Switch Mode

Chapter – 238

ကျန်းဟိုင်မြို့ကို သွား။ အဲ့ဒီမှာ မင်းကို ကယ်နိုင်တဲ့သူ တစ်ယောက်ယောက် ရှိကောင်းရှိမယ်။

စာကြည့်တ်ိုက် တာအိုသခင်
အပိုင်း ၂၃၈ ကျန်းဟိုင်မြို့ကို သွား။ အဲ့ဒီမှာ မင်းကို ကယ်နိုင်တဲ့သူ တစ်ယောက်ယောက် ရှိကောင်းရှိမယ်။

ရှောင်လင်တွင် ဗုဒ္ဓဂိုဏ်း၏ မထင်မရှား ရဟန်းအားလုံးက လှုပ်ရှားကြတော့၏။ သူတို့က ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုလျက် စွမ်းအားများ ပံ့ပိုးပေးကာ ဗုဒ္ဓကျမ်းဂန်များ၏ စွမ်းအားများကို ထည့်သွင်းပေးနေ၏။
ရွှေရောင်လုံးများက လူတိုင်း၏ နှုတ်ဖျားမှ ပေါ်ထွက်လာသည့် မြစ်ရေ စီးဆင်းနေသည့်ပမာ နက်ရှိုင်းသော ရေတွင်းထဲ စီးဝင်သွားလေ၏။
အင်မတန် ခိုင်မြဲပြီး သန့်စင်သော ဗုဒ္ဓစွမ်းအားသည် ရေတွင်းနှုတ်ခမ်းဝ၌ ဆက်တိုက် စုဝေးလာပြီး သွေးရောင်နတ်ဆိုးစွမ်းအားများကို ဖိနှိပ့်နေ၏။
နှစ်ဖက်လုံးက လက်ရည်ညီနေသည်။ ထိုစွမ်းအားက သန်မာလွန်း၏။
ဗုဒ္ဓဂိုဏ်း၏ သိုင်းပညာရှင်များစွာက တစ်ပြိုင်နက်တည်း တိုက်ခိုက်လျှင်တောင် ၄င်းကို အပြည့်အဝ ဖိနှိပ့်နိုင်မှာ မဟုတ်ပေ။
ဖိနှိပ့်ခြင်းနှင့် သုတ်သင်ရှင်းလင်းခြင်းက မတူညီသောကြောင့် မတတ်နိုင်သည့် ကိစ္စတစ်ရပ် ဖြစ်နေသည်။
သုတ်သင်ရှင်းလင်းခြင်းသာဆိုလျှင် သူတို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်ပြီး သတ်ဖြတ်ရန် ဗုဒ္ဓစွမ်းအားကို အသုံးပြုခဲ့ပါက သူတို့ ပြုလုပ်နိုင်လိမ့်မည်။
သို့သော်ငြား ယင်းက ရှောင်လင်အထက်ပိုင်းတစ်ခုလုံး၏ စွမ်းအားများ ပေါင်းစည်းထားမှု ဖြစ်သည်။ ပြဿနာက သူတို့သည် လီလျိုဆွေ့ကို သေချာပေါက် မသတ်နိုင်ပေ။
လီလျိုဆွေ့က ရှန်းထျန်း နဝမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ သူက စီရင်စု၉ခုအတွက် အင်မတန် အရေးပါသည်။
ထိုကဲ့သို့သော သူတစ်ယောက်ကို မည်ကဲ့သို့ ထိုမျှ အလွယ်တကူ သတ်နိုင်မည်နည်း။ သူတို့က သူ့ကို ကယ်တင်ရန် နည်းလမ်းတစ်ခု ရှာရမည်။
ထိုအကြောင်းအရင်းကြောင့် သူ့ကို ဖိနှိပ့်ရန် တစ်ဖက်တွင် ဗုဒ္ဓစွမ်းအားကို အသုံးပြုလျက် တစ်ဖက်တွင်မူ သူ့ကို လွှမ်းမိုးစေရန် ဗုဒ္ဓတန်ခိုးတော်ကို အသုံးပြုနေကာ သူ၏ ဝိညာဥ်ကို ပံ့ပိုးပေးပြီးနောက် သူ့ကို မှန်ကန်သော လမ်းကြောင်းဆီသို့ ပြန်လည် ဆွဲခေါ်နေ၏။
ရှုထောင့်အရ စွမ်းအားက နှစ်ပိုင်း ပိုင်းခြားရုံသာမက စွမ်းအားတစ်ပိုင်းစီက သုံးစွဲသည့် စွမ်းအားသည် လီလျိုဆွေ့ကို တိုက်ရိုက် သတ်လိုက်ရန် အသုံးပြုသည့် စွမ်းအားထက် မနည်းပေ။
ဤနည်းဖြင့် ရှောင်လင်ကိုယ်တော်များက ပုံမှန်ထက် ပိုသန်မာသည့် အားလိုအပ်၏။ သို့တည်းမဟုတ် ပုံမှန်ထက် အဆပေါင်းများစွာ ပိုတောင် သန်မာရန် လိုအပ်သည်။
သို့သော်ငြား သူတို့ခွန်အားကို အဆပေါင်းများစွာ မမြှင့်တင်လိုက်လျှင် ရလဒ်ကတော့ဖြင့် ဤအတိုင်း ဖြစ်နေမည်။ ကံကောင်းသည်မှာ သူတို့က မနားမနေ ကြိုးပမ်းအားထုတ်ပြီးနောက် အခြေအနေက ယခုဆို ပိုကောင်းလာ၏။
အနည်းဆုံးတော့ လီလျိုဆွေ့၏ နတ်ဆိုးစွမ်းအားကို ဖိနှိပ့်ထားနိုင်ပြီး ဖြစ်သည်။
ယခု မြင့်တက်လာသည့် စွမ်းအားကို ဖိနှိပ့်ထားနိုင်ပြီဖြစ်ကာ မျှော်လင့်ချက် ရှိသေး၏။
ကိုယ်တော်တစ်စုက နောက်ဆုံးတွင် အသက်ရှူရန် အခွင့်အရေး ရသွားပြီ ဖြစ်သည်။
ရက်ပေါင်းများစွာ၊ ညပေါင်းများစွာ အလုပ်ကြိုးစားပြီးနောက် သူတို့သည် ရေတစ်ငုံတောင် မသောက်။ ထမင်းတစ်ဇွန်းတောင် မစားခဲ့ပေ။ သူတို့ အနားယူရန် မျက်လုံးတောင် မမှိတ်ရပေ။
” အောမီထောဖော။ ဒီတစ်ခေါက် ဓါးမော့နတ်ဘုရား လီက ကံကောင်းတဲ့ လူတစ်ယောက် ထင်တယ်။ သူက ကံဆိုးတာကို ကံကောင်းမှုအဖြစ် ပြောင်းနိုင်တယ် ”
” တကယ်ပဲ ဗုဒ္ဓရဲ့ ကောင်းမှုတွေပါပဲ။ သူ ဒီအတိုင်းသာ ဖြစ်သွားခဲ့မယ်ဆိုရင် ရှောင်လင် မပြောနဲ့။ စီရင်စု၉ခုလုံးက သွေးချောင်းစီးသွားလိမ့်မယ် ”
” အမှန်ပဲ။ အားလုံး အနားယူပြီး ထွက်ကြ။ သူ့ရဲ့ မိစ္ဆာရောင်ဝါကို ဖိနှိပ့်ထားကြ ”
” ဟုတ်ကဲ့ ”
လူတိုင်းက တစ်ညီတစ်ညွှတ်တည်း အော်လိုက်၏။ သို့သော်ငြား နောက်တစ်စက္ကန့် ၌ မတော်တဆတစ်ခုက ရုတ်တရက် ဖြစ်ပွားလာ၏။
ရုတ်တရက်တွင် လူအုပ်ကြီးအတွင်းထဲကနေ သွေးနီရောင် နတ်ဆိုးစွမ်းအားစီးကြောင်းတစ်ခုက ပေါ်ထွက်လာပြီး ရေတွင်းဆီသို့ ဦးတည်သွားလေ၏။
ကိုယ်တော်များ၏ အမူအယာများက ချက်ချင်း ပြောင်းလဲသွားသည်။
” မကောင်းတော့ဘူး။ သူ့ကိုတား။ သူ့ကို အဲ့ဒီ ရေတွင်းထိခွင့် မပေးနဲ့ ”
ကံဆိုးသည်က နောက်ကျလွန်းသွားပြီ ဖြစ်သည်။
သွေးနီရောင်နတ်ဆိုးစွမ်းအားက ရေတွင်းဆီ ရောက်လာချိန်၌ ကိုယ်တော်များက ပါးစပ်ဟခါစပဲ ရှိသေးသည်။
သို့သော်ငြား ရှောင်လင်အဖွဲ့က မလှုပ်ရှားရသေးခင် သူက သူ့ရင်ဘက်ပေါ် လက်ဖဝါးတင်ကာ သွေးတစ်ပွက်အန်ပြီး ရေတွင်းထဲ ပြုတ်ကျသွား၏။
” မဟုတ်ဘူး ”
ရဟန်းများက အော်လိုက်မိသည်။ သိုင်းပညာရှင်ထဲက အချို့ကဆို သူမကို တိုက်ခိုက်ကြ၏။ နောက်တစ်စက္ကန့်၌ တိုက်ကွက်ပေါင်းများစွာက သူ့ဆီ တစ်ပြိုင်နက်တည်း ရောက်လာပြီး သူ့ကို မြေကြီးပေါ်ပြင်းပြင်းထန်ထန် ပြုတ်ကျသွားစေသည်။
” အဲ့ဒါက .. ။ ဆိုးယုတ်တဲ့ သတ္တဝါ ”
ကြယ်တာရာ သားရဲက ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို လစ်လျူရှုပြီး ရယ်မောလိုက်၏။
” လွန်ခဲ့တဲ့အနှစ်၃၀၀တုန်းက ၇၂ခုသော နတ်ဆိုးသားရဲတွင်းရဲ့ ကြယ်တာရာသားရဲတွေကို စုစည်းနိုင်ခဲ့ဖို့ နင်တို့ ရှောင်လင်က ငါ့ ယောင်္ကျားနဲ့ ငါ့ကို အကျဥ်းချခဲ့ပြီး နတ်ဆိုးသားရဲတွင်း ၇၂ခုဆီမှာ ထားခဲ့တယ်။ ငါ့ယောင်္ကျားကို စိတ်ဓာတ်ကျပြီး သေစေခဲ့တာ ”
” ဒီကိစ္စကို နင်တို့နဲ့ငါ စာရင်းမရှင်းရသေးဘူး ”
” တိုက်တိုက်ဆိုင်ဆိုင်ပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မိုးကြိုးပစ်ပြီး ငါ့ကို ချိတ်ပိတ်ထားတဲ့ စေတီကို ဖျက်ဆီးသွားတာ။ ငါ ရက်ပေါင်းများစွာ မစားမသောက်ပဲ ရှောင်လင်မှာ ပုန်းနေခဲ့တယ်။ ဒီအခိုက်အတန့်ကို စောင့်နေခဲ့တာ ”
” ဆိုးယုတ်တဲ့ သတ္တဝါ။ သေခြင်းတရားက လက်ထဲရောက်နေပြီ။ မင်းက ဝန်မခံသေးဘူး။ အဲ့ဒီတုန်းက မင်းရဲ့ ခင်ပွန်းကို ငါတို့ အကျဥ်းချတယ်ဆိုတာက သူက လူသားတွေ အများကြီးကို ဝါးမြိုခဲ့ပြီး သေသင့်တဲ့ပြစ်မှု ကျူးလွန်ခဲ့တာကြောင့်ပဲ။ အခု မင်းက ရှောင်လင်ရဲ့ ကိစ္စကို ဖျက်ဆီးခဲ့ပြီး မင်းကို အသက်ရှင်ခွင့်မပေးနိုင်ဘူး ”
တိုက်ကွက်ပေါင်းများစွာက ကြယ်တာရာ သားရဲ၏ ခေါင်းပေါ်သို့ ကျရောက်လာ၏။
ကြယ်တာရာ သားရဲက အေးတိအေးစက် ရယ်မောလိုက်သည်။
” ဘာကြောက်စရာရှိလဲ။ လွန်ခဲ့တဲ့အနှစ်၃၀၀တုန်းက ငါ့ရဲ့ ယောင်္ကျားသေတဲ့အချိန် ငါ သူနဲ့ တစ်ပါးတည်း သေပြီးသားပဲ။ ကျန်ခဲ့တာက ဝိညာဥ်မရှိ ခြောက်ကပ်နေတဲ့ ခန္ဓာကိုယ်တစ်ခုပဲ။ ဒီနေ့ ငါ့ရဲ့သွေးကို သုံးပြီး လီလျိုဆွေ့ရဲ့ မိစ္ဆာသဘာဝကို လွှတ်ပေးမယ်။ သူက ငါနဲ့ ငါ့ယောင်္ကျားကိုယ်စား ကလဲ့စားချေပေးမှာပဲ ”
ပြောပြီးသည်နှင့် ကိုယ်တော်များ၏ တိုက်ခိုက်မှုက သူမခေါင်းပေါ် တစ်ပြိုင်နက်တည်း ကျရောက်လာချိန် သူမက ချက်ချင်း ထုတ်ဖော်လိုက်တော့၏။
သို့သော်ငြား ယင်းက သူမပြောသည့်အတိုင်းပင် သူမ သေသွားသည်နှင့် မှန်းဆ၍ မရသော နတ်ဆိုးစွမ်းအားက လီလျိုဆွေ့ကို ပိတ်ဆို့ထားသည့် ရေတွင်းထဲကနေ မှန်းဆ၍ မရသော နတ်ဆိုးစွမ်းအားက ပေါ်ထွက်လာ၏။ ယင်းက ကောင်းကင်ထိအောင် တက်သွားပြီး တိမ်တိုက်များဆီ ရောက်သွားသည်။
ကောင်းကင်ထဲရှိ တိမ်တိုက်များက သွေးရောင်နတ်ဆိုးစွမ်းအားကြောင့် လောင်ကျွမ်းသွားပြီး သွေးနီရောင်ဖြစ်ကုန်၏။
” မကောင်းတော့ဘူး။ မြန်မြန် ဆုတ်ကြ။ အံ့ဖွယ်ဂိုဏ်းအောက်က တပည့်တွေ ဘယ်သူ့မှ ဒီမှာ နေခွင့်မရှိဘူး ”
ကျောင်းထိုင်က အမိန့်ပေးပြီးနောက် ရှောင်လင်ကိုယ်တော်များက နောက်ဆုတ်သွားတော့သည်။
ပြီးနောက် မြေကမ္ဘာတုန်လှုပ်ဖွယ် ပေါက်ကွဲသံက ပေါ်ထွက်လာပြီး မြေကြီးက အက်ကွဲသွား၏။ ခမ်းနားသော အရှိန်အဝါက ရေတွင်းထဲကနေ ပေါ်ထွက်လာတော့သည်။
တုနှိုင်းမမှီ အရှိန်ကို အာရုံခံမိပြီး ရှောင်လင်ကိုယ်တော်အားလုံးက တုန်ယင်သွားမိ၏။
အစွမ်းထက်လိုက်တာ။
ဓါးမော့နတ်ဘုရား လီလျိုဆွေ့၏ သတ်ဖြတ်လိုစိတ်က စုဝေးလာပြီး ထိုအခိုက်အတန့်၌ ပြန့်ကားသွားတော့သည်။ အဟုန်က တာကျိုးပြီး စီးထွက်လာသည့် ရေပမာ ဖိနှိပ့်၍မရ ဖြစ်တော့သည်။
” ကျောင်းထိုင် ဘာလုပ်သင့်လဲ ”
ရှောင်လင်ရှိ အံ့ဖွယ်ဂိုဏ်းအချို့သာ ကျန်တော့ရာ ကျန်ရှိသည့် အံ့ဖွယ်ဂိုဏ်းအချို့က အင်မတန် စိုးရိမ်ပူပန်နေ၏။
သူတို့သည် အံ့ဖွယ်ချီရှန်းအဆင့်သို့ ဖြစ်သော်ငြား လီလျိုဆွေ့နှင့် ရင်ဆိုင်ရချိန်၌ စိုးရိမ်ပူပန်နေရသည်။ သူတို့က အစွမ်းထက်သည့် အံ့ဖွယ်ချီရှန်းများ မဟုတ်တော့ပဲ သေးနုတ်သော ပုရွက်ဆိတ်များ ဖြစ်နေသည့်ပမာပင်။
ရှောင်လင်ကျောင်းထိုင်၏ အမူအယာက တည်ကြည်သွားကာ သူ ပြောလိုက်၏။
” အခုအချိန်မှာတော့ သူ့ကို ဖိနှိပ့်ဖို့ ငါတို့ အတွင်းအားသုံးဖို့ပဲရှိတယ်။ သူ့ရဲ့ နတ်ဆိုးစွမ်းအားကို မဖိနှိပ့်နိုင်ရင် ငါတို့တွေ သူ့ကို အနောက်အရပ် သုခဘုံဆီ ပို့ဖို့ပဲ ရှိတော့တယ် ”
” ဟုတ်ပြီ ”
” သူက သန်မာလွန်းတယ်။ ငါတို့တွေ သူ့ကို တစ်ကိုယ်တည်း မတိုက်ခိုက်ချင်ဘူး။ နတ်ဆိုးယဥ်ပါးခြင်း မိုးကြိုးအစီအရင်ကို တည်ဆောက်ပြီး အဲ့ဒီအစီအရင်နဲ့ သူ့ကို ဖိနှိပ့်ဖို့ အစီအရင်ကို သုံးမယ် ”
ကျောင်းထိုင်၏ အမိန့်ဖြင့် လူတိုင်းက အစီအရင်ကို ချက်ချင်း တည်ဆောက်တော့၏။
နတ်ဆိုးယဥ်ပါးခြင်း မိုးကြိုးအစီအရင်သည် ရှောင်လင်၏ အမြင့်ဆုံး အစီအရင်ကျင့်စဥ်များထဲမှ တစ်ခုဖြစ်သည်။ ယင်းက အကောင်းဆုံး ရှောင်လင် အစီအရင်များထဲမှ တစ်ခုဟု ဆိုနိုင်၏။
၄င်း၏ စွမ်းအားက တော်ဝင်အစီအရင်အဆင့်သို့ ရောက်သည်။
နှစ်ပေါင်းများစွာကြာအောင် ထိုအစီအရင်ကနေ မည်သူမှ မလွတ်မြောက်နိုင်ပေ။
ဤအစီအရင်ကို ရှောင်လင်ရှိ အံ့ဖွယ်ချီရှန်းအချို့ကသာ ထုတ်ဖော်နိုင်တာ ဖြစ်သည်။ ၄င်း၏ စွမ်းဆောင်ရည်က မမှန်းဆနိုင်ပေ။
တစ်ဖက်သူက ရှန်းထျန်းနဝမအဆင့်၏အထွတ်အထိပ်တွင် ရှိနေပင်လျှင် သူ လွတ်မြောက်နိုင်စရာအကြောင်းမရှိပေ။
ရွှေရောင်အလင်းက စတင်ပေါ်ထွက်လာသည်။
လီလျိုဆွေ့ကို ဝန်းရံလိုက်တော့သည်။
လီလျိုဆွေ့က ပြောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ ဝတ်ရုံက လေထဲ လွင့်လူးနေ၏။ မုတ်ဆိတ်နှင့် ဆံပင်များကလည်း လေနှင်ရာ ရွေ့နေတော့သည်။ သူ၏ ခန္ဓာကိုယ်က သွေးအဆီအနစ်များဖြင့် ရစ်ပတ်ခံထားရပြီး နတ်ဆိုးစွမ်းအားက ကောင်းကင်ထိအောင် မြင့်တက်သွား၏။
သူကိုယ်တိုင်ကလည်း ထိုစွမ်းအားကို ထိန်းချုပ်ချင်နေကြောင်း မြင်နိုင်ပေ၏။ သို့သော် သူ့ခွန်အားက အမှန်တကယ် ကန့်သတ်ခံထားရကာ ၄င်းကို ဖိနှိပ့်နိုင်ရန် နည်းလမ်း မရှိချေ။
ထိုစဥ် ရှောင်လင်၏ အစီအရင်ကို မြင်တွေ့ပြီး တိုက်ခိုက်လိုစိတ်က ပြင်းပြလာ၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများကို သုံးကာ ဓါးမော့ကို လွှဲခုတ်လိုက်တော့၏။
ဖုန်း။
ဝိညာဥ်စွမ်းအားက သွေးရောင်သတ်ဖြတ်လိုစိတ်နှင့် ရောနှောသွားပြီး သွေးရောင်ဓါးမော့ရောင်ခြည်တစ်ခု သိပ်သည်းလိုက်၏။ ယင်းက ပေတစ်ရာကျော် ရှည်လျားပေ၏။ ၄င်းသည် အညှာအတာမဲ့စွာဖြင့် နတ်ဆိုးယဥ်ပါးခြင်း မိုးကြိုးအစီအရင်ကို ခုတ်ပိုင်းတော့၏။
ထိုတိုက်ခိုက်မှုအောက်၌ အစီအရင်တစ်ခုလုံးက ကြမ်းတမ်းစွာ တုန်ယင်သွားမိသည်။ လူတိုင်း၏ ရင်ထဲ တုန်လှုပ်သွား၏။
သူ၏ တိုက်ခိုက်ရေးစွမ်းအား အလွန်သန်မာနေလိမ့်မည်ဟု သူတို့ မထင်ထားပေ။ သို့သော်ငြား သူ တိုက်ခိုက်လာသည့်အချိန်၌ သူတို့၏ တိုက်ခိုက်မှုက မြင်ရသည်ထက် ပိုသန်မာကြောင်း သဘောပေါက်သွားသည်။
တစ်ချက်ကျရောက်ပြီးနောက် လီလျိုဆွေ့က ထပ်မံ တိုက်ခိုက်သည်။ ပြီးနောက် တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဥ္စမအကြိမ်။ ထပ်တလဲလဲ ခုတ်ပိုင်းနေတော့သည်။
ပိုင်းဖြတ်မှုတိုင်း၌ သူ၏ ခွန်အားသည် ယခင်ကထက် ပိုသန်မာလာ၏။ ပိုင်းဖြတ်မှုတိုင်းဖြင့် အစီအရင်က ကြမ်းတမ်းစွာ တုန်လှုပ်နေတော့သည်။
အားနည်းသော ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းနှစ်ဦးက သွေးအန်လာတော့သည်။ သူတို့ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေပြီး ခံနိုင်ရည် မရှိတော့ပေ။
အစီအရင်ပေါ်၌ အက်ကွဲရာများ တဖြည်းဖြည်း ပေါ်လာပြီး လီလျိုဆွေ့၏ ဆက်တိုက် တိုက်ခိုက်မှုများနှင့်အတူ ကျိုးပဲ့လာတော့သည်။
ဂျွတ် ဂျွတ်။
နောက်ဆုံးတွင် သတ္တမအကြိမ်မြောက် ပိုင်းဖြတ်မှု ကျရောက်လာသောအခါ အစီအရင်က တောင့်ခံမထားနိုင်တော့ပဲ နေရာမှာတင် ပေါက်ကွဲသွားလေ၏။
ဖုန်း။
ကြီးစွာသော မှိုပွင့်တိမ်တိုက်ကြီးက ကောင်းကင်ထိအောင် မြင့်တက်သွားသည်။ အစွမ်းထက်သော လှိုင်းများက လူတိုင်းကို နောက်သို့ ဆုတ်သွားစေ၏။
ဂွမ်း။
အံ့ဖွယ်ချီရှန်းအချို့ကဆို သွေးအန်ကုန်၏။ သူတို့က ရိုက်ခတ်မှုကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရကုန်တော့သည်။
” ကျောင်းထိုင် ကျွန်တော်တို့ ထပ်မထိန်းထားနိုင်တော့ဘူး။ သူက သန်မာလွန်းတယ်။ သူ့ ပြိုင်ဘက်မဟုတ်ဘူး ”
ကျောင်းထိုင်က သူတို့ထက်တောင် ပိုစိတ်ပူပန်နေသည်။ သို့သော် သေရေးရှင်ရေးအခြေအနေ၌ ကောင်းကင်ကနေ ရွှေရောင်ဓါးရောင်ခြည်က ရုတ်တရက် ပေါ်လာလေ၏။
ဖုန်း။
ဓါးအစီအရင်က ကျဆင်းလာပြီး လီလျိုဆွေ့၏ ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ ပိုင်းဖြတ်ပြီး သူ့ကို မြေကြီးပေါ် ပြုတ်ကျသွားစေ၏။
” အစ်ကိုလျိုဆွေ့ မြန်မြန်ထတော့ ”
” လုချင်ရှန်း …။ ဓါးသူတော်စင် လုချင်ရှန်း ဒီရောက်လာပြီ ”
လူအုပ်ကြီးက ပျော်ရွှင်သွားတော့သည်။ ဓါးသူတော်စင် ဤနေရာတွင် ရှိနေရာ သူတို့က ဝန်ထုပ်ဝန်ပိုးကို မျှနိုင်လိမ့်မည်။
လုချင်ရှန်းက လီလျိုဆွေ့၏ ခန္ဓာကိုယ်ကို ထိသွားပြီး လီလျိုဆွေ့ကမူ ဂရုမစိုက်ပဲ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအားများကို တုန်လှုပ်စေ၏။ ခန္ဓာကိုယ်က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီး ဝိညာဥ်ပေါ်ရှိ ဖိအားက သိသိသာသာ လျော့ကျသွားကာ သူ၏ ဝိညာဥ်အသိစိတ်ကလည်း ဖြည်းဖြည်းချင်း သတိပြန်ဝင်လာ၏။
ရှောင်လင်ကျောင်းထိုင်က အခွင့်အရေးယူပြီးနောက် လီလျိုဆွေ့၏ ရင်ဘက်ပေါ် ဗုဒ္ဓပုတီးကို ဆွဲပေးလိုက်ကာ သူ့ခန္ဓာကိုယ်ထဲရှိ ကျန်ရှိသော မိစ္ဆာစွမ်းအင်များကို ဖိနှိပ့်လိုက်၏။
ခဏအကြာတွင် လီလျိုဆွေ့၏ နှုတ်ကနေ အားနည်းသော ရေရွတ်သံကို ကြားလိုက်ရ၏။
” ကျုပ် တောင်းပန်ပါတယ်။ အားလုံးကို ဒုက္ခပေးမိတာအတွက် ”
လူတိုင်းသည် သူ ပြောတာကြားတော့မှ သက်ပြင်းချလိုက်၏။
” မင်းရဲ့ အသိစိတ် ပြန်ဝင်လာပြီ။ နောက်ဆုံးတော့ ပြန်ဝင်လာပြီပဲ ဂုဏ်ပြုပါတယ် ”
လီလျို့ဆွေ့၏ အသိစိတ်က တဖြည်းဖြည်းချင်း ကြည်လင်လာ၏။ သူက ဖြည်းဖြည်းချင်း ထရပ်ကာ ဗုဒ္ဓပုတီးကို သူ့လက်ထဲ၌ သယ်ဆောင်ထားလေ၏။
” အစောတုန်းက တိုက်ခိုက်မှုက ရှောင်လင်က နှစ်ပေါင်းများစွာ ပျိုးထောင်ထားတဲ့ ဗုဒ္ဓပုတီးနဲ့ ပေါင်းလိုက်ပြီး ကျုပ်ကို နှိုးထစေခဲ့တယ်။ ဒါပေမဲ့ ဒါက ယာယီအခြေအနေပဲ။ ကျုပ်ရဲ့ ဝိညာဥ်ကို အပြည့်အဝ ကုသပေးနိုင်မှာ မဟုတ်ဘူး။ အနှေးနဲ့အမြန် ဒါက ထပ်ပေါက်ကွဲလိမ့်မယ် ”
လူတိုင်း၏ အမူအယာက အင်မတန် တည်ကြည်သွား၏။
အစောတုန်းက လီလျိုဆွေ့က ထိန်းထားနိုင်သေးသည်။ သူ၏ တိုက်ခိုက်မှု စွမ်းအားက အကန့်အသတ်ထိ မရောက်။ ထိုသို့တိုင် သူ၏ ခွန်အားက သာမန်လူများ ယှဥ်နိုင်သည့်အရာ မဟုတ်ပေ။ သူသာ အပြည့်အဝ ပူးကပ်ခံလိုက်ရလျှင် မည်သူက သူ့ကို တားမြစ်နိုင်တော့မည်နည်း။ သူ့ကို မည်သူ ကယ်တင်နိုင်မည်နည်း။
လုချင်ရှန်းက ခဏတာ စဥ်းစားပြီးနောက် ပြောလိုက်၏။
” အစ်ကိုလျိုဆွေ့ ကျန်းဟိုင်မြို့ကိုသွား။ အဲ့ဒီမှာ ခင်ဗျားကို ကယ်နိုင်တဲ့သူတစ်ယောက် ရှိလောက်တယ် ”

အပိုင်း ၂၃၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset