Switch Mode

Chapter – 130

အခန်း ၁၃၀။ ဂုဏ်ယူပါတယ်… သင်သည် ကောင်းကင်ဘုံ၏ အကူအညီကိုရရှိပါသည်

“ဒါက ဘယ်လောက်လဲ”

“အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀”

လီဟေးရွှေသည် တခဏလောက်တွေးတောလိုက်ပြီး ပြောလိုက်သည်။

ဘယ်လို… အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀လား။

ထိုဈေးနှုန်းကို ကြားသည့်အခါ ကြည့်ရှုသူများသည် အံ့ဩသွားခဲ့ကြသည်။ သူတို့အားလုံးသည် လီဟေးရွှေကို မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

သူတို့သည် လုံးဝနားမလည်နိုင်ဖြစ်နေကြသည်။ မည်သည့် အဝတ်စတစ်ခုက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုန်း ၁၀၀၀၀၀တန်ကြေးရှိသနည်း။

သို့သော် လင်းဝူတသည် လက်ခံနေဆဲပင်။

“အင်…အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀က တကယ်‌ဈေးသင့်ပါတယ်”

ထိုသို့ပြောပြီး သူသည် အထွဋ်အထိပ်အဆင့် ‌စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ထုတ်ယူကာပေးလိုက်သည်။

“ဘုရား‌ရေ…အထွဋ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးလား”

လူအုပ်သည် ဆူပွက်သွားခဲ့သည်။

ဤအချိန်တွင် လင်းဝူတအပေါ်သူတို့၏ အကြည့်သည် ပြောင်းလဲသွားခဲ့ငည်။ အထွဋ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများအားအသုံးပြုနိုင်သူသည် မိသားစုကြီးများမှသာဖြစ်နိုင်ပြီး သေချာပေါက် ထင်ရှားသည့်ဂုဏ်ပုဒ်ရှိပေသည်။

“ဒီလူက လီချန်ကျိုးထက် ကြီးမားတဲ့နောက်ခံရှိလောက်တယ်…”

“ဟတ်… ဒါကပြောစရာလိုသေးလို့လား။ ဘယ်သူမှာ အထွဋ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးရှိလို့လဲ”

“ဟေရွှေ ရှေ့ဟောင်းမြို့တော်ရဲ့ လီမိသားစုကို ဂရုမစိုက်တာ မထူးဆန်းတော့ဘူး။ သူမှာ ကြီးမားတဲ့ နောက်ခံရှိနေတာပဲ။ တကယ်လို့ လီချန်ကျိုးကို စတမလိုက်ရင်တောင် လီမိသားစုက ဘာအသံမှ ထွက်ဝံ့မှာမဟုတ်ဘူး”

“ဒီသခင်လေးက ဘယ်သူလဲ”

လူတိုင်းသည် လင်းဝူတ၏ အကြောင်းနှင့် သူ၏ နောက်ခံအကြောင်းကို ဆွေးနွေးနေကြသည်။

လင်းဝူတသည် သူတို့အား လျစ်လျူရှုထားလိုက်သည်။

ဤအချိန်တွင် သူသည် လီဟေးရွှေအား ရတနာသိုက်တစ်ခုကဲ့သို့ ကြည့်လိုက်သည်။

“အနာဂတ်မှာ ဒီလိုပစ္စည်း‌ကောင်းတွေနဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အလောင်းကို ရခဲ့ရင် ကျုပ်ယူမယ်”

“ကောင်းပါပြီ” လီဟေးရွှေသည် ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။

သဘာဝကျစွာပင် လင်းဝူတသည် သာမန်လူတစ်ယောက်မဟုတ်သည်ကို သူပြောနိုင်သည်။

ယနေ့ သူလုပ်ပြထားသည့်ကိစ္စများကြောင့် လင်းဝူတသည် မြင့်မြတ်သော ဂုဏ်ပုဒ်နှင့် ကြီးမားသောနောက်ခံရှိသည်ကို သိရှိနိုင်ပေသည်။

အနည်းဆုံးတော့ သူသည် လီမိသားစုကိစ္စကို တွေးတောရန် မလိုအပ်တော့ချေ။

“ကောင်းကင်ဘုံလမ်းကြောင်းက ဆင်းသက်လာတော့မယ်။ ဟေရွှေမြစ်ရဲ့ မြစ်ရေက နက်သထက်နက်လာတယ်…” လင်းဝူတ၏ ထွက်ခွာသွားသည့်ပုံရိပ်ကိုကြည့်လျက် လီဟေးရွှေသည် သက်ပြင်းချလိုက်သည်။

ထို့နောက် သူ့လက်ထဲရှိ အထွဋ်အထိပ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကိုကြည့်လျက် အလွန် စိတ်လှုပ်ရှားသွားသည်။

“ဒီအထွဋ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးဆယ်တုံးနဲ့ဆိုရင် ချင်းချန်ရဲ့ ကျင့်ကြံခြင်းအဆင့်က ပိုမြင့်လာလောက်တယ်။ အဲဒီအချိန်ကျရင် သူက မူလကောင်းကင်နယ်ပယ်ကို ချိုးဖျက်ဖို့ ပိုပြီးနီးစပ်သွားပြီ။ တကယ်လို ငါက ကောင်းကင်ဘုံတံခါးတစ်ချပ်ကိုဖွင့်နိုင်ရင်တောင် ကြီးမားတဲ့ ကံကောင်းခြင်းကို ရနိုင်တယ်…”

လီဟေးရွှေ၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်သွားခဲ့သည်။

သူ့မိဘများကွယ်လွန်သွားကတည်းက သူ၏ မျှော်လင့်ချက်အားလုံးသည် သူ့ညီမလေး၊ လီချင်းချန်အပေါ်တွင်သာ မှီခိုထားရပေသည်။

သူ့ဘဝ၏အကြီးမားဆုံးမျှော်လင့်ချက်မှာ သူ့ညီမလေးအား စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာစေရန်ပင်။

ထိုအချိန်ရောက်လျှင် သူ့မိဘများအတွက် လက်စားချေရပေမည်။

သို့သော်လည်း ကောင်းကင်ဘုံလမ်းကြောင်းကို လျောက်ခြင်းသည် ကောင်းကင်ဘုံကို တက်ခြင်းထက် ပိုခက်ပေသည်။

သူ၏ အရည်အချင်းနှင့် ခွန်အားအရ ကောင်းကင်ဘုံတံခါးကိုဖွင့်ပြီး ကြီးမားသော ကံကောင်းခြင်းများရရှိရန်အတွက် အများကြီး မျှော်လင့်ချက်မရှိချေ။

“ကောင်းကင်ဘုံက ငါ့ကိုကူညီပြီး အနည်းဆုံးကောင်းကင်ဘုံတံခါးတစ်ခုကိုဖွင့်ဖို့အတွက် ‌ချင်းချန်ကို ကူညီပေးဖို့ မျှော်လင့်မိတယ်…” လီဟေးရွှေသည် သူ၏ နှလုံးသားထဲ၌ ဆုတောင်းလိုက်သည်။

“ဘုန်း”

ထိုအချိန်တွင် သူ့စိတ်ဝိညာဉ်သည် တုန်ရင်သွားခဲ့သည်။ သူ့စိတ်ဝိညာဉ်ထဲသို့ ကြီးကြီးမားမားအရာတစ်ခုရောက်ရှိလာသည့်အတိုင်းပင်။

[ဂုဏ်ယူပါတယ်… သင်သည် ကောင်းကင်ဘုံ၏ အကူအညီကို ရရှိပါသည်]

[ကျို့ကျိုနယ်မြေမှာ ကောင်းကင်ဘုံတမန်တော်မွေးဖွားလာခဲ့ပါသည်။ သူ့အား ဆန်းကြယ်ကောင်းကင်နယ်ပယ်ထက်မြင့်မားသည့် အလောင်းကို ပေးအပ်ပါက သူ၏ အကူအညီကို ရယူနိုင်ပါတယ်]

[ကောင်းကင်တမန်တော်ရဲ့ အမည်က ဒေါင်းဖန်ပုဘိုင်ဖြစ်သည်]

[သူလိုချင်တာကို ပေးသ၍ သူက သင့်အား ကောင်းကင်ဘုံလမ်းကြောင်း၌ ကောင်းကင်ဘုံတံခါးတစ်ခုအား အနည်းဆုံးဖွင့်လှစ်နိုင်အောင်ကူညီပေးပါလိမ့်မယ်]

[သူက သင့်မိဘများအတွက် လက်စားချေဖို့လည်း ကူညီပေးနိုင်ပါသည်]

[သင်သည် ဆန်းကြယ်ကောင်းကင်အဆင့်အထက် အလောင်းကို ပေးအပ်ပါက သူ၏ တုန်ပြန်မှုကို ရရှိနိုင်သည် …]

လျှို့ဝှက်ဆန်းကြယ်သော သတိပေးချက်များသည် လီဟေးရွှေ၏ စိတ်ဝိညာဉ်ထဲ၌ မြည်ဟိန်းလာခဲ့သည်။

ကောင်းကင်ဘုံတမန်တော်၊ ဒေါင်းဖန်ပုဘိုင်လား။

ထိုလျှို့ဝှက်ဆန်းကြယ်သောအသံကြောင့် တည်ငြိမ်နေတတ်သည့် သူသည်ပင် အပြင်းအထန် ထိတ်လန့်သွားခဲ့သည်။

သူ၏ အေးစက်သောအကြည့်များသည် ပတ်ဝန်ကျင်းကို ရှာဖွေကြည့်ရှုလိုက်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ချေ။

သူသည် အထင်မှားနေသည်ဟုပင် သံသယဝင်လာခဲ့သည်။

[သင်သည် ဒေါင်းဖန်ပုဘိုင်ကို ဖိတ်ခေါ်မည်လား]

ရုတ်တရက် ထိုလျှို့ဝှက်ဆန်းကြယ်သောအသံသည် ထပ်မံထွက်ပေါ်လာခဲ့သည်။

ဤတကြိမ်တွင် လီဟေးရွှေသည် သေချာကြားလိုက်ရခြင်းဖြစ်ပေသည်။ လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတစ်ဦးသည် သူ့အား စကားပြောနေခြင်းဖြစ်သည်။

၎င်းသည် သူ၏ နှလုံးသားအားတုန်ရင်သွားစေသည်။

ရုတ်တရက် သူ့နှလုံးသားထဲ၌ ရဲရင့်သော အတွေးတစ်ခုပေါ်လာခဲ့သည်။

“ဒေါင်းဖန်ပုဘိုင်က ကျုပ်တောင်းဆိုတဲ့ ဘယ်အရာမဆို ကူညီပေးနိုင်လား”

[မေးနေစရာမလိုပါဘူး။ သင်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ အလောင်းကိုသာ ပြင်ဆင်ထားဖို့လိုပါတယ်။ တချိန်တည်းမှာ သင် အကူအညီလိုအပ်တာကို ပြောရပါမယ်။ တကယ်လို့ ဒေါင်းဖန်ပုဘိုင်က သဘောတူရင် သင်ရှိနေသောနေရာသို့ သေချာပေါက်လာရောက်ကူညီပေးပါလိမ့်မယ်]

[ပေးအပ်သည့် အလောင်းရဲ့ အဆင့်က မြင့်မားလေလေ‌ ဒေါင်းဖန်ပုဘိုင်ကို ဖိတ်ခေါ်နိုင်ဖို့ အခွင့်အရေးက သေချာလေလေပါပဲ]

[ဒေါင်းဖန်ပုဘိုင်သည် ခုနစ်ရက်အကြာက တာရီနတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်ဘုံမဟာကပ်ဘေး အိပ်မက်ဆိုးအဆင့်ကို အောင်မြင်စွာကျော်ဖြတ်သွားခဲ့ပါတယ်။ သူက လုံလောက်အောင်သန်မာတယ်ဆိုတာ သေချာပါတယ်]

ကောင်းကင်ဘုံရဲ့မဟာကပ်ဘေး၊ အိပ်မက်ဆိုးအဆင့်လား။

ထိုသို့ကြားသည့်အခါ လီဟေးရွှေသည် အံ့ဩသွားခဲ့သည်။

သူသည် ကောင်းကင်ဘုံ၏ မဟာကပ်ဘေးအကြောင်းကို နားလည်ပေသည်။ မဟာကပ်ဘေး၏ အိပ်မက်ဆိုးအဆင့်သည် သေဆုံးခြင်းကို ကိုယ်စားပြုပေသည်။ ၎င်းမှ အသက်ရှင်လွတ်မြောက်ရန် အလွန်ခက်ခဲပေသည်။

သိူ့သော်လည် ဒေါင်းဖန်ပုဘိုင်သည် ရှင်သန်နိုင်ခဲ့သည်။ သူသည် မည်မျှအထိစွမ်းအားကြီးသည်ကို သိရှိနိုင်ပေသည်။

ထိုကဲ့သို့သော စံနှုန်းကြောင့် သူသည် ယုံကြည်လာခဲ့တော့သည်။

“ဒီနှစ်တွေထဲမှာ ငါက ဟေရွှေမြစ်ထဲက အလောင်းတွေဆယ်ယူခဲ့တယ်။ အရမ်းကံမကောင်းတဲ့အတွက် ကံကောင်းခြင်းတွေမရရှိခဲ့ပေမယ့် အလောင်းတွေတော့ တော်တော်များများစုဆောင်းမိထားတယ်။ ဒေါင်းဖန်ပုဘိုင်ကို အလောင်းတွေပေးပြီး ခေါ်လို့ရရင်တော့ တကယ်ကောင်းတာပဲ။ ကြိုးစားကြည့်ကြစို့။ အမှန်တကယ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ” သူသည် တွေးတောလိုက်သည်။

ချက်ချင်းပင် သူသည် အိမ်သို့ ပုန်လာခဲ့ပြီး အလောင်းဆယ်ယူရာမှ ရထားသည့် အလောင်းများကို ထုတ်ယးလိုက်သည်

ခေတ်ပေါင်းများစွာ ဟေရွှေမြစ်၏ တိုက်စားမှုကို ခံခဲ့ရသော်လည် ထိုအလောင်းများသည် အသက်ရှင်တုန်းကကဲ့သို့ အကောင်းတိုင်ရှိနေဆဲပင်။

ထိုအပြင် အခုလေးတင် ဟေရွှေမြစ်ထဲမှ တွေ့ခဲ့ရသည့် အလောင်းများထက် စွမ်းအားကြီးပေသည်။

၎င်းသည် ကောင်းကင်းစက်ဝန်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်၏ အလောင်းဖြစ်သည်။

“အလောင်း းတွေကို ဘယ်လိုပေးရမလဲ”

[ခနစောင့်ပါ…ဒေါင်းဖန်ပုဘိုင်ကို ဖိတ်ခေါ်ထားပါတယ် …]

လျှို့ဝှက်ဆန်းကြယ်သောအသံသည် သူ့စိတ်ထဲ၌ မြည်ဟိန်းလာခဲ့သည်။

ထိုသို့ကြားသည့်အခါ သူသည် တည်ငြိမ်စွာဖြင့် တိတ်တဆိတ်စောင့်ဆိုင်းနေလိုက်သည်။

ဒဏ္ဍာရီလာတည်းခိုဆောင်… ဟေရွှေ ရှေ့ဟောင်းမြို့တော်၏ အကြီးဆုံးတည်းခိုဆောင်ဖြစ်သည်။

ဤနေရာတွင် ဝန်ဆောင်မှုမျိုးစုံရနိုင်ပေသည်။

၎င်းကို အစိမ်းရောင်ကောင်းကင်ဒေသ၏ ကုန်သည်ကြီးများအဖွဲ့အစည်းထက် မနိမ့်ကျသည့်အင်အားစုတစ်ခုက ပိုင်ဆိုင်ထားပေသည်။

ဒဏ္ဍာရီလာတည်းခိုဆောင်ဟုခေါ်ဆိုရခြင်းမှာ ၎င်းထဲသို့ဝင်ရောက်ရမည်သူသည် ဒဏ္ဍာရီလာနယ်ပယ်ထက် နိမ့်၍ မရသောကြောင်းဖြစ်သည်။

လီဟေးရွှေနှင့် စကားပြောပြီးနောက် ထွက်ခွာလာခဲ့ကာ ယင်စစ်မင်၏ ဦးဆောင်မှုဖြင့် ဤနေရာသို့ရောက်ရှိလာခဲ့သည်။

ချင်းရှန်ခြံဝင်း…။

လင်းဝူတသည် စနစ်မှ သတိပေးချက်တစ်ခုကို ရလိုက်သည်။

[ဒင်]

[သင်သည် လီဟေးရွှေ၏ ဖိတ်ခေါ်ချက်ကို ရထားပါသည်။ ကျေးဇူးပြုပြီး အချိန်မိစစ်ဆေးပေးပါ]

အမ်…လီဟေးရွှေလား။

ထိုအမည်ကို ကြားသည့်အခါ လင်းဝူတသည် အံ့ဩသင့်သွားခဲ့သည်။

“အခုဏက တွေ့‌ခဲ့တဲ့ လီဟေးရွှေလား ဒါမှမဟုတ် နာမည်တူတာလား”

သံသယများဖြင့် သူသည် သက်ရှိများအားလုံး၏ စာအုပ်ကို ဖွင့်ကြည့်လိုက်သည်။

ချက်ချင်းပင် သတင်းအချက်အလက်များသည် ထွက်ပေါ်လာခဲ့သည်။

[ဖိတ်ခေါ်ချက် : လီဟေးရွှေ]

[ဆန္ဒ : မသိနိုင်]

[ဆုလာဒ် : ကောင်းကင်စက်ဝန်းနယ်ပယ် ကျွမ်းကျင်သူ၏ အလောင်း]

လျှို့ဝှက်ဆန်းကြယ်သော အလင်းတစ်ခုနှင့်အတူ လီဟေးရွှေ၏ အသွင်အပြင်သည် သက်ရှိများအားလုံး၏ စာအုပ်၌ ထွက်ပေါ်လာခဲ့သည်။

“တကယ့်ပဲ သူဖြစ်‌နေတာပဲ”

လင်းဝူတသည် အံ့ဩသွားခဲ့သည်။

ထို့နောက် လင်ဝူတသည် ထူးဆန်းစွာပြုံးလိုက်သည်။

“စိတ်ဝင်စစရာပဲ… မင်းက ဟေရွှေမြစ်မှာ အချိန် ါကြာကြီး အလောင်းတွေကိုစုဆောင်းခဲ့တာဆို‌တော့ အလောင်းတွေ တော်တော်စုံလောက်တယ်။ ဒီလိုဆိုမှတော့ မင်းကို ကောင်းကောင်းလှည့်စားရတာပေါ့…”

ထိုသို့ပြောပြီး လီဟေးရွှေ၏ ဖိတ်ခေါ်ချက်အားလက်ခံလိုက်သည်။

“ခင်ဗျားက ဘာအကူအညီလိုတာလဲ”

အမ်…ငါက တကယ်ပဲ ကောင်းကင်ဘုံတမန်တော်ကို ဖိတ်ခေါ်နိုင်ခဲ့တာလား။

လျှို့ဝှက်ဆန်းကြယ်သောအသံကို သူ၏ စိတ်ထဲ၌ ကြားလိုက်ရသည့်အခါ လီဟေးရွှေသည် အလွန်တက်ကြွသွားခဲ့သည်။

“ဝှစ်”

တခဏလောက်တိတ်ဆိတ်သွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များဖြင့် ပြည့်သွားခဲ့သည်။

“တမန်တော်ဒေါင်းဖန်…ကျုပ်နဲ့အတူ ကောင်းကင်ဘုံလမ်းကြောင်းကို သွားပြီး ငါးခုမြောက်တံခါးကိုဖွင့်ချင်လား။ တံခါးဖွင့်ပေးပြီးရင် နောက်ဆုံးဆုလာဒ်ဖြစ်တဲ့ ကောင်းကင်ထိန်းသိမ်းခြင်းနတ်ရေစင်ကို သွားယူဖို့ ကူညီပေးနိုင်မလား”

နက်ရှိုင်းစွာတွေးတောပြီးနောက် သူ၏ နှလုံးသားထဲတွင်ရှိသော မျှော်လင့်ချက်များကို တောင်ဆိုလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset