Switch Mode

Chapter – 94

အခန်း ၉၄။ မျက်နှာပျက်ရခြင်း

“အား”

ထူးကဲသောတာအိုစွမ်းအားကြောင့် ထိုလူသည် လေထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။

ချက်‌ချင်းပင် ကောင်းကင်မှ သွေးမိုးများဆင်းသက်လာခဲ့သည်။

“ဘယ်လို”

“ထူးကဲသောတာအိုစိတ်ဝိညာဉ်လက်နက်လား”

ထိုအော်ရာကို ခံစားမိသည့်အခါ ကြည့်ရှုသူများသည် အံ့ဩတုန်လှုပ်စွာဖြင့် သက်ပြင်းချလိုက်ကြသည်။

ရုတ်တရက် အပြောင်းအလဲသည် လူတိုင်းအား အံ့ဩတုန်လှုပ်သွားစေသည်။

ကျန်ရှိနေသော အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်း၏ လူများသည် အံ့ဩသွားခဲ့ကြသော်လည်း ချက်ချင်းပင် ဒေါသထွက်သွားခဲ့ကြသည်။

“ဘယ်သူလဲ။ ဘယ်သူက ရှမင်းဆက် အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းရဲ့ ရန်သူဖြစ်ချင်တာလဲ”

နားအူမတတ်အော်ဟစ်သံသည် နေဝင်ချိန်တိုက်ပွဲကွင်းပြင်တစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။

သို့သော်လည်း မည်သူမှ တုန့်ပြန်ခြင်းမရှိချေ။

တဖက်တွင် အရူးတာအိုပညာရှင်သည် သေခြင်းမှ လွတ်မြောက်လာပြီးနောက် မျှော်လင့်ချက်များဖြင့် ပြည့်သွားခဲ့သည်။

“ညီလေးရမ်လား” သူသည် တွေးတောလိုက်သည်။

ထို့နောက် လေဟာနယ်ထဲမှ လူတစ်ယောက်သည် အနက်ရောင် ဒယ်စောက်‌အား‌ကိုင်ဆောင်လျက်ထွက်လာခဲ့သည်။

အလွန်ထိတ်လန့်ဖွယ်ကောင်းသည့် ထူးကဲသောတာအိုအော်ရာသည် သူ့အားလွှမ်းခြုံထားခဲ့သည်။

သူက ဘယ်သူလဲ။

လေဟာနယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော လူကို ကြည့်လျက်လူတိုင်းသည် သိချင်သွားကြသည်။

ကောင်းကင်ဘုံအဖွဲ့အစည်းနှင့် ရန်သူဖြစ်ဝံ့သည့် လူတစ်ယောက်ရှိလိမ့်မည်ဟု သူတို့မမျှော်လင့်ထားကြချေ။

“ခင်ဗျားအဆင်ပြေရဲ့လား” အေးစက်သောအသံသည် မထူးခြားစွာထွက်ပေါ်လာခဲ့သည်။

ထိုသို့ကြားသည့်အခါ အရူးတာအိုပညာရှင်သည် အံ့ကြိတ်လိုက်မိသည်။

“ငါသေတော့မသေပါဘူး… ညီလေးရမ်။ နေဝင်ချိန်တိုက်ပွဲကွင်းပြင်မှာတွေ့ရလိမ့်မယ်လို့မထင်ထားဘူး၊ တကယ့်ကံတရားပဲ”

“ဟတ်…ခင်ဗျားက သတ္တိရှိလွန်းတာပဲ။ တကယ်လို့ ကျုပ်သာနည်းနည်းလောက်နောက်ကျသွားရင် ခင်ဗျားရဲ့ အလောင်းကိုတောင် တွေ့ရမှာ‌တောင်မဟုတ်ဘူး”

“ဟားဟား…ငါကမသေနိုင်ဘူး”

အရူးတာအိုပညာရှင်သည် မအိမသာဖြင့်ပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ လင်းဝူတသည် နှာခေါင်းရှုံ့လိုက်သည်။
“ဒီနေရာက ထွက်သွားပြီးမှ စကားပြောကြတာပေါ့”

“ဘုန်း”

သူသည် လက်အားဝှေ့ယမ်းလိုက်ပြီး အရူးတာအိုပညာရှင်အားခေါ်ဆောင်ကာ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

ဤမတိုင်ခင် အရူးတာအိုပညာရှင်သည် ရှုံးနိမ့်တော့မည်အချိန်၌ လင်းဝူတသည် တိုက်ခိုက်ရန် အဆင့်အသင့်ပြင်ထားခဲ့သည်။ သူသည် မူလကျောက်တုံးကို အသုံးပြုလျက် ကိုယ်ပွားအား တိတ်တဆိတ်ဆင့်ခေါ်ထားခဲ့သည်။

သူသည် ဤအခြေအနေသို့စောင့်ဆိုင်းနေခဲ့ခြင်းပင်။

ဤလူအိုကြီးသည် သူ၏ မိတ်ဆွေတစ်ယောက်ဖြစ်ပေသည်။ သူ့အား တယန်ဘိုးဘေးနယ်မြေတွင် ရှိစဉ်ကတည်းက မိတ်ဆွေတစ်ယောက်အဖြစ်သတ်မှတ်ထားပေသည်။ လင်းဝူတသည် သူ့အသတ်ခံရမည်ကို ဤအတိုင်းကြည့်မနေနိုင်ချေ။

ထို့အပြင် သူသည် အလောင်းများကို စုဆောင်းချင်သည့်အတွက် လှုပ်ရှားလိုက်ရခြင်းဖြစ်သည်။

“ချီးပဲကွာ…ဒီကောင်က ဘယ်သူလဲ”

လင်းဝူတသည် အရူးတာအိုပညာရှင်အားခေါ်ဆောင်သွားသည့်အခါ အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းမှ လူများ၏ မျက်နှာသည် မဲမှောင်သွားကြသည်။

ချက်ပြုတ်ထားပြီးသော ဘဲတစ်ကောင်သည် အမှန်တကယ် ပျံသန်းသွားခဲ့သည်။

ဤတိုက်ပွဲတွင်ညအရူးတာအိုပညာရှင်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိရုံသာမက သူတို့၏ အဖွဲ့ဝင် ၄ယောက်ကိုပင် ဆုံးရှုံးလိုက်ရသည်။

အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းသည် လုံးဝမျက်နှာပျက်သွားခဲ့ရပေသည်။

“ခေါင်းဆောင်…အဆင်ပြေရဲ့လား” အပြာရောင်ဝတ်အမျိုးသမီးသည် စိုးရိမ်သောမျက်နှာထားဖြင့် ရောက်လာခဲ့ပြီး မေးလိုက်သည်။

ဤအချိန်တွင် မူထျန်းဖုန်၏ ရင်ဘတ်၌ ကြီးမားသောအပေါက်တစ်ပေါက်ရှိနေပြီး သွေးများ ဒလဟောစီးဆင်းနေသည်။ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုပင်။

“ငါ့ရဲ့ ဒဏ်ရာတွေက အရမ်းပြင်းတယ်။ အရူးအိုကြီးရဲ့ တိုက်ခိုက်မှုကြောင့် ငါ့ရဲ့ အခြေခံထိခိုက်သွားခဲ့တယ်။ မဟာကုသခြင်းဆေးကြောင့် ငါ့ရဲ့ ဒဏ်ရာတွေကို တည်ငြိမ်အောင်လုပ်လိုက်နိုင်ပေမဲ့ ငါ့အခြေအနေက အရမ်းမကောင်းဘူး။ အများဆုံးသုံးရက်လောက်ပဲတောင့်ခံနိုင်မယ်” သူသည် အားနည်းစွာပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ အပြာရောင်ဝတ်အမျိုးသမီးနှင့် တခြားလူများသည် အလွန်စိုးရိမ်သွားကြသည်။

“ခေါင်းဆောင်…ကျွန်မတို့ ခေါင်းဆောင်ကို ပြန်ခေါ်သွားပေးမယ်။ အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းကိုရောက်ရင် ခေါင်းဆောင်ရဲ့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး”

“မဟုတ်ဘူး။ အရူးတာအိုပညာရှင်ကိုအရင်ဖမ်းပါ။ ဒီတာဝန်က ပေါ့သေးသေးမဟုတ်ဘူး။ အင်ပါယာတောင်ဒေါသထွက်နေတယ်။ တကယ်လို့ ငါတို့သာ ဒီတာဝန်မအောင်မြင်ခဲ့ရင် ငါတို့အားလုံး အသတ်ခံရလိမ့်မယ်။ မြန်မြန်…ရှန့်ချင်ကောင်းကင်စောင့်ကြည့်ခြင်းကြေးမုံကိုအသုံးပြုပြီး နေဝင်ချိန်တိုက်ပွဲကွင်းပြင်ကို ရှာဖွေလိုက်။ ငါတို့ အရူးတာအိုပညာရှင်နဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူကို ရှာပြီး သတ်ရမယ်။ ဒီအချိန်မှာ သူတို့မသေရင် ငါတို့သေရလိမ့်မယ်” မူထျန်းဖုန်သည် တိုက်တွန်းပြောဆိုလိုက်သည်။

သူ၏ အမူအရာသည် အလွန်လေးနက်နေသည်။

အရူးတာအိုပညာရှင်နှင့် လင်းဝူတသည် နေဝင်ချိန်တိုက်ပွဲကွင်းပြင်မှ လွတ်မြောက်သွားမည်ကို သူစိုးရိမ်နေခဲ့သည်။

“ကောင်းပါပြီ…ခေါင်းဆောင်”

မူထျန်းဖုန်၏ တိုက်တွန်းချက်ကို ကြားသည့်အခါ အပြာရောင်ဝတ်အမျိုးသမီးသည် လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။ ချက်ချင်းပင် ရှေးဟောင်းကြေးမုံတစ်ခု၏ ပုံရိပ်ယောင်သည် သူမလက်ထဲတွင်ပေါ်လာခဲ့သည်။

၎င်း၏ အလင်းတန်းများသည် အရပ်မျက်နှာတိုင်းသို့ပျံ့နှံ့သွားခဲ့သည်။

သို့သော်လည်း သူမသည် ထိုလျှို့ဝှက်နည်းစနစ်ကို အဆုံးစွန်ထိ အသုံးပြုလိုက်သည့်တိုင်အောင် အရူးတာအိုပညာရှင်အားခြေရာမခံနိုင်ခဲ့ချေ။

“သူတို့ နေဝင်ချိန်တိုက်ပွဲကွင်းပြင်က ထွက်သွားပြီလို့‌တော့ ငါ့ကိုမပြောနဲ့” သူတို့ထဲမှ လူတစ်ယောက်သည် မျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး… အရူးတာအိုပညာရှင်က နေဝင်ချိန်တိုက်ပွဲကွင်းပြင်မှာရှိနေသေးတယ်လို့ ခံစားမိတယ်။ သူက တ‌စ်နေရာရာမှာပုန်းအောင်းနေလို့ ကျုပ်တို့ အချိန်တစ်ခုအထိ ခြေရာမခံနိုင်သေးတာဖြစ်မယ်။ သူ့ရဲ့ ကျန်နေသေးတဲ့ အော်ရာက်ို ဝိုးတိုးဝါးတားခံစားမိတယ်” အနက်ရောင်ဝတ်လူတစ်ယောက်သည်ပြောလိုက်သည်။

ထို့နောက် သူသည် ပတ်ဝန်းကျင်ကို အနံ့ခံလျက်ပြောလိုက်သည်။

“ဒီဖက်ပဲ၊ သွားကြစို့” ထို့နောက် သူသည် အရှေ့ဖက်သို့ ညွှန့်ပြလိုက်သည်။

ထိုသို့မြင်သောအခါ အပြာရောင်ဝတ်အမျိုးသမီးနှင့် ကျန်လူများသည် လုံးဝတုန့်ဆိုင်း‌မနေချေ။ သူမတို့သည် မူထျန်းဖုန်ကို တွဲခေါ်လျက် အမြန်ဆုံးနှုန်းဖြင့် လိုက်သွားကြသည်။

တဖက်တွင် လင်းဝူတသည် အရူးတာအို ပညာရှင်အားခေါ်ဆောင်လျက် ဦးတည်ရာတစ်ခုကိုရွေးချယ်ကာ အလျင်အမြန်ထွက်ခွာနေခဲ့သည်။

“ခင်ဗျားဘယ်သူ့ရဲ့ အုတ်ဂူကို‌ ဖောက်ထွင်းခဲ့ပြန်ပြီလဲ။ ဘာလို့ သူတို့က ခင်ဗျားကို အရူးအမူးလိုက်နေကြတာလဲ”

“ဟီးဟီး… ငါက ခရမ်းရောင်ဝတ်မူးမတ်တစ်ယောက်ရဲ့ အုတ်ဂူကိုဖောက်ထွင်းခဲ့ရုံပါ”

မူးမတ်တစ်ယောက်လား။

လင်းဝူတသည် အံ့ဩသင့်သွားခဲ့သည်။

“မူးမတ်တစ်ယောက်အတွက်နဲ့ ရှမင်းဆက်က ဒီလိုမလုပ်လောက်ဘူး။ ဒီမူးမတ်မှာ တခြားရာထူးတစ်ခုရှိသေးတာလား”

“အမှန်ပဲ… ဒီခရမ်းရောင်ဝတ်မူးမတ်က ရှအင်ပါယာရဲ့ တရားမဝင်သားတစ်ယောက်လို့ ကြားခဲ့တယ်။ သူက ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပေမဲ့ ကံမကောင်းစွာနဲ့ သေဆုံးခဲ့ရတယ်။ ရှအင်ပါယာက သူ့ကို ရတနာတွေများစွားနဲ့ တင့်တင့်တယ်တယ် မြှုပ်နှံပေးခဲ့တယ်။ ဒီကိစ္စကို ငါ‌ကြားတော့ လှုပ်ရှားလိုက်ရတာပေါ့” အရူးတာအိုပညာရှင်သည် ရယ်မောကာပြောလိုက်သည်။

သူသည် အခုလေးတင် သေခြင်းတရားနှင့် ကြုံတွေခဲ့ရသည်ကို မေ့သွားသည့်ပုံပေါ်သည်။

“ခင်ဗျားက တကယ်အရူးပဲ။ ဒီလိုသာဆက်လုပ်နေရင် တစ်ရက်တော့ ခင်ဗျား သေတဲ့အထိ အမဲလိုက်ခံရလိမ့်မယ်” လင်းဝူတသည် အေးစက်စွာပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ အရူးတာအိုပညာရှင်သည် ရယ်မောလိုက်သည်။

သူ့အတွက် ဂူသင်္ချိုင်းဖောက်ထွင်းရခြင်းသည် အပျော်ရွှင်ဆုံး အလုပ်ဖြစ်သည်။ ဤသို့ပြုလုပ်လျက် သေဆုံးရမည်ဆိုလျှင်ပင် သူသည် အသေခံပေမည်။

“ညီလေးရမ်…ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ငါ့အသက်နဲ့ ရင်းပြီး မင်းကို ကျေးဇူးပြန်ဆပ်ပေးမယ်”

“ကောင်းပြီး… အနာဂတ်မှာကျုပ်အတွက် အလောင်းတွေသာများများရှာထားပေးပါ။ ကျုပ်ဘာကြိုက်လဲ ခင်ဗျားသိမယ်ထင်တယ်”

“ပြဿနာမရှိဘူး။ ငါမင်းအတွက် အဖွဲ့အစည်းမှာ စာရင်းသွင်းပေးထားတယ်။ ရက်အနည်းငယ်အတွင်း တုန့်ပြန့်လိမ့်မယ်။ အဲဒီအချိန်ကျရင်မင်းကို အလောင်းတွေအများကြီး စုဆောင်းနိုင်တဲ့ နေရာခေါ်သွားပေးမယ်”

သူတို့နှစ်ယောက်သည် အပြန်အလှန်စကားပြောလိုက်ကြသည်။

“မကောင်းတော့ဘူး…တစ်ယောက်ယောက်လာနေတယ်”

ရုတ်တရက် လင်းဝူတ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

“ငါတို့က လေဟာနယ်အနက်ပိုင်းထဲမှာပုန်းအောင်းနေတာလေ။ သူတို့က ဘယ်လိုလုပ်ရှာတွေ့နိုင်တာလဲ”

“ခင်ဗျားရဲ့ အော်ရာကြောင့်ပဲ”

“ငါတို့ ဘာလုပ်ကြမလဲ”

အရူးတာအိုပညာရှင်သည် ထိတ်လန့်သွားခဲ့သည်။

“မစိုးရိမ်နဲ့ ကျုပ်မှာအကြံရှိတယ်”

လင်းဝူတသည် ကောင်းကင်ဖုံးကွယ်ခြင်းဝတ်ရုံနှင့် ကောင်းကင်မျက်နှာဖုံးတို့ကို ချွတ်ကာ အရူးတာအိုပညာရှင်အားပေးလိုက်သည်။

“ဒါတွေက ခင်ဗျားကို အော်ရာပင်မကျန်အောင် ဖုံးကွယ်ပေးနိုင်တယ်။ ရှအင်ပါယာတောင် ခြေရာမခံနိုင်ဘူး။ ခင်ဗျားကို ယာယီငှားလိုက်မယ်။ ကျုပ်လုပ်စရာရှိသေးလို့ အရင်ထွက်သွားလိုက်အုံးမယ်။ မကြာခင်ပြန်တွေ့ကြတာပေါ့”

ကောင်းကင်ဖုံးကွယ်ခြင်းဝတ်ရုံလား။

အရူးတာအိုပညာရှင်သည် သိချင်သွားသည်။ တခဏလောက်ကြည့်ပြီးနောက် သူသည် ဝတ်ဆင်လိုက်သည်။

“ဒါဆို ငါတို့ ဘယ်နေရာမှာတွေ့ကြမလဲ”

“နဂါးအသွင်ပြောင်စလဲခြင်းရေကန်” လင်းဝူတ၏ အသံသည် အဝေးမှ ထွက်ပေါ်လာခဲ့သည်။

ထိုသို့ကြားသည့်အခါ အရူးတာအိုပညာရှင်သည် ဖုံးကွယ်အဆောင်ကို ခြွေမွလိုက်သည်။ ထို့နောက် သူသည် နဂါးအသွင်ပြောင်းလဲခြင်းရေကန်ဆီသို့ ဦးတည်းလိုက်သည်။

“ဝှစ်”

“ဝှစ်”

“ဝှစ်”

သူထွက်ခွာသွားပြီးနောက် မူထျန်းဖုန်နှင့် တခြားသူများသည် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset