စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၂ ကောင်းကင် ကွမ်းယွမ် ခမ်းနားခြင်းအစီအရင်။
” ဒါပေမဲ့ ပြောနေရင်းနဲ့ မင်းရဲ့ စရိုက်သဘာဝက တကယ်သန်မာတာပဲ။ ဓါးနတ်ဘုရား လီလျိုဆွေ့ကို တွေ့တဲ့အချိန်ကတောင် စိတ်မလှုပ်ရှားပဲ မနေနိုင်ဘူး။ မင်းကတော့ တကယ် ဘာမှမခံစားရဘူးပဲ ”
ယဲ့ရှောင်က ပခုံးတွန့်လိုက်၏။
” ဘာမှ မထူးဆန်းဘူးလေ။ ဟုတ်တယ်ဟုတ်။ ကျွန်တော်က သူနဲ့မှ မရင်းနှီးတာ ”
လျိုချန်စွင်းက ရယ်ရမလား ငိုရမလား မသိတော့ပေ။
ဒါက ရင်းနှီးလားလို့ မေးတဲ့ မေးခွန်းလား။ သူက ဒါက မရေမတွက်နိုင်တဲ့ လူပေါင်းများစွာရဲ့ စံပြပုဂ္ဂိုလ်လေ။ အဲ့ဒီလူတွေရဲ့ ရင်ထဲမှာ နတ်ဘုရားတစ်ပါးနှင့် တူတဲ့ အစွမ်းထက်တဲ့ တည်ရှိမှုမျိုးပဲ။ ဒါကို ပြောတော့မှ သူသာ သူတို့နေရာမှာဆိုရင် နည်းနည်းလောက် နားလည်နိုင်ဦးမှာလေ။ ဟန်နိုင်ငံက အဲ့ဒီစံပြပုဂ္ဂိုလ်တွေလိုမျိုးပဲ။ ကောင်းကင်ကြီးကို ပြားပြားဝပ်အောင် လုပ်နိုင်တဲ့ လူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သိပ်ဂရုမစိုက်တဲ့ လူတစ်စုက ရှိနေသေးတာပဲ။
ဒါ့အပြင် ယဲ့ရှောင်ရဲ့ ခွန်အားက တကယ် အားနည်းတာ။ သူက ဓါးနတ်ဘုရား လီလျိုဆွေ့ ဘယ်လောက် သန်မာလဲဆိုတာ နားမလည်လောက်ဘူး။
တောင်တန်းထဲက လူတစ်ယောက်က ဘီလျှံနာသူဌေးတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးသလိုပဲပေါ့။ တစ်ဖက်သူက ပိုက်ဆံမထုတ်ပဲ သူ့ရှေ့မှာ မထားသရွေ့ သူက ရင်ထဲကနေ ထိတ်လန့်မှုကို ခံစားရမှာ မဟုတ်ဘူး။
သူ လီလျိုဆွေ့ကို လေးစားပြီး ထိတ်လန့်သလိုခံစားသွားရတဲ့ အကြောင်းအရင်းက အံ့ဖွယ်ချီရှန်းတစ်ယောက်ရဲ့ ခွန်အားကို မြင်ဖူးတာကြောင့်ပဲ။ ဓါးနတ်ဘုရား လီလျိုဆွေ့ကို တစ်ခါမှ မတွေ့ဖူးပေမဲ့ လီလျိုဆွေ့က သူ့ခွန်အားကို ပြသခဲ့တာ။ သူ့စိတ်ထဲမှာက သဘောတရားတစ်ခု ရှိပြီးသားပဲ။
ယဲ့ရှောင်က အဲ့လိုမျိုး မရှိဘူး။
ထိုသို့ တွေးမိပြီး လျိုချန်စွင်းက ဆက်မတွေးတော့ပေ။ ထိုအစား သူက သက်ပြင်းချလိုက်၏။
” အဆုံးကြ သူ အဆင့်မတက်နိုင်ခဲ့တာ နှမြောစရာပဲ။ သူသာ အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ သူ့ရဲ့ ခွန်အားသတ်မှတ်အဆင့်က ထပ်တိုးသွားပြီး တစ်လှမ်းကပ်သွားမှာ။ နောင်ကြ သူ အဆင့်တက်ဖို့ အခွင့်အရေး ရှိပါ့မလားဆိုတာ မသိဘူး။ ဘုရင်နယ်ပယ်ကို အဆင့်တက်လှမ်းချင်တာက တကယ့်ကို ခက်ခဲလွန်းတာ ”
” ဟုတ်တယ်။ ပိုခက်ခဲတယ် ”
ယဲ့ရှောင်သည် ဘုရင်နယ်ပယ်သို့ အဆင့်တက်ရန်အတွက် ကြိုးစားအားထုတ်မှုတော့ လုပ်ခဲ့ရတာကို ပြန်အမှတ်ရသွားသည်။
ရှေးဦးစွာ သူသည် ဝိညာဥ်သန့်စင်ခြင်း ကျင့်စဥ်ကို ရှာဖွေရ၏။ ပြီးနောက် သူသည် မသေမျိုးစစ်သည် အုတ်ဂူကနေ ရလာခဲ့၏။ နောက်ဆုံးတွင် သူက ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးကို သွားခဲ့တာ ထိုနေရာတွင် ပုန်းနေသော ကြယ်တာရာသားရဲများကို အမဲလိုက်ခဲ့သည်။ အဆုံးတွင်မူ သူသည် ဘုရင်နယ်ပယ်သို့ အောင်အောင်မြင်မြင် အဆင့်မတက်လှမ်းနိုင်ခင် ဆေးလုံးသန့်စင်ရန် အံ့ဖွယ်အဆင့်ကြယ်တာရာသားရဲ ( ၂၁ )ကောင်ကို အားကိုးခဲ့ရသည်။
ထို့အပြင် သူ လတ်တလော၌ ဝါးမြိုခဲ့သည့် ကြယ်တာရာသားရဲများ၏ သွေးနှင့် အသားများကတောင် မပါသေးပေ။ သွေးအဆီအနစ် ပမာဏများစွာ ပါဝင်သည့် ပစ္စည်းများလည်း မရှိသေးချေ။
ဘုရင်နယ်ပယ်သို့ အဆင့်တက်ရသည်က ရှန်းထျန်းနယ်ပယ်အောက်များနှင့် ယှဥ်လျှင် အားစိုက်ထုတ်မှုများစွာ လိုအပ်သည်။ အဆင့်ချိုးဖျက်တက်မှုတစ်ခု ဖြစ်ပေသည်။
သို့သော် လျိုချန်စွင်းသည် ထိုစကားကို ကြားသည့်အချိန်၌ နှုတ်ခမ်းထောင့်၌ တွန့်ကွေးသွားလေ၏။ ပိုခက်ခဲတာတာလား။ ပိုဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။
ပိုဆိုတဲ့ စကားလုံးနဲ့ ဖော်ပြနိုင်လို့လား။ ရယ်စရာပဲ။ ဒါက ကောင်းကင်ကို တက်လှမ်းရတာထက်တောင် ပိုခက်ခဲတဲ့ ကိစ္စရပ်ပဲ။
တခြားဟာတွေ မပြောနဲ့ဦး။ ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ ပါရမီရှင် ဓါးနတ်ဘုရား လီလျိုဆွေ့ကတောင် နှစ်ပေါင်းရာချီ ကြိုးစားခဲ့ပေမဲ့ ဘုရင်နယ်ပယ်ကို မတက်လှမ်းနိုင်ခဲ့ဘူး။ အဲ့ဒီအကြောင်းအရင်းကြောင့် သူ ရူးတောင် ရူးသွားသေးတာ။ ဒီဘဝမှာ သူကတော့ အဲ့ဒီအကြောင်း တွေးတောင် မတွေးရဲဘူးလေ။
ထို့အပြင် သူ၏ ပါရမီက မဆိုးရွားသော်ငြား ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ဂိုဏ်းသို့ အဆင့်တက်ရန် မျှော်လင့်ချက်က ရှိသည်။ သူက ရှန်းထျန်း နဝမအဆင့် အံ့ဖွယ်ဂိုဏ်းသို့ ခြေချနိုင်မည်ဟု သေချာပင်လျှင် သူက နောင်တွင် ဘုရင်နယ်ပယ်သို့ အဆင့်တက်ရန် သေချာပေါက် အဆင့်တက်နိုင်လိမ့်မည်ဟု မပြောရဲချေ။ တစ်ကမ္ဘာလုံး၌ ဘုရင်နယ်ပယ်သို့ အဆင့်တက်နိုင်သည့်သူ မည်မျှ ရှိသနည်း။ အလွန်ဆုံးမှ လက်နှစ်ဖက်သာ ရှိလိမ့်မည်။ တွက်ချက်ပြီးနောက် အလွန်ဆုံး လူ ( ၁၁ )ယောက်သာ ရှိလိမ့်မည်။
ဒါကို ပိုခက်ခဲတယ်လို့ တကယ် ပြောတယ်ပေါ့။
မင်းက တုံးလွန်းတာလား။ အပြစ်ကင်းလွန်းတာလား။ ငါ တကယ် မသိတော့ဘူး။
သို့သော် သူသည် ယဲ့ရှောင်၏ ခွန်အားအကြောင်း တွေးမိချိန်၌ လျိုချန်စွင်းက များများစားစား တွေးမနေတော့ချေ။
ဟူး။ အဆုံးကြ သူ့ရဲ့ ခွန်အားက အားနည်းလွန်းတယ်။ သူ့ရဲ့ ဗဟုသုတက နည်းပါးလွန်းတာကိုး။ သူသာ ချီရှန်းတစ်ယောက်ဆိုရင် ဒီလို စကားတွေ ပြောမှာ မဟုတ်ဘူး။
သူက ယဲ့ရှောင်ကို အထင်သေးတာ မဟုတ်ပေ။
ဆိုရလျှင် သူတို့နှစ်ယောက်က မိတ်ဆွေများလည်း ဖြစ်သည်။ သို့သော်ငြား လေ့ကျင့်ရေး ပြဿနာကဲ့သို့ အချို့သော အရာများကိုမူ ခွဲခြားသိမြင်နိုင်ရန် လိုသေးသည်။ ယဲ့ရှောင်က သူ၏ ခွန်အားက လုံလောက်အောင် မကောင်းသည့်တိုင် တော်မည်ဟု သူ မတွေးနိုင်မည် မဟုတ်ပါလော။ ဒါက ကိုယ့်ကိုကိုယ် လှည့်စားတဲ့ လုပ်ရပ်ပဲ။
” ဒါနဲ့ လီလျိုဆွေ့က စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို လာရှာတယ်ဆိုတော့ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာမှာ ဘယ်လို ကျင့်ကြံမှုမျိုး ရှိနေလဲ မသိဘူးနော်။ သူ့ရဲ့ ကျင့်စဥ်နဲ့ဆို ဘုရင်နယ်ပယ်ကို အဆင့်တက်နိုင်ချေ မြင့်တယ်။ သူက ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေခဲ့ရင် ကျုံးစီရင်စုက နောက်ထပ် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ရှိလာမှာပဲ ”
လျိုချန်စွင်းက လက်သီးကျစ်ကျစ် ဆုပ်လိုက်၏။
” ယဲ့ရှောင် … ဒီဘဝမှာ ငါ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို ရှာရမယ် ”
” ဟုတ်ပြီ ဟုတ်ပြီ။ ဒါဆို အခု ကျုပ်ကို အချိန်တချို့ ပေးမလား။ ကျုပ် စာဖတ်ချင်သေးတယ် ”
လျိုချန်စွင်းက ခေါင်းခါလိုက်၏။
” ယဲ့ရှောင် မင်းအတွက် ပန်းတိုင်တစ်ခု ချမှတ်ထားသင့်တယ်။ ပန်းတိုင်မရှိရင် ပျင်းရိလွန်းတဲ့ ဘဝက ပြည့်စုံမှု မရှိဘူး။ ငါ့လိုပဲ ဒီဘဝမှာ ငါ့ရဲ့ ပန်းတိုင်က ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်း အထွတ်အထိပ်ကို အဆင့်တက်နိုင်ဖို့ပဲ ”
” မင်းရဲ့ ပါရမီက မလုံလောက်ပေမဲ့ အနည်းဆုံးတော့ ရှန်းထျန်းပထမအဆင့် ချီရှန်းတစ်ယောက် ဖြစ်လာဖို့ ပန်းတိုင်တစ်ခု ထားသင့်တယ်။ မင်း ဘယ်လိုလုပ်များ တစ်နေကုန် စာအုပ်တွေ ဖတ်နေနိုင်ရတာလဲ ”
ထိုသို့ပြောပြီးနောက် လျိုချန်စွင်းက လှည့်ထွက်သွားတော့သည်။
နှစ်မိနစ်ခန့် ကြာပြီးနောက် ယဲ့ရှောင်သည် စာအုပ်ကို ပိတ်လျက် အသက်ရှူထုတ်လိုက်တော့သည်။
သူသည် နောက်ဆုံးတော့ တော်ဝင်အစီအရင် ကောင်းကင် ကွမ်းယွမ် ခမ်းနားခြင်း အစီအရင်ကို စုစည်းလိုက်နိုင်ပြီ ဖြစ်သည်။
ယဲ့ရှောင်သည် သူ၏ မွေးမြူရေးကွင်းကို အဆင့်မြှင့်တင်ချင်သည်ဆိုလျှင် ရှောင်လင်မှ ဆရာတော် ကွမ်းလျန် ယခင်က ချမှတ်ခဲ့သည့် အစီအရင်ကိုသေချာပေါက် အားကိုးမှာ မဟုတ်ပေ။
ထိုအစီအရင်က ချီရှန်းအဆင့် အစီအရင်တစ်ခုအဖြစ်သာ သတ်မှတ်နိုင်ပြီး တော်ဝင်အစီအရင် မဟုတ်ပေ။
စီရင်စု၉ခုတစ်ခုလုံး၏ အစီအရင် အဆင့်သတ်မှတ်ချက်ဖြင့်လည်း ၄င်းက ကန့်သတ်ခံထားရသည်။
နောက်တစ်ချက်က စီရင်စု၉ခု မဟာမိတ်၏ ဖွံ့ဖြိုးတိုးတက်မှု အကန့်အသတ်များ ဖြစ်၏။ ထိုစဥ်က သူတို့သည် ကျန်းဟိုင်မြို့ကို အဓိကမြို့တစ်မြို့အဖြစ် မသတ်မှတ်ခဲ့ပေ။ သူတို့က တတိယအဆင့် မြို့အဖြစ်သာ သတ်မှတ်ထားတာ ဖြစ်သည်။ ထို့ကြောင့် ထိုစဥ်က သူတို့ ချမှတ်ခဲ့သည့် အစီအရင်သည် အဆင့်ကန့်သတ်ထား၏။ ထိုအချက်ကို အခြေခံပြီး ယဲ့ရှောင်က ယခုဆို သူကိုယ်တိုင် အစီအရင်တစ်ခု တည်ဆောက်ရန် သူ့ကိုသူ အားကိုးတော့မည်။
ကံကောင်းသည်မှာ အစီအရင် အမျိုးအစားများက သိုင်းကျမ်းများလောက် မများပြားပေ။ ယင်းက ဘေးတံခါး အမျိုးအစားဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် သူသည် တော်ဝင်အစီအရင်တစ်ခု သန့်စင်ရန်အတွက် စာအုပ်များစွာ ဖတ်ဖို့ မလိုအပ်ချေ။
ယဲ့ရှောင်သည် သန့်စင်ရန်အတွက် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို အသုံးပြု၍ ရသည့် ကိစ္စမျိုး မဟုတ်ပေ။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က အစီအရင်တစ်ခု မှတ်သားပြီးသော ဖြစ်သောကြောင့်ပင်တည်း။ ၄င်း၏ အကန့်အသတ်ကို ရောက်နေပြီ ဖြစ်သည်။ လေထဲကနေ အခြေခံ အစီအရင်များ စုဆောင်းဖို့က မဖြစ်နိုင်တော့ပေ။
ယခုအချိန်တွင် ယဲ့ရှောင်က တော်ဝက်ကျင့်စဥ်တစ်ခု သန့်စင်ချင်လျှင် သို့မဟုတ် တော်ဝင်အစီအရင် ကျင့်စဥ်တစ်ခုကို သန့်စင်ချင်ပါက သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြပြီး ဖြည်းဖြည်းချင်း စူဇန်က ၄င်းကို နည်းနည်းချင်း ဆင့်ကဲပြောင်းလဲရန် လိုအပ်သည်။
သူသည် ယခင်က ချီရှန်းအဆင့် ကျင့်စဥ်များကနေ တော်ဝင်ကျင့်စဥ်ကို ထုတ်ဖော်ပြီး အစစ်အမှန် တော်ဝင်ကျင့်စဥ်အဖြစ် ပေါင်းစည်းနိုင်သည့် နည်းလမ်းကို ရှာမတွေ့ခဲ့တာ နှမြောစရာ ကောင်းလှသည်။ မဟုတ်ပါက သူ့၌ ယခုဆို တော်ဝင်ကျင့်စဥ် မည်မျှများများ ရှိနေပြီမှန်း သိရတော့မှာ မဟုတ်ပေ။
ထိုအစီအရင်ကို ရရှိပြီးနောက် ယဲ့ရှောင်သည် အံ့ဖွယ်ဝိညာဥ်များကို တိုက်ရိုက် စုဆောင်းလိုက်၏။ သို့မှသာ အံ့ဖွယ်ဝိညာဥ်က ၄င်းနှင့် အသားကျသွားပြီး အလွယ်တကူ တည်ဆောက်နိုင်မှာပဲ ဖြစ်သည်။
ညနေခင်း အလုပ်ဆင်းစဥ်၌ အံ့ဖွယ်အစီအရင်က စုစည်းပြီး ဖြစ်၏။
ယဲ့ရှောင်သည် တော်ဝင်အစီအရင် သုံးခု စုစည်းပြီးနောက် အစီအရင်အသစ်တစ်ခု ပေါင်းစည်းမည်ဟု မူလက တွေးခဲ့၏။ သို့သော်ငြား အစီအရင် သုံးခုလုံး ပေါ်လိမ့်မည်ဟု မထင်ထားပေ။ ရွှေရောင်စာအုပ်ထဲ၌ အစီအရင်ကို မှတ်တမ်းတင်ထားသော စာရွက်သည် ရွှေရောင်အလင်း ဖြာထွက်မလာပေ။ ဆိုလိုတာက ၄င်းတို့ကို ပေါင်းစည်း၍ မရနိုင်ပေ။ အစီအရင်နှင့် ကျင့်စဥ်က မတူညီတာ ဖြစ်လောက်သည်။ ထို့ကြောင့် ပေါင်းစည်းရန် တောင်းဆိုချက်က ပိုမြင့်မားတာ ဖြစ်နိုင်၏။
သို့သော်ငြား ယင်းက ကိစ္စမရှိပေ။ တော်ဝင်အစီအရင်သည် ဧကရာဇ်နယ်ပယ်အောက် တည်ရှိမှုများနှင့် ဖြေရှင်းနိုင်ပြီးသား ဖြစ်သည်။ ယခုအချိန်တွင် သူ့အတွက် အသုံးပြုရနိ လုံလောက်နေပြီ ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့ရှောင်က သားရဲနတ်ဘုရား မဟာမိတ်ကနေ လုယူလာသည့် အရင်းအမြစ်များစွာ ရှိနေ၏။ သူ့အတွက် ၄င်းတို့ကို အသုံးပြုရန်က အဆင်ပြေသည်။ ထို့ကြောင့် အလုပ်ဆင်းပြီးနောက် ယဲ့ရှောင်သည် မြေဝပ်ခြင်းကျင့်စဥ်ကို ပြန်အသုံးပြုပြီး မြေကြီးထဲသို့ ဝင်လိုက်ကာ အစီအရင်၏ ချဲ့ထွင်မှု ပရောဂျက်ကို စတင်လိုက်သည်။ ယခုအခေါက်တွင် ယဲ့ရှောင်က ပိုကြီးမားသည့် နေရာကို ဖန်တီးချင်၏။ကြယ်တာရာသားရဲ အရေအတွက် တိုးလာသည်နှင့် မူလနေရာက သေချာပေါက် မလုံလောက်တော့ပေ။
ထို့အပြင် တော်ဝင်အစီအရင်ကြောင့် သူသည် နေရာ ပြိုလဲမှာကို စိုးရိမ်မနေပေ။ ယဲ့ရှောင်ဘက်တွင်မူ သူက စတင် တည်ဆောက်နေပြီ ဖြစ်၏။
တစ်ဖက်တွင်မူ ချန်ချင်းရွှမ်နှင့် ကျန်သည့်သူများက ကျန်းဟိုင်နားတစ်ဝိုက်၌ အစီအရင်သစ်တစ်ခု နောက်ဆုံးတွင် တည်ဆောက်ပြီးသွားပြီ ဖြစ်သည်။
” ဟူး ”
သူက လေပူများ မှုတ်ထုက်လိုက်ပြီး အလုပ်ပြီးသွားချိန်၌ သူ၏ မျက်မှာထက်တွင် ပြုံးနေသည့် အမူအယာ ပေါ်လာသည်။
” ငါတို့ စိတ်မပျက်ပါဘူး။ ကျန်းဟိုင်မြို့ထဲမှာ အစီအရင်တွေ အားလုံးကို နောက်ဆုံးတော့ တည်ဆောက်ပြီးသွားပြီ ဖြစ်သည် ”
ကျန်သည့်သူများက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကာ ချန်ချင်းရွှမ်ကို ကျေးဇူးတင်စကား ပြောကြ၏။
” လောင်ချန် မင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီတစ်ခေါက် မင်းတို့ ကျန်းဟိုင်မြို့တွင်း မြို့ပြင်က အစီအရင်တွေကို ပြောင်းလဲဖို့ တစ်လလုံးလုံး အလုပ်ကြိုးစားခဲ့ရတာ။ ကျန်းဟိုင်မြို့အတွက် ခုခံခြင်း အစီအရင်တစ်ခုလုံးကိုတောင် အထူးတလည် တည်ဆောက်ပြီးသွားတယ် ”
” မင်းတို့တွေ အားနာလွန်းနေတာ မဟုတ်ဘူးလား။ ဘယ်သူက ဘယ်သူနဲ့လဲ။ ငါတို့ ကျင်းတူသိုင်းကျောင်းတော်မှာ ရှိတုန်းက ငါတို့က အခန်းဖော်တွေလေ။ နှစ်ပေါင်းများစွာ သူငယ်ချင်းကောင်း ဖြစ်ခဲ့တာ ”
” အခု မင်းက မြို့တော်ဝန် ဖြစ်နေပြီ။ ငါက မင်းကို ကူညီဖို့ ငါ့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေ ပြရမှာပေါ့ ”
ချန်ချင်းရွှမ်ဘေးရှိ တပည့်က ပြော၏။
” မြို့တော်ဝန် ဒီတစ်ခေါက် ကျွန်တော့် ဆရာက အတော်လေး အားစိုက်ထုတ်လာတာ။ သူက ဒီအစီအရင်ကို ကောင်းကောင်း လုပ်ခဲ့တယ်။ ကျန်တဲ့မြို့က အစီအရင်တွေကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကျန်းဟိုင်မြို့က အစီအရင်တွေနဲ့ ယှဥ်ရင် သူတို့က နည်းနည်းနိမ့်တယ်။ ဒီဝိညာဥ်စုစည်းခြင်း အစီအရင်ကိုပဲ ဥပမာယူလိုက်။ သူတို့ကို မကြည့်နဲ့ သူတို့တွေက ကျန်းဟိုင်မြို့ အရပ်မျက်နှာအနှံ့မှာ ထားထားတဲ့ ထိပ်တန်းအဆင့် ချီရှန်းအစီအရင် ၈ခုပဲ။ မြို့လယ်က အစီအရင် အမြုတေနဲ့ စပ်ထားတာတောင် ချီရှန်းအစီအရင်နှင့် တစ်ခုနှင့်တစ်ခု စပ်ထားသလိုပဲ ”
” ဒါပေမဲ့ လက်တွေ့မှာတော့ ဒီအစီအရင် တည်ဆောက်မှု ခက်ခဲမှုက သာမန် တော်ဝင် ဝိညာဥ် စုစည်းခြင်း အစီအရင်ထက် မနိမ့်ဘူး။ အဲ့လိုပဲ သူ့ရဲ့ အာနိသင်က သာမန် တော်ဝင်ဝိညာဥ်စုစည်းခြင်း အစီအရင်ထက် ပိုသန်မာတယ် ”
” တခြားမြို့တွေမှာသာဆို မြို့ကြီးတစ်မြို့ ဖြစ်ရင်တောင် ကျုပ်ရဲ့ ဆရာက ဒါကို ဖြေရှင်းဖို့ တော်ဝင်အစီအရင်တစ်ခုပဲ သုံးလိုက်မှာ။ ဒီမြို့ကိုပဲ သူက အထူးတလည် အချိန်သုံးပြီး ကျင့်ကြံခြင်းအစီအရင်ကို တည်ဆောက်ပေးတာ ”
” ရှောင်ဝမ် … ပါးစပ်ပိတ် ”
ချန်ချင်းရွှမ်က သူ၏ တပည့်ကို စိုက်ကြည့်လိုက်၏။ တပည့်က ချက်ချင်း ပါးစပ်ပိတ်သွားသည်။ တုချန်ဖုန်းက ချန်ချင်းရွှမ်၏ ပခုံးကို ပုတ်လိုက်လေ၏။
” လောင်ချန် ဒီခင်မင်မှုကို ငါ မှတ်ထားမယ်။ နောင်ကြ မင်း တစ်ခုခု လိုအပ်လာရင် ငါ့ကိုပြော။ ငါ တတ်နိုင်သရွေ့ သေချာပေါက် လုပ်ပေးမယ် ”
” ဘာတွေ အားနာနေတာလဲ။ ငါတို့က ညီအစ်ကိုတွေပဲလေ။ ဒီအစီအရင်ကို စမ်းသပ်ဖို့ ဝိညာဥ်ကျောက်တုံးတွေ မြန်မြန်ထည့််ဖို့လိုတယ် ”
” ဟုတ်ပြီ ”
တုချန်ဖုန်းက နောက်တစ်လှမ်း ဆုတ်ပြီးနောက် ချန်ချင်းရွှမ်ကို နေရာပေးလိုက်၏။ ချန်ချင်းရွှမ်က ဝိညာဥ်ကျောက်တုံးများ ချက်ချင်း ထည့်လိုက်တော့သည်။
သူသည် ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ၏ ကြယ်အမြုတေ ( ၉ ) လုံးကို အစီအရင်ထဲ ထည့်ကာ အစီအရင် အခင်းအကျင်း၏ အရည်အသွေးကို မြှင့်တင်နေသည်။
ဝိညာဥ်ကျောက်တုံးများ ထည့်ပြီးနောက် အစီအရင်တစ်ခုလုံး အသက်ဝင်လာ၏။ နောက်တစ်စက္ကန့်တွင် ဝိညာဥ်စွမ်းအင် လွှမ်းမိုးမှုက ကျန်းဟိုင်မြို့ကို လျင်မြန်စွာ စီးဆင်းသွား၏။
ဟူး ဟူး ဟူး။
အစီအရင်ဘေး၌ ရပ်နေစဥ် တုချန်ဖုန်းက ဝိညာဥ်စွမ်းအင်များ ရူးသွပ်စွာ အော်မြည်နေသံကိုတောင် ကြားရ၏။
” ဒီအစီအရင်က သန်မာလိုက်တာ ”
ထိုအခင်းအကျင်းသည် ကွမ်းလျန် ယခင်က တည်ဆောက်ခဲ့ဖူးသည်ထက် ပိုသန်မာ၏။ သို့သော် ထိုစဥ် ကောင်းကင်ပေါ်၌ မိုးကြိုးတိမ်တိုက် ရှိလာလေ၏။ လူတိုင်းက မျက်မှောင်ကျုံ့မိသွားသည်။
” ထူးဆန်းလိုက်တာ။ ဘာကြောင့် မိုးကြိုး ရုတ်တရက် ပေါ်လာရတာလဲ။ မိုးလေဝဿဌာနက ဒီနေ့ မိုးရွာမယ်လို့ မပြောထားပါဘူး ”
အပိုင်း ၂၅၂ ပြီး၏။