Switch Mode

Chapter – 91

အခန်း ၉၁။ နဂါးအသွင်ပြောင်းခြင်းရေကန်၏ ဒဏ္ဍာရီ

နေဝင်ချိန်တိုက်ပွဲကွင်းပြင်သည် အသင်္ချေတောင်တန်းများကြားတွင် တည်ရှိသည်။

“ဝှစ်”

နေ့တဝက်လောက်ခရီးသွားပြီးနောက် လင်းဝူတတို့သည် ရှန်ဟိုင်းစီရင်စုနယ်နမိတ်သို့ ဝင်ရောက်လာခဲ့သည်။ သူတို့သည် ရပ်တန့်ခြင်းမရှိဘဲ အသင်္ချေတောင်တန်းများဆီသို့ တန်းပြီးသွားလိုက်သည်။

နေဝင်ချိန်တိုက်ပွဲကွင်းပြင်ဖွင့်လှစ်သွားသည့်သတင်းသည် ကျိုကျို့ကုန်းမြေတစ်ခုလုံးပျံ့နှံ့သွားခဲ့သည်။

ထို့ကြောင့် များစွားသောကျင့်ကြံသူများသည် ရောက်ရှိလာခဲ့သည်။ သူတို့သည် ထိုကျင့်ကြံသူများနောက်သို့လိုက်ပြီး နေဝင်ချိန်တိုက်ပွဲကွင်းပြင်ရှိရာသို့ လိုက်သွားခဲ့ကြသည်။ ထိုနေရာသည် အသင်္ချေတောင်တန်းများ၏ အရှေ့တောင်အရပ်တွင်တည်ရှိသည်။

လင်းဝူတတို့သည် ထိုနေရာသို့ ရောက်သည့်အခါ လေဟာနယ်ထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများရှိနေသည်ကို တွေ့လိုက်ရသည်။

ကြီးမားသော စိတ်ဝိညာဉ်လှေများသည် အလွန်ပြင်းထန်သော အော်ရာထုတ်လွှတ်လျက် ထိုနေရာတွင် လွှင့်မျောနေကြသည်။

၎င်းတို့ထဲတွင် အကြီးဆုံးစိတ်ဝိညာဉ်လှေသုံးစီးသည် ရှေ့ဆုံးတွင် ရှိနေသည်။

“တာရီနတ်ဆိုးဂိုဏ်း၊ ရွှမ်ထျန်းဂိုဏ်း၊ ထျန်းရှင်းဓားဂိုဏ်း။ ကျိုကျို့ကုန်းမြေရဲ့ မဟာအင်အားစုကြီးသုံးခုက ဒီနေရာမှာ ပေါ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ ပြီးတော့ သူတို့ရဲ့ အင်အားကလည်း မသေးဘူး။ ကျိုကျို့ကုန်းမြေရဲ့ အသန်မာဆုံးအဖွဲ့အစည်းတွေ ဆိုတဲ့အတိုင်းပဲ သန်မာလွန်းတယ်။ သူတို့ရဲ့ ဘိုးဘေးတွေသာ မသေဆုံးသွားရင် သူတို့က အင်အားအကြီးဆုံးဖြစ်နေမှာပဲ။ ဒီတကြိမ်အခွင့်အရေးရရင် သူတို့ကို ထပ်လှည့်စားရမယ်…”

လင်းဝူတ၏ မျက်လုံးများတွင် ရက်စက်မှုများဖြင့် ပြည့်သွားသည်။

နေဝင်ချိန်တိုက်ပွဲကွင်းပြင်၏ ဆွဲဆောင်မှုသည် မျှော်လင့်ထားသည်ထက်ကျော်လွန်နေသည်။

ဤအချိန်တွင် တာရီနတ်ဆိုးဂိုဏ်း၊ ရွှမ်ထျန်းဂိုဏ်း၊ ထျန်းရှင်းဓားဂိုဏ်းတို့မှ ကျွမ်းကျင်သူများစွာ စေလွှတ်လိုက်သည်။ အဖွဲ့တစ်ခုစီကို ဒဏ္ဍာရီလာနယ်ပယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်စီ ဦးဆောင်ထားသည်။

သူတို့ထဲတွင် ကောင်းကင်နယ်ပယ်အဆင့်၊ မဟာကပ်ဘေးအဆင့်နှင့် မဟာယာနနယ်ပယ်အဆင့်များစွာပါဝင်နေပေသည်။

စုစုပေါင်း ၃၆ယောက်ရှိသည်။

အရည်အချင်းကို ပြောရလျှင် သူတို့သည် အသန်မာဆုံးဖြစ်သည်။ သူနှင့် နှိုင်းယှဉ်လျှင် အများကြီးသန်မာနေပေသည်။

“တကယ်လို့ သူတို့အားလုံးကို အလောင်းမီးဖိုနဲ့ သန့်စင်ပြီးရင် ရရှိလာတဲ့ အဆီအနှစ်တွေကို စုပ်ယူလိုက်ရင် ကောင်းကင်နယ်ပယ်အဆင့်ထက်ကျော်လွန်သွားနိုင်တယ်။ အနည်းဆုံး‌တော့ ကောင်းကင်နယ်ပယ်ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိလောက်တယ်…”

လင်းဝူတသည် သူ၏ စိတ်ထဲတွင် တွက်ချက်လိုက်သည်။

ဤအချိန်တွင် သူသည် ထိုလူများအား မည်သည့် သတ်ဖြတ် ကိုင်တွယ်ရမည်ကို တွေးတောနေသည်။

ထိုသို့ လုပ်ပြီးလျှင် သူသည် အလောင်းအများအပြားစုဆောင်းနိုင်လောက်သည်။

“ဘုန်း”

လင်းဝူတသည် တွေးတောနေစဉ် မရေမတွက်နိုင်သော မိုးကြိုးများသည် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုဆင်းသက်လာခဲ့သည်။ လူတိုင်း၏ စိတ်လှုပ်ရှား‌နေသော အကြည့်အောက်တွင် လေဟာနယ် ဥမင်တစ်ခုဖြစ်သွားခဲ့သည်။

ထို ဥမင်သည် တဖြည်းဖြည်းကြီးမားလာပြီး ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ထားသည့် ဂိတ်တံခါးတစ်ခုဖြစ်သွားခဲ့သည်။

“ဘုန်း”

“ဘုန်း”

“ဘုန်း”

တံခါးအတွင်းမှ ရှေးကျသော အော်ရာများထွက်ပေါ်လာခဲ့သည်။

တချိန်တည်းတွင် နားအူမတတ် ဆူညံသံများ၊ စစ်ချီသံများနှင့် တိုက်ခိုက်သံများကို ကြားလိုက်ရသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒလှိုင်းများသည် လှိုင်းလုံးများကဲ့သို့ လှိမ့်ထွက်လာခဲ့သည်။ တစ်ကမ္ဘာလုံးသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည့်အတိုင်းပင်။

“နေဝင်ချိန်တိုက်ပွဲကွင်းပြင်ပွင့်သွားပြီ”

လူတိုင်းသည် တက်ကြွသွားခဲ့သည်။

“ဝှစ်”

ထိုအချိန်တွင် လူတိုင်း၏ မျက်လုံးများသည် တောင့်တမှုများဖြင့် ပြည့်သွားခဲ့သည်။

“ရှေးဟောင်းဒဏ္ဍာရီတွေအရ နေဝင်ချိန်တိုက်ပွဲကွင်းပြင်က ကောင်းချီပေးခံထားရတဲ့ နယ်မြေတစ်ခုဖြစ်တယ် ဆိုပဲ။ နောက်ပိုင်းမှာ မရေမတွက်နိုင်တဲ့ ရှေးဟောင်းဂိုဏ်းကြီးတွေ တည်တောင်ခဲ့ကြတယ်။ များပြားလှတဲ့ အခွင့်အလမ်းတွေ ရရှိခဲ့ကြတယ်တဲ့”

“ပြီးတော့ တိုက်ပွဲကွင်းပြင်ထဲမှာ နဂါးအသွင်အပြင်ပြောင်းလဲခြင်းရေကန်တစ်ခုရှိတယ်လို့ ဒဏ္ဍာရီရှိတယ်။ ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေ အများကြီး စုစည်းနေတယ်”

“တကယ်လို့ ဒဏ္ဍာရီလာနယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ နဂါးအသွင်ပြောင်းလဲခြင်းရေကန်ထဲမှာ ဆေးကြောပြီးရင် ကျင့်ကြံခြင်းကို သန့်စင်နိုင်ပြီး ကြီးမားတဲ့ တိုးတက်မှုတွေရနိုင်တယ် ”

“ဒီဗာနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်မှာရှိတဲ့ သူတစ်ယောက်က ဒီရေကန်ထဲဝင်သွားဖူးတဲ့အကြောင်းကြားဖူးတယ်။ သူထွက်ပေါ်လာတဲ့အခါ ဒဏ္ဍာရီလာနယ်ပယ်ကို ရောက်ရှိနေခဲ့တယ်”

လူအုပ်သည် အပြင်းအထန် ဆွေးနွေးလိုက်ကြသည်။

နဂါးအသွင်ပြောင်းလဲခြင်းရေကန်လား။ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်တယ်လား။

ထိုသို့ကြားသည့်အခါ လင်းဝူတ၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။

“ဒီလိုဆိုရင်‌တော့ နဂါးအသွင်ပြောင်းလဲခြင်းရေကန်ကို သွားကြည့်ရမယ်”

သူသည် ဆွဲဆောင်ခံလိုက်ရသည်။

“ဟမ်”

လင်းဝူတ၏ အမူအရာကိုမြင့်သောအခါ သူတော်စင်ချင်းမင်သည် အေးစက်စွာ လှောင်ပြောင်လိုက်သည်။

“ညီအကိုဖန်… နဂါးအသွင်ပြောင်းလဲခြင်းရေကန်ကို မသွားဖို့ အကြံပေးလိုက်မယ်။ ခင်ဗျားမှာ အခွင့်အ‌ရေးမရှိလောက်ဘူး”

ဘယ်လို။

ထိုသို့ကြားသည့်အခါ လင်းဝူတသည်သာမက ထူချင်းချိုးနှင့် ချူခွမ်းရန်တို့သည်လည်း အံ့ဩသွားခဲ့ကြသည်။

“ဘာလို့လဲ”

ချူခွမ်းရန်သည် မျက်မှောင်ကြုတ်လိုက်သည်။

ထိုသို့ကြားသည့်အခါ သူတော်စင်ချင်းမင်သည် သူ့အားတည်ငြိမ်စွာကြည့်လိုက်သည်။

“နေဝင်ချိန်တိုက်ပွဲကွင်းပြင်က နှစ်တစ်ရာမှာ တစ်ကြိမ်ပဲပွင့်တာ။ နဂါးအသွင်ပြောင်းလဲခြင်းရေကန်က တာရီနတ်ဆိုးဂိုဏ်း၊ ရွှမ်ထျန်းဂိုဏ်း၊ ထျန်းရှင်းဓားဂိုဏ်းတို့ရဲ့ နယ်မြေပဲ။ နေဝင်ချိန်တိုက်ပွဲကွင်းပြင်ဖွင့်တိုင်း အင်းအားစုကြီးသုံးခုက လူငယ်ပါရမီရှင်တွေကို အဲဒီနေရာ စေလွှတ်ပေးတယ်။ အပြင်လူတွေက အခွင့်အရေးမရှိဘူး။ တကယ်လို့ အင်အားစုကြီးသုံးခုရဲ့ ဒဏ္ဍာရီလာနယ်ပယ်အဆင့်ကျွမ်းကျင်သူ‌တွေကို ဖိနှိပ်နိုင်ရင်တော့ အခွင့်အရေးရမှာပေါ့ ”

ဘယ်လို့။ ဒဏ္ဍာရီလာနယ်ပယ်အဆင့်လား။

ထိုသို့ကြားသည့်အခါ ထူချင်းချိုးနှင့် ချူခွမ်းရန်တို့သည် ခေါင်းခါလိုက်ကြကာ လက်လျော့လိုက်ကြသည်။

သူတို့သည် မူလပြန်နယ်ပယ်ပြီးပြည့်စုံသောအဆင့်တွင်သာရှိသေးသည့်အတွက် ဒဏ္ဍာရီလာနယ်ပယ်နှင့် မိုင်းပေါင်းများစွာဝေးကွာနေသေးသည်။ အကယ်၍ သူတို့တွင် အခုထက် အဆ၁၀၀၀လောက် သန်မာလာခဲ့လျှင်ပင် အခွင့်အရေးမရှိချေ။

“ဒါက ခံပြင်းစရာကောင်းလွန်းတယ်…” ထူချင်းချိုးသည် အသံနှိမ့်လျက် တီးတိုးရေရွတ်လိုက်သည်။

“တကယ်လို့ ခင်းဗျားရဲ့ သတ်ဖြတ်ခြင်းမဟာမိတ်ခုနစ်ဖော်မှာ တာရီနတ်ဆိုးဂိုဏ်း၊ ရွှမ်ထျန်းဂိုဏ်း၊ ထျန်းရှင်းဓားဂိုဏ်းတို့လို ခွန်အားရှိရင် ဒီလို လုပ်နိုင်တယ်။ ဒီကမ္ဘာကြီးက ဘယ်တော့မှ မမျှတဘူး။ အရင်းအမြစ်တွေက သန်မာတဲ့သူပဲရနိုင်တာ။ သာမန်လူတွေကတော့ လက်လျော့ရုံပဲတတ်နိုင်တယ်။ ဒါ့ကြောင့် သန်မာတဲ့သူက ပို၍သန်မာလာနိုင်ပြီး အားနည်းတဲ့သူက ပိုပြီး အားနည်းသွားလိမ့်မယ်” ထိုအချက်တွင် သူတော်စင်ချင်းမင်သည် သက်ပြင်းချလိုက်မိသည်။

သူ၏ စကားများသည် မှန်ကန်ပေသည်။

“နဂါးအသွင်ပြောင်းလဲခြင်းရေကန်ကို ဝင်ဖို့မတတ်နိုင်မှတော့ မူလဆန်းကြယ်စွမ်းအင်ကို ရှာကြတာပေါ့။ အဲဒီနေရာမှာလည်း ကျွမ်းကျင်သူတွေအများကြီးရှိတယ်လို့တော့ မပြောနဲ့” ချူခွမ်းရန်သည် ရုတ်တရက်ပြောလိုက်သည်။

“မရှိပါဘူး။ ကျုပ်လက်ထဲမှာရှိတဲ့ မူလရတနာမြေပုံက တစ်ခုပဲရှိတာ။ ပြီးတော့ မူလမဟာအစီအရင်ကို ဖဖွင့်ဖို့ တစ်ခုတည်းသော သော့ပဲ။ ကျုပ်တို့ကလွဲပြီး ဘယ်သူမှမသိနိုင်ဘူး။ ဒါပေမဲ့ နေဝင်ချိန်တိုက်ပွဲကွင်းပြင်က အန္တရာယ်တွေနဲ့ ပြည့်နေတယ်။ ကျုပ်တို့ ဂရုစိုက်ရမယ်” သူတော်စင်ချင်းမင်သည် လေးနက်သော အသံဖြင့်ပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ ထူချင်းချိုးနှင့် ချူခွမ်းရန်တို့သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

သူတို့မှာ ပြိုင်ဘက်မရှိသ၍ အဆင်ပြေနေသေးပေသည်။

သူတို့၏ အားနည်းသော ကျင့်ကြံခြင်းအဆင့်လေးဖြင့်ဆိုလျှင် ဤနေရာတွင် ချက်ချင်းအသတ်ခံရနိုင်သည်။

“ကျုပ်တို့ ဘယ်အချိန်လောက် နေဝင်ချိန်တိုက်ပွဲကွင်းပြင်ထဲကို ဝင်မလဲ”

ထိုအချိန်တွင် တိတ်ဆိတ်နေသော လင်းဝူတသည် ပြောလိုက်သည်။

“နည်းနည်းလောက်စောင့်ကြရအောင်။ အင်အားစုကြီး သုံး ထွက်သွားတဲ့အခါ ကျုပ်တို့ဝင်ကြတာပေါ့”

“ဘုန်း”

သူတော်စင်ချင်းမင်စကားပြောပြီးသည်နှင့် နေဝင်ချိန်တိုက်ပွဲကွင်းပြင်၏ ဝင်ပေါက်ကို လူတစ်ယောက်သည် ပိတ်ရပ်လိုက်သည်။

သူ၏ ခန္တာကိုယ်တစ်ခုလုံသည် သတ်ဖြတ်ချင်သော အော်ရာထုတ်လွှတ်နေသည်။

နန်ပါ့ထျန်းလား။

ထိုလူကို မြင်သောအခါ လင်းဝူတသည် အံ့အားသင့်သွားခဲ့သည်။

ထိုလူနှင့် ထပ်မံတွေ့ဆုံရမည်ဟု မထင်ထားခဲ့ချေ။

“အရင်တကြိမ်က မင်းအသက်ကို ချမ်းသာပေးလိုက်ပေမဲ့ ဒီတကြိမ်တော့ အရင်တကြိမ်လောက်ကံမကောင်းမှာစိုးရိမ်မိတယ်”

သူသည် အေးစက်စွာပြုံးလိုက်သည်။

နန်ပါ့ထျန်းသည် လင်းဝူတ၏ သတ်ဖြတ်ချင်သော စိတ်ဆန္ဒအားမသိရှိချေ။

“ဘုန်း”

သူသည် ဝင်ပေါက်ကို ပိတ်ပြီးနောက် ဒီဗာနယ်ပယ် ပြီးပြည့်စုံသောအဆင့် အော်ရာကို ထုတ်လွှတ်လိုက်သည်။ သူ၏ မျက်လုံးများသည် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နေသည်။

“ဆယ်ရက်အတွင်း နေဝင်ချိန်တိုက်ပွဲကွင်းပြင်ကို ဘယ်သူမှ ဝင်ခွင့်မရှိဘူး” နန်ပါ့ထျန်း၏ လွှမ်းမိုးနိုင်စွမ်းရှိသော လေသံသည် ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။

ဘယ်လို။ နောက်ထပ်ဆယ်ရက်စောင့်ရမှာလား။

ထိုစကားများကို ကြားသည့်အခါ လူအုပ်သည် ဆူပူသွားခဲ့သည်။

“ဒါက လွန်လွန်းအားကြီးတယ်”

“တောက်… နေဝင်ချိန်တိုက်ပွဲကွင်းပြင်က တာရီနတ်ဆိုးဂိုဏ်းအပိုင်မဟုတ်ပါဘူး၊ ဘာလိုဒီလိုလုပ်ရတာလဲ”

“အင်းအားစုကြီးသုံးခုက နဂါးအသွင်ပြောင်းလဲခြင်းရေကန်ကို သိမ်းပိုက်ထားတောင် လွန်လွန်းအားကြီးနေပြီ”

“ယီးပဲ၊ နန်ပါ့ထျန်း။ ခင်ဗျားအ‌သေဆိုးနဲ့ သေပါစေလို့ ကျိန်ဆိုတယ်”

လူအုပ်သည် အလွန်ဒေါသထွက်သွားခဲ့သည်။

ထိုသို့မြင်သောအခါ နန်ပါ့ထျန်သည် ဘာမှမပြောပဲ လူအုပ်ထဲသို့ လက်သီးတစ်ချက်ပစ်လွှတ်လိုက်သည်။

“ဘုန်း”

ဒီဗာနယ်ပယ်ပြီးပြည့်စုံသော ခွန်အားဖြင့် လူအုပ်ကို တစ်ချက်တည်း ထိုးချလိုက်သည်။ မြေပြင်တွင် အလောင်းများဖြင့်ပြည့်နှက်သွားခဲ့ပြီး သွေးများစွန်းထင်ကုန်သည်။

“မကျေမနပ်ဖြစ်တဲ့သူ ရှိသေးလား” နန်ပါ့ထျန်သည် အော်ဟစ်ပြောဆိုလိုက်သည်။

ထိုသို့ကြားသည့်အခါ လူတိုင်းသည် ကြောက်လန့်သွားခဲ့သည်။ သူတို့သည် ဒေါသထွက်နေကြသော်လည်း ဘာမှ မပြောဝံ့တော့ချေ။

“ဟမ်…လူပြက်တစ်အုပ်ပဲ” နန်ပါ့ထျန်းသည် အထင်သေးစွာပြောလိုက်သည်။

သူသည် ဤလူပြက်များအကြောင်းကို အများကြီးမတွေးတော့ချေ။

ထိုသို့ပြောပြီးနောက်သူသည် တာရီနတ်ဆိုးဂိုဏ်း၏ တပည့်များကို ခေါ်ဆောင်ကာ နေဝင်ချိန်တိုက်ပွဲကွင်းပြင်ထဲဝင်ရန်ပြင်ဆင်လိုက်သည်။

သို့သော်လည်း သူ့နောက်သို့လှည့်လိုက်သည့်အခါ လက်ဝါးတစ်ချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ဆင်းသက်လာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset