စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၅၀ စီရင်စု ၉ခု မဟာမိတ်၏ ရည်ရွယ်ချက်။
ယဲ့ရှောင်သည် ထိုရလဒ်အကြောင်း ရှင်းရှင်းလင်းလင်း သိပြီးတာ ကြာပြီဖြစ်သည်။
ထိုစဥ်က သူ့ကို လေ့လာရန် ပို့လိုက်စဥ်၌ အိုးရန်ယွင်ကျုံးသည် သူမက သူ့ကို ထောက်ပံ့ပေးလိုကြောင်း ပြောခဲ့၏။ သူ၏ ကျင့်ကြံဆင့်က ဟို့ထျန်းဆဌမအဆင့်သို့ ရောက်လာသောကြောင့် ထိုတစ်ခုတည်းကနေ ပြဿနာများစွာကို ဖြေရှင်းပေးနိုင်၏။
နောက်ထပ်အချက် ရှိသေးသည်။ သူသည် စာကြည့်တိုက်ထဲ ဝင်လာတာ တစ်နှစ်ရှိပြီဖြစ်သော်ငြား စာကြည့်တိုက်က အလုပ် မကြာခဏပြောင်းသည့်တိုင် သူ၏ အလုပ်အတွေ့အကြုံက မနည်းပါးပေ။ ကုဟိုင်ကဲ့သို့ လူများစွာရှိသည်။ သူတို့က ဝင်လာပြီး ခဏတာ နေထိုင်ကာ ပြန်လှည့်ထွက်သွားကြ၏။
သူမ ပံ့ပိုးပေးတာ သူတစ်ယောက်တည်း မဟုတ်ပေ။ ကျန်သည့် ကြီးကြပ်သူအချို့လည်း ရှိ၏။ ဆိုရလျှင် သူတို့အားလုံးက သူမ၏ ယခင် လက်အောက်ဝန်ထမ်းများ ဖြစ်ခဲ့သည်။ ယဲ့ရှောင်က ဝန်မခံချင်သော်ငြား အိုးရန်ယွင်ကျုံး၌ တစ်ကိုယ်ကောင်းဆန်သည့် လှုပ်ရှားမှုအချို့ရှိကြောင်း သူ သိနေ၏။ အတိတ်တုန်းက သူမ ဒါရိုက်တာ ဖြစ်နေစဥ်၌ သူမသည် ထိုကဲ့သို့ ကြံစည်ရန် မလိုအပ်ချေ။ ယခုအချိန်တွင် သူမက ဒါရိုက်တာတစ်ယောက် မဟုတ်တော့ချေ။ သူမအတွက် ထွက်လမ်းတစ်ခု ချန်ထားရစ်ရမည်။ ဥပမာအနေဖြင့် နောင်ကြ သူမ၏ ဆွေမျိုးများ၊ မိသားစုဝင်များနှင့် ကျန်သည့်လူအချို့အတွက် အလုပ်အကိုင် စီမံပေးချင်သည်ဆိုလျှင် သူမ၏ ဤအဆက်အသွယ်များကို အသုံးပြုနိုင်၏။
စာကြည့်တိုက်၏ အကျိုးအမြတ်က အလွန်များပြားသေးသည်။ မဟုတ်ပါက သူမသည် သူနှင့် ကျန်သည့်သူများကို ရာထူးတက်ပြီး လစာမြင့်အောင် ကူညီပေးရန် အဓိပ္ပာယ်မရှိ ပြောနေမှာ မဟုတ်ပေ။ ယခုအချိန်တွင် ယဲ့ရှောင်က ဒါရိုက်တာ အိုးရန်အဖို့ စာကြည့်တိုက်၏ ဝန်ထမ်းအချို့ကို အတိတ်တုန်းက ကျန်သည့်နေရာများဆီ ရွှေ့ပြောင်းပေးရတာ လွယ်ကူရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ သဘောပေါက်သွားပြီ ဖြစ်သည်။ ထို့အပြင် သူတို့အတွက် သူက နေရာကောင်းအချို့တောင် ရှာပေးနိုင်၏။ ယခင် ဒါရိုက်တာက မရိုးရှင်းပေ။
သူသည် အပြင်ဘက်၌ မိတ်ဆွေအရေအတွက် အတော်လေး ရှိလောက်ပေ၏။ သို့သော် ယင်းက ကိစ္စကြီး မဟုတ်ပေ။ ဆိုရလျှင် ၄င်းသည် လူသားမျိုးနွယ်ကို ထိခိုက်စေနိုင်သည့် ကိစ္စမဟုတ်။ ထို့အပြင် ယင်းက ယခုအချိန်တွင် သူနှင့် မသက်ဆိုင်တော့ပေ။ သူက စာအုပ်များ ဖတ်ရှုနိုင်ပြီး ပိုသန်မာလာသရွေ့ အရာအားလုံးက သူ့ကဏ္ဍ၏ ဘေးထွက်ဆိုးကျိုးများသာ ဖြစ်နေလိမ့်မည်။ ယန်ရှီးသည် သူ ယခင်က စီမံခန့်ခွဲခဲ့သော ဧရိယာကို ကြီးကြပ်သူ ဖြစ်လာ၏။ ယင်းက နားလည်နိုင်ဖွယ် ရှိသည်။
သူမသည် အိုးရန်ယွင်ကျုံး၏ ဆွေမျိုးဖြစ်၏။ စာကြည့်တိုက်ထဲတွင် သူမထက် အသက်ပိုကြီးသည့် သူများစွာရှိသော်ငြား သူတို့သည် သူမ အနောက်တံခါးဖွင့်ခြင်းကို မတားနိုင်ခဲ့ပေ။ သူတို့အတွက် တိုးဝင်ရတာ ပိုလွယ်ကူသွားစေ၏။ သူမနှင့်အတူ သွားရောက်လေ့လာခဲ့သည့် လုပ်ဖော်ကိုင်ဖက်အများစုကလည်း ရာထူးတက်သွား၏။
လျိုချန်စွင်းကဲ့သို့ သူက ဤနေရာတွင် နေထိုင်ရန်အတွက် ရောက်လာရုံမျှသာ ဖြစ်သည်။ သူတို့၏ ရာထူး၌ များများစားစား ပြောင်းလဲမှု မရှိ။ ယင်းက ယေဘုယျအကြမ်းသာ ဖြစ်သည်။
ပြီးနောက် စာကြည့်တိုက်၏ ဒါရိုက်တာအသစ် ကျန်းချန်သည် စီမံခန့်ခွဲမှုအဖွဲ့ကို အပေါ်ထပ်သို့ ခေါ်ပြီးနောက် အစည်းအဝေးအသစ်အတွက် အစည်းအဝေးခန်းတစ်ခု ဖွင့်လှစ်တော့သည်။ စီမံခန့်ခွဲရန် ကိစ္စရပ်အချို့ ရှိ၏။
အစည်းအဝေးပြီးနောက် ယဲ့ရှောင်သည် နောက်ဆုံး၌ စတုတ္ထအလွှာသို့ ပြန်သွားတော့သည်။
လျိုချန်စွင်း၊ ဖျောင်ကျန့်ရှန်၊ ယန်ချန်းနှင့် ကျန်သည့်သူများက သူ့ကို လာရောက် ဂုဏ်ပြုကြသည်။ ယဲ့ရှောင်က တစ်ယောက်ပြီးတစ်ယောက် လက်ခံစကားပြောခဲ့၏။ သူ့ဘဝ၌ ပျော်ရွှင်ဖွယ် ဖြစ်ရပ်များစွာ ရှိသည်။ သူက ရာထူးတက်ပြီး လစာမြင့်သွား၏။ သို့သော် ယဲ့ရှောင်အဖို့ ထိုကဲ့သို့ ကိစ္စရပ်များက သူ့ကို အလွန်မက်မောစေခြင်း မရှိပေ။ တစ်ခုတည်းသော မက်မောစရာက သူက လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး အလုပ်လုပ်ရန် မလိုအပ်တော့ချေ။ ဤနည်းဖြင့် သူသည် စာအုပ်များ ပိုမို ဖတ်ရှုနိုင်ပြီး ပေါင်းစည်းရန်အတွက် တော်ဝင်ကျင့်စဥ်များစွာ ပိုမို စုဆောင်းနိုင်လိမ့်မည်။
ယနေ့တွင် ယဲ့ရှောင် ရှာနေသည်က ကျင့်စဥ်များ မဟုတ်ပဲ ကြယ်တာရာသားရဲများ၏ ကျင့်ကြံမှု မြင့်တက်ခြင်းအကြောင်း အချက်အလက်များပဲ ဖြစ်သည်။
လက်ရှိတွင် ကြယ်တာရာသားရဲများအတွက် သူတို့ ကျင့်ကြံမှု မြှင့်တင်ရန် လက်ခံနိုင်မည့် သာမန်နည်းလမ်းအချို့သာ ရှိသည်။
ပထမဆုံးနည်းလမ်းက ကျန်သည့် ကြယ်တာရာသားရဲများကို စားသောက်ရန် ဖြစ်သည်။ ဒုတိယနည်းလမ်းက လူသားများကို စားရန်ဖြစ်သည်။ တတိယနည်းလမ်းက သဘာဝရတနာများကို စားရန်ဖြစ်သည်။ စတုတ္ထနည်းလမ်းက ဖြည်းဖြည်းချင်း ကြီးပြင်းရန် ဖြစ်၏။ ယင်းက ရိုးရှင်းပြီး အကြမ်းဆန်သည်။
သုံးခုက စားရန်၊ တစ်ခုက ကြီးပြင်းရန်။
ပထမ၊ ဒုတိယနှင့် စတုတ္ထနည်းလမ်းများကို ဖယ်နိုင်၏။ ထိုနည်းလမ်းနှစ်ခုက သေချာပေါက် အလုပ် မဖြစ်ပေ။ ရှေးဦးစွာ ဒုတိယနှင့် စတုတ္ထနည်းလမ်းကို ဖယ်ထားနိုင်၏။ ထိုနည်းလမ်းနှစ်ခုက သေချာပေါက် အဆင်မပြေပေ။ ပထမနှင့် တတိယနည်းလမ်းက ပိုတည်ငြိမ်၏။ သို့သော်ငြား ပထမနည်းလမ်းက အမှန်တကယ် မမြန်ဆန်ပေ။ အကြောင်းမှာ ဖမ်းဆီး၍ ရနိုင်သော အဆင့်မြင့် ကြယ်တာရာသားရဲ များများစားစား မရှိသောကြောင့် ဖြစ်သည်။ ဖမ်းနိုင်လျှင် ယဲ့ရှောင်သည် သူတို့၏ ကျင့်ကြံဆင့်ကို မြှင့်တင်ရန် နောက်ထပ်နည်းလမ်းတစ်ခု တွေးရတော့မှာ မဟုတ်ပေ။ ကျင့်ကြံဆင့် အားနည်းသည့် ကြယ်တာရာသားရဲများက အစာပြေမုန့်များပမာ စားနိုင်၏။ သူတို့က လုံးဝအသုံးမဝင်ပေ။ ပိုမြန်ဆန်သည့် တစ်ခုတည်းသော အရာမှာ မိုးနှင့်မြေ၏ ရတနာများကဲ့သို့ ပစ္စည်းများ ဖြစ်သည်။ သို့သော်ငြား ထိုပစ္စည်းများသည် တောနက်ထဲ၌ နက်ရှိုင်းသည့် တောင်တန်းများထဲတွင်သာ ရှိ၏။ ၄င်းတို့ကို ရှာရန် မလွယ်ကူချေ။ သို့သော် ယဲ့ရှောင်သည် သမာသမက်မကျသည့် နည်းလမ်းအချို့ကို ရှာတွေ့ခဲ့၏။ ဥပမာအနေဖြင့် ဝိညာဥ်စုစည်းခြင်း အစီအရင်တစ်ခုကို ကြယ်တာရာသားရဲများ အသုံးပြုရန်အတွက် တည်ဆောက်ပေးတာမျိုး ဖြစ်သည်။ ယင်းက သားရဲသခင်အများစု အသုံးပြုသည့် အခြေခံအကျဆုံး နည်းလမ်းဖြစ်သည်။
ရှေးဦးစွာ အစီအရင်ကို ကာလရှည်ကြာစွာ အသုံးပြုနိုင်၏။ ၄င်းက သိပ်မသုံးစွဲလျှင် သုံးစွဲမှုပမာဏက သိပ်ကြီးမားမှာ မဟုတ်။ ဒုတိယအချက်အနေဖြင့် ၄င်းက အမှန်တကယ် ဈေးသက်သာသည်။ ကြယ်တာရာသားရဲတစ်ကောင် ပျိုးထောင်ရခြင်းက အလွန်ဈေးကြီး၏။ အဆင့်မြင့် ကြယ်တာရာသားရဲတစ်စု ပျိုးထောင်ရခြင်းဆို ပြောနေရန် မလိုအပ်တော့ချေ။
ဝိညာဥ်စုစည်းခြင်း အစီအရင်သည် သူ့အတွက်ငွေကြေးများစွာ ချွေတာပေးနိုင်၏။ ၄င်းကို ကျန်သည့် နည်းလမ်းများနှင့် ပေါင်းစည်း၍လည်း အသုံးပြုနိုင်သည်။ တိုးတက်ရန်အတွက် သီးခြားနည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုမှာ မဟုတ်ပေ။ ကျန်သည့်နည်းလမ်းများကို ပံ့ပိုးပေးရန် အသုံးပြုနိုင်၏။ ယင်းက အလွန်ကောင်းမွန်သည့် ရွေးချယ်မှုတစ်ရပ် ဖြစ်သည်။
ပြီးပြည့်စုံတယ်။
နောက်ထပ်နည်းလည်းရှိခဲ့မည်ဆိုလျှင် ယင်းက ကြယ်တာရာသားရဲများအတွက် လျှို့ဝှက်ဆေးလုံး ဖော်စပ်ပေးတာပဲ ဖြစ်သည်။
ဝိညာဥ်စွမ်းအင်ကို ကြယ်တာရာသားရဲများ စုပ်ယူသည့်အရှိန် မြှင့်တင်ပေးသော ဆေးလုံးအချို့ ရှိသည်။ ၄င်းတို့က သာမန်လူသားနှင့် မတူညီသောကြောင့် ဖြစ်သည်။ ကြယ်တာရာသားရဲများ၌ စည်းမျဥ်းများ ကန့်သတ်ချက်များဟုခေါ်သည့် အရာများစွာ ရှိသည်။ ထိုချီသွေးကြောက အားနည်းပြီး ချီသွေးကြောသည် သမန်လျှံကာ မရွေ့လျားနိုင်ပေ။ ကြယ်တာရာသားရဲများအတွက်မူ သူတို့၏ ဇစ်မြစ်က ကြယ်အမြုတေသာ ဖြစ်သည်။ သူတို့က ဝိညာဥ်စွမ်းအင် များများသွင်းလေ ခွန်အားတိုးတက်တာ ပိုမြန်ဆန်လေဖြစ်၏။
သူတို့သည် အရေးကြီးသည့် အမှတ်တစ်ခုသို့ မရောက်သရွေ့ သူတို့က သူတို့ကို ပေါက်ကွဲစေနိုင်သည့် သေစေနိုင်သော အနေအထားထိ မရောက်သရွေ့ ဖြစ်သည်။ သို့သော် ထိုအနေအထားကို ရောက်ရှိရန် မည်မျှ လွယ်ကူသနည်း။ ထို့ကြောင့် အချိန်တိုအတွင်း၌ ယဲ့ရှောင်သည် အစီအစဥ်သုံးခု ဆုံးဖြတ်လိုက်ပြီး ဖြစ်သည်။
ပံ့ပိုးရန် ဝိညာဥ်စုစည်းခြင်း အစီအရင်ကို အသုံးပြုပြီးနောက် သူတို့ ဝိညာဥ်စွမ်းအင် စုပ်ယူသည့် အရှိန်ကို မြှင့်တင်ပေးရန်အတွက် ဆေးလုံးများကို အသုံးပြုမည်။
နောက်ဆုံးတွင် ကောင်းကင်ပစ္စည်းများနှင့် မြေကမ္ဘာရတနာများကို အသုံးပြုပြီး သူတို့၏ ခွန်အားကို မြင့်တက်အောင် ကူညီပေးမည်။ ဤနည်းဖြင့် သူသည် ပိုတောင် သန်မာလာသည့် ကြယ်တာရာသားရဲတစ်စုကို အလွယ်တကူ ရရှိနိုင်လိမ့်မည်။
ယင်းက အနည်းငယ် ဒုက္ခများသော်ငြား အံ့ဖွယ်သားရဲနှင့် အံ့ဖွယ်အဆင့်အောက် သားရဲအချို့ကို တိုက်ရိုက်ဖမ်းခြင်းထက် ပ်ိုကောင်းသေး၏။
အကြောင်းမှာ သူသည် အံ့ဖွယ်အဆင့်အောက် သားရဲအချို့ကို တိုက်ရိုက်ဖမ်းခြင်းထက် ပိုကောင်းသေး၏။
အကြောင်းမှာ သူသည် အံ့ဖွယ်အဆင့်အောက် သားရဲကို တစ်ခါမှ မတွေ့ဖူးသေးသောကြောင့် ဖြစ်သည်။ ထိုအစီအစဥ်သုံးခု အတည်ပြုပြီးနောက် ယဲ့ရှောင်သည် ကျန်သည့် စာအုပ်များ သွားဖတ်တော့၏။
ထိုအစီအစဥ်သုံးခုကို ဖော်ဆောင်ရာ၌ ပြဿနာအချို့ ရှိနေသေးသည်။ လက်ရှိ၌ သူသည် သင့်တော်သည့် ဝိညာဥ်စုစည်းခြင်း အစီအရင်မရှိသေးပေ။ သူ့၌ အစီအရင်နှစ်ခုသာ ရှိသည်။ တစ်ခုက ထင်ယောင်ထင်မှား ဖြစ်စေခြင်းအတွက်ဖြစ်ပြီး သတ်ဖြတ်ရန်ဖြစ်ကာ နောက်တစ်ခုက ခုခံရန်အတွက် ရည်ရွယ်၏။
သူသည် နောင်ကြ ပိုကောင်းသည့် ဝိညာဥ်စုစည်းခြင်း အစီအရင်တစ်ခု ရှာတွေ့ပြီးသည့်အချိန်ထိ စောင့်ရမည်။
သဘာဝရတနာတစ်ခုသာဆိုလျှင် သူက အနောက်တောင်ပင်လယ်ကမ်းခြေတောအုပ်ထဲ၌ ၄င်းကို သွားရှာနိုင်သည်။ ဆေးလုံးများအတွက်မူ သူသည် ပါဝင်ပစ္စည်းများကို ရှာဖွေပြီး သူကိုယ်တိုင် ၄င်းတို့ကို ဖော်စပ်နိုင်၏။ ယင်းက ငွေကြေးချွေတာနိုင်ပြီး ဒုက္ခသက်သာကာ အားစိုက်ထုတ်မှု လျော့ပါးစေ၏။
သူက ကြယ်တာရာသားရဲများအားလုံးကို ကျင့်ကြံခိုင်းပြီး သူ၏ သက်ဝင်လှုပ်ရှားမှုကို ပြန်ဖြည့်နိုင်မည်ဆိုလျှင် သူက သားရဲကပ်ဘေးမရောက်မီ၌ ဧကရာဇ်နယ်ပယ်သို့ သေချာပေါက် အဆင့်တက်နိုင်လိမ့်မည်။
ထိုအချိန်ရောက်လျှင် သူက သားရဲကပ်ဘေးကို အမှန်တကယ် ရင်ဆိုင်နိုင်ပြီး သူ့ကိုသူ ကာကွယ်ရန် အာကာသစစ်မြေပြင်ကို ရင်ဆိုင်ရန် စွမ်းအင်ရှိလာလိမ့်မည်။
ယဲ့ရှောင်သည် သူက ရွှေတံဆိပ်ရမွေးမြူရေးသမားတစ်ယောက်ဖြစ်လာသည့်ပမာ ချက်ချင်း ခံစားလိုက်ရ၏။ ” ကြယ်တာရာသားရဲ မမွေးခင် ဂရုစိုက်ခြင်း။ မင်း ဒီလို စာအုပ်မျိုးကို ဘာကြောင့် ဖတ်နေတာလဲ ” ။ ပြောလိုက်သည့်သူက လျိုချန်စွင်း ဖြစ်သည်။ သူက သူ၏ ကိုယ်ပိုင် ဧရိယာထဲ၌ ပျင်းရိလာတာ ဖြစ်နိုင်သည်။
ထို့ကြောင့် သူက တစ်ချက်လာကြည့်၏။ သူသည် သူ့ကဲ့သို့ အလွှာပြည့် ကြီးကြပ်သူတစ်ယောက် မဟုတ်။ ဧရိယာတစ်ခုကိုသာ ကြီးကြပ်ရသော်ငြား သူ၏ ထူးခြားသော အထောက်အထားကြောင့် သူ့အကြောင်း မည်သူမှ ဂရုမစိုက်ကြချေ။
ယဲ့ရှောင်က စာအုပ်ပိတ်လိုက်၏။
” ကျွန်တော့်မှာ ကြောင်ကြယ်တာရာသားရဲတစ်ကောင် ရှိတယ်လေ။ ဒါကြောင့် တစ်ချက်ကြည့်ချင်တာ။ အဆင့်တက်အောင်လို့ ဗဟုသုတတချို့ သင်ယူချင်လို့ ”
” ငါသိပြီ ”
လျိုချန်စွင်းက ခေါင်းညိတ်လိုက်၏။ ယဲ့ရှောင်၌ ကြယ်တာရာသားရဲ ကြောင်တစ်ကောင်ရှိမှန်း သူ သိသည်။ သို့သော်ငြား သူက စိတ်မဝင်စားပေ။ ယင်းက ကြောင်တစ်ကောင်သာ ဖြစ်၏။ မည်မျှ သန်မာနိုင်မည်နည်း။
၄င်းသည် ဟို့ထျန်းသိုင်းပညာရှင်တစ်ဦး၏ ခွန်အားလောက်သာရှိပြီး ရှန်းထျန်းနယ်ပယ်ကိုတောင် မရောက်လောက်ပေ။
သူ့အတွက် ၄င်းသည် ပုရွက်ဆိတ်များကြားထဲရှိ ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်နှင့်အတူ ထိုအကြောင်းအရာကို ထပ်မဆွေးနွေးတော့ပေ။ သူက အကြောင်းအရာ ပြောင်းပြောလိုက်၏။
” အခုတစ်ခေါက် ရောက်လာတဲ့ ဒါရိုက်တာက သိပ်မသန်မာဘူး။ အစတုန်းက စီရင်စု၉ခု မဟာမိတ်က အံ့ဖွယ်ချီရှန်းတစ်ယောက် ပို့ပေးလိမ့်မယ်လို့ ငါ ထင်နေတာ။ အဆုံးကြ ရှန်းထျန်းသတ္တမအဆင့် မဟာချီရှန်းတစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး ”
” ကြည့်ရတာ စီရင်စု၉ခု မဟာမိတ်က ကျန်းဟိုင်မြို့ကို အဓိကမြို့တစ်မြို့အနေနဲ့ လေ့ကျင့်ပေးဖို့ မစီစဥ်ထားတဲ့ပုံပဲ ”
” ”
သူ ဆွံ့အသွား၏။
ကျန်းချန်သည် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ သူက ယဲ့ရှောင်ထက် ပိုသန်မာသည်။ သို့သော် စာကြည့်တိုက်တစ်ခုလုံး၌ ကျန်းချန်း၏ အထောက်အထားကို သူမှတစ်ပါး ကျန်သည့်သူများ မသိပေ။
လျိုချန်စွင်းသည် ရှန်းထျန်းနယ်ပယ် အဌမအဆင့်တွင်သာ ရှိသေး၏။ သူက ကျန်းချန်၏ ကျင့်ကြံဆင့်ကို မပြောနိုင်ပေ။ ယင်းက ပုံမှန်ပဲ ဖြစ်သည်။ သို့သော် လျိုချန်စွင်း ပြောလိုက်သည်က သူ့ကို ဉာဏ်အလင်း ပွင့်သွားစေသည်။
စီရင်စု ၉ခု မဟာမိတ်သည် အစွမ်းထက်သည် ဘုရင်နယ်ပယ်သိုင်းရှင် တစ်ဦးကို ပို့ဆောင်ခဲ့၏။ စီရင်စု ၉ခုမဟာမိတ်က ကျန်းဟိုင်မြို့ကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေချင်ပုံရသည်။
ယဲ့ရှောင်သည် စာကြည့်တိုက် ချဲ့ထွင်မှုအတွက် နည်းလမ်းသစ်များစွာကို သတိပြုမိ၏။ အများစုကပညာရှင်အဆင့် နည်းလမ်းများ ဖြစ်သည်။
၄င်းတို့သည် ကျုံးစီရင်စုရှိ သိုင်းစာကြည့်တိုက်နှင့် မယှဥ်နိုင်သော်ငြား ယခင်ကနှင့် ယှဥ်လျှင် အမြှောက်အတွက် ကျည်ဆံတစ်လက်ဖြင့် ငှက်တစ်ကောင်ပမာ ဖြစ်လာတော့သည်။
သူအတွက်လည်း ယင်းက အကျိုးအမြတ်ရှိစေ၏။
ယခုအချိန်တွင် သူသည် ချီရှန်းအဆင့်ကျင့်စဥ်ကို ရှာချင်ပြီး ထိုနေရာကနေ တော်ဝင်ကျင့်စဥ်ကို ဆွဲထုတ်ချင်၏။
ယင်းက တစ်ချက်ဖြစ်ပြီး နောက်ထပ်တစ်ချက်ရှိ၏။
ကျုံးခရိုင်သည် ကျန်းဟိုင်မြို့ကို ဖွံ့ဖြိုးတိုးတက်အောင် ထိုမျှ ဖျတ်လတ်စွာ လုပ်ဆောင်ပေးချင်သည့် အကြောင်းအရင်းက လူများ ပိုမို စုစည်းပြီး ကျန်းဟိုင်မြို့ကို ထိပ်တန်းအဆင့် မြို့ကြီးတစ်မြို့အဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ချင်နေသောကြောင့်ဖြစ်သည်။ ပြီးမှသာ သူတို့က သူ့ကို လူသားများကို ကာကွယ်ရန် အသုံးပြုပြီး သားရဲကပ်ဘေးရောက်လာသည့်အချိန်၌ လူသားများ ပိုမို ကာကွယ်နိုင်လိမ့်မည်။
ထိုကိစ္စကို နားလည်နိုင်၏။ မည်သည့်နည်းနှင့်မဆို ယဲ့ရှောင်အဖို့ သူသည် ကျန်းဟိုင်မြို့ကို ဖျက်ဆီးရန် ကြယ်တာရာသားရဲများကို ခွင့်ပြုမှာ မဟုတ်တာ သေချာ၏။
လူ ၈သန်းကို ကာကွယ်ခြင်းကလည်း ကာကွယ်ခြင်းပဲ ဖြစ်၏။ လူသန်း၈၀ကို ကာကွယ်ခြင်းက လှုပ်ရှားမှုအနည်းငယ် ပိုရှိရုံသာ ဖြစ်၏။ ကွာဟချက် သိပ်မရှိပေ။
သို့သော်ငြား သူ အာရုံစိုက်နေသည်က သားရဲကပ်ဘေးအတောအတွင်း ပိုအစွမ်းထက်သည့် ကြယ်တာရာသားရဲများ ရှိမရှိဆိုတာပဲ ဖြစ်သည်။
သူက အံ့ဖွယ်သားရဲများကို မကြောက်ပေ။ လူသားစစ်သည်တော်များအနက် သူတို့သည် ဧကရာဇ်နယ်ပယ်လောက် စူပါ အံ့ဖွယ်သားရဲများလောက် အစွမ်းထက်နေခဲ့မည်ဆိုလျှင် သူ ဒုက္ခနှင့် တွေ့ရလိမ့်မည်။
သူ့ဘေးကင်းမှု အာမခံနိုင်ရေးအတွက် ဘုရင်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် သူ၏ ခွန်အား မြှင့်တင်မှု ချို့တဲ့နေ၏။ ထိုကြယ်တာရာသားရဲများကို အသုံးချနိုင်ဖို့သာ သူ မျှော်လင့်နေမိသည်။
သူက မွေးမြူရေးခြံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီး တတ်နိုင်သမျှ မြန်မြန် ကျင့်စဥ်များ ပေါင်းစည်းချင်နေ၏။
တစ်ဖက်တွင်မူ စာကြည့်တိုက်ဝင်ပေါက်သို့ ကတုံးနှစ်ယောက်နှင့် အဖိုးအိုတစ်ဦး ရောက်လာ၏။ ရုပ်ထုကို ကြည့်ပြီး ထိုလူက အတွေးနက်နေပုံပေါ်သည်။ သူက အနည်းငယ် ပြောလိုက်၏။
” မိတ်ဆွေလေး ဖာ့ကျန်း။ မင်း ကျန်းဟိုင်မြို့မှာ ရှိနေတာကြာပြီ။ ဒဏ္ဍာရီလာ ဓါးမော့ဓါးဝိဇ္ဇာကို မတွေ့ဖူးဘူးလား ”
” စီနီယာလီ။ ဓါးမော့ဓါးဝိဇ္ဇာရဲ့ အထောက်အထားက ကျန်းဟိုင်တစ်မြို့လုံးမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ရပ် ဖြစ်နေတာ။ ဒီရဟန်းအို မဆိုထားနဲ့ ဟန်နိုင်ငံရဲ့ ဓါးသူတော်စင် လျိုချန်စွင်းနဲ့ အံ့ဖွယ်ဂိုဏ်းက သိုင်းပညာရှင်တွေဖြစ်တဲ့ တခြားသူတွေကတောင် သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး ”
” သူက စီနီယာ ဓါးမော့ဓါးဝိဇ္ဇာကို တွေ့ဖို့ ဟန်နိုင်ငံကိုတောင် မပြန်ပဲ စာကြည့်တိုက်ရဲ့ စီမံခန့်ခွဲမှုထဲမှာ စာကြည့်တိုက်မှူးလေးတစ်ယောက် ဖြစ်လာတာ ”
အပိုင်း ၂၅၀ ပြီး၏။