Switch Mode

Chapter – 248

ကောင်းကောင်းမွေးမြူ။ စီးပွားရှာ။ မင်းရဲ့ ကျင့်ကြံမှုကို အရှိန်မြှင့်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၄၈ ကောင်းကောင်းမွေးမြူ။ စီးပွားရှာ။ မင်းရဲ့ ကျင့်ကြံမှုကို အရှိန်မြှင့်။

” အဲ့ဒီအမှိုက်ကို ငါတို့နဲ့အတူ အံ့ဖွယ်အောက် သားရဲတွေနဲ့ အတူ အလုပ်လုပ်တဲ့ မဟာစစ်သူကြီးသုံးပါးလို့ ဘယ်လိုခေါ်မှန်း ငါ တကယ် မသိတော့ဘူး။ အဲ့ဒီအကြောင်း တွေးပြီးတော့ ငါ တကယ် အရှက်ကွဲသလို ခံစားရတယ် ”
” ထားလိုက်တော့ အထွတ်တက်နေလို့ အသုံးမဝင်ဘူး။ အရှင်ကျားနတ်ဘုရားရဲ့ အစီအစဥ်အတွက် ငါတို့ သူ့ကို ရှာရဦးမှာပဲ ”
” အရင်ဆုံး သူ့ကို မရှာခင် ပျောက်သွားတဲ့ နေရာကို အာရုံခံလိုက်မယ်။ တစ်ချိန်တည်းမှာပဲ လူသားမျိုးနွယ်ထဲမှာ ပေါ်လာတဲ့ ဧကရာဇ်သွေးမျိုးဆက်ရှိတဲ့သူကိုလည်း ရှာရမယ် ”
ယဲ့ရှောင်ဘက်တွင်မူ သူ ပြန်ရောက်လာပြီးနောက် ဟွမ်လျိုလီက ပြီးခဲ့သည့်ကာလအတွင်း ရိတ်သိမ်းထားသည့် အရာများကို စစ်ဆေးကြည့်လိုက်သည်။ သူမသည် အရေအတွက် တော်တော်များများ ရိတ်သိမ်းထားသော်ငြား ကံဆိုးသည်မှာ ပမာဏက မလုံလောက်ပေ။
တစ်နည်းအားဖြင့် လက်ရှိ သူ့အတွက် သူ၏ စံသတ်မှတ်ချက်ကို ပြည့်မှီရန် ဝေးကွာလွန်းနေ၏။
အတိတ်တုန်းက သူသည် ရှန်းထျန်း နဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦး ဖြစ်သည်။ သူ့အဖို့ သူ၏ ရှင်သန်နေထိုင်မှုကို အားဖြည့်ပေးရန်အတွက် အဆင့်တူ ကြယ်တာရာသားရဲများကို စားသောက်ခြင်းက ဖြစ်နိုင်သည်။ ယခုအချိန်တွင်မူ သူက ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်နေပြီ ဖြစ်၏။ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး လိုအပ်သည့် စွမ်းအင်သည် အံ့ဖွယ်ချီရှန်းတစ်ဦးထက် ၁၀ဆ ပိုများသည်။
ထိုရှန်းထျန်းသတ္တမအဆင့် ရှန်းထျန်းအဌမအဆင့်နှင့် ရှန်းထျန်းနဝမအဆင့် ကြယ်တာရာသားရဲများသည် သူ့အတွက် အသားစများပမာ ဖြစ်နေသည်။ သူတို့က သူ့အစာအိမ်ကို ပြည့်စေမှာ မဟုတ်ပေ။
ယဲ့ရှောင်က နားထင်ကို ပွတ်လျက် ဆေးလုံးအဖြစ် ထိုအရာအားလုံးကို သန့်စင်ရန်အတွက် သူ၏ ကောင်းကင်စိတ်အာရုံကို အသုံးပြုလိုက်သည်။ ပုံမှန်အတိုင်း ဆေးလုံးတစ်လုံး သန့်စင်ရန်အတွက် ကြယ်အမြုတေတစ်ခု လိုအပ်၏။
ယဲ့ရှောင်သည် လတ်လတ်ဆတ်ဆတ် သွေးများ၊အသားများ အားလုံးကို သွေးလုံးအဖြစ် ပေါင်းစည်းလိုက်ခြင်းနှင့် ညီမျှ၏။ တိတိကျကျဆိုရလျှင် ယင်းက အစစ်အမှန် ဆေးလုံးအဖြစ် သတ်မှတ်၍ မရချေ။
သူ့အတွက် အဆီအနစ်များအားလုံးကို တစ်ခါတည်း စုပ်ယူရန် စားသုံးရတာ ပိုလွယ်ကူသွားစေရုံသာ ရှိသည်။
သူ တစ်လလုံး ရိတ်သိမ်းခဲ့သော အဆီအနစ်ပမာဏလောက် မရှိပေ။ ယင်းက ရေပုံးတစ်ပုံးရှိ ရေစက်တစ်စက်မျှသာ ဖြစ်နေသည်။
သို့သော်ငြား ခြင်တစ်ကောင်က မည်မျှ သေးစေကာမူ ၄င်းက အသားစ ဖြစ်နေသေး၏။
ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းရန်အတွက် သွေးအဆီအနစ်များစွာနှင့် ဝိညာဥ်စွမ်းအင်များစွာ လိုအပ်နေသေးပြီး ၄င်းက အသုံးဝင်သေး၏။
သို့သော် ယဲ့ရှောင်က နည်းလမ်းအချို့ တွေးမိပြီး လက်ရှိ၌ အစီအစဥ်တစ်ခု ရှိ၏။
ပထမတစ်ခုက ပိုလက်တွေ့ကျပြီး နောက်တစ်ခုက လက်တွေ့ သိပ်မဆန်ပေ။ သို့သော် အခွင့်အရေး အနည်းငယ် ရှိသေး၏။
လက်တွေ့သိပ်မကျသည့် အစီအစဥ်က အံ့ဖွယ်အဆင့်အောက် ကြယ်တာရာသားရဲအချို့ကို ဖမ်းပြီး သို့တည်းမဟုတ် အစစ်အမှန် အံ့ဖွယ်ကြယ်တာရာသားရဲများကို ဖမ်းရန် ဖြစ်သည်။
လက်တွေ့သိပ်မကျဟု ပြောရသည့်အကြောင်းအရင်းမှာ ထိုအစီအစဥ်ကို အထမြောက်စေရန်အတွက် သူသည် ရှေးဦးစွာ အံ့ဖွယ်အဆင့်အောက် ကြယ်တာယာသားရဲနှင့် အံ့ဖွယ်သားရဲများကို ရှာဖွေရန် လိုအပ်သည်။ ပြဿနာက ထိုအမျိုးအစားနှစ်ခုကို ရှာရန် အလွန်ခက်ခဲနေတာပဲ ဖြစ်သည်။
မြေပြင်ပေါ်၌ အသန်မာဆုံးက ဘုရင်နယ်ပယ် သိုင်းပညာရှင်များသာ ဖြစ်ပုံရပြီး ယင်းက လူသားမျိုးနွယ်တွင် ဖြစ်သည်။
ကြယ်တာရာသားရဲတွင်ဆိုပါက ဘုရင်နယ်ပယ်သိုင်းပညာရှင်များ ရှိနေလျှင် သူတို့က ထုတ်ပယ်ခံရမည်။ သို့တည်းမဟုတ် အသတ်ခံနေရလောက်ပြီ ဖြစ်သည်။ လူသားမျိုးနွယ်က အံ့ဖွယ်သားရဲတစ်ကောင်ကို ထားမှာ မဟုတ်တာ သေချာ၏။ ယင်းက အဆမတန်အန္တရာယ်များလွန်း၏။
ထိန်းချုပ်မှု ကင်းမဲ့သွားချိန်၌ မီးစသည် နိုင်ငံပေါင်းများစွာဆီ ပျံ့နှံ့သွားပြီး လူဦးရေ ၁၀ဘီလီယံချီကို လောင်​​မြိုက်စေလိမ့်မည်။
အံ့ဖွယ်အဆင့်အောက် သားရဲအတွက်မူ သူတို့က အံ့ဖွယ်သားရဲလောက် ရှာဖွေရ မခက်ခဲသော်ငြား ရှာရ လွယ်ကူသည်တော့ မဟုတ်ပေ။
ကမ္ဘာပေါ်၌ အရေအတွက် များများစားစား မရှိလောက်ပေ။ ထို့ကြောင့် သူတို့ကို လက်တစ်ဖက်ဖြင့် ရေတွက်၍ ရနိုင်မည်ဟု တွေးမိနေသည်။ မည်သည့်နည်းနှင့်မဆို ယခုအချိန်၌ စီရင်စု၉ခုထဲတွင် ၄င်းတို့ ရှိပုံ မရပေ။
သို့သော် အစီအစဥ်က လက်တွေ့သိပ်မကျသော်ငြား သူသာ ၄င်းတို့ကို ရှာတွေ့မည်ဆိုလျှင် အချိန်ကုန် သက်သာပြီး လုပ်ခ သက်သာကာ ငွေချွေတာနိုင်လိမ့်မည်။ အဆင့်ကျော်ဖြတ်တက်နိုင်သော သူ၏ စွမ်းရည်ဖြင့် တစ်ဖက်သူကို တစ်မိနစ်အတွင်း အနိုင်ယူနိုင်၏။
တစ်ဖက်သူကို အမှောက်သိပ်ပြီးနောက် သူသည် ၄င်းတို့ကို မွေးမြူရေးခြံထဲ၌ ပိတ်ထားပြီး အသားများကို ဖြတ်တောက်ပြီး သွေးများကို ထုတ်ကာ နေ့စဥ်နေ့တိုင်း သူ၏ ရှင်သန်နေထိုင်မှုကို ဖြည့်သွင်းမည်။ ယင်းက အံ့သြဖွယ်ကောင်းသော ခံစားချက်တစ်ရပ် ဖြစ်၏။
ပထမအစီအစဥ်က လက်တွေ့ပိုကျ၏။ သို့သော်ငြား အထမြောက်ရန် အချိန်အတော်ကြာလိမ့်မည်။
သူ့လက်ရှိ မွေးမြူရေးခြံ၌ ကြယ်တာရာသားရဲများ ကျင့်ကြံနေလေ၏။ သူက သူတို့ကို ရိုးရိုးရှင်းရှင်း အသားဖြတ်တောက်ရုံမျှသာ မလုပ်နိုင်ပေ။ သူတို့ကို ကျင့်ကြံခွင့် ပေးရမည်။ ဂျုံများ၊ ဆန်များ စိုက်ပျိုးသည့်အတိုင်းပင် သူက မျိုးစေ့တစ်စေ့ကို ရင့်မှည့်သည့် သစ်သီးတစ်လုံးဖြစ်အောင် ပေါက်ရောက်ခွင့် ပေးရမည်။
ယင်းက သူတို့အားလုံးကို အံ့ဖွယ်အဆင့်အောက် သားရဲနှင့် အံ့ဖွယ်သားရဲများ၏ ခွန်အားရောက်အောင် မြှင့်တင်ပေးနေတာပဲ ဖြစ်သည်။
လက်တွေ့ပိုကျသည်ဟု ပြောရသည့် အကြောင်းအရင်းမှာ သူ့၌ မျိုးစေ့ရှိပြီးသား ဖြစ်သောကြောင့်ပင်တည်း။ မျိုးစေ့များက သူတို့ပဲ ဖြစ်သည်။ သူက မြေသြဇာထည့်ရန် ရေလောင်းရန် သူတို့ ကျင့်စဥ်ကို မြှင့်တင်ရန် နည်းလမ်းတစ်ခု တွေးရန်သာ လိုအပ်၏။
မွေးမြူရေး လုပ်ရတာ အကုန်အကျ များနေသေးတာပဲ။
ယဲ့ရှောင်က သက်ပြင်းချလိုက်၏။
သူက စိတ်တည်ငြိမ်အောင်ထားပြီး သိုလှောင်လက်စွပ်ထဲရှိ ပျားရည်တစ်စက်ကို ထုတ်ကာ သောက်လိုက်လေ၏။
အိုး။
ပါးစပ်အပြည့် သောက်ပြီးနောက် ယဲ့ရှောင်သည် အရသာက အတော်လေး မူမမှန်ကြောင်း သိလိုက် ရသည်။
ပျားရည်က ဆိုးရွားနေသောကြောင့် မဟုတ်ပေ။ ဆိုရလျှင် သိုလှောင်လက်စွပ်ထဲ သူက တာရှည်ခံ အစီအရင်တစ်ခု တည်ဆောက်ထား၏။ ပျားရည်က ဝိညာဥ်စွမ်းအင်နှင့် အဆီအနစ် စုစည်းမှုကြောင့်သာ ဖြစ်သည်။ ၄င်းသည် ယခင်ကထက်
ဝိညာဥ်စွမ်းအင် ပိုပေးစွမ်းနိုင်၏။
စိတ်ဝင်စားစရာပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့ရှောင်က ပြဿနာတစ်ရပ်အကြောင်း တွေးမိသွား၏။
သူသည် ထိုမျှ ကြီးမားသော ပန်းပင်လယ်ကြီးတည်ဆောက်ခဲ့ပြီး ပျားစူဇန်ကမူ နေ့စဥ်နေ့တိုင်း ပျားရည်များစွာကို သန့်စင်နေ၏။ သူ ၄င်းကို ကုန်ဆုံးအောင် မသောက်နိုင်မှာ သေချာ၏။
ပျားရည်က သောက်သုံးရန် အကောင်းဆုံးဖြစ်သည်။ အရသာက မည်မျှ ချိုစေကာမူ ရေကဲ့သို့ မသောက်နိုင်ပေ။ သူ၏ အရသာခံမှုများက ၄င်းကို ထိန်းထားနိုင်မှာ မဟုတ်ချေ။
သို့သော်ငြား ဝိုင်အဖြစ်ချက်ပြီး ဝိညာဥ်စွမ်းအင်ပမာဏများစွာဖြင့် သိပ်သည်းလိုက်ပါက သူက ဘုရင်နယ်ပယ်တွင် ဖြစ်ပေလျှင် တိုးတက်မှုက အလွန်ကောင်းနေပေလိမ့်မည်။
ပြီးပြည့်စုံတယ်။
ထိုအတိုင်းသာဆိုလျှင် မော့ယွီ၏ နို့ကိုလည်း နို့ခဲများအဖြစ် ပြုလုပ်နိုင်လောက်သည်လော။
နို့ခဲတစ်ခဲ စားသုံးရခြင်းသည် ဝိညာဥ်စွမ်းအင်ပမာဏများစွာ ဖြည့်တင်းနိုင်မည်လော။ သို့သော် ၄င်းက ထိုမျှ မရိုးရှင်းပေ။
ပျားရည်က စူဇန်က ပြုလုပ်ပြီး နွားနို့ကိုမူ သူမကိုယ်တိုင် ညှစ်ရသောကြောင့် ဖြစ်၏။
ပျားရည်သည် စူဇန်၏ သက်ဝင်လှုပ်ရှားမှုကို မလိုအပ်ပေ။ မော့ယွီ၏ နွားနို့ကမူ သူ၏ ခံနိုင်ရည်ပမာဏများစွာကို ကုန်ဆုံးစေ၏။
အချိန်ကျလာသောအခါ သူမ ခမ်းခြောက်အောင် အညှစ်ခံရလိမ့်မည်။ အချိန်ကျလျှင် သူက ယိုယွင်းနေသည့် အိမ်တစ်လုံးကိုသာ စိုက်ကြည့်နေရလိမ့်မည်။
သူ နည်းလမ်းအသစ်တစ်ခု တွေးရဦးပေမည်။
တစ်ညတာ ကုန်လွန်ပြီးနောက် ယဲ့ရှောင်၏ စိတ်ထဲ ထုတ်လုပ်ရေး အစီအစဥ်များစွာ ပေါ်လာလေ၏။
နောက်နေ့ နံနက်စောစောတွင် ယဲ့ရှောင်သည် စာကြည့်တိုက်သို့ အမြန်သွားလိုက်သည်။ သူသည် တမင်တကာ ပိုစောစောထတာပဲ ဖြစ်သည်။
ဤနည်းဖြင့် သူ အလုပ်မဝင်ခင် ချိတ်ပိတ်မှု တည်နေရာဆီသို့ ဦးစွာ သွားနိုင်လိမ့်မည်။
ကြယ်တာရာသားရဲတစ်စုသည် အရင်အတိုင်း ပျင်းပျင်းရိရိ စကားပြောနေလေ၏။ သို့သော် သူ ရောက်လာသည်ကို သူတို့ မြင်သွားချိန်၌ ကြက်သီးများထပြီး ကြောက်လန့်ကုန်၏။ သူတို့က ချက်ချင်းပင် နောက်ရှိ နံရံဆီသို့ ဆုတ်ခွာသွားတော့၏။
ထိုသူက ဤနေရာသို့ ပုံမှန်ဆို မလာတတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်သည်။ သို့သော် သူ ရောက်လာလျှင် ကောင်းမွန်သည့် ကိစ္စရပ်တစ်ခု မဟုတ်မှာ သေချာ၏။
” မစ္စတာ ယဲ့ ဒီနေ့ ခင်ဗျား ကြောင့် အားနေတာလဲ ”
နော့ဖစ်က သူ၏ လက်တံများကို ပွတ်ပြီး သူက သူတို့ကို စိတ်ကျေနပ်အောင် ကြိုးစားနေသည့်ပမာ ဂရုတစိုက် မေးလိုက်၏။
ယဲ့ရှောင်က ပြောလိုက်၏။
” မင်းတို့နဲ့ ကိစ္စတချို့ ဆွေးနွေးစရာရှိလို့။ ဒီနေ့ ဒီကို ရောက်လာတာပဲ ”
ကြယ်တာရာသားရဲများက ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတော့၏။ ပြီးသွားချေပြီ။ ထိုသူသည် ကိစ္စရပ်များအကြောင်း ပြောသရွေ့ သူတို့က ခန့်မှန်းရန် ခြေမကြီးများကိုတောင် အသုံးပြုရန် မလိုအပ်ချေ။ ကိစ္စကောင်း မဟုတ်မှာ သေချာ၏။
” စိတ်မပူနဲ့။ ဒါ ကိစ္စကောင်းပဲ ”
ယဲ့ရှောင်က သူတို့ အမူအယာကို ကြည့်ပြီး ပြုံးကာ သူတို့ကို နှစ်သိမ့်လိုက်တော့၏။
သို့သော်ငြား လူတိုင်းက သူ့စကားကို မယုံတာ အလွန်သိသာနေသည်။
သူတို့က ထိုလူ၏ စကားကို ယုံပြီဆိုလျှင် သူတို့ ဦးနှောက်ထဲ၌ ရေသာ ရှိနေလိမ့်မည်။
ယဲ့ရှောင်က အချိန်ဆက်ဖြုန်းမနေတော့ပဲ ဆက်ပြော​လိုက်လေ၏။
” မွေးမြူရေးခြံရဲ့ အလုပ်လုပ်ပုံကို ငါ နည်းနည်း ချိန်ညှိချင်တယ် ”
” အရင်တုန်းက ငါကပဲ မင်းတို့ကို အသား၊ အဆီအနစ်၊ ပျားရည်၊ ဥ၊ နွားနို့နဲ့ ကျန်တာတွေကို ပေးဖို့ ဖိအားပေးခဲ့တဲ့သူ။ အခုကစပြီး မင်းတို့ ငါ့ကို အရင်က ပေးတဲ့ပုံအရ လူတိုင်းက ပစ္စည်းပိုပေးဖို့ ဆန္ဒရှိရင် အကူအညီတွေ ပေးမယ်။ သူတို့ရဲ့ ကျင့်ကြံဆင့်ကို မြင့်တက်လာအောင် ကူညီပေးမယ်။ ဥပမာအနေနဲ့ ကျင့်ကြံမှု တစ်ဆင့်မြှင့်တင်ပေးတာ ဒါမှမဟုတ် အံ့ဖွယ်အဆင့်အောက် သားရဲတစ်ကောင်ရဲ့ စံသတ်မှတ်ချက်ရောက်တာမျိုးပေါ့ ”
ယဲ့ရှောင်သည် သူတို့ကို ဖိအားပေးနိုင်၏။ သို့သော်ငြား သူသာ ၄င်းတို့ကို ဖိအားပေးလိုက်ပါက သူတို့သည် အပေါ်ယံတွင် သူ့ကို မဆန့်ကျင်ရဲလောက်သော်ငြား သူတို့က သူ့ကို တိတ်တဆိတ် ကျိန်ဆဲနေလောက်၏။ ဥပမာအနေဖြင့် သူတို့က ရိက္ခာများ အပ်ရာ၌ လုံ့လဝီရိယ ရှိတော့မှာ မဟုတ်ပေ။
ယဲ့ရှောင်က ရိက္ခာများ အပ်ရာ၌ သူတို့ကို အလုပ်ပိုကြိုးစားစေချင်ပြီး ရိက္ခာများပေးရန် စိတ်အားထက်သန်စေချင်ပါက သူတို့ကို ဝန်ထမ်းများနည်းတူ လုပ်ခလစာဖြင့် ပေးချေရပေမည်။ အလုပ် ပိုကြိုးစာလေ ကျင့်စဥ် ပိုမြင့်တက်လေ ဖြစ်၏။ ကျင့်စဥ်မြင့်တက်လေ အကျိုးခံစားခွင့် ပိုရရှိလေ ဖြစ်သည်။
ယေဘုယျအားဖြင့် ၄င်းတို့ကို စေတနာအလျောက် ပင်ကိုယ် စိတ်ဆန္ဒအတိုင်း ကြိုးစားပမ်းစား သွေး၊ အသားနှင့် သူ၏ အဆီအနစ်များကို သူတို့ဘာ့သာပေးခွင့်ပေးမည်။ ယင်းက သူတို့ကို ဖိအားပေးခြင်းထက် ပိုကောင်း၏။
၄င်းသည် ကျေးလက်စီးပွားရေးလုပ်ငန်းလေးကို ခေတ်မှီစက်ရုံတစ်ရုံအဖြစ် မြှင့်တင်လိုက်ခြင်းနဲ့ ညီမျှပြီး သူတို့ကို အလုပ်ပိုကြိုးစားအောင် သွေးဆောင်ဖြားယောင်ပြီး ဖြစ်ညစ်နေတာပဲ ဖြစ်၏။
ကြယ်တာရာသားရဲများက အသက်မအောင့်နိုင်တော့ပေ။ မွေးမြူရေးခြံတစ်ခုလုံးက အင်မတန် တိတ်ဆိတ်သွားလေ၏။
သူတို့က သူတို့နား သူတို့ မယုံနိုင်ကြပေ။
ဒီလူ သူတို့ကို နှောက်နေတာလား။
သူက သူတို့ကို ဆော့ကစားချင်နေသည်လော။ သူက သူတို့ခွန်အားကို မြှင့်တင်ပေးပြီး သူတို့ အားစိုက်ထုတ်မှုအတွက် အလှဲအလှယ် လုပ်ပေးချင်နေ၏။
ယင်းက ဟာသပြက်လုံးတစ်ခုနှင့် အဘယ်ကြောင့် တူနေရသနည်း။
ကြယ်တာရာသားရဲက ယဲ့ရှောင်ကို သံသယ မဝင်ကြချေ။ အကြောင်းမှာ ထိုလူသည် အလွန်တရာ မုန်းတီးဖွယ်ကောင်းသော်ငြား ပြိုင်ဘက်ကင်းသည့် သိုင်းပညာရှင်တစ်ဦး ဖြစ်သေးကြောင်း သူတို့ ဝန်ခံရမည် ဖြစ်သောကြောင့်ပင်တည်း။
သူသာ ကြယ်တာရာသားရဲများဆီက အရင်းအမြစ်များ ပိုရအောင် ဖိအားပေးချင်လျှင် သူတို့ကို သူက အားသုံးရန်သာ လိုအပ်သည်။ မည်သည့်နည်းနှင့်မဆို ကြယ်တာရာသားရဲများက မသေချင်သေးသရွေ့ သူပြောတာကို နားထောင်ကြမှာပဲ ဖြစ်သည်။
သို့သော် ယခုမူ သူက ပုံမှန် အမူအကျင့်နှင့် ဆန့်ကျင်ဘက်ဖြစ်လျက် သူနှင့် သင့်တော်စွာ ဆွေးနွေးနေ၏။ ယင်းက ထည့်တွေးပေးရန် လိုအပ်သည့် ကိစ္စရပ် ဖြစ်သည်။
” မစ္စတာ ယဲ့ …။ ကျုပ်တို့ကို နှောက်နေတာမလား ”
