စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃၇ ဆေးလုံးဖော်စပ်ပြီး လေ့ကျင့်မှု ပြီးဆုံးခြင်း။
နောက်ဆုံးအခေါက်က သူသည် အင်မတန် အစွမ်းထက်သော ဆေးလုံးကို သန့်စင်ဖော်စပ်ခဲ့ခြင်းကြောင့် မိုးကြိုးကပ်ဘေးကြုံတွေ့ခဲ့ရ၏။ ထို့ကြောင့် ယခုအခေါက်တွင် ယဲ့ရှောင်သည် ဆေးလုံးသန့်စင်ရန်အတွက် နေရာကျယ်တစ်ခု ရှာဖို့ ကျုံးမြို့ပြင်သို့ သွားခဲ့သည်။
သူက မဟာနဂါးကို ဆင့်ခေါ်လျက် ဘေးတွင် စောင့်ကြပ်ခိုင်းထား၏။
အစီအရင် ခင်းကျင်းရသည်က ပိုဒုက္ခများပြီး မဟာနဂါးတစ်ကိုယ်တည်း တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သူ စောင့်ကြပ်ပေးနေလေရာ ပြဿနာ မရှိတော့ပေ။
မဟာနဂါးကို လုံခြုံရေးတာဝန် ယူခိုင်းပြီးနောက် ယဲ့ရှောင်သည် အရိပ်လင်းနို့၏ ကြယ်အမြုတေကို ထုတ်ကာ အရိပ်လင်းနို့၏ အသားကိုလည်း ထုတ်ပြီး အသူရာ၏ ခန္ဓာ၊ အသားများနှင့် အဆိပ်နဂါးကင်းမြီးကောက်၏ အသားများကိုလည်း ထုတ်လိုက်လေ၏။
အသင်္ချေဓါးမှ မူလသို့ ရရှိပြီးနောက် ယဲ့ရှောင်သည် ကြယ်တာရာသားရဲအသားထဲရှိ မသန့်စင်မှုအားလုံးကို လျင်မြန်စွာ ဖယ်ရှားပစ်လိုက်၏။
သူက အဆီအနစ်ကို ထုတ်ဖော်ပြီး ၄င်းတို့ကို ကြယ်အမြုတေထဲ သွင်းလိုက်၏။
ကြယ်အမြုတေသည် စွမ်းအားပြန်လည်ရရှိပြီးနောက် အစ၌ ခုခံခဲ့သည်။ အကြောင်းမှာ အရိပ်လင်းနို့၏ အသိစိတ် ရှိနေသေးသောကြောင့် ဖြစ်သည်။
ထို့အပြင် ယဲ့ရှောင်က အရိပ်လင်းနို့၏ ဝိညာဥ်ကို သူ တစ်စစီ ချေမှုန်းပြီးနောက် ပြန်သွင်းခဲ့၏။ ယင်းက သူ၏ ဝိညာဥ်စွမ်းအားကို မြှင့်တင်ပေးသည်။
သူ၏ ဝိညာဥ်စွမ်းအားက အလွန်သန်မာပြီးဖြစ်သော်ငြား သူ့ဝိညာဥ်စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ပြီဟု မဆိုလိုပေ။ နောင်ကြ သူသည် ဘုရင်နယ်ပယ်သို့ အဆင့်တက်ပြီးချိန် သူက ဝိညာဥ်စွမ်းအားများ ပိုတောင် လိုအပ်လိမ့်မည်။ သူက ကြိုတင် အသင့်မပြင်ထားလျှင် မည်သို့ ဖြစ်မည်နည်း။
ဝိညာဥ်စွမ်းအားကို တိုက်ရိုက် စုပ်ယူ၍ မရပေ။ ၄င်းကို ဘေးကင်းစွာ စုပ်ယူနိုင်ရန်အတွက် ဆေးလုံးတစ်လုံးအဖြစ် ဖော်စပ်ရမည်။ ယင်းက ကျန်သည့်သူ၏ မကောင်းသော အတွေးများ သူ၏ ဝိညာဥ်ထဲ ပေါင်းစည်းသည့်အချိန်တွင် ကျန်သည့်သူ၏ သွေဖယ်သော အတွေးများ ဝင်မလာအောင် ဟန့်တားပြီး သူ၏ အကျင့်စရိုက်ကို မသွေဖယ်စေတော့ပေ။
ဒုတိယဂုဏ်သတ္တိဖြင့် အလွန်နည်းပါးသည့် ဖြစ်နိုင်စွမ်းဖြင့် ဒုတိယမြောက် ကိုယ်ရည်ကိုယ်သွေး ပေါ်လာပြီး သူ့ကို ကိုယ်ရည်ကိုယ်သွေးအခွဲတစ်ခု ဖြစ်သွားစေခဲ့လျှင် ပြဿနာက ပိုတောင် ကြီးမားလာလိမ့်မည်။
လိုရင်းဆိုရလျှင် ဘေးကင်းမှုက အရေးကြီးဆုံး ဖြစ်၏။ အထူးသဖြင့် စားစရာပုံစံမျိုး ဖြစ်သည်။
ဘန်း။
တိမ်စိုင်တိမ်မည်းများစွာက ကောင်းကင်တွင် စုဝေးလာပြီးနောက် မိုးခြိမ်းသံက ပေါ်လာ၏။
မျက်တောင်တစ်ခတ်အတွင်း မြို့အထက် ကောင်းကင်သည် တည်ငြိမ်နေခဲ့ရာမှ ယခု စိတ်ဓာတ်ကျစရာ ဖြစ်လာတော့သည်။
လူတိုင်းသည် ကောင်းကင်ထဲရှိ မိုးသက်မုန်တိုင်းကို ကြည့်ပြီး သူတို့ မျက်နှာထက်၌ ဇဝေဇဝါဖြစ်သည့် အမူအယာများ ပေါ်လာလေ၏။
ပေ့ထျန်းစီသာလျှင် အပြင်ဘက်ကို စိုက်ကြည့်နေ၏။ သူ၏ မီးဝိညာဥ်မျက်လုံးက ထိတ်လန့်မှုများ ပြည့်နေတော့သည်။
အဲ့ဒီအရှိန်အဝါက မစ္စတာ ယဲ့နဲ့ တူတယ်။ သူ အခု ဘာလုပ်နေတာလဲ။
မကြာမီ၌ သူ့ဖုန်း မြည်လာတော့သည်။ ယင်းက ရှီကွမ်းဟောင်ဆီမှ ဖုန်းခေါ်ဆိုမှု ဖြစ်၏။ ပေ့ထျန်းစီက ဖုန်းချရန် ဆင်ခြေတစ်ခုသာ ရှာလိုက်သည်။
ဆိုရလျှင် ဆောင်ရွက်ပေးခဲ့သူက ယဲ့ရှောင် ဖြစ်၏။ ထို့ကြောင့် မေးခွန်းများစွာ မေးနေခြင်းက သူ့အတွက် မသင့်တော်ပေ။ သူ့အတွက် ဖုံးကွယ်ပေးထားနိုင်လျှင် ဖုံးကွယ်ပေးမည်။
ယဲ့ရှောင်ဘက်တွင်မူ သူက ကြယ်တာရာသားရဲ အဆီအနစ်နှင့် ကြယ်အမြုတေကို ဆက်တိုက် သန့်စင်နေ၏။ အလွန်လျင်မြန်စွာပင် သူက ရွှေရောင်စစ်စစ် ဆေးလုံးကို သန့်စင်နိုင်ခဲ့သည်။ လျှပ်စီးက ကောင်းကင်ထဲ၌ ရူးသွပ်စွာ ကျဆင်းလာပြီး အရပ်မျက်နှာအနှံ့ကနေ ဖိချလာလေ၏။
လျှပ်စီးများအားလုံးက ဆေးလုံးပေါ်၌ စုဝေးလာသည်။ သူတို့က ဆေးလုံးကို သန့်စင်နေပေလျှင် သူ၏ ဆေးလုံးကို သန့်စင်ပြီးသား ဖြစ်သွား၏။
ဆေးလုံးက ၄င်းကို ခံနိုင်ရည်ရှိခဲ့လျှင် တော်ဝင်ဆေးလုံးတစ်လုံး ဖြစ်လာလိမ့်မည်။ တော်ဝင်ဆေးလုံးသည် ၄င်းကို ခံနိုင်ရည်မရှိခဲ့လျှင် ပြာဖြစ်သွားမည်ဖြစ်ကာ ယဲ့ရှောင်က ဘာမှရတော့မှာ မဟုတ်ပေ။
ယခုအချိန်၌ ယဲ့ရှောင်၏ ဆေးသန့်စင်သည့်နည်းက ဆေးလုံးသန့်စင်သည့် သွင်ပြင်ကနေ ပြောင်းလဲသွားပြီး ဆေးလုံးကို ပုံပေါ်လာအောင် ပံ့ပိုးပေးနေ၏။
တစ်သောင်းမှ တစ်နှင့် ဝိညာဥ်စွမ်းအားသည် ဆေးလုံးထဲသို့ ဆက်တိုက် ကူးပြောင်းထည့်ပေးနေသည်။ ဆေးလုံးကို ပိုသန်မာလာအောင် ခုခံနိုင်စွမ်းပေးနေ၏။
ဖုန်း ဖုန်း ဖုန်း။
ကောင်းကင်ထဲ၌ လျှပ်စီးများ ကျလာပြီး ရံဖန်ရံခါတွင် တိုက်ခိုက်မှု၏ ပြင်းအားကို မြှင့်တင်ပေးတော့သည်။
သို့သော်ငြား ယခုအခေါက်တွင် ဆေးလုံးသန့်စင်မှုက အသင်္ချေခရမ်းနှင့် သစ်ရွက်နီများလောက် မသန်မာပေ။
အံ့ဖွယ်အဆင့်အောက် သားရဲ၏ ခန္ဓာဖြစ်တောင် အသင်္ချေခမ်းရမ်းနဲ့ သစ်ရွက်နီသည် ကိုးရောင်ခြယ်သို့ တက်လှမ်းရန် တစ်လှမ်းသာ ဝေးတော့တာကို သိထားရပေမည်။ ၄င်းက ကောင်းကင်ကုန်ကြမ်းများနှင့် မြေကမ္ဘာရတနာများထဲ၌ ထိပ်တန်းအဆင့် ကုန်ကြမ်းတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ဖြစ်သည်။
မိုးနှင့်မြေ၏ ဝိညာဥ်စွမ်းအားသည် ၄င်းအတွင်း ပါဝင်နေရာ မည်မျှ အစွမ်းထက်မည်နည်း။
နောက်ဆုံးတွင် ၁၂စက္ကန့်ကြာ မိုးကြိုးပစ်ခတ်ခံရပြီးနောက် ဆေးလုံးက အပြည့်အဝ ဖွဲ့တည်လာ၏။ ယခုအချိန်တွင် လျှပ်စီးများအားလုံး နောက်ဆုတ်ကုန်သည်။ သူတို့က ဆန္ဒမရှိသော်ငြား သူတို့သည် တိမ်တိုက်များကြား မျောလွင့်နေပြီး မြေပြင်ပေါ် ဆက်လက် မသက်ဆင်းတော့ပေ။
ယခုအချိန်၌ သူတို့က ဆေးလုံးကို ထိခိုက်အောင် မလုပ်နိုင်တော့ပေ။ သူတို့ ဆင်းသက်ရင်လည်း အသုံးမဝင်ဖြစ်ပေလိမ့်မည်။
သူတို့က လျှပ်စီးသဏ္ဍန်များ ပြည့်နေသည့် ဆေးလုံးကို မုန်းတီးစွာသာ စိုက်ကြည့်နေသည်။ တော်ဝင်ဆေးလုံးဖြစ်သွားတာကို ကြည့်နေရ၏။
တစ်ချိန်တည်းတွင် ဆေးလုံးကလည်း ဝိညာဥ်၏ တစ်စွန်းတစ်စ မွေးဖွားလာတာကို ပြသနေသည်။ ဆေးလုံးသန့်စင်တာ အောင်မြင်တာကို အခွင့်ကောင်းယူပြီး ရွှေရောင်အလင်းအဖြစ် အသွင်ပြောင်းကာ စတင်ပျံဝဲတော့၏။
ယဲ့ရှောင်က ကဗျာဆရာ ဖြစ်မနေပေ။ သူ၏ လက်ကြီးက လေကို ဆုပ်ကိုင်လိုက်ပြီး ကြယ်ကောက်ခြင်းလက်ကို သုံးကာ ချက်ချင်း ဖမ်းဆွဲလိုက်၏။
ဆေးလုံးသည် ယဲ့ရှောင်၏ ကြယ်ကောက်ခြင်းလက်စွမ်းအားဖြင့် ပြန်ဆွဲယူခံလိုက်ရသည်။ အကွာအဝေးတစ်ခုအတွင်း ယင်းက ကြုံရာကျပန်း ဆက်လက် တိုက်မိပြီး လှိုင်းများကို ဖြစ်ပေါ်စေ၏။
ယင်းက သူ့ကို နာကျင်အောင် မလုပ်ရဲ။ ယဲ့ရှောင်ကို ဆက်လက် တောင်းပန်နေ၏။ သနားစဖွယ် သွင်ပြင်က လူအများကို ဂရုဏာသက်မှု ခံစားရစေ၏။
ယဲ့ရှောင်သည် အသက်ရှင်ရန်အတွက် ၄င်းက ကြိုးစားပမ်းစား ရုန်းကန်နေတာကို ကြည့်ပြီး တဖြည်းဖြည်းချင်း တိတ်ဆိတ်သွားတော့သည်။
ဆေးလုံးက ယဲ့ရှောင် တိတ်ဆိတ်သွားတာကို သတိပြုမိပြီးနောက် ယဲ့ရှောင်၏ စိတ်ကို မွှေနှောက်ချင်သည့်ပမာ ပိုတောင် နက်ရှိုင်းစွာ ငိုကြွေးလေတော့၏။
စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် နောက်ဆုံးတွင် အောင်မြင်သွားတော့သည်။
ယဲ့ရှောင်သည် အသိစိတ်ရှိသည့်အရာကို မစားချင်ပေ။ သူက သက်ရှိတစ်ကောင်ကို စားရသည့်ပမာ အနည်းငယ် မသက်မသာဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းနေ၏။
ထို့ကြောင့် သူ လက်ဖဝါးကို ပူးကပ်ပြီး အမှုန့်အဖြစ် ချေကာ တစ်ခါတည်း ဝါးမြိုလိုက်၏။
လက်တွေ့ ကစားပြီးနောက် ၄င်းကို သတ်ရဦးမည်ဖြစ်ကြောင်း သက်သေပြသွားသည်။ စားပြီးမှ သက်သောင့်သက်သာ ဖြစ်သွားသည်။ အစာအိမ်ထဲ ရောက်ချိန်၌ မည်သည့် ခံစားချက်ကိုမှ မရလိုက်ပေ။
ဆေးမှုန့်က ပါးစပ်ထဲ ရောက်သွားသည့်အချိန်၌ ၄င်းက အရိပ်အဖြစ် ပြောင်းလဲသွားကာ ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ လျင်မြန်စွာ ဝင်ရောက်သွား၏။
ဖုန်း။
ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ ၄င်းအတွင်းရှိ အဟာရများက စတင်ပေါက်ကွဲပြီး ကြမ်းတမ်းသည့် ဝိညာဥ်စွမ်းအားလှိုင်းများ ဖွဲ့တည်တော့၏။
သို့သော်ငြား ယဲ့ရှောင်၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်စဥ်များအားလုံးက စတင် လှည့်ပတ်လာချိန် ပေါက်ကွဲသွားကာ မရေမတွက်နိုင်သော လေထုကို ဖန်တီးပြီး ချက်ချင်း အက်ကွဲသွားစေကာ လျင်မြန်စွာ ဖိနှိပ့်လိုက်၏။
ယဲ့ရှောင်သည် အသင်္ချေခရမ်းနှင့် သစ်ရွက်နီတို့ဖြင့် သန့်စင်ထားသော ဆေးလုံးကို စားရန် အားစိုက်ထုတ်မှုများစွာ မသုံးလိုက်ရရာ ဤဆေးလုံးဆို ပြောနေရန် မလိုတော့ချေ။
အလျင်အမြန်ပဲ ဆေးလုံးသည် ယဲ့ရှောင်၏ ခန္ဓာကိုယ်၌ ကြွယ်ဝသည့် စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ချီသွေးကြောများကို ထပ်ခါတလဲလဲ ပြုပြင်ပေးနေကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးနေ၏။
ယဲ့ရှောင်က အသက်ရှူထုတ်လိုက်ပြီး အတွင်း၌ ဝိညာဥ်စွမ်းအင်က သိပ်သည်းနေ၏။ အကြောင်းမှာ ၄င်းက အလွန်အကျွံ သိပ်သည်းနေသောကြောင့် အဖြူရောင်မြူတစ်ခု ဖွဲ့တည်ပြီးနေပြီ ဖြစ်သည်။
ငါ့ရဲ့ ခွန်အားက နောက်တစ်ဆင့် တိုးသွားပြီ။ ငါ့ရဲ့ ဝိညာဥ်နဲ့ ပေါင်းစည်းပြီး စစ်မှန်တဲ့ ဘုရင်နယ်ပယ်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာဖို့ သိပ်မလိုတော့ဘူး။ အစတုန်းက နှစ်ဝက်အတွင်း ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာဖို့ စီစဥ်ထားတာ။ ဒါပေမဲ့ အခု ငါ သုံးလတောင် မလိုတော့မဲ့ပုံပဲ။
သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားသည်။ သူသည် နတ်ဘုရားအာရုံ စူးစိုက်ခြင်းကျင့်စဥ်ကို အသုံးပြုပြီး မြို့သို့ ပြန်လာလိုက်သည်။
ထိုစဥ် ကျုံးမြို့၏ တောင်ကြားထဲကနေ အလွန်ထူးဆန်းသည့် သွင်ပြင်ဖြင့် အနက်ရောင် အရိပ်အချို့က ဖြည်းဖြည်းချင်း တွားသွားထွက်လာ၏။ သူတို့၏ အကြည့်က လမ်းပေါ်၌ စုဝေးနေသော လူအုပ်ကြီးကို ဂရုတစိုက် ကြည့်လိုက်သည်။
” အစ်ကိုကြီး ကျွန်တော်တို့ ကြယ်တာရာသားရဲရဲ့ သိုင်းပညာရှင်အားလုံး ရှုံးနိမ့်သွားပြီ။ ဒီမှာ ဘာလုပ်နေသေးတာလဲ ”
” မင်း ဘာသိလို့လဲ။ သူတို့ ရှုံးနိမ့်သွားတယ်ဆိုတာက လူသားတွေက အောင်ပွဲကြောင့် မျက်စိကန်းနေလို့ ရှုံးနိမ့်သွားတာ။ ငါတို့တွေကိုတောင် သတိထားမိမယ် မထင်ဘူး ”
” ဒါကို အခွင့်ကောင်းယူပြီး ငါတို့ အထဲဝင်ပြီး အကျိုးအမြတ်တချို့ ရိတ်သိမ်းရအောင်။ အကျိုးအမြတ်တချို့ ရိတ်သိမ်းပြီးမှ ထွက်ပြေးရင် မကောင်းဘူးလား ”
” အစ်ကိုကြီး ပြောတာ မှန်တယ်။ ကျွန်တော်တို့ထဲကတချို့က မဟာချီရှန်းအဆင့်အထက် ကြယ်တာရာသားရဲတွေပဲ။ လူသားတွေထဲမှာတောင် ထိပ်တန်းအဆင့် သိုင်းပညာရှင်တွေအဖြစ် သတ်မှတ်နိုင်တယ် ”
” ကျုံးမြို့ထဲမှာ လူသားအံ့ဖွယ်ချီရှန်းတချို့နဲ့ မတွေ့သရွေ့ ဘာအန္တရာယ်မှ ရှိမှာမဟုတ်ဘူး ”
” အကျိုးအမြတ်တွေကို ယူပြီးမှ ထွက်ပြေးရင် သေချာပေါက် နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေပဲ ”
” အစ်ကိုကြီးက ဉာဏ်ကောင်းလိုက်တာ ”
” ဒါပေါ့ကွ။ ဒီအစီစဥ်က ငါ ထပ်ခါတလဲလဲ စဥ်းစားပြီး ရလာတဲ့ အကြံကောင်းပဲ။ လွှဲနိုင်စရာ အကြောင်းမရှိဘူး။ သာမန် လူတွေဆို ဒီအကြောင်းကို ပြောမှာ မဟုတ်ဘူး ”
” မင်းတို့က ငါ့ညီအစ်ကိုတွေမို့ ပြောတာ။ မင်းတို့တွေကို အကျိုးခံစားခွင့်ရအောင် ငါ ခေါ်လာပေးတာ ”
” လေ့ကျင့်ပေးတာအတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး။ အခုကစပြီး အစ်ကိုကြီးရဲ့ ဦးဆောင်မှုနောက် ကျွန်တော်တို့ သေချာ လိုက်ပါမယ် ”
” အစ်ကိုကြီးနောက် လိုက်ရင် ကျွန်တော်တို့ ဗိုက်ဆာတော့မှာ မဟုတ်ဘူး ”
” ပြောနေတာ ရပ်လိုက်တော့။ ဟိုမှာ လူသားစစ်သည်တော်တစ်ယောက် ရောက်လာပြီ ချုံခိုတိုက်ခိုက်လိုက်။ ချုံခိုတိုက်ခိုက်လိုက်။ ပြင်ဆင်ကြ။ မင်းတို့ရဲ့ အရှိန်အဝါတွေကို ဖုံးကွယ်ကြ။ ထုတ်ဖော်ရဲတဲ့သူ ဘယ်သူမဆို သူတို့ကို ငါသတ်မယ် ”
” အစ်ကိုကြီး စိတ်မပူပါနဲ့။ ကျွန်တော်တို့ လုပ်နေတာကို သိပါတယ် ”
ကြယ်တာရာသားရဲများ၏ မျက်လုံးက ဖျတ်လတ်မှုတို့ ပြည့်နေကာ ရောင်ခြည်များ ဖြာထွက်လာ၏။ သူတို့က ထိုည၌ ရိတ်သိမ်းရန် တွေးနေပြီးသား ဖြစ်သည်။ အစားကြီးလိုက်တာ။
ကြယ်တာရာသားရဲနှစ်ကောင်က သရေတောင် ကျလာ၏။
ထိုပုံရိပ်က အဝေးကနေ ချဥ်းကပ်လာနေ၏။ သို့သော် ဖြည်းဖြည်း မလျှောက်ပေ။ ထိုအစား ကြယ်တာရာသားရဲများ၏ အမြင်တွင် ခရုတစ်ကောင်ပမာ နှေးကွေးလွန်းနေ၏။ ထိုအကြောင်းအရင်းကြောင့် သူတို့ စိတ်မရှည်ဖြစ်လာတော့သည်။ လူသားများကို ဝါးမြိုချင်စိတ်က အမြင့်ဆုံးထိ ရောက်နေပြီ ဖြစ်၏။
ပေတစ်ရာ၊ ပေငါးဆယ်၊ ပေသုံးဆယ်၊ ဆယ်ပေ။ နောက်ဆုံးတွင် တစ်ဖက်သူက လမ်းကြားအဝင်သို့ ရောက်လာသည်။
” သွား ”
ဦးဆောင်လာသော ကြယ်တာရာသားရဲသည် ၄င်း၏ ပါးစပ်ကို ရုတ်တရက် ဟလိုက်ရာ ကျန်သည့်ကြယ်တာရာသားရဲများက ချက်ချင်းလိုက်လာ၏။
ဆာလောင်နေသော ဝံပုလွေများက သူတို့၏ သားကောင်ကို ခုန်အုပ်သည့်ပမာ သူတို့၏ ပါးစပ်အကျယ်ကြီး ထဟကာ တစ်ဖက်သူကို ရူးသွပ်စွာ ခုန်အုပ်ကြတော့၏။
ဖုန်း။
တစ်စက္ကန့်ကြာပြီးနောက် ပေါက်ကွဲသံများက ကောင်းကင်ထဲ ပေါ်ထွက်လာကာ မီးလျှံများက မိုးထိအောင် မြင့်တက်လာ၏။
ပတ်ဝန်းကျင်တွင် နေထိုင်သူများကလည်း မြို့စောင့်တပ်ဖွဲ့ကို ချက်ချင်း ခေါ်တော့သည်။
” ဟယ်လို မြို့စောင့်တပ်ဖွဲ့ကပါလား။ သိုင်းပညာရှင်တွေကြား တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေလို့ သတင်းပေးတာပါ။ လိပ်စာကတော့ မြန်မြန်လာပေးပါ။ မဟုတ်ရင် သူတို့ ထွက်ပြေးကုန်လိမ့်မယ် ”
ယဲ့ရှောင်သည် လမ်းကြားလေးထဲကနေ ထွက်လာပြီး ဟိုတယ်သို့ ပြန်သွားလေ၏။
သူက အတော်လေး ဇဝေဇဝါ ဖြစ်သွားသည်။ ထိုအံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအချို့က အဘယ်ကြောင့် ထိုမျှ ရဲတင်းရသနည်း။
အသူရာနှင့် ကျန်သည့်သူမျာသည် အပြည့်အဝ ဖိနှိပ့်ခံထားရ၏။ ထိုသို့တိုင် သူတို့က လာရဲသေးသည်။ ထိုအကြောင်းကို တွေးမိပြီး ယဲ့ရှောင်က သူတို့အတွေးကို နားမလည်နိုင်သေးပေ။ ထို့ကြောင့် လက်လျှော့ရန် ဆုံးဖြတ်လိုက်၏။
၁၀မိနစ်တောင် စောင့်ဆိုင်းပြီးနောက် မြို့စောင့်တပ်ဖွဲ့ရောက်လာသည်။ သူတို့က အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီဖြစ်သော ကြယ်တာရာသားရဲများကို မြင်ပြီး လက်သည်းတစ်ခုနှစ်ခုသာ ကျန်တော့တာကို တွေ့သောအခါ အမူအယာများ ချက်ချင်း ပြောင်းလဲသွား၏။
” ဒီကုန်ကြမ်းတွေလား။ ဒါက ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင်လား။ ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင်က ခိုးဝင်လာတယ်။ မြန်မြန် မြန်မြန် အထက်အရာရှိတွေကို အကြောင်းကြား။ တစ်မြို့လုံး သတိပေးကြ ”
ကျုံးမြို့သည် ကပ်ဘေးကြုံတွေ့ပြီးခါစဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်း စိုးရိမ်ပူပန်မှုတို့ မြင့်တက်လာပြန်၏။
ယဲ့ရှောင်ဘက်တွင်မူ ယန်ရှီးနှင့် ကျန်သည့်သူများက ဟိုတယ်သို့ ပြန်လာခါစ ဖြစ်သည်။
သူတို့ ယဲ့ရှောင်ကို မြင်သည့်အချိန်၌ သူတို့က မဝိုင်းပဲ မနေနိုင်ကြတော့ပေ။
” ကြီးကြပ်သူ။ ဘယ်သွားနေတာလဲ။ ဖုန်းခေါ်နေတာ မကိုင်ဘူးနော်။ ခုနတုန်းက ကြောက်လွန်းလို့ သေမတက်ပဲ။ ရှင် တစ်ခုခု ဖြစ်သွားပြီလို့ ထင်နေတာ ”
ယဲ့ရှောင်က ခေါင်းခါလိုက်လေ၏။
” ဒီရက်ပိုင်းအတွင်း ကိုယ်ရေးကိုယ်တာကိစ္စတချို့ရှိလို့ မင်းတို့အားလုံးကို စိုးရိမ်စေခဲ့မိပြီ ”
” ရပါတယ်။ ခင်ဗျား အဆင်ပြေတာ ကောင်းတယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” နောက်ကျနေပြီ။ အားလုံးပဲ သွားအနားယူကြတော့ ”
” ကောင်းပြီလေ ”
လူတိုင်းက အလာဘ သလာဘအချို့ ပြောပြီးနောက် သူတို့အခန်း အသီးသီးသို့ ပြန်သွားကာ အနားယူတော့သည်။
နောက်ရက်အနည်းငယ်အတွင်း ယဲ့ရှောင်၏ ဘဝက ပိုတည်ငြိမ်လာ၏။ သူက မနက်ခင်း၌ လေ့လာသင်ယူကာ နေ့လယ်ခင်း၌ စာကြည့်တိုက်တွင် စာအုပ်များ ဖတ်ရှု၏။ သူ့ဘဝက အတော်လေး ဇိမ်ကျနေသည်။
မျက်တောင်တစ်ခတ်အတွင်း ရက်၂၀တာ ကုန်ဆုံးသွားသည်။ လေ့လာမှုပြီးဆုံးသွားပြီးဖြစ်ကာ လူတိုင်းက နောက်တစ်နေ့၌ ကျန်းဟိုင်မြို့သို့ ပြန်ရတော့မည်။
သူ မထွက်သွားခင် နောက်ဆုံးနေ့၌ ယဲ့ရှောင်သည် ပေ့ထျန်းစီကို နှုတ်ဆက်ရန်အတွက် နောက်ဆုံးအကြိမ်ဖြင့် စာကြည့်တိုက်သို့ ရောက်လာပြီး သူ့ကို တစ်စုံတစ်ခုအကြောင်း မေးမြန်းတော့၏။
အပိုင်း ၂၃၇ ပြီး၏။