Chapter – 10 ဘိုးဘွားပိုင် အသုံးအဆောင်
ရှီလင်ဟူလက်ထဲက အရိုးဟာ ရှေးကာလတုန်းက အစွမ်းထက်ပြီးဆိုးသွမ်းတဲ့ သားရဲကြီးတွေရဲ့ အဖိုးတန်အစိတ်အပိုင်းတွေကနေ လူသားတွေက အရိုးစာသားကျမ်းနည်းလမ်းအတိုင်းပြုလုပ်ထားတာပါ။ ဒါ့ကြောင့်လည်း ရှားပါးပြီးအဖိုးတန်လှတဲ့ အရိုးလက်နက်က လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေအမြစ်တွယ်လို့နေတာပါပဲ။
ရှီလင်းဟူရဲ့ လက်မောင်းက အရောင်တဖိတ်ဖိတ်တောက်ပထွန်းလင်းလို့လာခဲ့ပါပြီ။ သူ့ရဲ့ လက်မောင်းဟာ တောက်ပတဲ့အလင်းတန်းတွေကြောင့် အရည်ပျော်လုမတတ်ဖြစ်နေပြီး ရက်စက်ကြမ်းကြုတ်တဲ့သားရဲတစ်ကောင်ရဲ့ လက်မောင်းအလားပါ။ ဒီလို ရလာဒ်မျိုးကိုအရင်က မမျှော်လင့်ခဲ့ပေမယ့်လည်း အခုတော့ သူ့ရဲ့စွမ်းအားတွေသိသိသာသာတိုးလာပြီး သုံးမီတာကနေ လေးမီတာလောက်အထိကို အလင်းရောင်တွေဖြာထွက်နေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း လျှပ်စီးစက်ဝိုင်းတွေ ၀န်းရံနေသလိုမျိုး အတော်လေးကိုကြီးမားလို့လာခဲ့ပါတယ်။ ရှီလင်းဟူရဲ့ အရိုးစာသားသွေးစက်၀န်းက အံ့သြစရာကောင်းလို့နေခဲ့ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကြောင့် သားရဲကောင်ရဲ့ အရိုးဆီကနေ အံ့မခန်းတဲ့အရှိန်အဝါက လေထုထဲမှာ ကြောက်စရာကောင်းနေခဲ့ပါပြီ။ ဓားကောက်တစ်ချောင်းနဲ့ဆင်လှတဲ့ လင်းယုန်ငှက်ကြီးရဲ့ နှုတ်သီးနက်က စွမ်းအားသင်္ကေတတွေကလည်း အရောင်အဝါတွေစုစည်းလာပြီး ပိုပိုပြီးအစွမ်းထက်လာခဲ့ပုံပါပဲ။ ဒါက တိုက်ခိုက်နိုင်ဖို့အတွက် အဆင်သင့်ပြင်ဆင်နေတာဖြစ်ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ နှုတ်သီးနက်က လျှိ ု့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတွေကို စုဆောင်းနေခဲ့တာပါ။ ဒါက တောနက်ကြီးထဲက သားရဲငှက်တွေရဲ့ အဆင့်နိမ့်သားရဲတွေကို ဖိတ်ဖိတ်တုန်အောင် ကြောက်ရွံ့သွားစေခဲ့ပါတယ်။
” ဖန်ကျင်း အဆင်သင့်ပြင်ထားတော့…”
ရွာအကြီးအကဲရှီယွီဖန်းက ဒုတိယဘိုးဘွားပိုင်ရှေးဟောင်းလက်နက်ကို သုံးစွဲဖို့ အားအကောင်းဆုံးရွာသားတစ်ယောက်ကို အမိန့်ပေးလိုက်ပါတယ်။
