အခန်း ၁၃၉။ နှစ်၈၀၀ပြည့်မွေးနေ့ပွဲအခမ်းအနား၊ ရှေးဟောင်းမိသားစုများရောက်ရှိလာခြင်း
လီဟေးရွှေအတွက် ငရဲလောကခေါင်းတလားဈေးဆိုင်သည် မတော်တဆတွေ့ခဲ့ရသော အံ့ဩစရာကောင်းသည့် နေရာတစ်ခုပင်။
အစတုန်းက လီချန်ထျန်း၏ အလောင်းကို သူကိုယ်တိုင်သယ်ဆောင်ကာ မွေးနေ့ပွဲအခမ်းအနားသို့ သွားရန်စီစဉ်ထားခဲ့သည်။ သို့သော်လည်း ငရဲလောကခေါင်းတလားဈေးဆိုင်သို့ရောက်သောပခါ သူ၏ ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားခဲ့သည်။
ငရဲလောကခေါင်းတလားဈေးဆိုင်သည် သာမန်မဟုတ်ချေ။ အလောင်းကို သူတို့အား ပို့ခိုင်းလိုက်ခြင်းသည် ပို၍ အဆင်ပြေပေသည်။
သူသည် လီချန်ကျိုး၏ ကိစ္စကိုလည်း ကိုင်တွယ်ရပေဦးမည်။
ထိုသို့တွေးပြီး သူသည် စိတ်ထဲ၌ ဒေါင်းဖန်ပုဘိုင်ကို ခေါ်လိုက်သည်။
“တမန်တော်ဒေါင်းဖန်း…ခင်ဗျားရှိလား”
“ဘာဖြစ်လို့လဲ…ပြောပါ”
ဒဏ္ဍာရီလာတည်ခိုဆောင်…။
လင်းဝူတသည် လီမိသားစု၏ ပြပွဲကောင်းကို သွားကြည့်ရန်ပြင်ဆင်နေစဉ် သက်ရှိများအားလုံး၏စာအုပ်မှ လီဟေးရွှေ၏ အသိပေးချက်တစ်ခုကိုရလိုက်သည်။ သူသည် အံ့ဩသွားသော်လည်း အနည်းငယ်မျှော်လင့်တောင့်တသွားခဲ့သည်။
မည်သို့ပင်ဆိုပါစေ လီဟေးရွှေသည် သူ၏ ဖောက်သည်ကြီးတစ်ယောက်ပင်။
သူက အကူအညီလာမေးတိုင်း အလောင်းများရရှိနေပေသည်။
ထို့ကြောင့် လင်းဝူတသည် အလွန်စိတ်အားထက်သန်လျက်ရှိသည်။
“တမန်တော်ဒေါင်းဖန်…ခင်ဗျားမှာ ဖုံးကွယ်အဆောင်(ကိုယ်ပျောက်အဆောင်)ရှိသေးလား”
“အင်”
“တကယ်လား…ဒါဆို ကျုပ်… ကျုပ်ကို နည်းနည်းလောက်ရောင်းပေးလို့ရမလား”
“အဆောင်တစ်ခုကို ကောင်းကင်စက်ဝန်းနယ်ပယ်အလောင်းတစ်လောင်း”
“ကောင်းပြီး…ကျုပ်သုံးခုယူမယ်”
..
