Switch Mode

Chapter – 110

အခန်း ၁၁၀။ ထူးကဲသောတာအိုနယ်ပယ်၊ ခြေတစ်လှမ်းဖြင့် မိုင်တစ်သောင်း

“မြို့တော်အရှင်… တာရီနတ်ဆိုးဂိုဏ်းရဲ့ မဟာကပ်ဘေးက တခြားဂိုဏ်းတွေနဲ့မတူဘူး…”

ဘယ်လို။ တကယ်ပဲ မတူတာလား။

လင်းဝူတသည် သိချင်သွားခဲ့သည်။

“ဆက်ပါဦး”

“မြို့တော်အရှင်… ကောင်းကင်ဘုံရဲ့ မဟာကပ်ဘေးက ပုံစံနှစ်မျိုးရှိပါတယ်။ ပထမတစ်ခုက ဂိုဏ်းတစ်ခုလုံးကို ကံတရားနဲ့ချည်နှောင်ထားတာပါ။ ဒီလိုဆိုရင် သေခြင်းရှင်ခြင်းက ဂိုဏ်းတစ်ခုလုံးနဲ့ သက်ဆိုင်တယ်။ နောက်တစ်နည်းက မဟာကပ်ဘေးကို လူတစ်ယောက်တည်းနဲ့ ချိတ်ဆက်ထားတာပါ။ ဒီလိုဆိုရင် သူသာအသက်ရှင်ခဲ့ရင် သူ့အတွက် အများကြီးအကျိုးရှိသလို ဂိုဏ်းတစ်ခုလုံးလည်း တ်ိုးတက်မှု‌တွေရရှိနိုင်တယ်၊ ဒါပေမဲ့ ကျဆုံးသွားခဲ့ရင်‌တော့ ချဉ်နှောင်ထားသူ တစ်ယောက်တည်းပဲသေရမယ်”

“ကျွန်တော် သိသလောက်တော့ တာရီနတ်ဆိုးဂိုဏ်းက ဒုတိယနည်းလမ်းကို အသုံးပြုထားတယ်။ ဒါကြောင့် မဟာကပ်ဘေးကို ဂိုဏ်းချုပ်တစ်ယောက်တည်းက ရင်ဆိုင်ရမယ်…” ယင်စစ်မင်သည် ရှင်းပြလိုက်သည်

ထိုသို့ကြားသည့်အခါ လင်းဝူတသည် အံ့ဩသွားခဲ့သည်။

သူသည် ထိုအကြောင်းကို မသိရှိချေ။

“လူ‌တွေက မဟာကပ်ဘေးကို ဘယ်လိုရင်‌ဆိုင်မလဲဆိုတာ ရွေးချယ်ခွင့်ရှိလား”

“ရှိပါတယ်။ ဘယ်ဂိုဏ်းမဆို ကောင်းကင်ဘုံရဲ့ မဟာကပ်ဘေးကနေ မလွတ်မြောက်နိုင်ဘူး။ ဒါကြောင့် ဂိုဏ်းစတင်တည်တောင်ကတည်းက ကောင်းကင်ဘုံရဲ့ မဟာကပ်ဘေးကို ဘယ်လိုရင်ဆိုင်မလဲရွေးချယ်ခွင့်ရှိတယ်။ တကယ်လို့ ဂိုဏ်းတစ်ခုလုံးက ကောင်းကင်ဘုံရဲ့မဟာကပ်ဘေးကို ဖြတ်ကျော်မယ်လို့ရွေးချယ်ခဲ့ရင် ဂိုဏ်းတစ်ခုလုံး အကျိုးအမြတ်ကြီးကြီးမားမားရနိုင်တယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်တစ်ယောက်တည်း ရင်ဆိုင်မယ်လို့ရွေးချယ်ခဲ့ရင် သူ့ရဲ့ ခွန်အားက အရမ်းမြင့်နေဖို့လိုအပ်တယ်။ ကောင်းကင်ဘုံကို အံတုနိုင်တဲ့ စွမ်းအားရှိသူနဲ့ မိမိကိုယ်ကို စတေးခံမဲ့သူတွေသာ ဒီနည်းလမ်းကို ရွေးချယ်ကြတယ်” ယင်စစ်မင်သည် ဖြေးညှင်းစွာရှင်းပြလိုက်သည်။

သူ၏ ရှင်းပြချက်အရ ကောင်းကင်ဘုံ၏ မဟာကပ်ဘေးအကြောင်းကို ပို၍ နားလည်လာခဲ့သည်။

“ဒါက ရိုးရှင်းလွန်းမနေဘူးလား။ တကယ်လို့ ဒုတိယနည်းလမ်းကိုသာ ရွေးချယ်ထားရင် ဓားစာခံတစ်‌‌ယောက်ရှာလိုက်ရုံပဲလေ”

“သီအိုရီအရတော့ မှန်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံရဲ့ မဟာ‌ကပ်ဘေးက ကောင်းကင်တာအိုရဲ့ နိယာမတွေနဲ့ ဆက်စပ်နေတယ်။ ကောင်းကင်ဘုံမိုးကြိုးဆင်းသက်လာတိုင်း ကောင်းကင်တာအိုကစမ်းသပ်လေ့ရှိတယ်။ ကောင်းကင်တာအိုရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့မှသာ ကပ်ဘေးကျော်ဖြတ်ခွင့်ရှိမယ်။ ဒါ့ကြောင့် ဘယ်သူမှ မဟာကပ်ဘေးကို ခံနိုင်ရည်မရှိကြဘူး”

ဒါဆို ဒီလိုပေါ့။

ကောင်းကင်တာအို၏ စမ်းသပ်မှုကို ခံရမည်ဆိုပါက သင့်လျော်ပေသည်။

“ဒီအခြေအနေမှာ တာရီနတ်ဆိုးဂိုဏ်းက ဂိုဏ်းချုပ်ကို အပြင်ကခေါ်ရလောက်အောင်အထိ စိတ်ပျက်နေကြတာလား။ ဂိုဏ်းချုပ်အသစ် မုန့်ချင်ဟွင်က ရူးသွားခဲ့လို့လား”

“မဟုတ်ဘူး… မုန့်ချန်ဟွင်က ကောင်းကင်ဘုံရဲ့ မဟာကပ်ဘေးကြောင့် အသက်မရှင်နိုင်တာကိုသိတယ်။ သူ့အသက်ကို ကယ်ဆယ်ဖို့အတွက် ကျင့်ကြံခြင်းအဆင့်ကို ချော့ချပြီး လူထုကို လိမ်ညာထားတာ။ ဒီနည်းလမ်းနဲ့ သူက ဂိုဏ်းချုပ်ရာထူးကို အလွယ်တကူစွန့်လွှတ်နိုင်ခဲ့တယ်…”

ဒါဆို သူက သေမှာကြောက်နေတာပေါ့။

ယင်စစ်မင်၏ စကားကြောင့် လင်းဝူတသည် နောက်ကွယ်က အကြောင်းအရာများအားနားလည်သွားခဲ့သည်။

သူသည် တွေးတောလိုက်သည်။

တခဏကြာပြီးနောက် သူသည် ပြောလိုက်သည်။
“ယင်စစ်မင်… တာရီနတ်ဆိုးဂိုဏ်းရဲ့ ရာထူးကို ကျုပ်ဝင်ယူမယ်ဆိုရင် ခင်ဗျားဘယ်လိုထင်လဲ”

“မြို့တော်အရှင့်…တကယ်ပြောနေတာလား”

“သေချာတာပေါ့”

“အာ… တာရီနတ်ဆိုးဂိုဏ်းရဲ့ မဟာကပ်ဘေးက တကယ်ကြောက်ဖို့ကောင်းတယ်။ မဟာကပ်ဘေးရဲ့ စွမ်းအားက ကပ်ဘေးခံယူသူထက် အဆင့်ကြီးသုံးဆင့်မြင့်တယ်။ မြို့တော်အရှင်…ယုံကြည်ချက်ရှိလို့လား”

“အင်…ကျုပ်မှာ ယုံကြည်ချက်ရှိတယ်။ အဆင့်ကြီးသုံးဆင့်က လက်ခံလို့ရတဲ့ အနေအထားပဲ” လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။

သူ၏ ကိုယ်ခန္ဓာကာကွယ်မှုသည် ပြိုင်ဘက်ကင်းပေသည်။ အဆင့်ကြီးသုံးဆင့်ကို မပြောနှင့် အင်မော်တယ်အင်ပါယာတစ်ပါးပင် သူ့အားနာကျင်အောင်လုပ်နိုင်မည်မဟုတ်ချေ။

သူသည် ၎င်းနှင့်ပတ်သတ်ပြီး အလွန်ယုံကြည်မှုရှိပေသည်။

ထို့အပြင် သူ့တွင် စွမ်းအားကြီးသည့် ဝှက်ဖဲများစွာရှိပေ‌သည်။ ကပ်ဘေးကို တစ်ယောက်တည်း ရင်ဆိုင်ရမည်ဆိုလျှင်တောင် ကြောက်လန့်မှုမရှိချေ။

“ဒါက တစ်သက်မှာမှာ တစ်ခါရတဲ့ အခွင့်အရေးပဲ။ တကယ်လို့ ငါက တာရီနတ်ဆိုးဂိုဏ်းကို ထိန်းချုပ်နိုင်ရင် တာရီနတ်ဆိုးဂိုဏ်းရဲ့ ခွန်အားနဲ့ ရွှမ်ထျန်းဂိုဏ်း၊ ထျန်းရှင်းဓားဂိုဏ်းတို့ကို ဖိနှိပ်နိုင်တယ်။ ဒီလိုဆိုရင် ကျို့ကျိုနယ်မြေကို သိမ်းယူဖို့က မကြာလောက်ဘူး”

လင်းဝူတ၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။

ဤအချိန်တွင် သူမှာ အကြမ်းဖျင်းအစီအစဉ်ရှိပေသည်။

“မြို့တော်အရှင်… ဂရုစိုက်ဖို့တော့လိုမယ်။ ကောင်းကင်ဘုံရဲ့မဟာကပ်ဘေးက ထင်သလောက်မရိုးရှင်းဘူး။ မြို့တော်အရှင်က တာရီနတ်ဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်နေရာက်ို ယူမယ်လို့ဆုံးဖြတ်ထားရင် သေချာပေါက် လုံလောက်တဲ့ ပြင်ဆင်မှု‌တွေလုပ်ထားရမယ်” ယင်စစ်မင်သည် အကြံပေးလိုက်သည်။

ထိုသို့ကြားသည့်အခါ လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။

“မစိုးရိမ်နဲ့ ကျုပ်က ယုံကြည်မှုမရှိရင် မလုပ်ဘူး။ ကောင်းပြီးနောက်ထပ် ၇ရက်အတွင်း ခင်ဗျားက အပြစ်သားမြို့မှာနေပြီး အစီအစဉ်တွေကို လုပ်လိုက်ပါ။ ၇ရက်ပြီးရင် တာရီနတ်ဆိုးဂိုဏ်းကို ကျုပ်နဲ့အတူတူလိုက်ခဲ့ပါ”

“ကောင်းပါပြီ” ယင်စစ်မင်သည် အရိုအသေပေးလိုက်သည်။

တခဏကြာပြီးနောက် စကားအနည်းငယ်ပြောပြီး သူ့အားပြန်ခွင့်ပြုလိုက်သည်။

ထို့နောက် သူသည် ဆိတ်ငြိမ်သောနေရာတစ်ခုရှာဖွေကာ လီထျန်းရှင်း၏ အလောင်းကို ထုတ်ယူပြီး အလောင်းမီးဖိုထဲထည့်ကာ သန့်စင်လိုက်သည်။

အလွန်လျင်မြန်စွာဖြင့် ၇ရက်ကုန်းဆုံးသွားခဲ့သည်။

ဤ၇ရက်အတွင်း အပြစ်သားမြို့တော်၌ မရေမတွက်နိုင်သော ကိစ္စများဖြစ်ပျက်သွားခဲ့သည်။

ပထမဆုံး လီကန်ထျန်းဦးဆောင်သော သေမင်းတမန်များသည် အင်အားစုသုံးခုကို ဖျက်စီးခဲ့သည်။

၎င်းသည် အပြစ်သားမြို့တော်တစ်ခုလုံးအား အံ့ဩတုန်လှုပ်သွားစေသည်။

မကြာမီ လင်းဝူတသည် အပြစ်သားမြို့တော်၏ အရှင်သခင်အဖြစ်ကြေညာခဲ့ပြီး စည်းကမ်းအသစ်များချမှတ်ကာ စည်းကမ်းဖောက်ဖျက်သူအား သေရမည်ဟု အမိန့်ချမှတ်ခဲ့သည်။

နောက်ဆုံးအနေဖြင့် အပြစ်သားမြို့တော်၏ လျှို့ဝှက်ဆန်းကြယ်သောစီမံခန့်ခွဲသူသည် အစီအစဉ်များအားရဲဝံ့စွာပြုလုပ်ခဲ့သည်။

၎င်းတို့သည် မရေမတွက်နိုင်သော ကျင့်ကြံသူများအားထိတ်လန့်တုန်လှုပ်သေသည်။

တချို့ လူမိုက်များသည် လင်းဝူတကို ကြောက်၍ အပြစ်သားမြို့တော်မှ ချက်ချင်းထွက်ခွာသွားခဲ့သည်။ တချို့သည် ထွက်ခွာခြင်းမရှိဘဲ ဆက်လက်နေထိုင်ကြသည်။

တချို့သည် ထိတ်လန့်နေကြပြီး တချို့သည် အခွင့်အရေးကိုမြင်ပြီး ဆက်လက်စောင့်ဆိုင်းနေကြသည်။

ပထမဆုံးအနေနှင့် ယင်စစ်မင်သည် အပြစ်သားမြို့တော်မှ ရူးသွပ်နေသောလူများအားစုဆောင်းခဲ့သည်။

၎င်းတို့ထဲမှ အသန်မာဆုံးလူ ၁၈၀၀၀ကို အပြစ်သားမြို့တော်၏ စစ်တပ်အဖြစ်ဖွဲ့စည်းခဲ့ပြီး စည်းမျဉ်များကို ထိန်းချုပ်ရန် တာဝန်ချထားပေးလိုက်သည်။

နောက်ထပ်အနေဖြင့် ယင်စစ်မင်သည် အပြစ်သားမြို့တော်၏ ကျင့်ကြံသူများအားစုစည်းကာ မြို့တော်ကိုရှင်းလင်းခြင်း၊ ပြုပြင်ခြင်းကိစ္စများတွင် ပါဝင်ဆောင်ရွက်စေသည်။

ခုနစ်ရက်အတွင်း အပြစ်သားမြို့တော်သည် လုံးဝအသစ်ဖြစ်သွားခဲ့သည်။

လင်းဝူတသည် ဤရလဒ်အား အလွန်ကျေနပ်နေသည်။

သူသည် ယင်စစ်မင်၏ အရည်အချင်းအား အသိအမှတ်ပြုပေသည်။

မြို့တော်အရှင်၏ စံအိမ်…။

နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းသည် ပျောက်ကွယ်သွားခဲ့ပြီး မြို့တော်အရှင်စံအိမ်ပေါ်ပေါက်လာခဲ့သည်။

ဤအချိန်တွင် လင်းဝူတသည် အင်အားစုသုံးခုမှ အရင်းအမြစ်များကို ရေတွက်နေခဲ့သည်။ တချို့ကို ချန်ထားပြီး တချို့အား ကံစွမ်းအားအမှတ်နှင့်လဲလှယ်လိုက်သည်။

[ဒင်]

[သင်သည် ငရဲနတ်ဆိုးဂိုဏ်း၏ အရင်းအမြစ်များကို ပေးလှူခဲ့သည့်အတွက် ကံစွမ်းအားအမှတ် ၉၀၀၀၀၀ရရှိပါသည်]

[သင်သည် သတ်ဖြတ်ခြင်းမဟာမိတ်ခုနစ်ဖော်၏ အရင်းအမြစ်များကို ပေးလှူခဲ့သည့်အတွက် ကံစွမ်းအားအမှတ် ၁၅၀၀၀၀၀ရရှိပါသည်]

[သင်သည် ရာဇဝတ်သားတောင်ကြား၏ အရင်းအမြစ်များကို ပေးလှူခဲ့သည့်အတွက် ကံစွမ်းအားအမှတ် ၁.၄၅သန်းရရှိပါသည်]

သတိပေးချက်ခုသည် သူ၏ စိတ်ထဲ၌ ပေါ်လာခဲ့သည်။

ထိုအင်းအားစုသုံးခုမှ ကံစွမ်းအားအမှတ် ၃၈.၅သန်းရရှိခဲ့သည်။ ရိပ်သိမ်းမှုသည် အလွန်ကောင်းပေသည်။

[အမည် : လင်းဝူတ]

[ကျင့်ကြံခြင်းအဆင့် : မဟာကပ်ဘေးနယ်ပယ်အစောပိုင်းအဆင့်]

[ကံစွမ်းအားအမှတ် : ၅၄၈၄၀၀၀]

..

“‌နောက်ထပ် ၅သန်းကျော်ရပြန်ပြီ ”

လင်းဝူတသည် ကျေနပ်သွားသည်။

“စနစ် နီးလွန်းဝေးလွန်းနည်းစနစ်ကို အဆင့်မြင့်တင်မယ်”

[ဒင်…သင်သည် ကံစွမ်းအားအမှတ် ၅သိန်းအသုံးပြုပြီး နီးလွန်းဝေးလွန်းနည်းစနစ်ကို အထွဋ်အထိပ်အဆင့်ထိ မြှင့်တင်နိုင်ခဲ့ပါသည်။ ခြေတစ်လှမ်းဖြင့် မိုင်၁၀၀ခရီးသွားနိုင်သည်]

[ ဒင်…သင်သည် ကံစွမ်းအားအမှတ် ၁သန်းအသုံးပြုပြီး နီးလွန်းဝေးလွန်းနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ မြှင့်တင်နိုင်ခဲ့ပါသည်။ ခြေတစ်လှမ်းဖြင့် မိုင်၁၀၀၀ခရီးသွားနိုင်သည်]

[ဒင်…သင်သည် ကံစွမ်းအားအမှတ် ၁.၅သိန်းအသုံးပြုပြီး နီးလွန်းဝေးလွန်းနည်းစနစ်ကို အမြင့်ဆုံးအဆင့်ဖြစ်သော ထူးကဲသောတာအိုအဆင့်ထိ မြှင့်တင်နိုင်ခဲ့ပါသည်။ ခြေတစ်လှမ်းဖြင့် မိုင်၁၀၀၀၀ခရီးသွားနိုင်သည်]

“ခြေတစ်လှမ်းနဲ့ မိုင်၁၀၀၀၀လား၊ မဆိုးဘူး”

လင်းဝူတသည် ခေါင်းညိတ်လိုက်သည်။

သူသည် ထိုရလဒ်ကို အလွန်ကျေနပ်သွားသည်။

“ဒုန်း”

သူသည် နီးလွန်းဝေးလွန်းနည်းစနစ်ကို ကျင့်ကြံနေစဉ် ခြေသံများကြားလိုက်ရသည်။ ယင်စစ်မင်သည် ကြီးမားသောပုံကြမ်းကို ကိုင်ဆောင်လျက်ရောက်ရှိလာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset