Switch Mode

Chapter – 9

ကြောက်မက်ဖွယ်ရာ စွမ်းရည်

Chapter – 9 ကြောက်မက်ဖွယ်ရာ စွမ်းရည်

” အာ့ဒီလောက်အထိ အချိန်ရမှာ မဟုတ်တော့ဘူး သူက အရမ်းကို မြန်နေတာဟ ငါတို့ရွာအနောက်ဘက်ပိုင်းမှာ လွတ်မြောက်ဖို့ လမ်းတစ်လမ်းတော့ရှိတယ်…”

ဖီးဟိုက အော်ဟစ်လို့ပြောလိုက်ပါတယ်။ သူမက ပရမ်းပတာအခြေအနေတွေကြောင့် လက်မောင်းမှာ ကျောက်ခဲထိမှန်ခံထားရပြီး နာကျင်မှုကြောင့်လည်း မျက်နှာမဲ့လို့နေပါတယ်။ သူ့ရဲ့ လက်မောင်းက အသားတစ်တော်တော်များများဖွာလံကျဲနေပြီး ဒဏ်ရာကနေ သွေးတွေစီးကျနေခဲ့ပါတယ်။

” ဒီနားမှာ ဂူအရှည်ကြီးတစ်ခုရှိတယ် ငါတို့အွဒီိမှာ သွားပုန်းနေကြမယ်…”

ရှီဟောင်က ကောင်လေးတွေအားလုံးကို လှမ်းအော်လိုက်ပါတယ်။ သူတို့က ချောက်ကမ်းပါးတောင်စောင်းတစ်လျှောက်ကနေ ထွက်ပြေးလာခဲ့တာပါ။ သူတို့က ကျောက်ဆောင်ကြီးတွေကို ကျော်ဖြတ်ပြီးတဲ့အခါမှာ နွယ်ပင်ကြီးတွေက ကာဆီးလို့နေပါပြီ။ ရှီဟောင်ရဲ့ ခိုးကြောင်ခိုးဝှက်နိုင်တဲ့ အမူအယာကြောင့် ကောင်လေးတွေကလည်း သူ့အနောက်ကနေ ခြေသံလုံလုံနဲ့ လိုက်ပါသွားခဲ့ပါတယ်။

ဂူကြီးက အရမ်းကို စိုထိုင်းနေပြီး နွယ်ပင်တွေကလည်း ဖုံးလွှမ်းနေပါတယ်။ ဂူထဲက ရေကျသံကို ဝိုးတဝါးကြားနေရပြီး အလင်းရောင်နီးပါးလွန်းတာကြောင့် မှောင်မိုက်နေပါတယ်။ ကောင်လေးတွေအားလုံးက လိုဏ်ဂူထဲကို အလောတကြီး၀င်ရောက်လိုက်ကြပြီး ဘယ်သူမှ နောက်ကျန်မနေခဲ့ပါဘူး။ သူတို့အားလုံးဟာ အရူးတွေလို တဟုန်ထိုးပြေး၀င်သွားပြီး ၁၀မီတာလောက်ရောက်သွားချိန်မှာတော့ ရပ်လိုက်ကြပါတယ်။

မှောင်မိုက်နေတဲ့ ဂူအတွင်းမှာ အသက်ရှူသံတွေ ပြင်းထန်လို့နေပါတယ်။ သူတို့က မီတာ၅၀၀ကျော်လောက် အဆက်မပြတ်ပြေးလွှားလိုက်ရတာကြောင့် ကောင်လေးတွေအားလုံး အသက်ရှူရပ်မတတ်မောပန်းနေခဲ့ပါတယ်။ အခုသူတို့အရမ်းကိုကြောက်လန့်နေရတာကတော့ အကြေးခွံစိမ်း လင်းယုန်ငှက်ကြီးက အစွမ်းထက်လွန်းနေတာကြောင့်ပါပဲ။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အဖမ်းခံရပြီး သူ့ရဲ့ ခြေသည်းကြီးတွေနဲ့ ကုပ်ဆွဲခံရရင် သူတို့ရဲ့ အရိုးတွေ အသားတွေဟာ စိစိညက်ညက်ကျေသွားမှာပေါ့။

” အန္တရာယ်များလိုက်တာကွာ ငါတို့တော့ အဆုံးသတ်ပြီပဲ…”

ကောင်လေးတစ်ယောက်က စိတ်ပျက်လက်ပျက်ငြီးညူလိူက်ပြီး ကောင်လေးတွေဟာ မြေပေါ်ကို ခြေပစ်လက်ပစ်ထိုင်ချလိုက်ပါတယ်။

” ဂူပေါက်က ကျဉ်းကျဉ်းလေး လင်းယုန်စိမ်းကြီး ၀င်မလာနိုင်ပါဘူးကွာ…”

ကောင်လေးတွေဟာ ခြေပစ်လက်ပစ်အနားယူလိုက်ကြပေမယ့်လည်း သူတို့ကိုယ်သူတို့ ကြိုတင်ကာကွယ်ထားကြဖို့တော့ မမောကြပါဘူး။

သူတို့တွေ ဒီတစ်ကြိမ်ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံက အမှန်တကယ်ကို အန္တရာယ်ကြီးမားလှပါတယ်။ အခန့်မသင့်ရင် သူတို့တွေဟာ တောနက်ကြီးထဲမှာ အရိုးဆွေးသွားပါလိမ့်မယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ခြေသည်းကြီးတွေအောက်ကနေ ထွက်ပြေးလာနိုင်ပြီးနောက်မှာတော့ သူတို့ဟာ နည်းနည်းတော့ တည်ငြိမ်လာကြပါပြီ။ ကောင်လေးတွေရဲ့ ကျောပြင်တစ်ခုလုံးက ရေချိုးထားတဲ့အလား ချွေးတွေရွှဲနှစ်လို့နေပါတယ်။

လိုဏ်ဂူကြီးက အရမ်းကိုနက်ရှိုင်းပြီး မြေအောက်မြစ်တစ်ခုခုနဲ့ ဆက်စပ်နေပုံရပါတယ်။ လေအေးအေးတစ်ချက်ဟာ သူတို့ကြားကိုတိုးဝှေ့ဖြတ်တိုက်ခိုက်လိုက်ချိန်မှာပဲ ကောင်လေးတွေဟာ တစ်ယောက်မျက်နှာတစ်ယောက် စိတ်ပျက်လက်ပျက်ကြည့်လိုက်ကြပါတယ်။ သူတို့ထဲက တစ်ချို့က စိုးရိမ်ပူပန်နေကြပါပြီ။ အချိန်တွေဘယ်လောက်ကြာမှ သူတို့တွေ ကျောက်ခေတ်ရွာကို ပြန်နိုင်ကြမလဲ။ သူတို့ထဲက ဘယ်သူမှတော့ ဒီဂူထဲကနေ မထွက်ရဲကြသေးပါဘူး။

” သူငယ်လေး မင်း ဒီဂူကို ဘယ်လိုလုပ်ပြီး သိနေတာလဲ..”

သူတို့တွေက နည်းနည်းတည်ငြိမ်သွားချိန်မှာတော့ သူတို့အတွက်အရေးပါတဲ့ ဂူကြီးကို ရှီဟောင်ဘယ်လိုရှာတွေ့ထားသလဲဆိုတာမေးလိုက်ပါတယ်။

” ယိ ယ ”

ရှီဟောင်က နည်းနည်းအရှက်သည်းသွားတဲ့ပုံစံနဲ့ သူ့ရဲ့အကျီ င်္စတွေကို လက်နဲ့ လုံးချေနေလိညက်လို့ပါ။ သူက အသံသေးသေးလေးနဲ့ ပြောပြလိုက်ပါတယ်။

” အရင်တုန်းက စာနီလေးတစ်ကောင်ကို ရွာထဲကနေ လိုက်ဖမ်းရင်း ဒီနေရာကို မတော်တဆတွေ့လိုက်မိတာပဲ…”

ကောင်လေးတွေဟာ ငြိမ်သက်သွားကြပါတယ်။ ရှီဟောင်က သူတို့ထဲမှာ အငယ်ဆုံးပါ။ ဒါပေမဲ့ သူက တစ်ခါမှ ဂနာမငြိမ်ဘဲ တွေ့သမျှအရာတိုင်းကိုလည်း အရမ်းစပ်စုပါတယ်။ သူက ရွာအကြီးအကဲအဘိုးရဲ့ ခွေးဝါကြီးကိုတောင် အလွတ်မပေးဘဲ လိုက်ဖမ်းတတ်တာကြောင့် ခွေးဝါကြီးက အမြဲတမ်းလိုလို ရွာထဲပတ်ပြေးနေရတတ်ပါတယ်။

” ဟားးး ဟားးး ကောင်းတယ် သုံးနှစ်ကလေးလေးက အရာအားလုံးတော်နေတော့တာပဲ ဒါက နို့သောက်လို့ထင်တယ်…”

ကောင်လေးတွေက ရှီဟောင်ကို စနောက်လိုက်ကြပါတယ်။ ရှီဟောင်က တော်တော်လေးကို ရှက်လာခဲ့ပြီး သူ့ရဲ့ ပါးပြင်နှစ်ဖက်ကလည်း နီရဲလာခဲ့ပါတယ်။ ဒါကြောင့်သူက နှုတ်ခမ်းစူလိုက်ပြီး သူ့မှာ အပြစ်မရှိကြောင်း ရှင်းပြလိုက်ပါတယ်။

” မင်းတို့ကောင်တွေ ရယ်နေတာ ရပ်ကြတော့ သွေးနီရောင်အမွှေးအမျှင်တွေနဲ့ စာငှက်လေးက တကယ်ရှိတာကွ အရိုးစာသားကျမ်းထဲမှာလည်း အသေအချာရေးထားတယ် ရှေးနတ်ဘုရားတို့ရဲ့ မိုးငှက်နဲ့တူတယ်…”

” မင်းက စာနီငှက်လေးကို ဖမ်းမိခဲ့လို့လား ရှေးနတ်ဘုရားတွေရဲ့ မိုးငှက်သာဆိုရင် ကလန်တွေကိုတောင် ဖျက်စီးပစ်နိုင်တယ်လေ အာ့ဒီလိုသာမဟုတ်ရင် ဒါက ဒဏ္ဏာရီထဲက ယုံတမ်းစကားတွေဖြစ်နေမှာပေါ့…”

” ဒါပေမဲ့ အရိုးစာသားကျမ်းထဲက မှတ်တမ်းတွေနဲ့ စာနီငှက်ကလေးက တကယ့်ကို အတိအကျတူနေတာဟ သူ့ အမွှေးတွေကသွေးနီရောင်လှိုင်းတွေထနေပြီး အရမ်းကို လှတာ..”

ရှီဟောင်က သူ့ကိုယ်သူခုခံကာကွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူ့ရဲ့ သေးငယ်တဲ့လက်ဖြူဖြူလေးကိုလည်း တင်းတင်းကျပ်ကျပ်ပြန်ဆူပ်ထားခဲ့ပါတယ်။ သွေးနီရောင်သန်းနေတဲ့ မျက်နှာက စိတ်ခံစားချက်ကြီးမားမှုကို ဖော်ပြနေပြီး မဟူရာရောင်မျက်လုံးတွေကတော့ နက်ရှိုင်းလှတဲ့ချောက်နက်ကြီးတွေလိုပါပဲ။

” ဒုန်း….”

ရုတ်တရက်အသံကြီးတစ်ခုက ဆူညံစွာထွက်ပေါ်လာပြီး မမြင်ရတဲ့ဖိအားတစ်ခုက သူတို့အပေါ်သက်ရောက်လာခဲ့ပါတယ်။ ကောင်လေးတွေက သူတို့ရဲ့ခေါင်းကိုဂူပေါက်၀ဘက်လှည့်လိုက်ချိန်မှာ သတ္တုရောင်မှိန်မှိန်လေးတစ်ချက်လင်းလက်သွားခဲ့ပါတယ်။ ဂူ၀ကနေ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ခေါင်းက ထင်ထင်ရှားရှားပေါ်လာခဲ့ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို အံ့သြထိတ်လန့်နေတဲ့ အကြည့်တွေနဲ့ခြောက်ခြားစွာကြည့်လိုက်မိပါတယ်။

” သူ၀င်လာတော့မှာလား…”

ကောင်လေးတွေရဲ့ မျက်နှာဟာ စက္ကူဖြူတစ်ရွက်လို ဖြူဖျော့လို့သွားခဲ့ပါပြီ။

” ဘာမှ ပြဿ နာမရှိပါဘူး ဂူ၀က အကြီးကြီးမှ မဟုတ်တာ သူ၀င်ဖို့ လမ်းမရှိဘူး….”

အန်းမန်က စိတ်အားတင်းလိုက်ပြီး စကားပြောနေချိန်မှာပဲ ကောင်လေးတစ်ယောက်က ကျောက်ခဲတစ်လုံးကောက်ကိုင်လိုက်ပြီး အစွမ်းကုန်ပစ်ပေါက်လိုက်ပါတယ်။

” ဗုန်း…”

ကျောက်ခဲကြီးနဲ့ ၁၀၀၀ဂျင်ခွန်အားရှိတဲ့ စွမ်းအားတွေပေါင်းစပ်သွားတဲ့ အမြန်နှုန်းက အသံထက်ကို မြန်ဆန်နေခဲ့ပါပြီ။ ကျောက်ခဲကြီးက ချက်ချင်းပဲ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ခေါင်းကို ထိမှန်သွားခဲ့ပါတယ်။ ဒါပေမဲ့ မီးတောက်လေးနည်းနည်းသာဖြစ်ပေါ်လာပြီး ပဲ့တင်သံသေးသေးသာ ထွက်ပေါ်လာပါတယ်။ ရေခဲအအေးအလင်းရောင်နဲ့ တူတဲ့ သတ္တုရောင်မှိန်မှိန်လေးဟာ နည်းနည်းလေးမှ ပျက်စီးမသွားခဲ့ပါတယ်။ အာ့ဒီအစား ကျောက်ခဲကြီးသာ မြေပြင်ကို ပြန်ပြုတ်ကျလာပြီး အပိုင်းပိုင်းအစစကွဲကျေသွားပါတော့တယ်။

ကောင်လေးတွေဟာ ရေခဲမြစ်ထဲပြုတ်ကျသွားသလိုခံစားလိုက်ရပြီး အသက်ရှူရပ်မတတ်ဖြစ်သွားပါတယ်။ ရက်စက်ကြမ်းကြုတ်လှတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အသားအရေနဲ့ အရိုးတွေက အရမ်းကိုအစွမ်ထက်ပြီး မာကျောနေခဲ့တယ်လေ။ ဒါက ကောင်လေးတွေ အားလုံးကို အကြီးအကျယ်တုန်လှုပ်သွားစေခဲ့ပါတယ်။

” ဝုန်း…”

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ သံချွန်တွေအလား ချွန်ထက်နေတဲ့ ခြေသည်းတွေဟာ ဂူပေါက်၀ကို အလွယ်တကူပဲ ထိုးဖောက်သွားခဲ့ပါတယ်။ အလေးချိန်ဂျင်ရာပေါင်းများစွာရှိတဲ့ ကျောက်တုံးတွေက ပြိုကျလာခဲ့ပါတယ်။

ကောင်လေးတွေဟာ အံ့သြလွန်းလို့ စကားတောင်မပြောနိုင်ကြတော့ပါဘူး။ သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ လိုဏ်ဂူ၀ကျဉ်းကျဉ်းလေးက အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို တားဆီးထားနိုင်ပါဦးမလား။

” ဝုန်း…”

” ဖေရာ …”

တစ်ဆက်တည်းမှာပဲ ကျောက်ဆောင်ကျောက်ခဲတွေဟာ လွှင့်စင်သွားခဲ့ပြီး အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက သူ့ရဲ့သံမဏိတွေလို မာကျောတဲ့ အတောင်ပံတွေနဲ့ ဂူပေါက်ကို ရိုက်ချနေပါပြီ။ ဓားသွားတွေလိုထက်မြက်လှတဲ့ အတောင်ပံတွေဟာ မိုးကောင်းကင်ကိုတောင် ပိုင်းဖြတ်တော့မဲ့အလား ပျက်စီးခြင်းအော်ရာတွေပြည့်နှက်လို့နေခဲ့ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ဂူပေါက်၀အဆက်မပြတ်ချဲ့ထွင်နေပြီး သူ့ရဲ့ခန္ဓာကိုယ်ကို တိုး၀င်နိုင်အောင် ကြိုးစားနေတာပါ။

” အရမ်းကိုကြောက်စရာကောင်းပါလား ဒါက တကယ်ကိုလိုဏ်ဂူကို ပြိုကျစေနိုင်တယ်မလား ဒါဆိုဒီနေရာက ဟင်းလင်းပြင်ဖြစ်သွားတော့မှာ…”

ဖီးဟိုက လေးနဲ့မြှားကို ထုတ်ယူလိုက်ပါတယ်။ သူ့ရဲ့လေးကြီးက ဆင်နဂါးဦးချိုသားရဲကောင်အရိုးကနေ ပြုလုပ်ထားတာပါ။ ကျောက်ခေတ်ရွာရဲ့ အကောင်းဆုံးလေးတွေထဲက တစ်လက်ဖြစ်ပြီး ပုံမှန်အားဖြင့်တော့ လူကြီးတွေသာ လေးညို့တင်နိုင်ပါတယ်။

” ဝှီး…”

ဖီးဟိုရဲ့ လေးညို့ကမြှားတံဟာ အစွန်းရောက်မဟာစွမ်းအားတွေပါ၀င်နေတဲ့အလား တိုးထွက်သွားပါတယ်။ မြှားရဲ့လျှင်မြန်မှုအရှိန်အဟုန်ဟာ ဥက္ကာခဲတစ်လုံး အာကာသမှာ ပျံသန်းသွားတဲ့အလား မြန်ဆန်လို့နေပါတယ်။

” ဒေါင်…”

သို့သော်လည်း ကောင်လေးတွေအားလုံးကို ထပ်ပြီးတုန်လှုပ်သွားစေခဲ့ပြန်ပါပြီ။ ဖီးဟိုရဲ့ လျှင်မြန်ပြီးအားပါတဲ့ မြှားချက်ဟာ အကြေးခွံစိမ်လင်းယုန်ငှက်ကြီးခေါင်းကို ထိမှန်ခဲ့ပေမယ့်လည်း မီးစဖွားလေးတစ်စသာ ထွက်သွားပါတယ်။ ဧရာမငှက်ကြီးရဲ့ အကြေးခွံကို ထိုးဖောက်ဖို့ အမှန်တကယ်ခက်ခဲလို့နေပါပြီ။ ဓားသွားတွေလို ချွန်ထက်လှတဲ့ မြှားတံတောင်မှ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို မထိရောက်ခဲ့ပါဘူး။

ကောင်လေးတွေဟာ သူတို့ဘယ်လိုလုပ်လုပ် အရာမထင်တာကြောင့် ကြောက်ရွံ့မှုနဲ့ စိတ်ပျက်မှုတွေသာကြီးစိုးလာပါတယ်။ ဒါကသူတို့လေးတွေရဲ့ ခိုင်မာတဲ့စိတ်ဓာတ်လေးတွေကိုတောင် ထိခိုက်သွားစေမတတ်ပါပဲ။ အဝေးကနေ တိုက်ခိုက်မှုတွေက မအောင်မြင်တာကြောင့် သူတို့ဟာ အနီးကပ်တိုက်ခိုက်မှုကိုသာ သေချာပေါက်ရွေးချယ်ရပါတော့မယ်။ သူတို့ဟာ စိုးရိမ်စရာကောင်းလောက်တဲ့ အခြေအနေဆိုးမှာ ကျရောက်နေခဲ့ပါပြီ။

” ယိ ယ ငါ ကြိုးစားကြည့်ပါဦးမယ်ဟ…”

ရှီဟောင်က ၄၀ ၅၀ ဂျင်အလေးချိန်ရှိတဲ့ လှံတံတစ်ချောင်းကို ဆွဲထုတ်လိုက်ပါတယ်။ သူဟာ ဂူပေါက်၀ကို တဟုန်ထိုးပြေးထွက်သွားခဲ့ပါတယ်။ သူဟာ အရိပ့်တစ်ခုလို ဖြစ်သွားခဲ့ပြီး မမြင်ရလောက်အောင်ကို မြန်ဆန်နေခဲ့ပါတယ်။ ဒီ့နောက်မှာတော့ သူဟာ လှံတံကို ပစ်လွှတ်လိုက်တယ်ဆိုရင်ပဲ လျှပ်စီးလက်သလိုအလင်းတန်းတစ်ခုဟာ အေးစိမ့်နေတဲ့လေထုကို ထိုးခွင်းသွားပါတယ်။

အလေးချိန်၁၀၀၀ဂျင်ရှိတဲ့ ကြေးနီအိုးကြီးကိုချီမပြနိုင်တဲ့ ရှီဟောင်က သူရဲ့ လှံတံကိုပစ်လွှတ်လိုက်ချိန်မှာတော့ သူ့ရဲ့ရှိသမျှခွန်အားတွေကို အသုံးပြုလိုက်ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ပစ်ခတ်တိုက်ခိုက်လိုက်တဲ့ ကလေးငယ်တစ်ယောက်ရဲ့ စွမ်းအားတွေက အမှန်တကယ်ကိုကြောက်မက်ဖွယ်ရာကောင်းနေပါတယ်။ ရှီဟောင်ပစ်လွှတ်လိုက်တဲ့လှံတံဟာ မိုးကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေနိုင်တဲ့ တဝီ၀ီအသံကြီးပါ မြည်ဟိန်းလို့နေပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရှီဟောင်ကို ရွံရှာမုန်းတီးစွာစိုက်ကြည့်လိုက်ပြီး သူ့ရဲ့ ခြေသည်းလက်သည်းတွေနဲ့ လှံတံရဲ့တိုက်ခိုက်လာခြင်းကို ပထမဆုံးအကြိမ်အံ့သြစရာကောင်းလောက်အောင် ကာကွယ်ဖို့ပြင်လိုက်ပါတယ်။ ရှီဟောင်ရဲ့ လှံတံကလည်း အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးခေါင်းဆီကို ဦးတည်နေရာကနေ လမ်းကြောင်းပြောင်းလဲသွားပြီး မျက်လုံးတစ်ဖက်ဆီတိုး၀င်သွားခဲ့ပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း သူ့ရဲ့ခေါင်းကို စောင့်ငဲ့ပြီး လှံတံကို ရှောင်တိမ်းလိုက်ပါတယ်။ ဒါပေမဲ့လည်း အလင်းလိုမြန်ဆန်လှတဲ့လှံတံကို လွတ်အောင်မရှောင်နိင်တော့ဘဲ သူ့ရဲ့ မျက်လုံးနားမှာထိုးစိုက်မိသွားပါတယ်။ သတ္တု ပြားနှစ်ခု ပြင်းပြင်းထန်ထန်ထိခိုက်မိသလို အသံကြီးပေါ်ထွက်လာပြီး မီးပွားစများဖြာထွက်သွားပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးလည်း တောင်ပံနှစ်ဖက်တဖြန်းဖြန်းခတ်လိုက်ပြီး စူးရှကျယ်လောင်တဲ့အသံကြီးလည်း နားကွဲမတတ်ပေါ်ထွက်လို့လာပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ခေါင်းခါရမ်းမှုကြောင့် နောက်ဆုံးမှာတော့ သံမဏိလှံတံက ကျွတ်ထွက်သွားကာ မျက်လုံးထောင့်စွန်းမှ သွေးစက်တို့ စီးကျလာခဲ့ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ သူ့ရဲ့ စိတ်ဝိညာဉ်တွေပိုင်းဖြတ်ခံရသလိုခံစားလိုက်ရပြီး ကျယ်လောင်စွာ သံရှည်မြည်ဟိန်းလိုက်ပါပြီ။ ဒါက နဂါးတစ်ကောင်ရဲ့ ဟိန်းဟောက်သံလို အလွန်အမင်းကို ကြောက်စရာကောင်းနေခဲ့ပါတယ်။

ကောင်လေးတွေဟာ မြေပြင်ပေါ်ကို ဖင်ထိုင်လျှက်လှဲကျသွားခဲ့ပြီး အနောက်ဘက်ကို တရွတ်တိုက်အလန့်တကြားဆုတ်သွားကြပါတယ်။ သူတို့က နားနှစ်ဖက်ကို လက်တွေနဲ့ အလျှင်အမြန်ပိတ်ထားလိုက်ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အော်ဟစ်သံဟာ သူတို့ရဲ့ နားစည်တွေကိုတောင် ကွဲအက်ပျက်စီးသွားမတတ်ပါပဲ။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက သူ့ရဲ့ပေါ့ဆမှုက ဒဏ်ရာရသွားစေတာကြောင့် ရူးသွပ်မတတ်ခံစားလိုက်ရတာပါ။ လင်းယုန်စိမ်းငှက်ကြီးရဲ့ မျက်၀န်းထောင့်က တစ်စက်ချင်းစီးကျလာတဲ့ သွေးစက်တွေကို ရှီဟောင်က ကြည့်လိုက်ပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ကြီးမားလှတဲ့ခြေသည်းကုတ်ချက်တွေကြောင့် ဂူနံရံက အလွှာလိုက်ကွာကျလို့လာခဲ့ပါတယ်။ ၁၀ဂျင်ကနေ ၁၀၀ကျော်ဂျင်အလေးချိန်ရှိတဲ့ ကျောက်တုံးကျောက်ဆောင်တွေဟာလည်း သစ်သားစတွေအလား ကြေမွလို့သွားခဲ့ပါတယ်။ လိုဏ်ဂူကြီးကလည်း ဟင်းလင်းအဖွင့်ခံလိုက်ရပြီး အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ဒေါသတကြီးအော်ဟစ်လို့ နေဆဲပါပဲ။

” ငှက်မိစ္စာကောင်တော့ ရူးသွားပြီထင်တယ် ငါတို့ကို အပိုင်းပိုင်း အစစဖြစ်အောင် ကုတ်ဆွဲတော့မဲ့ပုံပဲ…”

ဖီးဟိုနဲ့ တခြားကောင်လေးတွေဟာ ကြောက်ရွံလို့နေပြီလေ။ သူတို့တွေဟာ အခုချိန်မှာတော့ အမှန်တယ်ကို နောင်တရလို့နေခဲ့ပါတယ်။ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသားလူကြီးတွေတောင် အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကိုကြောက်လန့်လှတာကြောင့် ဘယ်သောအခါမှ ဆင်ကန်းတောတိုးအပြုအမူမျိုးလုပ်မှာ မဟုတ်ပါဘူး။

” ဒီနေရာက ကျောက်ခေတ်ရွာနဲ့ နီးကပ်နေပြီ
အဘိုးအကြီးအကဲနဲ့ တစ်ခြားသူတွေသာ ငါတို့ဆီက ဆူသံတွေကိုကြားနေရရင် ငါတို့ကိုရှာဖို့ လူလွှတ်ပေးလိမ့်မယ်..”

ရှီဟောင်က အရွယ်နဲ့မလိုက်အောင် အေးအေးသက်သာ ပြောဆိုလိုက်ပါတယ်။

” ငါတို့ အသံကျယ်နိုင်သမျှ ကျယ်စေချင်ရင်တော့ ငှက်မိစ္စာကောင်ကို တိုက်ခိုက်ပြီး ဒေါပွအောင် အစွမ်းကုန်လုပ်ကြတာပေါ့ အဘိုးအဘကီးအကဲနဲ့ တခြားသူတွေ သေချာပေါက်ငါတို့ကို မြန်မြန်လေး ရှာတွေ့မှာ…”

ရှီဂီဇောင်ကလည်း ပြောလိုက်ပါပြီ။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အော်ဟစ်သံဟာ ပိုပိုပြီး ကြောက်စရာကောင်းလာခဲ့သလို ဂူတစ်ခုလုံးကလည်း ဖုန်းအလိမ်းလိမ်းထလို့နေပါတယ်။

ကောင်လေးတွေဟာ သူတို့ရဲ့ မျက်လုံးကို အစွမ်းကုန်ဖွင့်လိုက်ပြီး လေးနဲ့မြှားကို ပြင်ဆင်လိုက်ကြပါတယ်။ ရှီဟောင် ရှီဂီဇောင် နဲ့ ရှီမန်တို့ကတော့ သူတို့ရဲ့ သံမဏိလှံတံတွေကို ကိုင်ဆွဲလိုက်ကြပါတယ်။

ကျောက်ဆောင်ကျောက်ခဲတွေက နေရာတိုင်းမှာ အတုန်းအရုန်းလှဲပြိုကျ လို့လာခဲ့ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကလည်း ပိန်းပိတ်အောင်မှောင်မဲသွားတဲ့ ဖုန်းလှိုင်းတံပိုးတွေကြောင့် လိုဏ်ဂူထဲကနေ ခြေလှမ်းတော်တော်များများနောက်ဆုတ်လို့ သွားခဲ့ရပါတယ်။

**

” ဘာတွေဖြစ်နေတာလဲ အာ့ဒါအကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အသံမလား သူက ငါတို့ရွာနားမှာ ဘာလို့ ရူးသွပ်နေသလို တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာလဲ..”

ကျောက်ခေတ်ရွာအတွင်းက လူတွေကလည်း မူမမှန်တဲ့ အခြေအနေတွေကို စပြီးသတိထားမိလိုက်ကြပါပြီ။ သူတို့တွေက မြန်မြန်ဆန်ဆန်ပဲ ရွာအကြီးအကဲရှီယွီဖန်းကို အစီရင်ခံဖို့ လူတစ်ချို့ကို စေလွှတ်လိုက်ပါတယ်။ ရွာသူရွာသားတွေကလည်း တောနက်ကြီးထဲက အခြေအနေကို စောင့်ကြည့်ဖို့ ရွာအရှေ့ပိုင်းက မြေကွက်လပ်ကို ရောက်ရှိလာကြပါတယ်။

” ရွာခေါင်ဆောင် ဒီနေ့ အန်းမန် ဂီဇောင်နဲ့ ကောင်လေးတွေ ခိုးကြောင်ခိုးဝှက်နဲ့ တစ်ခုခုလုပ်နေတာ တွေ့လိုက်တယ် အခုအဖြစ်အပျက်က သူတို့နဲ့များ သက်ဆိုင်နေမလား…”

” ဒီကလေးတွေကတော့…..”

ရှီလင်းဟူဟာ သူ့ရဲ့မျက်နှာကို ဖြတ်ရိုက်ခံရသလို ခံစားလိုက်ရပါတယ်။ ချက်ချင်းပဲ သူတို့တွေ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးနဲ့ပတ်သက်ပြီး ဆွေးနွေးနေခဲ့တာကို ပြန်သတိရလိုက်ပါတယ်။ ဒါကို ဖီးဟိုနဲ့ ကောင်လေးတွေက ခိုးနားထောင်ပြီး သိသွားကြတာဖြစ်ပါလိမ့်မယ်။

ရွာအကြီးအကဲရှီယွီဖန်းလည်း ချက်ချင်းပဲ အခြေအနေတွေကို သိလိုက်ရတာကြောင့် အန္တရာယ်က ဘယ်လောက်တောင်ကြီးမားနေပြီလဲဆိုတာ သိသွားခဲ့ပါတယ်။ သူက ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်ရပါတယ်။

” တစ်ယောက်ယောက် ဘိုးဘေးတွေရဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းကို မြန်မြန်သွားယူလာခဲ့စမ်း ငါတုိ့ အားလုံးအာ့ဒီကို သွားကြမယ်…”

ကျောက်ခေတ်ရွာရဲ့ စွမ်းအားအကောင်းဆုံးလူတွေဟာ သူတို့ရဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန်နေပါပြီ။ သူတို့ရဲ့ မျက်လုံးတွေတောင်မှ နီရဲလို့လာခဲ့ပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရှေးဟောင်းသားရဲကြီးတွေဆီကနေ ဆင်းသက်လာတယ်ဆိုရင်တောင် သူတို့က ဂရုဝိုက်နေမှာမဟုတ်ဘဲ တိုက်ခိုက်ကြပါလိမ့်မယ်။ ရွာသားတွေထဲက တစ်ချို့ဟာ ၀င်ရိုးစွန်းဒေသကလူတွေအသုံးပြုတဲ့ ၁၀၀ဂျင်ရှိတဲ့ မဟာလေးကြီးတွေကို ယူဆောင်သွားခဲ့ပါတယ်။ သူတို့တွေက ကိုယ်တိုင်ကိုယ်ကျကို တိုက်ခိုက်သတ်ဖြတ်ကြပါတော့မယ်။

” စိတ်အေးအေးထားကြ ကလေးတွေဘာမှ ဖြစ်မှာမဟုတ်ဘူး အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး လုပ်ရဲလား ငါ သူ့ကို အပိုင်းပိုင်းဖြတ်ပြီး ၀က်စာကျွေးပစ်မယ်..”

ရွာသားတွေဟာ တောနက်ကြီးထဲမ၀င်ခင် မိုးချုန်းသံကြီးလို အသံတွေနဲ့ ကြွေးကြော်လိုက်ပါတယ်။ အာ့ဒါက သူတို့ရဲ့ ချစ်ဇနီးတွေကို စိတ်သက်သာယာရစေတယ်လေ။

ကျောက်ခေတ်ရွာရဲ့အားအကောင်းဆုံးသောသူတွေဖြစ်တာကြောင့်လည်း သားရဲအုပ်စုတစ်ခု စုဝေးသွားတဲ့အလား အရမ်းကို အစွမ်းထက်သွားခဲ့သလိုပါပဲ။ သူတို့ဟာ တောကြီးထဲကို ၀င်ရောက်လိုက်တယ်ဆိုရင်ပဲ လေးနဲ့ မြှားကို စတင်အသုံးပြုလိုက်ပါပြီ။ သူတို့ရဲ့ စွမ်းအားတွေနဲ့ သံမဏိရောင်တလက်လက်တောက်နေတဲ့မြှားတွေက အံ့အားသင့်စရာကောင်းနေပါတယ်။

” ဒေါင်….”

မြှားအစင်းပေါင်းများစွာကို ပစ်ခတ်လိုက်ချိန်မှာတော့ သစ်ပင်ကြီးတွေကို ထိုးဖောက်လို့သွားခဲ့ကြပါတယ်။ သူတို့တွေဟာ သားစိတ်သမီးစိတ်နဲ့ အရမ်းကိုရူးသွပ်ပြီး ရိုင်းစိုင်းလို့နေခဲ့ပါတယ်။ သူတို့တွေရဲ့ ကျယ်လောင်စူးရှလှတဲ့ အော်ဟစ်သံတွေက အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကို ဆူဝေလာစေခဲ့ပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဟာ လိုဏ်ခေါင်း၀ကနေ ပြန်လည်ဆုတ်ခွာလိုက်ပြီး ရေခဲတမျှအေးစက်နေတဲ့ မျက်၀န်းတွေနဲ့ စိုက်ကြည့်လို့နေပါတယ်။ ဒီနေရာပတ်၀န်းကျင်မှာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ထိပ်တန်းသားရဲကြီးဖြစ်တာကြောင့် အခုအဖြစ်အပျက်က သူ့ကိုကောင်းကောင်းကြီး စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက သူရဲ့ တောင်ပံတွေကို အရှိန်အဟုန်မြင့်ခပ်လိုက်ရင်း ပြင်းပြင်းထန်ထန်ကို ဆက်တိုက်ပဲ အော်ဟစ်လိုက်ပါတယ်။ လင်းယုန်ကြီးဆီကို မိုးသီးမိုးပေါက်တွေလို ကျရောက်လာခဲ့တဲ့ မြှားတွေ လှံတွေကလည်း လွှင့်စင်သွားခဲ့ပါတယ်။ သူဟာ ခေါင်းကိုမော့ပြီး စူးစူးရှရှအော်နေတာကြောင့် တိုက်ပွဲက ဆူညံပွက်လောရိုက်နေသလို ရူးသွပ်နေတဲ့အလား နေရာတိုင်းကို ရွေ့ပြီးပျံသန်းနေခဲ့ပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ဒေါသတွေကြီးသထက်ကြီးလာခဲ့ပြီး သူ့ရဲ့တောင်ပံတွေကို ခပ်လိုက်ကာ လူအုပ်ကြီးဆီကို ဦးတည်သွားနေပါတယ်။ သူ့ရဲ့တောင်ပံနှစ်ဖက်စလုံးကို ဖြန့်ကားလိုက်တာကြောင့် ခန္ဓာကိုယ်ဟာ ၇မီတာကနေ ၈မီတာလောက်အထိကြီးမားလို့လာခဲ့ပါတယ်။ ချက်ချင်းကို အားကောင်းလာတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက အရမ်းကိုကြောက်စရာကောင်းတဲ့ အရိပ်တစ်ခုဖြစ်လာလို့ပါ။ သစ်ပင်ကြီးတွေနဲ့ အကိုင်းအခက် အရွက်အလက်တွေဟာ အပိုင်းပိုင်းကျိုးပဲ့လွှင်စင်ပြီး လေထုထဲကို ကြောက်ခမန်းလိလိဖြတ်သန်းလို့ ရွာသားတွေကို ၀င်ရောက်သွားခဲ့ပါတယ်။

” အကုန်လုံး အတူတူခုခံကာကွယ်ကြ လင်းဟူ သတ်ဖို့ သွားတော့….”

ရွာအကြီးအကဲရှီယွီဖန်းက ပြောလိုက်ပါပြီ။
ဒီလိုကြောက်မက်ဖွယ်ရာကောင်းလှတဲ့ သားရဲငှက်ကြီးရဲ့ တိုက်ခိုက်လာမှုက သေချာပေါက်သေကျေပျက်စီးဆုံးရှုံးခြင်းတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ ကျောက်ခေတ်ရွာရဲ့ ဘိုးဘေးတွေဆီကနေ ဆင်းသက်လာတဲ့ ရှေးဟောင်းရတနာရဲ့ အစွမ်းကြောင့် သူတို့ရဲ့ကြောက်ရွံ့စိတ်တွေကို အနည်းနဲ့အများ သက်သာရာရစေခဲ့ပါတယ်။

” ငှက်ဆိုးကြီး ဒီကိုလာ ငါ့ကို လာတိုက်စမ်း…”

ရှီယွီဖန်းက အော်ဟစ်လို့ခေါ်လိုက်ပါတယ်။
သူက အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးနဲ့ အတော်ဝေးဝေးမှာဖြစ်နေတာကြောင့် သားရဲငှက်ကြီးသူ့ကို ထိုးသုတ်တိုက်ခိုက်လာဖို့ကို စောင့်ကြည့်နေလိုက်ပါတယ်။ ကျန်ခဲ့တဲ့ရက်တွေတုန်းကမှ ရှီလင်းဟူက သားရဲဆိုးတစ်ကောင်ရဲ့ လက်ရုံးတစ်ခုကို ထုတ်ယူထားတဲ့အရိုးကိုကိုင်ဆောင်ထားပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရှီလင်းဟူလက်ထဲက သားရဲအရိုးကို စူးစူးစိုက်စိုက်ငေးကြည့်နေပါတယ်။ လင်းဟူရဲ့ အရိုးကို တွေ့လိုက်တာနဲ့ လင်းယုန်ကြီးရဲ့ နှုတ်သီးနက်ကြီးက ရုတ်တရက်တောက်ပတဲ့အလင်းတွေပေါ်ထွက်လာပါတယ်။

” အကြေးခွံစိမ်းလင်းယုန်ငှက်ရဲ့ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်အစွမ်းသတ္တိကို ကိုယ်စားပြုသလို မှော်စွမ်းအားသင်္ကေတတွေကလည်း သန့်စင်တဲ့သွေးရဲ့ အမှတ်တံဆိပ်ပဲ..”

ရှီယွီဖန်းက အော်ဟစ်လို့ပြောဆိုလိုက်ပြန်ပြီ။

” ဝုန်း…”

ရှီလင်းဟူက အခုချိန်ကအရမ်းကိုအရေးကြီးနေတာကြောင့် သူ့ရဲ့စွမ်းအားတွေကို ထုတ်ဖော်လိုက်ပြီး အရှေ့ကို ရဲရဲ၀င့်၀င့်တိုးထွက်သွားပါတယ်။ သူ့ရဲ့ဘယ်ဘက်လက်မောင်းက ချက်ချင်းပဲအလင်းရောင်တွေပေါ်ထွက်လာခဲ့ပြီး အရိုးစာသားရဲ့ စွမ်းအားတွေထွက်ပေါ်လို့လာခဲ့ပါပြီ။

” ဗုန်း…”

အရိုးစာသားရဲ့ အလင်းတန်းတွေဟာ ဟာရီကိန်းမုန်တိုင်းတစ်ခုလို တိုးထွက်လာပါတယ်။ ဒါက ကောင်းကင်ပြင်မှာ ရှိလို့နေတဲ့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကိုတောင် ထိတ်လန့်သွားစေခဲ့ပါတယ်။ သူဟာ အန္တရာယ်အငွေ့အသက်ကိုရလိုက်တာကြောင့် ရှီလင်းဟူနဲ့ကြားက အကွာအဝေးကို တိုးမြင့်နိင်ဖို့ မိုးကောင်းကင်ကို တဟုန်ထိုးပျံသန်းတက်ရောက်လိုက်ပါတယ်။

ရှီလင်းဟူရဲ့ ဘယ်ဘက်လက်မောင်းပေါ်ကအရိုးစာသားက ပိုပြီး လင်းလက်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စနစ်တကျပေါင်းစည်းလို့လာခဲ့ပါတယ်။ အရိုးစာသားရဲ့တိုက်ခိုက်မှုအောက်ကနေ ဘယ်လိုသားရဲဆိုးတွေမှ လွတ်မြောက်နိုင်စွမ်းမရှိလောက်အောင် အရိုးစာသားကအစွမ်းထက်လို့နေတာပါ။

****

Comment

Leave a Reply

Options

not work with dark mode
Reset