စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၄၉ သူတို့တွေက နှစ်ပေါင်းတစ်သောင်းလောက် မွေးမြူရေးတိရစ္ဆာန်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ကြ။
” လခွမ်း ”
သံမဏိ နွားရိုင်းက မကျိန်ဆဲပဲ မနေနိုင်တော့ချေ။
” အဲ့ဒါ ဘယ်လောက်ကြာသွားပြီလဲ။ ဒီလူက အဲ့ဒီနယ်ပယ်ကို အဆင့်တက်သွားပြီတဲ့လား။ မင်း ငါ့ကို နှောက်နေတာလား။ သူက လူသားတစ်ယောက် ဟုတ်သေးရဲ့လား ”
” သူက လူသားဖြစ်ပြီး သန်မာတဲ့ ပါရမီရှိတယ်ဆိုရင်တောင် သာမန် အခြေအနေအောက်မှာ ဆယ်စုနှစ်အနည်းငယ် မကြာပဲ သူက အဲ့ဒီနယ်ပယ်ကို ဒီလောက် မြန်မြန် အဆင့်မတက်နိုင်လောက်ဘူး ဟုတ်တယ်မလား ”
” အဲ့ဒီလူက လူ ဟုတ်သေးရဲ့လား။ မင်းက သူ့ကို လူတစ်ယောက်အနေနဲ့ တကယ်ကြီး သတ်မှတ်နေသေးတယ်လား။ မင်းက တုံးအပြီး ချစ်ဖို့ကောင်းလွန်းတယ်။ ငါဆို သူ့ကို လူလို့ မသတ်မှတ်တော့တာ အတော်ကြာရောပေါ့ ”
” သွားပြီ … ပြီးသွားပြီပဲ။ ဒီလိုသာဆိုရင် ငါတို့ နောက်ထပ် နှစ်ပေါင်း၆၀၀၀လောက် ကျင့်ကြံရင်တောင် သူ့ ရဲ့ လက်ဖဝါးထဲကနေ မလွတ်မြောက်နိုင်မှာ စိုးရိမ်ရတယ် ဟုတ်တယ်မလား။ ဘုရင်နယ်ပယ် သိုင်းပညာရှင်တွေက အစွမ်းထက်ရုံတင်မကဘူး။ သူတို့ရဲ့ သက်တမ်းကလည်း နောက်တစ်ဆင့်ထိ မြင့်သွားတာလေ။ သူတို့တွေက နှစ်ပေါင်းထောင်ချီ အသက်ရှင်မှာ သေချာတယ် ”
ထိုစကားများက လူတိုင်းကို အဆိုးမြင်လာစေတော့သည်။
သူက သူတို့ကျင့်စဥ်ကို မြှင့်တင်ရန် ကူညီပေးချင်တာ အံ့သြစရာ မရှိပေ။ သူက အဘယ်ကြောင့် ထိုမျှ ကြင်နာပြီး သူတို့ကျင့်စဥ် မြင့်တက်လာပြီးနောက် သူတို့ ထွက်ပြေးသွားမှာကို မစိုးရိမ်ရသည့် အကြောင်းအရင်းကို သူတို့ အံ့သြနေခဲ့တာ ဖြစ်သည်။ အကြောင်းအရင်းက ဒါဖြစ်နေ၏။
ရှေးဦးစွာ သူ၏ ကိုယ်ပိုင်ခွန်အားက မြင့်တက်ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့ ထွက်ပြေးသွားမှာကို သူ မစိုးရိမ်ပေ။
ဒုတိယအချက်အနေဖြင့် သူ၏ ခွန်အား မြင့်တက်လာသောကြောင့် သူတို့၏ သွေးနှင့် အသားများကလည်း သူ့ကို ထောက်ပံ့ပေးရန် မလုံလောက်တော့မှာ သေချာနေသောကြောင့် ဖြစ်သည်။
ထိုအကြောင်းအရင်းကြောင့် သူသည် သူ့ကြယ်တာရာသားရဲများ၏ ခွန်အားကို နောက်တစ်ဆင့် မြှင့်ပေးရန် လိုအပ်သည်။ သို့မှသာ သူ၏ ကျင့်စဥ် မြင့်တက်အောင် ကူညီပေးရာ၌ ပိုကြွယ်ဝသော သွေးနှင့် အသားများကို ရရှိနိုင်မှာပဲ ဖြစ်သည်။
ထ်ုစဥ် မြေ အမတာ ဝမ်က ရုတ်တရက် ဖြည်းဖြည်းချင်း ဝင်ပြောလိုက်၏။
” မင်းတို့တွေ နောက်ထပ် ပြဿနာတစ်ခုကို မတွေးမိဘူးလား ”
” သူက သူ့ကိုသူ ဒီလောက် မြန်မြန် တိုးတက်အောင် ကျင့်ကြံနိုင်တယ်ဆိုတော့ သူက ငါတို့ ကြယ်တာရာသားရဲတွေရဲ့ ခွန်အားကို သေချာပေါက် မြှင့်တင်ပေးနိုင်မှာပဲ။ တစ်နည်းပြောရရင် သူက ငါတို့ရဲ့ အသားနှင့် သွေးကို လိုချင်နေတယ်ဆိုပေမဲ့ ငါတို့ခွန်အား မြင့်တက်လာတာနဲ့ ငါတို့ အသက်တွေလည်း သူ့ထက် ပိုတောင် ရှည်လာမှာပဲ။ သူ သေသွားရင် ငါတို့ အသက်ရှင်လျက် ရှိနေသေးဦးမှာပဲ။ ပြီးတော့ အဲ့ဒီအချိန်က ငါတို့ ခွန်အားက အံ့ဖွယ်သားရဲတွေထက်တောင် သာနေလောက်ပြီ ”
ထိုစကားများ ပြောလိုက်သည်နှင့် ကြယ်တာရာသားရဲများ၏ မျက်လုံးက ရုတ်တရက် လက်သွားတော့သည်။ အမှန်တကယ်တွင် ကြယ်တာရာသားရဲအချို့က အသက်ပြင်းပြင်းတောင် ရှူလာကြ၏။
အစောတုန်းက သူတို့သည် ယဲ့ရှောင်၏ ကျင့်ကြံမှု မြင့်တက်လာသော အရှိန်ကြောင့် သူတို့ ဉာဏ်ကုန်သွားခဲ့သည်။ အဆုံးတွင်မူ သူတို့က နောက်ထပ် ပိုအရေးကြီးသည့် ကိစ္စကို မေ့လျော့သွား၏။
ယဲ့ရှောင်က သူတို့ လုံလောက်အောင် ထောက်ပံ့ပေးသရွေ့ သူတို့၏ လက်ရှိ ကျင့်စဥ်ကနေ အဆင့်တက်နိုင်လိမ့်မည်ဟု ဆိုခဲ့သည်။
လူတိုင်းအဖို့ သူတို့ ကျင့်စဥ် မြင့်တက်ရန် အလွန်အကျိုးရှိသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
သူတို့၏ ကျင့်စဥ် မြှင့်တင်ရန်က ကောင်းကင်ကို တက်လှမ်းရသကဲ့သို့ ခက်ခဲလှကြောင်း သိထားရပေမည်။ သူတို့ကို သူတို့သာ အားကိုးနေမည်ဆိုပါက နှစ်ပေါင်းထောင်ချီ ကြာညောင်းပြီးနောက် သူတို့ခွန်အား တစ်ဆင့်နှစ်ဆင့် တက်လောက်ပေ၏။ သို့သော်ငြား သူတို့သည် အံ့ဖွယ်သားရဲနယ်ပယ်ကို အဆင့်တက်ချင်မည်ဆိုလျှင် ယင်းက မဖြစ်နိုင်လုနီးပါးပင်။
ယဲ့ရှောင်၏ ကျင့်ကြံမှု အရှိန်နှင့် ပါရမီက လူတိုင်းအတွက် သိသာနေသည်။ ထို့ကြောင့် သူသည် သူတို့ခွန်အားကို လျင်မြန်စွာ မြှင့်တင်ပေးရန် သူတို့ကို ကူညီဖို့ နည်းလမ်းတစ်ခု သေချာပေါက် ရှိ၏။
