Switch Mode

Chapter – 96

အခန်း ၉၆။ မူလဆန်းကြယ်စွမ်းအင်

“ချီးပဲ”

ချူခွမ်းရန်သည် ထိုထူးဆန်းသောအနက်ရောင်အလင်းတန်းကို သတိထားမိသွားသည့်အခါ အလွန်ကြောက်လန့်သွားခဲ့သည်။

“အား”

ထိုလှံကို သူ့လက်ထဲမှ အလျင်အမြန်လွတ်ချလိုက်သော်လည်း နောက်ကျသွားပေပြီ။ အနက်ရောင်အလင်းတန်းသည် သူ့ခန္ဓာကိုယ်နှင့်ပေါင်းစပ်လိုက်သည့်အခါ နတ်ဆိုးဆန်သောအရာတစ်ခုသည် သူ၏ စိတ်ဝိညာဉ်အားကျူးကျော်ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။

ငယ်သံပါသောအော်ဟစ်သံနှင့်အတူ ချူခွမ်းရန်၏ စိတ်ဝိညာဉ်သည် လုံးဝ ဝါးမျိုခံလိုက်ရသည်။

“ဟားဟား…နှစ်ပေါင်း၃၀၀၀ကြာပြီးနောက် ငါပြန်လည်ရှင်သန်လာခဲ့ပြီ။ ကောင်းကင်နတ်ဆိုး သိမ်းပိုက်ခြင်းနည်းစနစ်က တကယ်အသုံးဝင်တာပဲ”

ရူးသွပ်သော ရယ်မောသံတစ်ခုသည် ချူခွမ်းရန်ဆီမှ ထွက်ပေါ်လာခဲ့သည်။

ထိုသို့မြင်သောအခါ သူတော်စင်ချင်းမင်နှင့် ထူချင်းချိုးသည် အလွန်ထိတ်လန့်သွားခဲ့သည်။

“ချီးပဲကွာ…ချူခွမ်းရန်ရဲ့ ခန္ဓာကိုယ်က သိမ်းပိုက်ခံလိုက်ရပြီ။ မြန်မြန်ထွက်သွားကြစို့” သူတော်စင်ချင်းမင်သည် ထိတ်လန့်တုန်လှုပ်စွာပြောလိုက်သည်။

ထိုသို့ပြောပြီး သူသည် ချက်ချင်းပင် နောက်လှည့်ပြေးတော့သည်။

ထူချင်းချိုးသည်လည်း တူညီစွာလုပ်ဆောင်လိုက်သည်။

“ဟမ်း…မင်းတို့က ထွက်သွားချင်တာလား။ မင်းတို့အားလုံး ဒီမှာနေရမယ်။ ငါ့လက်ထဲမှာ သေရတာ မင်းတို့ရဲ့ မြင့်မြတ်မှုပဲ” အေးစက်ပြီး ရက်စက်သော အသံသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။

ထိုသို့ကြားသည့်အခါ သူတော်စင်ချင်းမင်နှင့် ထူချင်းချိုးသည် အလွန်ကြောက်လန့်သွားခဲ့သည်။

“ဘုန်း”

လီချင်းယွင်သည် ချူခွမ်းရန်၏ ခန္ဓာကိုယ်ကို သိမ်းယူပြီးနောက် သူ၏ အော်ရာသည် အလွန်မြန်သည့်နှုန်းဖြင့် မြင့်တက်လာခဲ့သည်။

မျက်စိတမှိတ်စာအချိန်အတွင်းမှာသူသည် မဟာကပ်ဘေးနယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

“ဒုန်း”

သူသည် သူတော်စင်ချင်းမင်နှင့် ထူချင်းချိုးတို့ကို ကြီးမားသောလက်ဖြင့် ဆွဲယူလိုက်သည်။ သူ၏ မျက်လုံးများတွင် သွေးဆာမှုများဖြင့်ပြည့်နေသည်။

လီချင်းယွင်သည် သူတို့အားဝါးမျိုပြီး ခွန်အားဖြည့်တင်းချင်နေသည်မှာ သိသာပေသည်။

သို့‌သော်လည်း သူသည် လင်းဝူတအားမေ့နေခဲ့သည်။

“ကောင်းကင်တည်ငြိမ်ခြင်းမန္တာန်”

လီချင်းယွင်သည် သူတို့နှစ်ယောက်အားဖိနှိပ်နေစဉ် လင်းဝူတသည် မည်သည့် အရိပ်အယောင်မှမပြဘဲ သူ့နောက်တွင် ပေါ်လာခဲ့သည်။

ကောင်းကင်တည်ငြိမ်ခြင်းမန္တာန်ကြောင့် လီချင်းယွင်သည် ချက်ချင်းပင် ပိတ်မိသွားခဲ့သည်။

“ဘယ်သူငါ့ကို သတ်ဝံ့တာလဲ”

ထိုအချိန်တွင် လီချင်းယွင်သည် အလွန်သန်မာသော သေခြင်းအန္တရာယ်ကို ခံစားမိလိုက်ပြီး ရူးသွပ်စွာအော်ဟစ်လိုက်သည်

သို့သော်လည်း သူသည် မည်မျှပင် ခုခံရုန်းကန်ပါစေ သူသည် မလွတ်မြောက်နိုင်ခဲ့ချေ။

ကောင်းကင်တည်ငြိမ်ခြင်းမန္တာန်ကြောင့် သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ချိတ်ပိတ်ခံထားရသည်။

“သေစမ်း”

အေးစက်သောအော်ဟစ်သံနှင့်အတူ လင်းဝူတသည် ကောင်းကင်နဂါးလက်ဝါးကို အသုံးပြုလျက်ရိုက်ချလိုက်သည်။ ကောင်းကင်နဂါးလက်ဝါး၏ ပြင်းထန်သော ခွန်အားကြောင့် လီချင်းယွင်သည် လွင့်စင်သွားခဲ့သည်။

“ခွေးမသားလေး… ငါ့အစီအစဉ်တွေကို နှောက်ယှက်ဝံ့တယ်လား။ မင်းကို အခုချက်ချင်း ဝါးမျိုမယ်”

“ဝှစ်”

နတ်ဆိုးဆန်သော အနက်ရောင်အလင်းတန်သည် ပျက်စီးနေသော ခန္ဓာကိုယ်မှထွက်ခွာကာ လင်းဝူတဆီသို့ လျင်မြန်စွာပျံသန်းလာခဲ့သည်။

သူသည် လင်းဝူတ၏ ခန္ဓာကိုယ်အားသိမ်းယူရန် နည်းလမ်းဟောင်းကို အသုံးပြုလိုက်သည်။

ထိုသို့မြင်သောအခါ လင်းဝူတသည် ထိတ်လန့်မသွားခဲ့ပေ။ သူသည် အထင်သေးစွာလှောင်ပြောင်လိုက်သည်။

“ငါ့ကို သိမ်းယူချင်တာလား။ လီချင်းယွင်…ခင်ဗျားအများကြီး‌ တွေးနေတာပဲ”

“ဘုန်း”

ထိုသို့ပြောပြီးနောက် မူလနတ်ဘုရားမျိုးစေ့သည် သူ၏ စိတ်ဝိညာဉ်အနက်ပိုင်းမှ တောက်ပစွာထွက်ပေါ်လာခဲ့သည်။

၎င်းသည် လီချင်းယွင်၏ စိတ်ဝိညာဉ်အကြွင်းအကျန်အားဖိနှိပ်လိုက်သည်။

“အား…ဒါက… ဒါက ဘယ်လိုငရဲမျိုးလဲ။ မင်းရဲစိတ်ဝိညာဉ်ထဲမှာ ဘယ်လိုအရာပုန်းအောင်းနေတာလဲ။ အား…”

ကျယ်လောင်သောအော်ဟစ်သံသည် ထွက်ပေါ်လာခဲ့သည်။

မူလနတ်ဘုရားမျိုးစေ့မှ အလင်းရောင်များ၏ ဖိနှိပ်မှုကြောင့် သူ၏ ဝိညာဉ်သည် အရည်ပျော်သွားခဲ့သည်။

မကြာမီ ၎င်းသည် လုံးဝသန့်စင်ခံလိုက်ရပြီး သန့်စင်သောစိတ်ဝိညာဉ်စွမ်းအင်များအဖြစ်ပြောင်းလဲသွားခဲ့ကာ လင်းဝူတ၏ စိတ်ဝိညာဉ်အား အားဖြည့်ပေးလိုက်သည်။

ဤအချိန်တွင် လင်းဝူတသည် သူ၏ စိတ်ဝိညာဉ် ပိုသန်မာလာသည်ကို ခံစားမိလိုက်သည်။

ထို့နောက် နန်းတော်ဝက်ပေါက်သို့သွားလိုက်ပြီး အနက်ရောင်လှံနှင့် လီချင်းယင်၏ အလောင်းကို သိမ်းဆည်းလိုက်သည်။

သူတော်စင်ချင်းမင်နှင့် ထူချင်းချိုးသည် ဤအဖြစ်အပျက်ကို ကြောင်တောင်တောင်ဖြင့်ကြည့်နေကြသည်။

“ဟူး”

ချက်ချင်းပင် သူတို့သည် သက့်ပြင်းချလိုက်ကြသည်။

“ဖန်ထျန်းကြွယ်… သူ… သူက တကယ်ပဲ ဒီလူကို သတ်လိုက်တာလား”

ထူချင်းချိုး၏ မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေသည်။

သူသာမက သူတော်စင်ချင်းမင်သည်လည်း အံ့ဩသင့်နေ၏။

ဖန်ထျန်းကြွယ်၏ ခွန်အားကို သူတို့ထိတ်လန့်နေကြသည်။

အချိန်တခဏကြာပြီးမှ သူတို့သည် လင်းဝူတအနားသို့ ကပ်သွားခဲ့ကြသည်။

“ညီအကိုထျန်းကြွယ်… မင်း… မင်း ဒီလူရဲ့ စိတ်ဝိညာဥ်အကြွင်းအကျန်ကို ဖျက်စီးလိုက်ပြီလား”

“အင်”

“ဒါဆို… သူက ဘယ်သူလဲ။ နှစ်ပေါင်းများစွာအကြာက သေသွားတာတောင် အသက်ရှင်နေသေးတယ်လား။ မယုံနိုင်စရာဘဲ” ထူချင်းချိုးသည် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

ထိုသို့ ကြားသည့်အခါ လင်းဝူတသည် သူ့အား မသိမသာကြည့်လိုက်သည်။

“သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀အကြာက အဓိပတိနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”

ဘယ်လို့။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀အကြာက အဓိပတိနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား။

ထူချင်းချိုး၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။

ဤနှစ်ပေါင်း၃၀၀၀အတွင်း ရှင်သန်အောင်နေနိုင်ခဲ့ခြင်းသည် အံ့ဩစရာကောင်းနေပေသည်။

“ကံကောင်းစွာနဲ့ ငါလောဘမကြီးခဲ့လိုဘဲ။ မဟုတ်ရင် ချူခွမ်းရန်လို အဆုံးသတ်သွားလိမ့်မယ်” ထိုသို့တွေးပြီး ထူချင်းချိုး၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများဖြင့်ပြည့်သွားခဲ့သည်။

“သွားကြစို့။ ငါတို့ ဒီနေရာမှာ အကြာကြီးနေဖို့ မသင့်ဘူး။ ပတ်ဝန်းကျင်မှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေ ရှိလောက်တယ်။ မူလဆန်းကြယ်စွမ်းအင်ကိုရှာပြီး မြန်မြန်ထွက်သွားကြမယ်” လင်းဝူတသည် မထူးခြားစွာပြောလိုက်သည်။

“ကောင်းပြီ”

“ကောင်းပြီ”

သူတို့နှစ်ယောက်သည် ငြင်းပယ်ခြင်းမရှိချေ။

ထိုသို့ဖြင့် သူတို့သုံးယောက်သည် မြေပုံ၏အညွှန်းအတိုင်း ပျက်စီးနေသော နန်းတော်ထဲသို့ ဝင်သွားလိုက်ကြသည်။ နေ့တဝက်လောက် လမ်းလျောက်ပြီးနောက် သူတို့သည်ရှေးဟောင်းတောင်အောက်ခြေသို့ရောက်ရှိလာခဲ့ကြသည်။

ထိုတောင်သည် ပေတစ်သောင်းလောက်အထိ မြင့်မားပေသည်။

တောင်အောက်ခြေတွင်ရပ်နေလျက်ပင် လင်းဝူတသည် အလွန်ရှေးကျသောအော်ရာကို ခံစားမိလိုက်ရသည်။

တချက်ကြည့်ရုံဖြင့် ဤတောင်သည် တိုက်ပွဲဒဏ်သင့်ခဲ့သည်ကိုတွေ့‌နိုင်သည်။ တွင်းပေါက်များဖြင့်ပြည့်နေသဖြင့် မူလအကောင်းအတိုင်းရှိနေသော နေရာမရှိသလောက်ပင်။

ဤမြင့်မားသောတောင်ကိုဝန်းရန်လျက် အရပ်ရှစ်မျက်နှာတွင် ကြီးမားသောတောင်တန်းများရှိနေသည်။

ကြီးမားသောအစီအရင်တစ်ခုကဲ့သို့ဖြစ်နေ၏။

“မူလဆန်းကြယ်စွမ်းအင်က ဒီတောင်ရဲ့ ထိပ်ဆုံးမှာပဲ” သူတော်စင်ချင်းမင်သည် မြေပုံကိုကြည့်လျက်စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“အမှန်ပဲ၊ ပြီးတော့ ဒီပတ်ပတ်လည်ဝိုင်း‌နေတဲ့ တောင်တန်းကြီးတွေက သဘာဝအစီအရင်တစ်ခုဖြစ်နေပြီ”

သူတို့သည် စကားပြောလျက် ‌ထိုတောင်ပေါ်သို့ တစ်လှမ်းချင်းတက်သွားလိုက်ကြသည်။

အချိန်အတော်ကြာမြင့်ပြီးနောက် ထိုတောင်ထိပ်သို့ ရောက်ရှိလာခဲ့ကြပြီး ရှေးကျကာ ကြီးမားသော ကျောက်ပြားကြီးတစ်ခုက သူတို့၏ မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့သည်။

အချိန်၏ တိုက်စားမှုကြောင့် စာလုံးများသည် မှုန်ဝါးနေပေသည်။

သူတို့သည် မူလဆိုသော စကားလုံးကိုသာ ဖတ်ရှုနိုင်သည်။

ထိုကျောက်ပြားပေါ်တွင် ရှေးဟောင်းဆန်ပြီး သန်မာသော စွမ်းအားအမျှင်သုံးခုကို တွေ့လိုက်ရသည်။ တချက်ကြည့်ရုံဖြင့် အဆုံးမဲ့ကံစွမ်းအားများဝန်းရံနေသည်ကိုတွေ့နိုင်တယ်။

“မူလဆန်းကြယ်စွမ်းအင်”

သူတော်စင်ချင်းမင်နှင့် ထူချင်းချိုးတို့သည် စိတ်လှုပ်ရှားသွားကြသည်။

တချိန်တည်းတွင် လင်းဝူတသည် နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများဖြင့် ထိုအလင်းတန်းများကို ကြည့်လိုက်သည့်အခါ သတင်းအချက်အလက်များထွက်ပေါ်လာခဲ့သည်။

[အမည် : မူလဆန်းကြယ်စွမ်းအင်]

[အဆင့် : မူလနတ်ဘုရားရတနာ]

[ဖော်ပြချက် : ရှေးဟောင်းအစီအရင်သခင်တစ်ယောက်သည် မူလမဟာအစီအရင်တစ်ခုကို ခင်းကျင်းခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ကြာတိုင်း မူလဆန်းကြယ်စွမ်းအင်အမျှင်တစ်ခုသိပ်သည်းနိုင်သည်။ အကယ်၍ လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့်ပေါင်းစပ်လျှင် ထိုလူ၏ ပါရမီကို အဆ ၁၀၀အထိ တိုးတက်လာစေနိုင်သည်]

[သတိပြုရန် : လူတစ်ယောက်သည် မူလဆန်းကြယ်စွမ်းအင်အမျှင်တစ်ခုသာအသုံးပြုနိုင်သည်]

..

“တကယ်ကို နတ်ဘုရားရတနာပဲ” လင်းဝူတ၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။

“ညီအကိုထျန်းကြွယ်…ဒီနေရာမှာ အန္တရာယ်မရှိတော့ဘူးမလား”

ထူချင်းချိုး၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုများဖြင့်ပြည့်နေသည်။

ထိုသို့ကြားသည့်အခါ လင်းဝူတသည် မည်သို့မှ မတုန့်ပြန်ချေ။

သို့သော် သူတော်စင်ချင်းမင်၏ မျက်နှာသည် လေးနက်နေသည်။

“မူလဆန်းကြယ်စွမ်းအင်က ဒီနေရာမှာ ဒီလိုရှိနေတာ မဖြစ်သင့်ဘူး။ ပြဿနာတစ်ခုခုရှိနိုင်တယ်”

ထိုသို့ပြောပြီး သူသည် လက်မြောက်ကာ လက်ဝါးဖြင့် ရိုက်ကြည့်လိုက်သည်။

“ဘုန်း”

ထိုအခါ စွမ်းအားတစ်ခုသည် တောင်တစ်ခုလုံးကို တုန်ခါသွားစေပြီး သူ၏ တိုက်ခိုက်မှုကို ပြေပျောက်သွားစေသည်။

“တကယ်ပဲ ပြဿနာတစ်ခုရှိနေတယ်”

ထိုသို့မြင်သောအခါ သူတော်စင်ချင်းမင်သည် အနည်းငယ်လောက်ကြိုးစားကြည့်လိုက်သည်။

ရလဒ်သည် အတူတူဖြစ်နေခဲ့၏။

သူ၏ တိုက်ခိုက်မှုသည် ပင်လယ်ထဲသို့ ကျဆင်းသွားသည် ကျောက်တုံးတစ်ခုကဲ့သို့ အသုံးမဝင်ဖြစ်သွားခဲ့သည်။

“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”

သူတော်စင်ချင်းမင်နှင့် ထူချင်းချိုးတို့၏ မျက်ခုံးများသည် ကျုံ့သွားခဲ့သည်။

“ခွန်အားတွေဖြုန်းတီးမနေနဲ့တော့။ မူလမဟာအစီအရင်က ရှင်တို့ရဲ့ မလုံလောက်တဲ့ စွမ်းအားလေးနဲ့ ချိုးဖျက်ဖို့မဖြစ်နိုင်ဘူး” ရုတ်တရက် သူတို့ သုံးယောက်နောက်မှ တည်ငြိမ်သောအသံကိုကြားလိုက်ရသည်။

ဘာလဲဟ။

သူတို့သည် နောက်သို့လှည့်ကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားပြီး နတ်သမီးကဲ့သို့ ပြိုင်ဘက်ကင်းလှပတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမသည် သူတို့နောက်သို့ သူတို့မသိရှိမိ ရောက်ရှိနေခဲ့သည်။

သူမ၏ တည်ငြိမ်သော မျက်လုံးများသည် သူတို့အား စိုက်ကြည့်နေခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset