Switch Mode

Chapter – 244

တော်ဝင်ဆေးလုံး ( ၂၁ ) လုံးဖြင့် ဘုရင်နယ်ပယ်သို့ အဆင့်တက်လှမ်းခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၄၄ တော်ဝင်ဆေးလုံး ( ၂၁ ) လုံးဖြင့် ဘုရင်နယ်ပယ်သို့ အဆင့်တက်လှမ်းခြင်း။

၁၀စက္ကန့်အတွင်း၌ ကောင်းကင်နတ်ဆိုးချောက်ကမ်းပါး၏ အောက်ခြေရှိ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအကောင် ( ၂၀ ) ထဲ၌ ( ၁၁ ) ကောင်က မျက်တောင်တစ်ခတ်အတွင်း အသတ်ခံလိုက်ရသည်။ ထို့အပြင် ယင်းတို့က ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးထဲ၌ ထိပ်တန်းစာရင်းဝင်သည့် ကြယ်တာရာသားရဲအချို့လည်း ဖြစ်သည်။
ထိုသို့သော အစွမ်းထက်သည့် သတ္တဝါများကို ဖြိုချရန်အတွက် ခွန်အားလိုအပ်ချက်က မည်မျှ ကြောက်မက်ဖွယ် ​ကောင်းသနည်း။
” ပြေး ပြေးကြ ”
ကြယ်တာရာသားရဲများထဲမှ တစ်ကောင်သည် သူ့ရင်ထဲရှိ ပြင်းထန်သော ဖိအားကို ခံနိုင်ရည် မရှိတော့ချေ။ အော်သံဖြင့် သူက အနက်ရောင်အလင်းအဖြစ် အသွင်ပြောင်းကာ အဝေးသို့ ထွက်ပြေးသွားတော့သည်။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင် စတင်ထွက်ပြေးသည်နှင့် ကျန်သည့်သူများကလည်း နှောင့်နှေးမနေတော့ပေ။ သူတို့က ထွက်ပေါက် ရှာတွေ့သွားသည့်ပမာ အရပ်မျက်နှာအနှံ့ တကွဲတပြားစီ ဖြစ်နေသော ငှက်သားရဲများပမာ ထွက်ပြေးကုန်၏။
ကြယ်တာရာသားရဲများ ထွက်ပြေးသွားတာကို မြင်ရချိန်၌ ယဲ့ရှောင်က ပြာယာခတ်သွားပြီး လက်ရှိ သူ့အဖို့ သူ့နှာခေါင်းဝအောက်၌ အံ့ဖွယ်အဆင့်များက ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ပေ။ အတွေးတစ်ချက်ဖြင့် ကြယ်ကောက်ခြင်းလက်ကို သုံးလိုက်သည်။ ခမ်းနားသည့် ဝိညာဥ်စွမ်းအင်များက ဧရာမလက်ကြီး ( ၉ ) အဖြစ် အသွင်ပြောင်းလဲသွား၏။ ချက်ချင်းပင် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ( ၉ ) ကောင်သည် ထွက်ပြေးနေရာကနေ အချုပ်ခံလိုက်ရပြီး ယဲ့ရှောင် ရှိရာဘက်ဆီသို့ ဆွဲယူခံလိုက်ရ၏။
” မဟုတ်ဘူး ”
အစောတုန်းက အဝေးသို့ ထွက်ပြေးခဲ့ကြသည့် ကြယ်တာရာသားရဲများသည် ကောင်းကင်ဘုံထဲ ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ခံစားမိခဲ့ကြတာ ဖြစ်သည်။ အဆုံးတွင်မူ နောက်တစ်စက္ကန့်၌ သူတို့က ယဲ့ရှောင်၏ ကြယ်ကောက်ခြင်းလက်ထဲ ပြန်ရောက်သွား၏။ သူတို့က အင်မတန် စိတ်ပျက်အားငယ်မှုများ ချက်ချင်း ပြည့်သွားတော့သည်။
ဘဝ၌ စိတ်ပျက်အားငယ်ဖွယ်ရာ အကောင်းဆုံးကိစ္စက မျှော်လင့်ချက် ရခါစ၌ မျက်တောင်တစ်ခတ်အတွင်း ထိုမျှော်လင့်ချက်က ကြေမွသွားတာပဲ ဖြစ်သည်။
ကြယ်တာရာသားရဲ ( ၉ ) ကောင်လုံးသည် ယဲ့ရှောင်ဘက်ဆီသို့ ပြန်ဆွဲခံလိုက်ရပြီး နောက်တစ်စက္ကန့်၌ လေထဲတွင် ရွှေရောင်စက်ဝန်းတစ်ခုက ပေါ်လာလေ၏။
အသင်္ချေဓါးမှ မူလသို့။
မရေမတွက်နိုင်သော ဓါးရောင်ခြည်များသည် ရွှေရောင် ရောင်ခြည်စက်ဝန်းကနေ ပေါ်ထွက်လာ၏။
ဖုန်း ဖုန်း ဖုန်း။
ဓါးရောင်ခြည်များက လျှပ်စီးများပမာ ကျဆင်းလာသည်။ သူတို့ ထိမိချိန်တိုင်း၌ မြေပြင်က ကြမ်းတမ်းစွာ လှုပ်ခါလာ၏။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများ၏ စူးရှသော အော်သံများက ပေါ်ထွက်လာပြီး အဆက်မပြတ် ပြုတ်ကျလာ၏။ ပေါက်ကွဲသံများနှင့်အတူ ရောထွေးလျက် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးအောက်၌ သူတို့က လျင်မြန်စွာ
ပြန့်ကားသွားကာ ဧရိယာတစ်ဝိုက် အသံများ ပဲ့တင်သံ ထွက်ကုန်၏။
ထိုစဥ် ကာဆိုသည် သူ မှားခဲ့မှန်း သဘောပေါက်သွား၏။ သူ အင်မတန် မှားခဲ့သည်။ အင်မတိ အင်မတန် မှားယွင်းခဲ့၏။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအကောင် ( ၂၀ )က မည်သို့နည်း။ သူတို့က ခွေးအကောင် ( ၂၀ ) ဆိုတာ သိသာနေ၏။ မဟုတ်ပေ။ ခွေးတောင် သူတို့ထက် ပိုသန်မာသည်။ သူတို့က ပိုးမွှားအကောင် ( ၂၀ )မျှသာ ဖြစ်နေ၏။
သူသည် မင်သန့်စကားကို နားထောင်ပြီး ဤနေရာသို့ မလာခဲ့သင့်ပေ။ သူသာ မလာလျှင် ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ရမှာ မဟုတ်။ ကံဆိုးသည်မှာ ဤလောကကြီး၌ နောင်တအတွက် ဖြေဆေး မရှိပေ။
အပြစ်ဒဏ်က သူ့ပေါ် ကျရောက်သည့်အချိန်ကျမှ သတိတရားသည် မည်မျှ အရေးကြီးကြောင်း သူ သဘောပေါက်သွားသည်။
ထိုမြင်ကွင်းကို မရေမတွက်နိုင်သည့် ကြယ်တာရာသားရဲများက ကြားမြင်ပြီးနောက် သူတို့သည် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးထဲ၌ မနေရဲတော့ပဲ တစ်ကောင်ပြီးတစ်ကောင် ထွက်ပြေးကုန်၏။
သူတို့၏ အရှိန်က မြန်ဆန်လွန်းသောကြောင့် သမုဒ္ဒရာထဲရှိ လှိုင်းပမာ ထင်မှတ်ရသည်။
အမှောင်ထုထဲတွင် မရေမတွက်နိုင်သော အသံများ ပြေးလွှား ပျံသန်းနေတာကို တစ်စုံတစ်ယောက်က ခံစားမိနိုင်သည်။ မြေကမ္ဘာက လှုပ်ခါနေပြီး လေတောင် တုန်ယင်နေ၏။ ပေါက်ကွဲမှုက ၅စက္ကန့်သာ ကြာညောင်းခဲ့၏။ ၅စက္ကန့်သာ ကြာပြီးနောက် ကြယ်တာရာသားရဲ ( ၉ ) ကောင်လုံး ပြိုလဲသွားတော့သည်။
ယင်းက ယဲ့ရှောင်သည် သူ၏ ခွန်အားအပြည့်ကို အသုံးမပြုထားသည့် အခြေအနေတွင်တောင် ဖြစ်သည်။ သူ့အဖို့ အံ့ဖွယ်ချီရှန်းကို ဖြေရှင်းရန် သူ ခွန်အားအပြည့် အသုံးပြုရန် မလိုအပ်တော့ချေ။
အမှောင်ထဲတွင် တိတ်ဆိတ်မှုက တဖြည်းဖြည်း ပြန်လည် ကြီးစိုးလာပြီး လေထုထဲ သွေးညှီနံ့များ ပြည့်သွားတော့၏။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများ၏ အလောင်းက ပူပြင်းသည့် အငွေ့အသက် ထုတ်လွှင့်နေ၏။
အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရှန်းထျန်းဆဌမအဆင့်တစ်ဝိုက် ကြယ်တာရာသားရဲအချို့က သူတို့နား သတိထား ချဥ်းကပ်လာလေ၏။
သူတို့၏ စပ်စုလိုစိတ်က သူတို့ကို သွားကြည့်မိစေသည်။
ထိုသို့ ပြုလုပ်ခြင်းက သူတို့ ထာဝရချုပ်ငြိမ်းရာ နေရာဆီ ဦးတည်သွားစေနိုင်မှန်း သိနေ၏။ ၄င်းကို မည်သူမှ မခုခံနိုင်ပေ။ ယင်းက အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲအကောင် ( ၂၀ ) ကြားရှိ တိုက်ပွဲတစ်ပွဲ ဖြစ်သည်။
ယခုအချိန်တွင် လူတိုင်းက မည်သို့ ဖြစ်ပျက်သွားကြောင်း သိချင်နေ၏။ အားလုံးသည် အဆုံး၌ မည်သူ အနိုင်ရကြောင်း သိချင်နေ၏။
အဲ့ဒီလူက ဘယ်သူလဲ။
သို့သော်ငြား ကြယ်တာရာသားရဲများ ချဥ်းကပ်လာချိန်၌ သူတို့က ကြက်သေ သေကုန်ပြီး နေရာမှာတွင် ကြောင်အကုန်လေ၏။
ဖောက်။
ကြီးမားသည့် အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲတစ်ကောင်ကတောင် မြေကြီးပေါ်၌ ဒူးထောက်နေလေ၏။ သူ၏ တစ်ကိုယ်လုံးက တုန်ယင်နေပြီး မျက်နှာထက်၌ မယုံနိုင်မှုများ ပြည့်နေ၏။
သူတို့ ဘာမြင်လိုက်တာလဲ။ အလောင်းတွေ နေရာအနှံ့ပဲ။ အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲတွေရဲ့ အလောင်းတွေ။
ထိုလူသားသည် သူ၏ ခန္ဓာကိုယ်ပေါ်၌ အမာရွတ်တစ်ခုမှ မရှိပဲ အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်။
ဘုရားရေ။ လောကကြီးရဲ့ အဆုံးသတ် ရောက်လာတာများလား။ သူတို့မျက်လုံး သူတို့ မယုံနိုင်ကြပေ။ ထိုနေရာ၌ အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲ စုစုပေါင်း အကောင် ( ၂၀ ) ရှိသည်။
၄င်းတို့က ခွေး၊ ကြောင် အကောင် ( ၂၀ )မျှသာ မဟုတ်ပဲ ပါရမီရှင် သိုင်းပညာရှင် ( ၂၀ ) ဖြစ်၏။ သူတို့က ဒေသတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် တည်ရှိမှုများ ဖြစ်သည်။
သူတို့ ပူးပေါင်းခဲ့လျှင် လူသားမျိုးနွယ် တစ်ခုလုံးကို တုန်ယင်သွားစေနိုင်သော မုန်တိုင်းတစ်ခုတောင် ဖန်တီးနိုင်၏။
သို့သော်ငြား သူတို့သည် လူသားသိုင်းပညာရှင်တစ်ယောက်၏ ခြေတော်မှောက်သို့ ကျရောက်ခဲ့ရသည်။
ထိုသားရဲများသည် တစ်ဖက်သူကို နည်းနည်းလေးတောင် ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ချေ။ ဤလူသားသိုင်းပညာရှင် မည်မျှ သန်မာသနည်း။
ယဲ့ရှောင်သည် ကြယ်တာရာသားရဲတစ်စုကို တစ်ချက် သိမ်းကျုံးကြည့်လိုက်၏။ အကြည့်တစ်ချက်မျှဖြင့် ကြယ်တာရာသားရဲများ၏ ခန္ဓာကိုယ်က တောင့်တင်းသွားကာ မလှုပ်ရဲတော့ချေ။
သူတို့ဆီသို့ ယဲ့ရှောင် ဆောင်ယူလာသော သက်ရောက်မှုက ကြီးမားလွန်း၏။ ယခု သူတို့
ယဲ့ရှောင်ကို ရင်ဆိုင်နေရချိန်၌ သူတို့ ခုခံဖို့တောင် မတွေးနိုင်ချေ။ ထိုစဥ် ယဲ့ရှောင်က ပါးစပ်ဟလိုက်၏။
” တစ်နာရီအတွင်း ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးအောက်က ကောင်းကင်ကုန်ကြမ်းတွေ၊ မြေကမ္ဘာရတနာတွေ အားလုံးကို စုဆောင်းချင်တယ်။ အဲ့ဒါတွေကို ငါ မတွေ့ရဘူးဆိုရင် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး တစ်ခုလုံးကို ဖျက်ဆီးပစ်မယ် ”
ထိုလွန်ကြူးသော စကားများသည် အံ့ဖွယ်ဂိုဏ်း ကြယ်တာရာသားရဲများ အားလုံး၏ ရင်ထဲ တုန်လှုပ်စေနိုင်သည်။ သို့သော်ငြား နောက်တစ်စက္ကန့်၌ အဓိကဂိုဏ်း ကြယ်တာရာသားရဲများအားလုံးက ရူးသွပ်စွာ ထွက်ပြေးကုန်၏။
သူတို့သည် ထိုလူသားသိုင်းပညာရှင်၏ စကားကို အကြွင်းမဲ့ ယုံကြည်ကြ၏။ သူ့အတွက် သဘာဝရတနာများ သူတို့ မရှာပေးနိုင်ခဲ့လျှင် သူသည် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးတစ်ခုလုံးကို ဖျက်ဆီးလောက်သည်။
ထိုအချိန်ရောက်လျှင် သူတို့ ကြယ်တာရာသားရဲများအားလုံး သေရပေလိမ့်မည်။ ထို့ကြောင့် သူက လူသားတစ်ယောက် ဖြစ်လျှင်တောင် သူတို့က ဆိုးဆေးများ ခုခံရဲခြင်း မရှိပေ။
ယဲ့ရှောင်၏ ခွန်အားက သူတို့မျိုးနွယ်များကြားရှိ အတားအဆီးကို ကျော်နေပြီ ဖြစ်သည်။
သူက အစွမ်းထက်လွန်းသောကြောင့် သူတို့သည် ရွေးချယ်စရာမရှိပဲ ယဲ့ရှောင်၏ အမိန့်ကို နာခံရတော့သည်။
အဓိကဂိုဏ်းများ ထွက်သွားပြီးနောက် ယဲ့ရှောင်က ​ခြေဖော့နင်းလျက် သူ၏ ခန္ဓာကိုယ်သည် ရှိနေသည့်နေရာကနေ ချက်ချင်း ပျောက်သွား၏။
သူ့၌ အခြားကိစ္စများ ရှိသေးသည်။
ထိုအံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများ၏ အလောင်းအတွက်မူ သူသည် ၄င်းတို့ကို ယူသွားရန် မလိုအပ်ချေ။ အနားရှိ ကြယ်တာရာသားရဲများက ခိုးယူရန် လာမှာ မဟုတ်။ ခိုးယူခဲ့လျှင်တောင် သူက ချက်ချင်း လိုက်ဖမ်းမှာပဲ ဖြစ်သည်။
မိုင်၆၀အကွာ၌ အရိုးတောင်တန်းကို အရိပ်တစ်ရိပ်က တိတ်တဆိတ် တက်နေလေ၏။ သူမသည် သူမ၏ အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်ထားကာ ဆိုးဆေးများ ထုတ်ဖော်ရဲခြင်း မရှိပေ။
ဖြူဖွေးပြီး လှပသော မျက်နှာသည် ကပ်ဘေးတစ်ခုကနေ ရှင်သန်လာသည့် အမူအယာမျိုး ထုတ်ပြနေလေ၏။
” ကံကောင်းလို့ ကာဆိုရဲ့ စကားကို နားမထောင်ခဲ့ပဲ အဲ့ဒီလူကို အပြစ်သွားမပေးခဲ့တာ ”
” ငါသာ သွားရင် ငါ အခုလောက်ဆို သေနေလောက်ပြီမလား ”
သူမသည် ထိုအရပ်မျက်နှာဆီသို့ ကြောက်လန့်တကြား ကြည့်လိုက်၏။ တံတွေးမြိုချပြီးနောက် ကောင်းကင်ထဲ ချက်ချင်း ပျံသန်းလိုက်သည်။ သို့သော်ငြား သူမ ကောင်းကင်ထဲ ပျံသန်းသွားစဥ် ကောင်းကင်ကနေ ရွှေရောင်လက်ဝါးရာတစ်ခုက ရုတ်တရက် ဆင်းသက်လာ၏။ ထိုလက်ဝါးသည် သူမကို မြေပြင်ပေါ် ရိုက်ချလိုက်လေ၏။
” မင်းကို ရှာတွေ့ပြီ ”
ယဲ့ရှောင်သည် သူ၏ လက်ကြီးဖြင့် လေဟာနယ်ကိုဖမ်းဆုပ်ကာ သူမကို အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအကောင် ( ၂၀ ) ပြုတ်ကျသည့် နေရာဆီသို့ ခေါ်လာလိုက်သည်။ ပြီးနောက် သူမကို အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ အုပ်စုကြားထဲ ပစ်ထည့်လိုက်၏။
သူတို့အားလုံးက အဖော်အပေါင်းများ ဖြစ်သောကြောင့် တစ်ညီတစ်ညွှတ်တည်း သေရပေမည်။ တစ်ကောင်မှ လွှတ်သွား၍ မရပေ။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ( ၂၁ ) ကောင်ကို ကြည့်ပြီး ယဲ့ရှောင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တော့သည်။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ( ၂၁ )ကောင်နှင့် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးအောက်ရှိ သဘာဝရတနာတို့ဖြင့် သူ့အတွက် ဘုရင်နယ်ပယ်သို့ အဆင့်တက်ရန် လုံလောက်လောက်ပြီ မဟုတ်ပါလော။
ထိုကြယ်တာရာသားရဲများ၏ အသားသည် သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် အချိန်အတော်ကြာ ယိုယွင်းသွား၏။ ထို့ကြောင့် အသားကို မစားနိုင်တော့ပေ။ ဆေးလုံးအဖြစ် သန့်စင်ရန် အသုံးပြုနိုင်၏။
မဟုတ်ပါက သူသည် ၄င်းတို့ကို မွေးမြူရေး ခြံထဲတွင် ထားပြီး နေ့စဥ်နေ့တိုင်း သူတို့အသားများကို ဖြတ်တောက်မည်။ သို့မှသာ သူတို့က ဆက်လက် ကြီးထွားနိုင်လိမ့်မည်။
ယင်းက ယခု အလုပ်မဖြစ်တော့ပုံပေါ်၏။ သို့သော် ယင်းက ကိစ္စမရှိပေ။ ဘုရင်နယ်ပယ်သို့ ရုတ်တရက် အဆင့်တက်လှမ်းနိုင်ခြင်းကလည်း အလွန်ကောင်းမွန်သည့် ရွေးချယ်မှုတစ်ရပ် ဖြစ်သည်။
ထိုအဓိကဂိုဏ်း ကြယ်တာရာသားရဲများသည် သဘာဝရတနာများ ပို့မလာသေးခင် သူသည် အတွင်း၌ သင့်တော်သည့် ကျင့်စဥ် ရှိမရှိ သိရန် ထိုကြယ်တာရာသားရဲများ၏ ကြယ်အမြုတေကို ဦးစွာ စစ်ဆေးရမည်။
သို့သော်ငြား ထိုကြယ်တာရာသားရဲ အများစုသည် အလွန်သန်မာသော သွေးမျိုးဆက်စွမ်းအား ရှိမနေတာ နှမြောစရာကောင်းလှပေသည်။ လေးငါးကောင်ကသာ နဂါးအမျိုးအစား သွေးမျိုးဆက်ရှိ၏။
ကျန်သည့်သူ အများစုသည် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအဖြစ်သို့ အဆင့်ဆက်လှမ်းနိုင်ခဲ့ခြင်းမှာ သူတို့သည် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးအတွင်းရှိ သွေးအဆီအနစ်ကြောင့် အဟာရပြည့်နေသောကြောင့် ဖြစ်သည်။ ယင်းက သူတို့ ခန္ဓာကိုယ်ထဲ၌ ကောင်းမွန်သည့် ကျင့်စဥ်များ ရှိမနေတာပဲ ဖြစ်သည်။
နဂါးအမျိုးအစား သွေးမျိုးဆက်ဖြင့် ကြယ်တာရာသားရဲအနက် ယဲ့ရှောင်သည် တော်ဝင်ကျင့်စဥ်နှစ်မျိုးကို ရှာတွေ့ခဲ့၏။ ကျန်သည်များက ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲတွင် မှတ်တမ်းမတင်နိုင်ပေ။ ထို့ကြောင့် သူတို့သည် သူ့တွင် ရှိပြီးသည့် တော်ဝင်ကျင့်စဥ်ပုံစံနှင့် ကွာခြားမှု သိပ်မရှိချေ။
တော်ဝင်ကျင့်စဥ်နှစ်မျိုးအနက် တစ်ခုက ကိုယ်ဖော့သိုင်း ဖြစ်သည်။ ယင်းက ခြေ၈ချောင်းမြင်း၏ ကြယ်အမြုတေမှ ထုတ်ထားတာပဲ ဖြစ်သည်။ ၄င်းကို ခြေရာမဲ့ လေခြေလှမ်းဟု ခေါ်သည်။
သူ၏ ကိုယ်ဖော့သိုင်း သုံးမျိုးအတွက်း မြေဝပ်ခြင်းကျင့်စဥ်က မြေကမ္ဘာရှောင်တိမ်းသည့် ကျင့်စဥ်မျိုးဖြစ်ပြီး နတ်ဘုရားအာရုံစူးစိုက်ခြင်းသည် ပျံသန်းသည့် ကျင့်စဥ် ဖြစ်၏။ ခြေရာမဲ့ လေခြေလှမ်းသည် အရှိန်မြင့်တိုက်ပွဲဝင် ကျင့်စဥ်နှင့် ပိုတူ၏။
၄င်းသည် လူတစ်ယောက်၏ အရှိန်ကို ခဏအတွင်း မြှင်တင်ပေးနိုင်ရုံသာမက အချိန်ကြာမြင့်စွာ သုံးစွဲနိုင်၏။
ခြေ၈ချောင်းမြင်းရဲ့ နည်းစနစ်က ထင်တဲ့အတိုင်းပဲ။ ခြေထောက် ၈ချောင်းနဲ့ မြင်းတစ်ကောင်က ပိုမြန်မြန် ပြေးနိုင်တာပေါ့။
ကျန်သည့် ကျင့်စဥ်က လက်သီးကျင့်စဥ် ဖြစ်သည်။
၄င်းကို လျှပ်စီးကျွဲစိမ်း၏ ကြယ်အမြုတေကနေ ရှာတွေ့တာဖြစ်ပြီး မိုးကြိုးဧကရာဇ်လက်သီးဟု ခေါ်သည်။
ထိုလက်သီးသိုင်းက အလွန်ဝင့်ကြွားမှု ရှိသည်။ မိုးကြိုးစွမ်းအား၏ ထောက်ပံ့ပေးမှုဖြင့် ၄င်းသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို သွေးမြူအဖြစ် ချက်ချင်း ပေါက်ကွဲသွားစေနိုင်သည်။
၄င်းသည် မဟာနိဗ္ဗာနလက်သီးထက် အနည်းငယ်သာ နိမ့်ကျ၏။
ချုပ်ပြောရလျှင် ၄င်းက အတော်ကောင်းနေသေးသည်။ ယင်းက တော်ဝင်ကျင့်စဥ်တစ်မျိုးလည်း ဖြစ်နေ၏။ တော်ဝင်လက်သီးသိုင်းများအနက် ၄င်းသည် စာရင်းသတ်မှတ်ချက်ထဲ ဝင်လောက်သည်။ သိပ်နောက်ကောက် မကျပေ။
ခုနတုန်းက ဒဏ်ရာရအောင် မလုပ်နိုင်ရသည့် အကြောင်းအရင်းမှာ လျှပ်စီးကျွဲစိမ်း၏ ခွန်အား မလုံလောက်သောကြောင့် ဖြစ်သည်။ ၄င်းသည် ယဲ့ရှောင်ကို ဒဏ်ရာရနိုင်သည့် အဆင့်သို့ မရောက်သေးပေ။
တူညီသည့် ဆိုရိုးစကားအတိုင်းပင် သိုင်းကွက်က အစွမ်းထက် မထက်ဟူသည် အသုံးပြုသည့်လူပေါ် မူတည်နေ၏။ ၄င်းကို အသုံးပြုသည့်သူက မလုပ်နိုင်ခဲ့လျှင် ကျင့်စဥ် မည်မျှ ကောင်းနေစေကာမူ အလုပ်မဖြစ်ပေ။
သိုင်းကွက်ကို သုံးမည့်သူက လုံလောက်အောင် သန်မာလျှင် အားအနည်းဆုံး ကျင့်စဥ် ဖြစ်နေလျှင်တောင် အသန်မာဆုံး တိုက်ကွက်ကို ထုတ်ဖော်နိုင်လောက်သည်။
ကျင့်ကြံမှုသည် လူတစ်ယောက်၏ တိုက်ခိုက်မှု စွမ်းအားကို ပံ့ပိုးပေးရန် အခြေခံအကျဆုံး စံသတ်မှတ်ချက် ဖြစ်သည်။
သို့သော်ငြား အရေးကိစ္စက ယဲ့ရှောင်ကို ကြယ်တာရာသားရဲများကို အမဲလိုက်ပြီး တော်ဝင်ကျင့်စဥ်များ ပြီးမြောက်အောင် စုဆောင်းခြင်းက လက်တွေ့ သိပ်မဆန်ဟု ခိုင်မြဲစွာ ယုံကြည်သွားစေ၏။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ များများစားစား မရှိပေ။ သူတို့ထဲတွင် အများစုက နဂါးအမျိုးအစား သွေးမျိုးဆက် မရှိပေ။
သူတို့က ရှင်သန်နေထိုင်လာတာ ကြာခြင်းကြောင့် ဖြစ်ဟန်တူသည်။ သို့တည်းမဟုတ် သူတို့သည် အံ့ဖွယ်ချီရှန်းများ ဖြစ်လာရန် ကျန်သည့် အခွင့်အရေးများ ရလာတာ ဖြစ်နိုင်သည်။
ထိုစဥ် အံ့ဖွယ်ဂိုဏ်း ကြယ်တာရာသားရဲအချို့သည် ကောင်းကင်ကုန်ကြမ်းများနှင့် မြေကမ္ဘာရတနာများစွာကို ကောက်ယူပြီး ယဲ့ရှောင်ဆီသို့ ပို့လာပြီ ဖြစ်၏။
” စီနီယာ။ စီနီယာ ဒါက စီနီယာ လိုချင်နေတဲ့ကောင်းကင်ကုန်ကြမ်းတွေနဲ့ မြေကမ္ဘာရတနာတွေပါပဲ ”
ယဲ့ရှောင်၏ အကြည့်တို့ အနည်းငယ် လှုပ်ရှားသွား၏။ သူက စတင်သန့်စင်နိုင်ပြီ ဖြစ်သည်။
စုစုပေါင်း အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ( ၂၁ ) ကောင်သည် တော်ဝင်ဆေးလုံး ( ၂၁ ) လုံး သန့်စင်နိုင်လောက်သည်။ ယင်းက သူ့ကို ဒဏ္ဍာရီလာ ဘုရင်နယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်စေရန် လုံလောက်လောက်သည် မဟုတ်ပါလော။

အပိုင်း ၂၄၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset