စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃၉ ရွှေရောင်စာအုပ်၏ အသုံးဝင်မှု။
” ကျန်းဟိုင်မြို့လား ”
ယင်းက လီလျိုဆွေ့အဖို့ ထိုကဲ့သို့ နေရာလေးကို ကြားဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
” ဟုတ်တယ်။ ခင်ဗျား အရင်တုန်းက အင်တာနက် အသုံးမပြုတာကြောင့် မသိလောက်ဘူး။ လတ်တလောမှာ ကျန်းဟိုင်မြို့ထဲ ပါရမီရှင် သိုင်းပညာရှင်တစ်ယောက် ပေါ်လာတယ်။ သူက ဓါးမော့ရော ဓါးသိုင်းရော နှစ်မျိုးလုံး ကျင့်ကြံတာ။ သူ့ရဲ့ ဓါးမော့စွမ်းရည်ကို ခံစားမိတယ်။ သူက အကိုနဲ့သာ ယှဥ်ပြိုင်မယ်ဆိုရင် သူက မင်းကို အတော်လေး တိုးတက်အောင် ကူညီပေးနိုင်လောက်တယ် ”
လီလျိုဆွေ့က စဥ်းစားပြီး ခေါင်းညိတ်ကာ ချက်ချင်းပင် ရှောင်လင်ကိုယ်တော်များဘက်လှည့်ပြီး လက်သီးဆုပ်မိုးလိုက်၏။
” ဒီရက်တွေထဲ ရှောင်လင်ကိုယ်တော်တွေဆီ အဆင်မပြေမှုတွေ အများကြီး ယူဆောင်လာမိပါပြီ။ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအားကို ထိန်းချုပ်အောင် ကူညီပေးခဲ့တဲ့ ဆရာတော်တွေရဲ့ အကူအညီကိုလည်း ကျေးဇူးတင်ပါတယ်။ နောင်ကြ ရှောင်လင်က အကူအညီ လိုအပ်လာရင် ကျွန်တော့်ကို ရှာဖို့ အချိန်မရွေး လူလွှတ်လိုက်လို့ ရပါတယ် မငြင်းပါဘူး ”
ကိုယ်တော်များလည်း လက်မြှောက်ပြီး အရိုအသေ ပေးလိုက်၏။
” အောမီထောဖော ဓါးမော့နတ်ဘုရားလီ။ ခင်ဗျားက သိပ်ကို ကြင်နာလွန်းတာပဲ။ ခင်ဗျားက စီရင်စု၉ခုရဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး စီရင်စု၉ခုအတွက် ကောင်းကျိုးတွေ အများကြီး သယ်ပိုးပေးခဲ့တာ။ ကြယ်တာရာသားရဲတွေကို သတ်ဖြတ်ခဲ့တဲ့ မီးနဲ့ ရေဒဏ်ကနေ လူသားတွေကို ကယ်တင်ခဲ့တယ်။ မင်းကို ကူညီဖို့ လက်ကမ်းတာ ….ဖို့အတွက် လုပ်ခွင့်ရှိတာပဲ။ ကျုပ်တို့ လုပ်ရမှာပါ။ ကျေးဇူးတင်ဖို့ မလိုဘူး ”
” ဆရာတော်တွေအားလုံး ဒီလိုပြောနေပြီဆိုတော့ ကျုပ် ကျုပ် လီက တကယ် အနည်းငယ် စိတ်မကောင်းဖြစ်မိပါတယ်။ ကံဆိုးတာက အခုအချိန် ကျုပ်ရဲ့ အတွင်းနတ်ဆိုးက အချိန်မကျသေးဘူး။ အတွင်းနတ်ဆိုးကို ဖြေရှင်းပြီးသွားတဲ့အချိန် ကျေးဇူးတရားဖော်ပြဖို့ ရှောင်လင်ကို လာခဲ့ပါ့မယ် ”
” အောမီထောဖော စီနီယာ လီ။ ကျွန်တော်တို့ ရှောင်လင်သိုင်းကျောင်းတော် ပါမောက္ခဖာ့ကျန်းကလည်း ကျန်းဟိုင်မြို့ကို သွားမှာ။ စီနီယာ လီ သူနဲ့ သွားလို့ရတယ်။ ခန္ဓာကိုယ်ထဲက နတ်ဆိုးသဘာဝကို ဖိနှိပ့်ဖို့ ဝိညာဥ်စွမ်းအား အသုံးပြုဖို့ ပြဿနာကိုလည်း ခြွေတာရာ ရောက်တာပေါ့ ”
လီလျိုဆွေ့က ခေါင်းညိတ်လိုက်၏။
” ဒါလည်း ကောင်းတာပဲ။ ဒီက မိတ်ဆွေလေး ဖာ့ကျန်းကိုပဲ ဒုက္ခပေးရတော့မှာပဲ ”
တစ်ဖက်တွင်မူ ယဲ့ရှောင်သည် ကျုံးမြို့ စာကြည့်တိုက်သို့ သွားပြီးနောက် သိုင်းစာကြည့်တိုက်၏ ထိပ်ဆုံးအလွှာဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။
ယခင်က သူသည် ပါမောက္ခဟွမ်၏ စာဖတ်ကဒ်ကို သုံးပြီး စာဖတ်ခဲ့၏။ သို့သော် ပါမောက္ခဟွမ်၏ စာဖတ်ကတ်က လုပ်ပိုင်ခွင့် မလုံလောက်ပေ။ ထို့ကြောင့် သူက ထိပ်ဆုံးအလွှာသို့ မသွားနိုင်ပေ။ သို့သော် ပေ့ထျန်းစီက သူ မည်သူမည်ဝါဖြစ်ကြောင်း ရှာတွေ့သွားသောအခါ သူက ယဲ့ရှောင်ကို အထူးလုပ်ပိုင်ခွင့်အချို့ ပေးလိုက်၏။ ထို့ကြောင့် သူသည် ထိပ်ဆုံးအလွှာသို့ သွားကာ သူ့ကို တန်းရှာလိုက်၏။
” မစ္စတာ ယဲ့ ဘာကြောင့်များ ရောက်လာတာလဲ ”
ပေ့ထျန်းစီက ယဲ့ရှောင်ကို မြင်သောအခါ ချက်ချင်း ထရပ်ပြီး သူ့ကို နှုတ်ဆက်လိုက်လေ၏။
” ကျွန်တော် မနက်ဖြန် ထွက်သွားတော့မယ် နှုတ်ဆက်စကားပြောဖို့ ဒီရောက်လာတာပါ ”
” မစ္စတာ ယဲ့က အဆင့်မြင့် လေ့လာမှုတွေ ပြီးသွားပြီးလား။ အချိန်ကုန်တာ မြန်လိုက်တာ။ မျက်တောင်တစ်ခတ်အတွင်း တစ်လကုန်သွားပြီပဲ ”
” ဒီအဖိုးကြီးက ကျုံးမြို့ကို စောင့်ကြပ်ပေးဖို့ တာဝန်ရှိတာ နှမြောစရာပဲ။ မဟုတ်ရင် မစ္စတာ ယဲ့နဲ့မူအတူ ကျန်းဟိုင်မြို့ကို ပြန်သွားပြီး မျက်ဝန်းကျင့်စဥ်တွေ ပိုဖလှယ်လို့ ရလောက်တယ် ”
” အချိန်က အရမ်းရှည်ကြာပါတယ်။ ကျွန်တော်တို့တွေ နောင်ကြ ထပ်တွေ့ဖို့ အခွင့်အရေး ရမှာပါ ”
ခဏတာရပ်တန့်ပြီးနောက် ယဲ့ရှောင်က ထပ်ပြောလိုက်လေ၏။
” ကျွန်တော် ဒီတစ်ခေါက် ဒီကို လာတာက တစ်ခုခု လုပ်ချင်လို့ပါ ”
” မစ္စတာ ယဲ့ .. လွတ်လွတ်လပ်လပ် ပြောလို့ရပါတယ် ”
” ကျွန်တော် တော်ဝင်ကျင့်စဥ်တချို့ ကြည့်ချင်တယ်။ ဒါက ကျုံးမြို့စာကြည့်တိုက်လေ။ စီရင်စု၉ခုထဲမှာ သိုင်းကျမ်းတွေ အတော်များတဲ့ စာကြည့်တိုက်လို့လည်း သတ်မှတ်လို့ရတယ်။ တော်ဝင်ကျင့်စဥ်တချို့ ဒီမှာ ရှိလောက်မယ်မလား ”
ပေ့ထျန်းစီက ခေါင်းညိတ်လိုက်၏။
” တော်ဝင်ကျင့်စဥ်တချို့ တကယ် ရှိပါတယ်။ ဒါပေမဲ့ မင်း ပိုင်ဆိုင်ထားတဲ့ တော်ဝင်ကျင့်စဥ်တွေအရ ဒီနေရာမှာ ရှိတဲ့ တော်ဝင်ကျင့်စဥ်တွေကို စိတ်မဝင်စားသင့်ဘူး ”
” ဒီက တော်ဝင်ကျင့်စဥ်တွေက သိပ်မကောင်းဘူး။ ထိပ်တန်းအဆင့် တော်ဝင်ကျင့်စဥ်က နှစ်ပေါင်းတစ်ရာလောက် ထိန်းသိမ်းလာခဲ့တာ။ သူတို့ထဲက တချို့ကဆို ပျောက်တောင် ပျောက်နေပြီ ”
သို့သော်ငြား ယဲ့ရှောင်က ထိုအတွက် တောင်းဆိုချက် များများစားစား မရှိပေ။
သူက ထိုတော်ဝင်ကျင့်စဥ်များ ကောင်းမကောင်း ဂရုမစိုက်ပေ။ မည်သည့်နည်းနဲ့မဆို သူ၏ လက်ရှိကျင့်စဥ်လောက် မကောင်းလောက်ပေ။
တော်ဝင်ကျင့်စဥ်များ ကောင်းမကောင်း ဂရုမစိုက်ပေ။ မည်သည့်နည်းနဲ့မဆို သူ၏ လက်ရှိကျင့်စဥ်လောက် မကောင်းလောက်ပေ။
တော်ဝင်ကျင့်စဥ်များ လိုချင်ရသည့် အကြောင်းအရင်းက အဆင့်ပိုမြင့်သည့် ကျင့်စဥ်များ ပေါင်းစည်းလိုသောကြောင့် ဖြစ်သည်။
” ဒါကိစ္စ မရှိပါဘူး။ ကျွန်တော့်ကို ပေးလိုက်ပါ။ ကျွန်တော် တစ်ချက်လောက် အရင်စစ်ကြည့်မယ်လေ။ အသုံးဝင်ကောင်း ဝင်မှာပေါ့ ”
” ကောင်းပြီလေ။ ဒီလိုပြောနေတယ်ဆိုတော့ မင်းကို အရင်ပြလိုက်မယ် ”
ထိုသို့ပြောပြီးနောက် ပေ့ထျန်းစီက မတ်တပ်ထရပ်ပြီး စာအုပ်စင်များထဲမှ တစ်ခုဆီ သွားလိုက်၏။ သူက ခလုတ်အချို့ကို နှိပ်လိုက်ပြီး မကြာမီ၌ စာအုပ်စင်သည် အလယ်ခေါင်ကနေ ပွင့်သွားကာ မီးခံသေတ္တာလေးတစ်ခု ပေါ်လာတော့သည်။
ပေ့ထျန်းစီသည် မီးခံသေတ္တာလေးကို ဖွင့်ရန်အတွက် အင်မတန် ရှုပ်ထွေးသော လျှို့ဝှက်စကားလုံးများ ဆက်တိုက် အသုံးပြု၏။ အတွင်းကနေ သူ စာအုပ်နှစ်အုပ် ထုတ်လိုက်သည်။
” အား … ဒါက ကျုံးမြို့ သိုင်းစာကြည့်တိုက်မှာ သိမ်းဆည်းထားတဲ့ တော်ဝင်ကျင့်စဥ်နှစ်မျိုးလေ ”
” ”
သူသည် စာအုပ်လေးနှစ်အုပ်ကို ကြည့်ပြီး တိတ်ဆိတ်သွားလေ၏။
စာကြည့်တိုက်ကြီးတစ်ခုလုံးမှာ တော်ဝင်ကျင့်စဥ်စာအုပ်က နှစ်အုပ်ပဲ ရှိတာလား။
နောက်နေတာလား။
သူသည် တစ်ဖက်သူက စာအုပ်စင်ကို ဖွင့်ပြီး မီးခံသေတ္တာကို ဖွင့်တာကို မြင်လိုက်ရ၏။ ထိုမျှများပြားသော ရှုပ်ထွေးသည့် ဖြစ်စဥ်ဖြင့် ဤနေရာတွင် တော်ဝင်ကျင့်စဥ်များစွာ ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ နှစ်အုပ်သာ ရှိနေလိမ့်မည်ဟု မထင်ထားပေ။
ဆိုရလျှင် ဤနေရာက သေးငယ်သည့် စာကြည့်တိုက်မဟုတ်။ ကျန်းဟိုင်စာကြည့်တိုက်ထက် အဆပေါင်းများစွာ ပိုကြီးမားသည်။ ၄င်း၏ အုတ်မြစ်က ကျန်းဟိုင်မြို့ စာကြည့်တိုက်ထက် အဆပေါင်းများစွာ ပိုကြီးမားပေ၏။ တော်ဝင်ကျင့်စဥ် နှစ်အုပ်သာ မရှိသင့်ပေ။
ပေ့ထျန်းစီက သူ့အတွေးများကို မြင်နိုင်ပုံပေါ်ကာ ရှင်းပြချင်၏။ သူက ရယ်ရမည်လား ငိုရမည်လား မသိတော့ပေ။
” ငါတို့ တတ်နိုင်တာ ဘာမှမရှိဘူး။ တော်ဝင်ကျင့်စဥ်တွေက ရှားပါးလွန်းတယ်။ လောကကြီးထဲမှ လူဘယ်နယောက်ရှိလဲ။ ဒါ့အပြင် အံ့ဖွယ်ဂိုဏ်းတွေ အများကြီး။ သူတို့ထဲက အများစုက တော်ဝင်ကျင့်စဥ်ကို မြင်တောင် မမြင်ဖူးဘူး ”
” ဒါ့အပြင် မိသားစုတွေက လက်ဆင့်ကမ်းလာတဲ့ ကျင့်စဥ်တွေအပြင် နိုင်ငံက ဆုပေးထားတဲ့ တော်ဝင်ကျင့်စဥ်တွေပဲ ရှိတာ။ စီရင်စု၉ခု စာကြည့်တိုက်ကတောင် တော်ဝင်ကျင့်စဥ်တွေ အများကြီး မရှိဘူး။ ဒါပေမဲ့ တော်ဝင်ကျင့်စဥ်တွေကို တကယ်ရှာချင်တယ်ဆိုရင် နည်းလမ်းတစ်ခုရှိတယ် ”
” ဘာနည်းလမ်းလဲ ”
” ချီရှန်းအဆင့် ကျင့်စဥ်တွေထဲကနေ ထုတ်တာ ”
ယဲ့ရှောင်က မင်သက်သွားလေ၏။ ချီရှန်းအဆင့် ကျင့်စဥ်ကနေ ထုတ်တာလား။ ဒါက သူ့ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က ထုတ်တဲ့နည်းနဲ့ တူတူပဲ ဖြစ်နေမလား။ ကျင့်စဥ်တွေထဲက အခြေအကျဆုံး ကျင့်စဥ်ကနေ ထုတ်ပြီး တစ်ခုတည်းအဖြစ် ပေါင်းလိုက်တာလေ။
ပေ့ထျန်းစီက ဆက်လက် ရှင်းပြ၏။
” တကယ်တော့ ကျင့်စဥ်တွေ အားလုံးက တော်ဝင်ကျင့်စဥ်ကနေ ခွဲထွက်လာတာ။ လူသားမျိုးနွယ်ရဲ့ ပါရမီက ကွဲပြားတာကြောင့် လူအများစုက ဒါကို မြင်ပြီးတော့ တော်ဝင်ကျင့်စဥ်ကို ချက်ချင်း သင်ယူနိုင်တယ်။ ဒါပေမဲ့ လူအများစုကတော့ တော်ဝင်ကျင့်စဥ်ကို မြင်တဲ့အချိန် ကောင်းကင်စာအုပ်ကို ကြည့်နေရသလိုမျိုး နားလည်သဘောမပေါက်ကြဘူးလေ ”
” ဒါကြောင့် ဘိုးဘေးတွေက တော်ဝင်ကျင့်စဥ်တွေကို ချီရှန်းအဆင့် ကျင့်စဥ်တွေအဖြစ် ခွဲထုတ်ဖို့အတွက် နည်းလမ်းကို သုံးပြီး ချီရှန်းအဆင့် ကျင့်စဥ်တွေကိုလည်း ဆက်ပြီး ခွဲခြားလိုက်တာ ”
” အဆုံးမှာတော့ ငါတို့ အခု ကြည့်နေတဲ့ ကျင့်ကြံခြင်းစနစ်ကို သူတို့ တည်ထောင်လိုက်တာပဲ ”
” သာမန် ကျင့်စဥ်ကနေ ထူးကဲကျင့်စဥ်။ ပြီးတော့ ချီရှန်းအဆင့်ကျင့်စဥ်နဲ့ နောက်ဆုံး တော်ဝင်ကျင့်စဥ်ပေါ့ ”
ထိုစကားများကို ကြားသောအခါ ယဲ့ရှောင်က နောက်ဆုံးတော့ သဘောပေါက်သွားလေ၏။
တင်းတင်းကြပ်ကြပ် ဆိုရလျှင် ကျင့်စဥ်များ၏ နောက်ဆက်တွဲက အောက်ခြေကနေ ထိပ်ထိမဟုတ်ပေ။ တိတိကျကျဆိုရလျှင် ကျင့်စဥ်များ၏ စီတန်းမှုသည် အောက်ကနေ အပေါ်ထိ မဟုတ်။ အမှန်တကယ်တွင် အပေါ်ကနေ အောက်ထိ ဖြစ်သည်။
ထို့ကြောင့် ချီရှန်းအဆင့်ကျင့်စဥ်များစွာကို အသုံးပြုခြင်းက ၄င်းတို့ကို ပေါင်းစည်းပြီး တော်ဝင်ကျင့်စဥ်တစ်ခု ဖွဲ့တည်နိုင်၏။
ယခင်က ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်သည် ချီတစ်ခုကဲ့သို့ ဆောင်ရွက်ပေးသောကြောင့် သူ စာအုပ်တစ်အုပ်ကို ဖတ်ရှုလိုက်သရွေ့ ကျင့်စဥ်၏ အခြေခံအများစုကို ဆွဲထုတ်ပေး၏။ ပြီးနောက် သူက တော်ဝင်ကျင့်စဥ်အဖြစ် ပေါင်းစည်းနိုင်သည်။ တစ်စုံတစ်ခု ရရန် အလွန်လွယ်ကူနေ၏။ ထို့ကြောင့် ပြဿနာကို များများစားစား မတွေးခဲ့မိပေ။
သို့သော် ထိုသို့ဆိုလျှင် ရွှေရောင်စာအုပ်သည်လည်း မတူညီသည့် ကျင့်စဥ်များကနေ ကျန်သည့် တော်ဝင်ကျင့်စဥ်များကို ပေါင်းစည်းနိုင်လောက်သင့်သည်။
၄င်းသည် တော်ဝင်ကျင့်စဥ်တစ်မျိုးကို ပေါင်းစည်းပြီးနောက် အမျိုးအစား တူညီသည့် တော်ဝင်ကျင့်စဥ်ကို ပေါင်းစည်းရန် ကျန်သည့် ကျင့်စဥ်များကို အဘယ်ကြောင့် ဆက်မသုံးရမည်နည်း။
ယဲ့ရှောင်သည် ချက်ချင်းပင် စိတ်တည်ငြိမ်အောင် လုပ်ကာ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်အကြောင်း တွေးလိုက်၏။ ဂရုတစိုက် နှိုင်းယှဥ်ကြည့်ပြီးနောက် အထဲရှိ နက်နဲမှုကို သူ ရှာဖွေတွေ့ရှိသွားသည်။
တော်ဝင်ကျင့်စဥ်အဖြစ် ပေါင်းစည်းပြီးထားသော စာရွက်များက သာမန် ကျင့်စဥ်များ မှတ်တမ်းတင်ထားသော စာရွက်ထက် ပိုထူသည်။
ရွှေရောင်စာအုပ်၏ စာရွက်အားလုံးက အကန့်အသတ် ရှိ၏။
ပေါင်းစည်းနိုင်သော ကျင့်စဥ်က ကန့်သတ်ထားပြီး အကန့်အသတ် မရှိတာ မဟုတ်ပေ။
အနည်းစု သို့မဟုတ် ကျင့်စဥ်တစ်ဒါဇင်ခန့်ကို တော်ဝင်ကျင့်စဥ်အဖြစ် ပေါင်းစည်းလိုက်ချိန်၌ ထိုအမျိုးအစားကျင့်စဥ်၏ အခြေခံအကျဆုံး ကျင့်စဥ်များကို မှတ်တမ်းတင်ထားသော စာရွက်သည်လည်း အတူတကွ ပေါင်းစည်းသွား၏။
ဓါးသိုင်းတစ်ခု ပေါင်းစည်းရန်အတွက် ဥပမာအနေဖြင့် အခြေခံအကျဆုံး ဓါးသိုင်း( ၉ ) မျိုး လိုအပ်သည်။ ပေါင်းစည်းပြီးနောက် ပေါင်းစည်းထားသော တော်ဝင်ကျင့်စဥ်ကို မှတ်တမ်းတင်ရန် စာရွက်တစ်ရွက် အသုံးပြုသည်ထက် ကျန်သည့်စာရွက်များက ထူထပ်သော စာရွက်နှစ်ရွက်အဖြစ် ပေါင်းစည်းသွားပြီး စာရွက်သည် တော်ဝင်ကျင့်စဥ်ကို မှတ်တမ်းတင်ထားလိုက်၏။
ပိုထူသော စာရွက်က အခြေခံကျင့်စဥ်အများဆုံးလည်း ပါဝင်၏။ ထို့ကြောင့် တူညီသည့် တော်ဝင်ကျင့်စဥ်ကို မှတ်တမ်းတင်ထားသည်။
ရလဒ်အနေဖြင့် ဓါးသိုင်း ပေါင်းစည်းရန် အသုံးပြုသည့် စာရွက်သည် တော်ဝင်အဆင့် ဓါးသိုင်းကို သာ မှတ်တမ်းတင်နိုင်၏။ ဓါးမော့သိုင်းပေါင်းစည်းရန် အသုံးပြုသည့် စာရွက်သည် တော်ဝင်အဆင့် ဓါးမော့သိုင်းကိုသာ မှတ်သားထား၏။ အကြောင်းမှာ ၄င်းတွင် အခြေခံ ဓါးမော့ကျင့်စဥ် ပါဝင်နေသောကြောင့် ဖြစ်သည်။
၄င်းကို ယဲ့ရှောင်က ယခင်က သတိမပြုမိရုံသာ ဖြစ်၏။
ကျင့်စဥ်တစ်ခုကို တော်ဝင်ကျင့်စဥ်အဖြစ် ပေါင်းစည်းပြီးနောက် ယင်းကို ဆက်လက် မသန့်စင်နိုင်တော့တာ အံ့သြစရာ မရှိပေ။ အကြောင်းမှာ ၄င်းသည် အခြေခံကျင့်စဥ်များ ဖြစ်နေသောကြောင့် ဖြစ်၏။ စာရွက်အတိဖြစ်သွားသည်နှင့် ရွှေရောင်အုပ်က ထိုအမှိုက်ကျင့်စဥ်များကို ဆက်လက် ပေါင်းစည်းပေးတော့မှာ မဟုတ်ပေ။
ယင်းက ယဲ့ရှောင်၏ မဟာပဟေဠိများထဲမှ တစ်ခုခု ဖြေရှင်းပေးလိုက်၏။
ဤနည်းဖြင့် ကျင့်စဥ်များစွာ၏ ဇစ်မြစ်က တူညီနေသည့်တိုင် တော်ဝင်အဆင့်အထက် ပေါင်းစည်းရန် လိုအပ်သည့် မတူညီသော ကျင့်စဥ်များစွာ ရှိနေရသည့် အကြောင်းအရင်းက ပေါ်လာ၏။
ဓါးသိုင်းများနည်းတူ သူသည် အခြေခံ အကျဆုံး ဓါးသိုင်းများကို သန့်စင်ပြီး ဖြစ်သည်။ ယင်းက ကောင်းကင်ပိုင်းဖြတ်ဓါးသိုင်းဖြစ်စေ၊ အသင်္ချေဓါးများမှ မူလသို့ဖြစ်စေ၊ တော်ဝင်ဓါးသိုင်းဖြစ်စေ သူတို့အားလုံးက ဓါးသိုင်းများသာ ဖြစ်သည်။
သူတို့အားလုံးသည် အခြေခံအကျဆုံး ဓါးသိုင်းကနေ မလွတ်မြောက်နိုင်ပေ။ ဥပမာအနေဖြင့် ထိုးစိုက်ခြင်း၊ ခုတ်ပိုင်းခြင်း၊ ပိုင်းဖြတ်ခြင်း၊ ရိတ်သိမ်းခြင်း။
သို့သော်ငြား ရွှေရောင်စာအုပ်က မတူညီသည့် ဓါးသိုင်းများအဖြစ် ခွဲခြားတာ ခံရသေးသည်။
ဆိုလိုသည်က တော်ဝင်ကျင့်စဥ်များသည် သာမန်ကျင့်စဥ်များ၏ ရှုထောင့်အပြင်ကို ထွက်နေပြီဖြစ်သော်ငြား ကဏ္ဍတစ်ခုတွင်မူ ကွဲပြားနိုင်၏။
အဲ့ဒါကို ပြသဖို့ နည်းလမ်းတစ်ခုများ ဖြစ်နေမလား။
ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးက ဓါးတစ်ကွက်သာရှိပြီး အသင်္ချေဓါးများမှ မူလသို့သည် ဓါးတစ်သောင်းရှိကာ တော်ဝင်ဓါးသိုင်းက ဓါး ( ၁၀၈ ) ကွက်ရှိသည်။
ယင်းသည် ကျင့်စဥ်တစ်မျိုး၏ နက်နဲသော အဓိပ္ပာယ် သို့မဟုတ် တစ်စုံတစ်ခု ဖြစ်နေမည်လော။
ယဲ့ရှောင်သည် ထိုအချက်ကို အမှန်တကယ် မတွေးနိုင်ပေ။ သို့သော် တော်ဝင်အဆင့် ကျင့်စဥ်က မတူညီပေ။
ယဲ့ရှောင်သည် ယခုအချိန်၌ ကိစ္စနှစ်ရပ်ကို သဘောပေါက်သွားပြီ ဖြစ်သည်။
ရှေးဦးစွာ ရွှေရောင်စာအုပ်၏ တော်ဝင်ကျင့်စဥ်ကို ပေါင်းစည်းပြီးနောက် အခြေခံကျင့်စဥ်ကို မှတ်တမ်းတင်ထားသော စာရွက်ကလည်း ပေါင်းစည်းသွားသည်။ ထိုအမျိုးအစားကျင့်စဥ်၏ အခြေခံစွမ်းရည်များလည်း ရှိသည့် စာရွက်ဖြူတွင် ပေါင်းစည်းသွားမည်ဖြစ်ကာ ပြီးနောက် ၄င်းက အမျိုးအစားတူညီသည့် နောက်ထပ် တော်ဝင်ကျင့်စဥ်ကို မှတ်တမ်းတင်ရန် စောင့်နေ၏။
သို့သော်ငြား အခြေခံကျင့်စဥ်များကို ပေါင်းစည်းပြီးနောက် ၄င်းက နောင်ကြ အခြေခံကျင့်စဥ်ကို ထပ်မံ ပေါင်းစည်းနိုင်တော့မှာ မဟုတ်ပေ။
ဒုတိယအချက်အနေဖြင့် ရွှေရောင်စာအုပ်ထဲတွင် မပါဝင်သည့် ကျင့်စဥ်များကတောင် သူတို့က အသုံးမပြုရသေးဟု မဆိုလိုပေ။
တူညီသည့် အခြေခံကျင့်စဥ်များ ရှိနေတာ ဖြစ်လောက်သည်။ ဓါးမော့ကျင့်စဥ်ကို အခြေခံ ဓါးမော့ကျင့်စဥ်များထဲမှ တစ်ခုအနေဖြင့် သတ်မှတ်နိုင်၏။ သို့သော်ငြား ၄င်းတို့သည် ကျန်သည့် တော်ဝင်ဓါးမော့ကျင့်စဥ်နှင့် ပေါင်းစည်းနိုင်သေး၏။ သို့သော် ၄င်းသည် ခွဲခြားစိတ်ဖြာပြီး သူ့ဘာသာသူ ခွဲထွက်ရန် လိုအပ်ကာ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို ကျော်ပြီး မလုပ်နိုင်ပေ။
သို့သော် ယင်းက ကောင်းမွန်သည့် ကိစ္စရပ်လည်း ဖြစ်သည်။ အနည်းဆုံးတော့ သူသည် ချီရှန်းအဆင့် ကျင့်စဥ်များကို ဆက်လက် ရှာဖွေရန် စာကြည့်တိုက်ကို သုံးနိုင်ပြီး ၄င်းကို ပေါင်းစည်းနိုင်၏။
” မစ္စတာ ယဲ့ မစ္စတာ ယဲ့ ”
ယဲ့ရှောင် ကြောင်အနေတာကို မြင်သောအခါ ပေ့ထျန်းစီက နှစ်ကြိမ်ခန့် ခေါ်လိုက်တော့၏။
ယဲ့ရှောင်က သတိပြန်ဝင်လာသည်။
” မစ္စတာ ယဲ့ အဆင်ပြေရဲ့လား ”
” ကျုပ် အဆင်ပြေပါတယ်။ နည်းနည်း ဒုက္ခများတယ်လို့ ခံစားမိရုံပဲ ”
ပေ့ထျန်းစီက ရယ်မောလိုက်၏။
” ဘာကြောင့် ဒီလိုပြောတာလဲ။ တော်ဝင်ကျင့်စဥ်တွေကို ချီရှန်းအဆင့် ကျင့်စဥ်အဖြစ် ခွဲတာက လွယ်တယ်။ ဒါပေမဲ့ ချီရှန်းအဆင့် ကျင့်စဥ်တွေကို တော်ဝင်ကျင့်စဥ်အဖြစ် ပေါင်းရတာက တကယ်ခက်ခဲတယ်လေ ”
အပိုင်း ၂၃၉ ပြီး၏။