အခန်း ၁၀၁။ လီမင်းဆက်၏ အကြီးဆုံးမင်းသမီး၊ ဝေ့ချင်စစ်
လီမင်းဆက် တော်ဝင်မြို့တော်၊ ကောင်းကင်ခန်းမ။
ယခုအချိန်တွင် အရာအားလုံးထက် မြင့်မြတ်ပြီး သန်းပေါင်းများစွာသော သက်ရှိတို့၏ သေခြင်းရှင်ခြင်းကို ဆုပ်ကိုင်ထားသည့် လီမင်းဆက် ဧကရာဇ် ဝေ့ချန်ထျန်းသည် ယခင်ကဲ့သို့ ဂုဏ်သိက္ခာနှင့် စိတ်ဓာတ်မရှိတော့ပေ။ ထိုအစား သူသည် ရိုင်းစိုင်းကြမ်းတမ်းသည့်ပုံပေါ်နေသည်။
သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော ဝမ်းနည်းမှုများဖြင့်ပြည့်နေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင် တော်ဝင်မင်းသားများသည် ထူးဆန်းစွာ သေဆုံးသွားကြသည်။
တချို့သည် နန်းတော်ထဲတွင်ပင် အသတ်ခံရပြီး တချို့ဆို အပြင်တွင် လုပ်ကြံခံခဲ့ရသည်။ သဲလွန်စများအရ သူတို့သည် မတော်တဆသေဆုံးသွားခဲ့ကြောင်းပြသနေသည်။ မည်သည့် သံသယဖြစ်ဖွယ်မှ မရှိချေ။
တစ်ယောက်၊ နှစ်ယောက်သေခြင်းသည် မတော်တဆဖြစ်နိုင်သော်လည်း သူ၏ ဒါဇင်နှင့် ချီသော သားများသည် လဝက်အတွင်း ထူးဆန်းစွာ သေဆုံးသွားခဲ့သည်။ ၎င်းသည် မတော်တဆမှုမဟုတ်တော့ချေ။
နောက်ကွယ်တွင် တစ်ယောက်ယောက်ကြိုးကိုင်ထားမှန်း ဝေ့ချန်ထျန်းသိပေသည်။
သူသံသယဝင်နေသူနှစ်ဦးသာရှိသည်။
တယောက်က ဝေ့ချန်ယင်ဖြစ်ပြီး တစ်ယောက်က အပြစ်သားမြို့တော်တွင် ရှိနေသည့် လင်းဝူတဖြစ်သည်။
ဝေ့ချန်ယင်သည် သူ၏ စောင့်ကြည့်မှုအောက်တွင်ရှိပြီး သူ၏ ညွှန်ကြားမှုအောက်တွင်ရှိနေသည်။ ထို့ကြောင့် နန်းတော်တံခါးဝမှ ခြေလှမ်းလှမ်းရန်ပင်မဖြစ်နိုင်ချေ။ ထို့ကြောင့် ဤကိစ္စများသည် သူနှင့်မသက်ဆိုင်လောက်ချေ။
ထို့ကြောင့် လင်းဝူတသာ ကျန်တော့သည်။
ထိုအပြင် လီမင်းဆက်အား အလွန်မုန်းတီးနေသူလည်းဖြစ်သည်။
ထို့သို့တွေးပြီး ဝေ့ချန်ထျန်း၏ နှလုံးသားထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
“ငါသားတွေကို သတ်တဲ့ ရန်သူတွေကို ခွင့်မလွှတ်နိုင်ဘူး။ လင်းဝူတ…မင်းကို ဒီအရှင် အပိုင်းတစ်သောင်လောက်ပိုင်ပစ်မယ်။ မင်းရဲ့ ပြာတွေနဲ့ ငါ့နှလုံးသားထဲက အမုန်းတရားကိုဖြေဖျောက်မယ်”
ဝေ့ချန်ထျန်း၏ ဒေါသတကြီး အော်ဟစ်သံသည် ကောင်းကင်ခန်းမတစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။
…
အချိန်အတော်ကြာမှ သူ၏ ဒေါသတရားနှင့် အမုန်းတရားတို့ ပြေလျော့သွားခဲ့သည်။ သူ၏ အကြည့်တို့သည် သူ့အောက်တွင်ထိုင်နေသော ယန်စစ်မင်ဆီသို့ရောက်ရှိသွားသည်။
“အင်ပါယာအကြံပေး… ကျုပ်သားတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေတယ်။ ဒါက လင်းဝူတလုပ်နေတာဖြစ်မယ်။ ဒီမျိုးမစစ်ကို ဘယ်လိုသတ်ရမလဲ အကြံပေးပါဦး” ဝေ့ချန်ထျန်းသည် မုန်းတီးစွာပြောလိုက်သည်။
ထိုသို့ကြားသည့်အခါ ယန်စစ်မင်သည် သူ၏ မျက်လုံးကိုဖွင့်လျက် ဝေ့ချန်ထျန်းအားတည်ငြိမ်စွာကြည့်လိုက်သည်။
“အရှင်မင်းကြီး…ရွှမ်းထျန်းဂိုဏ်းကို အကူအညီတောင်းထားတယ်မဟုတ်ဘူးလား”
“ဟူး… အဲဒီကိစ္စကို မပြောပါနဲ့။ လွန်ခဲ့တဲ့လဝက်လောက်ကတည်းက လင်းဝူတကို ဖြေရှင်းဖို့ ရွှမ်းထျန်းဂိုဏ်းကို အကူအညီတောင်းထားခဲ့တယ်။ ကံဆိုးစွာနဲ့ ဘာတုန့်ပြန်မှုမှမရှိဘူး။ ကြည့်ရတာ ရွှမ်းထျန်းဂိုဏ်းက အကူအညီမပေးချင်တဲ့ပုံဘဲ”
ထိုအချက်တွင် ဝေ့ချန်ထျန်းသည် ပို၍ပင် ဝမ်းနည်းသွားခဲ့သည်။
လီမင်းဆက်သည် ရွှမ်းထျန်းဂိုဏ်းနှင့် အမြဲတမ်းထိတွေ့ဆက်ဆံခဲ့ဖူးပြီး နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။ လီမင်းဆက်၏ အရင်းအမြစ်တဝက်နီးပါးပင် ပေးအပ်ခဲ့သည်။
၎င်းသည် သူတို့အားကာကွယ်ပေးစေချင်၍ပင်။
အခု လီမင်းဆက်အန္တရာယ်နှင့် ကြုံတွေ့နေရသည့်အခါ ရွှမ်းထျန်းဂိုဏ်းမှ မည်သည့် တုန့်ပြန်မှုမှ မရှိသည့်အတွက် ဝေ့ချန်ထျန်းအလွန်ဒေါသထွက်နေခဲ့သည်။
သူ၏ ရွှမ်းထျန်းဂိုဏ်းအပေါ်မုန်းတီးမှုသည် နှစ်ဆဖြစ်သွားခဲ့သည်။
“ဟီး…” သူ၏ အမူအရာကို မြင်သောအခါ ယန်စစ်မင်သည် ပြုံးလိုက်မိသည်။
ကိစ္စတိုင်းသည် သူ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသေးသည်။
“အရှင်မင်းကြီး… ရွှမ်းထျန်းဂိုဏ်းက သူတို့ကိုယ် သူတို့တောင်ဂရုစိုက်ဖို့ခက်ခဲနေတယ်”
“ဘာလို့လဲ”
“အရှင်မင်းကြီး…တယန်းဘိုးဘေးနယ်မြေမှာ မတော်တဆမှုတစ်ခုကြောင့် ရွှမ်းထျန်းဂိုဏ်းချုပ်နဲ့ ဒဏ္ဍာရီလာနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်ရှိတဲ့ ဘိုးဘေးတစ်ယောက်သေဆုံးသွားခဲ့တာ မကြားမိဘူးလား။ ဒီသတင်းသာပြန့်နှံ့သွားရင် ရွှမ်းထျန်းဂိုဏ်းအခြေစိုက်တဲ့ ပြည်နယ်တစ်ခုလုံး အုတ်ဩသောင်းနင်းဖြစ်ကုန်လိမ့်မယ်။ သူတို့ရဲ့ သေဆုံးမှုက ရွှမ်းထျန်းဂိုဏ်းကို အကြီးအကျယ်ဆုံးရှုံးစေခဲ့တယ်။ အခု အသင်္ချေတောင်တန်းတွေကြားမှာ နေဝင်ချိန်တိုက်ပွဲကွင်းပြင်ပွင့်နေတယ်။ အင်အားစုကြီးသုံးခုက အခုအချိန်မှာ ကျွမ်းကျင်သူတွေနဲ့ တပည့်တွေအားလုံးနီးပါးကို အဲဒီနေရာကို ပို့ထားတယ်။ ဒါကြောင့် ရွှမ်းထျန်းဂိုဏ်းက အကူအညီမပေးနိုင်တာကို နားလည် ပေးသင့်တယ်” ယန်စစ်မင်သည် တည်ငြိမ်စွာပြောလိုက်သည်။
ထိုသို့ကြားသည့်အခါ ဝေ့ချန်ထျန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။
သိသာစွာပင် ဤဖျောင်းဖျမှုသည် သူ့အတွက်အသုံးမဝင်သည်မှာ သိသာလှသည်။
“ဟမ်း… ရွှမ်းထျန်းဂိုဏ်းက ပြည်နယ်ကိုးခုရဲ့ ထိပ်သီးအင်အားစုသုံးခုထဲက တစ်ခုပဲ။ ဂိုဏ်းချုပ်နဲ့ သူတို့ဘိုးဘေးသေသွားပေမဲ့ တခြားကျွမ်းကျင်သူတွေမရှိဘူးလား။ သူတို့က ငါတို့ကို ပစ်ပယ်ထားတာသိသာတယ်” တေ့ချန်ထျန်းသည် မုန်းတီးစွာအံ့ကြိတ်လိုက်မိသည်။
ယန်စစ်မင်သည် တုန်ပြန်မှုမရှိချေ။
ဤကိစ္စများအားလုံးသည် ဝေ့ချန်ထျန်းနှင့်သာသက်ဆိုင်ပြီး သူနှင့် မသက်ဆိုင်ချေ။
“ဒါက မဖြစ်နိုင်ဘူး။ ရွှမ်းထျန်းဂိုဏ်းက အားကိုးမရဘူး။ ငါကိုယ်တိုင်လှုပ်ရှားရတာပေါ့”
အချိန်ကြာမြင့်စွာတိတ်ဆိတ်သွားပြီးနောက် ဝေ့ချန်ထျန်းသည် ခေါင်းမော့လိုက်သည်။
“အရှင်မင်းကြီးမှာ အကြံကောင်းရှိလို့လား”
“အင်ပါယာအကြံပေး… တော်ဝင်မြို့တော်မှာ မင်းသားတွေ မင်းသမီးတွေအပြင် ကျုပ်မှာ ခင်ဗျာ့မသိတဲ့ သမီးလေး တစ်ယောက် ရှိသေးတယ်ဆိုတာ ခင်ဗျားသိလား။ သူမအမည်က ဝေ့ချင်စစ်။ သူမကို မွေးတဲ့နေ့မှာပဲ ကျွမ်းကျင်သူတစ်ယောက်က တပည့်အဖြစ်ခေါ်ဆောင်သွားခဲ့တယ်။ မကြာသေးမီက သတင်းအရတော့ ချင်စစ်က မဟာယာနနယ်ပယ်ကို ရောက်ရှိသွားခဲ့ပြီ။ ဒါအပြင် သူမရဲ့ ဆရာ ဇီယန်ဂိုဏ်းခေါင်းဆောင်ကလည်း သီးသန့်ကျင့်ကြံပြီး ဆန်းကြယ်ကောင်းကင်အဆင့်ကို ရောက်ရှိသွားခဲ့ပြီ။ ဒီတော့…” ဝေ့ချန်ထျန်းသည် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
ထိုအချိန်တွင် သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွာမှုအရိပ်အယောင်များပေါ်လာခဲ့သည်။ သူ၏ သမီး ဝေ့ချင်စစ်က သူ့အား ဂုဏ်တက်စေခဲ့သည်မဟုတ်ပါလား။
ဝေ့ချင်စစ်လား။
ဇီယန်ဂိုဏ်းခေါင်းဆောင်လား။
ထိုသို့ကြားသည့်အခါ ယန်စစ်မင်သည် အံ့ဩသွားခဲ့သည်။
ချက်ချင်းပင် သူသည် လျှို့ဝှက်ချက်တချို့ကို ရှာတွေသွားသကဲ့သို့ခံစားလိုက်ရသည်။
“အရှင်မင်းကြီး…လင်းဝူတကို ဖြေရှင်းဖို့ ဝေ့ချင်စစ်ကို ပြန်ခေါ်ချင်တာလား”
“အမှန်ပဲ”
“ဒါပေမဲ့ သူမက အခု မဟာယာနနယ်ပယ်ပဲ ရှိသေးတယ်။ တကယ်လို့ သူမကိုသာ အပြစ်သားမြို့တော်ကို စေလွှတ်လိုက်ရင် ကျားခြံထဲပို့ပေးလိုက်တဲ့ သိုးငယ်တစ်ကောင်လို့ဖြစ်သွားနိုင်တယ်။ လင်းဝူတက ထင်သလောက်မရိုးရှင်းဘူး” ယန်စစ်မင်သည် သူ့အားဖျောင်းဖျရန်ကြိုးစားလိုက်သည်။
ဝေ့ချန်ထျန်းသည် သူ့စကားကို ဂရုပင်မစိုက်ချေ။
“အင်ပါယာ အကြံပေး မစိုးရိမ်နဲ့။ ချင်စစ်က မဟာယာနနယ်ပယ်ပဲ ရှိသေးတဲ့အတွက် လင်းဝူတကို မနိုင်တာ ကျုပ်သိတယ်။ ဒါပေမဲ့ သူမဆရာ့ ဇီယန်ဂိုဏ်း ခေါင်းဆောင်မှာတော့ ကျွမ်းကျင်သူတွေအများကြီးရှိတယ်။ သူတို့မှာ ဒဏ္ဍာရီလာနယ်ပယ် ကျွမ်းကျင်သူတွေ မရှားပါးဘူး။ တကယ်လို့ သူတို့ကို ဖိတ်ခေါ်လိုက်ရင် လင်းဝူတကို အလွယ်တကူ ဖြေရှင်းလို့ရပြီ။ လင်းဝူတက ဒဏ္ဍာရီလာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို ယှဉ်နိုင်မယ်လို့တော့ ကျုပ်မထင်ဘူး” ဝေ့ချန်ထျန်းသည် နှာခေါင်းရှုံ့ကာပြောလိုက်သည်။
သူ၏ ထင်မြင်ချက်အရ လင်းဝူတတွင် ဒဏ္ဍာရီလာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကို ယှဉ်နိုင်သည့် အစွမ်းရှိလျှင် မည်သည့်အတွက်ကြောင့် ယွမ်ပြည်နယ်ကဲ့သို့ သေးငယ်သော နေရာတွင် နေထိုင်မည်နည်း။
သူသည် သူ့နည်းသူဟန်ဖြင့် လီမင်းဆက်အား ရှင်းလင်းပြီးသားဖြစ်ပေလိမ့်မည်။
ထို့ကြောင့် လင်းဝူတသည် ဒဏ္ဍာရီလာနယ်ပယ် အောက်ရှိ အဆင့်တစ်ခုခုတွင် ဖြစ်သည်မှာ သေချာပေသည်။
ထို့ကြောင်း ဇီယန်ဂိုဏ်း ခေါင်းဆောင်၏ အကူအညီဖြင့် လင်းဝူတကို သေချာပေါက်ဖိနှိပ်နိုင်ပေလိမ့်မည်။
…
ယန်စစ်မင်သည် သူ၏ အကြံအစည်များကို တိတ်တဆိတ်လှောင်ပြောင်လိုက်သည်။
“အရှင်မင်းကြီး…လင်းဝူတက ဝေ့ချင်စစ်ကို သတ်လိုက်မှာမကြောက်ဘူးလား”
“ဒါက မဖြစ်နိုင်ဘူး။ ကျုပ်သမီး ချင်စစ်က ငယ်ငယ်လေးကတည်းက ဉာဏ်ကောင်းတယ်။ လင်းဝူတကို ယှဥ်ပြိုင်ရခက်ခဲမှန်းသိရင် သူမ ကြိုတင်ပြင်ဆင်ထားလိမ့်မယ်။ သူမကို လင်းဝူတသတ်နိုင်မယ်လို့တော့မထင်ဘူး”
“တကယ်လို့ သူမသာ သေဆုံးသွားခဲ့ရင် ဘာဖြစ်မလဲ”
“တကယ်လို့ ချင်စစ်သာ လင်းဝူတလက်ထဲမှာ သေသွားခဲ့ရင် ကောင်းကင်ဘုံက ငါ့ရဲ့ မင်းဆက်ကို ပျက်စီးစေချင်လိုပဲ။ လီမင်းဆက်အတွက် သူမ သေရမယ်ဆိုရင်တောင် အသေခံရမယ်။ သူမအတွက် သူမဆရာ ဇီယန်ဂိုဏ်း ခေါင်းဆောင်က လက်စားပြန်ချေပေးမယ်လို့ ကျုပ်ယုံကြည်တယ်” ဝေ့ချန်ထျန်းသည် လက်သီးဆုပ်ကာပြောလိုက်သည်။
ထိုသို့ပြောပြီးနောက်သူသည် သက်ပြင်းချကာ ကောင်းကင်ခန်းမမှ ထွက်ခွာသွားခဲ့သည်။
သူထွက်ခွာသွားသည့်ပုံစံကိုကြည့်ပြီး ယန်စစ်မင်းသည် ခေါင်းခါကာ ပြုံးလိုက်မိသည်။
“ဘယ်လောက်တောင်ကောင်းလိုက်တဲ့အကြံလဲ။ လင်းဝူတကို သတ်ဖို့ သူ့သမီးကိုတောင် ငါးစာအဖြစ်အသုံးပြုဝံ့တယ်။ ကံဆိုးစွာနဲ့ ဝေ့ချင်စစ်က ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး။ ခင်ဗျားရဲ့ ကံတရားက အဆုံးသတ်ရောက်ခါနီးနေပြီ…” မမျှော်လင့်ထားသော တီးတိုးရေရွတ်သံသည် သူ့ဆီမှ ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ယန်စစ်မင်သည် သစ်ခွနန်းတော်သို့ရောက်ရှိလာခဲ့ပြီး လူတိုင်းကို သတိပေးလိုက်သည်။
“အင်ပါယာ အကြံပေးက ဒီမှာပဲ”
ဝေ့ချန်ယင်သည် မတ်တပ်ရပ်ကာ အရိုအသေပေးလိုက်သည်။
…
“ကျုပ်တို့ လှုပ်ရှားမှုတစ်ခုလုပ်သင့်တယ်။ အခုကျုပ်က ကောင်းကင်ခန်းမက ထွက်လာခဲ့တာ။ ဝေ့ချန်ထျန်းက လင်းဝူတကို သတ်ဖို့ ဝေ့ချင်စစ်ကို စေလွှတ်ချင်နေတယ်။ ရက်အနည်းငယ်အတွင်း နေဝင်ချိန်တိုက်ပွဲကွင်းပြင်က ပိတ်တော့မယ်။ ပြီးတော့ လင်းဝူတက အပြစ်သားမြို့တော်ရဲ့ အခြေအနေတွေကို တည်ငြိမ်အောင်လုပ်ပြီးရင် လီမင်းဆက်အင်ပါယာမြို့တော်ကို လိုက်လာခဲ့လိမ့်မယ်။ ထီးနန်းသိမ်းပိုက်ဖို့ အချိန်တန်ပြီ” ယင်စစ်မင်သည် ပေါ့ပါးစွာပြောလိုက်သည်။
ဝေ့ချင်စစ်လား။
ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် ပဟေဠိဖြစ်သွားခဲ့သည်။
“ဝေ့ချင်စစ်က လီမင်းဆက်ရဲ့ မင်းသမီးလေးတစ်ပါးပဲ။ သူမ မွေးကတည်းက ဇီယန်ဂိုဏ်း ခေါင်းဆောင်က တပည့်အဖြစ်ခေါ်သွားခဲ့တာ။ အခုသူမက မဟာယာနအဆင့်ရောက်နေပြီ။ တကယ်လို့သူမက အပြစ်သားမြို့တော်ကို သွားရင်သေမှာပဲ။ ဒီတော့ အရှင့်သား အခွင့်ကောင်းယူရမယ်” ယန်စစ်မင်သည် ရိုးရှင်းစွာရှင်းပြလိုက်သည်။
ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုမှတော့ ကိစ္စတွေကို အင်ပါယာအကြံပေးလက်ထဲအပ်လိုက်တော့မယ်”
သူသည် ရိုသေစွာ ပြောလိုက်သည်။
“ကောင်းပြီ။ တကယ်လို့ ဘာမှမဖြစ်ခဲ့ရင် ဝေ့ချင်စစ်က သုံးရက်အတွင်းသေလိမ့်မယ်။ အခုတော့ အရှင့်သားက လီမင်းဆက်ရဲ့ တစ်ဦ်းတည်းသော မင်းသားပဲ။ လီမင်းဆက် အုပ်ချုပ်သူနေရာက အရှင့်သားအတွက်ပဲ”
ထိုနောက် ယန်စစ်မင်သည် စကားအနည်းငယ်ပြောပြီးနောက်ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
…
“ဝှစ်”
နှစ်ရက်ခန့်ကြာပြီးနောက် ရှေ့ဟောင်းစိတ်ဝိညာဉ်လှေတစ်စီးသည် အပြစ်သားမြို့တော်သို့ ဆင်းသက်လာခဲ့သည်။