ရှီဖန်ကျင်းက အတော်လေးကို ကြံ့ခိုင်သန်မာလှပြီး သူ့ရဲ့ အရိုးစာသားစွမ်းအားတွေကို ထုတ်ဖော်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ရင်ဘတ်က အရိုးစာသားစွမ်းအားတွေဟာ ရှင်သန်လာခဲ့ပြီး ကြယ်ပွင့်တွေအလား အလင်းတန်းတွေ တိုးထွက်လာခဲ့ပါတယ်။ ဒီနောက်မှာပဲ သူဟာ ရင်ဘတ်ထဲမှာ သိမ်းဆည်းထားတဲ့ သားရဲအရိုးကို ထုတ်ယူလိုက်ပါတယ်။ သူ့ရဲ့ သားရဲအရိုးကတော့ ရှီလင်းဟူရဲ့ သားရဲအရိုးလို ကျောက်စိမ်းရောင်တောက်မနေခဲ့ဘဲ သွေးစွန်းလို့သာ နေပါတယ်။
” ဟိုင်းယား…”
ပြင်းထန်တဲ့ရှေးဟောင်းအရှိန်အဝါတွေက အရိုးလက်နက်ပေါ်ကနေ ထွက်ပေါ်လာတာကြောင့် အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးတောင် ထိတ်လန့်လာပါတယ်။ ရှေးဟောင်းဆန်တဲ့အရှိန်အဝါတွေဟာ လေထုတစ်ခုလုံးပြည့်နှက်နေပြီး သက်ရှိသက်မဲ့အားလုံးကို ကျော်ဖြတ်သွားပါတယ်။
ရှီဖန်ကျင်းရဲ့ ရင်ဘတ်က အလင်းတန်းဟာ လင်းတစ်ခါမှိန်တလှည့် ဖြစ်လာပြီး သူ့ရဲ့ ခန္ဓာကိုယ်အသွေးအသားတွေနဲ့ ပေါင်းစည်းနေခဲ့ပါပြီ။ ရှီလင်းဟူက ကြောက်မက်ဖွယ်ရာခွန်အားတွေကို ထုတ်လွှင့်နေသလို ရှီဖန်ကျင်းကလည်း ရှေးဟောင်းဆန်လှတဲ့ အလင်းတန်းတွေ ဖြာထွက်နေပြီလေ။
ရှီဖန်ကျင်းဟာ အရိုးစာသားရဲ့ စွမ်းအားတွေပြည့်ပြည့်၀၀ ပေါ်ထွက်လာချိန်မှာတော့ ရက်စက်ကြမ်းကြုတ်တဲ့သားရဲကောင်အလား ပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့ စွမ်းအာ်းရှိန်အဝါတွေဟာ လူတွေအားလုံးကို ကျော်လွန်ပြီး တောင်ပေါ်သစ်တောတစ်ခုလုံးကိုတောင် ဖုံးလွှမ်းသွားခဲ့ပါတယ်။ အာ့ဒီဟာက ကျောက်ခေတ်ရွာရဲ့ ဘိုးဘေးတွေပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းသားရဲအရိုးအပိုင်းအစကြောင့်ပါပဲ။
ဒါကို သားရဲတစ်ကောင်ကောင်ဆီကရခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိခဲ့ရပေမယ့် သေချာတာကတော့ ရှေးဟောင်းသားရဲတစ်ကောင်ကောင်ဆီကနေ ထုတ်ယူထားပြီး အစွမ်းထက်တဲ့ စာသားတွေကို ထိုးထွင်းလိုက်ပုံပါပဲ။
ဒီကမ္ဘာကြီးက လူသားတွေ အသုံးပြုတဲ့အရိုးစာသားဆိုတာကလည်း များသောအားဖြင့်တော့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲကောင်တွေရဲ့ အဖိုးတန်အရိုးကို ထုတ်ယူထားတာပါ။ ဒါပေမယ့် ရက်စက်တဲ့သားရဲကောင်အားလုံးရဲ့ အရိုးတွေထဲမှာ ဆန်းကြယ်တဲ့စွမ်းအားတွေ ရှိနေမှာမဟူတ်ပါဘူး။ ဖီးရှီုးလို သားရဲကောင်ကြီးတွေတောင်မှပေါ့။ တစ်ချို့သားရဲတွေကတော့ စွမ်းအားတွေဟာ အရေပြားပေါ်မှာ မြုပ်၀င်နေတတ်သလို စိတ်ဝိညာဉ်ထဲမှာပဲ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။
ရှီဖန်ကျင်းရဲ့ ကိုယ်ပေါ်က အလင်းတန်းတွေကတော့ ပေါက်ကွဲနေတဲ့ မီးတောင်တစ်ခုအလား သူ့ကို ပိုပြီးတောက်ပလို့နေစေပါတယ်။ သူ့ရင်ဘတ်ပေါ်က ဘိုးဘေးတွေရဲ့ အမွေအနှစ်လေးကတော့ တောင်ပေါ်သစ်တောကို ငလျင်တွေဖြစ်ပေါ်စေပြီး မိုးချုန်းသံကြီးတွေလည်း မြည်ဟိန်းစေလို့ပါ။
ဒါက လူသားတွေ သာမန်ပဲလုပ်ထားတဲ့ အရိုးစာသားမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သားရဲကောင်ရဲ့ အဖိုးတန်တဲ့ အရိုးရင်းမြစ်တစ်ခုတည်းကြောင့်လည်း မဟုတ်ဘူးလေ။ အဖိုးတန်အရိုးနဲ့ စာသားတို့ပေါင်းစည်းသွားတာကြောင့် ဒါက အရမ်းကို အစွမ်းထက်လို့သွားတာပါပဲ။ သာမညညောင်ည ရွာတွေကတော့ ဘိုးဘေးတွေရဲ့ အမွေအနှစ်တစ်ခုတောင် ရှိဖို့မလွယ်ပါဘူး။ အခုအခြေအနေကတော့ ကျောက်ခေတ်ရွာကို အချိန်အတော်လေးကြာလာတဲ့အထိ ထင်ရှားစေတော့မှာပါ။
ရှီလင်းဟူ နဲ့ ရှီဖန်ကျင်းတို့ဟာ ဘိုးဘေးတွေ အမွေအနှစ်အရိုးလက်နက်ရဲ့ စွမ်းအားတွေကို အပြည့်အ၀မထုတ်လိုက်ခင်မှာ ကောင်းကင်မှာ ရှိလို့နေတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ကြည့်လိုက်ပါတယ်။ သူတို့ဆီက ဖျက်စီးလိုခြင်းအော်ရာတွေက လေထုကို တုန်ခါစေပြီး ကောင်းကင်ယံကို ပျံတက်လို့နေခဲ့ပါပြီ။
အပင်ပုမျိုးတွေဖြစ်တဲ့ ဆူးပင် ချုံပင် နွယ်ပင်တွေလည်း အမြစ်ကျနေကျွတ်ထွက်လို့ လွှင့်စင်သွားကြပါတယ်။ ဒီလိုကြောက်မက်ဖွယ်ရာ စွမ်းအားတွေဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အေးစက်တဲ့ မျက်လုံးတွေကို တွေဝေမိန်းမောသွားစေပါတယ်။ အရိုးလက်နက်ရဲ့စွမ်းအားတွေက သူ့ဆီကို နီးကပ်လာတာနဲ့အမျှ ကြောရွံ့မှု နဲ့ အေးခဲခြင်းတွေဟာ ပိုလာခဲ့ပါပြီ။
” အို…. ရွာခေါင်းဆောင် ဦးလေးလင်းဟူတို့ ငါတို့ကို ကယ်ဖို့ရောက်လာကြပြီ”)…”
ကောင်လေးတွေဟာ ကျောက်ဂူထဲကနေ ခေါင်းပြူထွက်လာပြီး အပြင်ဘက်ကို ကြည့်လိုက်ကြပါတယ်။
” အဘိုးအကြီးအကဲ ဦးလေးတို့ ကျွန်တော်တို့ ဒီမှာ .. လာ သွားကြမယ်…”
ကျောက်ဂူထဲက ကောင်လေးတွေဟာ ပျားအုံထဲက တိုးထွက်လာတဲ့ ပျားလေးတွေအလား ရွာသားတွေဆီကို ဦးတည်ပြေးလွှားသွားကြပါပြီ။ ကောင်လေးတွေအားလုံး နဲ့ လူကြီးတွေပြန်စုမိတဲ့အထိ ရှီလင်းဟူ နဲ့ ရှီဖန်ကျင်းတို့က အရိုးလက်နက်ကို သုံးပြီး အကာအကွယ်ပေးထားကြပါတယ်။
” ကလေးတွေ မင်းတို့ ထိခိုက်သွားကြသေးလား …”
ရွာသားတစ်ယောက်က သူတို့ဆီကို ပြန်လည်ရောက်ရှိလာပြီဖြစ်တဲ့ ကောင်လေးတွေကို လှည့်ပတ်စစ်ဆေးကြည့်လိုက်ပါတယ်။
” ဘာမှ ကြီးကြီးမားမားမဖြစ်ခဲ့ကြပါဘူး ကျွန်တော်တို့ အားလုံးအဆင်ပြေပါတယ် တစ်ချို
့ကတော့ ဒဏ်ရာလေးနည်းနည်းပဲရသွားတာပါ။…”
ကောင်လေးတွေကလည်း ပြန်လည်ပြောဆိူလိုက်ပါတယ်။
” ကောင်းတယ် ဘာမှ မဖြစ်တာကောင်းတယ်…”
ကောင်လေးတွေအတွက် စိုးရိမ်ပူပန်နေတဲ့ လူကြီးတွေအားလုံးလည်း အခုတော့ ငြိမ်သက်လို့သွားကြပါတယ်။ ချက်ချင်းပဲ သူတို့ရဲ့ လက်တွေကလည်း ကောင်လေးတွေဆီကို ကျရောက်လို့သွားခဲ့ပါတယ်။
” အမ် ဒါက ဘာဖြစ်လို့ ခင်ဗျားကြီးတို့မျက်နှာက ဒီလောက်အပြောင်းအလဲမြန်သွားရတာလဲ ကျွန်တော်တို့ကို ဂရုမစိုက်ဘူးပေါ့ နာနေပြီနော် နှိပ့်စက်နေတာလားဗျ…”
ကောင်လေးတွေဟာ အသည်းအသန်အော်ဟစ်လိုက်ကြပါတယ်။ ရွာသားတစ်ယောက်က
” ဒါက အကင်းပဲရှိသေးတာဟ နောက်ထပ်ပြစ်ဒဏ်တွေလာဦးမှာ မင်းတို့က သန်မာတဲ့ယောက်ျားတစ်ယောက်တောင် ဖြစ်မလာသေးဘူး မိစ္စာငှက်ကို သွားရန်စရဲတယ်ပေါ့ အာ့ဒါကြောင့် မင်းတို့ကို ရိုက်တာပဲ….”
ပျက်စီးခြင်းအော်ရာတွေ ဖြာထွက်နေတဲ့ အကြေးခွံစိမ်းလင်းယုန်ကြီးကတော့ ကောင်းကင်ယံမှာ ရှိနေဆဲပါပဲ။ ဒါပေမယ့်လည်း အခုချိန်ကလည်း ကောင်လေးတွေကို ပြစ်ဒဏ်ချမှတ်ဖို့ အချိန်ကောင်းမဟုတ်သေးဘူးလေ။
” ဒီကနေ မြန်မြန်သွားကြမယ် အရိုးစာသားက လင်းဟူနဲ့ ဖန်ကျင်းတို့အတွက် လေးနက်ဆန်းကြယ်ခြင်းအဆင့်ကို မရောက်သေးဘူး ဘိုးဘွားတွေရဲ့ အမွေအနှစ်ကြောင့်သာမဟုတ်ရင် သူတို့ကို အပြည့်အ၀အစွမ်းထက်စေမှာ မဟုတ်ဘူး အာ့ဒါကြောင့် အခုလက်ရှိအြခေအနေရဲ့ အားသာချက်ကို အခွင့်အရေးယူပြီး ပြန်ကြစို့… ”
ရွာအကြီးအကဲရှီယွီဖန်းက အော်ဟစ်လို့ အမိန့်ပေးလိုက်ပါတယ်။ သူက ကုသနိုင်စွမ်းမရှိတောတဲ့ရောဂါရနေပြီဖြစ်တာကြောင့်လည်း ဒီလိုတိုက်ပွဲကြီးထဲကို ၀င်ရောက်ဖို့ မသင့်တော်တော့ပါဘူး။
ရွာသားတွေကလည်း အခုလိုသွေးပျက်စရာအခြေအနေကြောင့် ရွာခေါင်းဆောင်ရဲ့ စကားက မင်္ဂလာအရှိဆုံးစကားဖြစ်သွားပါပြီ။ သူတို့ဟာ ချက်ချင်းပဲ လေးနဲ့မြှားကို ဆွဲကိုင်လိုက်ကြပြီး ကောင်လေးတွေကို ဝိုင်း၀န်းကာကွယ်ပေးလိုက်ကြပါတယ်။
” ဝိုး.. ဦးလေးလင်းဟူ ခင်ဗျားက ဂျီးနီးယက်စ်ပဲဗျ အဘိုးအကြီးအကဲက ရွာသားတွေအပေါ်မှာ အရိုးစာသားကို စမ်းသပ်ပေးခဲ့တာ အလကားမဟုတ်ဘူးပဲ အံ့သြစရာအစွမ်းတွေကို ရစေတယ်ဆိုတော့ ကြောက်စရာကောင်းလွန်းတယ်..”
” အမှန်ပဲ ဦးလေးဖန်ကျင်းသုံးတဲ့ လက်နက်ကို ငါဘာလို့အရင်တုန်းက မတွေ့မိတာလဲ အရိုးစာသားကို နားလည်တက်ကျွမ်းသွားတဲ့သူတွေပဲ သုံးလို့ရတာလား ဦးလေးဖန်ကျင်းက ငါတွေ့ဖူးသမျှသူတွေထဲမှာ အစွမ်းထက်ဆုံးပဲ..”
ကောင်လေးတွေဟာ ကျောက်ခေတ်ရွာကို ပြန်နေတဲ့ လမ်းကြောင်းတစ်လျောက်လုံး ကောင်းကင်ယံမှာ ရှိနေတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ရှိတယ်လို့တောင် သဘောမထားကြတော့ဘူး။ သူတို့ဆီမှာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကြောက်ရွံ့ရတဲ့ အရိုးစာသားသုံးနိုင်သူနှစ်ယောက်တောင် ရှိနေတာကြောင့်ပါ။
” အာချောင်မနေကြနဲ့ ကိုယ့်ရဲ့ပတ်ပတ်လည်ကို ဂရုစိုက်ကြဦး ခေါင်းပြတ်နေကြမယ်..”
ဖီးဟိုရဲ့ အဖေက မျက်လုံးပြူ းပြပြီး ပြောဆိုလိုက်ပါတယ်။
အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ ကျောက်ခေတ်ရွာရဲ့ အဓိကရ မိုးမခသစ်ပင်ကြီးကို တွေ့လိုက်ရချိန်မှာတော့ သူက ဆက်ပြီးလိာက်မလာရဲတော့ပါဘူး။ သူဟာ ကျောက်ခေတ်ရွာသားတွေနဲ့ ထပ်ကြပ်မကွာလိုက်ပါလာခဲ့တာပါ။ အခုသူက ကျောက်ခေတ်ရွာက မိုးမခသစ်ပင်ကြီးကို ကြောက်ရွံ့တာကြောင့် ဆက်လိုက်မလာရဲတော့ပေမယ့် ကောင်းကင်မှာ အရပ်ဆယ်မျက်နှာ လှည့်ပတ်ပျံသန်းပြီး သူ့ရဲ့ဒေါသတွေကို ထုတ်ပြလို့နေပါတယ်။
ရွာသားတွေဟာ နောက်ဆုံးမှာတော့ ကျောက်ခေတ်ရွာကို ပြန်ရောက်လာကြပါတယ်။ သူတို့တွေက နည်းနည်းလေးသာ သတိပေါ့လျော့ခဲ့မယ်ဆိုရင် လူတော်တော်များများသေဆုံးကြရမှာပါ။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက သူတို့နောက်ကနေ အရိပ်တစ်ခုလိုပါလာတာက သူတို့ကို စိတ်ကျဉ်းကြပ်စေပါတယ်။
” ထင်တဲ့အတိုင်းပဲ ကျုပ်တို့ ဘိုးဘွားပိုင်လက်နက်ကို သုံးလိုက်တာ ဘာပြဿ နာမှ မပေါ်ခဲ့ဘူးပဲ…”
ရှီယွီဖန်းက စကားစလိုက်ပါတယ်။
” ဒီလိုကြမ်းတမ်းတဲ့ တောင်တန်းဒေသမှာ ရွာခေါင်းဆောင်ထက် ဘယ်လိုလူက ပိုပြီး သိမြင်နိုင်မှာလဲဗျာ..”
ရှီလင်းဟူက ပြန်ပြောလိုက်ပါတယ်။
” မင်း ပြောသလိုပါပဲ ငါတို့ဘိုးဘေးတွေဆီက အမွေဆက်ခံခဲ့တဲ့ ပစ္စည်းကလည်း အချိန်ကြာလွန်းမက ကြာလို့ ဖုန်တောင်တက်နေတာလေ ဘယ်သူက အနာဂတ်ကို ကြိုမြင်နိုင်ကြမှာလဲ ဘာဖြစ်လို့လဲဆိုတော့ အန္တရာယ်ဆိုတာ အချိန်မရွေးရောက်လာနိုင်တာဟ…”
ရှီယွီဖန်းကတော့ သက်တောင့်သက်သာပဲ ပြောလိုက်ပါတယ်။ စိုးရိမ်ပူပန်နေခဲ့တဲ့ သေကြေပျက်စီးမှုတွေလည်း မဖြစ်လာခဲ့ဘူးလေ။ သူတို့တွေအားလုံး လုံခြုံစွာပဲ ရွာပြန်လာနိုင်ခဲ့တာပါ။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကတော့ မိုးချုန်းသံလို အသံကြီးတွေနဲ့ အဆက်မပြတ်အော်ဟစ်ပေါက်ကွဲလို့ နေတုန်းပါပဲ။
ရှီယွီဖန်းတို့ ရွာထဲကိုပြန်၀င်လိုက်တာနဲ့ ကောင်လေးတွေရဲ့ အမေတွေဟာ ချက်ချင်းပဲ သူတို့ကလေးတွေကို ပွေ့ဖက်လိုက်ကြပါတယ်။ သူတို့ကလေးတွေရဲ့ သတင်းကို ကြားပြီးတည်းက စိုးရိမ်ပူပန်နေတဲ့ ခံစားချက်က မီးတောင်တစ်ခုလို ပေါက်ကွဲထွက်နေတာပါ။ ကလေးအဖေတွေကတော့ အကြောကြီးတဲ့သူတို့သားတွေကို ရိုက်နှက်ဆုံးမဖို့ ပြင်နေကြပါပြီ။
” ဟိုကောင် ရပ်နေစမ်း သူများတွေကို ဒုက္ခပေးဖို့ပဲ တတ်တဲ့ကောင်…”
” အဖေ .. ကျွန်တော့်ကို မရပ်ခိုင်းပါနဲ့ မှားမှန်းသိပါပြီ..”
ကောင်လေးတွေအုပ်စုဟာ ၀ရုန်းသုန်းကားဖြစ်သွားကြပြီး လှည့်ပတ်ပြေးလိုက်ကြပါတယ်။ သူတို့တွေဟာ နောက်ဆုံးမှာတော့ ရွာအကြီးအကဲရဲ့ ခြံ၀င်းထဲကို ၀င်ပြေးလိုက်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောက်ခေတ်ရွာသားတွေက ရွာအကြီးအကဲကိုတော့ အရမ်းကို ရိုသေလေးစားကြတယ်လေ။
ကောင်လေးတွေအုပ်စုခြံ၀င်းထဲကို ရောက်သွားပြီးနောက်မှာတော့ သူတို့က ဒေါသဖြစ်သွားကြသလို မနာလို၀န်တိုမှုတွေလည်း ဖြစ်လာကြပါတယ်။ ရှီဟောင်က ဘာပြစ်ဒဏ်မှ မခံရတာကြောင့်ပါ။ အာ့ဒါအပြင် သူက ပန်းကန်လုံးလေးထဲကို နို့တွေထည့်ပြီး သစ်သားဇွန်းလေးနဲ့ ထိုင်သောက်လို့နေပါတယ်။
” ကောင်လေး နို့တွေ ပြန်သောက်နေပြန်ပြီလား မင်းက အကျင့်မပျောက်သေးဘူးပဲ…”
ကောင်လေးတစ်ယောက်က မေးလိုက်ပါတယ်။
“ယိ ယ ”
ရှီဟောင်က သူ့လက်ထဲကပန်းကန်လုံးလေးကို လျင်မြန်စွာဖွက်လိုက်ပြီး သူ့ရဲ့ မျက်လုံးတွေကို မှေးလိုက်ပါတယ်။ ဒီ့နောက်မှာတော့ သူက ချက်ချင်းပဲ မျက်တောင်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပါတယ်။
” အာ မင်းတို့ဘာတွေလာပြောနေတာလဲ တကယ်တော့ ငါ ရေသောက်နေတာပါကွာ…”
“ဟား ဟား ဟား ”
ကောင်လေးတွေအုပ်စုကလည်း ဝါးလုံးကွဲရယ်ချလိုက်ပါတယ်။
****°