အခန်း ၁၂၁။ ဂုဏ်ယူပါတယ်၊ သင်သည် အိမ်မက်ဆိုအဆင့်ကို ရွေးချယ်မိခဲ့ပါသည်။
ဒေါင်းဖန်ပုဘိုင်လား။
ထိုအသံထွက်ပေါ်လာသည့်အခါ လူတိုင်းသည် အံ့ဩသွားကြပြီး သံသယဖြစ်စွာဖြင့် ကြည့်လိုက်ကြသည်။
“သူက ဘယ်သူလဲ”
“ငါလည်းမသိဘူး…သူ့နာမည်ကို မကြားဖူးဘူး”
လူတိုင်းသည် ခေါင်းခါလိုက်ကြသည်။
“အစောပိုင်းတုန်းက လီရွှယ်ရှန်က ဒူးထောက်ပြီး ဒေါင်းဖန်ပုဘိုင်ကို ထွက်လာဖို့အရူးအမူးတောင်းဆိုခဲ့တယ်။ ဒါက ဒီလူဖြစ်နိုင်လား”
“ကြည့်ရတာသူက တာရီနတ်ဆိုးဂိုဏ်းအတွက် မဟာကပ်ဘေးကို ကျော်ဖြတ်ပေးမယ့် ပုံပဲ”
“သူမှာ ဘယ်လိုအရည်အချင်းရှိလဲ သိချင်နေပြီ”
…
မရေမတွက်နိုင်သော ဆွေးနွေးသံများသည် ထွက်ပေါ်လာခဲ့သည်။
မော့ယန်၊ ဖန်ထျန်းယင်နှင့် တခြားသူများသည် မျက်မှောင်ကြုတ်လိုက်မိကြသည်။ သူတို့၏ အေးစက်သောမျက်လုံးများသည် ထိုလူအား စိုက်ကြည့်လိုက်ကြသည်။
သို့သော်လည်း လင်းဝူတသည် ကောင်းကင်ဖုံးကွယ်ခြင်းဝတ်ရုံကို ဝတ်ဆင်ထားပေသည်။ ထိုဝတ်ရုံဖြင့်ဆိုလျှင် အဓိပတိမဟာအင်ပါယာများပင် ဖောက်ထွင်းမမြင်နိုင်သည့်အတွက် ဒဏ္ဍာရီလာနယ်ပယ်သာရှိသည့် သူတို့အတွက်ဆို ပြောစရာမလိုတော့ချေ။
“နှုတ်ဆက်ပါတယ်…တမန်တော် ဒေါင်းဖန်”
တချိန်တည်းတွင် လင်းဝူတရောက်ရှိလာသည့်အတွက် အစက စိတ်ပျက်အားငယ်နေသည့် လီရွှယ်ရှန်သည် ချက်ချင်းပင် အံ့ဩသွားခဲ့သည်။ သူသည် အလျင်အမြန်ရောက်ရှိလာခဲ့ပြီး အရိုအသေပေးလိုက်သည်။
သူ၏ အသက်အရွယ်ရသော မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေသည်။
“ဟားဟား… တစ္ဆေအိုကြီးလီက အမှန်ပြောခဲ့တာပဲ။ ဒါက ကောင်းကင်ဘုံတမန်တော် ဒေါင်းဖန်ပုဘိုင်လား။ ဒီတစ်ကြိမ်တော့ ငါ့ရဲ့ တာရီနတ်ဆိုးဂိုဏ်း အန္တရာယ်ကင်းသွားပြီ”
တဖက်တွင် ယွမ်ဟွချန်သည် ပျော်ရွှင်မှုကြောင့် မျက်ရည်ထွက်လုမတတ် ဖြစ်သွားရသည်။
ဤသို့စိတ်ပျက်စရာကောင်းသည့် အခြေအနေမှ ကယ်ဆယ်ခံရခြင်းသည် သူ့အတွက် ပထမဆုံးအကြီမမဖြစ်သည်။
ဤအချိန်တွင် သသတို့သာမက တာရီနတ်ဆိုးဂိုဏ်းတစ်ခုလုံးပျော်ရွှင်သွားကြသည်။
“ဒါက ငါတြိ့ တာရီနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဒေါင်းဖန်ပုဘိုင်ပဲ။ မြန်မြန်လာပြီး နှုတ်ဆက်လိုက်ကြ”
ရုတ်တရက် လီရွှယ်ရှန်၏ ကျယ်လောင်သောအသံသည် ထွက်ပေါ်လာခဲ့သည်။
“ဝှစ်”
ချက်ချင်းပင် တာရီနတ်ဆိုးဂိုဏ်း၏ တပည့်များသည် ဒူးထောက်လိုက်ကြသည်။
“နှုတ်ဆက်ပါတယ်…ဂိုဏ်းချုပ်”
“နှုတ်ဆက်ပါတယ်…ဂိုဏ်းချုပ်”
…
လူတိုင်းသည် ရိုသေလေးစားစွာ အရိုအသေပေးလိုက်ကြသည်။
သူတို့သည် ဒေါင်းဖန်ပုဘိုင်၏ နောက်ကြောင်းကို မသိသော်လည်း ကောင်းကင်ဘုံမဟာကပ်ဘေးအား ရင်ဆိုင်ပေးသူဖြစ်နေသ၍ သူတို့၏ ဂိုဏ်းချုပ်ဖြစ်သည်။
ထိုသို့မြင်သောအခါ လူများသည် လှောင်ပြောင်လိုက်ကြသည်။
“ဟားဟား…ဒါက နောက်ကျလွန်းမနေဘူးလား”
“ဒီလူက အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့သူပဲ။ သူ့ကို လီရွှယ်ရှန်က ဘယ်နေရာက တွေ့ခဲ့တာလဲ”
“သူက တကယ်ပဲ မဟာကပ်ဘေးကို ကျော်ဖြတ်နိုင်တာလ”
…
လူအုပ်သည် ဆွေးနွေးလိုက်ကြသည်။
တုန့်ပြန်မှုအနေဖြင့် လင်းဝူတ၏ မျက်လုံးများသည် မထူးခြားစွာရှိနေပြီး ကျယ်ပြောသောကောင်းကင်ကို ကြည့်လိုက်ကြသည်။
“ဒေါင်းဖန်ပုဘိုင်က မဟာကပ်ဘေးကို ကျော်ဖြတ်ဖို့ ရောက်ရှိပါပြီ”
“ဘုန်း”
သူ့အသံကို တုန့်ပြန်သကဲ့သို့ ကောင်းကင်ဘုံမှ မိုးကြိုးသံများသည် ထွက်ပေါ်လာခဲ့သည်။
ထိုသို့မြင်သောအခါမှသာ စိုးရိမ်နေသော လီရွှယ်ရှန်၏ မျက်နှာသည် မနည်းငယ် သက်သာရာရသည့်ပုံစံဖြစ်သွားခဲ့သည်။
ဒေါင်းဖန်ပုဘိုင်အား ဂိုဏ်းချုပ်အဖြစ်သတ်မှတ်လိုက်သည့်အတွက် မဟာကပ်ဘေးသည် ဆင်းသက်လာပေတော့မည်။
ဤသို့ဖြင် သူသည် တာရီနတ်ဆိုးဂိုဏ်းကိုယ်စား မဟာကပ်ဘေးကို ရင်ဆိုင်ပေးပေလိမ့်မည်။
“ကံကောင်းစွာနဲ့ ပထမအဆင့်တော့ပြီးသွားခဲ့ပြီ။ နောက်ထပ်အနေနဲ့ ကောင်းကင်ဘုံမဟာကပ်ဘေးဆင်းသက်လာတော့မယ်။ ဒေါင်ဖန်းပုဘိုင်က ဘယ်လိုအဆင့်မျိုးကို ရရှိနိုင်လောက်လဲ။ သူဖြတ်ကျော်နိုင်လောက်လား။ သမန်အဆင့်နဲ့ တခြားအဆင့်တွေက ပြဿနာမရှိပေမယ့် အိပ်မက်ဆိုးအဆင့်နဲ့ ငရဲအဆင့်ကို ဆွဲခေါ်မိသွားရင် ဖြစ်နိုင်လောက်လဲ။ အတိတ်တုန်းကတော့ ကံကောင်းစွာနဲ့ သာမန်အဆင့် တွေကိုပဲ ဆွဲခေါ်နိုင်ချဲတယ်။ ဒီတစ်ကြိမ် ဘယ်လိုအဆင့်ကို ဆွဲခေါ်နိုင်လောက်လဲ”
လီရွှယ်ရှန်သည် အလွန်စိုးရိမ်သွားခဲ့သည်။
သူ၏ နှလုံးသားထဲတွင် စိုးရိမ်သွားခဲ့သကဲ့သို့ မျှော်လင့်ချက်များဖြင့်ပါ ပြည့်နှံ့သွားခဲ့သည်။
သူတစ်ယောက်တည်း မဟုတ်ချေ။ ထိုအချိန်တွင် တာရီနတ်ဆိုးဂိုဏ်းမှ တပည့်တိုင်းသည် မျှော်လင့်ချက်များဖြင့် ကြည့်လိုက်ကြသည်။
တချိန်တည်းတွင် သူတို့၏ နှလုံးသားထဲ၌ ဆုတောင်းနေကြသည်။
အကယ်၍ ငရဲအဆင့်နှင် အိပ်မက်ဆိုးအဆင့်တို့ကိုသာ ဆွဲခေါ်နိုင်ခဲ့လျင် တာရီနတ်ဆိုးဂိုဏ်း၏ ဖျက်စီးခံရမည့် ကံတရားသာဖြစ်ပေတော့သည်။
ထိုသို့တွေပြီး လူတိုင်းသည် စိတ်ပျက်သွားခဲ့ကြသည်။
“ဝှစ်”
“ဝှစ်”
“ဝှစ်”
…
သူတို့သည် စိုးရိမ်နေကြစဉ် အလင်းတန်းငါးခုသည် မြင့်တက်သွားခဲ့ပြီး ကျပန်းပုံစံငါးခုအဖြစ်ပြောင်းလဲသွားခဲ့သည်။
လင်းဝူတ၏ နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများသည်ပင် ထွင်းဖောက်မမြင်နိုင်ချေ။
…
“သူတို့က ကောင်းကင်ဘုံမဟာကပ်ဘေးအဆင့်ကို ရွေးချယ်နေပြီ။ ဒီတစ်ကြိမ်တာရီနတ်ဆိုးဂိုဏ်းက ဘယ်အဆင့်ကို ရွေးချယ်နိုင်လောက်လဲ”
“ဟမ်း…တစ်ဖက်လူရဲ့ ကံတရားကို ယုံကြည်တာက အရမ်းမှားတယ်”
“ဟီးဟီး…တကယ်လို့ ကံမကောင်းပဲ သေခြင်းအဆင့်ကို ရွှေးချယ်မိရင်တော့ လှပြီ”
…
လူတိုင်းသည် ဆွေးနွေးနေကြသည်။ သူတို့သည် ပြပွဲကောင်းတစ်ခုအား ကြည့်ရှုနေကြခြင်းပင်။
ဤအချိန်တွင် မော့ယန်နှင့် ဖန်းထျန်းယင်တို့သည့် သေခြင်းအဆင့်အား ဆွဲခေါ်မီစေရန် ဆုတောင်းနေကြသည်။ ထိုသို့ဆိုလျှင် သူတို့အတွက် အလွန်လွယ်ကူသွားပေလိမ့်မည်။
လင်းဝူတသညခ သူတို့အား လုံးဝလျစ်လျူရှုထားလိုက်သည်။
“ဝှစ်”
တခဏလောက် တွေးတောပြီးနောက် သူသည် ဘယ်ဘက်မှ စရေလျှင် ၂ခုမြောက် အလင်းလုံးကို စိတ်ဝိညာဉ် အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
[ဂုဏ်ယူပါတယ်…သင်သည် အိပ်မက်ဆိုးအဆင့်ကို ရွေးချယ်မိပါတယ်]
ဘယ်လို…အိပ်မက်ဆိုးအဆင့်လား။
…
ရလဒ်ကိုမြင်သောအခါ တာရီနတ်ဆိုးဂိုဏ်းမှလူများ၏ အမူအရာသည် သိသိသာသာပြောင်းလဲသွားခဲ့သည်။
သူတို့၏ မျှော်လင့်ချက်သည် ထပ်မံသေဆုံးသွားခဲ့ရသည်။
“ဘယ်လိုဖြစ်ပြီး အိပ်မက်ဆိုးအဆင့်လဲ။ ကောင်းကင်ဘုံက တကယ်ပဲ တာရီနတ်ဆိုးဂိုဏ်းကို ပျက်စီးစေချင်တာလား”
လီရွှယ်ရှန်၏ ခန္ဓာကိုယ်သည် တုန်ရင်သွားခဲ့သည်။
အိပ်မက်ဆိုးအဆင့်၏ အသက်ရှင်နိုင်ခြေသည် ဆယ်ပုံတစ်ပုံသာရှိသည်။
“အခုတော့ ဒေါင်းဖန်ပုဘိုင်ရဲ့ အခြေအနေကိုပဲ မူတည်တော့တယ်”
“အံ့ဖွယ်ကိစ္စတစ်ခု ဖြစ်သွားမယ်လို့မျှော်လင့်တယ်…”
လူတိုင်းသည် ဆုတောင်းလိုက်ကြသည်။
အိပ်မက်ဆိုးအဆင့်လား။
လင်းဝူတသည် ရလဒ်ကို အံ့ဩသွားခဲ့သည်။
“ကြည့်ရတာ ငါ့ရဲ့ ကံက ဒီနေ့သိပ်မကောင်းတဲ့ပုံပဲ” သူသည် သူ့ကိုယ်သူ ပြောလိုက်သည်။
“ဘုန်း”
ထိုအချိန်တွင် ကောင်းကင်ပေါ်၌ မိုးကြိုးတစ်သောင်းလောက်သည် ထွက်ပေါ်လာခဲ့၏။
ရုတ်တရက် ကောင်းကင်ပေါ်မှ မိုးကြိုးတစ်ခုဆင်းသက်လာခဲ့သည်။ တဖြည်းဖြည်းနှင့် အကန့်အသတ်မဲ့ ထိတ်လန့်ဖွယ်ကောင်းသည့်ကြီးမားသောတွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့သည်။
“ဝှစ်”
ထိုအရာသည် စွမ်းအားကို အထွဋ်အထိပ်အထိ စုစည်းပြီးနောက် လင်းဝူတအား အလွန်ပြင်းထန်သော အင်အားဖြင့် ပစ်ချလိုက်သည်။
“ဘုန်း”
လေးလံသော တိုက်မိသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ဓားအလင်းတန်းသည် လင်းဝူတအပေါ်ကျဆင်းသွားခဲ့သော်လည်း ချက်ချင်းသတ်ဖြတ်ခြင်းမခံလိုက်ရချေ။
ဆန့်ကျင်ဘက်အနေဖြင့် ထိုဓားအလင်းတန်းသည် လင်းဝူတ၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိသည့်အခါ ပြိုလဲပျက်စီးသွားခဲ့သည်။
နောက်ဆုံးအထိ လင်းဝူတကို မည်သည့်ဒဏ်ရာမှ မရရှိစေခဲ့ချေ။
“ဘယ်လို… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ကြည့်ရှုသူများသည် မျက်လုံးများပြူးကျယ်သွားခဲ့ကြသည်။
“ဘယ်လို… ဒေါင်းဖန်ပုဘိုင်ရဲ့ ရုပ်ခန္ဓာကိုယ်က ဒီလောက်အထိ သန်မာနေတာလား။ သူက တကယ်ပဲ ကောင်းကင်ဘုံမဟာကပ်ဘေးကို ခံနိုင်ရည်ရှိတာလား” တစ်ယောက်ယောက်သည် အံ့ဩသင့်စွာပြောလိုက်သည်။
“ဒီဓားချက်ရဲ့ တိုက်ခိုက်မှုက ဒဏ္ဍာရီလာနယ်ပယ်စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်နိုင်တယ်။ ဘယ်သူမဆို လုံးဝသတ်ဖြတ်ခံရနိုင်တယ်။ ဒါပေမဲ့ ဒေါင်းဖန်ပုဘိုင်က အခုထိ အဆင်ပြေနေတုန်းပဲ”
“လီရွှယ်ရှန်က သူ့ကိုဘယ်လို ရှာတွေ့ခဲ့တာလဲ”
လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် ဤသို့သော သန်မာသည့်ခန္ဓာကိုယ်ကို မကြားဖူးကြချေ။
အကွာအဝေးတစ်ခုတွင် မော့ယန်၊ ဖန်းထျန်းယင်နှင့် တခြားသူများသည် လင်းဝူတ၏ သန်မာသောခန္ဓာကိုယ်ကို ကြည့်လျက် အံ့ဩသွားကြသည်။
အစက တာရီနတ်ဆိုးဂိုဏ်းသည် ဤမဟာကပ်ဘေးမှ ရှင်သန်နိုင်စွမ်းရှိမည်မဟုတ်ဟု ထင်မြင်ခဲ့ကြသည်။ အားလုံးသေဆုံးပြီးနောက်သူတို့သည် အကျိုးအမြတ်များအား ဝင်ရောက်လုယက်ကြပေမည်။
အစီအစဉ်အတိုင်းဖြစ်မသွားမည်ဟု မည်သူတွေးထထားမည်နည်း။
ဒေါင်းဖန်ပုဘိုင်၏ ရုတ်တရက်ပေါ်ထွက်လာမှုသည် သူတို့၏ အစီအစဉ်အား ပျက်စီးသွားစေသည်။
“သူက ဘယ်သူလဲ။ ဘယ်လိုလုပ်ပြီး ဒီလိုသန်မာတဲ့ ရုပ်ခန္ဓာသန်မာမှုရှိနေရတာလဲ။ ကြည့်ရတာ ငါတို့ အကျိုးအမြတ်ရယူဖို့ မဖြစ်နိုင်တော့တဲ့ပုံပဲ…” မော့ယန်သည် သူ့ကိုယ်သူတွေးတောလိုက်သည်။
သူသည် သူ၏ အကြံအစည်းအားပြောင်းလဲလိုက်သည်။
ထိုသို့တွေးပြီး သူသည် ဖန်ထျန်းယင်ကို ကြည့်လိုက်ကာ မျက်ရိပ်မျက်ခြည်ပြလိုက်သည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
…
သူတို့သည် အံ့ဩသင့်နေစဉ် ကောင်းကင်ဘုံ၏ မဟာကပ်ဘေးသည် အရူးအမူးဆင်းသက်လာနေခဲ့သည်။
ကောင်းကင်ပေါ်မှ မိုးကြိုးများသည် လင်းဝူတအားအဆက်မပြတ်ပစ်ခတ်နေခဲ့သည်။ မိုးကြိုးတစ်ခုစီသည် ဒဏ္ဍာရီလာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်အား သတ်ဖြတ်နိုင်စွမ်းရှိပေသည်။
၎င်းတို့သည် လင်းဝူတအား သတ်ဖြတ်ချင်နေသကဲ့သို့ ဆင်းသက်လာနေခဲ့၏။
ထိုသို့မြင်သောအခါ လင်းဝူတသည် လုံးဝ မခုခံချေ။ သူသည် လက်နောက်ပိုက်လျက် တည်ငြိမ်စွာရပ်နေခဲ့ကာ မိုးကြိုးများအား ဆင်းသက်လာခွင့်ပြုလိုက်သည်။ သူသည် တစ်ကမ္ဘာလုံး၏ အထက်တွင်ရှိနေသကဲ့သို့ အော်ရာမျိုးကို ပေးစွမ်းနိုင်သည်။
ကြည့်ရှုသူများသည် ထုံကျင်နေကြပြီဖြစ်သည်။
တာရီနတ်ဆိုးဂိုဏ်း၏ တပည့်များသည် အလွန်အံ့အားသင့်နေကြသည်။ သူတို့အားလုံးသည် ကပ်ဘေးမှ ကျော်ဖြတ်လာနိုင်သကဲ့သို့ ပြုံးနေကြသည်။
ဒေါင်းဖန်ပုဘိုင်ရှိနေလျင် ကောင်းကင်ဘုံ၏ မဟာကပ်ဘေးသည် သူတို့အတွက် ပြဿနာမဟုတ်တော့ချေ။
မိုးကြိုးဓားအလင်းတန်းများ၈၁ခု ပစ်ချပြီးနောက် ရပ်တန့်သွားခဲ့သည်။ ကောင်းကင်ဘုံခွန်အားသည် တဖြည်းဖြည်းဆုတ်ခွာသွားခဲ့သည်။
မဟာကပ်ဘေးအား အပြည့်အဝ ကျော်ဖြတ်နိုင်ခဲ့သည်။