သူတို့ စိုးရိမ်ပူပန်ရန်လည်း မလိုအပ်ချေ။ ယဲ့ရှောင်အဖို့ သူတို့၏ ကျင့်စဥ်များကို မြှင့်တင်ရန် သူတို့ကို ကူညီပေးဖို့က မဖြစ်နိုင်ပေ။ အကြောင်းမှာ ယဲ့ရှောင်သည် ပိုသန်မာသည့် ဝိညာဥ်စွမ်းအားနှင့် သွေးအဆီအနစ် လိုချင်ပါက သူသည် သူတို့ကို ပိုသန်မာအောင် လုပ်ပေးရပေမည်။ မတတ်နိုင်သည့် ကိစ္စရပ် ရှိသေး၏။ သူတို့ ခွန်အားကို နည်းလမ်းတစ်ခုက သေချာပေါက် မမြှင့်တင်ပေးနိုင်ခင် သူတို့၏ အသားနှင့် သွေးအချို့ကို စတေးရမည်ဆိုလျှင်တော့ မည်သည်က ရေးကြီးခွင်ကျယ်ဖြစ်မည်နည်း။ ဆိုရလျှင် သူတို့က သူတို့ကိုယ်ပိုင် ကျင့်ကြံမှုကိုသာ အားကိုးခဲ့လျှင် သူတို့ ဘဝ လက်ကျန်၌ အံ့ဖွယ်သားရဲနယ်ပယ်သို့ ရောက်နိုင်လောက်မှာ မဟုတ်ပေ။ ယခု သူတို့က နေ့စဥ်နေ့တိုင်း သူတို့၏ လက်တံများ၊ ခွာများကို ခုတ်ပေးရန် လိုအပ်၏။ ထိုထပ်ပိုပြီး မရိုးရှင်းနိုင်တော့ပေ။
ယင်းက လှဲနေပြီး အနိုင်ရခြင်းနှင့် ညီမျှပေသည်။ ယခုအချိန်၌ ကြယ်တာရာသားရဲများက ကြွယ်ဝချမ်းသာရန် ကျယ်ပျော်သည့် လမ်းကြောင်းတစ်ခုကို ရှာတွေ့သွားပုံရသည်။ ကြယ်တာရာသားရဲမျက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တစ်ယောက်အကြည့်ကို တစ်ယောက် သဘောပေါက်သွား၏။ ဤနည်းဖြင့် မွေးမြူရေးတိရစ္ဆာန်များက ဆက်လက်ပြီး မွေးမြူခံရတော့မည်။
” ငါ အနည်းဆုံး နှစ်ပေါင်းတစ်သောင်းလောက် မွေးမြူရေးတိစ္ဆာန်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီနှစ်ပေါင်းတစ်သောင်းအတွင်းမှာ သူ ငါ့ကို မောင်းမထုတ်သရွေ့ ငါ သေချာပေါက် မထွက်သွားဘူး ”
နော့ဖစ်က ပထမဆုံး ပြောလိုက်တာ ဖြစ်သည်။ ဆာမြူရယ်ကလည်း လိုက်ပြော၏။
” ခင်ဗျားပြောတာ မှန်တယ်။ နှစ်ပေါင်းတစ်သောင်းဆိုတာ ကျုပ်တို့ ကြယ်တာရာသားရဲတွေအတွက် လွယ်လွယ်လေးပဲ ”
” လက်ဖြောင့်တစ်ချက် တီးစာပဲရှိတာ ”
” ဒါ့အပြင် ကျုပ်တို့တွေက ဒီမွေးမြူရေးခြံမှာ ဘေးကင်းဖို့အကြောင်း စိုးရိမ်ပူပန်နေစရာ မလိုဘူး။ ဘေးကင်းဖို့ ပြဿနာမရှိသရွေ့ ကျုပ်တို့ ကြယ်တာရာသားရဲတွေ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်လိမ့်မယ်။ ဒါ့အပြင် ကျုပ်တို့ရဲ့ ကျင့်ကြံမှု တိုးလာတာနဲ့အမျှ သက်တမ်းကလည်း ထပ်ရှည်လာမှာ
ပဲ ”
” နှစ်ပေါင်းတစ်သောင်းဆိုတာ ဘာမှမဟုတ်
ဘူး ”
” ကောင်းတယ်။ နှစ်ပေါင်းတစ်သောင်းလေးပဲမလား။ ကျွန်မ ကျိဖုန်းက ရှင်တို့နဲ့အတူ အဆုံးထိ လိုက်ပါပေးမယ် ”
စူဇန်က အမြန် လက်မြှောက်လိုက်သည်။
” ပြီးတော့ ငါရော ငါရော ”
” ငါ့ကိုပါ ထည့်တွက်လိုက် ”
” ကောင်းတယ်။ ဒါဆို ငါတို့တွေ သဘောတူညီချက်တစ်ခု ရပြီ။ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ငါတို့တွေ မွေးမြူရေးတိရစ္ဆာန်အဖြစ် နေကြတာပေါ့။ ဘယ်သူ့မှ ထွက်ပြေးဖို့ မတွေးနဲ့။ သခင့်ကိုလည်း အာမခံနဲ့။ အချိန်ကျလာရင် ငါတို့ ကျင့်ကြံမှု မြင့်တက်တော့မှာ မဟုတ်ဘူး။ အာခံမိတဲ့အချိန်ရောက်ရင် ငါတို့ ကျင့်ကြံမှု မြင့်တက်တော့မှာ မဟုတ်ဘူး ”
” ဟုတ်တယ်။ ထွက်ပြေးရဲတဲ့သူရှိရင် ကျန်တဲ့သူတွေက ထွက်ပြေးတဲ့သူကို တူတူသတ်ပစ်မှာ ”
” နောင်ကြ တခြားကြယ်တာရာသားရဲတွေ ရောက်လာရင် သူတို့ ပြဿနာမရှာဖို့ ဖြောင်းဖြဖို့အတွက် အကောင်းဆုံး ကြိုးစားရမယ်။ ငါတို့သခင်ကို ရန်မစချင်ဘူး ”
” ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။ ငါတို့တွေ အဖွဲ့ဖွဲ့ပြီး ကမ္ဘာကြီးထဲမှာ အသန်မာဆုံး မွေးမြူရေးတိရစ္ဆာန်ဖြစ်ဖို့ အကောင်းဆုံး ကြိုးစားမယ် ”
ကြယ်တာရာသားရဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အူလိုက်သမ်းလိုက် ရယ်မာလိုက်ကြ၏။
ယဲ့ရှောင်ကမူ စာကြည့်တိုက်၏ ထိပ်ဆုံးအထပ်သို့သွားပြီး အလုပ်ဝင်လိုက်သည်။
ခမ်းမထဲ၌ အစည်းအဝေးအတွက် စောင့်ဆိုင်းနေသော လုပ်ဖော်ကိုင်ဖက်များစွာ ရှိနေပြီ ဖြစ်သည်။
စင်မြင့်ပေါ်၌ ဒါရိုက်တာ အိုးရန် ရပ်မနေတော့တာကို သတိပြုမိလိုက်သည်။ လက်ရှိတွင် သူမက ကျန်သည့်သူများနှင့်အတူ အောက်တွင် ထိုင်နေလေ၏။ သူမ ယခင်က ပြောခဲ့ပုံအရ သူတို့သည် သူတို့ လေ့မှုကနေ ပြန်လာပြီးနောက် စာကြည့်တိုက်တာဝန်ခံအသစ်တစ်ယောက် ရှိလာလိမ့်မည်။ ယခုသွင်ပြင်အရ ကိစ္စရပ်က ဆုံးဖြတ်ပြီး ဖြစ်လောက်သည်။ သို့သော် ယင်းက ကိစ္စမရှိပေ။ ဒါရိုက်တာက မည်သို့ပင်ဖြစ်စေကာမူ သူ့ကို စာဖတ်တာ မဟန့်တားသရွေ့ အဆင်ပြေနေ၏။ မကြာမီ၌ ဝတ်စုံပြည့် ဝတ်ထားသော အဖိုးအိုတစ်ဦးသည် နောက်ကနေ လျှောက်လာလေ၏။
သူ့၌ လေးထောင့်ကျကျမျက်နှာရှိပြီး ခါးအနည်းငယ် ကိုင်းနေသော်ငြား အလွန်သေသပ်စွာ ဝတ်စားထား၏။ သူ၏ နှာခေါင်းက လိပ်နှင့် အနည်းငယ် တူနေတော့သည်။ ဆံပင်နှင့် မုတ်ဆိတ်များက အနည်းငယ် ဖြူနေပြီး မျက်ဝန်းက တည်ငြိမ်၏။ သူက ကြင်နာတတ်သည့် အဖိုးအိုတစ်ဦးပမာ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ပွင့် ချိတ်ဆွဲထားသည်။
သို့သော် တစ်ဖက်သာကို မြင်ချိန်၌ ယဲ့ရှောင်၏ အကြည့်က အနည်းငယ် လှုပ်ရှားသွားလေ၏။
တစ်စုံတစ်ခု မှားယွင်းနေချေပြီ။ တစ်ဖက်သူက သာမန်သူ မဟုတ်ပေ။ သူ၏ ခွန်အားက အလွန်သန်မာ၏။ သူတို့က သာမန်လူကို ကြည့်နေသည့်ပမာ ကြည့်နေ၏။ သူတို့ ဘာကိုမှ မခံစားမိပေ။ သူက အမှန်တကယ် သာမန် အဖိုးကြီးတစ်ယောက်ပမာ ထင်မှတ်ရ၏။ ယဲ့ရှောင်သာလျှင် သူတို့က အနည်းငယ် ကွဲပြားကြောင်း အာရုံခံမိတာပဲ ဖြစ်သည်။
သူ့၌လည်း ကျင့်ကြံမှုအချို့ ရှိသောကြောင့် မွေးရာပါဆဌမအာရုံအရ ဖြစ်လောက်သည်။ သို့သော်ငြား ယဲ့ရှောင်၏ ရင်ထဲ ရှင်းရှင်းလင်းလင်း သိနေ၏။
မွေးရာပါဆဌမအာရုံအရ ဖြစ်လောက်သည်။ သို့သော်ငြား ယဲ့ရှောင်၏ ရင်ထဲ ရှင်းရှင်းလင်းလင်း သိနေ၏။
သူ၏ ကျင့်ကြံမှုက ရှန်းထျန်းဆဌမအဆင့်မျှသာ မဟုတ်တာ သေချာနေ၏။
ယဲ့ရှောင်ဘေးရှိ လျိုချန်စွင်းက အပြုံးဖျော့ဖျော့
ဖြင့် ပြောလိုက်တော့သည်။
” စီရင်စု၉ခုက အလွန်အစွမ်းထက်တဲ့ သိုင်းပညာရှင်အချို့ ပို့ပေးလိမ့်မယ်လို့ ထင်နေတာ။ တကယ်ကြီး သာမန်လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး ”
” တစ်ဖက်သူရဲ့ ကျင့်ကြံဆင့်က ရှန်းထျန်းဆဌမအဆင့် မဟာချီရှန်းအဆင့် အထွတ်အထိပ်မှာ ရှိလောက်တယ်။ နှမြောစရာပဲ။ စီရင်စု၉ခုမဟာမိတ်က အနည်းဆုံးတော့ အံ့ဖွယ်ချီရှန်းတစ်ယောက် ပို့မယ်လို့ ထင်နေတာ ”
” ဒီကျန်းဟိုင်မြို့က သူတို့ တကယ် ဂရုစိုက်တဲ့အရာ မဟုတ်ဘူးနဲ့ တူပါရဲ့။ ဒါကြောင့် သူတို့တွေက ဒီနေရာမှာ ထိန်းသိမ်းပေးဖို့ ပိုအဆင့်မြင့်တဲ့
ကျင့်ကြံသူတစ်ယောက် မပို့ကြတာ ”
ယဲ့ရှောင်က သူ့ကို ပြန်မပြောလိုက်ပေ။ သူက ထိုအဖိုးအိုကို မတူကွဲပြားစွာသာ ကြည့်နေလျက် သူ၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှုများ ပြည့်နေလေ၏။
လျိုချန်စွင်းသည် တစ်ဖက်သူ၏ ကျင့်ကြံမှုကိုတောင် မပြောနိုင်ပေ။
စိတ်ဝင်စားစရာပဲ။ ဘုရင်နယ်ပယ် သိုင်းပညာရှင်။
ထိုအဆင့်ရှိ သိုင်းပညာရှင်တစ်ဦးသာလျှင် လူတိုင်းကို အလွယ်တကူ လှည့်စားနိုင်၏။
အံ့ဖွယ်ဂိုဏ်းတောင် ပါဝင်သည်။ သူသာလျှင် အဖိုးအိုကို မြင်နိုင်၏။
ချီရှန်းအဆင့်အထက်များသာလျှင် သူတို့ကဲ့သို့ အဆင့်တူသည့် သူများကို အာရုံခံနိုင်သည့်ပုံနဲ့ တူတူပဲ ဖြစ်သည်။ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် ဘုရင်နယ်ပယ်သိုင်းပညာရှင်တစ်ဦး၏ တူညီသည့် အာရုံခံစားမှုမျိုး ရှိနေသည်။ သို့သော်ငြား ယင်းက အဓိကအချက် မဟုတ်ပေ။
အဓိကအချက်သည် စီရင်စု၉ခုမဟာမိတ်သည် ဘုရင်နယ်ပယ်သိုင်းပညာရှင်တစ်ဦးကို ကျန်းဟိုင်မြို့ စာကြည့်တိုက်၏ ဒါရိုက်တာတစ်ဦး ဖြစ်လာရန် အမှန်တကယ် ပို့ဆောင်ခဲ့၏။ သူ မှတ်မိတာသာ မှန်မည်ဆိုလျှင် ပေ့ထျန်းစီသည် သူ့ကို ယခင်က ပြောပြခဲ့ဖူး၏။
စီရင်စု၉ခုလုံး၌ မရေမတွက်နိုင်သည့် ဘုရင်နယ်ပယ်သိုင်းပညာရှင်များစွာ ရှိသည်။
မိုးပြာနဂါး၊ ကျားဖြူ၊ မီးငှက်၊ လေနတ်၊ လိပ်နတ်တို့အပြင် ဘုရင်နယ်ပယ်သိုင်းပညာရှင်တစ်ယောက်လည်း ရှိသည်။ သူတို့က နဂါးနှင့် ဖီးနစ် အဆင့်သတ်မှတ်ချက်၌ ထိပ်တန်းစာရင်းဝင်သူများ ဖြစ်၏။
တစ်နည်းအားဖြင့် တစ်ဖက်သူသည် စီရင်စု၉ခုရှိ ဘုရင်နယ်ပယ်သိုင်းပညာရှင်ငါးဦးထဲမှ တစ်ဦးဖြစ်၏။
ယင်းက မည်သူနည်း။ စီရင်စု၉ခု၏ မဟာအစောင့်အရှောက်လေးဦးထဲမှ တစ်ဦးဖြစ်သည်လော။
တစ်ဖက်သူက ဘာလဲ။ တစ်ဖက်သူ၏ ယဲ့ရှောင်၏ အကြည့်များကို သတိပြုမိသွားပုံပေါ်သည်။
သူက ယဲ့ရှောင်ဘက်သို့ ကြည့်လိုက်၏။ သို့သော် ယဲ့ရှောင်က တစ်ဖက်သို့လှည့်ကာ လျိုချန်စွင်းနှင့် စကားပြောနေပြီ ဖြစ်သည်။
ထို့အပြင် သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားလေရာ သူက တစ်ဖက်သူထက် ပိုသန်မာ၏။ သူ့ကိုသူ မထုတ်ဖော်သရွေ့ တစ်ဖက်သူက သူ၏ ကျင့်ကြံ
ဆင့်ကို မြင်နိုင်မှာ မဟုတ်တာ သေချာ၏။ ထို့ကြောင့် အဖိုးအိုက တစ်ချက်ကြည့်လိုက်သော်ငြား သူ၏ အထောက်အထားကို မမြင်ခဲ့ပေ။ သူ၏
ကျင့်ကြံဆင့်က ဘုရင်နယ်ပယ်သို့ အဆင့်တက်သွားသော အကျိုးကျေးဇူးကြောင့်လည်း ဖြစ်သည်။ သူသာ ဘုရင်နယ်ပယ်သို့ အဆင့်မတက်သွားခဲ့လျှင် တစ်ဖက်သူသည် ယနေ့၌ သူ့ကို ရှာတွေ့သွားလောက်ပြီ ဖြစ်သည်။
အဖိုးအိုက ခေါင်းခါလိုက်၏။ သူက ဇဝေဇဝါ ဖြစ်သွားမိတော့သည်။
အဲ့ဒီ ခံစားချက်က ဘာလဲ။ ထူးဆန်းလိုက်တာ။ ငါ့ကို တစ်ယောက်ယောက်က ဖောက်မြင်သွားတယ်လို့ ဘာကြောင့် ခံစားမိနေတာလဲ။
ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါလေ။ စာကြည့်တိုက်ထဲမှာ ဒီလောက်အစွမ်းထက်တဲ့ သူက လျိုချန်စွင်းတစ်ယောက်ပဲ ရှိတာ။ သူက ရှန်းထျန်းနယ်ပယ် အဌမအဆင့်မှာရှိပြီး ဟန်နိုင်ငံရဲ့ လူငယ်ဓါးသူတော်စင်တစ်ယောက်ပဲ။ ဒါပေမဲ့ လျိုချန်
စွင်း။ အဲ့ဒီကလေးက ငါ့ရဲ့ အထောက်အထားကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး။
သူက ရေရွတ်ပြောပြီးနောက် လျှောက်လာကာ စကားပြောလိုက်၏။
” အားလုံးပဲ မင်္ဂလာပါ။ ကျုပ်က ကျန်းချန်။ အခုကစပြီး ကျန်းဟိုင်မြို့ သိုင်းစာကြည့်တိုက်ရဲ့ ဒါရိုက်တာပဲ။ ကျုပ်က ဒါရိုက်တာ ဖြစ်လာတာ ပထမဆုံးအကြိမ် မဟုတ်ပေမဲ့ ကျန်းဟိုင်မြို့မှာ အလုပ်လုပ်တာတော့ ပထမဆုံးအကြိမ်ပဲ။ နောင်ကြ အလုပ်လုပ်တဲ့အချိန် ပူးပေါင်းပေးမယ်လို့ မျှော်လင့်ပါတယ် ”
ယဲ့ရှောင်သည် သူတို့ ပြောစရာမလိုပဲ အိုဟောင်းနေပြီ ဖြစ်သည်။ ……စာဆိုကို ရွတ်ပြနိုင်၏။ ထို့ကြောင့် သူက ဂရုတစိုက် နားမထောင်ခဲ့ပေ။
တစ်ဖက်သူက ရိုးရှင်းသော စကားအချို့ ပြောပြီးနောက် သူသည် ဝန်ထမ်းသစ် ခန့်အပ်မှုစာရင်းကို စတင် ကြေညာ၏။
ထင်သည့်အတိုင်း ယဲ့ရှောင် ရာထူးတက်သွားသည်။
သူက စတုတ္ထအလွှာ၏ ကြီးကြပ်သူ ဖြစ်လာသည်။ အလွှာတစ်ခုလုံး၏ ကြီးကြပ်သူ ဖြစ်သည်။ ယင်းက ဒေသတစ်ခု၏ ကြီးကြပ်သူနှင့် မတူညီပေ။ ဒေသတစ်ခု၏ ကြီးကြပ်သူသည် ဧရိယာကြီးတစ်ခုကိုသာ စီမံခန့်ခွဲရပြီး သူ့အောက်၌ ကြီးကြပ်သူလေးအချို့ရှိပြီးသား ဖြစ်သည်။ ယခုအချိန်၌ သူက တစ်လွှာလုံး၏ ကြီးကြပ်သူသည် သူ၏
အခွင့်အာဏာက ပိုကြီးမားလာ၏။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် လစာတစ်ခုတည်းဖြင့် ကွာဟချက်ကို မြင်နိုင်နေပြီ ဖြစ်သည်။
အပိုင်းတစ်ခု၏ ကြီးကြပ်သူ လစာသည် တစ်လလျှင် တစ်သောင်းကျော်မျှသာ ရသည်။ အလွှာတစ်ခုလုံး ကြီးကြပ်သူ၏ လစာက ယွမ် ၆၀၀၀၀ ဝန်းကျင်ရှိ၏။ ယင်းက ထူးခြားသော ခစားခွင့်များ မပါသေးပေး။
လုပ်စရာအလုပ် မရှိသလောက်ဖြစ်ပြီး သူ့အတွက် အတွင်းရေးမှူးတစ်ယောက်ကိုလည်း ချထားပေး၏။ အတွင်းရေးမှူးရှိနေလျှင် အလုပ်လုပ်စရာရှိပါက အတွင်းရေးမှူးက လုပ်လိမ့်မည်။ ထို့အပြင် သာမန်အချိန်၌၌ အပြင်ထွက်နိုင်၏။ အပိုင်းတစ်ခုကို စီမံခန့်ခွဲရခြင်းနှင့် မတူ။ စီမံခန့်ခွဲရသကဲ့သို့ နေ့စဥ်နေ့တိုင်း မိမိ ရာထူးကျသည့် နေရာ၌သာ နေပြီး ထွင်သွား၍ မရတာမျိုး မဟုတ်ပေ။
အပိုင်း ၂၄၉ ပြီး၏။