Switch Mode

Chapter – 234

ဘုရင်တစ်ပိုင်းနှင့် နတ်တစ်ပိုင်း လက်ရည်ယှဥ်ခြင်း။ ဓါးသိုင်း တိုက်ပွဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃၄ ဘုရင်တစ်ပိုင်းနှင့် နတ်တစ်ပိုင်း
လက်ရည်ယှဥ်ခြင်း။ ဓါးသိုင်း တိုက်ပွဲ။

သစ်မိစ္ဆာကို ဖြေရှင်းပြီးနောက် အသူရာ၏ အကြည့်က ယဲ့ရှောင်ဆီ ရောက်လာလေ၏။
” မင်းက တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒီနေ့တွေမှာ စီရင်စု၉ခုရဲ့ အချုပ်အချာ အာဏာပိုင်လေးယောက်အပြင် မင်းအဆင့်ကို ရောက်နိုင်တဲ့ လူသား တစ်ယောက်မှ မတွေ့ဖူးဘူး ”
” ကြည့်ရတာ ဒီနေ့ ပျော်စရာတချို့ ရှိတော့မဲ့ပုံပဲ ”
” မင်း နည်းနည်းလေး ပိုသန်မာပြီး ငါ့ကို စိတ်မပျက်စေဖို့ ငါ မျှော်လင့်တယ် ”
ယဲ့ရှောင်က ပြန်မပြောပေ။ အသူရာအဖို့ ဤတိုက်ပွဲက အလွန်ပျော်စရာကောင်းသည့် ဂိမ်းတစ်ခု ဖြစ်ရပေမည်။ သို့သော်ငြား ယဲ့ရှောင်အတွက်မူ ဂိမ်းတစ်ခုအဖြစ်တောင် မသတ်မှတ်နိုင်ပေ။
အဆင့်တူအတွင်း၌ သူ၏ စိတ်ဝင်စားမှုကို နှိုးဆွနိုင်သူက များများစားစား မရှိတာ အမှန်ပေ။
မည်သူကမှ အချိန်သိပ်မဖြုန်းချင်သောကြောင့် ယဲ့ရှောင်က ချက်ချင်း လှုပ်ရှားလိုက်၏။
ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါးကို လွှဲရမ်းလိုက်သည်။ ဓါးရောင်ခြည်သည် အသူရာဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီ တိမ်တိုက်များကို ဖွင့်လျက် အသူရာနှင့် ဆုံတွေ့သွား၏။
” အချိန်ကိုက်ပဲ ”
အသူရာကလည်း ဓါးကို လွှဲရမ်းလိုက်လေ၏။ ဓါးရောင်ခြည်နှစ်ခုက မိုးကြိုးနှင့် လျှပ်စီးတို့ဖြင့်အသီးသီး ရောထွေးသွားလေ၏။ သူသည် ဝိညာဥ်စွမ်းအားကို ခံနိုင်ရည်ရှိပြီး အချင်းချင်း ပွတ်တိုက်ကြတော့၏။
ဖုန်း။
ပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခု ပေါ်ထွက်လာပြီးနောက် တိမ်တိုက်က ကောင်းကင်ထဲ၌ ပေါ်ပေါက်လာပြန်သည်။
သို့သော်ငြား ထိုပေါက်ကွဲမှုသည် အစသာ ရှိသေးပြီး ယင်းက သေနတ်စပစ်သည့်ပမာ ဖြစ်နေလေ၏။
ပေါက်ကွဲသံ ပေါ်လာချိန် သူတို့နှစ်ယောက်လုံးက နေရာကနေ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားလေ၏။
” သိပ်မြန်တာပဲ ”
လူတိုင်းက ထုတ်ဖော်ပြောမိကြတော့သည်။
ယဲ့ရှောင်၏ အရှိန်က အမှန် တကယ် မြန်လွန်းလှသည်။ သူတို့ကဲ့သို့ အံ့ဖွယ်ချီရှန်းအဆင့်တွင် ရှိသည့် သိုင်းပညာရှင်များတောင် လိုက်မမှီလောက်သည်အထိ မြန်ဆန်လွန်း၏။ သူတို့သည် ထိုလူများ၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူတို့က ကောင်းကင်ကို မြင်ရုံသာ မြင်နိုင်ပြီး မရေမတွက်နိုင်သည့် အနက်ရောင်အရိပ်များက ဖြတ်ကျော်သွား၏။
သူတို့နှစ်ယောက်လုံးက မြန်ဆန်လွန်းသောကြောင့် နောင်တွင် ကျန်ရစ်ခဲ့သည်က အလင်းနှင့် အနက်ရောင််အရိပ်များပဲ ဖြစ်သည်။
ရှန်းထျန်း နဝမအဆင့်တွင် ရှိပြီး မျက်ဝန်းကျင့်စဥ်ကို ပိုင်ဆိုင်ထားသည့် ပေ့ထျန်းစီကတောင် အံ့သြဆွံ့အနေလေ၏။
သူ၏ မီးဝိညာဥ်မျက်လုံးသည် ရှာဖွေရာ၌ သာမန်ရှန်းထျန်း နဝမအဆင့်ထက် သာလွန်တာ သေချာ၏။ ထိုသို့တိုင် သူ၏ အမြင်တွင် ယင်းက ကျန်သည့်သူများထက် အနည်းငယ်သာ ပိုကောင်းသည်။ သူက ပုံရိပ်ယောင်များကိုသာ မြင်နိုင်ပြီး နှစ်ယောက်၏ အရှိန်ကို လိုက်မှီနိုင်ရုံမျှသာ ရှိကာ သူတို့ တည်နေရာများကို ဆုံးဖြတ်နိုင်ရုံသာ ရှိသည်။
ထိုမျှအပ သူတို့မျက်နှာများကို သူ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ချေ။
ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း။
နောက်တစ်စက္ကန့်၌ အလင်းဆက်တိုက်က ကောင်းကင်ထဲ၌ ရုတ်တရက် ပေါက်ကွဲလေ၏။
အလင်းလှိုင်းသည် သူတို့နှစ်ယောက်ကြား တိုက်ခိုက်မှုတစ်ခုကို ကိုယ်စားပြုပြီး လူတိုင်း၏ စိတ်နှလုံးက တုန်လှုပ်လာမိ၏။
သူတို့ ဂရုတစိုက် ရေတွက်ထားသောကြောင့် အလင်းသည် အကြိမ်တစ်သောင်းထိ ရောက်နေပုံရ၏။
မည်မျှ မြန်ဆန်သနည်း။ စက္ကန့် မည်မျှ ကြာသွားသနည်း။ သူတို့နှစ်ယောက်လုံးက ထိုအဆင့်ထိ ရောက်နေပြီလော။
သူတို့ကို အချိန်တစ်မိနစ် ပေးခဲ့လျှင် သူတို့က ကောင်းကင်ကို ဖီဆန်နိုင်လိမ့်မည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ ကျုံးစီရင်စု၏ မြို့( ၁၀ )မြို့ကတောင် သူတို့အတွက် မလုံလောက်ပေ။
ဆယ်စက္ကန့်ကြာပြီးနောက် ကောင်းကင်ထဲ၌ တိမ်မရှိတော့ပေ။ ယင်းက ကြည်လင်နေပြီး ဘာမှမကျန်တော့ပေ။
သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲကြောင့် ထွက်ပေါ်လာသည့် ပေါက်ကွဲမှုက ရွှေရောင်အလင်းသည် ဆက်တိုက် လင်းထိန်လာလေ၏။ ထိုအလင်းသည် ကောင်းကင်ထဲရှိ နေရောင်ကိုတောင် ပိတ်ဆို့ထားသည်။
နောက်ဆုံးတွင် အစွမ်းအထက်ဆုံး ပေါက်ကွဲမှုအတွင်း သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် လူချင်းခွာလိုက်ပြီး နေရာအသီးသီး၌ ဝင့်ကြွားစွာ ရပ်နေလိုက်၏။
ပြီးနောက် ထိုအခိုက်အတန့်တွင် လူတိုင်းက နှစ်ယောက်ကြားရှိ ကွာဟချက်ကို နောက်ဆုံးတော့ မြင်နိုင်ပြီ ဖြစ်သည်။
ချက်ချင်းပင် အသူရာက အနည်းငယ် မောပမ်းလာတော့၏။ အစောတုန်းက တိုက်ပွဲသည် သူ့အတွက် သုည အကန့်အသတ်မှတ်ကို ရောက်ရှိသွားတာ အလွန်သိသာနေ၏။
ယဲ့ရှောင်အတွက်မူ သူ၏ အမူအယာက မပြောင်းလဲသွားပေ။ နှလုံးတောင် မခုန်ပေ။ တုံ့ပြန်မှု မရှိချေ။
ယဲ့ရှောင်က အသူရာထက် ပိုသန်မာတာလား။
ဘုရားရေ။ အသူရာက အံ့ဖွယ်သားရဲတစ်ကောင် ဖြစ်လုနီးပါး ဘုရင်နယ်ပယ်အောက် သိုင်းပညာရှင်တစ်ယောက်နဲ့ တူညီလောက်တယ်လေ။ ယဲ့ရှောင်က သူ့ထက် တကယ်ကြီး ပိုသန်မာနေတယ်။
ဆိုလိုတာက ယဲ့ရှောင်က အဲ့ဒီနယ်ပယ်နဲ့ နီးကပ်နေပြီပေါ့။
ယခုအချိန်တွင် လူတိုင်းက သွေးများ ဆူပွက်လာတာကို ခံစားမိ၏။
လူသားမျိုးနွယ်စု၌ ထိုအဆင့်ရောက်သည့် နောက်ထပ် သိုင်းပညာရှင်တစ်ဦး ရှိလာတော့မည်။
ကောင်းကင်ဘုံက မျက်နှာသာပေးတာ။
ကောင်းကင်က မျက်နှာသာပေးတာ။
ပေ့ထျန်းစီ၏ မျက်ဝန်းသည် ပိုတောင် စိုစွတ်လာလေ၏။
သူ့ကဲ့သို့ အဖိုးအိုတစ်ဦးအတွက် လူသားမျိုးနွယ်စုကို ပိုအရေးပေးပြီး စီရင်စု၉ခု၏ အနာဂတ်ကို ကျန်သည့် သူတိုင်းထက် ပိုအလေးထား၏။
ယခု ထိုကဲ့သို့ အနာဂတ်ပါရမီဖြင့် ပါရမီရှင်တစ်ယောက်က လူသားမျိုးနွယ်ထဲ၌ ပေါ်ပေါက်လာပြီ။ စီရင်စု၉ခုမှ လူတောင် ဖြစ်နေသေး၏။ သူ့ရင်ထဲကနေကို အမှန်တကယ် ပျော်ရွှင်မိ၏။
” နှစ်ရာချီရှိသွားပြီ စီရင်စု၉ခုထဲမှာ နဂါးတစ်ကောင် ထပ်ပေါ်ပေါက်လာပြီ ”
အသူရာက ယဲ့ရှောင်ကို ချက်ချင်းဆိုသလို ကြည့်လိုက်၏။ သူ၏ မျက်လုံးက ရူးသွပ်နေသော အလင်းများ ပေါ်လာလေ၏။ သူသည် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သော်ငြား တစ်ချိန်တည်းတွင် သိုင်းပညာကို ရူးသွပ်သူတစ်ဦးပဲ ဖြစ်သည်။
ယဲ့ရှောင်က ပိုသန်မာလေ သူက ပိုစိတ်လှုပ်ရှားလေ ဖြစ်သည်။
သူက အသက်ရှူနှုန်းကို ထိန်းညှိကာ မောပမ်းမှုတို့က ပြေပျောက်သွားပြီ ဖြစ်သည်။ သူက
ယဲ့ရှောင်ကို စိတ်လှုပ်ရှားမှုဖြင့် ကြည့်လိုက်လေ၏။
” မင်းရဲ့ ခွန်အားကို အပြည့်အဝ မသုံးရသေးဘူးမလား။ စိတ်ဝင်စားစရာပဲ။ တကယ်စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်းက ဓါးသိုင်းကျင့်ကြံထားရုံတင်မကဘူး ကျန်တဲ့ သိုင်းပညာရပ်တွေလည်း ကျင့်ကြံထားတာ။ စိတ်စွမ်းအားကျင့်ကြံမှုအပါအဝင် မင်းက တော်ဝင်အဆင့် ကျင့်စဥ်တစ်ခု ရှိရုံတင်မကဘူး တစ်ခုထက်မက ရှိမှာသေချာတယ် ”
အဆုံးတွင်မူ သူက အသူရာအဆင့်ရှိ သိုင်းပညာရှင်တစ်ယောက်ဖြစ်ရန် အမှန်တကယ် ထိုက်တန်နေ၏။
တိုက်ကွက်ဖလှယ်ပြီးနောက် သူသည် ယဲ့ရှောင်၏ လမ်းကြောင်းကို အလွန်လျင်မြန်စွာ ရှာတွေ့သွားသည်။ သို့သော်ငြား ယင်းက သူနှင့် ယဲ့ရှောင်ကြား အနိုင်ရရန် အခွင့်အရေးတစ်ခု ရှိနေသေးတာကို နားလည်သွားစေ၏။
ယဲ့ရှောင်သည် ခံနိုင်ရည်အရာ၌ သူ့ထက် ပိုသန်မာ၏။ သူကျင့်နေသည့် စိတ်စွမ်းအားကျင့်စဥ်ကလည်း တော်ဝင်ကျင့်စဥ် ဖြစ်သည်။ သူက ယဲ့ရှောင်နှင့် ရေရှည်မတိုက်ခိုက်ပဲ တစ်ကွက်တည်းဖြင့် အနိုင်ရသူကို ဆုံးဖြတ်နိုင်မည်ဆိုလျှင် ဤတိုက်ပွဲ ပြီးသွားပေလိမ့်မည်။
” အချိန်ဖြုန်းနေဖို့ မလိုဘူး။ ပြီးရင် အနိုင်ရသူကိုတစ်ကွက်တည်းနဲ့ ဆုံးဖြတ်လိုက်ရအောင် ”
ယဲ့ရှောင်က သူ တွေးနေတာကို သိသည်။ သို့သော်ငြား သူက ခေါင်းညိတ်လိုက်သေး၏။
ဘုရင်ကို လူတစ်ယောက်က မသတ်ရဲရင် ဘယ်လိုလုပ် ဘုရင်ဖြစ်နိုင်မှာလဲ။
ပါရမီရှင်တစ်ယောက် ဖြစ်လာချင်တယ်ဆိုရင် စိတ်အခြေအနေကလည်း လုံလောက်အောင် သန်မာရမယ်။
တစ်ဖက်သူရဲ့ စိန်ခေါ်မှုကိုတောင် လက်မခံရဲဘူးဆိုရင် ဟားတိုက်စရာ ဖြစ်သွားလိမ့်မယ်။
သိုင်းပညာရပ်ရဲ့ လမ်းကြောင်းမှာ အရေးကြီးဆုံးအရာက လူတစ်ယောက်ရဲ့ စိတ်အခြေအနေပဲ။
လူတစ်ယောက်ရဲ့ စိတ်အခြေအနေက သတ္တိကြောင်သွားပြီဆိုတာနဲ့ သိုင်းပညာရပ်လမ်းကြောင်းမှာ အဟန့်အတားတစ်ခု ဖြစ်သွားလိမ့်မယ်။ ဒါ့အပြင် သူ ရှုံးမယ်လို့ ဘယ်သူက အာမခံနိုင်လို့လဲ။ သူက နောက်ဆုံး ရပ်နေနိုင်မဲ့သူဆိုတာ သေချာတယ်။
” ကောင်းတယ်။ ဓါးတစ်သောင်း မူလ အသွင်ပြန်ရောက် ”
အသူရာက သူ၏ လက်ညိုးကို ကိုက်လိုက်၏။ နောက်တစ်က္ကန့်တွင် သူ၏ သွင်ပြင်အစစ်အမှန်က လေထဲ၌ ပေါ်လာလေ၏။
တောင်လောက် မြင့်မားပြီး ကြီးကျယ်ခမ်းနားသော ဓါးနဂါးတစ်ကောင် ဖြစ်သည်။
သူက ပုံစံအစစ်အမှန်ကို အသွင်ပြောင်းလဲသွားပြီးနောက် သူ၏ အရှိန်အဝါကလည်း တိုးမြင့်လာကာ ပိုတောင် သန်မာသည့် အဆင့်သို့ ရောက်သွားသည်။
သူ၏ သွင်ပြင်အစစ်အမှန်ကို ပြောင်းလဲပြီးနောက် သူ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သည့် ရွှေရောင်အလင်း ရောင်ခြည်များ စတင်ဖြာထွက်လာ၏။
ယင်းက သူ၏ အမြင့်ဆုံး သိုင်းစွမ်းရည် အသင်္ချေဓါးမှ မူလ ဇစ်မြစ်ပဲ ဖြစ်သည်။
သူက ဓါးရောင်ခြည်တစ်သောင်းကို ထုတ်ဖော်လိုက်သည်က သူ၏ ခွန်အားအကုန် သုံးလိုက်ခြင်းနှင့် ညီမျှပြီး သူတို့ကို တစ်သားတည်း ပေါင်းစည်းလိုက်၏။
ထိုအကွက်သည် ကျင့်ကြံဆင့်တစ်ဆင့် ပိုမြင့်သည့်ရန်သူအားလုံးကို သတ်ဖြတ်နိုင်ရန် တစ်ရာရာခိုင်နှုန်း သေချာသည်။ တစ်နည်းအားဖြင့် သူ၏ လက်ရှိ အံ့ဖွယ်အဆင့်အောက် သားရဲကျင့်စဥ်ဖြင့် ထိုအကွက်သည် အံ့ဖွယ်သားရဲတစ်ကောင်၏ ကျင့်ကြံမှုအဆင့်ထက် အားလျော့မှာ မဟုတ်ပေ။
အသင်္ချေဓါးမှ မူလသို့ကို ထုတ်ဖော်လိုက်သည်နှင့် မိုးနှင့်မြေက မှန်းဆမရအောင် ပြောင်းလဲသွား၏။ မြေပြင်ပေါ်၌ မရေမတွက်နိုင်သည့်ဓါးများ၊ လက်နက်များက စတင်တုန်ယင်လာလေ၏။
အင်မတန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက မရေမတွက်နိုင်သည့် သိုင်းပညာရှင်များကို စတင်တုန်လှုပ်လာစေ၏။
တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်။
နောက်ဆုံးတွင် အသင်္ချေဓါးမှ မူလသို့က ပြီးစီးသွားသည်။
ဝေါင်း။
အသူရာ၏ မြေကမ္ဘာတုန်လှုပ်ဖွယ် ဟိန်းသံနှင့်အတူ နောက်တစ်စက္ကန့်၌ မရေမတွက်နိုင်သည့် ဓါးအလင်းများက ယဲ့ရှောင်ဆီသို့ တိုးဝင်သွားကြသည်။
ယဲ့ရှောင်ကလည်း ထိုစဥ် လှုပ်ရှားလိုက်၏။ သူသည် တော်ဝင်ဓါးသိုင်းကို အသုံးပြုလိုက်သည်။
သူ၏ ကျင့်စဥ်များ အားလုံးအနက် တော်ဝင်ဓါးသိုင်းကသာလျှင် အသင်္ချေဓါးမှ မူလသို့နှင့် ရင်ဆိုင်ရန် အသင့်တော်ဆုံး ဖြစ်သည်။ အကြောင်းမှာ အသင်္ချေဓါးမှ မူလသို့သည် ဓါးကျင့်စဥ်တစ်မျိုးဖြစ်ပြီး တော်ဝင်ဓါးသိုင်းက ဆက်တိုက် ချဲ့ထွင်သည့် ပုံစံတစ်မျိုး ဖြစ်၏။
အသင်္ချေဓါးမှ မူလသို့သည် ဓါးတိုက်ကွက်တစ်သောင်းကို တစ်ခုတည်းအဖြစ် သိပ်သည်းလိုက်တာပဲ ဖြစ်သည်။ တော်ဝင်ဓါးကမူ ဓါးတိုင်း၏ စွမ်းအားကို ယခင်ဓါးထက် ပိုသန်မာလာစေ၏။
သို့သော်ငြား အသင်္ချေဓါးမှ တစ်သောင်းက တိုက်ကွက်တစ်သောင်း ဖြစ်နေစဥ် တော်ဝင်ဓါးသိုင်း၌ တိုက်ကွက် ( ၁၀၈ ) ကွက်သာ ရှိ၏။
သို့သော် ယဲ့ရှောင်က အရူးတစ်ယောက် မဟုတ်ပေ။ ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်က ပေးသည့် တော်ဝင်ကျင့်စဥ်အပြင် သူက ကျန်သည့် အထူးတိုက်ကွက်တချို့လည်း ဖန်တီးထား၏။
ဥပမာအနေဖြင့် တော်ဝင်ဓါးသိုင်းကို ကောင်းကင်ပိုင်းဖြတ်ခြင်းဓါးနှင့် ပေါင်းစည်းတာမျိုး ဖြစ်သည်။
တော်ဝင်ဓါးသိုင်း၏ တိုက်ကွက်တိုင်းက ကောင်းကင်ပိုင်းဖြတ်ခြင်း ဓါးပဲ ဖြစ်သည်။ ဤနည်းဖြင့် တော်ဝင်ဓါးသိုင်း၏ အထက်ပိုင်း အကန့်အသတ်ကလည်း တိုးလာလိမ့်မည်။ နှစ်ခုပေါင်းစည်းလိုက်ချိန်၌ စွမ်းအားက အကန့်အသတ်မဲ့သွားလိမ့်မည်။
နှစ်ခုပေါင်းစည်းထားသည့် ဓါးကွက်က သူတို့အကွက်များကို ချက်ချင်း တိုက်မိလိမ့်မည်။
သို့သော် မပေါက်ကွဲသွားပေ။ ထိုအစား သူတို့က တိုက်မိသည့်အချိန် ဓါးအလင်းကို ဖွဲ့တည်လိုက်၏။ သူတို့က တစ်ခုနှင့်တစ်ခု အသေချိတ်ထားပြီးနောက် အလျှော့မပေးကြပေ။ ပြီးနောက် နောက်ဘက်ရှိ ဓါးသိုင်းက နေရာမှာတင် တောင့်ခဲသွားပြီး ယခင်ဓါးများထက် ပိုတောက်ပစွာ ချဲ့ထွင်လာတော့၏။
တော်ဝင်ဓါးသိုင်းက ထုတ်ပြသည့် အရှိန်သည် အသင်္ချေဓါးမှ မူလသို့ထက် ပိုနှေးတာ သိသာနေ၏။ နှစ်စက္ကန့်ခန့် တိုက်ခိုက်ပြီးနောက် နှစ်ဖက်၏ ရန်လိုသော အခင်းအကျင်းက စတင်လှုပ်ရှားကာ ယဲ့ရှောင်ဘက်ဆီသို့ ဦးတည်လာ၏။
ယဲ့ရှောင်၏ ဓါးသိုင်းက အသင်္ချေဓါးမှ မူလသို့ကို မခုခံနိုင်ဟု ဆိုလိုတာပဲ ဖြစ်သည်။
လူတိုင်း၏ နှလုံးက တောင့်ခဲလာ၏။ ယဲ့ရှောင် ရှုံးနိမ့်သွားလျှင် ဤနေရာရှိ လူအားလုံး ကျုံးမြို့သူမြို့သားများအပါအဝင် ယနေ့ အမြစ်ပြတ် သုတ်သင်ခံရလိမ့်မည်။
ယဲ့ရှောင် နိုင် မနိုင် အချက်သည် သူတို့အားလုံး၏ အသက်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေသည်။ အသူရာ၏ ဓါးနဂါးမျက်လုံးကြီးထဲ၌ ပျော်ရွှင်မှု တစ်စွန်းတစ်စ ပေါ်လာ၏။
တိုက်ပွဲသည် စတင်ခါစဖြစ်ပြီး ယဲ့ရှောင်က ထိန်းမထားနိုင်တော့ပေ။ အသင်္ချေဓါးမှ မူလသို့က ခွန်အားများစွာ ကျန်ရှိနေသေး၏။ ထိုသို့တိုင် သူက နောက်ထပ် အကွက်ကို မထုတ်ဖော်ရသေးပေ။ ဤတိုက်ကွဲက သူ အနိုင်ရမှာ သေချာနေ၏။
ထိုဓါးရောင်ခြည်သည် ယဲ့ရှောင်က အလွန်နီးကပ်နေပြီ ဖြစ်၏။
ပေတစ်ထောင်၊ ပေရှစ်ရာ၊ ပေသုံးရာ။
နောက်ထပ် ခုနှစ်စက္ကန့်အတွင်း ယဲ့ရှောင် သေမှာ သေချာနေ၏။
အသင်္ချေဓါးမှ မူလသို့သည် ယဲ့ရှောင်နား နီးကပ်နေပြီ ဖြစ်သည့်တိုင် ယဲ့ရှောင်၏ အမူအယာက ကြောက်လန့်မှု ဆိုးဆေးများ မပြပေ။ သူက ဆက်လက်တိုက်ခိုက်နေ၏။
ဆယ်ခုမြောက်တာ၊ ဆယ့်တစ်ခုမြောက်တာ၊ ဆယ့်နှစ်ခုမြောက်တာ။ သူ တိုက်ခိုက်ချိန်တိုင်း၌ စွမ်းအားသည် ယခင်ကထက် အနည်းငယ် ပိုသန်မာလာ၏။
ဓါးရောင်ခြည်သည် လေးဆယ့်ကိုးခုမြောက်ဓါးအဖြစ် ရောက်လာသည့်အချိန်၌ အခြေအနေက စတင်ပြောင်းလဲလာတော့သည်။
ယဲ့ရှောင်၏ ရှေ့သို့ ရောက်နှင့်ပြီးသော ဓါးရောင်ခြည်သည် ပေ၃၀အကွာ၌ ရုတ်တရက် ရပ်တန့်သွားလေ၏။
၅၀မြောက်ဓါး။
ဖုန်း။
ဓါးရောင်ခြည်က အသင်္ချေဓါးမှ မူလသို့၏ ရှေ့၌ ဖွဲ့တည်လိုက်ပြီး ယဲ့ရှောင်ကြောင့် တစ်လှမ်း နောက်ဆုတ်လိုက်လေ၏။
” ​ကောင်းတယ် ”
လူတိုင်းက စိတ်လှုပ်ရှားပြီး လက်သီးကျစ်ကျစ်ဆုပ်ကာ ထအော်မိကြတော့သည်။
အသူရာကလည်း မင်သက်သွားလေ၏။ သို့သော် အလျင်အမြန်ပင် သူ၏ အမူအယာက အေးစက်သွားလျက် သူသည် အသင်္ချေဓါးမှ မူလသို့ကို ထုတ်ဖော်ရန် ပိုတောင် အစွမ်းထက်သည့် ခွန်အားကို အသုံးပြုလိုက်၏။
အသင်္ချေဓါးမှ မူလသို့၏ အရှိန်က တိုးလာသည်နှင့် ၄င်း၏ စွမ်းအားသည် ယခင်ကထက် ပိုတောင် ကြီးမားလာ၏။ သို့သော်ငြား ထိုသို့တိုင် ယဲ့ရှောင်သည် ဓါးတိုင်းကို တည်ငြိမ်စွာ လွှဲရမ်းနေလျှင် ဓါးရောင်ခြည်က သူ့ကို ဆက်တိုက် နောက်ဆုတ်အောင် ပြုလုပ်နိုင်သေးသည်။
” မဟုတ်ဘူး မဟုတ်ဘူး ” ။ အသူရာက စတင်ကြောက်လန့်လာ၏။
သူသည် သိုင်းရူးတစ်ယောက် ဖြစ်သော်ငြား သေရမှာကို မကြောက်ဟု မဆိုလိုပေ။ သူသည် အစောတုန်းက ယဲ့ရှောင်နှင့် တိုက်ခိုက်ရဲခြင်းမှာ သူ မရှုံးဟု ခံစားမိနေသောကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သူက ယဲ့ရှောင်ကို ကြောက်လန့်လာပြီ ဖြစ်၏။
သူ ရှုံးတော့မည်။ သူ အသတ်ခံရတော့မည်။ သူသည် အသင်္ချေဓါးမှ တစ်သောင်းသို့ကို သုံးရန် ခွန်အားအကုန် သုံးစွဲခဲ့ရပြီး ကျန်ရှိသည့် ဓါးရောင်ခြည်များ အားလုံးကို ချက်ချင်း ပေါင်းစုကာ သူတို့ကို ဓါးရောင်ခြည်အဖြစ် ပေါင်းစည်းလိုက်၏။ ဝိညာဥ်စွမ်းအား၏ ရုတ်တရက် ဟန်ချက်မညီမှုက ရှေ့ရှိ ဓါးရောင်ခြည်များကို တိုက်ရိုက် ပြိုပျက်သွားစေ၏။

အပိုင်း ၂၃၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset