အခန်း ၉၂။ မဟာရှအင်ပါယာ၏ ကောင်းကင်ဘုံအဖွဲ့အစည်း
လက်ဝါးတစ်ချက်သည် လေဟာနယ်ကို ဖောက်ထွင်းလျက်ထွက်လာခဲ့သည်။ ကြောက်မက်ဖွယ်ခွန်းအားသည် ကမ္ဘာကြီးကိုပင် တုန်ခါသွားစေသည်။
“ဒဏ္ဍာရီလာနယ်ပယ်စွမ်းအားရှင်တစ်ယောက်လား”
ပတ်ဝန်းကျင်ရှိ လူများသည် အံ့ဩတုန်လှုပ်သွားကြသည်။ ဤအချိန်တွင် သူတို့သည် အလွန်ထိတ်လန့်သွားကြသည်။
တာရီနတ်ဆိုးဂိုဏ်း၊ ရွှမ်ထျန်းဂိုဏ်း၊ ထျန်းရှင်းဓားဂိုဏ်းတို့မှ ဒဏ္ဍာရီလာနယ်ပယ်ကျွမ်းကျင်သူများပင် မျက်မှောင်ကြုတ်သွားခဲ့ကြသည်။ သူတို့သည် ထိုနေရာသို့ကြည့်လိုက်ကြသည်။
“ဘုန်း”
လက်ဝါးသည် နန်ပါ့ထျန်းကို ကာကွယ်ချိန်ပင်မရစေပဲ ထိမှန်သွားခဲ့သည်။
“အား”
ငယ်သံပါသောအော်ဟစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် သွေးမြူများအဖြစ်ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်တစ်ခုလုံးပြည့်နှက်သွားခဲ့သည်။
“တာရီနတ်ဆိုးဂိုဏ်းက လူကို ဘယ်သူသတ်ဝံ့တာလဲ”
“ဒုန်း”
နားအူမတတ် အော်ဟစ်သံသည်ထွက်ပေါ်လာခဲ့သည်။ နန်ပါ့ထျန်း၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားသည့်အခါ တာရီနတ်ဆိုးဂိုဏ်းမှ အနီရောင်ဝတ်လူတစ်ယောက်ထွက်ပေါ်လာခဲ့သည်။
သူသည် အလွန် ဒေါသထွက်နေသည်။
သူထုတ်လွှတ်ထားသောအော်ရာအရ သူသည် ဒဏ္ဍာရီလာနယ်ပယ် အထွဋ်အထိပ်တွင် ရှိပေသည်။ သူသည် စွမ်းအားကြီး ဘိုးဘေးတစ်ယောက်ဖြစ်ပေလိမ့်မည်။
“ဝှစ်”
သူသည် လေဟာနယ်ထဲသို့ ခုန်တက်သွားခဲ့ပြီး နန်ပါ့ထျန်းအားသတ်ဖြတ်ခဲ့သော လူကို ရှာဖွေလိုက်သည်။
သို့သော်လည်း ကမ္ဘာတုန်လှုပ်ဖွယ် စွမ်းအင်အတက်အကျတစ်ခုထွက်ပေါ်လာခဲ့သည်။
“ဝှစ်”
ရုတ်တရက်တာအိုပညာရှင်တစ်ယောက်သည် လူတိုင်း၏ အကြည့်အောက်တွင် နေဝင်ချိန်တိုက်ပွဲကွင်းပြင်ထဲသို့ ပြေးဝင်သွားခဲ့သည်။
သူ၏ အသွင်အပြင်သည် အလွန်မသက်မသာဖြစ်စေသည်။ သူ၏ ခန္တာကိုယ်တစ်ခုလုံးသည် အမာရွက်များဖြင့်ပြည့်နေပြီး သွေးများစိုရွှဲနေသည်။
တချိန်တည်းတွင် ထိုတာအိုပညာရှင်နောက်သို့ လူများသည် လိုက်ပါသွားခဲ့သည်။
စုစုပေါင်း ၉ယောက်ရှိနေသည်။ သူတို့အားလုံသည် ဒဏ္ဍာရီလာနယ်ပယ်တွင်ရှိနေကြသည်။
အရူးတာအိုပညာရှင်လား။
လင်းဝူတသည် အရူးတာအိုပညာရှင်ကို တွေ့လိုက်ရသည့်အခါ အံ့ဩသွားခဲ့သည်။ ထိုလူကို ပြန်တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ချေ။
အခုအချိန်တွင် သူ့နောက်၌ တခြားသူများရှိနေပေသည်။
“ဒီလူက တခြားလူတွေရဲ့ ဘိုးဘေးဂူသင်္ချိုင်းကို တူးခဲ့ပြန်ပြီထင်တယ်။ ကြည့်ရတာ သူမစော်ကားသင့်တဲ့ လူတစ်ယောက်ကို စော်ကားမိခဲ့တဲ့ပုံပဲ”
လင်းဝူတသည် ပြုံးလိုက်သည်။
သူသည် အခုကိစ္စကို တွေးတောစရာပင်မလိုချေ။
မည်သို့ပင်ဆိုပါစေ အရူးတာအိုပညာရှင်သည် သူများ၏ဘိုးဘေးဂူသင်္ချိုင်းအား တူးဖော်သည့် ဝါသနာရှိပေသည်။ ထိုမှသာ သူ၏ ကျင့်ကြံခြင်းနှင့် ခွန်အားတို့ တိုးတက်လာပေမည်။
ဤသို့အခြေအနေဖြစ်အောင် သူသည် မည်ကဲ့သို့သော အဖွဲ့အစည်းအား စော်ကားခဲ့မိသည်ကို သိချင်သွားခဲ့သည်။
ထိုအပြင် အရူးတာအိုပညာရှင်၏ ကိုယ်ပျောက်စွမ်းရည်သည် မည်သည့်အတွက်ကြောင့် အလုပ်မဖြစ်ရသနည်း။
သူသည် သိချင်နေသော်လည်း မလှုပ်ရှားပေ။ တိတ်တဆိတ်သာစောင့်ဆိုင်းနေခဲ့သည်။
“ဘုန်း”
“ဘုန်း”
“ဘုန်း”
…
ဤအချိန်တွင် အရူးတာအိုပညာရှင်သည် လိုက်ဖမ်းသူများကို အရူးအမှုးရှောင်တိမ်းနေရသည်။
သူ၏ အမြန်နှုန်းသည် အလွန်မြန်ဆန်သွားတတ်ပြီး တခါတရံ လိုက်ဖမ်းသူများ၏ လက်ထဲမှာ ဆန်ခြည်တစ်မျှင်စာအကွာအဝေးမှ လွတ်မြောက်သွားတတ်သည်။ ထို့နောက် သူသည် ဖုံးကွယ် ဖုံးကွယ်ခြင်းအဆောင်ကို အသုံးပြုလိုက်ရသည်။
သို့သော်လည်း သူ့နောက်သို့ လိုက်နေသော လူများ၏ နည်းလမ်းသည် မှန်းဆရခက်ခဲပေသည်။
သူတို့ထဲမှ လှပသော အပြာရောင်ဝတ်အမျိုးသမီးတစ်ယောက်သည် ရှေးဟောင်းကြေးမုံတစ်ခုဖြင့် ဆက်တိုက်ခြေရာခံလိုက်နေခဲ့သည်။ ၎င်းကို အသုံးပြုလိုက်သည့်အခါ စိတ်ဝိညာဉ်စွမ်းအင်တစ်ခုထွက်ပေါ်လာခဲ့သည်။
“ဝှစ်”
ချက်ချင်းပင် တောက်ပသောနတ်အလင်းရောင်များသည် အရပ်မျက်နှာတိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။
ထိုအလင်းတန်းများကြောင့် အရူးတာအိုပညာရှင်၏ ပုန်းအောင်းနေသော နေရာသည် ဖော်ထုတ်ခံလိုက်ရသည်။
“ရှန့်ချင်ကောင်းကင်စောင့်ကြည့်ခြင်းမှန်လား”
လင်းဝူတသည် နတ်ဘုရားစိတ်ဝိညာဉ်မျက်လုံးများဖြင့် ကြည့်လိုက်သည့်အခါ ထိုမှန်၏ အချက်အလက်များကို သိလိုက်ရပြီး အံ့ဩသွားခဲ့သည်။
ထိုမှန်၏ အမည်သည် ရှန့်ချင်ကောင်းကင်စောင့်ကြည့်ခြင်းမှန်ဖြစ်သည်။ ၎င်းသည် အလွန်အဖိုးတန်သည် ရတနာတစ်ခုဖြစ်ပုံရသည်။ ထိုမှန်တွင် အရာအားလုံးကို ရောင်ပြန်ဟပ်မြင်နိုင်စွမ်းရှိပေသည်။
ထိုစွမ်းအားကြောင့် အရူးတာအိုပညာရှင်၏ ဖုံးကွယ်ခြင်းစွမ်းရည်သည် အသုံးမဝင်ဖြစ်နေခဲ့သည်။
“ရတနာကောင်းတစ်ခုပဲ။ ကံမကောင်းစွာနဲ့ ဒါကအစစ်တစ်ခုမဟုတ်ဘူး”
လင်းဝူတသည် အနည်းငယ် စိတ်မကောင်းဖြစ်သွားခဲ့သည်။
ဖြစ်နိုင်လျှင် သူသည် မှန်၏အကျိုးသက်ရောက်မှုကို သူ့ကိုယ်တိုင်မြင်ချင်သော်လည်း ကံမကောင်းစွာဖြင့်၊ ၎င်းသည် ယခုအခါပုံရိပ်တစ်ခုသာဖြစ်သည်။ သူ့တွင်အခွင့်အရေးမရှိတော့သည်ပုံပင်။
“ဝှစ်”
လင်းဝူတ၏ အကြည့်အောက်တွင်ပင် အရူးတာအိုပညာရှင်သည် နေဝင်ချိန်တိုက်ပွဲကွင်းပြင်၏ ဝင်ပေါက်သို့ ရောက်ရှိသွားခဲ့သည်။
“အရူးအိုကြီး…အခုချိန်အရှုံးပေးလိုက်ရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ထားပေးမယ်လို့ကတိပေးတယ်။ မဟုတ်ရင် မင်းရဲ့အလောင်းကို အရိုးပါမကျန်အောင် ပြာချပေးမယ်” အေးစက်ပြီး ခံစားချက်မဲ့သော အသံတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။
ထိုသို့ကြားသည့်အခါ အရူးတာအိုပညာရှင်သည် လှောင်ပြောင်လိုက်သည်။
…
“ယီးပဲရမယ်…ကောင်းကင်ဘုံအဖွဲ့အစည်း၊ ရှမင်းဆက်ရဲ့ မျိုးမစစ်တွေက ငါ့ကို သတ်နိုင်မယ်လို့ထင်နေတာလား။ မင်းတို့ရဲ့ အဖွဲ့ခေါင်းဆောင်ရှိနေရင်တောင် ငါမကြောက်ဘူး။ ငါ့ကို ဖမ်းချင်တာလား။ ဖမ်းနိုင်ရင် ဖမ်းလေ၊ ဟားဟား…”
“ဝှစ်”
ထိုသို့ပြောပြီးနောက် အရူးတာအိုပညာရှင်သည် အရိပ်တစ်ခုကဲ့သို့ နေဝင်ချိန်တိုက်ပွဲကွင်းပြင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
တာရီနတ်ဆိုးဂိုဏ်းမှ ဒဏ္ဍာရီလာနယ်ပယ်စွမ်းအားရှင်ပင် ဘာမှ မလုပ်နိုင်လိုက်ချေ။ သူသည် သတိပြန်လည်လာသည့်အခါ ထိုလူ နောက်သို့ လိုက်လာသူများသည် ဝင်ပေါက်နှင့်အလွန်းနီးကပ်နေပြီဖြစ်သည်။
“ရပ်စမ်း။ နေဝင်ချိန်တိုက်ပွဲကွင်းပြင်ကို ခွင့်ပြုချက်မရှိတဲ့သူတွေဝင်ခွင့်မရှိဘူး”
“ဘုန်း”
အနီရောင်ဝတ်လူသည် တားဆီးချင်သော်လည်း ကြီးမားသော လက်ဝါးတစ်ချက်ဖြင့်သာ ရင်ဆိုင်လိုက်ရသည်။ အလွန်ပြင်းထန်သော ခွန်အားသည် သူ့အားမြေပြင်သို့လွင့်စင်သွားစေခဲ့သည်။
သူ၏ အိုမင်းသော ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ပြည့်နှက်သွားခဲ့သည်။
လှုပ်ရှားလိုက်သည့်လူသည် သက်လတ်ပိုင်းအရွယ် ဒဏ္ဍာရီလာနယ်ပယ်ပြီးပြည့်စုံသောအဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။ သူသည် ရွှေရောင်နေမင်းကို လများဝန်းရံထားသော ဝတ်စုံအားဝတ်ဆင်ထားသည်။
“အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းက အလုပ်လုပ်နေတယ်။ အားလုံးနောက်ဆုတ်ပေးပါ” သူ၏ အေးစက်သော အသံသည် လူတိုင်းကို ထိတ်လန့်သွားစေသည်။
ဘယ်လို။ သူတို့က ရှမင်းဆက်ရဲ့ အင်ပါယာကောင်းကင်အဖွဲ့အစည်းကလား။
…
ထိုသို့ကြားသည့်အခါ အနီရောင်ဝတ်လူအိုကြီးအပါအဝင် လူများ၏ မျက်နှာသည်ပြောင်းလဲသွားခဲ့သည်။
သူတို့၏ မျက်လုံးများတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်သွားကြသည်။
“ရှမင်းဆက်ရဲ့ အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းက ဘယ်လောက်အထိ ခွန်အားကြီးလဲ” လင်းဝူတသည် သိချင််စိတ်ဖြင်မေးလိုက်သည်။
ထိုသို့ကြားသည့်အခါ သူတော်စင်ချင်းမင်သည် လေးနက်စွာဖြင့် သက်ပြင်းချလိုက်သည်။
“ရှမင်းဆက်ရဲ့ အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းက အစိမ်းရောင်ကောင်းကင်ကုန်းမြေရဲ့ အင်အားကြီးအဖွဲ့အစည်းတစ်ခုပဲ။ လီမင်းဆက်ရဲ့ နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်းနဲ့ တူတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအား၊ ခွန်အား၊ အရင်းအမြစ်၊ သန်မာမှုတို့က နတ်ဆိုးနှိမ်နင်းခြင်းအဖွဲ့အစည်း ယှဉ်နိုင်တဲ့အရာတစ်ခုမဟုတ်ဘူး”
“အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းက ရှမင်းဆက်အင်ပါယာရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်။ သူတို့က အင်ပါယာရဲ့အမိန့်အတိုင်း ရှမင်းဆက်ရဲ့ တည်ငြိမ်မှုကို ဆောင်ရွက်ပေးရတယ်။ ဒါ့အပြင် စစ်တပ်အင်အားဖြည့်တင်းတာ၊ လျှို့ဝှက်ချက်တွေဖော်ထုတ်ပေးရတာတွေနဲ့ တခြားကိစ္စတွေကိုပါ ကိုင်တွယ်ရတယ်။ ရှမင်းဆက်မှာ သူတို့က အရေးပါတဲ့နေရာမှာရှိတယ်။ အင်ပါယာက သူတို့ကို အရင်သတ်ပြီးမှ သတင်းပို့ခွင့်ရှိတယ်ဆိုတဲ့ လုပ်ပိုင်ခွင့်ပေးထားတယ်”
“ရှမင်းဆက်က နှစ်ပေါင်း၁၀၀၀၀သက်တမ်းရှိတဲ့အတွက် အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းကလည်း နှစ်ပေါင်း၁၀၀၀၀သက်တမ်းရှိတယ်။ သူတို့ရဲ့ အခြေခံနဲ့ သန်မာမှုက မှန်ဆလိုမရအောင် ကြီးမားလွန်းတယ်။ အခုကျုပ်တို့တွေ့နေရတဲ့ ဒဏ္ဍာရီလာနယ်ပယ်ပြီးပြည့်စုံသောအဆင့်စွမ်းအားရှင်တွေက အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းမှာဆိုရင် အနိမ့်ဆုံးရာထူးဖြစ်တဲ့ အစောင့်တပ်သားတွေသာသာပဲ ရှိတာ။ အစိမ်းရောင်ကောင်းကင်ဒေသမှာ အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းကို သတိထားရမဲ့အဖွဲ့အစည်းထဲမှာပါတယ်” သူတော်စင်ချင်းမင်သည် အသံနှိမ့်လျက်ရှင်းပြလိုက်သည်။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် တွေးတောစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီလိုအခြေအနေမှာ အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းကို စော်ကားမိရင် အဆုံးသတ်လှမှာမဟုတ်ဘူး”
“အမှန်ပဲ။ အသက်ရှင်ဖို့ မျှော်လင့်ချက်တောင်မရှိဘူး” သူတော်စင်ချင်းမင်သည် ပြောပြလိုက်သည်။
သူသည် အရူးတာအိုပညာရှင်၏ အဆုံးသတ်ကို မတွေးတော့ချေ။
အကယ်၍ ရှမင်းဆက်၏ အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းကို စော်ကားမိလျှင် အသက်၁၀၀ရှိလျှင်ပင် လောက်ငှလိမ့်မည်မဟုတ်ချေ။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် မျက်မှောင်ကြုတ်လိုက်သည်။
“အထဲဝင်ကြစို့”
“ဒါပေမဲ့ ကျိုကျို့ရဲ့ ဒဏ္ဍာရီလာနယ်ပယ်စွမ်းအားရှင်သုံးယောက်က ရှိနေသေးတယ်”
“ရှမင်းဆက်ရဲ့ အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းနောက်က လိုက်သွားရုံပဲလေ။ သူတို့ မတားဆီးဝံ့လောက်ဘူး။ နဂါးအသွင်ပြောင်းလဲခြင်းရေကန်ကို မသွားသ၍ သူတို့နဲ့ တွေ့နိုင်မှာမဟုတ်ဘူး”
“ဝှစ်”
ထိုသို့ပြောပြီးနောက် လင်းဝူတသည် ထိုလူများနောက်သို့ လိုက်သွားခဲ့သည်။
ထိုသို့မြင်သောအခါ သူတော်စင်ချင်းမင်တို့သည် လက်သီးဆုပ်မိလိုက်ပြီး အံ့ကြိတ်ကာ နောက်ကလိုက်သွားခဲ့ကြသည်။
“ကျုပ်တို့လည်း သွားကြစို့”
“သူတို့သွားမှတော့ ကျုပ်တို့လည်း သွားလို့ရတယ်”
“နဂါးအသွင်ပြောင်းလဲခြင်းရေကန်ကို မသွားသ၍ အဆင်ပြေလိမ့်မယ်”
…
လင်းဝူတဦးဆောင်သွားလိုက်သည်နှင့် မရေမတွက်နိုင်သည့် လူများသည် နောက်ကလိုက်လာခဲ့သည်။
“ဝှစ်”
“ဝှစ်”
“ဝှစ်”
အခွင့်အရေးများနှင့် ရတနာများကြောင့် နေဝင်ချိန်တိုက်ပွဲကွင်းပြင်သို့ စုပြုံပြီးဝင်လိုက်ကြသည်။
ထိုသို့မြင်သောအခါအင်အားစုကြီးသုံးခုသည် မတားဆီးနိုင်တော့ချေ။ သူတို့သည် လူအားလုံးကို မသတ်နိုင်ချေ။ သူတို့သည် အေးစက်စွာသာကြည့်နေလိုက်ကြသည်။
“နဂါးအသွင်ပြောင်းလဲခြင်းရေကန်ကို သွားကြစို့”
“ဘုန်း”
ဒဏ္ဍာရီလာနယ်ပယ် စွမ်းအားရှင်တစ်ယောက်သည် တပည့်များကို ဦးဆောင်လျက် နဂါးအသွင်ပြောင်းလဲခြင်းရေကန်ဆီသို့ ဦးတည်လိုက်ကြသည်။
သို့သော်၊ နေဝင်ချိန်တိုက်ပွဲကွင်းပြင်သို့ရောက်သည့်အခါတွင်၊ ရှမင်းဆက်၏ အင်ပါယာကောင်းကင်ဘုံအဖွဲ့အစည်းမှလူများသည် အရူးတာအိုပညာရှင်နှင့် အရူးအမူးတိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။