အခန်း ၁၁၅။ နိုင်ငံ့ ရတနာ၊ သက်ရှိအားလုံး၏ စာအုပ်
မူရုံရှန်ကို သိမ်းသွင်းပြီးနောက် လင်းဝူတသည် တော်ဝင်မြို့တော်ဆီသို့ပြန်လာခဲ့သည်။
သူသည် လဲ့ကျုံဟန်နှင့် တခြားသူများ၏ အလောင်းများအား သိမ်းဆည်းလိုက်သည်။ မည်သို့ပင်ဆိုပါစေ အသုံးဝင်နေသေးပေသည်။
ကောင်းကင်ခန်းမ…။
လင်းဝူတသည် ခန်းမ၏အဓိကကနေရာတွင်ထိုင်နေပြီး လီကန်ထျန်းသည် သူ့ဘေး၌ အမူအရာကင်းမဲ့စွာရပ်နေခဲ့သည်။
သူ့ရှေ့တွင် ဝေ့ချင်ယင်နှင့် ယင်စစ်မင်တို့ရှိနေသည်။
“ဒီတစ်ကြိမ် မင်းက လဲ့ကျုံဟန်ကို ယစ်ပူဇော်ဖို့အတွက် သတ်ဖြတ်ခဲ့တယ်။ ဒါက ရွှမ်ထျန်းဂိုဏ်းနဲ့ ဆက်ဆံရေးကို လုံးဝ ချိုးဖျက်လိုက်တာပဲ။ သူ့တို့တိုက်ခိုက်မှာကို စိုးတဲ့အတွက် ငါ ဒီမှာ ခဏနေဦးမယ်။ နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းပြီးမှ ငါထွက်သွားမယ်။ ဝေ့ချင်ယင်…ဒီကာလမှာ မင်းရဲ့ အဓိကတာဝန်က လီမင်းဆက်ကို အကောင်းဆုံးကိုင်တွယ်အုပ်ချုပ်ပေးဖို့ပဲ။ ယင်စစ်မင်…သူ့ဘေးမှာနေပြီး အခြေအနေတွေကို တည်ငြိမ်အောင် ကူညီပေးလိုက်ပါ”
သူ၏ တည်ငြိမ်သောအသံသည် ထွက်ပေါ်လာခဲ့သည်။
“ကောင်းပါပြီ”
“ကျွန်တော်တို့ မြို့အရှင်ရဲ့ စကားကို နာခံပါမယ်”
သူတို့နှစ်ယောက်သည် ခေါင်းညိတ် သဘောတူလိုက်သည်။
“ဘာကိစ္စမှ မရှိရင် မင်းတို့ ထွက်သွားလို့ရပြီ”
လင်းဝူတသည် သူ့၏ လက်အားဝှေးယမ်းလိုက်သည်။
ထိုသို့ပြောပြီး သူသည် အေးဆေးကျင့်ကြံ၍ရသော နေရာတစ်ခုအားရှာဖွေရန် ပြင်လိုက်သည်။
“မြို့အရှင်…ကျွန်တော် …”
လင်းဝူတက ထွက်ခွာရန် ပြင်နေသည်ကို မြင်သောအခါ ဝေ့ချင်စစ်သည် တစ်ခုခုကို ပြောချင်နေသော်လည်း တုန့်ဆိုင်းသွားခဲ့သည်။
“ဘာဖြစ်လို့လဲ”
“ကျွန်တော်… ဝေ့ချန်ထျန်းရဲ့ ပိုင်ဆိုင်မှုတွေကို စစ်ဆေးကြည့်တဲ့အခါ ပစ္စည်းကောင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။ ဒါက လီမင်ဆက်ရဲ့ နိုင်ငံရတနာလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီပစ္စည်းရဲ့ အသုံးပြုပုံကို မသိပါဘူး။ ဒါကြောင့် မြို့တော်အရှင်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီပစ္စည်းကို ပေးပါမယ်”
ထိုသု့ပြောပြီး သူသည် အနီရောင်သေတ္တာတစ်ခုအားထုတ်ယူလိုက်သည်။
နိုင်ငံ့ရတနာလား။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် စိတ်ဝင်စားသွားခဲ့သည်။
လီမင်းဆက်၏ နိုင်ငံ့ရတနာအဖြစ်သတ်မှတ်ထားသောပစ္စည်းသည် မရိုးရှင်းလောက်ပေ။
ထို့နောက် ချက်ချင်းပင် သူသည် ၎င်းကို ယူလိုက်ပြီး။ဖွင့်ကြည့်လိုက်သည်။
ထို့နောက် လက်ဝါးအရွယ် ရှေးဟောင်းအဝါရောင် စာရွက်တစ်ခုကို တွေ့လိုက်ရသည်။
အာ… စာရွက် အပိုင်းအစတစ်ခုလား။
လင်းဝူတနှင့် ယင်စစ်မင်တို့သည် ၎င်းကို မြင်သောအခါ အံ့ဩသွားခဲ့သည်။
ဝေ့ချင်ယင်သည် လင်းဝူတအား အရူးမလုပ်ဝံ့ချေ။
၎င်းသည် နိုင်ငံ့ရတနာဟုပြောသည့်အတွက် အစစ်အမှန်ဖြစ်ပေလိမ့်မည်။
ဒါက မရိုးရှင်းဘူးလား။
ယင်စစ်မင်သည် သိချင်စိတ်ဖြင့် ထိုစာရွက်ကို ကြည့်လိုက်သည်။
သို့သော်လည်း သူ၏ ဉာဏ်ပညာနှင့် အမြင်တို့ဖြင့်ပင် မည်သည့်ထူးခြားချက်ကိုမှ မတွေ့နိုင်ခဲ့ချေ။
ထိုအဝါရောင် စာရွက် အပိုင်းအစသည် သာမန်စာရွက် အပိုင်းအစတစ်ခုသာဖြစ်သည်။
ယင်စစ်မင်သည် မျက်မှောင်ကြုတ်လိုက်သည်။
သူနှင့် ယှဉ်လျှင် လင်းဝူတသည် သူ၏ နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများ၏ အကူအညီဖြင့် ထိုစာရွက် အပိုင်းအစအကြောင်းကို ပို၍ သိမြင်လိုက်ရသည်။
[အမည် : သက်ရှိအားလုံး၏ စာအုပ်]
[အဆင့် : မသိနိုင်]
[မူလ : မသိနိုင်]
[ဖော်ပြချက်: (၁) ဤအရာနှင့်ဆိုလျှင် သင်သည် တစ်ကမ္ဘာလုံးအားပိုင်ဆိုင်ပေသည်]
[ဖော်ပြချက်: (၂) သက်ရှိများ၏ လိုအင်ဆန္ဒကို နားထောင်နိုင်ပြီး သူ့တို့အားဖြည့်စည်းပေးနိုင်သည်]
[ဖော်ပြချက်: (၃) သက်ရှိအားလုံးက ငါဖြစ်သလို ငါက သက်ရှိအားလုံးဖြစ်သည်]
…
သက်ရှိအားလုံး၏ စာအုပ်လား။
လင်းဝူတသည် အချက်အလက်များကို ဖတ်ရှုကြည့်လိုက်သည့်အခါ အံ့ဩမှင်သက်သွားခဲ့သည်။
ဒီလို ရိုးရှင်းတဲ့လစက္ကူအပိုင်းအစတစ်ခုက အရမ်းအဖိုးတန်တဲ့ရတနာတစ်ခုဖြစ်နေတာလား။ ဒါက တကယ်ပဲ သက်ရှိတွေရဲ့ ဆန္ဒကို နားထောင်ပြီး ဖြည့်စည်းပေးနိုင်တာလား။
“တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ…”
လင်းဝူတသည် သက်ရှိအားလုံး၏ စာအုပ်ကို ကိုင်လိုက်ပြီး သေချာစစ်ဆေးကြည့်လိုက်သည်။
အပြင်ပန်းတွင်တော့ မည်သည့်ထူးခြားချက်မှ မရှိချေ။
“ဒီပစ္စည်းမှာ တစ်ခြား အသုံးပြုနိုင်တဲ့ အရာတွေရှိသေးလား။ လေ့လာကြည့်ကြတာပေါ့…”
ထိုသို့ပြောပြီး လင်းဝူတသည် သူ့တို့နှစ်ယောက်ကို ချန်ထားခဲ့လျက် ထွက်ခွာသွားလိုက်သည်။
“စနစ်…သက်ရှိအားလုံးရဲ့ စာအုပ်ကို ဘယ်လို အသုံးပြုရမလဲ”
[သက်ရှိအားလုံးရဲ့ စာအုပ် ပထမကန့်သတ်ချက်ကို ဖွင့်ဖို့ ကံစွမ်းအားအမှတ် ၁သန်းလိုအပ်ပါတယ်။ ထိုအချိန်တွင် သက်ရှိအားလုံးရဲ့ စာအုပ်သည် ပိုင်ရှင်နှင့် ဆက်နွယ်သွားပါလိမ့်မယ်]
ကံစွမ်းအားအမှတ် ၁သန်းလား။
ထိုသို့ကြားသည့်အခါ သူသည် စနစ်၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
[ကံစွမ်းအားအမှတ် : ၉၈၄၀၀၀]
“မလောက်ဘူးလား။ ကြည့်ရတာ လီမင်းဆက်ရဲ့ ရတနာသိုလှောင်ခန်းကို ခဏလောက်သွားရမယ်ထင်တယ်…” သူသည် တွေးတောလိုက်သည်။
…
ထို့နောက် သူသည် ဝေ့ချင်ယင်အားရှာဖွေရန် လီကန်ထျန်းအားခိုင်းလိုက်သည်။ နှစ်နာရီလောက်ကြောက်ပြီး နောက် နှစ်ထောင်ပေါင်းများစွာစုစည်းထားသည့် လီမင်းဆက်၏ အရင်းအမြစ်များသည် လင်းဝူတ၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“သခင်…အရင်းအမြစ်တွေအားလုံးက ဒီစိတ်ဝိညာဥ်လက်စွပ်ထဲမှာပါ”
လီကန်ထျန်းသည် စိတ်ဝိညာဉ်လက်စွပ်အားပေးလိုက်သည်။
“အင်…” လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။
စိတ်ဝိညာဉ်လက်စွပ်ထဲသို့ သူ၏ စိတ်အာရုံဖြင့်စစ်ဆည်းလိုက်သည့်အခါ မြောက်များစွာသော အရင်းအမြစ်များကို တွေ့လိုက်ရသည်။
တခဏလောက် တွေးတောပြီးနောက် သူသည် သုံးပုံနှစ်ပုံလောက်ယူလိုက်ကာ ကံစွမ်းအားအမှတ်နှင့် လဲလှယ်လိုက်သည်။
ကျန်သည့်အရာများအား လီမင်းဆက်အတွက် ချန်ထားခဲ့ပေသည်။
[ဂုဏ်ယူပါတယ်…ပိုင်ရှင်။ သင်သည် ကံစွမ်းအားအမှတ် ၁.၈သန်းရရှိပါသည်]
၁.၈သန်းတည်းလား။
လင်းဝူတသည် အံ့ဩသွားသော်လည်း မည်သို့မှတော့ မခံစားရချေ။
လီမင်းဆက်သည် နှစ်ထောင်ပေါင်းများစွာ သက်တမ်း ရှိသော်လည်း အရင်းအမြစ် အများစုအား ရွှမ်ထျန်းဂိုဏ်းသို့ ပေးအပ်နေခဲ့ရသည်။
…
“စနစ်… သက်ရှိအားလုံးရဲ့ စာအုပ် ပထမကန့်သတ်ချက်ကို ဖွင့်မယ်”
[သော့ဖွင့်ခြင်း အောင်မြင်ပါသည်]
[ဂုဏ်ယူပါတယ်…ပိုင်ရှင်… သင်သည် သက်ရှိအားလုံးရဲ့ စာအုပ်နဲ့ အတင် ဆက်သွယ်မိခဲ့ပါသည်။ လက်ရှိတွင် သင်သည် ကျို့ကျိုနယ်မြေရှိ သက်ရှိများ၏ လိုအင်ဆန္ဒများကို ကြည့်ရှုနိုင်ပြီး သူတို့အားဖြည့်စည်းပေးနိုင်ပါသည်]
အေးစက်သောအသံသည် သူ့စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။
“ဝှစ်”
ပထမကန့်သတ်ချက်ကို ဖွင့်ပြီးနောက် အစက ပုံမှန်ဖြစ်သော စာရွက်သည် ရုတ်တရက် နတ်ဘုရားအလင်းတန်းများတောက်ပလာခဲ့သည်။ ကျယ်ပြန့်သောလှိုင်းများနှင့် အကန့်အသတ်မဲ့သောအော်ရာသည် လွှမ်းခြုံသွားခဲ့သည်။
ထို့နောက် လင်းဝူတ၏ အံ့ဩနေသောအကြည့်အောက်တွင်ပင် ထိုစာရွက်ပေါ်၌ စကားလုံးများပေါ်လာခဲ့သည်။
[အမည် : … ]
[ဆုလာဒ် နည်းလမ်း : … ]
[အကျယ်အဝန်း : ကျို့ကျို]
[မှတ်ချက် ၁။ သင်သည် သက်ရှိတစ်ဦး၏ တောင်းဆိုချက်ကို ရရှိလျှင် ဖြည့်စည်းပေးနိုင်သည်]
[မှတ်ချက် ၂။ နှစ်ဖက်စလုံးသည် စကားလုံးပြောင်း၍ မရပေ။ ဆုလာဒ်အား လမ်းတစ်ဝက်တွင် ပြောင်းလို့မရပေ]
[မှတ်ချက် ၃။ တာဝန်အတွင်းတွင် သေခြင်းရှင်ခြင်းသည် ကံတရားအပေါ်မူတည်သည်]
…
“သက်ရှိအားလုံးရဲ့ စာအုပ်က တကယ်ကို လူသားဆန်တာပဲ။ ဒါက အမဲလိုက်သူတွေရဲ့ တာဝန်ဇယားတစ်ခုလိုပဲ။ သက်ရှိတွေ အခက်အခဲနဲ့တွေ့ကြုံရရင် တစ်ယောက်ယောက်က အကူအညီပေးနိုင်တယ်။ စိတ်ဝင်စားစရာပဲ။ တကယ်လို့ စွမ်းအားကြီးပုဂ္ဂိုလ် အလောင်းတွေကိုရဖို့ ငွေပေးချေမှုနည်းလမ်းကို ပြောင်းလဲအသုံးပြုလိုက်မယ်ဆိုရင် ငါ့အတွက် ပိုအဆင်ပြေတာပေါ့။ သူ့တိုကို ကူညီပေးလိုက်မယ် ငါက အလောင်းကိုရမယ်။ ဒီလိုပုံစံနဲ့ အလောင်းစုဆောင်းဖို့နည်းလမ်းအသစ်တစ်ခုဖြစ်လာနိုင်တယ်…”
(Note…စာအုပ်ရဲ့ အလုပ်လုပ်ပုံက သူ့လည်းအကျိုးရှိ ကိုယ်လည်းအကျိုးရှိတဲ့ ပုံစံကို ပြောချင်တာဖြစ်ပါလိမ့်မယ်)
ထိုသို့တွေးပြီး လင်းဝူတသည် တက်ကြွသွားခဲ့သည်။
သက်ရှိအားလုံး၏ စာအုပ်သည် အလောင်းမြေပုံထက်လွယ်ကူပေသည်။
“စနစ်… သက်ရှိအားလုံးရဲ့ စာအုပ်မှာ နာမည်အစစ်အသုံးပြုဖို့လိုလား”
[မလိုပါဘူး။ ပိုင်ရှင်…သင်က ကျပန်းနာမည်တစ်ခုကို ရွေးချယ်နိုင်ပါတယ်]
သူသည် နားလည်သွားခဲ့သည်။
လင်းဝူတသည် အတွေးနက်သွားခဲ့သည်။
အလွန်လျင်မြန်စွာဖြင့် နာမည်တစ်ခုသည် သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်…
“အရင်က ကျုပ် ရမ်ဝူရှင်းဆိုတဲ့အမည်ကို သုံးခဲ့တယ်။ ဒီတကြိမ်… ဒေါင်းဖန်ပုဘိုင်ဆိုတဲ့ အမည်ကို အသုံးပြုမယ်”
ထိုသို့ပြောပြီး သူသည် သက်ရှိအားလုံးရဲ့ စာအုပ်၌ ချရေးလိုက်သည်။
[အမည် : ဒေါင်းဖန်ပုဘိုင်]
[ဆုလာဒ် နည်းလမ်း : ဆန်းကြယ်ကောင်းကင်နယ်ပယ် အထက်အဆင့် အလောင်းများ]
[အကျယ်အဝန်း : ကျို့ကျိုနယ်မြေ]
…
များပြားသော သတင်းအချက်အလက်များသည် ပေါ်လာခဲ့သည်။
“ဝှစ်”
လင်းဝူတသည် ထိုသို့ဖြည့်ပြီးနောက် စာရွက်သည် တောက်ပသွားခဲ့ပြီး စာလုံးများပျောက်ကွယ်သွားခဲ့ကာ မူလပုံစံအတိုင်းဖြစ်သွားခဲ့သည်။
“စနစ်…ဘာလို့ ထူးခြားချက်မတွေ့ရတာလဲ”
[သက်ရှိအားလုံးရဲ့ စာအုပ်က အချက်အလက်နဲ့ ကိုက်ညီတာကို ကျပန်းရွေးချယ်ပါတယ်။ အကယ်၍ ပိုင်ရှင်၏ အကူအညီကို လိုအပ်တဲ့သူ ရှိလာခဲ့ရင် စာရွက်ပေါ်မှာ ပေါ်လာပါလိမ့်မယ်]
[ပိုင်ရှင်က တဖက်လူ လိုချင်တဲ့ဆုလာဒ်ကို ကြည့်ပြီး တာဝန်လက်ခံမည်လား၊ ငြင်းပယ်မည်လားရွေးချယ်ခွင့်ရှိပါတယ်။ တာဝန်ကို လက်ခံလိုက်သည်နှင့် ထိုတာဝန်ကို ပြီးဆုံးအောင်လုပ်ရပေမည်။ တာဝန်လုပ်ဆောင်နေစဉ် မည်သည့် လိုအပ်ချက်ကိုမှ ပြောခွင့်မရှိပါ]
…
ဒါက ဒီလိုပေါ့။
စနစ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းဝူတသည် ကျင့်ကြံလျက် စောင့်မျှော်နေလိုက်သည်။
သူ မသိသည့်အရာက လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် သူ၏ လိုအပ်ချက်နှင့် ကိုက်ညီသော သူကို ကျို့ကျိုနယ်မြေတစ်ခုလုံးအား ရှာဖွေနေခြင်းကိုပင်။