Switch Mode

Chapter – 247

ကျန်းဟိုင်မြို့သို့ ပြန်ခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၄၇ ကျန်းဟိုင်မြို့သို့ ပြန်ခြင်း။

ယဲ့ရှောင်သည် ရွှေရောင်စာအုပ်ကို ဖွင့်လိုက်လေရာ ပေါင်းစည်းရန် အသင့်ဖြစ်နေသော ကျင့်စဥ်သုံးမျိုးကို တွေ့လိုက်ရ၏။
ယဲ့ရှောင်သည် ရှေးဦးစွာ သူ စုစည်းထားသော ကုသခြင်းကျင့်စဥ်သုံးမျိုးကို နှိတ်ပြီးနောက် ၄င်းတို့ကို လွယ်လင့်တကူ ပေါင်းစည်းလိုက်၏။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်သည် ကျင့်စဥ်သုံးမျိုးကို ချက်ချင်းပင် စတင်ပေါင်းစည်းပေးပြီး ဖြစ်စဥ်ပြဘားက ပေါ်လာလေ၏။
၄င်းက တစ်ရာခိုင်နှုန်းသာ ပြသသေး၏။
တစ်ရာခိုင်နှုန်း ရောက်နေပြီးပြီ။ မြန်လိုက်တဲ့ အရှိန်ပဲ။ အရင်တုန်းက တော်ဝင်ကျင့်စဥ်တွေကို ပေါင်းစည်းဖို့အတွက် အခြေခံကျင့်စဥ်တွေကို သုံးရတဲ့ အချိန်တုန်းက တစ်ည ကြာတာ။ အခု ကျင့်စဥ်အသစ်ကို ပေါင်းစည်းဖို့ တော်ဝင်ကျင့်စဥ်ကို သုံးတော့ ဘယ်လောက်ကြာမလဲ မသိဘူး။
အရင်ကထက် ၂ဆ ကြာမလား။ ဒါမှမဟုတ်။
အတော်ကြာ စဥ်းစားပြီးနောက် ယဲ့ရှောင်သည် ဓါးသိုင်းကို အာရုံစူးစိုက်ရန် ပြင်လိုက်လေ၏။ သူသည် တစ်ပြိုင်နက်တည်း ကျင့်စဥ်နှစ်မျိုးကို မပေါင်းစည်းဖူးပေ။ သူက နှိတ်လိုက်သော်ငြား တုံ့ပြန်မှုမရှိ။ သူက ထပ်နှိတ်လိုက်ရာ တုံ့ပြန်မှု မရှိသေးပေ။
ကြည့်ရသည်မှာ ကျင့်စဥ်နှစ်မျိုးကို တစ်ပြိုင်နက်တည်း ပေါင်းစည်းဖို့က မဖြစ်နိုင်ပုံရ၏။ တစ်ကြိမ်လျှင် တစ်ခုသာ ပေါင်းစည်းလိုက်၏။
ပေါင်းစည်းမှုတိုင်းသည် အဆင့်တူ ကျင့်စဥ်တစ်ခုကိုသာ ပေါင်းစည်းနိုင်၏။ ဥပမာအနေဖြင့် သာမန်ကျင့်စဥ်ကို တော်ဝင်ကျင့်စဥ်အဖြစ် ပေါင်းစည်းချိန်၌ တော်ဝင်ကျင့်စဥ်တစ်ခုကိုသာ အသုံးပြုပြီး ၄င်းကို ပေါင်းစည်းနိုင်၏။ သို့သော်ငြား နောက်ထပ် အမျိုးအစား တူညီသည့် တော်ဝင်ကျင့်စဥ်ကို ပေါင်းစည်းရန် နောက်ထပ် တော်ဝင်ကျင့်စဥ်များကို အသုံးမပြုနိုင်ပေ။ သို့သော်ငြား ယင်းက ကိစ္စမရှိပေ။ သူက ဘုရင်နယ်ပယ်သို့ ရောက်ပြီဖြစ်သောကြောင့် ၄င်းကို ပေါင်းစည်းနိုင်ပြီ ဖြစ်သည်။ ၄င်းကို ပေါင်းစည်းနိုင်သရွေ့ ပြဿနာ မဟုတ်တော့ပေ။
သူက ခဏတာ စောင့်ဆိုင်းရုံသာ ဖြစ်၏။
