Switch Mode

Chapter – 253

ဆာမြူရယ်၏ လိုအင်ဆန္ဒ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၃ ဆာမြူရယ်၏ လိုအင်ဆန္ဒ။

လူတိုင်းက ဇဝေဇဝါ ဖြစ်နေကြစဥ် ချန်ချင်းရွှမ်၏ ကျောင်းသားများထဲမှ တစ်ယောက်က ရုတ်တရက် ပြောလိုက်လေ၏။
” ခဏလေး နေပါဦး။ ဒါက တော်ဝင်အစီအရင်တစ်ခု ပေါ်ပေါက်လာတဲ့ အခြေအနေမှာ မိုးနဲ့မြေရဲ့ ဖြစ်စဥ် ပြောင်းလဲလာတာမျိုးလို့ ဘာကြောင့် ခံစားမိနေတာလဲ ”
ထိုစကားကို ပြောလိုက်ချိန်၌ လူတိုင်းက ထိတ်လန့်သွားကြသည်။
” လောင်ချန် … မင်း တကယ်ကြီး ဒီလောက် သန်မာနေပြီလား။ မင်း တည်ဆောက်တဲ့ အစီအရင်က မိုးနဲ့မြေ ဖြစ်စဥ်ကိုတောင် အမှန်တကယ် နှိုးထစေတယ်လား ”
ချန်ချင်းရွှမ်၏ နှုတ်ခမ်းထောင့် ကွေးတက်သွား၏။ အမှန်တကယ်တွင် သူ၏ ကျောင်းသားများထက် စောပြီး မြင်တွေ့ခဲ့တာပဲ ဖြစ်သည်။ ထိုအရာက အစီအရင်ကြောင့် ဖြစ်ပေါ်လာသည့် မိုးနှင့်မြေ ဖြစ်စဥ်ပဲ ဖြစ်သည်။ အမှန်တကယ်တွင် သူသည်လည်း ထိတ်လန့်သွား၏။ ထိုကဲ့သို့ အခြေအနေတစ်ရပ် အဘယ်ကြောင့် ဖြစ်လာသနည်း။
သူ အလွန်ရှင်းရှင်းလင်းလင်း သိသည့် ကိစ္စရပ်တစ်ခု ရှိသည်။
ယင်းက မိုးနှင့်မြေဖြစ်စဥ်သည် သူ၏ အစီအရင်ကြောင့် ပေါ်ပေါက်လာတာ မဟုတ်ပေ။ သူသည် သူ၏ ကိုယ်ပိုင် အစီအရင် အဆင့်ကို ကောင်းစွာ နားလည်သဘောပေါက်ထား၏။
ထိုအဆင့်ကို သူတစ်ယောက်တည်း ရောက်ဖို့က မဖြစ်နိုင်တာ သေချာ၏။ သူက နိုင်ငံအတွင်းရှိ ကျန်သည့် ထိပ်တန်း ပါမောက္ခများနှင့် လက်တွဲဆောင်ရွက်မှသာလျှင် ထိုအဆင့်ကို ရောက်နိုင်သည်။
” လောင်တု မင်းက ဒါကို ပြောတော့ ငါ့မျက်နှာကို ဖျက်ရိုက်နေတာပဲ။ ငါ တော်ဝင်အစီအရင်တစ်ခု တည်ဆောက်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါကို နိုင်ငံထဲက ငါနဲ့ တခြားထိပ်တန်းအစီအရင် သခင်တွေ တည်ဆောက်ခဲ့တာ။ ငါတစ်ယောက်တည်း ဒီအဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်တာ သေချာတယ် ”
တုချန်ဖုန်းက အနည်းငယ် အံ့အားသင့်သွားလေ၏။
” မင်းက စီရင်စု၉ခုလုံးမှာ ထိပ်တန်းအစီအရင်သခင်တွေထဲက တစ်ယောက်လို့ သတ်မှတ်လို့ ရတယ်။ ဒါတောင်မှ မိုးနဲ့မြေရဲ့ ဖြစ်စဥ်ကို ဖော်ဆောင်နိုင်တဲ့ မဟာအစီအရင်တစ်ခု မဖန်တီးနိုင်သေးဘူးလား ”
တုချန်ဖုန်းသည် ယခင်က ကျင်းတူသိုင်းကျောင်းတော်၌ ပါမောက္ခတစ်ယောက် ဖြစ်ခဲ့သော်ငြား အမှန်တကယ်တွင် သူသည် အစီအရင်အကြောင်း များများစားစား မသိပေ။
ဆိုရိုးစကားအတိုင်းပင် သူတို့ကို တောင်တစ်တောင်က ခွဲချလိုက်သည့်ပမာ ဖြစ်နေ၏။ သူသည် အစီအရင်များအကြောင်း မသိနိုင်သောကြောင့် အစီအရင်၏ အဆင့်က ကောင်းလားဆိုးလား သူ မသိပေ။
နောက်တစ်စက္ကန့်တွင် ကျန်းဟိုင်တစ်မြို့လုံးက စုပ်ယူသည့် ဝိညာဥ်တန်းစွမ်းအား အရှိန်သည် ရုတ်တရက် ကြမ်းတမ်းလာတော့၏။
ပင်လယ်ထဲရှိ ရေဝဲကြီး ပေါ်ပေါက်လာပြီး အနီးပတ်ဝန်းကျင်ရှိ ပင်လယ်ရေများကို မြိုချလိုက်သည့်ပမာ ဖြစ်နေ၏။
” ဘုရားရေ ”
လူတိုင်းက အထိတ်တလန့် ထုတ်ပြောမိသွားသည်။
ဝိညာဥ်စွမ်းအင် စုပ်ယူသည့် အရှိန်က မြန်ဆန်လွန်းပြီး ချန်ချင်းရွှမ် တည်ဆောက်သည့် အစီအရင်ထက်တောင် ပိုမြန်ဆန်၏။
ချန်ချင်းရွှမ် တည်ဆောက်ထားသည့် ဝိညာဥ်စုသည်းခြင်း အစီအရင်သည် ကွမ်းလျန် ယခင်တည်ဆောက်ထားသည့် ဝိညာဥ်စုစည်းခြင်း အစီအရင်ထက် အဆပေါင်းများစွာ ပိုသန်မာနေပြီး ဖြစ်သည်။
ယခုအချိန်တွင် အမည်မသိ ဝိညာဥ်စုစည်းခြင်း အစီအရင်က ချန်ချင်းရွှမ် တည်ဆောက်ထားသည့် အစီအရင်ကို ချက်ချင်း လွှမ်းသွားတော့သည်။ ယင်းက အစွမ်းထက်လွန်း၏။
ထိုမြင်ကွင်းကို မြင်တွေ့ရသောအခါ ချန်ချင်းရွှမ်က သက်ပြင်းဖျော့ဖျော့ ချလိုက်မိတော့၏။
” မင်းထက် တော်တဲ့သူ တစ်စုံတစ်ယောက်ကတော့ အမြဲတမ်း ရှိနေမှာပဲ။ တစ်စုံတစ်ယောက်က အမြဲတမ်း ပိုတော်နေမှာ။ တကယ်ကို စစ်မှန်တဲ့ အစီအရင်သခင်တစ်ယောက်ပဲ ”
” သူနဲ့ ယှဥ်ရင် နိုင်ငံရဲ့ ထိပ်တန်းပါမောက္ခလို့ ခေါ်တဲ့ ငါက ကလေးလေးတစ်ယောက်လိုပဲ ခံစားရတယ်။ လုံးဝ ငါက တကယ် ကိုယ်စားမပြုနိုင်ဘူးပဲ ”
” လောင်တု .. မင်းက ကျန်းဟိုင်မြို့ကနော်။ မင်း သူ ဘယ်သူလဲ သိလောက်မှာမလား ”
တုချန်ဖုန်းက သက်ပြင်း အရှည်ကြီး ချလိုက်ပြီးတည်ကြည်သော အမူအယာဖြင့် ပြောလိုက်၏။
” ငါထင်တာ မှန်မယ်ဆိုရင် သူပဲ ဖြစ်လောက်မှာ။ ကျန်းဟိုင်မြို့မှာ ပြိုင်ဘက်ကင်းတဲ့ ပညာရှင်တစ်ယောက် ရှိတယ်ဆိုတာ ကြားမိလား ”
” ကျန်းဟိုင်မြို့ထဲက ပြိုင်ဘက်ကင်းတဲ့ ပညာရှင်လား ”
” ဟုတ်တယ်။ သူက အင်တာနက်ပေါ်မှာ အလွန်နာမည်ကြီးလာတာလေ။ သူက လူကြိုက်များတယ် ”
” မင်း ပြောနေတာ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာမလား။ ဒါပေမဲ့ ဒါ မဟုတ်သေးဘူးလေ။ သူက သိုင်းပညာရှင် မဟုတ်ဘူးလား ”
ချန်ချင်းရွှမ်က တုချန်ဖုန်းကို ဇဝေဇဝါ ကြည့်လိုက်၏။
တုချန်ဖုန်းက ကူကယ်ရာမဲ့စွာ ပြုံးလိုက်တော့သည်။
” သူက တကယ်ပဲ သိုင်းပညာရှင်တစ်ယောက် ။ ဒါပေမဲ့ တကယ်တော့ အစီအရင် ခင်းကျင်းမှုမှာ သူ့ရဲ့အောင်မြင်မှုက သာမန်လူတွေထက် သာနေပြီးသား။ အခုအချိန် ကျန်းဟိုင်မြို့မှာ သူ တည်ဆောက်ထားတဲ့ အစီအရင် ရှိသေးတယ် ”
ချန်ချင်းရွှမ်က မင်သက်သွား၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝိညာဥ်တန်း စွမ်းအားစီးကြောင်းများစွာက ကျန်းဟိုင်မြို့ထဲ စီးဝင်သွားတာကို ကြည့်ပြီး သူ သက်ပြင်းချလိုက်လေ၏။
” အံ့သြစရာပဲ။ ကမ္ဘာပေါ်မှာ ဒီလိုပြိုင်ဘက်ကင်းတဲ့ အစီအရင်သခင်တစ်ယောက် တကယ်ကြီး ရှိနေတာကိုး။ ငါ သူ့ကို တကယ်လေးစားမိတယ် ”
ကျန်းဟိုင်မြို့၏ မရေမတွက်နိုင်သော သိုင်းပညာရှင်များသည် ဝိညာဥ်တန်းစွမ်းအား စုပ်ယူမှု အရှိန် ရုတ်တရက် တိုးလာတာကို ခံစားမိသည့် အချိန်၌ ကြက်သေ သေသွားမိသည်။
” ဘာဖြစ်တာလဲ။ မြို့က ဒီလောက်များတဲ့ ဝိညာဥ်တန်းစွမ်းအားတွေ ဘယ်လိုလုပ် ရုတ်တရက်ကြီး တိုးလာရတာလဲ ”
” ဒီအရှိန်က နည်းနည်းလေး မြန်လွန်းမနေဘူးလား ”
” ငါ ကြားတာတော့ နိုင်ငံက ထိပ်တန်းအစီအရင်သခင်ကို စီရင်စု၉ခု မဟာမိတ်ကနေ ကြေးစီရင်စုကနေပြီး အစီအရင် တည်ဆောက်ဖို့ လွှတ်ထားတာတဲ့။ ဒီအစီအရင်ကို သူ တည်ဆောက်တာများ ဖြစ်နေမလား ”
” ဒါ မဖြစ်နိုင်ဘူး။ ဒီအစီအရင် အခင်းအကျင်းက ကြေးမြို့မှာရှိတဲ့ ဝိညာဥ်စုစည်းခြင်း အစီအရင်ထက် ပိုကောင်းအားကောင်းတယ်လို့ ငါ ဘာကြောင့် ခံစားမိနေတာပါလိမ့် ”
” ဒါကို သူတို့ တည်ဆောက်ခဲ့တာဆိုရင် ကြေးစီရင်စုထဲက တည်ဆောက်တာက ဘာကြောင့် ပိုမကောင်းရတာလဲ ”
စာကြည့်တိုက်ထဲတွင် ဒါရိုက်တာအသစ် ကျန်းချန်က မျက်ဝန်းများ မှေးကျဥ်းလိုက်၏။
” ဒီအစီအရင် သိပ်ကို အားကောင်းလွန်းတယ်။ မဟာမိတ်က ချန်ချင်းရွှမ်ကို အစီအရင် တည်ဆောက်ဖို့ ပို့ခဲ့တာ။ သူများဖြစ်နေနိုင်မလား ”
မဖြစ်နိုင်ဘူး။ အဲ့ဒီကလေးရဲ့ အဆင့်ကို ငါတွေ့ခဲ့ပြီးပြီ။ သူက ဒီအဆင့်နဲ့ ဝေးသေးတယ်။
ထိုအချက်ကို တွေးမိပြီးနောက် သူသည် အပြင်သို့ ထွက်ကာ ဂရုတစိုက် အာရုံခံလိုက်၏။ ဒီတော့မှ အစီအရင် ဗဟိုသည် ဓါးမော့ဓါးဝိဇ္ဇာ၏ သူ့အောက်က လာကြောင်း ခံစားမိလိုက်၏။
ဒါက ကျန်းဟိုင်မြို့ရဲ့ ဓါးမော့ဓါးဝိဇ္ဇာလား။ အစီအရင်မှာ သူ့ရဲ့ အောင်မြင်မှုက ထိတ်လန့်ဖွယ်ကောင်းတဲ့ အဆင့်ကို တကယ်ကြီး ရောက်နေပြီလား။
စီရင်စု၉ခုထဲမှာ သူ့ထက် ပိုသန်မာတဲ့ အစီအရင်သခင်တစ်ယောက် ငါ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။
ဓါးမော့ဓါးဝိဇ္ဇာ ခင်ဗျားက ဘယ်သူများလဲ။
လျိုချန်စွင်းကလည်း ထိုပြောင်းလဲမှုကို ခံစားလိုက်မိ၏။
သူက ပြတင်းပေါက်ဘေး လျှောက်လာပြီး ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကို စိုက်ကြည့်လိုက်သည်။
စီနီယာ ဒီတစ်ခေါက် အမှောင်ထဲမှာ ထပ်လှုပ်ရှားပြန်တာက ခင်ဗျားကတော့ ထင်တဲ့အတိုင်းပါပဲ ဒီကမ္ဘာကြီးမှာ ခင်ဗျားတစ်ယောက်ပဲ ဒီလောက် ထိတ်လန့်ဖွယ်ကောင်းပြီး မိုးမြေကို သိပ်သိပ်တုန်စေမှာ စိုးရိမ်မိတယ်။
ထိုသို့တွေးမိပြီးနောက် သူ၏ အကြည့်က အခန်းတံခါးဝရှိ ဒါရိုက်တာဆီသို့ အလိုအလျောက် ကြည့်မိသွားသည်။
အဲ့ဒီလူက အသစ်ဝင်လာတဲ့ ဒါရိုက်တာ မဟုတ်ဘူးလား။ သူ့အမူအယာအရ ဒါက ဓါးမော့ဓါးဝိဇ္ဇာရဲ့ လုပ်ရပ်ဖြစ်ကြောင်း ခန့်မှန်းမိပြီးသား ဖြစ်နေနိုင်မလား။
သူက အတော်အရည်အချင်း ရှိတာပဲ။
ရှန်းထျန်းဆဌမအဆင့် သိုင်းပညာရှင်တစ်ယောက်လောက်က ဒီအချက်ကို တကယ်မြင်နိုင်တယ်။ သူက မရိုးရှင်းဘူးပဲ။
ယခုအချိန်တွင် အရူးသွပ်ဆုံး တုံ့ပြန်မှုက အစီအရင်ထဲရှိ မွေးမြူရေးတိရစ္ဆာန်များ၏ တုံ့ပြန်မှုပဲ ဖြစ်သည်။
ယဲ့ရှောင်သည် သူတို့ကို ပျိုးထောင်ပေးခြင်းကြောင့် သူတို့ပြောခဲ့ပေးသည့်တိုင် ယင်းက စကားလုံးများသာ ဖြစ်သည်။ သို့သော်ငြား သူက အမှန်တကယ် ဆောက်ရွက်ချင်သည်ဆိုလျှင် အချိန်အတော်ကြာ ယူရဦးပေမည်။
ဆိုရလျှင် ပြင်ဆင်သည့်အချိန် တစ်ခုတည်းကပင် သူတို့၏ မြှင့်တင်ချင်ပါက သူသည် အံ့ဖွယ်ချီရှန်းများ လိုအပ်ချင်ပါက သူတို့၏ ကျင့်စဥ်ကို မြှင့်တင်ဖို့ပြင်ဆင်ရသည့်အချိန်တစ်ခုတည်းကပင် မတိုတောင်းပေ။
သူတို့ ရင်ထဲ၌ အနည်းဆုံး တစ်လ သို့မဟုတ် ထိုထက်တောင် အချိန်ကြာ ယူရလောက်ပေ၏။
အဆုံးတွင်မူ ယဲ့ရှောင်သည် မနက်က ပြောပြီးညအချိန်၌ အကောင်ထည် စဖော်လိမ့်မည်ဟု သူ မထင်ထားပေ။
အရှိန်က နည်းနည်းတော့ မြန်လွန်းနေတယ်မလား။
သူတို့ကို ပိုတောင် အံ့အားသင့်သွားစေသည်က ထိုအစီအရင်ထဲတွင် ဝိညာဥ်စွမ်းအား စုပ်ယူသည့် အရှိန်သည် ယခင်ကထက် အဆ၂၀ ပိုသန်မာလာတာပဲဖြစ်သည်။
အံ့သြဖို့ ကောင်းလိုက်တာ။
ထိုဝိညာဥ်စုစည်းခြင်း အစီအရင်ဖြင့် သူတို့က အစီအရင် ဗဟိုချက်ထဲတွင် ရှိနေလေရာ သူတို့ ပတ်ဝန်းကျင်၌ ဝိညာဥ်စွမ်းအား ထောက်ပံ့မှု မည်မျှ သိပ်သည်းပြီး အားကောင်းမည်ဆိုတာ မှန်းဆနိုင်ပေ၏။
ယင်းက သူတို့၏ ကျင့်ကြံမှုကို ယခင်ကနှင့် ယှဥ်လျှင် အဆ၂၀ကျော် တန်းတိုးသွားစေတာပဲ ဖြစ်သည်။
” ယဲ့ရှောင်ကတော့ ထင်တဲ့အတိုင်းပဲဟေ့။ သူက တကယ်သန်မာတယ်။ ပုံမှန် မဟုတ်တာပဲ ”
” ဒီမွေးမြူရေးတိရစ္ဆာန်ရဲ့ ဘဝက အခုမှ စတင်ခါစပဲ။ ဒီနည်းလမ်းကို သူသာ စောစောတုန်းက သုံးခဲ့ရင် အဲ့ဒီတုန်းက ငါ သူနဲ့ အကြာကြီး အငြင်းပွားခဲ့မှာ မဟုတ်ဘူး။ ငါ သူ့ရဲ့ မွေးမြူရေးတိရစ္ဆာန်ပဲ လုပ်လိုက်မှာပေါ့ ”
” ဒါက ကမ္ဘာမြေပေါ်က သုခဘုံပဲလေ။ ဒီမွေးမြူရေးကွင်းက ပိုပိုပြီး စိတ်ကျေနပ်ဖို့ ကောင်းလာပြီ။ အံ့သြဖို့ ကောင်းလိုက်တာ ”
ကြယ်တာရာသားရဲများအနက် စိတ်အလှုပ်ရှားဆုံးက ဆာမြူရယ်သာ ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ခွန်အားနတ်ဘုရား ချင်းနျိုနှင့် စစ်နတ်ဘုရား ဖုန်းလုံတို့သည် ကျားနတ်ဘုရားလက်အောက်ရှိ မဟာစစ်သူကြီးသုံးဦးအဖြစ် သိကြသည်။
သို့သော်ငြား လူတိုင်း မသိသည်က ခွန်အားနတ်ဘုရား ချင်းနျိုနှင့် စစ်နတ်ဘုရား ဖုန်းလုံတို့က သူ့ကို အထင်သေးကြတာပဲ ဖြစ်သည်။ သူ၏ ခွန်အားက မလုံလောက်သောကြောင့် ဖြစ်သည်။
ခွန်အားနတ်ဘုရား ချင်းနျိုနှင့် စစ်နတ်ဘုရား ဖုန်းလုံသည် အံ့ဖွယ်အဆင့်အောက် သားရဲဖြစ်နေပြီ ဖြစ်သည်။ သူသာလျှင် ရှန်းထျန်း နဝမအဆင့် အံ့ဖွယ်ချီရှန်း အထွတ်အထိပ်၌ ရှိနေတာဖြစ်ပြီး အံ့ဖွယ်အဆင့်အောက် နယ်ပယ်သို့ ရောက်ရန် ဝေးနေသေးသည်။
ထိုအကြောင်းအရင်းကြောင့် သူသည် အမြဲတမ်း ဒုက္ခတွေ့ခဲ့၏။ သူ၏ ကျင့်ကြံမှု မလုံလောက်သောကြောင့် ဒုက္ခတွေ့ခဲ့သည်။ သူ့ရင်ထဲတွင် သူက အရေအတွက်များကို ဖြည့်ရမည်ဟုတောင် ခံစားမိခဲ့သည်။ သို့သော်ငြား ကိစ္စရပ်များက ယခု ပြောင်းလဲသွားပြီ ဖြစ်သည်။
ထိုဝိညာဥ်စုစည်းခြင်း အစီအရင်ဖြင့် ယနေ့မှစကာ သူက အမြန်ဆုံး အရှိန်ဖြင့် ကျင့်ကြံတော့မည်။
ထိုအရှိန်က ကျားနတ်ဘုရားဘေး၌ ကျင့်ကြံခြင်းထက်တောင် ပိုမြန်ဆန်၏။
သူသည် ဖြစ်နိုင်သည့် အတိုတောင်းဆုံးသော အချိန်အတွင်း အံ့ဖွယ်အဆင့်အောက် သားရဲနယ်ပယ်သို့ ရောက်အောင် ကျင့်ကြံနိုင်မှာ သေချာ၏။
ယင်းက မဟုတ်ပေ။ သူ မှတ်မိတာသာ မှန်မည်ဆိုလျှင် ယဲ့ရှောင်က သူတို့၏ ကျင့်ကြံမှု မြင့်တက်အောင် ကူညီပေးမည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် သူ၏ ကျင့်ကြံမှု၌ တိုးတက်လာရန် အရှိန်မြှင့်တင်ဖို့ ကျန်သည့်နည်းလမ်းများ သုံးလောက်သည်။
ဤနည်းဖြင့် သူသည် ချင်းနျိုနှင့် ဖုန်းလုံတို့ထက် သာသွားလောက်ပေ၏။
ဆာမြူရယ်က ထိုအကြောင်းကို တွေးလေလေ သူ ပိုစိတ်လှုပ်ရှားလာလေ ဖြစ်၏။ စိတ်လှုပ်ရှားလွန်းသောကြောင့် သူ၏ ခန္ဓာကိုယ်က စတင်တုန်ယင်လာသည်။
နှစ်ပေါင်းတစ်ထောင်ကျော် ကြာညောင်းခဲ့၏။ နှစ်ပေါင်း တစ်ထောင်။ သူသည် အခြေအနေ ပြောင်းနိုင်မည့် အချိန်ကာလကို စောင့်ဆိုင်းနေခဲ့တာပဲ ဖြစ်၏။ ဤချိတ်ပိတ်မှုထဲကနေ သူ ထွက်လာချိန် ခွန်အားနတ်ဘုရား ချင်းနျို သို့မဟုတ် စစ်နတ်ဘုရား ဖုန်းလုံဖြစ်စေ သူတို့နှစ်ယောက်လုံးက ဖုန်အဖြစ် ပြောင်းလဲသွားလောက်ပြီ ဖြစ်၏။ သူတို့ ဖုန်အဖြစ် မပြောင်းလဲလျှင်တောင် ကိစ္စမရှိပေ။ သူက ကဏ္ဍအားလုံး၌ သူတို့ထက် အမှန်တကယ် သာလွန်သည့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်လာမည် ဖြစ်သောကြောင့်ပင်တည်း။
သူက စစ်မှန်သည့် အံ့ဖွယ်သားရဲကောင်း ဖြစ်လာလိမ့်မည်။
သူ၏ တိုးတက်မှုကို အရှိန်မြှင့်တင်ရန် ယဲ့ရှောင်ကို အသားနှင့် သွေးများ ပိုပေးသင့်သည်လော။
သူက ကလေးတစ်ယောက်ကို မဆုံးရှုံးနိုင်လျှင် ဝံပုလွေတစ်ကောင်ကို မရနိုင်။ ထို့ကြောင့် သူက အညှာတာမဲ့ကောင်း မဲ့မည်။ အဆုံးတွင်မူ သူက နေ့စဥ်နေ့တိုင်း သူ၏ တောင်ပံတစ်ခုနှင့် ခြေတစ်ချောင်းကို ခုတ်ပေးရုံသာ ဖြစ်သည်။ ယခု သူက တောင်ပံနှစ်ချောင်းနဲ့ ခြေနှစ်ချောင်း နေ့စဥ်နေ့တိုင်း ခုတ်ပေးနိုင်၏။
မည်သည့်နည်းနှင့်မဆို ယဲ့ရှောင်၌ ကုသခြင်းကျင့်စဥ် ရှိသည်။ ထို့ကြောင့် သူ သေသွားမှာ မဟုတ်ပေ။ သူ၏ ဒဏ်ရာများကလည်း လျင်မြန်စွာ ပျောက်ကင်းသွားလိမ့်မည်။
သူသည် ကျင့်ကြံဆင့်ကို ပိုမြန်ဆန်စွာ မြှင့်တင်နိုင်ရန် ပိုကောင်းတာ တစ်ခုခု ပေးနိုင်လောက်၏။
ထိုအကြောင်းကို တွေးမိပြီး ယင်းက သူ့ကို ပျော်ရွှင်သွားစေတော့သည်။
ယဲ့ရှောင်သည် ထိုအခြေအနေကို တွေးမိပြီးတာ ကြာပြီဖြစ်၏။ ထို့ကြောင့် မလှုပ်ရှားသွားပေ။
ထို့အပြင် သူ၏ ပန်းတိုင်က ကျန်သည့်လူများနှင့် မွေးမြူရေးတိရစ္ဆာန်များထက် ပိုပြီး ရည်မှန်းချက် ရှိသည်။ သူ လိုချင်သည်က အချိန်တိုအတွင်း အံ့ဖွယ်အဆင့်အောက်နဲ့ အံ့ဖွယ်အဆင့် သားရဲများကို မွေးမြူချင်တာပဲ ဖြစ်သည်။ သို့မှသာ သူ့ကို ကျင့်ကြံရာ၌ ကူညီပေးနိုင်သည့် ပိုသန်မာသော သွေးနှင့် အသားများ ထောက်ပံ့ပေးနိုင်မှာ ဖြစ်သည်။
ထိုသို့ပြုလုပ်ပြီးနောက် သူသည် အစီအစဥ်၏ နောက်ထပ် ခြေလှမ်းကို စတင်ရန် သူ့အိမ်သို့ ပြန်သွားလိုက်သည်။
တစ်ဖက်တွင်မူ ကျန်းဟိုင်မြို့အထက် ကောင်းကင်ထဲ၌ အရိပ်နှစ်ရိပ် ပေါ်လာသည်။ တစ်ရိပ်က အရပ်မြင့်ပြီး တုတ်ခိုင်ပြီး။ ကျန်တစ်ရိပ်က ပိန်ပါးပြီး အရပ်ရှည်သည်။
” ဒီနေရာက ကျန်းဟိုင်မြို့ ဖြစ်လောက်တယ် ဟုတ်တယ်မလား ”
” ဒီနေရာက ကျားနတ်ဘုရားက လူသားဧကရာဇ်၏ သွေးမျိုးဆက်ကို ရှာတွေ့တဲ့ နေရာပဲ ”
” စူဇန်၊ မော့ယွီနှင့် သံမဏိကျွဲရိုင်းတို့လည်း ဒီနေရာမှာပဲ ပျောက်သွားတာ။ နောက်တော့ အဲ့ဒီ ဆာမြူရယ် ငတုံးက ရောက်လာပြီး ပျောက်သွားတာလေ ”
” ဟုတ်တယ်။ ဒါက ကျန်းဟိုင်မြို့လေးပဲလေ။ ယုတ္တိရှိရှိ ပြောရရင် ပါရမီရှင် သိုင်းပညာရှင်တွေ များများစားစား မရှိလောက်ဘူး ”
” ဒါ့အပြင် ငါ အစွမ်းထက်တဲ့ ဘာအရှိန်အဝါမှ မတွေ့မိဘူး။ ဆာမြူရယ်နဲ့ တခြားသူတွေ ဘယ်လိုလုပ် ပျောက်သွားတာလဲ ”
” ထားလိုက်တော့။ တစ်ချက် သွားကြည့်ရအောင်။ ငါတို့တွေ မေးစမ်းဖို့ လူသားတစ်ယောက် ရှာလိုက်မယ်။ ရလဒ်တစ်ခုခု ဒါမှမဟုတ် တခြားတစ်ခု မြင်တွေ့ရမလား ကြည့်ကြသေးတာပေါ့ ”

အပိုင်း ၂၅၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset