အခန်း ၉၈။ နေ့ချင်းညချင်းကြွယ်ဝလာခြင်း၊ သန်း၁၀၀ရရှိခြင်း
[ဒင်]
[သင်သည် ချင်းမင်၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် နှစ်ပေါင်း၃၀ကျင့်ကြံခြင်းအခြေခံအားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် နှစ်ပေါင်း၃၀၀ကျင့်ကြံခြင်းအခြေခံအားရရှိပါမည်]
[သင်သည် ထူးချင်းချိုး၏ အလောင်းအားစုဆောင်းခဲ့သည့်အတွက် ကံစွမ်းအားအမှတ် ၂၀၀၀ အားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် ကံစွမ်းအားအမှတ် ၂၀၀၀၀အားရရှိပါမည်]
[သင်သည် ၏ လီချင်းယွင်၏အလောင်းအားစုဆောင်းခဲ့သည့်အတွက် ဒြပ်စင်ငါးခုဓားစီအရင်အသေးအားရရှိပါမည်။ စနစ်၏ ဆယ်ဆမြှင့်တင်ပြီးနောက် သင်သည် ဒြပ်စင်ငါးခုမဟာဓားအစီအရင်အားရရှိပါမည်]
…
သတိပေးသံများသည် သူ့ခေါင်းထဲတွင် ထွက်ပေါ်လာခဲ့သည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
ထို့သို့ပြောပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်သို့ပြန်နှံ့သွားခဲ့သည်။
ဤအချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နယ်ပယ် အထွန်အထိပ်အဆင့်သို့သိုရောက်ရှိသွားခဲ့သည်။
“နှေးလွန်းတယ်…”
နှစ်ပေါင်း ၃၀၀ကျင့်ကြံခြင်းအခြေခံသည် အဆင့်သေးတစ်ခုသာတက်နိုင်ခဲ့သည်။ ဤရလဒ်သည် လင်းဝူတအား အလွန် စိတ်ပျက်သွားစေသည်။
[ဒင်]
[မူလဆန်းကြယ်စွမ်းအင် အမျှင်တစ်အားရှာတွေ့ပါသည်။ ၎င်းသည် အလွန်အဖိုးတန်ပါသည်။ စနစ်ကို ပေးလှူပါမည်လား]
ရုတ်တရက်နောက်ထပ်သတိပေးချက်တစ်ခုသည် ယဲ့ချိုး၏ စိတ်အာရုံအားပြန်လည်ဆွဲဆောင်သွားခဲ့သည်။
“ကံစွမ်းအားအမှတ် ဘယ်လောက်ရနိုင်လဲ”
[ကံစွမ်းအားအမှတ် သန်း၁၀၀]
ဘယ်လို၊ များလွန်းတာပဲ။
လင်းဝူတ၏ စိတ်ဝိညာဉ်သည် တက်ကြွသွားခဲ့သည်။ ကံစွားအားအမှတ် ဤလောက်များသည့်ပမာဏကို သူသည် ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။
“ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားက မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီဟာရဲ့ တန်ဖိုးက မြင့်မားလွန်းတယ်” သူသည် ချီးမွမ်းလိုက်သည်။
[သင်သည် မူလဆန်းကြယ်စွမ်းအင်အမျှင်အားပေးလှူမည်လား]
“ပေးလှူမယ်”
တခဏလောက်တွေးတောပြီးနောက် လင်းဝူတသည် ပေးလှူရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုပါစေ ကံစွမ်းအားအမှတ်ရရှိရန် ခက်ခဲပေသည်။
ထို့အပြင် သူသည် မူလဆန်းကြယ်စွမ်းအင်အမျှင်တစ်ခုသာ စုပ်ယူနိုင်သည်။ တစ်ခုထက်ပိုရှိနေခြင်းသည် သူ့အတွက် အသုံးမဝင်ချေ။ သူသည် ဤကံစွမ်းအားအမှတ်များဖြင့်ဆိုလျှင် ပို၍အင်အားကြီးလာနိုင်သည်။
[ဂုဏ်ယူပါတယ်…မူလဆန်းကြယ်စွမ်းအင်အမျှင်တစ်ခုအားပေးလှူခဲ့သည့်အတွက် သင်သည် ကံစွမ်းအားအမှတ် သန်း၁၀၀ရရှိပါသည်။]
[အမည် : လင်းဝူတ]
[ကျင့်ကြံခြင်းအဆင့် : ကောင်းကင်နယ်ပယ် အထွဋ်အထိပ်အဆင့်]
[ကံစွမ်းအားအမှတ် : ၁၀၀၀၃၄၀၀၀]
…
ထိုအရာများကို ကြည့်လျက် အလွန်ကျေနပ်သွားသည်။
ဤမျှများပြားသောပမာဏသည် လင်းဝူတအား အလွန်ကျေနပ်စေသည်။
“ဒီကံစွမ်းအားအမှတ်တွေကို ဘယ်လိုသုံးသင့်လဲ”
သူသည် အတွေးနက်သွားခဲ့သည်။
ကံစွမ်းအားအမှတ်သန်း၁၀၀သည်များလွန်းသော်လည်း ရှေးဟောင်းစိတ်ဝိညာဉ်အစေ့၊ ကပ်ဘေးရှောင်ရှားခြင်းရှေးဟောင်းကျင့်စဉ်၊ ရတနာများအားပေါင်းစပ်ခြင်း၊ ဓမ္မနည်းစနစ်များ၊ သေမင်းတမန် ၁၂ယောက်နှင့် တခြားအရာများကဲ့သို့ အသုံးအဖြုန်းကြီးသည့်အရာများရှိနေပေသည်။
၎င်းတို့အားလုံးသည် ကံစွမ်းအားအမှတ်များစွာလိုအပ်ပေသည်။
ကံစွမ်းအားအမှတ် သန်း၁၀၀သည် လုံလောက်သင့်ပေသည်။
“စနစ်၊ ရှေးဟောင်းစိတ်ဝိညာဥ်အစေ့ကို အပွင့်ပွင့်စေဖို့ ကံစွမ်းအားအမှတ် ဘယ်လောက်လိုလဲ”
[ဒင်]
[မူလစိတ်ဝိညာဉ်အစေ့အား ပွင့်လန်းစေရန် ပိုင်ရှင်သည် မူလာတာအိုပုံစံ ၁၀ခုသိပ်သည်းရန်လိုအပ်ပါသည်]
[ပထမမူလတာအိုပုံစံအတွက် ၁သန်းကုန်ကျပါမည်]
[ဒုတိယမူလတာအိုပုံစံအတွက် ၂သန်းကုန်ကျပါမည်]
[တတိယမူလတာအိုပုံစံအတွက် ၃သန်းကုန်ကျပါမည်]
…
[ဆယ်ခုမြောက်မူလတာအိုပုံစံအတွက် ၁၀သန်းကုန်ကျပါမည်]
…
စနစ်သည် ပြန်ဖြေလိုက်သည်။
ထိုစို့ကြားသည့်အခါ လင်းဝူတသည် တွက်ချက်ကြည့်လိုက်သည်။ ရှေးဟောင်းစိတ်ဝိညာဉ်အစေ့အား ပွင့်လန်းစေရန် ကံစွမ်းအားအမှတ် ၅၅သန်းလိုအပ်ပေသည်။
“စနစ် မူလတာအိုပုံစံ၁၀ခု သိပ်သည်းသွားရင် စိတ်ဝိညာဥ်က ဘယ်လောက်အထိ သန်မာလာမှာလဲ”
[အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် အဆင့်တူတူဖြစ်သွားပါမည်]
“ကျိန်စာတွေကိုရော ခုခံနိုင်လား”
[မခုခံနိုင်ပါ၊ ဒါပေမဲ့ ပိုင်ရှင်သည် ဝိညာဉ်အပိုင်သိမ်းခံရခြင်း၊ စိတ်ဝိညာဉ်ကျူးကျော်ခံရခြင်း၊ စိတ်ဝိညာဉ်ဖိနှိပ်ခံရခြင်း၊ အသံလှိုင်းတိုက်ခိုက်ခြင်းတို့ကဲ့သို့ တိုက်ခိုက်မှုအားလုံးကို လျစ်လျူရှုနိုင်သည်]
ကြည့်ရတာ အရမ်းစွမ်းအားကြီးတာပဲ။
…
စနစ်၏ တုန့်ပြန်မှုကို ကြားသည့်အခါ လင်းဝူတသည် အလွန်ဆွဲဆောင်ခံလိုက်ရသည်။
ခဏက လီချင်းယွင်း၏ စိတ်ဝိညာဉ်ကျူးကျော်မှုအား ခုခံနိုင်ခဲ့ခြင်းသည် ရှေးဟောင်းစိတ်ဝိညာဉ်အစေ့ကြောင်းပင်။ အကယ်၍သူသာ သူ၏စိတ်ဝိညာဉ်အား အစစ်အမှန်နတ်ဘုရားအဆင့်အထိ သိပ်သည်းနိုင်ခဲ့လျှင် အလွန်အသုံးဝင်ပေလိမ့်မည်။
သို့သော်လည်း သူသည်တခဏလောက်တွေးတောလိုက်ပြီး ရှေးဟောင်းစိတ်ဝိညာဉ်အစေ့အား အဆင့်မြှင့်တင်ခြင်းမပြုလုပ်ခဲ့ချေ။ ထိုအစားသူသည် ကပ်ဘေးရှောင်ရှားရှေးဟောင်းကျင့်စဉ်ကို ကြည့်လိုက်သည်။
“ကပ်ဘေးရှောင်ရှားကျင့်စဉ်ကို ပြီးပြည့်စုံတဲ့အဆင့်ထိ ကျင့်ကြံဖိုဆိုရင် ကံစွမ်းအားအမှတ် ဘယ်လောက်လိုအပ်လဲ ”
[၇၀.၂သန်း]
များလွန်းတာပဲ။
လင်းဝူတသည် အံ့ဩသွားခဲ့သည်။ ၎င်းသည် သူ့တွင် ရှိသောကံစွမ်းအားအမှတ် အားလုံးနီးပါးပင်။
“ကပ်ဘေးရှောင်းရှားကျင့်စဉ်ပြီးပြည့်စုံသောအဆင့်နဲ့ဆိုရင် ဘယ်လိုကျိန်စာတွေနဲ့ နတ်ဆိုးဆန်တဲ့ အရာတွေကို ခုခံနိုင်လဲ”
[အစစ်အမှန်နတ်ဘုရားအဆင့် အထိပါ]
“ကျိန်စာအားလုံးနဲ့ နတ်ဆိုးဆန်တဲ့အရာအားလုံးကို ရှောင်ရှားနိုင်လား”
[အမှန်ပါပဲ]
…
ထိုသို့ကြားသည့်အခါ လင်းဝူတသည် တိတ်ဆိတ်သွားခဲ့သည်။
ထိုအရာနှစ်ခုစလုံးသည် သူ့အားအလွန်ဆွဲဆောင်နေသည်။ တစ်ခုစီတွင် ကိုယ်ပိုင်ခွန်အားရှိနေသည်။
အကယ်၍ ကံစွမ်းအားအမှတ်လုံလောက်လျှင် နှစ်ခုစလုံးကို မြှင့်တင်ချင်ပေသည်။
သို့သော်ကံဆိုးစွာဖြင့် ကံစွမ်းအားအမှတ် သန်း၁၀၀သာရှိသည်။
သူသည် တွေးတောရခက်နေသည်။
“စနစ်…ကပ်ဘေးရှောင်ရှားကျင့်စဉ်ကို ပြီးပြည့်စုံသောအဆင့်ဖြစ်တဲ့ အဆင့် ၁၂အထိ မြှင်တင်မယ်”
သေချာတွေးတောပြီးနောက် လင်းဝူတသည် ကပ်ဘေးရှောင်ရှားကျင့်စဉ်ကို မြှင့်တင်ရန် ရွေးချယ်လိုက်သည်။
မည်သို့ပင်ဆိုပါစေ ကျိန်စာများနှင့် နတ်ဆိုးဆန်သောအရာများသည် ထိတ်လန့်ဖွယ်ကောင်းပြီး သူ မသိမိတိုက်ခိုက်နိုင်သောအရာများဖြစ်သည်။
မကြာသေးမိက အတွေ့အကြုံအရ ကပ်ဘေးရှောင်ရှားခြင်းကျင့်စဉ်အားမြှင့်တင်ခြင်းသည် သူ့အတွက် ပို၍ အသုံးဝင်ပေသည်။ ရှေးဟောင်းစိတ်ဝိညာဉ်အစေ့အတွက် သူသည် နောက်ထပ်ကံကောင်းခြင်းတစ်ခုကိုသာ စောင့်ဆိုင်းရပေမည်။
…
“ဘုန်း”
“ဘုန်း”
“ဘုန်း”
လင်းဝူတ၏ ရွေးချယ်မှုပြီးဆုံးသွားသည့်အခါ ကပ်ဘေးရှောင်ရှားခြင်းရွှေကိုယ်ထည်သည် ထပ်မံအဆင့်မြှင့်တင်ခြင်းခံလိုက်ရသည်။
[ဒင်]
[ဂုဏ်ယူပါတယ်…ပိုင်ရှင်သည် ကံစွမ်းအားအမှတ် ၇၀.၂သန်းအသုံးပြုပြီး ကပ်ဘေးရှောင်ရှားခြင်းကျင့်စဉ်ကို အဆင့်၁၂အထိ မြှင့်တင်ခဲ့ပါသည်။ ကပ်ဘေးရှောင်ရှားကျင့်စဉ်သည် ပြီးပြည့်စုံသောအဆင့်အထိ ရောက်ရှိသွားပြီး အစစ်အမှန် နတ်ဘုရားအဆင့်အောက်ရှိ ကျိန်စာများနှင့် နတ်ဆိုးဆန်သောအရာများကို လျစ်လျူရှုနိုင်ပါသည်]
ထိုအချိန်တွင် လင်းဝူတ၏ ကံစွမ်းအားအမှတ် ၇၀.၂သန်းသည် နှုတ်ယူခံလိုက်ရသည်။ တချိန်တည်းတွင် သူသည် မူမမှန်းသော အရာတစ်ခုကို ခံစားလိုက်ရသည်။
ကပ်ဘေးရှောင်ရှားခြင်းကျင့်စဉ်သည် ပြီးပြည့်စုံသောအတင့်အထိရောက်သွားသည့်အခါ သူ၏ အရိုးများ၊ အရေပြား၊ သက်တမ်း၊ စိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်စွမ်းအင်များနှင့် တခြားအရာများသည် အလွန်သန့်စင်လာခဲ့ပြီး မြင့်မားသော အော်ရာများစတင်လွှမ်းခြုံလာခဲ့သည်ကို ခံစားလိုက်ရသည်။
သို့သော်လည်း အော်ရာသည် အလွန်အားနည်းနေသေးသည်။
“ပိုပြီးသန်မာချင်ရင် ခက်ခဲတဲ့ လမ်းတွေလျောက်ရအုံးမယ်” လင်းဝူတသည် သက်ပြင်းချလိုက်သည်။
“စနစ်… ကပ်ဘေးရှောင်ရှားကျင့်စဉ်ကို ပိုပြီးမြင့်တဲ့ အဆင့်အထိ မြှင့်တင်နိုင်သေးလား”
[ရနိုင်ပါတယ်။ ကံစွမ်းအားအမှတ် သန်း၁၀၀ဖြင့် ကပ်ဘေးရှောင်ရှားခြင်းကျင့်စဉ် (သေမျိုးစာလိပ်)အား ကပ်ဘေးရှောင်ရှားခြင်းကျင့်စဉ် (နတ်ဘုရားစာလိပ်)အဖြစ် မြှင့်တင်နိုင်သည်]
“ဟူး”
ထိုသို့ကြားသည့်အခါ လင်းဝူတသည် စိတ်ဝင်စားမှုကုန်ဆုံးသွားခဲ့သည်။
“ဒါဆို ဒီမူလဆန်းကြယ်စွမ်းအင်အမျှင်ကို ငါ့ခန္ဓာကိုယ်နဲ့ ဘယ်လိုပေါင်းစပ်ရမလဲ”
[ပိုင်ရှင်ကိုယ်တိုင်သန့်စင်ရင် အချိန်၁၀နှစ်ကုန်ဆုံးပါမယ်။ သင်သည့် ကံစွမ်းအားအမှတ်များကိုအသုံးပဘုပြီး စနစ်၏ အကူအညီရယူနိုင်ပါသည်]
[အသက်ဆယ်ရှိုက်စာသာ ကြာမြင့်ပါမည်]
“ခြားနားခြင်းက ကြီးလွန်းတာပဲ” လင်းဝူသည် နှလုံးသားထဲတွင် လှောင်ပြောင်မိလိုက်သည်။
“ကံစွမ်းအားအမှတ် ဘယ်လောက်အသုံးပြုရမလဲ” သူသည် ဂရုတစိုက်မေးလိုက်သည်။
[မများပါဘူး၊ ၁၀သန်းဆိုရင် လုံလောက်ပါတယ်]
ဘယ်လို။
ထိုပမာဏကို ကြားသည့်အခါ လင်းဝူတ၏ အမူအရာသည် မဲမှောင်သွားခဲ့သည်။
သူသည် ကျန်ရှိနေသော ကံစွမ်းအားအမှတ်များကို အသုံးပြုသင့်သည်လား။
သူသည် နာကျင်စွာဖြင့် စနစ်၏ အကူအညီကို ရယူရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဆိုပါစေ ၁၀နှစ်အတွင်း ကံစွမ်းအားအမှတ် ၁၀သန်းကို အကြိမ်ပေါင်းများစွာရရှိနိုင်သည်။ ကံစွမ်းအားအမှတ် ၁၀သန်းကို အသုံးပြုပြီး အချိန်၁၀နှစ်အားဝယ်ယူလိုက်ခြင်းသည် ထိုက်တန်ပေသည်။
[ဒင်…သင်သည် ကံစွမ်းအားအမှတ် ၁၀သန်းကို အသုံးပြုပြီး မူလဆန်းကြယ်စွမ်းအင်အမျှင်အား အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပါသည်။ သင်၏ ပါရမီသည် အဆ၁၀၀တိုးတက်သွားပါသည်။]
[ဂုဏ်ယူပါတယ်…ပိုင်ရှင်။ သင်သည် ယခုအချိန်တွင် ပါရမီအနည်းငယ်ရှိလာပါပြီ]
ပါရမီအနည်းငယ်လား။
လင်းဝူတ၏ နှလုံးသားသည် အနည်းငယ်နာကျင်သွားခဲ့သည်။ သူသည် စနစ်၏ အချက်အလက်ပြဇယားကို ကြည့်လိုက်သည်။
[အမည် : လင်းဝူတ]
[ကျင့်ကြံခြင်းအဆင့် : ကောင်းကင်နယ်ပယ် အထွဋ်အထိပ်အဆင့်]
[ပါရမီ : ထူးကဲခြင်းအဆင့်]
[သတိပြုရန် : သာမန်ကျင့်ကြံသူထက် ၁၀ဆသန်မာသည်]
…
“နောက်ဆုံးတော့ ညံဖျင်းတဲ့ အဆင့်ကနေလွတ်မြောက်သွားခဲ့ပြီ”
အချက်အလက်များကို ကြည့်လျက် လင်းဝူတသည် ကျေနပ်စွာ ပြုံးလိုက်သည်။
အနာဂတ်တွင် အလောင်းများအားစုဆောင်းသည့်အခါ သူ၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းငယ်မြန်ဆန်လာပေလိမ့်မည်။
မည်သို့ပင်ဆိုပါစေ ယခုအချိန်တွင် သူ့အား ပါရမီရှင်တစ်ယောက်အဖြစ်သတ်မှတ်နိုင်ပေသည်။