Switch Mode

Chapter – 242

အံ့ဖွယ် ချီရှန်း နှစ်ဆယ် ဘီလူး နှစ်ဆယ်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၄၂ အံ့ဖွယ်ချီရှန်းနှစ်ဆယ် ဘီလူးနှစ်ဆယ်။

နတ်ဆိုးချောက်ကမ်းပါး၌ အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက် အောက်ရှိ ဧရိယာက မည်သည် ကို ကိုယ်စားပြုမှန်း သူတို့အားလုံး သိကြသည်။
ထိုနေရာသည် မဟာသိုင်းပညာရှင်ကြီးများ ပြည့်နေတာပဲ ဖြစ်သည်။
ထိုသိုင်းပညာရှင်များ၏ တည်ရှိမှုကြောင့် သူတို့သည် ရှေ့ဆက်မသွားရဲပဲ အောက်၌ သွားပြီး ကျင့်ကြံရဲခြင်း မရှိပေ။ သို့သော်ငြား ယခုအချိန်တွင် ၁၀စက္ကန့်မပြည့်မှီ၌ သူတို့သည် လူသားတစ်ယောက် သုတ်သင်ရှင်းလင်းတာ ခံခဲ့ရ၏။ ယင်းက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။
ကံကောင်းသည်မှာ သူတို့ ခုနတုန်းက ဉာဏ်ရှိပြီး ထိုလူသားကို မတိုက်ခိုက်ခဲ့ကြပေ။ မဟုတ်လျှင် ယခုအချိန်၌ သေမည့်သူက သူတို့သာ ဖြစ်နေလောက်သည်။
အမှန်တကယ်တွင် ယဲ့ရှောင်သည် သူ့ကို တိုက်ခိုက်ခဲ့သည့် ကြယ်တာရာသားရဲများ အားလုံးကို သတ်ဖြတ်ခဲ့ပြီး အကောင်နှစ်ရာလောက် ရှိသည်။
သူတို့က အတူတကွ တက်လာရမည့်အစား အဖွဲ့လိုက် တက်ခြင်းကြောင့်သာ မဟုတ်လျှင် ယဲ့ရှောင်က ၁၀စက္ကန့်တောင် လိုမှာမဟုတ်ပေ။ သူ့ထံမှ အတွေးတစ်ချက်ဖြင့် ကြယ်တာရာသားရဲများ အားလုံးကို ချက်ချင်း သတ်ဖြတ်ရန် လုံလောက်သည်။
ထိုကြယ်တာရာသားရဲအကောင်တစ်ရာ၊ အကောင်နှစ်ရာက ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးထဲရှိ များပြားလှသည့် ကြယ်တာရာသားရဲများတော့ မဟုတ်ပေ။ ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးထဲတွင် ကြယ်တာရာသားရဲအရေအတွက် များပြားလွန်း၏။
ယဲ့ရှောင်က အကြံတစ်ခုတောင် ရောက်လာသည်။ ဤနေရာကို သူ၏ ကိုယ်ပိုင် မွေးမြူရေးနေရာအဖြစ် အဘယ်ကြောင့် မပြောင်းလဲရမည်နည်း။
ဆိုရလျှင် ဤနေရာ၌ ကြယ်တာရာသားရဲများစွာ ရှိလွန်းသည်။ သတ္တဝါမျိုးစုံ ရှိလွန်းပြီး ဇစ်မြစ်က ပေါကြွယ်ဝ၏။
သူသာ ဤနေရာကို မွေးမြူရေးကွင်းအဖြစ် ပြောင်းလဲခဲ့မည်ဆိုလျှင် နေ့စဥ်နေ့တိုင်း စားတော်ပွဲတည်ခင်းနိုင်မည် မဟုတ်ပါလော။
ရိုးရိုးရှင်းရှင်း ဘာဘီကျူး အသားကင်နှင့် ကြက်ဥကြော်များ စားရခြင်းထက် ပိုကောင်းမည် မဟုတ်ပါလော။ သူသည် စားသောက်ဆိုင်တစ်ဆိုင်တောင် ဖွင့်နိုင်လိမ့်မည်။
ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၏ လယ်စိုက်အိမ်။
စစ်သည်တော်များ၏ လောကတွင် ကြယ်တာရာသားရဲ စားသောက်ဆိုင်သည် အလွန်နာမည်ကျော်ကြားသည့်ပိုက်ဆံရှာသော ပရောဂျက်လည်း ဖြစ်သည်။ ဆိုရလျှင် စစ်သည်တော်တိုင်းက သူတို့ကိုယ်ပိုင် ရှင်သန်နိုင်စွမ်းအတွက် အားပြန်ဖြည့်ရန် လိုအပ်သည်။ သူတို့က ကြယ်တာရာသားရဲ၏ ကြယ်အမြုတေကို မစားသရွေ့ သူတို့ ဘာပြသနာမှ တွေ့မှာ မဟုတ်ပေ။
အသားများစားခြင်းက မွေးမြူရေးတိရစ္ဆာန်များ၏ အသားများကို စားခြင်းနှင့် မတူပေ။
ထိုအချက်ကို အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ထပ်ထည့်ရမည်ဆိုလျှင် ယင်းက ဂိမ်းနှင့် တိရစ္ဆာန်များကို ယဥ်ပါးအောင် ပြုလုပ်ခြင်း ဖြစ်သွားလိမ့်မည်။ ယခင်တစ်ခုက အကျိုးရှိ၏။ သို့သော် ထိုအကြောင်းကို တွေးပြီးနောက် မလုပ်ရန် ဆုံးဖြတ်လိုက်၏။ သူက ပိုက်ဆံရှာရန် စိတ်မဝင်စားလေရာ စားသောက်ဆိုင်ဖွင့်ပြီး ပိုက်ဆံရှာသည်က ဘာအသုံးဝင်မည်နည်း။ ထို့အပြင် ကြယ်တာရာသားရဲများကို စားနိုင်၏။ သို့သော်ငြား ကံဆိုးသည်မှာ ဤနေရာ၌ မရှိပေ။
ကြယ်တာရာသားရဲများသည် လင်ဇင်းလည်း မဟုတ်ပေ။ သူတို့က သန့်စင်သည့် စွမ်းအင်ခန္ဓာ မရှိကြ။ သူတို့သည် အန္တရာယ်များသည့် အရှိန်အဝါကြောင့် အချိန်အတော်ကြာ တိုက်စားခံထားရတာပဲ ဖြစ်၏။ ဝိညာဥ်ကနေ ခန္ဓာအထိ အတွင်းကနေ အပြင်အထိ သူတို့သည် ညစ်ညမ်းနေလေ၏။
သူသာ ၄င်းတို့ကို သတိလက်လွှတ် စားလိုက်လျှင် အသက်ရှင်သည့် ရောဂါအချို့ဖြင့် အဆုံးသတ်သွားရနိုင်၏။ ထို့ကြောင့် ဖြည်းဖြည်းချင်း သွားတာက ပိုကောင်းလိမ့်မည်။ သူ ပြုလုပ်ရန် လိုအပ်သည်က သူတို့အားလုံးကို ဆေးလုံးအဖြစ် ဖော်စပ်ရန်သာ ဖြစ်သည်။
ယဲ့ရှောင်သည် သူတို့၏ ကြယ်အမြုတေနှင့် အသားများကို စုဆောင်းပြီး များများစားစားတော့ မစုဆောင်းခဲ့ပေ။ ဆိုရလျှင် အောက်ရှိ စားသောက်ပွဲကြီးအတွက် နေရာချန်ထားရဦးမည်။
နောက်ထပ် ပေတစ်သိန်းခန့် ဆင်းသက်လာပြီးနောက် ယဲ့ရှောင်သည် နောက်ဆုံးတွင် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၏ အောက်ခြေသို့ ရောက်သွားပြီး ဖြစ်သည်။
သူ့အောက်တွင် ရှိနေသည်က ဖြူဖွေးနေသော အရိုးများသာ ဖြစ်သည်။ သူတို့အားလုံးကို ဆီများဖြင့် အရိုးဖြူပင်လယ်အဖြစ် ပြောင်းလဲထားလိုက်လျှင် အကန့်အသတ်မဲ့သည့် ပင်လယ်အဖြစ် စုပုံသွားနိုင်၏။ သူတို့ထဲတွင် လူအရ်ိုးများ၊ ကြယ်တာ ရာသားရဲအရိုးများ ရှိ၏။ အရိုးအများစုက လတ်လတ်ဆတ်ဆတ်သာ ရှိသေးသည်။ ဤနေရာ၌ နေ့စဥ်နေ့တိုင်း မည်သို့သော သနားစဖွယ် ကိစ္စများစွာ ဖြစ်ပျက်နေကြောင်း မှန်းဆနိုင်ပေ၏။
ထိုကြယ်တာရာသားရဲများသည် တောရိုင်းတိရစ္ဆာန်စစ်စစ်သာ ဖြစ်ကြ၏။ လူသားများကိုဖြစ်စေ၊ သူတို့ကိုယ်ပိုင်မျိုးနွယ်များကို ဖြစ်စေ သူတို့ ဗိုက်ဆာသရွေ့ မည်သူ့ကိုမှ အလွှတ်ပေးမှာ မဟုတ်ချေ။
ယဲ့ရှောင်သည် အောက်၌ အစွမ်းထက်သော အရှိန်အဝါအချို့ကို အာရုံခံမိ၏။
အားလုံးက ရှန်းထျန်းအဌမအဆင့်ထက် အားမနည်းပေ။ သူတို့က အံ့ဖွယ်ချီရှန်းများ ဖြစ်ကြ၏။
ယင်းက ယဲ့ရှောင်ကို မျက်လုံးလက်သွားစေပြီး သူက စိတ်လှုပ်ရှားစေသည့် အမူအယာ ပေါ်လာတော့၏။
ဤနေရာ၌ အစွမ်းထက်သည့် ကြယ်တာရာသားရဲများစွာ ရှိသည်။ အားလုံးကို စုစည်းပြီး သူတို့ကို ဆေးလုံးအဖြစ် သန့်စင်နိုင်ခဲ့မည်ဆိုလျှင် မည်မျှ ကောင်းမည်နည်း။
ထိုမျှ များပြားသည့် စွမ်းအင်တို့ဖြင့် သူသည် နောက်ဆုံး နယ်ပယ်ထဲသို့ ခြေချနိုင်ရန် လုံလောက်၏။ ထိုအချက်ကို တွေးမိပြီး ယဲ့ရှောင်က သူ၏ အစွမ်းထက်သော သွေးအဆီအနစ်ကို ထုတ်ဖော်လိုက်သည်။ သူက သူတို့ကို မြှားနေလေ၏။ သူ့ကိုသူ ငါးစာအနေဖြင့်သုံးကာ အစွမ်းထက်သော ကြယ်တာရာသားရဲများကို မြှားပြီး သူ့နားသို့ သူတို့ကို ချဥ်းကပ်လာအောင် လုပ်နေ၏။
လူသားတစ်ယောက်၏ မွှေးရနံ့က ကြယ်တာရာသားရဲများအတွက် ခုခံနိုင်ရန် ခက်ခဲလွန်းလှသည်။
အထူးသဖြင့် အင်မတန် အစွမ်းထက်သည့် လူသားတစ်ယောက်အတွက် ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ အစွမ်းထက်ပြီး ကြွယ်ဝသော သွေးအဆီအနစ်သည် ကြယ်တာရာသားရဲများဆီ ရေသူမ၏ တေးသံပမာ ဖြစ်နေ၏။ သူတို့ကို အားကျမှုကြောင့် ရူးသွပ်သွားစေရန် လုံလောက်သည်။
ယဲ့ရှောင်ကို ဝါးမြိုခြင်းက သူတို့ ခွန်အားကို နောက်တစ်ဆင့်သို့ ရောက်သွားစေလိမ့်မည်။
ယဲ့ရှောင်က သူ၏ အရှိန်အဝါကို ထုတ်ဖော်လိုက်စဥ် အရှိန်အဝါများစွာက သူ့ဆီသို့ ချဥ်းကပ်လာနေတာကို သူ ခံစားမိသည်။ သူတို့အားလုံးက သူတို့၏ ဝိညာဥ်စွမ်းအင်များကို ထုတ်ဖော်ရန် သူရှိသည့်နေရာကို စတင်ရှာဖွေနေကြ၏။
ယဲ့ရှောင်သည် အရိုးပင်လယ်ပေါ်၌ ဝင့်ကြွားစွာ ရပ်နေသည်။ သူသည် တစ်စက္ကန့်လျှင် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးကာ ထိုကြယ်တာရာသားရဲများ ရောက်လာမှာကို တိတ်တဆိတ် စောင့်ဆိုင်းနေလေ၏။
မိုင်တစ်ရာအကွာအဝေး၌ အရိုးဖြူဖြူများ ​မျောလွင့်နေသော ကုန်တင်ကားတစ်စီးထက် ပိုမို သိပ်သည်းသည့် ဧရာမ ဦးခေါင်းခွံကြီးတစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။
ယင်းက အလွန်တရာ ကြီးမားသော ဧရာမ စပါးအုံးပဲ ဖြစ်သည်။ ၄င်းက ကြီးမားသည့် ခရမ်းနက် မြွေလျှာနှစ်ခွကို ထုတ်ကာ ယဲ့ရှောင်၏ သွေးရနံ့ကို နှာခေါင်း တရှုတ်ရှုတ်လုပ်ပြီး မြွေတွန်သံများ ပြုနေလေ၏။
သူက လေကို ရူးသွပ်စွာ စုပ်ယူနေသောကြောင့် လေပမာဏများစွာက ရုတ်တရက် စုပ်ယူခံလိုက်ရပြီး လေဟာနယ်ဇုန် ဖြစ်သွားတော့သည်။ ထိုအကြောင်းအရင်းကြောင့် အခြေအနေက ဤအတိုင်း ဖြစ်သွားတာပဲ ဖြစ်၏။
လူသားမျိုးနွယ်စုရဲ့ မွှေးရနံ့ပဲ။ သွေးအဆီအနစ်က သိပ်သည်းလိုက်တာ။ ငါကိုယ်တိုင် အဲ့ဒီလူသားမျိုးနွယ်ဆီ သေချာပေါက်သွားမယ်။
အနောက်တောင်အရပ်ရှိ မိုင်နှစ်ရာအကွာ၌ ကြီးမားသည့် အစိမ်းရောင် ဝံပုလွေတစ်ကောင်သည် အူလျက် အရိုးပုံထဲကနေ တစ်ဟုန်ထိုး ထွက်လာ၏။ ၄င်း၏ အစိမ်းရင့် မျက်လုံးများက အမှောင်ထုထဲတွင် လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသော အလင်းဖြင့် တောက်ပနေလေ၏။
အစွမ်းထက်လိုက်တဲ့ သွေးအဆီအနစ်ပဲ။ ငါသာ အဲ့ဒီလူကို ဝါးမြိုနိုင်ခဲ့ရင် ရှန်းထျန်းနဝမအဆင့်ကို သေချာပေါက် ရောက်မှာပဲ။
မြောက်ဘက်တွင် လေဆင်နှာမောင်းက အမှောင်ထုထဲ ဖြတ်တိုက်နေပြီး ကြီးမားသည့် ကြယ်တာရာသားရဲသည် အရိုးတောင်တန်းပေါ် ဆင်းသက်လာ၏။
” လူသားလား။ အဲ့ဒီအစွမ်းထက်တဲ့ သွေးအဆီအနစ်အနံ့ မရဘူးလား ”
တည်ငြိမ်နေသော အသံသည် အရိုးတောင်တန်းအောက်ရှိ ကြီးမားသည့် ပိုးအိမ်ကြီးထဲကနေ ပေါ်ထွက်လာ၏။
” ကျုပ်တို့ ရှာတွေ့တော့ရော ဘာဖြစ်လဲ ”
” မင်းမှာ ဘာအတွေးမှ မရှိဘူးလား။ ငါတို့နှစ်ယောက်သာ ဒီလောက် ကြွယ်ဝတဲ့ သွေးအဆီအနစ်တွေကို ဝါးမြိုလိုက်မယ်ဆိုရင် ငါတို့ခွန်အားတွေ ထပ်တက်လာမှာပဲ ”