ဒေါင်းဖန်ပုဘိုင်တွင် ဖုံးကွယ်အဆောင်ရှိနေသေးသည်ကိုမြင်သောအခါ သူသည် ပျော်ရွှင်သွားခဲ့သည်။
သူသည် သူ့ခြံဝင်းထဲသို့ အလျင်အမြန်ပြန်လာခဲ့သည်။ ထို့နောက် လီချင်းချန်၏ အကြည့်အောက်တွင်ပင် သူသည် ပေါက်ပြားကိုကိုင်ကာ ခြံနောက်သို့သွားလိုက်သည်။
“အစ်ကို…ဘာလုပ်နေတာလဲ”
“အလောင်းတွေ တူးမလို့”
“ဘယ်လို…တမန်တော်ဒေါင်းဖန်နဲ့ အလဲအလှယ်ထပ်လုပ်မလို့လား”
“အင်”
…
လီဟေးရွှေသည် ထိုသို့ပြောပြီး အလောင်းများကို တူးယူလိုက်သည်။
မကြာမီသူသည် နောက်ဆုံးအလောင်းသုံးခုကို တူဖော်လိုက်သည်။
“လဲလှယ်မယ်” သူသည် တီးတိုးရေရွတ်လိုက်သည်။
ချက်ချင်းပင် ထူးဆန်သော အနက်ရောင်တွင်းနက်တစ်ခုထွက်ပေါ်လာခဲ့ပြီး အလောင်းသုံးလောင်းအား စုပ်ယူသွားခဲ့သည်။
ထို့နောက် ထိုအနက်ရောင်တွင်းနက်ထဲမှ အဆောင်သုံးခုထွက်လာခဲ့သည်။
လီဟေးရွှေသည် ၎င်းတို့ကို ကောက်ယူလိုက်သည်။
“ချင်းချန်…ဒီအဆောင်နှစ်ခုကို သေချာသိမ်းထား။ အနာဂတ်မှာ အသက်အန္တရာယ်ရှိတဲ့လအခြေအနေနဲ့ ကြုံလာရင် ဒါတွေကို ခြေမွလိုက်”
“အစ်ကို…ဒါကဘာလဲ”
“ဖုံးကွယ်အဆောင်…တမန်တော်ဒေါင်းဖန်ဆီက ဝယ်ထားတာ။ ဒါကို အစ်ကို တစ်ခါသုံးဖူးတယ်။ ဒါက အရမ်းမှော်ဆန်လွန်းတယ်။ မင်းဒါကို ခြေမွလိုက်ရင် ကိုယ်ပျောက်သွားလိမ့်မယ်။ ကောင်းကင်စက်ဝန်းနယ်ပယ်ကျွမ်းကျင်သူတောင် မင်းကို ရှာတွေ့နိုင်မှာမဟုတ်ဘူး။ အရေးကြီးတဲ့အခြေအနေမှာ အသက်ကို ကယ်တင်ပေးနိုင်တယ်။ သေချာသိမ်းထား…မလိုအပ်ပဲမသုံးနဲ့” လီဟေးရွှေသည် ဂရုတစိုက်ပြောလိုက်သည်။
ဖုံးကွယ်အဆောင်လား။
သူ၏ မိတ်ဆက်ပေးမှုကို ကြားသည့်အခါ လီချင်းချန်သည် အလွန်အံ့အားသင့်သွားခဲ့သည်။
သူမသည် ဆန်ကြယ်သောအရာမျိုးစုံကို အစစ်အမှန်နဂါးအကယ်ဒမီ၌ မြင်တွေ့ဖူးသော်လည်း ဤသို့အဆောင်မျိုးကို ပထမဆုံးတွေ့ဖူးခြင်းပင်။
“တမန်တော် ဒေါင်းဖန်က တကယ်ပဲ အသိအမှတ်ပြုဖို့ ထိုက်တန်တယ်” လီချင်းချန်သည် တိတ်တဆိတ်ချီးမွမ်းလိုက်သည်။
ထိုသို့ကြားသ်ည့အခါ လီဟေးရွှေသည် ဖျော့တော့စွာပြုံးလိုက်ပြီး ဘာမှမပြောတော့ချေ။
ထို့နောက်သူသည် လီချင်းချန်အား စကားအနည်းငယ်ပြောလိုက်ပြီး ခြံဝင်းထဲမှ ထွက်ခွာကာ လီမိသားစုဆီသို့ ဦးတည်လိုက်သည်။
…
တချိန်တည်းတွင် ဒဏ္ဍာရာလီတည်းခိုဆောင်၌ လင်းဝူတသည် ယင်စစ်မင်နှင့် လီကန်ထျန်းတို့အား ခေါ်လိုက်သည်။
ယင်စစ်မင်၏ အသက်အော်ရာသည် နှစ်တစ်သောင်းအသက်ရှည်ဆေးကြောင့် အနည်းငယ်ပို၍ ကောင်းမွန်လာခဲ့သည်။
သို့သော်လည်း ထျန်းမင်ဂိုဏ်း၏ တားမြစ်နည်းစနစ်ဖြင့် အပြစ်ပေးမှုကြောင့် သူ၏ သက်တမ်း၊ ကံစွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်တို့သည် ထက်ဝက်အထိ အမြဲတမ်းလျော့ချခံနေရပေသည်။ ထို့ကြောင့် သူသည် နှစ်တစ်သောင်းအသက်ရှည်ဆေးကို စားသည့်တိုင် သက်တမ်း၅၀သာ တိုးလာခဲ့သည်။
၎င်းသည် ပုံမှန်အကျိုးသက်ရောက်မှု၏ ထက်ဝက်ပင်။
(Note: နှစ်တစ်သောင်းအသက်ရှည်ဆေးဆိုသည်မှာ အသက်ရှည်ဆေး၏ သက်တမ်းကိုပြောခြင်းသာဖြစ်ပြီး အနှစ်တစ်သောင်းအထိ သက်တမ်းတိုးလာမည်ဟုဆိုလိုခြင်းမဟုတ်ပါ)
“ထျန်းမင်ဂိုဏ်းရဲ့ တားမြစ်နည်းစနစ်က တကယ်ကြောက်ဖို့ကောင်းတာပဲ” လင်းဝူတသည် သက်ပြင်းချလိုက်မိသည်။
ထိုနည်းစနစ်သည် သက်တမ်း၊ ကံစွမ်းအား၊ ကျင့်ကြံခြင်းတို့အား တစ်ဝက်အထိ အမြဲတမ်း လျော့ချနေခြင်းပင်။ လင်းဝူတသည်ပင် ထိတ်လန့်နေမိသည်။
အကယ်၍ ၎င်းကိုသာ သူ့အားအသုံးပြုခဲ့လျှင် ကပ်ဘေးရှောင်ရှားရွှေကိုယ်ထည်သည် အဓိကအောင်မြင်မှုအဆင့်သို့ရောက်နေလျှင်ပင် ခုခံနိုင်စွမ်းရှိမည်မဟုတ်ချေ။
“ဒီနေ့က လီမိသားစုဘိုးဘေး၊ လီသွမ့်ထျန်းရဲ့ နှစ်၈၀၀ပြည့်မွေးနေ့ပဲ။ မွေးနေ့ပွဲအခမ်းအနားကို အဓိကအင်အားစုတွေရောက်လာမယ်ထင်တယ်။ ပြပွဲတစ်ခုကြည့်ဖို့ ခင်ဗျားတို့ ကျုပ်နဲ့ လိုက်နိုင်တယ်”
“ကောင်းပါပြီ”
ယင်စစ်မင်နှင့် လီကန်ထျန်းတို့သည် ရိုသေစွာအရိုအသေပေးလိုက်သည်။
ထို့နောက် လင်းဝူတ၏ ဦးဆောင်မှုဖြင့် သူတို့သုံးယောက်သည် လီမိသားစုဆီသို့ ဦ်းတည်လိုက်ကြသည်။
…
…
လီမိသားစု…။
၎င်းသည် ဟေရွှေ ရှေးဟောင်းမြို့တော်၏ အရှေ့ဘက်တွင် တည်ရှိပေသည်။ သူတို့၏ ခြံဝင်းသည် ပေတစ်သောင်းလောက် ကျယ်ဝန်းပေသည်။ ၎င်းသည် သိသာထင်ရှားသော ခြံဝင်းတစ်ခုပင်။
အပြစ်သားမြို့တော်၏ အရှင်သခင်ဆိုသော ဂုဏ်ပုဒ်ဖြင့် သူသည် လီမိသားစုခြံဝင်းသို့ အလွယ်တကူဝင်ရောက်၍ရပေသည်။
နေရာတစ်ခုလုံး ဧည့်သည်များဖြင့် ပြည့်နေပြီး ကျင့်ကြံခြင်းအခြေခံသည် အနည်းဆုံး ဆန်းကြယ်ကောင်းကင်နယ်ပယ်တွင်ရှိနေကြပေသည်။
ဤအချိန်တွင် လီမိသားစုခြံဝင်းတစ်ခုလုံး ကောင်းမွန်စွာ အလှဆင်ထားပေသည်။ ဗုံသံများသည် အခမ်းအနားတစ်ခုလုံးကို တက်ကြွကာ သက်ဝင်လှုပ်ရှားမှုရှိနေစေ၏။
ဆန်းကြယ်ခရမ်းရောင်တိမ်ခန်းမတစ်ခုလုံး၌ ရယ်သံများဖြင့် ပြည့်နေသည်။
လူတိုင်း၏ မျက်နှာ၌ အပြုံးများဝေဆာနေပေသည်။
လင်းဝူတသည် ခန်းမထဲသို့ဝင်ပြီးနောက် ဆန်းကြယ်ခရမ်းရောင်တိမ်ခန်းမဘက်သို့ ကြည့်လိုက်သည်။ ခန်းမ၏ အဓိကနေရာ၌ထိုင်ကာ ရွှင်လန်းသည့်ဟန်ဖြင့်ရှိနေသောအနီရောင်ဝတ်လူအိုကြီးတစ်ယောက်ကို သူတွေ့လိုက်ရသည်။
၎င်းသည် လီသွမ့်ထျန်းဖြစ်၏။
သူသည် လီမိသားစုဘိုးဘေးဖြစ်သည့်အလျောက် ကောင်းကင်စက်ဝန်းနယ်ပယ် ပြီးပြည့်စုံသောအဆင့်သို့ရောက်ရှိနေခဲ့သည်။ နောက်တစ်ဆင့်သို့တက်ရောက်ရန် ခြေတစ်လှမ်းသာလိုပေတော့သည်။
…
ကောင်းကင်သိမ်းယူခြင်နယ်ပယ်…။
ထိုအဆင့်ရှိသူသည် လီမိသားစုတွင်ပင် အနည်းငယ်ရှိပေသည်။
၎င်းကို ကြည့်လျှင် လီမိသားစု၏ အခြေခံကို သိနိုင်ပေသည်။
“ချီချန်ချင်၊ ပိုင်ဟိုင်မိသားစုရဲ့ ခုနစ်ယောက်မြောက်သခင်လေးက လီမိသားစုဘိုးဘေးကို နှုတ်ဆက်ပါတယ်”
လင်းဝူတသည် ထိုလူအိုကြီးကို ကြည့်ရှုနေစဉ် ကောင်းကင်ပေါ်မှ ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။
“ဝှစ်”
ချက်ချင်းပင် ကြီးမားသော စိတ်ဝိညာဉ်လှေတစ်စီးသည် ရောက်ရှိလာခဲ့သည်။ ထိုနေရာ၌ လက်ဆောင်များဖြင့် ပြည့်နေသည်။
ထိုလှေပေါ်၌ ကျောက်မျက်များဖြင့် ခြယ်သထားသည့် လူငယ်တစ်ဦးသည် သာမန်ထက် ထူးကဲသော အော်ရာကို ထုတ်လွှတ်လျက်ရပ်နေခဲ့သည်။
သူသည် ပြုံးလျက်ရှိနေကာ ယပ်တောင်တစ်ခုကို ကိုင်ထားသည်။ သူသည် သိမ်မွေ့ကာ ခန့်ညားသည့်ပုံပေါ်သည်။
ပထမဆုံးအကြိမ်တွေ့ရုံဖြင့်ပင် လူများက သူနှင့် မိတ်ဆွေဖွဲ့ချင်ပေလိမ့်မည်။
“ပိုင်ဟိုင်မိသားစုလည်း ရောက်လာတာလား”
လူအုပ်သည် မငြိမ်မသက်ဖြစ်သွားခဲ့သည်။
“လီမိသားစုနဲ့ ပိုင်ဟိုင်မိသားစုတို့က အမြဲတမ်းမတည့်ကြဘူးလို့ ကျုပ်ကြားတယ်။ လီသွမ့်ထျန်းမွေးနေ့မှာ သူတို့မိသားစုက တစ်ယောကယောက်ရောက်လာမယ်လို့မထင်ထားဘူး” လူတစ်ယောက်သည် အံ့အားသင့်သွားခဲ့သည်။
မည်သို့ပင်ဆိုပါစေ မိသားစုကြီးနှစ်ခုစလုံးသည် အသင်္ချေတောင်တန်း၊ မြောက်ပင်လယ်တို့နှင့် ကပ်လျက်ရှိပေသည်။ သူတို့သည် ရန်သူဟု သတ်မှတ်၍ရပေသည်။ နှစ်ပေါင်းများစွာအတွင် ပြဿနာများစွာ ဖြစ်ပွားခဲ့ကြပြီး အခုထိတိုင်ရပ်တန့်မှုမရှိချေ။
ယေဘုယျကျကျစကားပြောရလျှင် ပိုင်ဟိုင်မိသားစုမှ မည်သူမှ မွေးနေ့ပွဲအခမ်းအနားသို့ မတက်ရောက်သင့်ပေ။
သို့သော် သူတို့သည် ခုနစ်ယောက်မြောက်သခင်လေး၊ ချီချန်ချင်အား စေလွှတ်ခဲ့ကြသည်။
သူသည် ပိုင်ဟိုင်မိသားစု၏ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်ပေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် မူလကောင်းကင်နယ်ပယ် နောက်ဆုံးအဆသ့်သို့ရောက်ရှိနေခဲ့ပေပြီ။
“ဟဟ… မိသားစုနှစ်ခုစလုံးက သန်မာကြပြီး နှစ်ရှည်ကြာတဲ့ အမွေဆက်ခံမှုရှိကြတယ်။ သူတို့က ရန်သူဖြစ်နေပေမဲ့ အချင်းချင်းတော့မျက်နှာသာပေးဖို့ လိုအပ်နေဆဲပဲ”
“လုပ်ရပ်တွေကတော့ အပြင်ဘက်နဲ့ နောက်ကွယ်မှာ ဘယ်တူမလဲ”
“တကယ်တော့ ပိုင်ဟိုင်မိသားစုနဲ့ ယှဉ်ရင် ဖန်လုံမိသားစုနဲ့ လီမိသားစုဆက်ဆံရေးက ပိုဆိုးဝါးတယ်။ အချင်းချင်း အမြဲရန်စောင်းနေကြတယ်”
“ဖန်လုံမိသားစုက မွေးနေ့ပွဲအခမ်းအနားကို လာမယ်ထင်လား”
“ကျုပ်တော့မထင်ဘူး။ ဖန်လုံမိသားစုက သူတို့ရဲ့ ဒေါသကြောင့် ကျော်ကြားတယ်။ တကယ်လို့ သူတို့သာလာခဲ့ရင် လီမိသားစုနဲ့ တိုက်ခိုက်ကြလိမ့်မယ်”
“ငါလည်း အဲလိုပဲထင်တယ်”
…
လူတိုင်းသည် သဘောတူလိုက်သည်။
“ဝှစ်”
သို့သော်လည်း သူတို့ဆွေးနွေးနေကြစဉ် ကောင်းကင်ပေါ်မှ ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရသည်။
ချက်ချင်းပင် စွမ်းအားကြီးသည့် သူများကို သယ်ဆောင်ထားသည့် စိတ်ဝိညာဉ်လှေတစ်စီးသည် ရောက်ရှိလာခဲ့သည်။ လှေပေါ်တွင်ရပ်နေသည့်သူသည် ကြမ်းတမ်းပုံပေါ်က သူ့လက်တွင် လှံရှည်အားကိုင်ဆောင်ထားပြီး ခက်ထန်သောအော်ရာကို ထုတ်လွှတ်ထားသည်။
သူ့နောက်မှ အနက်ရောင်ဝတ်အကြီးအကဲသည် ပို၍ နက်ရှိုင်းသော အော်ရာအား ပိုင်ဆိုင်ထားပေသည်။
သူတို့ထွက်ပေါ်လာသည့်အခါ လူတိုင်းသည် အံ့အားသင့်သွားခဲ့သည်။
သူတို့ ထွက်ပေါ်လာမည်ဟု မည်သူမှ မထင်ထားချေ။