အခန်း ၁၀၆။ ရှင့်အသက်ကိုငှားမယ်။
“စီနီယာအစ်ကို… လင်းဝူတကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခုရှိတယ်”
ချန်ရွှယ်ဖုန်သည် အံ့ဩမှင်သက်နေစဉ် ဝေ့ချင်စစ်၏ အသံသည် သူ့နားထဲသို့ဝင်ရောက်လာခဲ့သည်။
ထိုသို့ကြားသည့်အခါ ချန်ရွှယ်ဖုန်သည် အလွန်ပျော်ရွှင်သွားခဲ့သည်။
“ဂျူနီယာ ညီမလေး…ဘာနည်းလမ်းလဲ”
သူသည် ဝေ့ချင်စစ်အား အလွန်ပျော်ရွှင်စွာကြည့်လိုက်သည်။
သို့သော်လည်း သူသည် လှည့်ကြည့်လိုက်သည့်အခါ ဦးရေပြားထုံတက်သွားသည့်အထိ ကြောက်လန့်သွားခဲ့သည်။
ဤအချိန်တွင် ဝေ့ချင်စစ်၏ အမူအရာသည် အလွန်အေးစက်နေသည်။ သူမ၏ မျက်လုံးထဲတွင် မည်သည့် ခံစားချက်မှ မရှိချေ။
သူမသည် သူအား သေလူတစ်ယောက်ကဲ့သို့ကြည့်နေခဲ့သည်။
“ဂျူနီယာညီမလေး…မင်း…”
“စီနီယာအကို…လင်းဝူတကို ဖြေရှင်းဖို့ ရှင့်ဆီက ငှားစရာတစ်ခုရှိတယ်”
“ဘာလဲ”
“ရှင့်အသက်”
ထိုခံစားချက်မဲ့သောအသံသည် သူ၏ နတ်ဝိညာဉ်ကိုပင် ထိတ်လန့်စေသည်။
ဘယ်လို။ သူမက သူ့အသက်ကို လိုချင်နေတာလား။
ချန်ရွှယ်ဖုန်သည် ထိုသို့ကြားသည့်အခါ နေရာတွင်ပင် အေးခဲသွားခဲ့သည်။ သူသည် ဝေ့ချင်စစ်အား မယုံကြည်နိုင်စွာကြည့်လိုက်သည်။
သူသည် ဝေ့ချင်စစ်၏ စကားကိုမယုံကြည်နိုင်ဖြစ်နေသည်။
“ဂျူနီယာညီမလေး…ငါက မဟာယာနနယ်ပယ်ပကီးပြည့်စုံသောအဆင့်ကိုရောက်နေပြီ။ မင်းက အလယ်အလတ်အဆင့်ပဲရှိသေးတာ။ မင်းက ငါ့အသက်လိုချင်တာလား။ မင်းက အရည်အချင်းမပြည့်မီ…” ချန်ရွှယ်ဖုန်သည် နှာခေါင်းရှုံ့လိုက်သည်။
သို့သော်လည်း သူ၏ စကားမဆုံးခင် ရပ်တန့်သွားခဲ့သည်။
မမျှော်လင့်ထားသော ကြောက်လန့်မှုသည် သူ၏ နှလုံးသားထဲတွင်ပေါ်လာခဲ့သည်။
“ဘုန်း”
သူ၏ အံ့ဩနေသောအကြည့်အောက်တွင် ဝေ့ချင်စစ်၏ အဆင့်သည် မဟာယနယ်ပယ်အလယ်အလတ်အဆင့်မှ အဆင့်ကြီးတစ်ခု မြင့်တက်သွားခဲ့သည်။
“မင်း… ဒီဗာ… ဒီဗာနယ်ပယ်လား။ ဒါက မဟာယနနယ်ပယ်အလယ်အလတ်အဆင့်မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ချန်ရွှယ်ဖုန်၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။ ဤသို့ရုတ်တရက်အပြောင်းအလဲသည် သူနားလည်နိုင်သည်ထက်ကျော်လွန်နေခဲ့သည်။
ဝေ့ချင်စစ်က မဟာယာနနယ်ပယ် အလယ်အလတ်အဆင့်မဟုတ်ဘူးလား။ ဘာလို့ရုတ်တရက် ဒီဗာနယ်ပယ်ကို ရောက်ရှိသွားတာလဲ။
“စီနီယာအစ်ကို…ဒါက ကျွန်မရဲ့ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ပဲ။ အတိတ်တုန်းက ဆရာ့ကြောင့် ရှင့်အပေါ်အမြဲသည်းခံခဲ့တယ်။ ဒီနေ့ ကျွန်မအတွက် အသေခံပေးရမယ်။ မစိုးရိမ်ပါနဲ့။ ရှင်သေသွားရင် ရှင့်အတွက် အုတ်ဂူကို သေသေချာချာလုပ်ပေးပါမယ်”
ဝေ့ချင်စစ်၏ တည်ငြိမ်သောအသံသည် ထွက်ပေါ်လာခဲ့သည်။
“ဘုန်း”
ထိုသို့ပြောပြီးနောက် သူမသည် ချန်ရွှယ်ဖုန်၏ ခန္ဓာကိုယ်အား ရိုက်ချလိုက်သည်။ ပြင်းထန်သောအားသည် သူ့အား လင်းဝူတဆီသို့လွင့်စင်သွားစေခဲ့သည်။
သူမသည် ချက်ချင်းပင် တည်ငြိမ်စွာဖြင့် ရှေးဆန်ပြီ ဆန်းကြယ်သော အစီအရင်ပုံစံတစ်ခုကို ထုတ်ယူလိုက်သည်။
“ဝှစ်”
စိတ်ဝိညာာဉ်စွမ်းအားလှိုင်းတစ်ခုထိုးသွင်းလိုက်သည့်အခါ ထိုအစီအရင်ပုံစံသည် ဖျော့တော့သော အစိမ်းရောင်အလင်းတန်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူမရှေ့ရှိ လေဟာနယ်သည် တုန်ခါလာခဲ့ကာ လေဟာနယ်ဦးမင်တစ်ခုပေါ်လာခဲ့သည်။
ထိုသို့မြင်သောအခါ ချန်ရွှယ်ဖုန်၏ မျက်လုံးများသည် ထွက်လုမတတ်ပြူးကျယ်သွားခဲ့သည်။
“ဝေ့…ချင်…စစ်… မင်း ယုတ်မာတဲ့ဟာမ…အသေဆိုးနဲ့ သေပါစေလို့ကျိန်ဆဲတယ်”
ဒေါသတကြီးအော်ဟစ်သံသည် ထွက်ပေါ်လာခဲ့သည်။
“ဘုန်း”
ချန်ရွှယ်ဖုန်၏ အသံဆုံးသွားသည်နှင့် မဟာပျက်သုံးခြင်းဒယ်စောက်သည် သူ့အား ထူးကဲသောတာအိုစွမ်းအားဖြင့် ရိုက်ချလိုက်သည်။
“အား”
မရေမတွက်နိုင်သော လူများ၏ အကြည့်အောက်တွင်ပင် ချန်ရွှယ်ဖုန်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် သွေးမြူများအဖြစ်ပြောင်းလဲသွားခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်လျက် လူတိုင်းသည် ချွဲများဖြင့် စိုရွှဲသွားခဲ့သည်။
ဝေ့ချင်စစ်၏ လှပသောမျက်နှာသည်လည်း ဖြူဖျော့သွားခဲ့သည်။
“ဒုန်း”
တုန့်ဆိုင်းနေခြင်းမရှိဘဲသူမသည် ခင်းကျင်းထားသော အစီအရင်ထဲသို့ ဝင်လိုက်သည်။
“ဟမ်း… မင်းက ထွက်သွားချင်တာလား။ ငါ့ကို အရင်မေးဦးလေ”
“ဝှစ်”
လင်းဝူတ၏ အေးစက်သောအသံထွက်လာပြီးနောက် ဒြပ်စင်ငါးပါးဓားအစီအရင်မှ ထက်ရှသောဓားအလင်းတန်းတစ်ခုသည် ထွက်လာခဲ့ကာ လေဟာနယ်ဥမင်အား ပစ်ချလိုက်သည်။
၎င်း၏ ပစ်မှတ်သည် ဝေ့ချင်စစ်ပင်။
“အား”
ဓားအလင်းတန်းသည် လေဟာနယ်ဥမင်ကိုရိုက်ချလိုက်သည့်အခါ အထဲမှ နားအူမတတ်အော်ဟစ်သံသည် ထွက်ပေါ်လာခဲ့သည်။
တချိန်တည်းတွင် ထိတ်လန့်ဖွယ်သွေးများသည် လေဟာနယ်ထဲမှ ထွက်လာခဲ့သည်။
နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများ၏ အကူအညီဖြင့် ထိုဓားစွမ်းအားသည် ဝေ့ချင်စစ်၏ ရင်ဘတ်အား ပေါက်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
လေဟာနယ်ဥမင်သည် ပိတ်သွားသည့်အတွက် ကျန်သည့်ကိစ္စများကို မမြင်ရတော့ချေ။
သို့သော် ထိုဓားစွမ်းအားကြောင့် သူမသေမည်ဟု ၉၉%ယုံကြည်ပေသည်။
“မင်းတို့က ငါ့ကို လာသတ်မှတော့ ငါပြန်သတ်မှာကို ကြိုတင်ပြင်ဆင်ထားသင့်တယ်”
…
ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။
ထိုသို့ပြောပြီး လင်းဝူတသည် မဟာပျက်သုဉ်းခြင်းဒယ်စောက်အားခေါ်ဆောင်ကာ ကြည့်ရှုသူများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
“ဝှစ်”
သူထွက်ခွာသွားပြီးနောက် လူတိုင်းသည် လေးပင်စွာ သက်ပြင်းချလိုက်သည်။
သို့သော်လည်း သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့နေမှုတို့က ယခုအထိ ရှိနေဆဲပင်။
အခုဖြစ်ပျက်သွားသည့် ထိတ်လန့်ဖွယ်မြင်ကွင်သည် သူတို့အားအလွန်ကြောက်ရွံ့သွားစေသည်။
“မဟာဟာနပြီးပြည့်စုံခြင်းအဆင့်ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက်က ဒီလိုပဲအသတ်ခံလိုက်ရတယ်လား။ လင်းဝူကတော့ တကယ်ကို ပြိုင်ဘက်ကင်းတာပဲ”
“ဝိုး…သူမှာတကယ်ပဲ ထူးကဲသောတာအိုလက်နက်တစ်ခုရှိနေတယ်…”
“လျောင်ရူချန်ရဲ့ ဟောကြားချက်က တကယ်မှန်တာပဲ။ ချန်ရွှယ်ဖုန် သေသွားခဲ့ပြီ”
“သူတို့က ဘာလို့လင်းဝူတကို တိုက်ခိုက်နေကြတာလဲ”
“ပြောစရာလိုလို့လား။ လင်းဝူတကို သတ်ဖို့လာတာပဲ။ ဒါပေမဲ့ အဆုံးမှာ သူတို့ပဲ အသတ်ခံလိုက်ရတယ်”
…
“ဟူး…ဒါက နှမျောစရာကောင်းလွန်းတယ်…”
…
လူအုပ်သည် အပြင်းအထန်ဆွေးနွေးနေကြသည်။
သူတို့သည် ချန်ရွှယ်ဖုန်၏ သေခြင်းအတွက် သနားနေခြင်းလုံးဝမရှိပေ။ မည်သို့မင်ဆိုပါစေ၊ အပြစ်သားမြို့တော်၌ သတ်ဖြတ်မှုများသည် နေရာတိုင်းလိုလိုဖြစ်နေကြသည်။
ယခုတစ်ကြိမ်သေသွားသည့်သူက မဟာယာနနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်နေသည်သာ ဖြစ်၏။
တချိန်တည်းတွင် သူတို့သည် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းမှ လင်းဝူတ၏ ခွန်အားကို တွေ့ခွင့်ရခဲ့သည်။ သူသည် နောက်ဆုံးအထိ ရပ်တည်နိုင်ခဲ့သည်။
ထို့အပြင် သူ၏ နည်းလမ်းများသည် ရက်စက်ကာ အဆင်အခြင်မဲ့လွန်းသည်။
၎င်းက သူတို့အား အမြင်ကျယ်လာစေခဲ့သည်။
…
တဖက်တွင် ဆိုင်တစ်ခုမှ လူနှစ်ယောက်သည် ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။
“ခေါင်းဆောင်… သူက နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းရဲ့ ဘုရင်ခံလင်းဝူတလား”
“အင်”
“ဝိုး…သူကကြောက်ဖို့ကောင်းလွန်းတယ်။ မဟာယာနနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ရှိတဲ့ ချန်ရွှယ်ဖုန်ကိုတောင် တစ်ချက်တည်းနဲ့ သတ်ဖြတ်လိုက်တယ်။ ဘယ်လောက်တောင် ကြမ်းလိုက်တဲ့နည်းလမ်းလဲ။ ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလိုက်သလဲ။ ပြီးတော့ သူ့လက်ထဲက လက်နက်က ထိပ်ဆုံးအဆင့် ထူးကဲသောတာအိုလက်နက်ပဲ။ ဒီလိုလက်နက်တွေက အနည်းငယ်သာရှိတယ်။ ဘာလို့သူ့လက်ထဲက အနက်ရောင်ဒယ်စောက်အကြောင်းကို မကြားဖူးရတာလဲ” လူငယ်လေးသည် အံ့ဩသင့်စွာပြောလိုက်သည်။
သူသည် ထိတ်လန့်နေသော်လည်း သူ့မျက်လုံးထဲတွင် တောင့်တမှုအနည်းငယ်ရှိနေသည်။
သူသည် ဤသို့ စိတ်လှုပ်ရှားဖွယ်မြင်ကွင်းကို ပထမဆုံးမြင်ကွင်းဖြစ်သည်။
“အို…ဟုတ်သားပဲ။ အဲဒီလှပတဲ့အမျိုးသမီးက… နေရာရွေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုသွားခဲ့တာ မဟုတ်လား”
“အင်”
“ဘုရင်ခံလင်းရဲ့ တိုက်ကွက်က ကြောက်ဖို့ကောင်းလွန်းတယ်။ သူမသေသွားလား”
“ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းမှာ လုပ်စရာရှိလို့လား”
“အာ… ကျွန်တော်က သိချင်ရုံပါ”
“သွား…မင်းဘာသာမင်း တွက်ချက်လာခဲ့။ ငါက အားလုံးကို မပြောနိုင်ဘူး။ ကောင်းပြီး ပြန်သွားပြီး အထုတ်အပိုးပြင်ရအောင်။ အပြစ်သားမြို့တော်ကချက်ချင်းထွက်ခွာရမယ်”
ဘယ်လို။ ထွက်သွားရတော့မှာလား။
ထိုသို့ကြားသည့်အခါ လူငယ်လေး၏ မျက်နှာသည် ချက်ချင်းပင် အလွန်ခါးသီးသည့် အမူအရာဖြစ်သွားခဲ့သည်။
“ဘုရင်ခံလင်းက ကြောက်ဖို့ကောင်းပေမယ့် သူက လူတစ်ယောက်ပဲ။ သူ့လိုခွန်အားကို ရရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒီလိုသာဆိုရင် ငါ့ရဲ့ ရန်သူတွေကို သတ်လို့ရပြီ။ အင်…ဒီက ထွက်သွားရင် ဘုရင်ခံလင်းနဲ့ ထပ်တွေ့ရနိုင်သေးလား။ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အော်ရာကို တကယ်ကိုကြိုက်တယ်”
လူငယ်လေးသည် လက်သီးအားတင်းကျပ်စွာ ဆုပ်ထားမိလိုက်သည်။
သူသည် လမ်းလျောက်ရင် နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းရှိရာသို့ လှမ်းကြည့်လိုက်သည်။
သူ၏ မျက်နှာလေးတွင် တောင့်တမှုများဖြင့်ပြည့်နှက်နေသည်။
…
လင်းဝူတသည် အပြင်လောက၏ ကိစ္စများကို အာရုံမစိုက်တော့ချေ။
နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းသို့ပြန်ရောက်ပြီးနောက် သူသည် နတ်ဘုရားဆင့်ခေါ်ခြင်းစာအုပ်ကို ထုတ်ယူကာ သတင်းပို့လိုက်သည်။
ဝေ့ချင်စစ် သေမသေကို သူသိချင်နေသည်။
ဒြပ်စင်ငါးပါး ဓားစွမ်းအားက သူ့မရင်ဘတ်အားဖောက်ထွက်သွားခဲ့သော်လည်း သူမအလောင်းကိုမတွေ့ရသ၍ လင်းဝူတ စိတ်မအေးနိုင်ချေ။
သူသည် ထိုအကြောင်းကို ကျွင့်ချမ်မို့အား မေးမြန်းလိုက်သည်။
[ဝေ့ချင်စစ် သေမသေ မေးလို့ရနိုင်မလား]
“ဝှစ်”
လျှို့ဝှက်ဆန်းကြယ်သော အလင်းသည် ပွင့်လန်းလာခဲ့သည်။ လင်းဝူတ၏ အကြည့်အောက်တွင် နတ်ဘုရားဆင့်ခေါ်ခြင်း စာရွက်ပေါ်မှ စာလုံးများသည် ပျောက်ကွယ်သွားခဲ့သည်။
တခဏကြာပြီးနောက် အလင်းတန်းတစ်ခုပေါ်လာခဲ့သည်။
ကျွင့်ချမ်မို့သည် ပြန်ဖြေလိုက်ခြင်းဖြစ်၏။
[အပြင်းအထန်ဒဏ်ရာရသွားတယ်။ သေခါနီးပဲ]
သခေါနီးလား။
လင်းဝူတ၏ မျက်ခုံးများသည် ထိုသို့မြင်သောအခါ ကျဉ်းမြောင်းသွားခဲ့သည်။