စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၄၀ ဘုရင်နယ်ပယ်အတွက် အခွင့်အလမ်းများ။ ကောင်းကင်နတ်ဆိုးချောက်ကမ်းပါး။ စီရင်စု၉ခု။ နဂါးသွေးကြော။
” ငါ့လိုပဲ။ ငါ့မှာ မီးဝိညာဥ်စွမ်းအား မျက်လုံးရှိပေမဲ့ မရေမတွက်နိုင်တဲ့ ချီရှန်းကျင့်စဥ်တွေကနေ တော်ဝင်ကျင့်စဥ်တွေကို အလွယ်တကူ မထုတ်နိုင်ဘူး။ ဒါပေမဲ့ အဲ့ဒါကို ဂရုတစိုက် တွေးနေဖို့ မလိုဘူးလေ။ လူတစ်ယောက်ရဲ့ ပါရမီက အကန့်အသတ်ရှိတာကြောင့် အချိန်ကလည်း အကန့်အသတ်ရှိတယ်။ ကန့်သတ်ခံထားရတဲ့ ပါရမီနဲ့ အချိန်နဲ့ဆို မင်းရဲ့ ခွန်အားကို အသန်မာဆုံးရောက်အောင် မြှင့်တင်ချင်တယ်ဆိုရင် တော်ဝင်ကျင့်စဥ်တစ်ခုတည်းကို ကျင့်ကြံတာက အကောင်းဆုံးပဲ။ အလွန်ဆုံး နှစ်ခုပေါ့ ”
သ်ို့သော် ထိုအကြောင်းကို ပြောပြီးနောက် ပေ့ထျန်းစီသည် ရုတ်တရက် တိတ်ဆိတ်သွားလေ၏။ အကြောင်းမှာ သူသည် ပြဿနာတစ်ရပ်ကို တွေးမိလိုက်သောကြောင့် ဖြစ်သည်။
ပြဿနာနှစ်ရပ် ဖြစ်သည်။ ပါရမီအရဖြစ်စေ၊ ကျင့်ကြံမှုအချိန်အရဖြစ်စေ ယင်းက သာမန်လူများအတွက်သာ သင့်တော်ပေ၏။ သူတို့ကဲ့သို့ သာမန်လူများထဲမှ ပါရမီရှင်များဆိုလျှင်တောင် တစ်ပြိုင်နက်တည်း တော်ဝင်ကျင့်စဥ်အချို့ကို ကျင့်ကြံနိုင်မှာ မဟုတ်ပေ။
ယဲ့ရှောင်ကဲ့သို့ တစ်စုံတစ်ယောက်အတွက်မူ သူက လူဟူ၍ သတ်မှတ်၍ မရတော့ပေ။
သူက လူတစ်ယောက်ဟူသည့် အချက်ကြောင့်သာ မဟုတ်လျှင် ပေ့ထျန်းစီက သူ့ကို ကြယ်တာရာသားရဲများ လွှတ်လိုက်သည့် သူလျှိုတစ်ယောက်ဟု တွေးမိလောက်သည်။ ထို့အပြင် သူ၏ နောက်ခံကလည်း ကြယ်တာရာသားရဲများ၏ မင်းသားမျိုးနှင့် ဆင်တူနေသည်။
ယဲ့ရှောင်က သူ တွေးသလို များများစားစား မတွေးပေ။ သူက တော်ဝင်ကျင့်စဥ်များ ပိုမို သန့်စင်ရမည့်ပုံကိုသာ တွေးနေပြီး ပိုသန်မာသည့် ကျင့်စဥ်များ ပေါင်းစည်းနိုင်ရန် ထိုတော်ဝင်ကျင့်စဥ်များကို အသုံးပြုရန် ပြင်ဆင်ထား၏။
သာမန်လူများအတွက် ချီရှန်းကျင့်စဥ်ကနေ တော်ဝင်ကျင့်စဥ်ကို သန့်စင်ဖို့က အလွန်ခက်ခဲလောက်သည်။ သို့သော်ငြား အခြေခံကျင့်စဥ်များအားလုံးကို ပေါင်းစည်းခဲ့သော သူ့ကဲ့သော သူအတွက် ယင်းက ပြဿနာများများစားစား မရှိပေ။
ထိုကျင့်စဥ်များ၏ ဇစ်မြစ်အကြောင်း သူက အပြည့်အဝ ရှင်းရှင်းလင်းလင်း သိသည်။ သူက တစ်ချက်ကြည့်လိုက်သရွေ့ ကွာဟချက်ကို အကြမ်းမျဥ်း ပြောနိုင်လိမ့်မည်။ ထို့နောက် သူသည် ကျင့်စဥ်တူညီမှုများကို ချိတ်ဆက်လိုက်ခြင်းဖြင့် တော်ဝင်ကျင့်စဥ်တစ်ခု အလွယ်တကူ ရှာနိုင်လိမ့်မည်။
ထို့အပြင် သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကဲ့သို့ ဝိညာဥ်စွမ်းအင် ကျင့်ကြံမှု၏ အကူအညီလည်း ရှိနေ၏။ ဤနည်းဖြင့် ၄င်းက ပိုတောင် လွယ်ကူသွားလိမ့်မည်။
ကျင့်ကြံမှု၏ ပြဿနာကို ဖြေရှင်းပြီးနောက် ယဲ့ရှောင်သည် သူ့လက်ထဲရှိ တော်ဝင်ကျင့်စဥ် နှစ်အုပ်ကို ဖွင့်ကြည့်လိုက်ပြီး ဂရုတစိုက် ကြည့်လိုက်လေ၏။
ကံဆိုးသည်မှာ ၄င်းတို့က ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ထဲ၌ မှတ်တမ်းတင်ထားပြီးသည့် အမျိုးအစားများ ဖြစ်နေ၏။
တစ်ခုက ဓါးသိုင်းဖြစ်ပြီး နောက်တစ်ခုက တူညီသည့် ကျင့်စဥ် ဓမ္မကျမ်းစာ ဖြစ်နေသည်။ သူက ပေ့ထျန်းစီသည် တော်ဝင်ကျင့်စဥ် နှစ်မျိုးလုံး ပြန်ပေးလိုက်၏။
ပေ့ထျန်းစီက ပါးစပ်ဟကာ ပြောလိုက်တော့သည်။
” နည်းလမ်းတစ်ခု ”
” တကယ်တော့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။ တော်ဝင်ကျင့်စဥ်တွေ ပိုလိုချင်တယ်ဆိုရင် နောက်ထပ် နည်းလမ်းကောင်းတစ်ခု ရှိတယ်။ အဲ့ဒါက အာကာသစစ်မြေပြင်ဆီ သွားပြီး ကြယ်တာရာသားရဲတွေကို အမဲလိုက်တာပဲ ”
” ”
ဒီနည်းလမ်းက ဘာမှမပြောတာနှင့် ပိုတူတယ်နော်။
အာကာသစစ်မြေပြင်ထဲမှာ တော်ဝင်ကျင့်စဥ်ကို ထုတ်ဖော်နိုင်တဲ့ နဂါးအမျိုးအစား သွေးမျိုးဆက်နဲ့ ကြယ်တာရာသားရဲတွေ အများကြီး ရှိတယ်ဆိုတာ ဘယ်လိုလုပ် မသိပဲ နေမှာလဲ။ ဒါပေမဲ့ ဘယ်လိုလုပ် ဒီလောက် လွယ်ကူမှာလဲ။ သူက အခု ဘုရင်အဆင့်အောက် နယ်ပယ်မှာ ရှိတယ်လို့ သတ်မှတ်လို့ရသေးတာ။ ဘုရင်နယ်ပယ်တောင် မရောက်သေးဘူး။ အပေါ်ယံမှာ သူက အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်လို့ သတ်မှတ်လို့ ရနိုင်ရုံပဲ။ ဒါပေမဲ့ အာကာသစစ်မြေပြင်မှာတော့ သူ့ထက် သန်မာတဲ့ သူတွေ အများကြီး ရှိမှာလေ။ အဲ့ဒီအချိန် သူက ထိပ်တန်းအဆင့် သိုင်းပညာရှင်တချို့နဲ့ ကြုံတွေ့ရမယ်ဆိုရင် တကယ် အန္တရာယ်များနေမှာ။
အနည်းဆုံးတော့ သူသည် အာကာသစစ်မြေပြင်သို့ သွားရန်အကြောင်း မပြောခင် ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်ရန် စောင့်ရဦးမည် မဟုတ်ပါလော။
” ကျွန်တော် တွေးကြည့်ပြီးပြီ။ ဒီမှာ တော်ဝင်ကျင့်စဥ်တွေ မရှိတော့ဘူးဆိုတော့ ထပ်အနှောက်အယှက် မပေးတော့ပါဘူး။ မနက်ဖြန် ကျန်းဟိုင်မြို့ကို ပြန်မှာ။ နောင်ကြ အခွင့်အရေးရှိရင် ထပ်ဆုံကြတာပေါ့ ”
ယဲ့ရှောင်က သူ့ကို ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ရာ ပေ့ထျန်းစီက ခေါင်းညိတ်လိုက်၏။ ပြီးနောက် ယဲ့ရှောင်သည် စာဖတ်ရန် အောက်ဆင်းသွားတော့သည်။
သူက တူညီသည့် ချီရှန်းအဆင့် ကျင့်စဥ်များကို ရှာတွေ့ပြီး ၄င်းတို့ကို ဝိညာဥ်စွမ်းအားဖြင့် စစ်ဆေးကြည့်ပြီးနောက် အဆီအနစ်ကို ထုတ်ယူလိုက်၏။ ထင်သည့်အတိုင်းပင် သူက တော်ဝင်ကျင့်စဥ်၏ အစဖြင့် ပါလာတော့သည်။
သူ ပေါင်းစည်းလိုက်သည့် ကျင့်စဥ်က သူ့တွင် ရှိပြီးသား တော်ဝင်ကျင့်စဥ်နှင့် ကွဲပြားသလား ကွဲပြားပြီး သူ့ကို နောက်ထပ် ပိုအစွမ်းထက်သည့်ကျင့်စဥ် ပေါင်းစည်းခွင့် ပေးမလား သူ မသိသော်ငြား အနည်းဆုံးတော့ ယင်းက အလွန်ကောင်းမွန်သည့် အစဖြစ်သည်။ ထိုနည်းလမ်းဖြစ်နိုင်ချေကို သက်သေပြသွား၏။
နောင်ကြ သူ ကျန်းဟိုင်မြို့သို့ ပြန်ရောက်သည့်အချိန်၌ သူက တော်ဝင်ကျင့်စဥ်များ ပ်ိုရှာရန် ထိုနည်းလမ်းကိုလည်း အသုံးပြုနိုင်လိမ့်မည်။ ယင်းက သူ၏ အံ့ဖွယ်ဝိညာဥ်ထဲ၌ မှတ်တမ်းတင်ထားသော တော်ဝင်ကျင့်စဥ်အချို့ အမြဲတမ်း ဖြစ်လာနိုင်သည် မဟုတ်လော။
ယခုအချိန်တွင် ပိုအစွမ်းထက်သည့် ကျင့်စဥ်တစ်မျိုးကို ပေါင်းစည်းခြင်းက အသေးအမွှား ဖြစ်သွားလိမ့်မည်။
ပြီးပြည့်စုံပြီ။
တော်ဝင်ကျင့်စဥ်၏ ဇစ်မြစ်ကို ဖြေရှင်းပြီးနောက် ယဲ့ရှောင်သည် လတ်တလော၌ သူ့ရင်ထဲ လွှမ်းခြုံနေသော ဖိအားက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတာကို ခံစားမိပြီး စိတ်အခြေအနေက ရုတ်တရက် လင်းထိန်လာလေ၏။ သူက မျှော်လင့်ချက် ရောင်ခြည်ကို ရှာတွေ့သွားသည့်ပမာ ဖြစ်နေတော့သည်။ ပြီးနောက် သူသည် ခွန်အားမြှင့်တင်ရန်အတွက် စွမ်းအားများ ပိုရှာရန် နည်းလမ်းတစ်ခုကို တွေးလိုက်၏။
ပြီးနောက် သူ၏ ခွန်အားကို မြှင့်တင်ရန် စွမ်းအားများ ပိုအသုံးပြုဖို့ နည်းလမ်းတစ်ခု ရှာရန် တွေးရမည်။
ကြယ်တာရာသားရဲများ၏ အသွေးနှင့် အသားကို စားသောက်ခြင်းဖြင့်သာ ဘုရင်နယ်ပယ်သို့ အလွယ်တကူ အဆင့်တက်နိုင်ဖို့က မဖြစ်နိုင်ပေ။ ဘုရင်နယ်ပယ်သို့ အဆင့်တက်ရန် လိုအပ်သော ခွန်အားက များပြားလွန်းသောကြောင့် ဖြစ်သည်။
ကျင့်ကြံသူများ၏ ကွာဟချက် ပင်လယ်သည် အဆင့်တူ ကြယ်တာရာသားရဲများ၏ သွေးနှင့် အသားကို စားသောက်ခြင်းဖြင့် အလွယ်တကူ မဖြစ်နိုင်ပေ။
ကြယ်တာရာသားရဲများ၏ အသားကို စားခြင်းက ကြယ်တာရာသားရဲ တစ်ကိုယ်လုံးကနေ သန့်စင်ထားသည့် ဆေးလုံးကို သုံးစွဲခြင်းထက် နိမ့်သည်။ သို့သော်ငြား အဆင့်တူ ကြယ်တာရာသားရဲများဖြင့် သန့်စင်ထားသော ဆေးလုံးများစွာကို စားလျှင်တောင် တိုက်ရိုက် အဆင့်တက်သွားဖို့က မဖြစ်နိုင်ပေ။ မဟုတ်ပါက လူတိုင်း ဘုရင်နယ်ပယ်သို့ အလွယ်တကူ အဆင့်တက်နိုင်လိမ့်မည်။ ထို့ကြောင့် ယဲ့ရှောင်သည် အသင်္ချေခရမ်းနဲ့ သစ်ရွက်နီရှိသည့် နေရာတစ်ခုရှာပြီး သဘာဝရတနာများကို ရှာရလိမ့်မည်။
ကျုံးမြို့၏ စာအုပ်ထဲ၌ လိုအပ်သည့် သိုင်းကျမ်းများ ရှိရုံသာမက ၄င်းနှင့် သက်ဆိုင်သည့် အံ့ဖွယ်ဖွယ် သတင်းများလည်း ရှိသည်။ သူတို့ထဲ၌ လျှို့ဝှက်ရတနာများစွာအကြောင်း ပါဝင်၏။
ယဲ့ရှောင်သည် များပြားလှသည့် ရတနာသေတ္တာများနှင့် လျို့၀ှက်ချက်များက စီရင်စု၉ခုထဲတွင်ရှိကြောင်း အချက်အလက်များစွာကို တွေ့ခဲ့ရသည်။ ယဲ့ရှောင်က သူတို့ထဲမှ အချို့ကို ကျပန်းရှာတွေ့ခဲ့၏။ နှစ်ခုက သူ နှင့် အသက်ဆိုင်ဆုံး ဖြစ်သည်။
သူတို့ထဲက တစ်ခုက ဒဏ္ဍာရီလာ စီရင်စု၉ခု နဂါးသွေးကြော ဖြစ်သည်။
စီရင်စု၉ခု နဂါးသွေးကြောသည် စီရင်စု၉ခု၏ အဆီအနစ်ကို သိုလှောင်ထားရာ နေရာဖြစ်သည်။ နေနှင့် လ၏ အဟာရဖြစ် အားဖြည့်ပေးမှုပေါ့။ အားကိုးပြီး မြေ၏ ဝိညာဥ်စွမ်းအား စုစည်းမှုကို အားထားကာ ရတနာအစု ဖန်တီးတော့သည်။
ထိုရတနာအစုဝေး၌ မိုးနှင့်မြေ၏ အင်မတန် သန်မာသော ဝိညာဥ်စွမ်းအား ပါဝင်သည်။
၄င်းကို ရှာတွေ့ပြီး ကျင့်ကြံနိုင်မည်ဆိုလျှင် မျိုးဆက်တစ်ဆက်၏ ပြိုင်ဘက်ကင်းသိုင်းပညာရှင်တစ်ဦး အလွယ်တကူ ဖြစ်လာလိမ့်မည်။ သို့သော် ဒဏ္ဍာရီအဆိုအရ လွန်ခဲ့သော နှစ်ရာချီက သူ့တို့ကိုယ်ပိုင် ကမ္ဘာကို လူအများ လုယက်ခြင်းမှ ကာကွယ်ရန်အတွက် ဧကရာဇ်သည် ကမ္ဘာပေါ်ရှိ နဂါးသွေးကြောအားလုံးကို ဖြတ်တောက်ရန် သူ့အောက်ရှိ အံ့ဖွယ်ချီရှန်းတစ်ယောက်ကို အမိန့်ပေးခဲ့၏။
ထိုအကြောင်းအရင်းကြောင့် စီရင်စု၉ခုအဖို့ လွန်ခဲ့သော နှစ်ရာချီခန့်၌ ဧကရာဇ်တစ်ပါး မွေးထုတ်ရန် ခက်ခဲခဲ့တာပဲ ဖြစ်သည်။
ဧကရာဇ်တစ်ပါး၏ သွေးမျိုးဆက်ဖြစ်လျှင်တောင် အဆုံးတွင်မူ ဧကရာဇ်တစ်ပါး မည်သူမှ မဖြစ်လာနိုင်ပေ။ သို့သော်ငြား ဒဏ္ဍာရီအဆိုအရ ထိုလူသည် နဂါးသွေးကြောတစ်ခုကို တိတ်တဆိတ် လွှတ်ပေးပြီး စီရင်စု၉ခုအတွက် မျိုးစေ့ ချန်ထားရစ်ခဲ့သည်ဟု ဆိုသည်။ သို့သော် ယင်းက မှန် မမှန်မူ လူတိုင်း သေချာမသိပေ။
ယခု သူတို့မျိုးဆက်များ၏ ခွန်အားတိုးစေရန်အတွက် နဂါးသွေးကြော ဖန်တီးရန် ရှေးနည်းလမ်းများကို သိသည့် မဟာဆီမဟာသွေး မိသားစုအချို့ကလည်း ရှိနေ၏။ သူတို့က နဂါးသွေးကြော ဖန်တီးရန်အတွက် ထူးခြားသော ရှေးနည်းလမ်းများကို အသုံးပြုကြ၏။
လူလုပ်နဂါးသွေးကြော။
ထိုကဲ့သို့ နဂါးသွေးကြောမျိုးကလည်း အလွန်သန်မာ၏။ ယင်းက အစစ်အမှန် နဂါးသွေးကြောနှင့် မယှဥ်နိုင်သော်ငြား အင်မတန် သန်မာသော ဝိညာဥ်စွမ်းအား ရှိနေ၏။
သူသာ အထဲတွင် ကျင့်ကြံနိုင်မည်ဆိုလျှင် အပြင်တွင် ကျင့်ကြံသည်ထက် အဆပေါင်းများစွာ ပိုသန်မာသည့် ခွန်အား ရရှိလာလိမ့်မည်။
ယဲ့ရှောင်က သူ့ဘာ့သာသူ တွေးလိုက်၏။
သူက ကျန်ရှိသည့် နဂါးသွေးကြောကို ရှာတွေ့လျှင် ကောင်းပေမည်။ ထိုအတိုင်း ဖြစ်လာခဲ့လျှင် သူက စတင်ကျင့်ကြံမှုထဲ ဝင်ရောက်ချိန်၌ သူ၏ အရှိန်က မြင့်တက်သွားလိမ့်မည်။
သူက ရက်အနည်းငယ်အတွင်း ဘုရင်နယ်ပယ်သို့ရောက်အောင် ကျင့်ကြံနိုင်လိမ့်မည်။
သို့သော်ငြား ၄င်းကို ရှာရန်က သူ့အတွက် အင်မတန် လွယ်ကူနေလျှင် ကျန်သည့်သူအတွက်ရှာရသည်ကလည်း အလွန်လွယ်ကူနေမှာပဲ ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်သည် ထိုအခြေအနေကို ယာယီ မတွေးခဲ့ပေ။ သူက နောက်ထပ် တစ်နေရာကို ဦးစွာ စဥ်းစားထား၏။
ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး။
ထိုနေရာက ရှေးစစ်မြေပြင်တစ်ခု ဖြစ်၏။ ရှေးစစ်တလင်းတစ်ခုလည်း ဖြစ်သည်။ ရှေးခေတ်ခါက သိုင်းပညာရှင်များစွာသည် ဤနေရာ၌ အစွမ်းထက်သော ကြယ်တာရာသားရဲများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သေကြေပျက်စီးမှုများ ဖြစ်စေခဲ့သည်။ အဆုံးတွင်မူ သူတို့က ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးရှိ အစွမ်းထက်သော ကြယ်တာရာသားရဲအားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။
ထိုအကြောင်းအရင်းကြောင့် နတ်ဆိုးစွမ်းအားသည် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးရှိ ကောင်းကင်ထိအောင် တက်သွားပြီး များစွာသော ကြယ်တာရာသားရဲများ၏ မကျေမချမ်းဖြစ်မှုများကို စုဝေးထားလေ၏။ ယင်းစွမ်းအားက တစ်လျှောက်လုံး ကြွယ်ဝလွန်းကာ မကျေမနပ်ဖြစ်နေသည့် အငြိုးအတေးများ နေရာအနှံ့ ရှိနေ၏။ လူသားများ အသက်ရှင်ရန်အတွက် အင်မတန် မသင့်တော်ပေ။
လူသားသိုင်းပညာရှင်များကတောင် အလွယ်တကူ မဝင်ရောက်နိုင်ပေ။ မဟုတ်လျှင် သူတို့ အသက်အန္တရာယ် ရှိနိုင်၏။
သို့သော်ငြား ထိုအကြောင်းအရင်းကြောင့် အတွင်း၌ ကြယ်တာရာသားရဲများစွာက ပုန်းနေလေ၏။ အတွင်း၌ ပေါ်လာသည့် ရှားပါးသော ရတနာအချို့လည်း ရှိသည်။
သူ ယခင်က သတ်ဖြတ်ခဲ့သော သားရဲနတ်ဘုရား မဟာမိတ် သိုင်းပညာရှင် လုံထူသည် ဓါးနတ်ဘုရား လီလျိုဆွေ့ကို ရှုံးနိမ့်ပြီးနောက် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးထဲ ဝင်သွားခဲ့၏။ သူက အချိန်အတော်ကြာ တံခါးပိတ် ကျင့်ကြံခဲ့ပြီး ထွက်လာခဲ့တာပဲ ဖြစ်သည်။ အပြင်ရောက်လာပြီးနောက် သူ၏ ခွန်အားက သိသိသာသာ တိုးတက်လာတော့သည်။
ဆိုလိုသည်က ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးထဲ၌ ကောင်းတာတစ်ခုခု ရှိနေ၏။
ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးက အတော်လေး ကောင်းပုံပဲ။ လုံထူက အဲ့မှာ ကောင်းကောင်းစားသောက်နေနိုင်တယ်ဆိုတော့ ငါလည်း နေနိုင်မှာပဲ။
ဆိုရလျှင် လုံထူကို သတ်ဖြတ်ခြင်းကဟင်းသီးဟင်းရွက် ဖြတ်တောက်ရသကဲ့သို့ လွယ်ကူလှသည်။ ထိုစဥ်က သူ၏ ကျင့်ကြံမှုသည် ရှန်းထျန်းနဝမအဆင့်သာ ရောက်သေး၏။ ယခု သူက ဘုရင်နယ်ပယ်အောက် တည်ရှိမှု ဖြစ်နေပြီး ဖြစ်၏။ လုံထူနှင့် ယှဥ်လျှင် သူက ပိုသန်မာသည်။ ဆိုရလျှင် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးက အာကာသစစ်မြေပြင် မဟုတ်ပေ။ ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်အတွက် ၄င်းက မဖြစ်နိုင်သည့်နေရာ မဟုတ်လောက်ပေ။
နောက်တစ်ချက်က ကျုံးမြို့သည် ကျုံးစီရင်စု၏ အရှေ့အရပ်၌ တည်ရှိသည်။ ယင်းက ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးနှင့် အလွန်နီးကပ်သည်။
ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးက ကျုံးစီရင်စု၏ အရှေ့တောင်အရပ်၌ တည်ရှိသည်။ ယင်းက ကျုံးစီရင်စု၏ အစပ်တွင် ရှိနေသည့် ချူစီရင်စု၊ ချင်စီရင်စုနှင့် ကျန်သည့်စီရင်စုများ ဖြစ်သည်။
သူက ယန်ရှီးနှင့် ကျန်သည့်သူများကို နောက်တစ်နေ့၌ ပြန်သွားခိုင်းလိုက်၏။ သူတို့ ပြန်လာပြီးနောက် အလုပ်သို့ ချက်ချင်း သွားမှာ မဟုတ်ပေ။
သူက ပိုကောင်းသည့် အရင်းအမြစ်ကို ရှာနိုင်မလားဆိုတာ သိရန် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးသို့ သွားရမည်။ သူ၏ ကျင့်စဥ်တူကို တိုးမြှင့်နိုင်ပြီး ဘုရင်နယ်ပယ်သို့ ရောက်ရနိ နောက်ဆုံးအလွှာကို အပြည့်အဝ ဖောက်ထွက်နိုင်လျှင် ကောင်းမည်။
ထိုအကြောင်းကို တွေးမိပြီး သူက ယန်ရှီးကို စာတစ်စောင်ပို့ကာ နောက်တစ်နေ့တွင် သူတို့ကို ထွက်သွားခိုင်းလိုက်၏။ သူ့ကို စောင့်နေရန် မလိုအပ်ချေ။ ပြီးနောက် သူက ကောင်းနတ်ဆိုး ချောက်ကမ်းပါးသို့ ချက်ချင်း သွားလိုက်၏။
နတ်ဘုရားအာရုံစူးစိုက်ခြင်း သိုင်းကို ထုတ်ဖော်လိုက်သည်။ ယဲ့ရှောင်အဖို့ ထိုအကွာအဝေးလေးက အသက်ရှိုက်စာ အနည်းငယ်မျှသာ ရှိသည်။ မျက်တောင်တစ်ခတ်အတွင်း သူတို့က ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးသို့ ရောက်လာ၏။
မြင်ကွင်းက ချက်ချင်း ပြောင်းလဲသွားသည်။ ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးပေါ်၌ လေအေးများ တိုက်ခတ်နေလေ၏။ ဆောင်းနောက်ပိုင်း ဖြစ်သော်ငြား ဆောင်းတွင်းသို့ အမှန်တကယ် မရောက်သေးပေ။ ထို့အပြင် ယခုအချိန်က နေ့လည်၃နာရီ စွန်းနေပြီ ဖြစ်သည်။ နေက ကောင်းကင်အထက် မြင့်မားစွာ ရှိနေသေးပြီး နေမဝင်သေးပေ။ သို့သော် ဤနေရာ၌ အရိုးစိမ့်အောင်အေးနေပေ၏။
အငြိုးအတေးများနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များက ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးတစ်ခုလုံး၌ ပြည့်နေသည်။
သူက ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၏ အောက်ခြေ၌ ရှိလောက်၏။ သို့သော် သိပ်သည်းလွန်းသောကြောင့် ပတ်ဝန်းကျင်မြေကို သက်ရောက်စေပြီ ဖြစ်သည်။
ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၏ ချောက်နက်နှင့် အတွင်းရှိ တောင်တန်းကတောင် ထိုစွမ်းအင် သက်ရောက်ခံရပြီး တစ်နှစ်ပတ်လုံး အရိုးစိမ့်အောင် အေးနေတော့သည်။ ယဲ့ရှောင်သည် ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါး၏ အဆုံးဆီသို့ သွားသော်ငြား အောက်မဆင်းခဲ့ပေ။ အောက်သို့ တစ်ချက်ကြည့်ပြီး သူ့ဆီသို့ သန်မာသည့် သတ်ဖြတ်လိုစိတ်တစ်ခု ခုန်အုပ်လာတာကို ခံစားမိသည်။
ကောင်းကင်နတ်ဆိုး ချောက်ကမ်းပါးတစ်ခုလုံးက မြေပြင်ပေါ်တွင် ကောင်းကင်ဘုံ၏ မျဥ်းတစ်ကြောင်းနှင့် တူသည်။ ဧရာမ အနက်ရောင် ပါးစပ်ကြီးက သူ့ကို သတ္တဝါတစ်ကောင်ပမာ ဝါးမြိုချင်နေ၏။ယဲ့ရှောင်က ဤနေရာသည် လူသူကင်းမဲ့ပြီး အရိုင်းဆန်ဆန်ဖြစ်နေသည့်ပမာ သတ်ဖြတ်လိုစိတ်များ ပြည့်နေတာကို ရှင်းရှင်းလင်းလင်း ခံစားမိ၏။ အောက်ခြေ၌ အသက်မည်မျှ ပုန်းနေမှန်း မသိရပေ။ လုံထူသည် ဆယ်စုနှစ်ပေါင်းများစွာ ထွက်မလာပဲ တံခါးပိတ် ကျင့်ကြံနိုင်တာ အံ့သြစရာ မရှိပေ။ သူက သူ၏ ကျင့်စဥ်ကိုတောင် မြှင့်တင်နိုင်ခဲ့၏။
အပိုင်း ၂၄၀ ပြီး၏။