ယဲ့ရှောင်က ပြုံးလိုက်လေ၏။
” မင်းတို့ကို စနှောက်ဖို့ အားလပ်ချိန် ရှိနေတယ်များ ထင်နေလား ”
” ဒီနေ့ကစပြီး ဒီအခြေအနေက တရားဝင်စမယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုကို အရှိန်မြှင့်တင်ပေးဖို့ နည်းလမ်းတချို့ကို ငါ သွားရှာခဲ့မယ်။ လူတိုင်းပဲ သဘောတူပြီး မင်းတို့ရဲ့ ခွန်အားကို တတ်နိုင်သမျှ မြန်မြန်မြှင့်ဖို့ မျှော်လင့်တယ် ”
ထိုသို့ပြောပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွားကာ ချိတ်ပိတ်မှုထဲကနေ ထွက်ခွာသွား၏။
ကျန်သည့် ကြယ်တာရာသားရဲများက ချက်ချင်း စုဝေးကုန်သည်။
” ညီအစ်ကိုတို့ ဒီကိစ္စကို ထောင်ချောက်လို့ထင်လား ”
” သူက ငါတို့ရဲ့ အသားနှင့် သွေးအတွက် အလှဲအလှယ်အနေနဲ့ ငါတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ဖို့ နည်းလမ်း သုံးပေးရဲတယ်ပေါ့ ”
” သူ ရူးသွားပြီလား ”
” ငါတို့ရဲ့ ကျင့်ကြံဆင့် မြင့်တက်ရင် သူ့ရဲ့ အစီအရင်က ငါတို့ကို ဖိနှိပ့်ထားနိုင်တော့မှာ မဟုတ်ဘူး။ အချိန်ကျလာရင် ငါတို့ လွတ်မြောက်သွားမှာ မဟုတ်ဘူးလား ”
နော့ဖစ်က ခေါင်းခါလိုက်၏။
” ဒိကိစ္စက ဒီလောက် မရိုးရှင်းဘူးလို့ ခံစားမိတယ်။ မင်းတို့တွေ ခုနတုန်းက တစ်စုံတစ်ခု ထူးဆန်းနေတာကို သတိပြုမိကြလား ”
” ဘာကိစ္စလဲ ”
” သူ့အရှိန်အဝါ မရှိတော့ဘူးလေ။ ငါတို့ သူ့အငွေ့အသက်ကို အာရုံမခံမိတော့ဘူး။ သူ အရင်တုန်းက အလွန်သန်မာတယ်ဆိုပေမဲ့ ငါတို့ သူ့ရဲ့အငွေ့အသက်ကို အာရုံခံမိတာ သိသာနေတာပဲ။ အဲ့ဒါ ရှန်းထျန်းနဝမအဆင့်မှာနော် ”
ထိုစကားများ ပြောလိုက်သည်နှင့် ကျန်သည့် ကြယ်တာရာသားရဲများက ရုတ်တရက် ထိတ်လန့်ကုန်၏။
” အဟုတ်ပဲ။ စီနီယာ နော့ဖစ်သာ မပြောရင် ငါတို့ သတိပြုမိမှာ မဟုတ်ဘူး။ သူ ခုနတုန်းက ဆင်းလာတဲ့အချိန် ဘာအငွေ့အသက်မှ အာရုံမခံခဲ့မိဘူး ”
” သူ ငါ့ရှေ့မှာ ပေါ်လာတာကြောင့်သာ မဟုတ်ရင် ငါ့ဘေးကို သူ ရောက်လာတာကိုတောင် သိလိုက်မှာ မဟုတ်ဘူး ”
ကြယ်တာရာသားရဲတစ်စုက ရုတ်တရက် တုန်ယင်ကုန်ပြီး သူတို့ မျက်လုံးထဲ၌ အကြောက်တရားများ ပေါ်လာလေ၏။

အပိုင်း ၂၄၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset