စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃၅ စတင်ရိတ်သိမ်းခြင်း။
အသင်္ချေဓါးမှ မူလသို့၏ ပြီးပြည့်စုံသော ဗားရှင်းက ပျောက်ပြယ်သွား၏။ ယင်းက မည်မျှ အစွမ်းထက်သနည်း။
ထိုအခိုက်အတန့်၌ ပေါက်ကွဲမှုက အဖျက်စွမ်းအားကို ဖော်ဆောင်မိကြောင်း ဆိုနိုင်ပေ၏။ ကောင်းကင်တစ်ခုလုံးက ရှုပ်ထွေးသွားကာ ဝိညာဥ်စွမ်းအားများက ဖရိုဖရဲ ဖြစ်ကုန်၏။ ထိုအရာကနေ ယဲ့ရှောင်နှင့် အသူရာတို့က ထိုးဖောက်၍ မရသည့် မြင့်မားသော ဇုန်တစ်ခုကို ဖန်တီးလိုက်ကြသည်။
ထိုအခွင့်အရေးကို အသာစီး ရယူပြီး သူက ကိုယ်ဖော့သိုင်းကို ချက်ချင်း အသုံးပြုကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။ လူတိုင်းကလည်း ဇဝေဇဝါ ဖြစ်ကုန်သည်။
ဘာတွေဖြစ်ကုန်တာလဲ။ သူက ထွက်ပြေးဖို့ ရွေးချယ်လိုက်တာလား။ အစောတုန်းက သူ့ရဲ့ မောက်မာထောင်လွှားမှုတွေ ဘယ်မှာလဲ။ ဟန်ပန် မရှိတော့ဘူးလား။
အစောတုန်းက သူသည် သူ၏ လက်အောက်ငယ်သား သစ်နတ်ဆိုး ထွက်ပြေးချင်ခဲ့သောကြောင့် တစ်ဖက်သူကို ချက်ချင်း သတ်ဖြတ်ခဲ့၏။ အဆုံးတွင်မူ သူသည်လည်း ထွက်ပြေးလိမ့်မည်ဟု သူတို့ မထင်ထားပေ။
ယင်းက နှစ်ဆ စံသတ်မှတ်ချက်လား။
သို့သော် မကြာမီ၌ လူတိုင်းက စတင်ပူပန်လာ၏။
အသူရာ၏ အခွံသည် ယဲ့ရှောင်ကြောင့် ကျွတ်သွားသော်ငြား ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ဦးဆိုသည့် အချက်ကို မပြောင်းလဲနိုင်ပေ။
ယဲ့ရှောင်က ကျုံးမြို့တွင် ရှိနေလျှင် သူတို့က ထိုသူကို ကြောက်နေရန် မလိုတာ သေချာ၏။ ယဲ့ရှောင်က ဤနေရာတွင် မရှိလျှင် အသူရာကို မည်သူက ဖြေရှင်းနိုင်မည်နည်း။ သို့သော်ငြား ယဲ့ရှောင်ကိုယ်တိုင်ကမူ ဆိုးဆေးများ ကြောက်ရွံ့ခြင်းများ မရှိပေ။ အစက အသူရာ အံ့သြဖွယ်ကောင်းတာကို မြင်ချိန်၌ သူသည် အသူရာနှင့် အမှန်တကယ် ဆော့ကစားချင်ခဲ့သည်။
အဆုံးတွင် တစ်ဖက်သူက အံ့သြဖွယ်မကောင်း ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားပေ။ သူက ဝင့်ကြွားနေရုံ သာရှိသည်။
ထိုသို့ဆိုလျှင် သူ့အဖို့ ထပ်မံ ဆော့ကစားစရာ မလိုအပ်တော့ချေ။
ထိုစဥ် ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါးနှင့် တော်ဝင်ဓါးသိုင်း ပေါင်းစည်းထားပြီး ၅၉ခုမြောက်ဓါးထိ ရောက်လာ၏။
ယဲ့ရှောင်ကို ညာလက်ကို ဆန့်တန်းလျက် မဟာနဂါးကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။
မဟာနဂါးဆင့်ခေါ်ခံရသည်နှင့် ဓါးသိုင်း ချဲ့ထွင်မှုသည် တစ်ဆင့် တိုးသွားလေ၏။
ထိုတင်မက ၆၀မြောက် ဓါးသည် ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါး၏ တော်ဝင်ဓါးသိုင်းဖြင့် ပံ့ပိုးပေးခြင်း ခံထားရကာ ယခင်ကထက် ပိုသန်မာလေ၏။
နှစ်မျိုးပေါင်းစည်းမှုဖြင့် ယဲ့ရှောင်၏ ဓါးသည် ၅၉ခုမြောက်ဓါးထက် အဆင့်တစ်ဆင့် ချက်ချင်း ကျော်တက်သွားတော့သည်။
ဓါးရောင်ခြည်သည် ကောင်းကင်ထဲ၌ ဖရိုဖရဲ ဗရမ်းဗတာ ဖြစ်နေသော ဝိညာဥ်စွမ်းအားများကို တိုက်ရိုက် ပိုင်းဖြတ်ကာ ပေတစ်သန်းခန့် အကွာအဝေးထိ ရောက်သွားသည်။ အသူရာက ထွက်ပြေးချင်သော်ငြား နေရာမှာတင် ချက်ချင်း အပိုင်းခံလိုက်ရ၏။
ဓါးတစ်ချက် ရုပ်ချည်းသတ်ဖြတ်ခြင်း။
ကြမ်းလိုက်တာ။
ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာပြီးနောက်အသူရာ၏ နဂါးခန္ဓာသည် မြေကြီးပေါ် ပြင်းထန်စွာ လှဲကျသွားပြီး သူသေဆုံးကြောင်းကို အတိအလင်း ကြေညာလိုက်တော့၏။
တစ်ကမ္ဘာလုံး နောက်ဆုံး၌ တိတ်ဆိတ်သွားတော့သည်။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်သူတိုင်းက သူတို့ ရူးသွားသည့်ပမာ ပါးစပ်အဟောင်းသား ဖြစ်နေ၏။ ရင်ထဲရှိ ထိတ်လန့်မှုက အချိန်အတော်ကြာသည်အထိ မတည်ငြိမ်နိုင် ဖြစ်နေသည်။
သူ နိုင်သွားတယ်လား။ ဒီအတိုင်း နိုင်သွားတယ်လား။ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား နိုင်သွားတာလား။
ယခုအချိန်တွင် သူတို့သည် အစောတုန်းက အသူရာကို ယဲ့ရှောင် လိုက်ဖမ်းမမှီနိုင်ဟု ထင်ခဲ့ကြသည်။ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးအရ ဝိညာဥ်စွမ်းအား ဖရိုဖရဲ ဖြစ်စေသည်။ အသင်္ချေဓါးမှ မူလသို့၏ ပေါက်ကွဲမှုက ဝိညာဥ်စွမ်းအား ဗရမ်းဗတာ ဖြစ်မှုကို သယ်ဆောင်လာ၏။ ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် ဝိညာဥ်စွမ်းအား အတက်အကျသည် အဆင့်တူ သိုင်းပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ စုတ်ဖြဲနိုင်စွမ်း ရှိသည်။
မည်သို့ပင်ဖြစ်စေကာမူ ယဲ့ရှောင်အတွက် ထိုဝိညာဥ်စွမ်းအား အတက်အကျကို ဖြတ်ကျော်ဖို့က မဖြစ်နိုင်ပေ။
သို့သော်ငြား နောက်တစ်စက္ကန့်၌ ယဲ့ရှောင်သည် အင်မတန် အန္တရာယ်များသည့် ဝိညာဥ်စွမ်းအား နှောင့်ယှက်မှုကို ဝေဝါးသွားစေရန် ဓါးတစ်ချက်သုံးပြီး အသူရာကို ချက်ချင်းတောင် သတ်လိုက်လိမ့်မည်ဟု သူတို့ မထင်ထားကြပေ။ ဆိုလိုသည်က ယဲ့ရှောင်သည် အစောတုန်းက သူ၏ ခွန်အားအပြည့်အဝကိုတောင် အသုံးမပြုခဲ့တာပဲ ဖြစ်သည်။
သူသာ သုံးခဲ့လျှင် အသူရာက အသင်္ချေဓါးမှ မူလသို့ကို ထုတ်ဖော်ရန် အခွင့်အရေးတောင် မရှိနိုင်လောက်ပေ။
ယခုအချိန်၌ လူတိုင်းက ယဲ့ရှောင်ကို ယုံကြည်ကိုးစားမှုတို့ ရှိနေပြီ ဖြစ်သည်။
တိုက်ပွဲအဆုံးသတ်သွားပြီးနောက် ယဲ့ရှောင်သည် အနည်းငယ် နောင်တရလေ၏။
သူသည် တော်ဝင်ဓါးသိုင်းနှင့် ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါးသိုင်းက ဓါး ( ၁၀၈ ) လက်လုံး အပြည့်အဝ ပြသပြီးနောက် မည်ကဲ့သို့ စွမ်းအားများ ရှိနေပြီလဲဆိုတာ ရှာဖွေဖော်ထုတ်ချင်၏။
ကံဆိုးသည်မှာ ၅၉ခုမြောက် ဓါးသာ ပြသခဲ့ရပြီး အသူရာက ကြာရှည်တောင့်မခံနိုင်ပေ။ ပြီးနောက် ၆၀မြောက် ဓါးရိုက်ချက်၌ သူက မဟာနဂါးနှင့် ပူးပေါင်းပြီး တစ်ကွက်တည်း သတ်ဖြတ်လိုက်မိ၏။
ယင်းက ၆၀မြောက်ဓါးကွက်သာဖြစ်ပြီး ၄၈ကွက် ကျန်နေသေး၏။ သူသာ အားလုံးကို ပြသနိုင်မည်ဆိုလျှင် ဘုရင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ဒဏ်ရာ ပြင်းပြင်ထန််ထန်တောင် ရစေမည်။
သို့တည်းမဟုတ် သတ်ဖြတ်နိုင်လောက်သည် မဟုတ်ပါလော။ သို့သော်ငြား အမှန်တကယ် တိုက်ခိုက်သည့် အချက်အလက်မရှိပဲ ယဲ့ရှောင်က သေချာ မပြောရဲပေ။ ထိုစဥ် ပေ့ထျန်းစီက ဆင်းသက်လာပြီ ဖြစ်၏။ ယခုအချိန်တွင် ယဲ့ရှောင်ကို ကြည့်သည့် အကြည့်က ယခင်ကလောက် စိတ်အားထက်သန်မှု စိတ်လှုပ်ရှားမှုမျိုး မရှိတော့ပေ။ ထိုအစား နက်ရှိုင်းစွာ လေးစားမှုတို့က အစားထိုးလာလေ၏။
ယဲ့ရှောင်သည် ဂျူနီယာတစ်ယောက်ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်သာရှိပြီး ၂၁နှစ်နီးပါးသာ ရှိသေးကာ သူ၏ မြစွက်တောင် ငယ်သေးသည်။ သို့သော်ငြား ယခုအချိန်တွင် သူ့ရင်ထဲ၌ ယဲ့ရှောင်၏ ကြီးမြတ်မှုကို ပြောရန် မလိုအပ်တော့ပေ။
သိုင်းပညာရှင်များ၏ လောကတွင် သန်မာသူက အရာအားလုံးကို အုပ်စိုး၏။ ယဲ့ရှောင်၏ ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါက အမှန်တကယ် များပြားလွန်းလှသည်။ သူက ပါရမီရှင်တစ်ဦး ထိပ်တန်းပါရမီရှင်တစ်ဦးပဲ ဖြစ်၏။
တစ်ချိန်တည်းတွင် သူက သန်မာပြီး ထိပ်တန်းအဆင့် သန်မာသည့်သူမျိုး ဖြစ်သည်။
ပါရမီရှင်တစ်ဦးသည် သန်မာရုံသာမက သန်မာရန် လမ်းကြောင်းကလည်း ဆူးများဖြင့် ပြည့်နေလေ၏။ ပါရမီရှင်တစ်ယောက် အရွယ်မတိုင်မီ မသေဆုံးဟု မည်သူက အာမ မခံနိုင်ပေ။ ထိုနည်းတူ သိုင်းပညာရှင်တစ်ဦး မည်မျှ သန်မာမည်ဆိုတာက သူ့အပေါ်တွင် မူတည်နေလေ၏။
သာမန်လူတစ်ယောက်အဖို့ ချီရှန်းသည် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ ချီရှန်းအဖို့ အံ့ဖွယ်ချီရှန်းက သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
ထို့ကြောင့် စစ်မှန်သော သိုင်းပညာရှင်ဟူသည် ပါရမီရှင်တစ်ဦး၏ ဂုဏ်သတ္တိများ ပိုင်ဆိုင်ထားပြီး ဆက်လက် ပိုသန်မာနေရမည်။ သူက ပြိုင်ဘက်ကင်းသည့် အနေအထား၌ ရှိနေရမည်။ သို့မှသာ ကျန်သည့်သူများ သူ့ကို လိုက်မမှီမှာ ဖြစ်သည်။
ယဲ့ရှောင်က ထိုကဲ့သို့ လူမျိုးဆိုတာ သိသာနေ၏။
” မစ္စတာ ယဲ့ ကျေးဇူးတင်ပါတယ်။ ကျုံးမြို့ကို ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ် ”
ပေ့ထျန်းစီက ယဲ့ရှောင်ကို လေးနက်စွာ အရိုအသေပေးပြီး သူ့ရင်ထဲရှိ စစ်မှန်သော ကျေးဇူးတရားကို ဖော်ပြနေ၏။ ယဲ့ရှောင်က ထူးမခြားနား အမူအယာဖြင့် ခေါင်းညိတ်လိုက်သည်။ ပေ့ထျန်းစီက သူ့ကို ကျေးဇူးတင်သောကြောင့် သူ၏ စိတ်အခြေအနေက သိပ်မပြောင်းလဲသွားပေ။
ရှေးဦးစွာ ကျန်သည့်သူများက သန်မာပြီး သူက အားနည်းနေလျှင် ကျန်သည့်သူများကလည်း ကျုံးမြို့ကို ကယ်တင်နိုင်လိမ့်မည်။ လူတစ်ယောက်တော့ အမြဲတမ်း ပေါ်လာမှာပဲ ဖြစ်၏။
ဒုတိယအချက်အနေဖြင့် သူ့အတွက် ယင်းက ခက်ခဲသည့် ကိစ္စရပ် မဟုတ်ပေ။ သူနိုင်မှာ သေချာသည့် တိုက်ပွဲဖြစ်၏။ မဟုတ်လျှင် ပုရွက်ဆိတ်အချို့ကို သူက အလွယ်တကူ သတ်ဖြတ်လိုက်ရုံသာ ရှိမည်။ မည်သူက စိတ်လှုပ်ရှားမည်နည်း။ စိတ်မလှုပ်ရှားတာ သိသာ၏။ ထိုအပြစ်သားများမှအပ ဖြစ်သည်။
” မစ္စတာ ယဲ့ ဒါက ကိစ္စအသေးအမွှားလေးပါပဲ။ သဘောတူနိုင်မလားတော့ မသိဘူး ”
” ပြောပါ ”
” ရှီကွမ်းဟောင်၊ လန်ရှင်းယွဲ့နဲ့ ကျန်တဲ့သူတွေက မစ္စတာယဲ့ကို တွေ့ချင်နေကြတယ်။ သူတို့တွေက တွေ့ဖို့ တောင်းဆိုနေကြတာ ”
ယဲ့ရှောင်၏ ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုသည် သူတို့၏ တောင်းတသော အကြည့်များကို အစောတည်းက မြင်တွေ့ပြီး ဖြစ်၏။ သို့သော်ငြား သူက တည်ငြိမ်စွာ ခေါင်းခါလိုက်လေ၏။
” ကျွန်တော် သူတို့ကို တွေ့မှာ မဟုတ်ဘူး ”
ပေ့ထျန်းစီက ခေါင်းညိတ်လိုက်ပြီး သူတို့အတွက် များများစားစား မတောင်းဆိုတော့ပေ။
ယဲ့ရှောင်ကဲ့သို့ သိုင်းပညာရှင်တစ်ဦးသည် စကားတည်သည့် အမျိုးသားတစ်ယောက်ပဲ ဖြစ်သည်။ သူ ဒေါသထွက်လာခဲ့လျှင် ရလဒ်ကောင်း မရှိမှာ သေချာ၏။ အမှန်တကယ်တွင် သူက ဤသို့ လာရောက်တောင်းဆိုရခြင်းမှာ လန်ရှင်းယွဲ့နှင့် ကျန်သည့်သူများ တောင်းဆိုထားသောကြောင့်သာ ဖြစ်သည်။
ယဲ့ရှောင်က သူတို့ကို မတွေ့ချင်သောကြောင့် သူက ပြန်သွားပြီး သူ့အတွက် တောင်းပန်စကား ပြောရုံသာ ရှိမည်။
” စီနီယာကလွှဲရင် ကျုပ်ရဲ့ အထောက်အထားကို ကျုံးမြို့မှာ သိတဲ့သူ တခြားတစ်ယောက် ရှိဖို့ မလိုဘူး ”
” မစ္စတာ ယဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် လေးစားပါတယ် ”
သို့သော်ငြား သူသည် ထိုလူအချို့ကို မတွေ့ဆုံရသည့်တိုင် ယဲ့ရှောင်က ထိုလက်တစ်ကမ်း၌ လက်ကို မြှောက်လိုက်ရာ ကုသခြင်းကျင့်စဥ်ကို သုံးပြီး သူတို့ဒဏ်ရာများ ကုသပျောက်ကင်းအောင် ကူညီပေးလိုက်၏။
ယဲ့ရှောင်သည် ပေ့ထျန်းစီကို သူ့အထောက်အထား သိမြင်ခွင့် ပေး၏။ အကြောင်းမှာ သိုင်းပညာရပ် အချက်အလက်များကို စုဆောင်းရန်အတွက် သူ့ကို ကူညီပေးဖို့ ရာထူးမြင့်မားသည့် သူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ချင်သောကြောင့် ဖြစ်သည်။ သူက လူတိုင်းရှေ့သို့ ထုတ်ပြရတာ မနှစ်သက်ပေ။
” မစ္စတာ ယဲ့ အလုပ်ကြိုးစားတာပဲ။ ကျန်တာတွေကို ကျွန်တော့်ဆီ အပ်ထားလိုက်ပါ။ စီရင်စု၉ခုမဟာမိတ်ကို အကြောင်းကြားပြီးပြီ။ သူတို့တွေက ဝိညာဥ်စုစည်းခြင်း အစီအရင်နဲ့ ချိတ်ပိတ်ခြင်း အစီအရင်တွေကို ပြန်ပြင်ဖို့ အစီအရင်သခင်တွေ ပို့မှာပါ။ ဒါမှ ကျုံးမြို့ထဲက ဝိညာဥ်စွမ်းအား ထောက်ပံ့မှုကို သေချာစေမှာ။ လက်ရှိ ကျုံးမြို့ကို ကောင်းကောင်း ကာကွယ်ပေးထားပြီး အထဲက လုပ်ဆောင်ချက်တွေက မထိခိုက်သေးပါဘူး။ ပြန်သွားတာနဲ့ သာမန်ဘဝအတိုင်း နေနိုင်ပြီ ”
ယဲ့ရှောင်သည် မလှမ်းမကမ်းရှိ အသူရာနှင့် သူ့ကြောင့် အစားအစာများ ဖြစ်သည်အထိ ဖိချေခံလိုက်ရသော အဆိပ်နဂါးကင်းမြီးကောက်ကိုကြည့်ကာ မျက်လုံးလက်သွားလေ၏။
ဒီလိုကောင်းမွန်တဲ့ ဟင်းလျာတွေ မမြည်းစမ်းရတာ နှမြောစရာပဲ။
ကင်းမြီးကောက်ကို ပေါင်မုန့်ထဲ ညှပ်ပြီး ဆီပြန်ကြော်စားနိုင်၏။ ကြွပ်ကြွပ်ရွရွဖြင့် ဘေးအိမ်က အေဘေးလေးတောင် ငိုနိုင်သည်။
သူသည် ဒိုင်နိုစောအသားကို ပိုတောင် မြည်းစမ်းကြည့်ချင်၏။
ယင်းက မမှန်းဆထားသည့် ပါဝင်ပစ္စည်းဖြစ်ပြီး အံ့ဖွယ်အဆင့်အောက် သားရဲတောင် ဖြစ်နေ၏။ ၄င်းထဲ သွေးအဆီအနစ် မည်မျှ ပါဝင်မည်ဆိုတာ မည်သူက သိမည်နည်း။
ထိုအချက်ကို တွေးမိပြီး သူက ပြောလိုက်တော့၏။
” ကျွန်တော် ကူညီနေပြီးပြီဆိုတော့ အဆုံးထိ ကူညီမှပဲ ရမှာပေါ့။ အစီအရင်ပြင်ဖို့ ကူညီပေးမယ် ”
” မင်း အစီအရင်တွေကို သိတယ်လား ”
ပေ့ထျန်းစီက အနည်းငယ် ထိတ်လန့်သွားမိ၏။
” ကျွန်တော် နည်းနည်းတော့ သိတယ် ”
ယဲ့ရှောင်က ထူးမခြားနား ပြန်ပြောလိုက်သည်။
” ဒါဆို မစ္စတာ ယဲ့ကိုပဲ ဒုက္ခပေးရတော့မှာပဲ ”
ပေ့ထျန်းစီသည် ယဲ့ရှောင် အစီအရင် အသုံးပြုတာကို တစ်ခါမှ မတွေ့ဖူးသော်ငြား ကျင့်စဥ်များစွာရှိကြောင်း သိပြီးသား ဖြစ်၏။ သူ့အဖို့ အစီအရင်အချို့ သိတာက သဘာဝကျသည်။ သူ၏ အစီအရင်က မကောင်းပဲ နောက်ပိုင်း ကြယ်တာရာသားရဲများ ထွက်လာလျှင်တောင် သူ့ကို ကူညီပြီး ကြယ်တာရာသားရဲများကို ဖိနှိပ့်ရန်အတွက် ဆင်ခြင်တစ်ခု ရှာပေးနိုင်သည်။ ထို့ကြောင့် သူ့ကို လှုပ်ရှားခိုင်းတာကလည်း ရွေးချယ်မှုကောင်းတစ်ရပ် ဖြစ်၏။
နှစ်နာရီခန့် ကြာပြီးနောက် ပေ့ထျန်းစီနှင့် သူ့ရှေ့ရှိ အစီအရင်ကို ကြည့်ကို အကြပ်ရိုက်သွားတော့သည်။
” မစ္စတာ ယဲ့ အစီအရင်တွေအကြောင်း ခင်ဗျား နည်းနည်းပဲ သိတာဆို ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ဟုတ်တယ်။ နည်းနည်းပဲလေ ”
” ”
နည်းနည်းပဲ သိသည်ဟုခေါ်သော ယဲ့ရှောင်၏ ပြောကြားချက်ကို သူ ကောင်းကောင်း နားမလည်ပေ။ သူ အစီအရင်တည်ဆောက်ခဲ့ချင်သည့် ပုံစံက စီရင်စု၉ခုမဟာမိတ်၏ ထိပ်တန်းအစီအရင်သခင်များထက် ပိုမြင့်မားပုံပေါ်၏။ ယင်းက ချိတ်ပိတ်ခြင်းအစီအရင်လည်း ဖြစ်၏။ သူ မမှားလျှင် ထိုအစီအရင်က တော်ဝင်အစီအရင်တစ်ခုဖြစ်လောက်သည်။ ထို့အပြင် ယဲ့ရှောင်က အားလုံးကို တည်ဆောက်ပြီးစီးရန် တစ်နာရီသာ အချိန်သုံးခဲ့ရ၏။
စီရင်စု၉ခုမဟာမိတ်၏ ထိပ်တန်းအစီအရင်သခင်များဆိုလျှင် သူတို့ထဲမှ အချို့က ပူးပေါင်းဆောင်ရွက်လျှင် သူတို့ ညအထိ အလုပ်လုပ်လျှင်တောင် လဝက်အတွင်း ပြီးမှာ မဟုတ်ပေ။
ယင်းက နည်းနည်းပဲ သိသည်ဟု မည်သို့ ခေါ်နိုင်မည်နည်း။ သူသာ များများသိသွားလျှင် မည်မျှကြောက်မက်ဖွယ် ကောင်းမည်နည်း။
အဆုံးတွင် ပေ့ထျန်းစီက သက်ပြင်းချလိုက်၏။ ယဲ့ရှောင်က လူ မဟုတ်။ ယဲ့ရှောင်နှင့် ဤလောကကြီး၏ သိုင်းပညာရှင်များက တူညီသည့် ဒိုင်မေးရှင်းထဲတွင် ရှိမနေပေ။
ထိုသို့ပြုလုပ်ပြီးနောက် ယဲ့ရှောင်က ပြောလိုက်တော့သည်။
” ကျွန်တော် အောက်ဆင်းပြီး ဒီကြယ်တာရာသားရဲနှစ်ကောင်ကို သုံးပြီး သူတို့ကို အသက်သွင်းဖို့ ကုသခြင်းကျင့်စဥ် သုံးချင်တယ်။ သေသွားတဲ့ ကြယ်တာရာသားရဲတွေနဲ့ ယှဥ်ရင် ဝိညာဥ်စွမ်းအား စုပ်ယူတဲ့ နှုန်းက ပိုကောင်းလိမ့်မယ် ”
ပေ့ထျန်းစီက ခေါင်းညိတ်လိုက်၏။
” ဒါဆို မစ္စတာ ယဲ့ကိုပဲ ဒုက္ခပေးရတော့မှာပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သူက အသူရာ၊ သစ်နတ်ဆိုးနှင့် အဆိပ်နဂါးကင်းမြီးကောက်တို့ကို ချိတ်ပိတ်ခြင်း အစီအရင်ထဲ သယ်လာသည်။
မည်သို့ပင်ဆိုစေ အတော်လေး အားစိုက်ထုတ်လိုက်ရ၏။ သူ့အတွက်သူ အနည်းသယ် ရိတ်သိမ်းရပေမည်။
သူက ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးကာ ကြယ်တာရာသားရဲ အမြုတေကို စစ်ဆေးကြည့်ပြီး သူတို့ သွေးမျိုးဆက်ထဲရှိ ကျင့်စဥ်ကို စစ်ဆေးလိုက်၏။
ကြယ်တာရာသားရဲနှစ်ကောင်၏ ကြယ်ပုလင်းအတွင်းရှိ ကျင့်စဥ်များနှင့် မွေးရာပါပစ္စည်းကို စစ်ဆေးလိုက်တာ အလွန်ကံကောင်း၏။
ထိုကျင့်စဥ်နှစ်ခုလုံးက တော်ဝင်ကျင့်စဥ် ဖြစ်သည်။ ယဲ့ရှောင် လက်ရှိ ပိုင်ဆိုင်ထားသည့် ကျင့်စဥ်များနှင့် မတူပေ။ တစ်ခုက အသူရာ ထုတ်သုံးခဲ့သည့် အသင်္ချေဓါးမှ မူလသို့ဖြစ်ပြီး နောက်တစ်ခုက အဆိပ်နဂါးကင်းမြီးကောက်၏ အဆိပ်သိုင်း ဝိညာဥ်ဝါးမြို နတ်ဆိုးသိုင်းပဲ ဖြစ်သည်။
အပိုင်း ၂၃၅ ပြီး၏။