” ဒါက ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးထဲမှ ငါတို့နေရာကို ပိုအကျိုးရှိစေလိမ့်မည် ”
” မင်းရဲ့ အတွေးက ရိုးရှင်းလွန်းတယ်။ တစ်စုံတစ်ခု ညှီနံ့ရှိနေတယ်ဆိုတာ သဘောမပေါက်ဘူးလား ”
” မင်းပြောတက အဲ့ဒီလူသားက အံ့ဖွယ်ချီရှန်းတွေကို တမင်တကာ မြှားဖို့ ကြိုးစားနေတာပေါ့။ ဒါက ထောင်ချောက်တစ်ခုလား ”
” မင်း ငါ့ကို မယုံဘူးလား ”
” ထောင်ချောက်ဟုတ်ဟုတ် မဟုတ်ဟုတ် အရေးမကြီးဘူး။ အရေးကြီးတာက ဒီနေရာက နတ်ဆိုးချောက်ကမ်းပါးရဲ့ အောက်ခြေပဲ။ သူက ထောက်ချောက်တစ်ခု အမှန်တကယ် တည်ဆောက်ရဲရင်တောင် အသုံးဝင်မယ်လို့ထင်လား ”
” နတ်ဆိုးချောက်ကမ်းပါး အောက်ခြေမှာ အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲ စုစုပေါင်း ၂၁ကောင် ရှိတယ်။ ငါတို့ရဲ့ သိုင်းပညာရှင် အားလုံးကို ခုတ်လိုက်ရင် အဲ့ဒီလူသား ဘယ်လောက်ပဲ သန်မာသန်မာ စဥ်းတီးတုံးပေါ်က ငါးတစ်ကောင် ဖြစ်နေသေးဦးမှာပဲ ”
” ဒါပေမဲ့ အံ့ဖွယ်ချီရှန်း ကြယ်တာရာသားရဲတွေ အားလုံးကို ပို့လိုက်ရင် အဲ့ဒီလူသားက ဘယ်သူ့ကို ရမှာလဲ။ ငါတို့ ဒီမှာ ဒီလောက်များတဲ့ အံ့ဖွယ်ချီရှန်းတွေ တိုက်ခိုက်မှာကို မင်း မစိုးရိမ်ဘူးလား ”
” …..မသွားနဲ့။ ဒီကိစ္စမှာ ဝင်မပါနဲ့။ ငါ့ကိုယုံ။ ငါ့ရဲ့ အလိုလို သိစိတ်က ပြောနေတယ်။ ငါတို့သွားရင် ငါတို့ ဆိုးဆိုးရွားရွာ သေလိမ့်မယ် ”
…..က စိတ်ထဲမထားပေ။
” ……က မင်းက ကြောက်လွန်းတယ်။ မင်း တံခါးဝဆီ အရောက်ပို့လာတဲ့ ဆူဖြိုတဲ့ အသားကိုတောင် မင်း မစားရဲတာ။ မင်း လှောင်ပြောင်ခံရမှာ မကြောက်ဘူးလား ”
” မင်းပြောတာ ယုတ္တိရှိတယ်ဆိုတာ ဝန်ခံတယ်။ တခြားအံ့ဖွယ်ချီရှန်းတွေက သူတို့ အိမ်တံခါးအဝ အရောက်ပို့လာတဲ့ ဆူဖြိုးဆီအပြည့်နဲ့ အသားကို လက်မလွှတ်မှာ သေချာတယ်။ ဒါပေမဲ့ ငါတို့ အဲ့လောက် မတုံးဘူး။ လူသားတစ်ယောက်အတွက် ငါတို့ကိုယ်တိုင် အရင်တိုက်ခိုက်ရဦးမယ်။ အနည်းဆုံးတော့ လူတိုင်းက သူ့ကို သတ်ပြီးရင် အချင်းချင်း တိုက်ခိုက်ဦးမှာ။ ငါ ဒီလောက် အများကြီး ပြောပြီးနေပြီ။ မင်းသွားချင်နေတယ်ဆိုလည်း မင်းကို မတားဘူး။ ဒါပေမဲ့ မင်းက ငါ့ကို ဘာမှထပ်ပြောစရာ မလိုတော့ဘူး။ ငါ သွားမှာ မဟုတ်ဘူး ”
” ဂျွတ် ငကြောက် ”
…..က တံတွေးထွေးပြီးနောက် တောင်ပံနှစ်ဖက်ကို ဖြန့်ကားလိုက်သည်။ ပြီးနောက် သူက လေဆင်နှာမောင်း အသွင်ပြောင်းကာ ယဲ့ရှောင်ရှိရာဘက်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
တစ်ချိန်တည်းတွင် သူသာမက အရှေ့အနောက် အရပ်မျက်နှာအနှံ့မှ အင်အားကြီးသည့် ကြယ်တာရာသားရဲများစွာက ဤနေရာသို့ စုဝေးလာသည်။ မကြာမီ၌ တစ်ချိန်တည်းနီးပါး၌ ယဲ့ရှောင်၏ ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်ဆီ၌ ကြမ်းကြုတ်သော ပုံရိပ်နှစ်ခု ပေါ်လာပြီး သူ့နား အကွာအဝေးတစ်ခု ထိန်းသိမ်းထားလေ၏။
” တကယ် လူသားတစ်ယောက်ပဲ ဟား ဟား ဟား ဟား။ ငါကိုယ်တိုင်က ဒီလောက် အဆီအနစ် ကြွယ်ဝတဲ့ လတ်လတ်ဆတ်ဆတ် လူသားကို မစားရတာ နှစ်အတော်ကြာပြီ။ ကြည့်ရတာ ငါ ဒီနေ့ ကံကောင်းနေတဲ့ပုံပဲ ”
ထိုသို့ပြောပြီးသည်နှင့် ကျန်သည့် အရပ်မျက်နှာကနေ နောက်ထပ် လူရိပ်နှစ်ရိပ် သုံးရိပ်က ပေါ်ထွက်လာ၏။
” နဂါးနတ်ဆိုး ဒီလောက် ယုံကြည်ချက်ရှိရှိ မပြောနဲ့။ သူ့ပိုင်ရှင်က မင်းလို မဆုံးဖြတ်ရသေးဘူး။ ငါတို့ ပြောတောင် မပြောရသေးဘူး ”
နဂါးနတ်ဆိုးက အေးတိအေးစက် ပြုံးလိုက်၏။
” မင်းတို့ မျိုးမစစ်လေးကများက ကြီးမြတ်တဲ့ ငါနဲ့ တိုက်ခိုက်ဖို့ သတ္တိရှိတယ်လား။ မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။ မင်း ငြီးငွေ့နေပြီပဲ ”
” ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးအောက်မှာ လူဘယ်လောက်များများကများ ငါ့ကို ရင်ဆိုင်ရဲလို့လဲ ”
” ဒါဆို ငါ့ကိုပါ ထည့်တွက်လို့ရမလား သိချင်မိတယ် ”
နဂါးနတ်ဆိုး ပြောပြီးသည်နှင့် ကုန်တင်ကားတစ်စီးစာထက် ကိုယ်လုံးပတ် ပိုတုတ်သည့် နတ်စပါးအုံသည် ယဲ့ရှောင်ဘေးသို့ လျင်မြန်စွာ ရောက်လာ၏။ သူ၏ အသံက မိုးခြိမ်းသံပမာပင်။ သူ စကားပြောလိုက်တိုင်း ပတ်ဝန်းကျင်ရှိလေက သူ၏ ခံတွင်းထဲသို့ ချက်ချင်း စုပ်ယူခံလိုက်ရသည်။ တွင်းနက်က စုပ်ယူလိုက်သည့်ပမာ ဖြစ်နေ၏။
ထိုအသံကို ကြားရသူအဖို့ ကြက်သီးများ ထပြီး ကြောက်လန့်ကုန်၏။
နဂါးနတ်ဆိုးက နှာခေါင်းရှုတ်လိုက်တော့သည်။
” နတ်စပါးအုံ ငါတို့ တိုက်ခိုက်ဖို့ မတန်ဘူး။ အထူးသဖြင့် လူသားလေးတစ်ယောက်အတွက်နဲ့များ အတူပူးပေါင်းပြီး ဒီလူသားကို ရိုက်ချရအောင်။ ငါတို့ ညီတူမျှတူ ခွဲဝေမယ်။ ဘယ်လိုထင်လဲ ”
” ဟား ဟား ဟား ဟား နဂါးနတ်ဆိုး။ မင်းရဲ့ စိတ်နေသဘောထားက ငါ့အကြိုက် မဟုတ်ပေမဲ့ ဒီတစ်ခေါက် မင်းရဲ့ အကြံပြုချက်က အရမ်းပါးနပ်တယ်လို့ ပြောရမှာပဲ ”
” ကောင်းပြီလေ။ ဒီနေ့ ငါက မင်းနဲ့ ပူးပေါင်းပြီး ဒီလူသားကို ညီတူမျှတူ ခွဲယူမယ် ”
ကျန်သည့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲများ၏ အမူအယာက သုန်မှုန်သွားကြသည်။
သူတို့သည် သူတို့ရှေ့ရှိ ယဲ့ရှောင်ကို တပ်မက်မှုများဖြင့် ကြည့်လိုက်၏။
သို့သော် နဂါးနတ်ဆိုးနှင့် မြွေစပါးအုံတို့၏ ခွန်အားက ကောင်းကင်ချောက်ကမ်းပါးတစ်ခုလုံး၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာပြီး သူတို့က ထိပ်တန်းနေရာ( ၅ ) ခုကို အလွယ်တကူ သိမ်းပိုက်နိုင်၏။
ထို့ကြောင့် နှစ်ယောက်လက်တွဲလိုက်ချိန်၌ ကျန်သည့် အံ့ဖွယ်ချီရှန်းများက ဂရုတစိုက် တွေးရတော့မည်။ သို့သော်ငြား မျက်တော်တစ်ခတ်အတွင်း ကျန်သည့် အရပ်မျက်နှာကနေ ပိုအစွမ်းထက်သည့် အရှိန်အဝါများ ပေါ်ပေါက်လာ၏။ သူတို့က နှစ်ယောက်ကို မြင်သောအခါ ကြောက်လန့်မိသွားသည်။
” ဘာလို့လဲ။ ဘယ်အချိန်ကစပြီး မင်းတို့တွေက ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးရဲ့ အရှင်သခင်တွေ ဖြစ်သွားတာလဲ။ ငါတို့ ဒီအကြောင်း ဘယ်လိုလုပ် မသိရတာလဲ ”
ထိုအသံ ပေါ်ထွက်လာစဥ် နဂါးနတ်ဆိုးနှင့် နတ်စပါးအုံတို့၏ အမူအက ရုပ်ချည်းပြောင်းလဲသွားပြီး ရှုံ့မဲ့ကုန်၏။
ကျန်သည့် အံ့ဖွယ်ချီရှန်းများကလည်း လှောင်ပြုံးများ ပြုံးကြတော့သည်။
” ဟား ဟား လျှပ်စီးကျွဲစိမ်းနဲ့ ခြေ၈ချောင်းမြင်းတို့တောင်မှ ရောက်လာပြီး သူတို့နှစ်ယောက် မမောက်မာနိုင်တော့ပါဘူးကွာ ”
အဝေးမှ တိတ်တဆိတ် ပုန်းနေတဲ့ ကြယ်တာရာသားရဲတွေထဲအချို့သည် ဤမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေကြပြီး ကြောက်လန့်နေကြ၏။
” ကြောက်ဖို့ကောင်းလိုက်တာကွာ။ ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးရဲ့ အံ့ဖွယ်ချီရှန်းနှစ်ဆယ်က မစုဝေးတာ နှစ်ပေါင်းတစ်ရာကျော်လောက် ရှိနေပြီ။ သူတို့ ဒီနေ့ တကယ်ကြီး စုဝေးနေတာ ”

အပိုင်း ၂၄၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset