလေ။ သူက ငါ့ကို တားနိုင်မယ်လို့ ထင်နေလား။ ငါ့အတွက် ဖွင့်လေရော ”
တင်းမာသည့် အော်သံတစ်ချက်ဖြင့် ဖုန်းလုံသည် သူ၏ ဝိညာဥ်စွမ်းအား အကုန်ကို ထုတ်သုံးကာ အလင်းစီးကြောင်းအသွင် ပြောင်းလဲပြီး ကောင်းကင်ထဲကို သွားလိုက်လေ၏။
ထျန်း။
ကြမ်းတမ်းသည့် ပေါက်ကွဲသံနှင့်အတူ ဖုန်းလုံသည် နူးညံ့သော ရွှံ့အိုင်အဖြစ် အသွင်ပြောင်းလဲပြီး သူ့ပေါ် ပြုတ်ကျလာ၏။ သူ ခေါင်းခါလိုက်ပြီးနောက် သူ၏ ပါးစပ်နှင့် နှာခေါင်းကနေ သွေးများ စီးကျလာတော့၏။
” သေစမ်း။ ဒီဟာက ဘာငရဲလဲ ”
” ဒီနေရာက ထွက်လို့မရဘူးလို့ ပြောသားပဲ။ လက်တွေ့ကို ရင်ဆိုင်ပြီး ငါတို့နဲ့အတူ မွေးမြူရေးတိရစ္ဆာန် ဖြစ်လိုက်တော့ ”
အပိုင်း ၂၅၅ ပြီး၏။