Switch Mode

Chapter – 246

တော်ဝင်ကျင့်စဥ် ပေါင်းစည်းခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၄၆ တော်ဝင်ကျင့်စဥ် ပေါင်းစည်းခြင်း။

ဘုရင်နယ်ပယ်နှင့် အံ့ဖွယ်ချီရှန်းအဆင့်ကြား ပြောင်းလဲမှုကြီးတစ်ရပ် ရှိသည်။ ထိုပြောင်းလဲမှုက အလွန်ထူးဆန်း၏။ အံ့ဖွယ်ချီရှန်းအဆင့်က သိုင်းပညာရှင်များသည် သိမြင်နားလည်မှုကို အလိုအလျောက် ထုတ်ပေးနိုင်ပြီး သူ့နားတစ်ဝိုက်ရှိ အရာအားလုံးကို အလွယ်တကူ အာရုံခံနိုင်စွမ်း ရှိသည်ဟုဆိုလျှင် ဘုရင်နယ်ပယ်ကမူ သူ့နားရှိ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိတာဖြစ်လောက်သည်။
တစ်ခုက ၄င်းကို အာရုံခံနိုင်ရုံသာဖြစ်ပြီး ကျန်တစ်ခုက အတွေးဖြင့် ပြုလုပ်နိုင်တာ ဖြစ်သည်။ ယင်းတို့က မတူညီသည့် သဘောတရားနှစ်ခုပဲ ဖြစ်သည်။
အံ့ဖွယ်ချီရှန်းသည် သူ၏ ကိုယ်ပိုင် ဝိညာဥ်စွမ်းအားကို သုံးတာမျိုး သို့မဟုတ် ၄င်းကို အာရုံခံပြီးနောက် အရှိန်အဝါကို သုံးနိုင်ပေ၏။ ဘုရင်နယ်ပယ်အတွက်မူ ၄င်းကို အာရုံခံချိန်တွင် သူ၏ ကိုယ်ပိုင် အတွေးဖြင့်သာ ထိန်းချုပ်နိုင်၏။ အလယ်တွင် သူက ကျင့်စဥ်တစ်ခုကို အသုံးပြုရမည့် အဆင့်ကို ဖြတ်တောက်လိုက်တာပဲ ဖြစ်သည်။ ထိုအဆင့်ကို လျှော့မတွက်လေနှင့်။ သိုင်းပညာရှင်များကြားထဲရှိ တိုက်ပွဲတစ်ပွဲသည် ရလဒ်ကို ခဏအတွင်း ချက်ချင်း ဆုံးဖြတ်ပေးလေ့ရှိ၏။ လူတစ်ယောက်၏ အရှိန်က ပိုမြန်ဆန်လေ အနိုင်ရရန် အခွင့်အရေးက ပိုကြီးမားလေဖြစ်သည်။
ထို့အပြင် သူ့ကိုယ်ပိုင်ခွန်အားကို ပြသရန် လိုတောင် မလိုအပ်လောက်ပေ။ တစ်ဖက်သူက သူ့နားရှိ တိကျသော အကွာအဝေးအတွင်း ရှိနေသရွေ့ သူ့ခွန်အားကို အာရုံခံမိလျှင် သူတို့က မနာခံရဲပဲ မနေဝံ့လောက်ပေ။
ဥပမာအနေဖြင့် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး အောက်ခြေရှိ အံ့ဖွယ်ချီရှန်းများ ဖြစ်၏။
သူ၏ ယခင် ကျင့်ကြံမှုက ဘုရင်နယ်ပယ်အောက်တွင်သာရှိပြီး ထိုနယ်ပယ်သို့ အမှန်တကယ် တက်လှမ်းခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူတို့သည် သူ၏ စွမ်းအားကို အာရုံခံမိပြီးနောက် သူတို့ ထွက်ပြေးရဲသေးသည်။
ထိုစဥ်က သူသည် လက်ရှိအဆင့်သို့ တက်လှမ်းပြီးဖြစ်နေပါက သူတို့ ထွက်ပြေးရန် တွေးကောင်းတွေးလောက်သော်ငြား ထွက်ပြေးရန် သတ္တိမရှိမှာ သေချာ၏။ ထွက်ပြေးဖို့ဆို ပြောနေရန် မလိုတော့ချေ။
ဤနယ်ပယ်ကို ဘုရင်နယ်ပယ်ဟုခေါ်တာ အံ့သြစရာ မရှိပေ။ လူတစ်ယောက် ဒေါသထွက်သည်နှင့် အံ့ဖွယ်ဂိုဏ်းတစ်ခုလုံး ဖိတ်ဖိတ်တုန်အောင် ကြောက်ရွံ့နေရမည်ဖြစ်ကာ သက်ရှိသတ္တဝါများအားလုံး ကြောက်လန့်နေရပေမည်။
ယင်းက ဘုရင်တစ်ပါးမဟုတ်လျှင် မည်သည်က ဖြစ်နိုင်ဦးမည်နည်း။
သူက လက်ရှိ အစွမ်းထက်သော ခွန်အားကို အပြည့်အဝ ခံစားရန် အချိန်မရှိပေ။ ယဲ့ရှောင်သည် အော်သံအချို့နှင့် တိုက်ခိုက်နေသံအချို့ကို နားထဲ ရုတ်တရက် ကြားလိုက်ရ၏။
သူက ဘယ်ညာကြည့်လိုက်သည်။ မိုင်၂၀၀ရာအကွာတွင်ရှိသော မြို့လေးသည် ကြယ်တာရာသားရဲများကြောင့် တိုက်ခိုက်ခံနေရ၏။ သိုင်းပညာရှင်များက ခုခံနေရပြီး အပြင်းအထန် တိုက်ခိုက်နေကြသည်။
ထိုကြယ်တာရာသားရဲများသည် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးအတွင်း သူ၏ အဆင့်တက်မှုကြောင့် ကြောက်လန့်ကုန်တာ ဖြစ်၏။ ထို့ကြောင့် သူတို့ ထွက်ပြေးသွားကြပြီး သူတို့က လူသားမြို့များထဲသို့ တဟုန်ထိုး ဝင်ရောက်ပြီး လူသားမြို့များစွာကို ဖျက်ဆီးမိတော့၏။ ကြယ်တာရာသားရဲများစွာက လူသားများကိုတောင် စတင် စားသောက်နေပြီ ဖြစ်သည်။
သူတို့က စိတ်ရိုင်းဖောက်ကုန်၏။
ရုတ်တရက် ဖြစ်ပေါ်လာသော သားရဲအထိကရုန်းက ပတ်ဝန်းကျင်မြို့လေးများအဖို့ ခံနိုင်ရည် မရှိနိုင်ပေ။ ထိုအတိုင်း နောက်ထပ် ၁၀မိနစ်ခန့် ဆက်လက် ဖြစ်ပွားနေမည်ဆိုပါက မြို့လေးအချို့ရှိ လူသားမျိုးနွယ်က ဆုံးရှုံးမှုကိူ ခံစားရလောက်သည်။ သို့တည်းမဟုတ် ဖျက်ဆီးခံရသည့် အန္တရာယ်တောင် ကြုံရနိုင်ချေရှိသည်။
ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးအောက်ရှိ ထိုကြယ်တာရာသားရဲများသည် ယဲ့ရှောင်အတွက် ပုရွက်ဆိတ်များပမာ ဖြစ်နေ၏။ သို့သော် ထိုမြို့များရှိ လူသားမျိုးနွယ်အတွက်မူ ယင်းက ခုခံ၍မရသော ကပ်ဘေးကြီးတစ်ခုသာ ဖြစ်သည်။
ယဲ့ရှောင်က သက်ပြင်းချလိုက်၏။ အတွေးတစ်ချက်ဖြင့် ဝိညာဥ်စွမ်းအားကို ဖိနှိပ့်ပြီး ကြယ်ကောက်ခြင်းလက်ကို သုံးလိုက်သည်။
မိုင်ရာချီအကွာ၌ မြို့ပေါင်းများစွာရှိ ကြယ်တာရာသားရဲများက အကြီးအကျယ် ဖျက်ဆီးနေကြတော့သည်။
အဆင့်မြင့်သည့် သိုင်းပညာရှင်များ မရှိသည့် ထိုကဲ့သို့ မြို့လေးကို ရင်ဆိုင်ရသည်က သူတို့သည် တားမြစ်ချက်မရှိသည့် မြေပေါ် ဝင်ရသလိုပင်။ သူတို့က လူသားမျိုးနွယ်၏ ခုခံမှုကို စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။
နှစ်ဖက်ကို ယှဥ်ကြည့်လျှင် ခွန်အား ကွာဟချက်ကြီးက သူတို့၏ ရူးသွပ်သည့် ကိုယ်ကျင့်စရိုက်ကို ထုတ်ဖော်စေပြီး ဖြစ်နေ၏။
သတ်ဖြတ်သည်။ ဝါးမြိုသည်။ လတ်လတ်ဆတ်ဆတ် သွေးများ။ ထိုအရာများက သူတို့ ဦးနှောက်ကို သူတို့ ထိန်းချုပ်၍ မရနိုင်သည့် အဆင့်ထိရောက်အောင် လှုံ့ဆော်နေပြီ ဖြစ်သည်။
စိတ်ပျက်အားငယ်ဖွယ် အော်သံများက မြို့ထဲ၌ ပေါ်ထွက်နေသော်ငြား သူတို့နားထဲတွင်မူ ယင်းက သဘာဝ၏ အသံသာ ဖြစ်နေသည်။ သို့သော်ငြား သူတို့သည် အစောတုန်းက မနှိုင်းယှဥ်နိုင်လောက်အောင် မောက်မာထောင်လွှားနေစဥ် သူတို့ လှုပ်ရှားမှုများ ရုတ်တရက် နှေးကွေးသွားကြောင်း ရုတ်တရက် သဘောပေါက်လိုက်လေ၏။ တစ်မြို့လုံးသည် ထူးခြားသည့် စွမ်းအားတစ်ခုဖြင့် ဖိနှိပ့်ခံထားရသလို ခံစားလိုက်ရ၏။ သက်ရှိသတ္တဝါများအားလုံး ​ကျောက်တုံးတစ်တုံး၊ ရေတစ်စက်။ အားလုံးက ယခုအချိန်တွင် ခဲသွားပုံရသည်။
ဘာတွေဖြစ်နေတာလဲ။
ယခုအချိန်တွင် ကြယ်တာရာသားရဲများဖြစ်စေ၊ လူသားများဖြစ်စေ သူတို့အားလုံးက စိတ်ရှုပ်ထွေးသည့် အခြေအနေထဲ ရောက်နေ၏။
သို့သော် နောက်တစ်စက္ကန့်တွင် ကြယ်တာရာသားရဲများအားလုံးက မမြင်ရသည့် စွမ်းအားဖြင့် ကောင်းကင်ထဲသို့ ရုတ်တရက် ဆွဲယူခံလိုက်ရသည်။
ချီရှန်းကြယ်တာရာသားရဲများဖြစ်စေ၊ အဓိကဂိုဏ်းကြယ်တာရာသားရဲများဖြစ်စေ မည်သူမှ ထိုဖိအားကနေ မလွတ်မြောက်နိုင်ပေ။
ကောင်းကင်ထဲ၌ သူတို့က အော်ဟစ်နေရပြီး ခြေလက်များကို ဝှေ့ရမ်းကာ သူတို့ မိဘ ဆုံးရှုံးသွားသည့်ပမာ ထွက်ပြေးချင်နေ၏။
သို့သော်ငြား သူတို့ မည်မျှ သန်မာစေကာမူ သူတို့ကံကြမ္မာကို လက်ခံပြီး ထိုထူးခြားသော အင်အားဖြင့် ဖမ်းချုပ်ခံလိုက်ရသည်။
မျက်တောင်တစ်ခတ်အတွင်း လူသားမြို့များဆီ ကျူးကျော်လာသော ကြယ်တာရာသားရဲ သန်းချီက ကောင်းကင်ထဲ၌ လျင်မြန်စွာ စုဝေးသွားပြီး ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးဆီသို့ ရောက်သွားလေ၏။
အရပ်မျက်နှာအနှံ့ကနေ ကြယ်တာရာသားရဲ သန်းချီက ယဲ့ရှောင်နား၌ နောက်ဆုံးတွင် စုဝေးလာတော့သည်။
ဘန်း ဘန်း ဘန်း။
သူတို့ ယဲ့ရှောင်ရှေ့သို့ ရောက်လာစဥ်တွင် သူက ကြယ်တာရာသားရဲများ အားလုံးကို သတ်ဖြတ်ရန် အတွေးတစ်ချက်သာ လိုအပ်ခဲ့၏။ ဘာမှ မကျန်ခဲ့ပေ။ ယခုအချိန်တွင် ကောင်းကင်က ကြယ်တာရာသားရဲများ၏ ငရဲ လတ်လတ်ဆတ်ဆတ် သွေးပင်လယ်ဖြစ်နေချေပြီ။
မရေမတွက်နိုင်သည့် ကြယ်အမြုတေများက အတွင်း၌ မျောလွင့်နေလေ၏။
အတွေးတစ်ချက်ဖြင့် ယဲ့ရှောင်သည် အသင်္ချေဓါးမှ မူလသို့ကို ထုတ်ဖော်ပြီး ကြယ်တာရာသားရဲများအားလုံး၏ သွေးအဆီအနစ်များကို သိပ်သည်းကာ ၄င်းတို့ကို မြိုချပြီး ကြယ်အမြုတေထဲ စွမ်းအင်များအားလုံးကို သိပ်သည်းစေတော့သည်။
အသက်နှစ်ရှိုက်စာ မပြည့်မှီ၌ သွေးပင်လယ်ထဲမှကောင်းကင်က ချက်ချင်း ရှင်းလင်းသွားသည်။ သူ၏ ကြယ်အမြုတေနှင့် သန်းချီသော အဆင့်နိမ့် ကြယ်တာရာသားရဲများ၏ ဝိညာဥ်သည် တော်ဝင်ဆေးလုံးတစ်လုံးအဖြစ် သိပ်သည်းသွားတော့၏။
ကောင်းကင်ထဲ၌ ထပ်မံ စုဝေးချင်လာသည့် မိုးကြိုးတိမ်တိုက် ရှိသည်။ သို့သော် ယဲ့ရှောင်က ဆိတ်ဆိတ်သာနေလျက် ၄င်းကို သူ့မျက်စိထဲ မထားပေ။ ထို့ကြောင့် ၄င်းက အနားကပ်ချင်သော်ငြား မကပ်ရဲချေ။
အမှားအယွင်းကြောင့် ယဲ့ရှောင်ကို ဒေါသထွက်စေသည်။ သူ ဆုံးရှုံးရတာ မထိုက်တန်မှာကို စိုးရိမ်နေ၏။
ဘုရင်တစ်ပါးဖြစ်လာပြီးနောက် လျှပ်စီးကတောင် ယဲ့ရှောင်ကို ယဥ်ကျေးသမုပြုရသည်။
ယဥ်ကျေးမှု မရှိလျှင် မည်သို့ ဖြစ်မည်နည်း။ သူက အသွင်ပြောင်းလဲသွားပေလျှင် ယဲ့ရှောင်ကြောင့် မွမွကြေသွားနိုင်၏။
ထို့အပြင် အတွေးတစ်ချက်ဖြင့် ၄င်းကို လျှင်မြန်စွာ ချေမှုန်းလိုက်နိုင်သည်။ မထွက်ပြေးရဲချေ။ ဉာဏ်ရည်ရှိလာပြီး ဦးနှောက်၌ တစ်စွန်းတစ်စ တွေးနိုင်သော်ငြား ထိုဉာဏ်ရည်ကြောင့် ရှေ့ရှိ သူက သံမဏိမျှ သန်မာမှန်း သူတို့ သိနေသည်။ လွတ်မြောက်ရန် နည်လမ်းမရှိချေ။
၄င်း၏ ယဲ့ရှောင်၏ အရှိန်အဝါဖြင့် အပြည့်အဝ လွှမ်းခြုံခံထားရပြီး ဖြစ်၏။ ခုခံမှု ဆိုးဆေးများတောင် မရှိချေ။
ယဲ့ရှောင်က လက်ကို အနည်းငယ် မြှောက်လိုက်သည်။ တော်ဝင်ဆေးလုံးက မလိုလားသော်ငြား ၄င်း၏ ဆေးခန္ဓာကို ထိန်းချုပ်နိုင်စွမ်းမရှိ ဖြစ်နေသည်။ အဆုံးတွင်မူ ယဲ့ရှောင်၏ လက်တွင်းသို့ နာခံစွာ ကျရောက်သွားသေး၏။
တော်ဝင်ဆေးလုံး ယဲ့ရှောင်၏ လက်တွင်း ကျရောက်သွားတာကို မြင်သောအခါ မိုးကြိုးကပ်ဘေး တိမ်တိုက်များကလည်း အနားကပ်ရမှာကို လက်လျှော့ပြီးနောက် တဖြည်းဖြည်း ကွဲသွားတော့သည်။
ထားလိုက်တော့။ ပြဿနာမရှာတာ ပိုကောင်းမယ်။
သူရဲ့ ခွန်အားက လူ မဆန်ဘူး။ သူ့ကို ရန်စတာက ဘာမှ အကျိုးမထူးဘူး။ သူ့ကြောင့် ပြင်းပြင်းထန်ထန် အရိုက်ခံရတာတောင် ဖြစ်နိုင်သေးတယ်။
သူက အထာကျကျ မပြုမူနိုင်တဲ့အချိန်မှာ တစ်စုံတစ်ခု လုပ်လို့ အကျိုးထူးမှာလဲ။
ယဲ့ရှောင်သည် တော်ဝင်ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်၏။ ဆေးလုံးသည် ခံတွင်းထဲ ရောက်သွားသည်နှင့် အရည်ပျော်သွားကာ သူ့အတွင်း ကလီစာများကို တိုက်ခိုက်ပြီး စွမ်းအင်ပမာဏများစွာဖြင့် ပြောင်းလဲသွား၏။
သို့သော်ငြား ထိုစဥ် ယဲ့ရှောင်သည် သူ၏ ကျင့်စဥ်ကို အသက်မသွင်းခဲ့ပေ။ သူ၏ အတွင်းကလီစာများကို အားထားရုံမျှဖြင့် သူသည် ဆေးလုံးက ဆောင်ယူလာသည့် စွမ်းအားကို အလွယ်တကူ ခုခံနိုင်ပြီး ဖြစ်သောကြောင့်ပင်တည်း။
ဘုရင်တစ်ပါးဖြစ်လာပြီးနောက် သူ၏ ဝိညာဥ်နှင့် ရုပ်ခန္ဓာသည် တစ်သားတည်း အပြည့်အဝ ပေါင်းစည်းသွားပြီး အဆုံးစွန်ထိ အဆင့်မြင့်လာတော့သည်။
လက်ရှိ ယဲ့ရှောင်သည် နယ်ပယ်အသစ်သို့ အပြည့်အဝ တက်လှမ်းသွားပြီ ဖြစ်သည်။ သူက ဝိညာဥ်စွမ်းအင် သို့မဟုတ် စိတ်စွမ်းအားကိုပဲ အသုံးပြုလျှင် သူ့ကို အမှန်တကယ် ထိခိုက်စေနိုင်တော့မှာ မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့ကို တိုက်ခိုက်ချင်လျှင် သူတို့က နှစ်ဆတိုက်ခိုက်ရန်အတွက် ဝိညာဥ်စွမ်းအားနှင့် စိတ်စွမ်းအင်တို့ကို ပေါင်းစည်းရန် လိုအပ်သည်။
တစ်ချိန်တည်းတွင် ယဲ့ရှောင်သည် သူ၏ ခန္ဓာသန့်စင်ခြင်း၊ ဖျက်ဆီး၍မရသော စိတ်နတ်ဘုရားသိုင်းနှင့် ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်တို့က ရာသက်ပန်နှင့် ဖျက်ဆီး၍မရ နှစ်မျိုးလုံး ဖြစ်နေလေ၏။ သူတို့က ရွှေရောင်အလင်းဖျော့ဖျော့ ပေါ်ထွက်လာပြီး စတင် တဖျစ်ဖျစ် မြည်လာတော့သည်။ ဆိုလိုသည်က ခန္ဓာသန့်စင်ခြင်းကျင့်စဥ်နှင့် ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်တို့ကို တူသညီသည့် တော်ဝင်ကျင့်စဥ်ဟု ခေါ်ဆိုနိုင်ပေ၏။
သို့သော်ငြား ထိုကျင့်စဥ်နှစ်မျိုးသည် ရွှေရောင်အလင်းဖျော့ဖျော့ ပေါ်ထွက်လာတာ အစပဲ ရှိသေးသည်။ ဆိုလိုသည်က ထိုကျင့်စဥ်နှစ်မျိုးသည် ပြီးပြည့်စုံစွာ ပေါင်းစည်းပြီး ပြောင်းလဲရန်အတွက် နောက်ထပ် ကျင့်စဥ်တစ်မျိုး လိုအပ်နေသေး၏။ ထိုအချက်ကို ယဲ့ရှောင်က စိတ်ထဲ မထားပေ။ တစ်ကြိမ်လျှင် ခြေလှမ်းတစ်လှမ်းသာ လှမ်းမည်။ မည်သည့်နည်းနှင့်မဆို အရေအတွက် မပြည့်မှီသေးသည့် ကျင့်စဥ်များစွာ ရှိသေး၏။ ထို့ကြောင့် လောနေရန် မလိုအပ်ချေ။
ထို့အပြင် သူ့၌ ပေါင်းစည်းနိုင်သော ကျင့်စဥ်သုံးမျိုး ရှိပြီးသား ဖြစ်သည်။
သူတို့က ကုသခြင်းကျင့်စဥ်များ ဖြစ်သည်။ နံနက်ခင်းကြယ်ကျင့်စဥ်၊ ကောင်းကင်ပြုပြင်ခြင်းကျင့်စဥ်နှင့် အမြင့်ဆုံးကုသခြင်းကျင့်စဥ်ပဲ ဖြစ်သည်။
ဓါးကျင့်စဥ်၏ တော်ဝင်ဓါးသိုင်း၊ ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးနှင့် အသင်္ချေဓါးမှ မူလသို့ဖြစ်သည်။
ကိုယ်ဖော့သိုင်းများအနေဖြင့် မြေဝပ်ခြင်းကျင့်စဥ်၊ နတ်ဘုရားအာရုံစူးစိုက်ခြင်းနှင့် ခြေရာမဲ့လေခြေလှမ်းဖြစ်သည်။ ထိုကျင့်စဥ်သုံးမျိုးသည် ယဲ့ရှောင်၏ ရွှေရောင်စာအုပ်အံ့ဖွယ်ဝိညာဥ်ထဲ၌ ရက်အတော်ကြာ ရှိနေခဲ့သည်။
ယဲ့ရှောင်သည် သူတို့ကို ပေါင်းစည်းရန် စိတ်မရှည် ဖြစ်နေခဲ့တာ ကြာပြီဖြစ်၏။ ယနေ့တွင်မူ နောက်ဆုံး၌ သူ ကြိုးစားကြည့်နိုင်ပြီ ဖြစ်သည်။
ရှေးဦးစွာ သူသည် ပတ်ဝန်းကျင်မြို့ရှိ ကြယ်တာရာသားရဲများ ဖျက်ဆီးခံလိုက်ရသော လူသားများကို ကုသပေးရန် ထိုမဟာကုသခြင်းကျင့်စဥ်သုံးမျိုးကို အသုံးပြုလိုက်၏။ သူက အချိန်သိပ်မဖြုန်းချင်ပေ။ သူတို့၏ သက်မဲ့အလောင်းများကို မိတ်ဆွေများ၊ မိသားစုများ ရှာမတွေ့သွားစေချင်ပေ။
သူ၏ ခွန်အားက ဘုရင်နယ်ပယ်သို့ ရောက်ပြီးနောက် ပိုတောင် သန်မာလာသည်။ အစွမ်းထက်လွန်းသောကြောင့် ထိုမျှ ဝေးကွာသည့် အကွာအဝေးကနေတောင် သူသည် မိုင်ရာချီအဝေးရှိ အနီးပတ်ဝန်းကျင်မြို့များအတွင်း ဒဏ်ရာရထားသော မြို့သူမြို့သားများကို ကုသပေးနိုင်သည်။
ထိုမြို့များရှိ လူသားများသည် ကြယ်တာရာသားရဲများ ခေါ်သွားခံရပြီး ကယ်ဆယ်ခံရပြီးသည့်တိုင် သူတို့သည် ကပ်ဘေးကနေ ရှင်သန်လာပြီးနောက် ပျော်ရွှင်ခြင်း မရှိပေ။ အကြောင်းမှာ သူတို့၏ ဆွေးမျိုးသားချင်းများစွာသည် ရုတ်တရက် ပေါ်ပေါက်လာသော ကပ်ဘေး၌ သေဆုံးခဲ့သောကြောင့် ဖြစ်၏။
ထိုကပ်ဘေးသည် သူတို့အတွက် ဘေးဒုက္ခကြီးကို သယ်ဆောင်လာသည်။ မရေမတွက်နိုင်သည့် လူသားများ၏ အမူအယာက တိတ်ဆိတ်ပြီး ထုံအနေလေ၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ပြီးနောက် သေဆုံးသူများ၏ အလောင်းကို ရှင်းလင်းရန် ပြင်ဆင်လိုက်သည်။
အချို့သော ကလေးများသည် သူတို့ ချစ်မြတ်နိုးရသူများအတွက် ငိုကြွေးနေလေ၏။
” အမေ မသေပါနဲ့။ ထပြီး စကားပြောပါဦး ”
” အစ်ကို ကျွန်တော့်ကို တစ်ယောက်တည်း ထားမသွားပါနဲ့ ”
လူတိုင်းက ဝမ်းနည်းသံနဲ့ ဖြစ်နေစဥ် သေပြီဟု သတ်မှတ်ခံထားရသော အလောင်းက ရုတ်တရက် ထထိုင်ပြီး ကြောင်အသည့် အမူအဖြင့် ကြည့်နေ၏။
” ထူးဆန်းလိုက်တာ။ ငါ သေပြီမလား ”
သူမကို သယ်နေသော သိုင်းပညာရှင်များကလည်း ကြောက်လန့်တကြားဖြင့် ပစ်ချလိုက်သည်။
” အား ..။ အလောင်းကြီး အသက်ပြန်ဝင်လာပြီ ”
လက်ထဲရှိ ထမ်းစင်ကို ပစ်ချလိုက်ရာ တစ်ဖက်သူက မြေကြီးနဲ့ ရိုက်မိသွားပြီး တင်ပါးဖြင့် ပြုတ်ကျသွားတော့၏။
” အိုး နာလိုက်တာ ”
သေနှင့်ပြီးသည့် ကျန်သည့်သူများကလည်း တစ်ထပ်တည်း ဖြစ်၏။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသူများစွာက လျင်မြန်စွာ ပျောက်ကင်းလာသည်။
ကျိုးပဲ့နေသော ခြေလက်များကလည်း ပေါက်လာလေ၏။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဒဏ်ရာရခဲ့သော သိုင်းပညာရှင်များစွာ ရှိသည်။ ထိုစဥ်က ကုသ၍ မရသော ဒဏ်ရာဟောင်းများကလည်း ယခုအချိန်တွင် အပြည့်အဝ ကုသပျောက်ကင်းသွားပြီ ဖြစ်သည်။
” ဘုရားရေ ဒါက ဆန်းကြယ်မှုပဲ ”
မရေမတွက်နိုင်သည့် လူများစွာက အထိတ်တလန့် ထုတ်ပြောတော့သည်။
လူတိုင်းက အပြည့်အဝ ကုသပျောက်ကင်းသွားသောအခါ ယဲ့ရှောင်သည် ကုသခြင်းကျင့်စဥ်ကို နောက်ဆုံး၌ ရပ်တန့်လိုက်သည်။ သူက ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲ စိတ်နှစ်လိုက်ပြီးနောက် တော်ဝင်ကျင့်စဥ်ကို ပေါင်းစည်းရန် စတင်လေ့လာလိုက်တော့သည်။

အပိုင်း ၂၄၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset