စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃၃ အစွမ်းအထက်ဆုံး ယဲ့ရှောင်။
ဓါးရောင်ခြည်က ကျဆင်းလာပြီး ပေ့ထျန်းစီနှင့် ကျုံးမြို့၏ သေခြင်းတရားကို ရေတွက်မှု ပေါ်လာတော့၏။
လူတိုင်းက စိတ်ပျက်အားငယ်နေစဥ် နောက်တစ်စက္ကန့်၌ မတော်တဆ တစ်ခုက ရုတ်တရက် ဖြစ်ပွားလာလေ၏။
ကျုံးမြို့၏ တောင်အရပ်ကနေ ပိုတောင် မြန်ဆန်သည့် ဓါးရောင်ခြည်က ရုတ်တရက် ပေါ်ထွက်လာ၏။
၄င်း၏ စွမ်းအားသည် ထိုဓါးရောင်ခြည်နှင့် ကွာဟချက် သိပ်မရှိပေ။ ယင်းက လျှပ်စီးနှင့် မိုးကြိုးတို့ ရောနေ၏။ လျှပ်ပြက်ဟပ်လျက် အသူရာ၏ ဓါးအလင်းကို တိုက်ရိုက် ဖျက်ချလိုက်တော့သည်။
ဝုန်း။
အသူရာ၏ ဓါးအလင်းသည် လေထဲ၌ ပေါက်ကွဲသွားလေ၏။ အကြောင်းမှာ ဝိညာဥ်စွမ်းအား၏ ထောက်ပံ့မှု ဆုံးရှုံးသွားသောကြောင့် ဖြစ်သည်။ ယင်းက ပြောင်မြောက်သော နျူကလိယားဗုံးပမာ ကောင်းကင်ထိရောက်အောင် မှိုပွင့်တိမ်တိုက်ကြီးတစ်ခု ဖြစ်သွားစေ၏။
ထိတ်လန့်ဖွယ် လှိုင်းက ကျုံးမြို့အထက် တိမ်တိုက်အားလုံးကို အောက်သို့ တွန်းပို့လိုက်သည်။
မိုင်ရာချီအတွင်းရှိ တိမ်တိုက်များက နောက်သို့ ဆက်လက် ပြန့်ကားသွား၏။ လှိုင်းက ကျုံးမြို့၏ မရေမတွက်နိုင်သော စစ်သည်များနှင့် ထွက်ပြေးနေသည့် သူများကို ရင်ထဲ ထိတ်ခနဲ ဖြစ်သွားစေ၏။
ထိုရိုးရှင်းသော တိုက်ကွက်သည် သူတို့ဘဝ၌ ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်သည့် တည်ရှိမှု ဖြစ်နေ၏။
၄င်း၏ စွမ်းအားကို ဤကမ္ဘာပေါ်၌ မြင်တွေ့ရန် ရှားပါးလွန်းသည်။
” ဘာတွေ ဖြစ်ကုန်တာလဲ ”
” ဘယ်သူ တိုက်ခိုက်တာလဲ ”
” ငါတို့ကို ပံ့ပိုးပေးဖို့အတွက် လူသားမျိုးနွယ် သိုင်းပညာရှင်တွေ ရောက်လာတာများလား။ ဒါပေမဲ့ သူတို့တွေက အချိန်အတိုအတွင်း ဒီလောက် အကွာအဝေးကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ ”
အဆိပ်နဂါးကင်းမြီးကောက်နှင့် ကျန်သည့် ကြယ်တာရာသားရဲများက ကြက်သေ သေနေလေ၏။ တစ်စုံတစ်ယောက်သည် သေရေးရှင်ရေး အခြေအနေ၌ အသူရာကဲ့သို့ သိုင်းပညာရှင်တစ်ယောက်၏ ဓါးအလင်းကို ဖြတ်ချနိုင်လိမ့်မည်ဟု သူ မထင်ထားပေ။
ထိုအရာက သူတို့ တွေးထင်ထားမှုနှင့် အပြည့်အဝ ကွဲထွက်နေသည်။
ကောင်းကင်ထဲရှိ အသူရာကလည်း ခဏတာ ကြောင်အသွားတော့၏။
သူ့ကဲ့သို့ အစွမ်းထက်သည့် သူတစ်ဦးတောင် ယခုအချိန်တွင် တစ်ဖက်သူ၏ တည်ရှိမှုကို အာရုံမခံနိုင်ပေ။
သူ၏ အကြည့်က ပေ့ထျန်းစီဆီ ကျရောက်သွား၏။ ထိုစဥ် ကုသခြင်းကျင့်စဥ်ကို အသုံးပြုနေသည့် လူငယ်တစ်ဦးက သူ့ဘေးတွင် ရှိနေလေ၏။ အသူရာ၏ မျက်ဝန်းများ အနည်းငယ် မှေးကျဥ်းသွား၏။ သူက အနည်းငယ် စိတ်လှုပ်ရှားလာသည်။ အကြောင်းမှာ တစ်ဖက်သူမှ သူနှင့် အမျိုးအစား တူညီနေသည့် အရှိန်အဝါမျိုး အာရုံခံမိသောကြောင့် ဖြစ်၏။
ယင်းက ပါရမီရှင်တစ်ဦး၏ အရှိန်အဝါပဲ ဖြစ်သည်။ ထိုလူ၏ ခွန်အားက သူကိုယ်ပိုင် ခွန်အားနှင့် ယှဥ်နိုင်သည်။
သာမန်လူသားများအတွက် ထိုကဲ့သို့ ခံစားချက်ရှိဖို့က အလွန်ခက်ခဲသည်။ သူ့ကဲ့သို့ သာလွန်သော သိုင်းပညာရှင်များသာလျှင် ပြိုင်ဘက်ရှာမတွေ့နိုင်သည့်အချိန်၌ ခံစားရသည့် ခံစားချက်မျိုး ဖြစ်သည်။
အထီးကျန်မှုနှင့် အေးစက်မှုက မြင့်မားလွန်းစွာ တည်ရှိနေသည်။
ယဲ့ရှောင်က ကုသခြင်းကျင့်စဥ်ကို အသုံးပြုပြီး ထူးမခြားနား ပြောလိုက်သည်။
” တောင်းပန်ပါတယ် စီနီယာကြီး။ ကျွန်တော် နောက်ကျသွားတယ် ”
ပေ့ထျန်းစီက အင်မတန် စိတ်လှုပ်ရှားသွားသည်။ ယဲ့ရှောင်၏ အစောတုန်းက တိုက်ကွက်သည် အလွန်အစွမ်းထက်၏။
” မင်း အဲ့ဒီနယ်ပယ်ကို တက်လှမ်းသွားပြီလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ကျွန်တော် နည်းနည်းတော့ ဖျတ်လတ်နေသေးတယ်။ ဒါပေမဲ့ အဆင့်တက်ခါနီးပါပြီ ”
ပေ့ထျန်းစီက အနည်းငယ် နှမြောသလို ခံစားလိုက်ရသည်။
” နှမြောစရာပဲ ”
” စိတ်မပူပါနဲ့ ”
ယဲ့ရှောင်က ထပ်ပြောပြီး ကောင်းကင်ကို ကြည့်လိုက်၏။
” အနည်းဆုံးတော့ အခုအတွက် သူတို့ကို ဖြေရှင်းဖို့က ပြဿနာကြီးတစ်ရပ် မဟုတ်ဘူး ”
ယခုအချိန်တွင် ရှီကွမ်းဟောင်နှင့် ကျန်သည့်သူများကလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထား၏။ ကြယ်တာရာသားရဲအချို့နှင့် ရှန်းထျန်းနဝမအဆင့် အဆိပ်နဂါးကင်းမြီးကောက်ကို ရင်ဆိုင်နေရစဥ် သူတို့က မထိန်းထားနိုင်တော့ပေ။
ယဲ့ရှောင်၏ ရုတ်တရက် ပေါ်ပေါက်လာမှုက တိုက်ပွဲကို နှောင့်ယှက်ပေးလိုက်တာကြောင့်သာ မဟုတ်လျှင် ယခုအချိန်၌ သူတို့ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး ပြိုလဲနေလောက်ပြီ ဖြစ်သည်။
” ဒီလူငယ်လေးက ဘယ်သူလဲ။ အရင်တုန်းက စီနီယာ ပေ့ထျန်းဆီကနေ ဘာကြောင့် မကြားဖူးတာလဲ ”
” ငါတို့ သူ့အကြောင်း မကြားဖူးတာက ရသေးတယ်။ ဒီလိုလူက စီရင်စု၉ခုမှာ ရှိနေတယ်ဆိုတာကို ငါတို့ သိတောင် မသိဘူးလေ ”
အဆိပ်နဂါးကင်းမြီးကောက်နှင့် ကျန်သည့် ကြယ်တာရာသားရဲများကလည်း သူတို့ကို လွှတ်လိုက်ပြီး ယဲ့ရှောင်နားသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်လာ၏။
ရှီကွမ်းဟောင်နှင့် ကျန်သည့်သူများက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးဖြစ်ရာ မခြိမ်းခြောက်နိုင်တော့ပေ။
သို့သော်ငြား သူတို့က ရှီကွမ်းဟောင်တို့ကို သတ်ချင်ပြီဆိုလျှင် အချိန်တိုအတွင်း သတ်ဖြတ်ဖို့က ခက်ခဲနေသေးသည်။ ယခုအချိန်တွင် ယဲ့ရှောင်ကို အာရုံစိုက်သင့်၏။
ယဲ့ရှောင်၏ ကုသပေးမှုအောက်၌ ပေ့ထျန်းစီ၏ ဒဏ်ရာများက ကုသပျောက်ကင်းသွားပြီဖြစ်ကာ သူ၏ တိုက်ပွဲဝင်နိုင်သည့် အခြေအနေကလည်း အထွတ်အထိပ်သို့ ပြန်ရောက်လာ၏။
သူက လက်သီးဆုပ်လိုက်ပြီး သူ့ရင်ထဲ သက်ပြင်းမချပဲ မနေနိုင်တော့ချေ။
ယဲ့ရှောင်က သိပ်သန်မာတာပဲ။
အဆိပ်နဂါးကင်းမြီးကောက်နှင့် ကျန်သည့် ကြယ်တာရာသားရဲအချို့ ချဥ်းကပ်လာတာကို မြင်သောအခါ ပေ့ထျန်းစီ၏ သူငယ်အိမ်တို့က အစိမ်းရဲရဲ မီးတောက်များ စတင်ပေါ်ထွက်လာ၏။
သူ၏ အမူအယာက ရေခဲတမျှ အေးစက်နေကာ ပြောလိုက်တော့သည်။
” ဒီကောင်တွေကို ငါ့ဆီ အပ်ထားလိုက်။ ငါ သူတို့ကို ဖြေရှင်းနိုင်တယ်။ မင်းက အသူရာကို ဖြေရှင်းဖို့ အာရုံစိုက် ”
” မလိုပါဘူး။ ကျွန်တော့်ဘာ့သာ အဆင်ပြေတယ် ”
ယဲ့ရှောင်က ထူးမခြားနား ဆက်ပြောလိုက်၏။ သူ၏ မျက်နှာက ပျော်ရွှင်မှုလည်း မရှိ။ ဝမ်းနည်းမှုလည်း မရှိပေ။
သူ့အဖို့ တစ်စုံတစ်ယောက်၏ ကျင့်ကြံဆင့်က အဆင့်တူအတွင်း ရှိနေသရွေ့ သူတို့ သူ့ကို မြင်လျှင် သေမှာ သေချာနေ၏။ ထိုကဲ့သို့ ယင်ကောင်လေးများဆို ပြောနေရန် မလိုချေ။ သူတို့ခွန်အားက သူ့ထက် တစ်ဆင့်နိမ့်နေပြီးသား ဖြစ်၏။
ပေ့ထျန်းစီက အနည်းငယ် မင်သက်သွားသည်။ ပြီးနောက် ယဲ့ရှောင်ကို စိတ်ခံစားချက်အချို့ အားကျမှုတို့ဖြင့် ကြည့်လိုက်လေ၏။
သူက လူငယ်လေးတစ်ယောက် ဖြစ်နေသေးတာပဲကို ငယ်ရွယ်ပြီး မောက်မာတယ်။
ရှီကွမ်းဟောင်နှင့် ကျန်သည့်သူများကလည်း သူ့ကို စိုက်ကြည့်နေ၏။ သူတစ်ယောက်တည်း တိုက်ခိုက်နေတာကို မြင်သောအခါ အားလုံးက ချက်ချင်းပင် ဇဝေဇဝါ ဖြစ်ကုန်၏။
” သူ တစ်ယောက်တည်း တိုက်ခိုက်ချင်တာများလား ”
” စီနီယာ ပေ့ထျန်းက ကုသပြီးသွားပြီ မဟုတ်ဘူးလား။ ဘာကြောင့် သူနဲ့ မတိုက်ခိုက်တာလဲ ”
လန်ရှင်းယွဲ့က လက်သီး အနည်းငယ် ဆုပ်လိုက်၏။ အကြောင်းအရင်းကို သူ တွေးမိလောက်သော်ငြား ယင်းက ရူးလောက်သည်ဟု ခံစားမိသည်။ ထို့ကြောင့် သူက ကျယ်လောင်စွာ ထုတ်မပြောရဲချေ။
ယဲ့ရှောင်သည် တစ်ဖက်သူကို သူ့မျက်လုံးထဲတွင် ထည့်ထားရန် မလိုတာ ဖြစ်နိုင်လောက်သည်။ ထို့ကြောင့် သူက တစ်ယောက်တည်း တိုက်ခိုက်ရန် ရွေးချယ်လိုက်တာ ဖြစ်၏။
အဆိပ်နဂါးကင်းမြီးကောက်နှင့် ကျန်သည့် ကြယ်တာရာသားရဲများက ယဲ့ရှောင်ဆီ တန်းတန်းမတ်မတ် ဝင်သွားသည်။
” မင်း စီနီယာ အသူရာနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ကို အရင် ဖြတ်ကျော်ရမယ် ”
ကြယ်တာရာသားရဲများသည် လျှပ်ပြက်သည့်ပမာ မြန်ဆန်ပြီး မိုးခြိမ်းသည့်ပမာ လျင်မြန်လှပေ၏။
ချက်ချင်းပင် သူတို့က အလင်းစီးကြောင်းအဖြစ် အသွင်ပြောင်းလဲပြီး ယဲ့ရှောင်ဆီသို့ ဝင်ရောက်တိုက်ခိုက်တော့၏။
စွမ်းအားမျိုးစုံက တစ်နေရာတည်း စုဝေးလာပြီး ကြီးမားသည့် ပိုက်ကွန်တစ်ခု ဖွဲ့တည်ကာ ယဲ့ရှောင်ကို ဆွဲချရန် ကြိုးပမ်းနေ၏။
သို့သော်ငြား နောက်တစ်စက္ကန့်တွင်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း။
ရှေ့ရှိ ကြယ်တာရသားရဲများက နေရာမှာတွင် ပေါက်ကွဲသွားလျက် လေထဲတွင် သွေးမြူတစ်ခု ပေါက်ကွဲသွားတော့၏။ ယင်းက ပြောင်မြောက်ကာ ကျော့ရှင်းသည့် သွေးရောင်ခြယ် မီးရှူးမီးပန်း ဖြစ်သည်။ ယင်းက အင်မတန် လှပပြီး ခြောက်ခြားဖွယ် ကောင်းပေ၏။
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲအချို့က နေရာမှာတင် အသတ်ခံလိုက်ရသည်။
ထိုအကွက်ကို လူတိုင်း၏ သူငယ်အိမ်ကို ချက်ချင်း ကျုံ့သွားစေတော့သည်။
” သိပ်အစွမ်းထက်တာပဲ ”
” ဘုရားရေ။ ဒီလူက အစွမ်းထက်လွန်းတော့ ငါ့ကို ကြက်သိမ်းမွေးညှင်းတွေ ထစေတာပဲ။ တကယ် လူတစ်ယောက်ရော ဟုတ်ရဲ့လား ”
သူတို့သည် သူ လှုပ်ရှားတာ မြင်တောင်မမြင်လိုက်ရပေ။
ယင်းက မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ် မဟုတ်ပဲ ဝိညာဥ်စွမ်းအားဖြစ်ကြောင်း လူတိုင်း သိကြသည်။
သူ၏ ဝိညာဥ်စွမ်းအားက သန်မာလွန်းသောကြောင့် ဝိညာဥ်စွမ်းအားသည် အရာဝတ္ထုတစ်ခုအဖြစ် သိပ်သည်းပြီး တစ်ဖက်သူ၏ ခန္ဓာကိုယ်ကို ပစ်ထုတ်လိုက်သောကြောင့် တစ်ဖက်သူ၏ အသွေးနှင့်အသား ခန္ဓာကိုယ်ကို ချက်ချင်း ဖျက်ဆီးလိုက်တာပဲ ဖြစ်သည်။
ယင်းကိုယ်တိုင်က ကြီးမားသည့် ပြဿနာတစ်ရပ် မဟုတ်ပေ။ သူတို့ကဲ့သို့ အံ့ဖွယ်ချီရှန်းများက အားနည်းသူကို ရင်ဆိုင်တိုက်ခိုက်ချိန်၌ ထိုအကွက်မျိုးကိုလည်း အသုံးပြု၏။ ပြဿနာက ထိုလူတစ်စုက အားမနည်းပေ။ သူတို့အားလုံးက အံ့ဖွယ်ချီရှန်းများဖြစ်ပြီး အမှန်စစ်စစ် အံ့ဖွယ်ချီရှန်းများ ဖြစ်၏။
အစောတုန်းက သူတို့သည် တစ်ဖက်သူကို ဒုက္ခိတဖြစ်လုနီးပါး ရိုက်နှက်ခဲ့၏။ အဆုံးတွင်မူ သူတို့က ယဲ့ရှောင်၏ စိတ်ခွန်အားကို ယှဥ်တောင် မယှဥ်နိုင်ပေ။ ထိုလူက အနည်းငယ် ထူးဆန်းလွန်းလှပေ၏။
သို့သော်ငြား ထိတ်လန့်ဖွယ် ကောင်းသည်က ထိုထက်ပို၏။
သူတို့နောက်တွင် ရှန်းထျန်းနဝမအဆင့် အဆိပ်နဂါးကင်းမြီးကောက်သည် အဆိပ်မြူကို ထုတ်ဖော်ပြီး ယဲ့ရှောင်ကို လွှမ်းခြုံရန် ကြိုးပမ်းတော့၏။
ထိုအဆိပ်မြူသည် လေနှင့် ထိမိသွားစဥ် လောင်ကျွမ်းသည့် တရှီရှီ အသံများက ပေါ်ထွက်လာ၏။ ယင်းက ဝိညာဥ်စွမ်းအားကို ထိခိုက်မှု ဖြစ်စေ၏။ တစ်ဖက်သူက မည်မျှ သန်မာစေကာမူ တစ်ဖက်သူက မည်သည့် ခုခံခြင်း ချပ်ဝတ်တန်ဆာ ဝတ်ထားစေကာမူ ထိုအဆိပ်မြူအောက်၌ လွတ်မြောက်ဖို့က မဖြစ်နိုင်ပေ။
သို့သော်ငြား လူတိုင်းက သူ့အတွက် စိုးရိမ်ပူပန်ရန် အချိန်မရသေးခင် နောက်တစ်စက္ကန့်၌ ရွှေရောင်ဓါးမော့အလင်းက ကောင်းကင်ထဲ ပြည့်နေသော အဆိပ်မြူကနေ ချက်ချင်း ပေါ်ထွက်လာ၏။ ထိုအစွမ်းထက်သော ဓါးမော့အလင်း ပေါ်ပေါက်လာသည်နှင့် ယင်းက ကောင်းကင်ထဲတွင် ပြည့်နေသော အဆိပ်မြူကို နေရာမှာတွင် အညှာအတာမဲ့စွာ ပိုင်းဖြတ်ချလိုက်၏။
အဆိပ်နဂါးကင်းမြီးကောက်၏ သူငယ်အိမ်က ကျုံ့သွားလေ၏။ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိချေ။ သူ၏ အဆိပ်မြူက အဆိပ်တောင်မဟုတ်။ ဝိညာဥ်စွမ်းအင်ပမာဏများစွာလည်း ပါဝင်နေ၏။ ထို့ကြောင့် အဆင့်တူရှိမှုဆိုလျှင်တောင် သူ၏ အဆိပ်မြူကို အလွယ်တကူ ဖွင့်ဖို့က မဖြစ်နိုင်ပေ။
ယဲ့ရှောင်သည် တစ်ချက်တည်းဖြင့် သူ အဆိပ်မြူကို ကွဲထွက်သွားစေခဲ့သည်။ ယင်းက ကောင်းကင်ကို ဖီဆန်နေတာပဲ ဖြစ်သည်။
ယင်းက မမှန်သေးပေ။ ယခု ထိုအကြောင်းကို ဆွေးနွေးရမည့်အချိန် မဟုတ်ပေ။ တစ်ဖက်သူက အစွမ်းထက်လွန်းလေ၏။ သူက ဤနေရာ၌ ရူးမိုက်စွာ ရပ်မနေသင့်ပေ။ ထိုအစား သူ လှည့်ထွက်ပြေးသင့်၏။
သို့သော်ငြား ထွက်ပြေးရန် တွေးလိုက်မိပြီး မပြေးရသေးခင် ယဲ့ရှောင်က သူ၏ လက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းလိုက်တာကို တွေ့လိုက်ရ၏။
ကြယ်ကောက်ခြင်းလက် အသက်သွင်း။
သူ၏ လက်ကို အနည်းငယ် လှုပ်ရှားလိုက်၏။ နောက်တစ်စက္ကန့်တွင် အဆိပ်နဂါးကင်းမြီးကောက်၏ တစ်ကိုယ်လုံးက နေရာမှာတွင် ချုပ်နှောင်ခံထားရပုံ ပေါ်၏။
” မဟုတ်ဘူး ”
သူ၏ အမူအယာက ကြောက်လန့်နေပုံ ပေါ်လာ၏။ သို့သော်ငြား တစ်ဖက်သူက သူ့ကို တုံ့ပြန်ရန် အခွင့်အရေး မပေးပေ။ ယဲ့ရှောင်က ညာလက်ကို အနည်းငယ် ဖြစ်ညစ်လိုက်ရာ နောက်တစ်စက္ကန့်၌ သူသည် နုတ်နုတ်စင်းအသား ဖြစ်သွားတော့၏။
ဂျွတ် ဂျွတ်။
တစ်ခါတည်း ပုံသဏ္ဍန် ပေါ်သွားသည်။ သူက နောက်ဆုံးစကားကို ပြောရန် အခွင့်အရေးတောင် မရလိုက်ပေ။
လူတိုင်း၏ စိတ်နှလုံးက လှုပ်ခါသွားလေ၏။ နောက်ထပ် ရုပ်ချည်းသတ်ဖြတ်ခြင်း။
ထို့အပြင် ယခုအချိန်၌ တစ်ဖက်သူက ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။ သူက ကြောက်မက်ဖွယ်ကောင်းလွန်းနေသည်။ ကြောက်ဖို့ကောင်းလွန်းလိုက်တာ။
ရှေးက သေသွားသည့် ကြယ်တာရာသားရဲအဖို့သည် ရှန်းထျန်းသတ္တမအဆင့်သာ ရှိ၏။ သူက သူတို့အားလုံးကို တစ်ချက်တည်း သတ်ခဲ့လျှင် ယင်းက ချက်ချင်း သတ်ဖြတ်ခြင်းတစ်ခုသာ ဖြစ်မည်။ ဆိုရလျှင် သူက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းဖြစ်ကြောင်း လူတိုင်းက တွေးလောက်သေး၏။
သူသည် ရှန်းထျန်းနဝမအဆင့် အဆိပ်နဂါးကင်းမြီးကောက်ကို ချက်ချင်း သတ်ဖြတ်လိုက်ပြီး ထိုမျှ အကွာအဝေးကနေတောင် တစ်စုံတစ်ယောက်က သတ်ဖြတ်လိုက်၏။ ထိုလူ မည်မျှ သန်မာသနည်း။
နောက်ဆုံးတော့ ကြယ်တာရာသားရဲ သစ်မိစ္ဆာသည် မြင်ကွင်းကို မြင်သောအခါ ကြောက်လန့်လွန်းသောကြောင့် နေရာမှာတွင် လှဲပြိုတော့၏။
မိုးနတ်မင်းကြီးရေ ဒီလူက သန်မာလွန်းလိုက်တာ။
သူတို့အားလုံးက ရှန်းထျန်းသတ္တမအဆင့်ဖြစ်ပြီး အံ့ဖွယ်ချီရှန်းအထက် ဖြစ်ကြကာ အစွမ်းထက်သည့် ရှန်းထျန်း နဝမအဆင့် ချီရှန်းတစ်ယောက်တောင် ရှိနေသေး၏။
ယင်းက တစ်ချက်တည်းဖြင့် သတ်ဖြတ်သွားသော လူငယ်တစ်ယောက် ဖြစ်သည်။ သူ ဝင်ပါ၍ မရနိုင်ပေ။ မဟုတ်လျှင် သေချာပေါက် သေသွားလိမ့်မည်။
ထိုအချက်ကို တွေးပြီးနောက် သူသည် ဆိုးဆေးများ သတိလက်လွှတ် မနေရဲတော့ချေ။ သူက နေရာကနေ ထွက်ပြေးရန်အတွက် သူ၏ ကျင့်စဥ်ကို သုံးရန် ကြိုးပမ်းလိုက်၏။
သို့သော်ငြား သူ တစ်ဖက်သို့ လှည့်လိုက်စဥ် ဓါးရောင်ခြည်က ကောင်းကင်ကနေ ရုတ်တရက် ကျရောက်လာပြီး နေရာမှာတွင် သူ၏ ရင်ဘက်ကို ထိုးဖောက်သွား၏။
ထိုအကွက်၏ စွမ်းအားက သန်မာလွန်းသောကြောင့် သူ့၌ ကုသခြင်းကျင့်စဥ် ရှိနေသည့်တိုင် သူ့ကိုသူ မကယ်တင်နိုင်သေးပေ။
သူက အပြည့်အဝ ဖျက်ဆီးခံလိုက်ရ၏။ လှုပ်ရှားလိုက်သူက အသူရာပဲ ဖြစ်သည်။ သူက သစ်မိစ္ဆာကို သတ်လိုက်သည်။
သစ်မိစ္ဆာက လှည့်ကြည့်ပြီး သူ့ကို မယုံနိုင်သည့် အကြည့်များဖြင့် မျက်လုံးထဲ ဇဝေဇဝါ ဖြစ်မှုများ ပြည့်နေ၏။
သူသည် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်၏။ အသူရာကလည်း ကြယ်တာရာသားရဲတစ်ကောင် ဖြစ်သည်။ တစ်ဖက်သူသည် သူ့ကို အဘယ်ကြောင့် သတ်ချင်ရသနည်း။
အသူရာ၏ မျက်လုံးထဲ၌ အထင်သေးမှုအရိပ်အယောင်များ ရှိနေသည်။
” ကျန်တဲ့သူတွေ အားလုံးက တိုက်ခိုက်တုန်း သေသွားတာ။ မင်းတစ်ယောက်ပဲ ကျန်တယ်။ မင်းက တကယ် ထွက်ပြေးချင်တယ်လား။ ကြယ်တာရာသားရဲမျိုးနွယ်နဲ့ ငါ့ရဲ့ ဂုဏ်သရေက မင်းကြောင့် အပြည့်အဝဖျက်ဆီးခံလိုက်လိမ့်မယ်။ ဒီလိုအမှိုက်။ မင်းရဲ့ လမ်းကို ငါ ပို့ပေးမှာပေါ့ ”
သစ်မိစ္ဆာ၏ ခန္ဓာကိုယ်က မြစ်မျက်နှာပြင်အထက်ဆီသို့ ပြိုလှဲကျသွား၏။
သူ သေဆုံးချိန်၌ သူ၏ မျက်နှာပြင်တွင် သူ၏ ဆွံ့အသည့်အကြည့် ရှိနေသေးသည်။
မင်း သူ့ကို အနိုင်မယူနိုင်ရင် ထွက်ပြေးလို့ မရဘူးလား။ ငါတို့တွေက ကြယ်တာရာသားရဲတွေပဲလေ။ ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက် ကိစ္စရပ်တွေကို ခက်ခဲအောင် လုပ်မှာလဲ။
အသူရာက ယခုအချိန်တွင် ထိုအကြောင်းကို မတွေးတော့ပေ။ သစ်မိစ္ဆာက သူ၏ လက်အောက်ငယ်သား ဖြစ်၏။ သို့သော်ငြား အဆုံးတွင်မူ ယဲ့ရှောင်ရှေ့၌ သူ မျက်နှာပျက်ရသည်။
ထို့ကြောင့် သူ့ကို သတ်ရပေမည်။ နောက်ထပ် သူ ဖြေရှင်းရမည်က ယဲ့ရှောင်ပဲ ဖြစ်သည်။
အပိုင်း ၂၃၃ ပြီး၏။