နှစ်နာရီ ကြာညောင်းသွား၏။
” ”
တစ်ရာခိုင်နှုန်းသာ ရှိနေသေးတာကို မြင်သောအခါ ယဲ့ရှောင်က ဘာပြောရမယ်မှန်း မသိတော့ပေ။
ဒါက ထစ်နေတာလား။ သို့သော်ငြား ထိုစဥ် အခြေအနေပြဘားက နောက်ဆုံး၌ ပြောင်းလဲသွားပြီး နှစ်ရာခိုင်နှုန်း ရောက်သွား၏။
ဒါဆို ယင်းက ထစ်နေတာ မဟုတ်ပေ။ ထိုအစား ပိုတောင်ဆိုးသလို ခံစားရ၏။
တစ်ရာခိုင်နှုန်း ပေါင်းစည်းရန်အတွက် နှစ်နာရီ အချိန်ယူရသည်။ ဆိုလိုသည်က ပေါင်းစည်းပြီးရန်အတွက် ၁၉၈နာရီ အနည်းဆုံး ၁၉၈နာရီ အချိန်ယူရမည်။ ယင်းက တစ်ပတ်နှင့်တစ်ရက် ကြာမည်။
ညတွင်းချင်း ပေါင်းစည်းနိုင်သော တော်ဝင်ကျင့်စဥ်နှင့် ယှဥ်လျှင် သုံးစွဲရသည့် အချိန်က အနည်းအကျင်းမျှ မဟုတ်ပဲ ၁၆ဆ ဖြစ်နေ၏။
ထိုအကြောင်းကို ဂရုတစိုက် တွေးမိပြီးနောက် ယင်းက တော်ဝင်ကျင့်စဥ်များ ပေါင်းစည်းမှု ဖြစ်သည်။ တော်ဝင်ကျင့်စဥ်တစ်ခုသည် သာမန်ကျင့်စဥ်တစ်ခုထက် အဆင့်များစွာ ပိုမြင့်နေ၏။
နှစ်ခုကြားရှိ ကွာဟချက်က ၁၆ဆထက် ပိုသည်။ ယခု သူသည် ၄င်းကို ပေါင်းစည်းရန် တော်ဝင်ကျင့်စဥ်များ အသုံးပြုပြီးဖြစ်ရာ ပေါင်းစည်းရန် ၈ရက်သာ အချိန်ယူရပြီး ငွေကြေးများစွာ ရရှိလိမ့်မည်။ ထို့အပြင် အချက်တစ်ချက် ရှိသေး၏။
ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ် ကိုယ်တိုင်က အထင်ကြီးဖွယ် ကောင်းသည့် တည်ရှိမှု ဖြစ်နေပြီးသားပင်။ ၄င်းကို ပေါင်းစည်းရန် အချိန်များစွာ ယူနေရသောကြောင့် ထိုကျင့်စဥ်၏ ခွန်အားကို များများစားစား အမေးထုတ်ရန် မလိုအပ်တော့ချေ။
၄င်းကို အခြေခံပြီး ယဲ့ရှောင်၏ စိတ်မချမ်းမသာဖြစ်နေသော ခံစားချက်များက ချက်ချင်း ပျောက်ကွယ်သွား၏။ သူသည် ကျင့်စဥ်အသစ်အတွက် မျှော်လင့်စောင့်စားမှုများ ပြည့်နေတော့သည်။
၈ရက်က ၈ရက်ပဲဖြစ်ပြီး ၈နှစ် မဟုတ်ပေ။
စောင့်တာပေါ့။
ထိုစဥ် မလှမ်းမကမ်းကနေ အရှိန်အဝါအချို့က လျင်မြန်စွာ ပျံသန်းလာ၏။ သူတို့သည် ပတ်ဝန်းကျင်မြို့များဆီမှ သတင်းကြားပြီးနောက် ရောက်လာကြသည့် မဟာချီရှန်းများ ဖြစ်လောက်သည်။
အချိန်စေ့တော့မယ်။ စာကြည့်တိုက်ကို ပြန်ဖို့ အချိန်ကျပြီ။
ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်၏ အတွေးများက လှုပ်ရှားသွားလေ၏။ သူက နတ်ဘုရားအာရုံစူးစိုက်ခြင်း ကျင့်စဥ်ကို ထုတ်ဖော်ပြီး နေရာကနေ ထပ်မံ ပျောက်ကွယ်သွားပြန်၏။
သူ ပြန်ပေါ်လာချိန်၌ ယဲ့ရှောင်သည် ကျန်းဟိုင်မြို့အနောက်ဘက် မိုင်ရာချီအကွာ၌ ပေါ်လာပြီး ဖြစ်သည်။
သူ ဘုရင်နယ်ပယ်သို့ အဆင့်တက်လှမ်းခါစဖြစ်ပြီး အရှိန်က မြန်ဆန်လွန်းလေ၏။ မြန်ဆန်လွန်းသောကြောင့် သူ မထိန်းချုပ်နိုင်ပေ။
ကျုံးမြို့ရှိ အရှေ့တောင်အရပ်တွင်ရှိသော ​ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးကနေ ထိုနေရာကို မိုင်မည်မျှ ဝေးကွာမှန်း မသိပေ။ သို့သော် ယခင်ကဆိုလျှင် ယဲ့ရှောင်သည် ရောက်ရှိရန် အသက်၁၀ရှိုက်စာထက် အချိန်ပိုလိုအပ်လောက်သည်။ ယခုအချိန်တွင်မူ သူက အတွေးတစ်ချက်ဖြင့် တန်းသွားနိုင်ပြီ ဖြစ်သည်။
သူသည် တောင်တန်းမည်မျှ မြစ်မည်မျှကို ဖြတ်ကျော်ခဲ့မှန်း မည်သူက သိမည်နည်း။ ထင်သည့်အတိုင်း ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးသာ ထူးကဲလှပေ၏။
ယဲ့ရှောင်သည် ၄င်းကို စမ်းသပ်ခါစ ဖြစ်သည်။ ဘုရင်နယ်ပယ်မှ သိုင်းပညာရှင်များသည် အတွေးတစ်ချက်ဖြင့် အရှေ့မှ အနောက်သို့ စီရင်စုတစ်ခုနီးပါး အကွာအဝေးကို ဖြတ်ကျော်ခဲ့၏။
ယင်းက အလွန်မြန်ဆန်သည်။ မယုံနိုင်စရာလောက်အောင် မြန်ဆန်လေ၏။
စီရင်စု၉ခု၏ အကြီးမားဆုံး ခရိုင်ကိုယ်တိုင်က အတော်ကြီးမားနေပြီ ဖြစ်သည်။ တစ်ခါတစ်ရံတွင် တစ်ဖက်၌ ရင်နိုင်ငံတစ်ခုလုံးနှင့်တောင် ညီမျှ၏။
ဥပမာအနေဖြင့် ရင်နိုင်ငံနှင့် ဟန်နိုင်ငံကဲ့သို့ နေရာလေးများသည် စီရင်စု၉ခုနယ်ပယ်၏ တစ်စိတ်တစ်ပိုင်းခန့်သာ ရှိသည်။
ယဲ့ရှောင်သည် အချိန်နည်းနည်း ပိုသုံးခဲ့မည်ဆိုလျှင် သူသည် ၁၂စက္ကန့်အတွင်း တစ်ကမ္ဘာလုံးကို သွားနိုင်မည်လော။ ထိုအရှိန်က အလွန်ချဲ့ကားရာ ရောက်နေပေ၏။
ဤကမ္ဘာကြီး၏ အရွယ်အစားသည် မြေကမ္ဘာထက် ဆယ်ဆခန့် ပိုကြီးကြောင်း သိထားရပေမည်။
ဒါလည်းကောင်းတာပဲလေ။ ဒါ့အပြင် ငါက အခု နတ်ဘုရားအာရုံစူးစိုက်ခြင်းကိုပဲ သုံးနေတာ။ ကျင့်စဥ်တွေ အားလုံးကို ပေါင်းစည်းပြီးရင် ဘယ်လိုကြောက်ဖို့ကောင်းတဲ့ ကိုယ်ဖော့သိုင်းမျိုး ပေါ်လာမလဲဆိုတာ သိချင်မိတယ်။
အချိန်ကျလာတဲ့အခါ ငါ့ရဲ့အရှိန်က နယ်ပယ်တစ်ခုကို ဖြတ်ကျော်သွားပြီး ဧကရာဇ်နယ်ပယ်သိုင်းညာရှင်တစ်ယောက်နဲ့ ယှဥ်နိုင်လာမှာလား။
ယဲ့ရှောင်သည် ပေ့ထျန်းစီနှင့် စကားပြောခဲ့စဥ်က သူပြောခဲ့သည့် အကြောင်းအရာကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရ၏။ ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် လောကကြီး၏ မည်သည့် ထောင့်ကိုမဆို ချက်ချင်း ရောက်ရှိသူ ဖြစ်၏။
သူသည် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ပါရမီဖြင့် လောကကြီး၏ မည်သည့် ထောင့်ကိုမဆို ချက်ချင်း ရောက်ရှိနိုင်မည်ဆိုလျှင် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ််ဦးနှင့် ရင်ဆိုင်ရပေလျှင် အလွန်အကျွံ စိုးရိမ်နေစရာ မလိုအပ်တော့ချေ။ အနည်းဆုံးတော့ သူ မနိုင်ရင် ထွက်ပြေးနိုင်၏။
ယဲ့ရှောင်သည် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ််ဦးကို ရန်စရလောက်သည်အထိ အဆင်အခြင်မဲ့မှာ မဟုတ်ပေ။ သူကိုယ်တိုင်က ဧကရာဇ်နယ်ပယ် မဟုတ်သရွေ့ ဖြစ်သည်။
အတွေးတစ်ခုဖြင့် ယဲ့ရှောင်သည် ကျန်းဟိုင်မြို့ရှိ သူ၏ ခြံဝန်းသို့ ပြန်သွားလိုက်၏။
ယခုအချိန်တွင် သူက မည်သည့် ကိုယ်ဖော့သိုင်းမှ အသုံးမပြုတော့ပေ။ သူ၏ ကိုယ်ပိုင် ဝိညာဥ်စွမ်းအားကို ရိုးရှင်းစွာ လှည့်ပတ်လိုက်၏။ ဤနည်းဖြင့် သူ၏ အရှိန်က အနည်းငယ် နှေးသွားတော့သည်။
သူသည် ဘုရင်နယ်ပယ်တွင် အသားကျရန် အချိန်တချို့ ပိုလိုအပ်သည်ဟု တွေးဆမိသွားသည်။ သူ ပြန်ရောက်ခါစဖြစ်ပြီး ညနက်နေပြီ ဖြစ်၏။ သို့သော်ငြား အိမ်မီးများ မဖွင့်ထားပေ။
ထူးဆန်းလိုက်တာ။ ရူးကြောင်ကြောင် ကြောင် ဘယ်ရောက်သွားတာလဲ။
ယဲ့ရှောင်သည် သူ၏ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရန် စိတ်ကို သုံးလိုက်၏။ နောက်တစ်စက္ကန့်တွင် ဟွမ်လျိုလီသည် အဝေးကနေ လျှောက်လာ၏။
သူမသည် စာကြည့်တိုက်ဘက်ကနေ ရောက်လာတာဖြစ်မည်။ စာကြည့်တိုက်ဘက်ကနေ လာနေ၏။ ထိုအကြောင်းကို တွေးမိပြီးနောက် သူမက မွေးမြူရေးမြေပြင်ရှိ ပစ္စည်းများ သွားယူတာ ဖြစ်လောက်၏။ ယဲ့ရှောင် ရောက်လာတာကို မြင်သောအခါ သူမ မျက်လုံးများ ရုတ်တရက် လက်သွားတော့သည်။
” သခင် ပြန်လာပြီပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သူမ၏ လက်ရှိ ကျင့်ကြံမှုကို မြင်သောအခါ သူက သူမကို မချီးကျူးပဲ မနေနိုင်တော့ချေ။
” မဆိုးဘူးပဲ။ ငါသွားတဲ့ တစ်လအတွင်း မင်း အလုပ်ကြိုးစားထားလိမ့်မယ်လို့ မထင်ထားဘူး။ ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက် ရဲ့ ခွန်အားမျိုး ရှိနေပြီပဲ ”
ဟွမ်လျိုလီ၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး သူမ၏ အမြီးလေးက ဝှေ့ရမ်းနေလေ၏။
” ဟီး ဟီး ဘာပဲဖြစ်ဖြစ် ကျွန်မက သခင်လက်အောက်က နံပါတ်တစ် အိမ်တော်ထိန်းပဲလေ။ ခွန်အားတွေ တက်လာရမှာပေါ့။ မဟုတ်ရင် သခင့်ကို အရှက်ကွဲစေမှာ မဟုတ်ဘူးလား ”
” ကျွန်မရဲ့ လက်ရှိ အဆင့်နဲ့ဆို လအနည်းငယ်အတွင်း သခင့်ကို အမှီလိုက်နိုင်လောက်ပြီ ”
ယဲ့ရှောင်က ပြုံးရုံသာပြုံးပြီး ပြန်မပြောပေ။ ဟွမ်လျိုလီက သူ ဒေါသထွက်နေတာဟု တွေးမိပြီး အမြန် ​ပြန်ပြောလိုက်၏။
” သခင် ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး။ နောက်လိုက်ရုံပါပဲ။ သခင့်ကို လိုက်မှီခဲ့မယ်ဆိုရင်တောင် ကျွန်မက သခင့်ရဲ့ သစ္စာအရှိဆုံး အစေခံ ဖြစ်နေဦးမှာပဲ ”
ဟွမ်လျိုလီက သူမကိုသူမ ကာကွယ်ရန် အမြန်ပြောလိုက်လေ၏။
ရယ်စရာပဲ။ သူမက အခု ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းပဲ ရှိသေးတာ။ သူ့သခင်ကို စိတ်မပျော်အောင် လုပ်မိခဲ့မယ်ဆိုရင် သခင်က သူ့ကို သတ်ဖို့ အတွေးတစ်ချက်ပဲ လိုတာလေ။ သို့သော်ငြား ယဲ့ရှောင်က ဘာမှမပြောပေ။ ထိုအစား အတွေးတစ်ချက်ဖြင့် သူသည် သူ့လက်ထဲက သိုလှောင်လက်စွပ်ကို ချက်ချင်း ယူလိုက်၏။
” ”
ခုနတုန်းက ဘာဖြစ်သွားတာလဲ။ သူမက သခင်ရဲ့ ဝိညာဥ်စွမ်းအ အတက်အကျကိုတောင် အာရုံမခံမိလိုက်ပဲ လက်စွပ်က ဘယ်လိုလုပ် အယူခံလိုက်ရတာလဲ။
သေချာပေါက် လှုပ်ရှားလိုက်တာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သခင့်ရဲ့ ခွန်အားက အလွန်သန်မာပြီး ရှန်းထျန်းနဝမအဆင့် အထွတ်အထိပ်ကို ရောက်နေပြီဆိုရင်တောင် သူ့အတွက် ကောင်းကင်ကို ဖီဆန်ဖို့က မဖြစ်နိုင်ဘူးလေ။
ပြောရရင် သူမက ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းတစ်ယောက်။ သူမ ခွန်အား ဘယ်လောက်ပဲ အားနည်း အားနည်း သခင့်ရဲ့ အရှိန်အဝါကို ရှာမတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
နေပါဦး။ တစ်ခုခုတော့ မှားနေပြီ။
သူမသည် တစ်စုံတစ်ခုကို အမှတ် သွားပုံပေါ်၏။
သူမ ငယ်ရွယ်စဥ်က သူမ မျိုးနွယ်ထဲရှိ အကြီးအကဲများသည် သူမ၏ ကျင့်ကြံမှုက အံ့ဖွယ်ဂိုဏ်းသို့ အဆင့်တက်သွားချိန်၌ ပိုတောင် သန်မာသည့် နယ်ပယ် ဖြစ်လိမ့်မည်ဟု ဆိုခဲ့ဖူးသည်။ ထိုနယ်ပယ်သို့ တက်လှမ်းသွားခဲ့လျှင် ရှန်းထျန်းနယ်ပယ်ကို အပြည့်အဝ သာလွန်နိုင်ပြီး ချီရှန်းတစ်ဦးက ဟို့ထျန်းနယ်ပယ်ကို အပြည့်အဝ ကျော်လွန်သည့်အတိုင်းပင် ဖြစ်လိမ့်မည်ဟု ဆိုသည်။
ဟို့ထျန်းနယ်ပယ် သိုင်းပညာရှင်များက ရှန်းထျန်းသိုင်းပညာရှင်များ သူတို့၏ ဝိညာဥ်စွမ်းအင် ထုတ်ဖော်တာကို အာရုံမခံနိုင်ပေ။ ထိုနည်းတူ ရှန်းထျန်းသိုင်းပညာရှင်များသည် ထိိုနယ်ပယ်တည်ရှိမှုကို အာရုံမခံမိပဲ သူတို့ ဝိညာဥ်စွမ်းအား ထုတ်ဖော်တာကိုလည်း အာရုံခံနိုင်မှာ မဟုတ်ပေ။ ဆိုလိုသည်က သခင်သည် ပြီးပြည့်စုံခြင်း၏ ဒဏ္ဍာရီလာ နယ်ပယ် ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုစဥ် ဟွမ်လျိုလီ၏ စိတ်က ယိုယွင်းသွားတော့သည်။
ဘာတွေဖြစ်ကုန်တာလဲ။ ထွက်သွားတုန်းက အကောင်းကြီး ရှိနေသေးတာ။ အဲ့ဒီတုန်းက ယဲ့ရှောင်ရဲ့ ကျင့်ကြံဆင့်က အံ့ဖွယ်ဂိုဏ်းနယ်ပယ် အထွတ်အထိပ်မှာပဲ ရှိသေးတာလေ။ အခု တစ်လလောက်ပဲ အချိန်ကုန်သေးတာ။ တကယ်ကြီး ဘုရင်နယ်ပယ်ကို တက်သွားပြီလား။ ဘုရားရေ …။ ဒါက နည်းနည်းတော့ ကြောက်ဖို့ကောင်းနေတယ် မဟုတ်ဘူးလား။ သူမရဲ့ သခင်က လူသားတစ်ယောက် ဟုတ်ရဲ့လား။
” ဘာဖြစ်လို့လဲ။ မင်း ဘာကြောင့် ကြက်သေ သေနေတာလဲ ”
ဟွမ်လျိုလီကို လက်ကို ဝှေ့ရမ်းလျက် ပြောလိုက်လေ၏။
” ဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်ဘူး.. ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကို တွေးမိရုံပဲ ”
” ကောင်းတယ်။ ဘာကိစ္စမှ မရှိရင် ငါ အနားယူဖို့ အပေါ်ထပ် တက်တော့မယ်။ အိမ်သန့်ရှင်းရေး လုပ်ထားလိုက်။ နည်းနည်းရှုပ်နေတယ် ”
” ဟုတ်ကဲ့ ”
သူ ထွက်သွားစဥ် ယဲ့ရှောင်၏ နောက်ကျောကို ကြည့်နေပြီး ဟွမ်လျိုလီ၏ မျက်ဝန်းထဲ၌ စိတ်ရှုပ်ထွေးသည့် အမူအယာများ ပြည့်နေသည်။
သခင် .. ရှင်က ဘယ်လိုသတ္တဝါမျိုးလဲ။ သခင့်ရဲ့ ပါရမီ အရှိန်က ကျွန်မ မှန်းဆနိုင်တာထက် ကျော်လွန်နေတယ်။ နောင်ကြ ဘယ်လို ဒဏ္ဍာရီမျိုး ရှိလာမလဲဆိုတာ တကယ် မသိတော့ဘူး။
သို့သော်ငြား ခဏတာ ရပ်တန့်ပြီးနောက် သူမက တဖန် ပျော်ရွှင်လာပြန်၏။
ဟူး …။ သခင်က ပိုသန်မာလာတာလေ။ ငါ့အတွက် အကျိုးပိုရှိလေပဲ။ ဒီလို အင်အားကြီးတဲ့ သခင်တစ်ယောက်က ငါ့ကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတာ ဆိုရင် ငါ အဆုံးထိ အဆင်ပြေနေမှာပဲ။ စိတ်အေးချမ်းသာသုခနှင့် ပြည့်စုံနေမှာ။
သခင့်အတွက် ပိုကောင်းဖို့နှင့် ကျွန်တစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီ။
နောင်ကြ သခင့်ကို တစ်ခုခု ကျွေးမွေးဖို့ တွေးရမလား။
အော် ..။ ဟုတ်သား။ လူသားမျိုးနွယ်က ယောင်္ကျားတွေက ကလေးတွေကို သိပ်သဘောကျတာလေ။ သခင့်အတွက် ကြောင်ပေါက်လေးတွေ မွေးပေးရမလား။ သခင်က သိပ်သဘောကျမှာပဲ ဟုတ်တယ်မလား။
ယဲ့ရှောင်ကတော့ ဟွမ်လျိုလီ၏ စိတ်ထဲ အတွေးများစွာ ရှိနေကြောင်း မသိပေ။ ယခုအချိန်၌ သူသည် ကျင့်စဥ်ကို မြှင့်တင်ရန် နောက်ထပ် အစီအစဥ်ကို စတင် ချမှတ်နေပြီ ဖြစ်သည်။
တစ်ဖက်တွင် ကြယ်ဆုံသော ကောင်းကင်အောက် လေဟာနယ် ယိုယွင်းမှုအောက်တွင် ပို့ဆောင်ရေး အစီအရင်တစ်ခုက တိတ်တဆိတ် ပွင့်လာလေ၏။ ပို့ဆောင်ရေး အစီအရင်ကနေ အရိပ်နှစ်ရိပ်က ဖြည်းဖြည်းချင်း ထွက်လာ၏။
အရိပ်တစ်ခုက လက်ရှည်ပြီး ကြံ့ခိုင်ကာ သားရေဝတ်စုံကို ဝတ်ထားလျက် သူ၏ ဦခေါင်းထက်၌ ကြီးမားသည့် ချိုနှစ်ချောင်း ရှိသည်။
တစ်ဖက်သူက အရပ်ရှည်ပြီး ပိန်ပါး၏။ သို့သော် သူ၏ မျက်လုံး၌ သတ်ဖြတ်လိုရိပ်များ ပြည့်နေတော့၏။ သူ့ခေါင်းပေါ်၌ သမင်ဦးချိုရှိနေပြီး သံချပ်ကာနှင့် တိုက်ပွဲဝင် ဝတ်ရုံကို ဝတ်ထား၏။ သူ၏ အဝတ်အစားက တမူထူးပေ၏။
” ဒါက အပေါ်ယံ ကမ္ဘာလား။ အစွမ်းထက်တဲ့ တည်ရှိမှုကို အာရုံမခံမိဘူး။ အရှင်ကျားနတ်ဘုရား သူက ငါတို့ကိုတောင် အထူးတလည် လာခိုင်းလိုက်သေးတယ်။ အပ်နဲ့ ထွင်းရမှာကို ပုဆိန်နဲ့ ထွင်းနေတာပဲ ”
” အဆုံးတော့ အဲ့ဒီအရူး ဆာမြူရယ်က သူ့တာဝန် သူမှ မပြီးခဲ့တာ။ အခုအချိန်ထိ ဘာသတင်းမှ မရသေးဘူး ”
” မဟုတ်ရင် ကျားနတ်ဘုရားက ငါတို့ကို စေလွှတ်လိုက်မှာ မဟုတ်ဘူး ”

အပိုင်း ၂၄၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset