Switch Mode

Chapter – 251

သူ့ရှေ့မှာဆို အံ့ဖွယ်ဂိုဏ်းတောင် ကြောက်ရတယ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၁ သူ့ရှေ့မှာဆို အံ့ဖွယ်ဂိုဏ်းတောင် ကြောက်ရတယ်။

” လျိုချန်စွင်းလား။ သူက သိပ်အစွမ်းထက်လား ”
လီလျိုဆွေ့က မျက်ခုံး အနည်းငယ် ပင့်မိသွား၏။ သူက လုချင်ရှန်းနှင့် မတူညီပေ။ လုချင်ရှန်းက ကိစ္စရပ်အသစ်များကို အနည်းငယ် နားလည်သဘောပေါက်ပေ၏။ တစ်ဖက်တွင် သူက သိုင်းရူးစစ်စစ် ဖြစ်သည်။ ကျင့်ကြံခြင်းမှအပ ဤလောကကြီးရှိ ကျန်သည့်အရာများကို နားလည်သဘောပေါက်ခြင်း မရှိပေ။
ဖာ့ကျန်းက အနည်းငယ် တိတ်ဆိတ်သွားလေ၏။ အကြောင်းမှာ သူ မည်ကဲ့သို့ ရှင်းပြရမည်မှန်း မသိသောကြောင့် ဖြစ်သည်။
လျိုချန်စွင်းက အမှန်တကယ် အလွန်သန်မာပြီး သူ့ထက် ပိုသန်မာ၏။ သို့သော်ငြား လီလျိုဆွေ့ရှေ့တွင်မူ သူက ဘာမှမဟုတ်တော့ဟု ထင်ရသည်။ ယခုအချိန်၌ သူ့ကို ဖော်ပြရန် မည်သည့် စကားလုံး သုံးရမည်မှန်း မသိတော့ပေ။
သူ့ဘေးရှိ အိန္ဒိယ ဗုဒ္ဓသားတော် အာရုန်က ရှင်းပြလိုက်၏။
” လတ်တလော နောက်ပိုင်းနှစ်တွေမှာ နာမည်ကြီးလာတဲ့ လျိုချန်စွင်းက ဟန်နိုင်ငံရဲ့ ကျော်ကြားတဲ့ ဓါးသူတော်စင်တစ်ယောက်ပဲ။ သူက ရှန်းထျန်းအဌမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်။ သူက ကမ္ဘာ့နဂါးစာရင်းမှာ အရင်တုန်းက အဆင့် ၄၉ ရထားတယ်။ ဒါပေမဲ့ အခု အဆင့် ၅၀ ရောက်သွားပြီ ”
” အဲ့ဒါက သူက စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို ရှုံးနိမ့်ခဲ့တာကြောင့်ပဲ။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာက ပေါ်တောင် ပေါ်လာမခဲ့ဘူး။ သူ့ရဲ့ ဓါးဆန္ဒကို ပန်းတစ်ပွင့်ထဲမှာ ဝှက်ထားလိုက်ပြီး အလွယ်တကူ အနိုင်ယူသွားတာ ”
” အော် ”
လီလျိုဆွေ့က အော်ဟုသာ ပြောလျက် ၄င်းကိုအလေးမထားပေ။
လျိုချန်စွင်းက ရှန်းထျန်းနဝမအဆင့်တွင် ရှိလျှင် သူက အလေးထားလောက်သည်။
သူသည် ရှန်းထျန်းနဝမအဆင့်တောင် မရောက်တာ နှမြောစရာကောင်းလှပေ၏။ ထိုသို့ဆိုလျှင် သူ့အတွက် ဘာမှ ဂရုစိုက်စရာ ရှိတော့ပုံ မရပေ။
ရှန်းထျန်း နဝမအဆင့်။ ယင်းက အနည်းငယ် ပိုအားနည်းနေလျှင် သူက ကြည့်ဖို့ စိတ်ထဲတောင် ထားမှာ မဟုတ်ပေ။
ရှန်းထျန်း အဌမအဆင့်နှင့် ရှန်းထျန်း နဝမအဆင့်ကြား ကွာဟချက်က မိုးနှင့်မြေပမာ ကွာဟလှပေ၏။
သူသည် စီနီယာ ဓါးမော့ဓါးဝိဇ္ဇာ၏ ရုပ်ထုကို ကြည့်ပြီး စကားနှစ်ခွန်းကို ရေရွတ်ပြောလိုက်၏။
” ဒါနဲ့ ပြောနေရင်းနဲ့ ဒီဓါးမော့ဓါးဝိဇ္ဇာကအရည်အချင်းတချို့ ရှိပုံပဲ။ သူက ဓါးဆန္ဒကို နှင်းဆီတစ်ပွင့်ထဲမှာ တကယ်ကြီး ထည့်ထားနိုင်တာ။ ဒီအဖိုးကြီးကတော့ သူ့ကို ပိုပိုပြီး စိတ်ဝင်စားလာပြီ ”
လီလျိုဆွေ့က ပြောလိုက်၏။
အမှန်တကယ်တွင် သူ၏ ကျင့်ကြံခြင်းသည် သူ၏ အဆင့်သို့ ရောက်လာပြီးနောက် အချို့သော ကဏ္ဍများအရ ပြိုင်ဘက်၏ ခွန်အားကို အလွယ်တကူခွဲခြမ်းစိတ်ဖြာနိုင်၏။ သူ၏ ပျမ်းမျှ ခွန်အား မည်သို့ ရှိမည်နည်း။
ပန်းပွင့်ထဲ၌ ဓါးဆန္ဒကို ဝှက်ထားနိုင်ခြင်းသည် ရှန်းထျန်းနဝမအဆင့်၏ အထွတ်အထိပ်တွင် ရှိလောက်၏။ သူက ရှန်းထျန်း နဝမအဆင့် အထွတ်အထိပ်တွင် ရှိစဥ်က သူသည် ၄င်းကို အလွယ်တကူ ပြုလုပ်နိုင်သည်။
ထိုကြောင့် ဘာမှ ထူးကဲနေတာ မရှိပေ။ သို့သော်ငြား စီရင်စု၉ခုထဲ၌ အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်သို့ ရောက်သည့် ပုဂ္ဂိုလ်များစွာ မရှိပေ။ ထို့ကြောင့် အနည်းနှင့်အများတော့ တစ်ဖက်သူ မည်သူဆိုတာ သူ မြင်တွေ့ချင်သည်။
အမှန်တကယ်တွင် သူ၏ ခွဲခြမ်းစိတ်ဖြာမှုက ရင်းနှီးနေသည့်တိုင် အနည်းငယ် ချို့တဲ့နေသေး၏။ သူ ပြီးပြည့်စုံစွာ မခွဲဖြာနိုင်သရွေ့ အစိတ်အပိုင်းအချို့ ရှိသည်။
ပြောရလျှင် ထိုစဥ်က ယဲ့ရှောင်၏ ကျင့်ကြံမှုသည် ရှန်းထျန်း အဌမအဆင့်တွင်သာ ရှိသေးသည်။ သို့သော်ငြား သူသည် အဆင့်တူကြားထဲ ပြိုင်ဘက်ကင်းသောကြောင့် တိုက်ခိုက်ရန် တစ်ဆင့်ကျော်နိုင်၏။ ထိုစဥ်က သူ၏ နည်းစနစ်များသည် ရှန်းထျန်းနဝမအဆင့်နှင့် ညီတာ ဖြစ်လောက်သည်။ ထိုရှုထောင့်အရ လီလျိုဆွေ့၏ ဝေဖန်ပိုင်းခြားမှုသည်လည်း ဆင်တူနေပေ၏။ သို့သော်ငြား သူက ဒုတိယအချက်ကို ဝေဖန်ပိုင်းခြားနိုင်ခဲ့ခြင်း မရှိပေ။ ယင်းက ယဲ့ရှောင်၏ ပါရမီပဲ ဖြစ်သည်။
ယဲ့ရှောင်သည် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လာချေပြီ။ သို့သော် ထိုအချက်ကို သူက ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိပေ။
” စီနီယာ လီ သွားကြရအောင်။ ခင်ဗျားအတွက် ဗုဒ္ဓကျမ်းတချို့ ရွေးပေးမယ် ”
လီလျိုဆွေ့က ခေါင်းညိတ်လိုက်၏။
လက်ရှိတွင် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးသဘာဝကို အလွယ်တကူ မဖိနှိပ့်နိုင်ပေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးသဘာဝကို ဖိနှိပ့်ပြီး သူ့ကို သတ်ဖြတ်လိုစိတ်ကို ဖိနှိပ့်နိုင်ရန်အတွက် ဗုဒ္ဓကျမ်းစာအချို့ လိုအပ်သည်။ သုံးယောက်သားက စာကြည့်တိုက်ဆီ လျှောက်သွားပြီး စတုတ္ထအလွှာဆီသို့ တန်းသွားလိုက်၏။
လီလျိုဆွေ့က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။
” ဘာကြောင့် တခြားတစ်လွှာမှာ မဟုတ်တာလဲ။ ဒီအလွှာကို ဘာကြောင့် လာတာလဲ။ တတိယအလွှာမှာ ဗုဒ္ဓကျမ်းစာတချို့ တွေ့ခဲ့တယ်လေ ”
ဖာ့ကျန်းက ပြုံးလိုက်၏။
” ရှောင်လင်က ပို့လိုက်တဲ့ ဗုဒ္ဓကျမ်းစာတွေက စာကြည့်တိုက်ရဲ့ တတိယအလွှာမှာ ရှိနေတယ်။ ဒါပေမဲ့ အများစုက တတိယအလွှာနှင့် အထက်မှာ ရှိတာ။ ဒါ့အပြင် စတုတ္ထအလွှာမှာ ဒီရဟန်းအိုရဲ့ မိတ်ဆွေကောင်းတစ်ယောက် ရှိတယ်လေ။ ဒီရဟန်းအိုက သူ့ကိုလည်း သွားရှာချင်လို့ ”
” ငါ သိပြီ ”
သုံးယောက်သားက ယဲ့ရှောင်ရှေ့သို့ ရောက်သောအခါ ယဲ့ရှောင်နှင့် လျိုချန်စွင်းတို့ စကားပြောနေတာကို တွေ့လိုက်ရ၏။
” မစ္စတာ ယဲ့ ”
ယဲ့ရှောင်သည် ရုတ်တရက် ကြားဖြတ်ပြောခံလိုက်ရချိန်၌ တစ်ဖက်သူကို လှည့်ကြည့်လိုက်၏။ လျိုချန်စွင်းက မျက်ခုံး အနည်းငယ် ပင့်သွားသည်။
သို့သော်ငြား ဖာ့ကျန်းနှင့် အာရုန်ကို မြင်ရချိန်၌ သူ အဆင်ပြေနေသေး၏။ သို့သော် ဖာ့ကျန်းနောက်ရှိ လီလျိုဆွေ့ကို မြင်တွေ့သည့်အချိန်၌ သူ၏ ခန္ဓာကိုယ်က ချက်ချင်း တုန်ယင်သွားကာ သူငယ်အိမ်တို့ ကျုံ့ကုန်၏။ သူ စကားတစ်ခွနိးတောင် မပြောနိုင်တော့ပေ။
ဒါ ဒါ ဒါက။
ဖာ့ကျန်းက သူ၏ ပြောင်းလဲမှုကို သတိမပြုမိပေ။ သူ၏ အကြည့်က ယဲ့ရှောင်ဆီတွင်သာ တစ်ချိန်လုံး ရောက်နေ၏။
” ဒီနေ့ ဆရာတော်က လာလည်ဖို့ ဘာကြောင့် အချိန်ရနေတာလဲ ”
ယဲ့ရှောင်သည် တစ်ချက်ကြည့်ရုံဖြင့် လီလျိုဆွေ့၏ အဆင့်ကို ပြောနိုင်သည်။
ရှန်းထျန်းနဝမအဆင့် အထွတ်အထိပ်၏ မဟာအသိုင်းအဝိုင်းအထက် ဘုရင်နယ်ပယ်အဆင့်အောက် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ သွင်ပြင်ကို ကြည့်ပြီး သူက လတ်တလောမှာ အဆင့်တက်ရန် ကြိုးစားထားတာဖြစ်ပြီး မအောင်မြင်ခဲ့တာ ဖြစ်လောက်သည်။
ယခုအချိန်တွင် စီရင်စု၉ခုထဲ၌ ထိုကဲ့သို့ သူ နှစ်ယောက်ထက် ပိုမရှိလောက်ပေ။
ထို့အပြင် သူ၏ ခန္ဓာကိုယ်ထဲ၌ နတ်ဆိုးစွမ်းအင် ဖျော့ဖျော့ရှိနေပြီး ဖာ့ကျန်းက သူ့ကို လိုက်ပါပို့ဆောင်ပေးနေ၏။ ယင်းက ဖြစ်နိုင်ချေများသည်။
ဓါးနတ်ဘုရား လီလျိုဆွေ့။
” နုံချာတဲ့ ရဟန်းအိုက အောက်ထပ်မှာ ကပ်ထားတဲ့ စာကို သတိပြုမိလိုက်လို့လေ။ မစ္စတာ ယဲ့။ ရာထူး ထပ်တိုးသွားပြန်ပြီ။ ဒါကြောင့် ဒီရဟန်းအိုက လာဂုဏ်ပြုတာပါ ”
” ကျေးဇူးပါဗျာ ”
” အား … ဟုတ်သား။ ဒီရဟန်းအိုက ရှောင်လင်ကို ပြန်သွားတဲ့အချိန် မစ္စတာ ယဲ့ဆီကို ထားခဲ့တဲ့ အဲ့ဒီသိုလှောင်လက်စွပ် ”
” ကျွန်တော် အဲ့ဒီ သိုလှောင်လက်စွပ်ကို ယူမထားဘူး။ ဘာလို့လဲဆိုတော့ လေ့လာဖို့အတွက် ကျုံးမြို့ကို တစ်လလောက် သွားရတာလေ။ ဒီနှစ်ရက်အတွင်းမှာ ပြန်ရောက်လာတာ။ ဒါကြောင့် ဒါရိုက်တာ အိုးရန်လက်ထဲမှာ ရှိသေးတယ် ”
” သိပြီ။ ဒါဆိုရင် ဒီရဟန်းအိုက သူ့ကို အခု သွားရှာလိုက်ဦးမယ်။ ကျုပ် အခု သွားခွင့်ပြုပါဦး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ဖာ့ကျန်းက လီလျိုဆွေ့နှင့် ထပ်သွား၏။ အာရုန်ကမူ မထွက်သွားပေ။ သူက ထိုဧရိယာတွင် လေ့လာရန်အတွက် စာအုပ်များကို ချက်ချင်း စရှာလိုက်၏။
” မင်္ဂလာပါ။ စီရင်စု၉ခုရဲ့ ဘာသာစကားကို သင်ယူဖို့အတွက် စီရင်စု၉ခု ဘာသာစကားအကြောင်း စာအုပ်တချို့ ကျုပ်ရှာနေတာပါ။ ဘယ်နေရာမှာ ရှာလို့ရမလဲဆိုတာ သိလို့ရမလား ”
အာရုန်သည် စီရင်စု၉ခု ဘာသာစကားနှင့် ရောထွေးလျက် အိန္ဒိယစကားကို ပြောလိုက်တာ ဖြစ်သည်။ သူက သိပ်အသားမကျပေ။ လက်ဟန်များလည်း သုံးပြီး မေးလိုက်၏။
” ”
” လောင်လျို .. သူတို့ ဘာသာစကား မသိဘူးလား ”
” ငါ မသင်ဖူးဘူးလေ။ ငါ့အတွက် သင်လို့ အကျိုးမှ မထူးတာ။ ငါက စီရင်စု၉ခုမှာ မွေးလာပြီးတော့ ဟန်နိုင်ငံကို သွားလိုက်တာ ”
ယဲ့ရှောင်သည် တစ်ဖက်သူ၏ ဦးနှောက်ကို ဝိညာဥ်စွမ်းအင်ဖြင့် စစ်ဆေးကြည့်ရန် ကြိုးစားလိုက်၏။ ဒီတော့မှ အာရုန်သည် စီရင်စု၉ခု ဘာသာစကားကို သင်ယူချင်နေအကြောင်း သူ နားလည်သွား၏။
” သူက ငါတို့ရဲ့ ဘာသာစကားကို သင်ယူချင်နေတာလား။ အခြေခံ သင်ယူဖို့အတွက် သူ့အတွက် စာအုပ်တချို့ ရွေးပေးဖို့ မင်းရဲ့ လူတွေကို ပြောလိုက် ”
” ဟုတ်ပြီ ”
လျိုချန်စွင်းက အနားတွင် အော်လိုက်လေ၏။ မကြာမီ၌ ကြီးကြပ်သူလေးတစ်ဦးက ပြေးလာတော့သည်။ လျိုချန်စွင်း၏ အမိန့်အောက်တွင် သူက အာရုန်ကို စာအုပ်များ ကြည့်ရန် ခေါ်သွားတော့သည်။
အာရုန်၏ စိတ်အားထက်သန်နေသော အကြည့်ကို မြင်ပြီး လျိုချန်စွင်းက သက်ပြင်းမချပဲ မနေနိုင်တော့ချေ။
” စီရင်စု၉ခုကို ရောက်လာတဲ့ လူတိုင်းက ဒီနေရာရဲ့ ယဥ်ကျေးမှုကြောင့် ဆွဲဆောင်ခံလိုက်ရတယ်။ ဒီအာရုန်က နောင်ကြ စီရင်စု၉ခုကနေ မထွက်သွားနိုင်ချေက မြင့်နေတာ။ မင်း မတွေ့ဘူးလား။ သူက ငါတို့ ဘာသာစကားကို ပြောတဲ့အချိန် သူ့ရဲ့မျက်လုံးထဲမှာ အလင်းတွေ ပြည့်နေတာပဲ ”
” သူ့မှာ ဗီဇာ မရှိဘူးလား။ ဗီဇာသက်တမ်း ကုန်သွားပြီးရင် သူ ပြန်သွားရမှာပဲမလား ”
” သူ့ကို ကြည့်လေ။ သူက ငါတို့ ဘာသာစကားကို သင်ယူဖို့ ပြင်နေတာ။ ပြီးတော့ စီရင်စု၉ခုကို ဝင်ဖို့ စာမေးပွဲ ဖြေလောက်တယ်မလား။ သူလိုမျိုး အဆင့်မြင့် ရှန်းထျန်း ဆဌမအဆင့် သိုင်းပညာရှင်တစ်ယောက်အတွက် ပါရမီရှင်လည်း ဖြစ်တဲ့သူအတွက် စီရင်စု၉ခုကို သူ ဝင်လာတာ ပြဿနာ မရှိလောက်ဘူးလေ ”
” ဒီသားရဲကပ်ဘေး ပြီးသွားရင် ငါလည်း စီရင်စု၉ခုကို ဝင်ဖို့ တွေးထားတာ ”
” ဒါပေမဲ့ အခု မလုပ်နိုင်ဘူး။ ပြောရရင် ဟန်နိုင်ငံက ငါ့ကို နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့တာ။ သားရဲကပ်ဘေးက အန္တရာယ် ကျရောက်တော့မှာ။ အခု ဟန်နိုင်ငံကနေ မထွက်သွားနိုင်ဘူး။ အနည်းဆုံးတော့ ဒီတစ်ခေါက် သားရဲကပ်ဘေးမှာ သူတို့ ရှင်သန်အောင် ကူညီပေးရမယ် ”
” မဟုတ်ရင် ရှေ့တန်းမှာ ခံတပ်ကို ထိန်းထားပေးမဲ့ အံ့ဖွယ်ဂိုဏ်း မရှိပဲ ဟန်နိုင်ငံတစ်ခုလုံးက ရှင်းထုတ်ခံရလောက်တယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
ထိုအကြောင်းကြောင့် လူများစွာသည် စီရင်စု၉ခုကို ဝင်လာကြပြီး သူတို့က ပါရမီရှင်များတောင် ဖြစ်နေလျက် စီရင်စု၉ခုအတွက် ကိစ္စကောင်းတစ်ရပ်လည်း ဖြစ်သည်။ ယင်းက စီရင်စု၉ခုကို ပိုမိုသန်မာလာစေ၏။ သူတို့က အမှိုက်များဆိုလျှင် ထိုသို့ ဖြစ်မှာမဟုတ်။ စီရင်စု၉ခုသည် အမှိုက်များ ခိုလှုံရာ မဟုတ်ပေ။
” ဒါနဲ့ စကားမစပ် ခုနတုန်းက ဖာ့ကျန်း ဘေးက လူကို သတိပြုမိလား ”
” တိတ်ဆိတ်နေတဲ့ အဖိုးကြီးလား ”
” ဟုတ်တယ်။ သူပဲ ”
လျိုချန်စွင်း၏ အမူအယာက ရုတ်တရက် လေးနက်တည်ကြည်သွားသည်။
” အဲ့ဒီလူက သာမန်လူ မဟုတ်ဘူး။ ငါတောင် သူ့ရဲ့ အရှိန်အဝါ ကြောက်မက်ဖွယ်ကောင်းတယ်လို့ ခံစားမိတယ်။ မင်းရဲ့ ကျင့်ကြံမှုက အားနည်းလွန်းတာကြောင့် အဲ့ဒီ ခံစားချက်ကို မသိလောက်ဘူး။ မင်းရဲ့ ခွန်အားက ဟို့ထျန်း ဆဌမအဆင့်ပဲ ရှိတာကိုး ”
” သူ့ရှေ့မှာဆို မင်းက သဲကန္တာရထဲမှာ ရှိနေသလိုပဲ။ ဒီတောင်ကြီး ဘယ်လောက်မြင့်လဲ။ ဘယ်လောက်ကြီးသလဲဆိုတာ မမြင်နိုင်ဘူး ”
” စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ သူ့ရဲ့ ခွန်အားနဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိနိုင်တာ ”
” လတ်တလောာမှာ စီရင်စု၉ခုရဲ့ ဓါးနတ်ဘုရား လီလျိုဆွေ့က အဆင့်တက်တာ ကျရှုံးသွားပြီး စိတ်ရူးဖောက်သွားတယ်လို့ ကြားထားတယ်။ သူက ရှောင်လင်မှာ ပြန်လည် ကုစားနေပြီး လက်ရှိ ဖာ့ကျန်းနဲ့အတူ ရှိနေတာ။ သူက စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို ရှာဖို့ ဒီနေရာကို ရောက်လာတာ ဖြစ်လောက်တယ်။ စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကလည်း ဓါးမော့ကျင့်စဥ်တွေကို ကျင့်ကြံတာကြောင့်လေ။ သူ့အသိအမြင်တချို့ ရမလားလို့ လာတာဖြစ်နိုင်တယ် ”
” အော် ”
ယဲ့ရှောင်က အော်ဟူ၍ အသံတစ်သံဖြင့်သာ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။
လျိုချန်စွင်းက ဆက်ပြောလိုက်၏။
” ငါ မထင်မှတ်ထားတာက ငါ လျိုချန်စွင်းက ဓါးမော့နတ်ဘုရား လီလျိုဆွေ့ကို တွေ့ခဲ့ရလောက်တဲ့အထိ ကံကောင်းလိမ့်မယ်လို့ မထင်ထားတာပဲ။ သူက နဂါးစာရင်းမှာ အဆင့် ၉ ရထားတဲ့ တည်ရှိမှုပဲ ”
” ခင်ဗျားကလည်း နဂါးစာရင်းမှာ ရှိတယ် မဟုတ်ဘူးလား ”
” မတူဘူးလေ ”
လျိုချန်စွင်းက ခေါင်းခါလိုက်၏။
” နဂါးစာရင်းမှာ နှစ်ယောက်လုံး ရှိတယ်ဆိုပေမဲ့ နဂါးစာရင်းရဲ့ အဆင့်တွေကြားက ကွာဟချက်က တစ်ကမ္ဘာစာလောက် ရှိတယ်။ ကျုပ်တို့ ပိုကွာလေလေ ကျုပ်တို့ ခွန်အားကြားက ကွာဟချက်က ပိုကြီးမားလေပဲ ”
” မင်းတွေ့တဲ့အတိုင်းပဲ။ ငါ့ရဲ့ ကျင့်ကြံမှုက အလွန်သန်မာတယ်။ ဒါပေမဲ့ ငါ အဆင့် ၅၀မှာပဲ ရှိတာ။ လန်ရှင်းယွဲ့၊ ရှီကွမ်းဟောင်နဲ့ တခြားသူတွေက အဆင့် ၄၀မှာဆိုရင် သူတို့တွေက ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်တယ် ”
” အဆင့် ၃၀က လူတွေအတွက် သူတို့ ငါ့ကို အနိုင်ယူဖို့က ပိုတောင် လွယ်သေးတယ် ”
” ထိပ်တန်း ၂၀အတွင်းဆို ငါ့ကို သတ်ဖို့က ခြင်တစ်ကောင်ကို ဖြစ်သတ်လိုက်သလိုပဲ လွယ်ကူလှတယ် ”
” လီလျိုဆွေ့က နဂါးစာရင်းမှာ အဆင့် ၉ ရထားတာလေ။ သူ့ရှေ့မှာဆို ငါလို အလယ်အဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်တောင် ကြောက်နေရတာ။ သူက ဒီကမ္ဘာထဲမှာ ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ ”
ယဲ့ရှောင်က ထိုအချက်ကို ဝန်ခံလိုက်၏။ သူသည် ကျုံးမြို့ စာကြည့်တိုက်တွင် ပေ့ထျန်းစီနှင့် စကားစမြည်း​ပြောခဲ့စဥ်က ထိုအချက်ကို ပြောပြခဲ့ဖူးသည်။ လက်ရှိတွင် နဂါးစာရင်းရှိ ထိပ်တန်း ၇ယောက်သာလျှင် ဘုရင်နယ်ပယ် သိုင်းပညာရှင်များ ဖြစ်သည်။
ဖီးနစ်စာရင်း၌ ၄ဦးသာလျှင် ဘုရင်နယ်ပယ်သိုင်းပညာရှင်များ ဖြစ်၏။
ယခု သူအပါအဝင် ဘုရင်နယ်ပယ် သိုင်းပညာရှင်က ၁၂ယောက်သာ ရှိသည်။ ယင်းက တစ်ကမ္ဘာလုံးတွင် ဖြစ်၏။ စီရင်စု၉ခုထဲတွင်ဆိုလျှင် အရေအတွက်က ပိုတောင် နည်းနေလိမ့်မည်။
စီရင်စု၉ခုထဲရှိ ပုဂ္ဂိုလ် ၄ဦးက ဘုရင်နယ်ပယ် သိုင်းပညာရှင်များ ဖြစ်သည်။ လေးဦးတွင် အမျိုးသား နှစ်ယောက်၊ အမျိုးသမီး နှစ်ယောက်ဖြစ်ပြီး နှစ်ယောက်စီက နဂါးစာရင်းနှင့် ဖီးနစ်စာရင်း၌ ထိပ်ဆုံးနေရာနှစ်ခုကို သိမ်းပိုက်ထားသည်။
ထို့အပြင် အမျိုးသမီး ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးလည်းရှိပြီး သူမက ပေါ်မလာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။
သို့သော်ငြား ဤကမ္ဘာပေါ်၌ ဘုရင်နယ်ပယ်အထက် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်မှ မရှိပေ။ အာကာသစစ်မြေပြင်တွင်သာလျှင် ဘုရင်နယ်ပယ် သိုင်းပညာရှင်များ ရှိ၏။ ထိုအမြင်အရ ဘုရင်နယ်ပယ်အောက်တွင် ဘုရင်အဆင့်အောက် နယ်ပယ်က အသန်မာဆုံး ဖြစ်သည်။
ဓါးနတ်ဘုရား လီလျိုဆွေ့က ကမ္ဘာကြီးရှိ အမျိုးသားနှင့် အမျိုးသမီး သိုင်းပညာရှင်များကြားထဲ၌ အနည်းဆုံး ထိပ်တန်းအယောက် ၂၀အတွင်း ရှိသည်ဟု သတ်မှတ်၍ ရသည်။ လူဦးရေ ၁၀ဘီလီယံချီထဲမှာ ထိပ်တန်းအယောက် ၂၀ဟူသည် တကယ့်ကိုပဲ ထိပ်တန်း ရောက်နေတာ ဖြစ်သည်။

အပိုင်း ၂၅၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset