Switch Mode

Chapter – 232

ဘုရင်နယ်ပယ်၏ အတွေးအမြင်။ ဘုရင်နယ်ပယ်သို့ လမ်းတစ်ဝက်။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃၂ ဘုရင်နယ်ပယ်၏ အတွေးအမြင်။ ဘုရင်နယ်ပယ်သို့ လမ်းတစ်ဝက်။

အသူရာသည် ပေ့ထျန်းစီ၏ မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ်ကို ပိတ်ဆို့ရန်အတွက် ဓါးရောင်ခြည်ကို အသုံးပြုခဲ့သည်။ မတူညီသည့် ဓါးနှစ်ခုက တစ်ဖက်နှင့်တစ်ဖက် တွန်းကန်နေ၏။
သို့သော်ငြား အသူရာက ပေ့ထျန်းစီထက် ပိုသန်မာတာ သိသာနေ၏။ ဓါးရောင်ခြည်က ပေ့ထျန်းစီ၏ မျက်ဝန်သွေးမျိုးဆက်ကျင့်စဥ်ကို စိုက်ကြည့်နေလျက် စတင်မြင့်တက်လာတော့၏။ ယင်းက မယုံနိုင်စရာ​ကောင်းလှပေ၏။
တိုက်ပွဲအလယ်တွင် ရောက်နေသော ရှီကွမ်းဟောင်နှင့် ကျန်သည့်သူများက ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်ကုန်သည်။
အစွမ်းထက်လိုက်တဲ့ အားပဲ။
အသူရာ၏ တိုက်ခိုက်မှု ခွန်အားက အဆုံးစွန်ထိ ထိတ်လန့်ဖွယ် ကောင်းနေ၏။
နှစ်ဖက်လုံးက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေကြသည်။ သူက တစ်ဖက်သူ၏ ခွန်အားကို အဝေးကို အမှန်တကယ် တွန်းထုတ်နိုင်၏။
ပေ့ထျန်းစီ၏ အမူအယာက တည်ကြည်နေသည်။ သူက ကိုယ်ပိုင်ခွန်အားကို ဆက်လက်မြှင့်တင်လျက် မျက်ဝန်းကျင့်စဥ်ကို အမြင့်ဆုံးထိ ထုတ်ဖော်လိုက်သည်။
သူ၏ မျက်ဝန်းသွေးမျိုးဆက် ကျင့်စဥ်အတွင်း စွမ်းအားအလွန်အကျွံ သုံးစွဲမှုကြောင့် မျက်လုံးထဲကနေ သွေးများ ဆက်တိုက် စီးကျလာတော့သည်။
သို့သော်ငြား အသူရာက ကြောက်လန့်သွားခြင်း မရှိပေ။ ဓါးအလင်းတစ်ရာသည် အစီအစဥ်တကျ ပေါ်လာလေ၏။ သူ၏ ခွန်အား အပြည့်အဝကို အသုံးမပြုထားတာ အတော် သိသာနေ၏။
မြစ်ဘေး၌ သစ်မိစ္ဆာ အာဒိုလတ်စ်က သနားစဖွယ် အခြေအနေဖြင့် တွားသွားတက်လာ၏။ အသူရာ၏ ပေါ်ပေါက်လာမှုကြောင့် ပေ့ထျန်းစီ၏ သွေးမျက်ဝန်းကျင့်စဥ်သည် သူ့ကို မချိန်ရွယ်တော့ပေ။ ထို့ကြောင့် မီးဝိညာဥ်မျက်လုံးသည် နောက်ဆုံး၌ ပျောက်ကွယ်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် သူ၏ ကိုယ်ပိုင်ကုသခြင်း ကျင့်စဥ်ဖြင့် ဆက်တိုက်ကုသနေ၏။
ကောင်းကင်ထဲရှိ ပေ့ထျန်းစီကို တစ်ချက်ကြည့်ပြီး သူ၏ မျက်လုံးထဲတွင် လှောင်ပြောင်သည့် အမူအယာ ပေါ်လာတော့၏။
” သေသင့်တဲ့ လူသားတွေ။ ပွဲကြီးပွဲကောင်းက ခုမှစတာ ”
ထိုသို့ပြောပြီးနောက် သူသည် အဆိပ်နဂါးကင်းမြီးကောက်ဆီသို့ အမြန်ပြေးသွားလျက် သူ့ကို ကုသပေးလိုက်တော့သည်။
တစ်ဖက်တွင်မူ ကျုံးမြို့၏ တောင်ဘက် မိုင်နှစ်ရာကျော်အကွာတွင် ရှိသည့် အမတစစ်သည် ဘုရားကျောင်းက မြေကြီးပေါ် ပြိုလဲသွားပြီ ဖြစ်၏။ ထိုထက်အစားထိုးလာသည်က အလွန်တရာ ကြီးမားလှသော မြေပိုးအိမ်ပဲ ဖြစ်သည်။
တောင်ပူစာပမာ ကြီးမားပြီး ရွက်ကြွေများ၊ ရွှံ့စေးများဖြင့် ပြုလုပ်ထားလေ၏။ အဝေးကနေ ကြည့်လိုက်လျှင် ကြီးမားသည့် သားရဲကြီးက မြေကြီးပေါ်တွင် လှဲနေသည်နှင့် တူတော့၏။ အဝေးကနေ အဝါရောင် တေးဆိုငှက်က ပျံသန်းလာပြီး မြေကမ္ဘာဥပေါ် ဆင်းသက်လိုက်၏။ ဤဧရိယာသည် ၄င်း၏ ပတ်ဝန်းကျင်နှင့် ကွဲပြားခြားနားနေသည်ဟု ခံစားမိသည့်ပမာ အနီးအနားကို သိချင်စိတ်ဖြင့် ကြည့်နေတော့သည်။ သို့သော် ထိုစဥ် သူ့ခြေထောက်အောက်ရှိ မြေကမ္ဘာဥက အက်ကွဲသံတစ်သံ ရုတ်တရက် ပေါ်လာ၏။
…..။
ထိုရုတ်တရက် ပေါ်ပေါက်လာသည့် အက်ကွဲသံက အော်သံတစ်သံ ဖြစ်ပေါ်သွားစေ၏။ ၄င်းက တောင်ပံတဖျတ်ဖျတ် ခတ်လျက် အမြန်ထွက်ပြေးသွားတော့သည်။
ပျံသန်းသွားပြီ နောက်တစ်စက္ကန့်အကြာ ကြီးမားသည့် မြေကမ္ဘာဥပေါ်၌ အက်ရာများ ပေါ်ထွက်လာပြီး ပင့်ကူအိမ်သဖွယ် အကန့်အသတ်မရှိ အက်ကွဲရာများ ဖွဲ့တည်လာ၏။
နောက်ဆုံးတွင်။
ဘန်း။
ကြမ်းတမ်းသည့် ပေါက်ကွဲမှုနှင့်အတူ မြေကမ္ဘာဥက အပြည့်အဝ ပေါက်ကွဲသွားတော့၏။
ယဲ့ရှောင်၏ ခန္ဓာကိုယ်သည် ရွှေရောင်အလင်းတစ်ခု ဖြာထွက်လာလေ၏။
ယင်းက သူ၏ ခန္ဓာကိုယ်က ဖြာထွက်နေသည့် အလင်းမဟုတ်။ သူ၏ ဝိညာဥ်က ဖြာထွက်သော အလင်းပဲ ဖြစ်သည်။
ယခုအချိန်တွင် သူ၏ ဝိညာဥ်စွမ်းအားက အံ့ဖွယ်ဂိုဏ်း၏ အထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံပြီး ၄င်း၏ အကန့်အသတ်ကို ကျော်ဖြတ်ပြီ ဖြစ်သည်။
သူက ဘုရင်နယ်ပယ် အတွေးအမြင်ကို နားလည်သဘောပေါက်သွား၏။
တစ်နည်းဆိုရလျှင် သူ၏ ဝိညာဥ်စွမ်းအားကို ဘုရင်နယ်ပယ်ထိရောက်အောင် ကျင့်ကြံပြီး သူ၏ ဝိညာဥ်ကို ရုပ်ခန္ဓာနှင့် ပေါင်းစည်းလိုက်သရွေ့ သူသည် ဘုရင်နယ်ပယ်သို့ အလွယ်တကူ အဆင့်တက်နိုင်လိမ့်မည်။ လီလျိုဆွေ့သည် အဆင့်တက်စဥ်က ဝိညာဥ်စွမ်းအား ချို့တဲ့မှုကြောင့် ရလဒ်အနေဖြင့် ဘုရင်နယ်ပယ်၏ စွမ်းအားကို ထိန်းချုပ်မှု ကင်းမဲ့ပြီး အရိုင်းစိတ်ဝင်သွားတာမျိုး ဖြစ်မှာကို သူ စိုးရိမ်ပူပန်နေစရာ မလိုပေ။
သူ ဘုရင်နယ်ပယ်သို့ တစ်ဝက်ရောက်နေပြီဟုတောင် ပြောနိုင်ပေ၏။ သူက အစစ်အမှန် ဘုရင်နယ်ပယ်သို့ ရောက်ရန် အနည်းငယ်သာ ဝေးတော့သည်။
သာမန်လူတစ်ယောက်အတွက် ဘုရင်နယ်ပယ်သို့ တက်လှမ်းရန် အလးခက်အခဲဆုံး အရာမှာ သူတို့ ဝိညာဥ်စွမ်းအား အဆင့်မြှင့်တင်မှု ဖြစ်သောကြောင့်ပင်တည်း။
ယင်းက လူတိုင်းကို တားမြစ်နိုင်သည့် အရေးကြီးဆုံးနှင့် နောက်ဆုံးသော အကန့်အသတ်လည်း ဖြစ်သည်။
ယခုအချိန်တွင် ယဲ့ရှောင်၌ ထိုအကန့်အသတ် မရှိတော့ပေ။
ယင်းက အာမခံတစ်ခုနှင့် ညီမျှလုနီးပါး ရှိ၏။
တစ်ချိန်တည်းတွင် ယဲ့ရှောင် အင်မတန် စိုးရိမ်ပူပန်နေသည့် အကြောင်းအရာလည်း ရှိ၏။ ရွှေရောင်စာအုပ်က တောက်ပသည့် အလင်းတစ်ခု စတင်ဖြာထွက်လာသည်။ ယင်းက ကျင့်စဥ်များကို ပေါင်းစည်းသည့်အချိန်၌ ခံစားမိသည့်အရာမျိုး ဖြစ်သည်။
ယဲ့ရှောင်သည် ဘုရင်နယ်ပယ်သို့ ရောက်ပြီးနောက် တော်ဝင်ကျင့်စဥ်တစ်ခု ပေါင်းစည်းနိုင်မှာ သေချာနေ၏။
အခုတော့ ငါ ဝိညာဥ်စွမ်းအင်ကျင့်ကြံမှု ချို့တဲ့နေသေးတယ်။ အချိန်တိုအတွင်းရဖို့က မဖြစ်နိုင်ဘူး။ နည်းနည်းလောက် အရှိန်တင်နိုင်မယ်ဆိုရင် ဆေးလုံးဖော်ဖို့ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတချို့ကို ရှာရမယ်။ အံ့ဖွယ်ဂိုဏ်းရဲ့ အစွမ်းထက်တဲ့ သွေးအဆီအနစ်ကို သုံးပြီး ငါ လိုအပ်တဲ့ နောက်ဆုံးကျင့်စဥ် ကျင့်ကြံမှုကို တိုးတင်လို့ရတယ် ”
ယဲ့ရှောင်က မျက်လုံးမှိတ်လိုက်ပြီး သူ၏ ဝိညာဥ်သိမြင်နားလည်မှု အကွာအဝေးကို ကန့်သတ်ရန် ကြိုးစားနေ၏။
သူ၏ လက်ရှိ ဝိညာဥ်ခွန်အားက ဘုရင်နယ်ပယ်သို့ တက်လှမ်းခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သိမြင်နားလည်မှု စွမ်းအားက တိုးလာမှာ သေချာ၏။
ယဲ့ရှောင်က မျက်လုံးမှိတ်လိုက်သည်နှင့် သူ၏ သိမြင်နားလည်မှု စွမ်းအားက ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲကနေ လျင်မြန်စွာ ပြန့်ကားသွား၏။
မကြာမီ၌ တစ်ဆယ်၊ နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ်။ အလွန်လျင်မြန်စွာ ပြန့်ကားသွားပြီး မိုင်တစ်ရာကို ဖြတ်ကျော်လျက် မရပ်မနား ဆက်လက် ပြန့်ကားနေ၏။
ယင်းက အလွန်ကောင်းမွန်သည့် ဖြစ်စဥ်ပဲ ဖြစ်သည်။ လူတစ်ယောက်၏ သိမြင်နားလည်မှုတစ်ခုတည်းကို အားကိုးရုံဖြင့် ဤအကွာအဝေးထိ ဖြန့်ကျန့်နိုင်၏။ သူ၏ ကိုယ်ပိုင် ဝိညာဥ်စွမ်းအားသာဆိုလျှင် မည်မျှ အစွမ်းထက်မည်နည်း။
တစ်ချက်ကြည့်ရုံနဲ့ ကျုံးမြို့တစ်ခုလုံးကို စစ်ဆေးနိုင်မှာ ဟုတ်တယ်မလား။
ကျုံးမြို့သည် မိုင်နှစ်ရာအကွာ မိုင်လေးရာကျော်၌ ရှိကြောင်း သိထားရပေမည်။
သူ၏ ခွန်အား တိုးတက်လာမှုက ပြောင်းလဲမှုကြီးတစ်ရပ်ဆိုတာ ဆိုနိုင်ပေ၏။
” အော် ”
ယဲ့ရှောင်သည် ကျုံးမြို့ဆီသို့ သူ၏ ဝိညာဥ်သိမြင်နားလည်မှုကို ဖြန့်ကျန့်လိုက်ချိန်၌ မြို့ထဲရှိ အခြေအနေကို ရုတ်တရက် အာရုံခံမိလိုက်၏။ ယင်းက သူ့အမူအယာကို ချက်ချင်း ပြောင်းလဲသွားစေသည်။
ဒါက ချိတ်ပိတ်ခံထားရတဲ့ ကြယ်တာရာသားရဲတွေ လွှတ်မြောက်လာတာလား။
များများစားစား တွေးမနေပဲ ယဲ့ရှောင်က ကျုံးမြို့ဆီသို့ တန်းပြန်လေ၏။
ကျုံးမြို့တွင် ဓါးနတ်ဘုရား အသူရာသည် ပေ့ထျန်းစီနှင့် တိုက်ခိုက်မှုကို ကြုံတွေ့ရပြီးနောက် ပျင်းရိလာတော့သည်။
ပေ့ထျန်းစီက မျက်ဝန်းကျင့်စဥ်ကို ကျင့်ကြံသူဖြစ်ပြီး သာမန်ရှန်းထျန်းနဝမအဆင့်ထက် အနည်းငယ် ပိုသန်မာသော်ငြား သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်က ကြီးမားလွန်းနေ၏။
နှစ်ယောက်လုံးသည် ရှန်းထျန်းနဝမအဆင့် သိုင်းပညာရှင်များဖြစ်သည့်တိုင် သူတို့ကြားရှိ ခွန်အား ကွာဟချက်က မိုးနှင့်မြေပမာ ကွာဟလှသည်။
ကျင့်ကြံမှု၌ ကွာဟချက်သည် အလွယ်တကူ လိုက်မှီနိုင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် အကွက်အနည်းငယ် ဖလှယ်ပြီးနောက် အသူရာက စိတ်ပျက်နေသော အမူအယာဖြင့် ချက်ချင်း ပြောလိုက်၏။
” ပျော်ဖို့မကောင်းဘူး။ ထားလိုက်တော့။ မင်းကို ငါ ဘာမှ မမျှော်လင့်ခဲ့သင့်တာ ”
ထိုသို့ပြောပြီးနောက် သူက ခြေဆောင့်နင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် နေရာကနေ ချက်ချင်း ပျောက်ကွယ်သွား၏။
” သေစမ်း ”
ပေ့ထျန်းစီ၏ မျက်ဝန်းကျင့်စဥ်သည် သူ၏ ပုံရိပ်ယောင်နှင့် လုပ်ရပ်အချို့ကိုသာ ဝေဝါးဝါး တွေ့ရနေရသည်။
သို့သော် သူ၏ မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ်သည် အသူရာ၏ အရှိန်ကို လိုက်မမှီနိုင်တော့ပေ။
နောက်တစ်စက္ကန့်တွင် အသူရာက သူ့ရှေ့၌ ပေါ်လာနေပြီး ဖြစ်၏။ သူမျက်ဝန်းသွေးမျိုးဆက် ကျင့်စဥ် ထပ်မံ အသုံးပြုမှာကို စောင့်မနေတော့ပဲ တောက်ပသည့် ရွှေရောင်ရောင်ခြည်နှစ်ခုက အသူရာ၏ မျက်လုံးထဲကနေ ရုတ်တရက် ပေါ်ထွက်လာသည်။
ထိုရွှေရောင် ဓါးအလင်းရောင်ခြည်သည် ပေ့ထျန်းစီ၏ မီးဝိညာဥ်မျက်လုံးကို တိုက်ရိုက် ချိန်ရွယ်၏။ ပေ့ထျန်းစီက အသူရာနှင့် ယှဥ်ပြိုင်ရန် သူ၏ မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ်ကို အသုံးပြုရန် ခွန်အား မကျန်တော့ပေ။ ရန်သူ၏ ဓါးအလင်း သူ၏ မျက်လုံးထဲ ဝင်ရောက်မှာကို လုံးဝ ခွင့်မပြုနိုင်ချေ။
ယင်းက သူ၏ အစွမ်းအထက်ဆုံး လျှို့ဝှက်ကတ်ပဲ ဖြစ်သည်။ ဖျက်ဆီးခံလိုက်ရသည်နှင့် သူ၏ တပ်ဖွဲ့က ပြိုလဲသွားသော တောင်ပမာ ရှုံးနိမ့်သွားလိမ့်မည်။ အရာအားလုံး ပြီးဆုံးသွားလိမ့်မည်။
သို့သော် သူ သေသည်အထိ တိုက်ခိုက်တော့မည့်အချိန်၌ အသူရာက လက်တစ်မြှောက်ပြီး ဓါးကို ထပ်မံ ဝှေ့ရမ်းလိုက်ကာ ပေ့ထျန်းစီ၏ ရင်ဘက်ကို ပိုင်းဖြတ်သွား၏။
ဖုန်း။
ဓါးတစ်ကွက်။ တစ်ကွက်တည်းဖြင့် ပေ့ထျန်းစီက လွင့်ထွက်သွား၏။ သူက ခုခံရန် အနည်းငယ်မျှတောင် စွမ်းရည်တောင် မရှိပေ။
ပေ့ထျန်းစီက လေထဲ သွေးတစ်ပွက် အန်လိုက်၏။ အမြှောက်ဆံပမာ သူက လွင့်ထွက်သွားကာ မြို့ကာကွယ်ခြင်း အစီအရင်ဖြင့် ဖွဲ့တည်ထားသော အရံအတားပေါ် ပြင်းထန်စွာ ကျရောက်သွား၏။
” စီနီယာ ပေ့ထျန်း ”
ရှီကွမ်းဟောင်နှင့် ကျန်သည့်သူများက စိုးရိမ်ပူပန်သွားပြီး ကူညီရန် ပြန်လာချင်၏။ သို့သော် ထိုစဥ် ရင်းနှီးနေသော အသံက သူတို့နားထဲ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
” တခြားသူတွေကို စိတ်ပူမနေနဲ့။ မင်းတို့ကိုမင်းတို့ စိတ်ပူသင့်တယ် ”
ထိုသို့ပြောပြီးသည်နှင့် အန္တရာယ်အငွေ့အသက်က ပေါ်လာတော့၏။
ယင်းက အဆိပ်နဂါးကင်းမြီးကောက်ပဲ ဖြစ်သည်။
သူ့ကို သစ်မိစ္ဆာ၏ ကုသခြင်းကျင့်စဥ်ဖြင့် ကုသပေးပြီ ဖြစ်သည်။ ယခု သူ အပြည့်အဝ ပြန်ကောင်းလာရာ တိုက်ပွဲထဲ ချက်ချင်း ဝင်လာတော့၏။
အဆိပ်နဂါးကင်းမြီးကောက်သည် သူ၏ အဆိပ်ကျင့်နည်းကို အသုံးပြုသည်နှင့် သိပ်သည်းသော ခရမ်းရောင်မြူက မြေကြီးထဲကနေ တလှိမ့်လှိမ့် တက်လာ၏။
ထိုမြူပေါ်လာသည်နှင့် လေကတောင် ၄င်းကြောင့် ယိုယွင်းသွားပြီး ပြင်းထန်သည့် တစ်စီစီ အသံများ ဆက်တိုက် ပေါ်လာ၏။
ရှီကွမ်းဟောင်နှင့် ကျန်သည့်သူများ၏ အမူအယာက ချက်ချင်း ပြောင်းလဲသွားကာ သူတို့ နောက်ဆုတ်လိုက်လေ၏။
မည်သူကမှ ထိုအဆိပ်မြူကို မထိရဲချေ။ ထိမိလိုက်သည်နှင့် သူတို့ နေရာမှာတွင် သေသွားလိမ့်မည်။
၄င်း၏ ထိခိုက်မှုက အံ့ဖွယ်ဂိုဏ်း၏ တိုက်ခိုက်မှုထက် အဆပေါင်းများစွာ ပိုသန်မာသည်။
ပေ့ထျန်းစီ၏ ခေါင်းအထက်၌ အသူရာက ပေတစ်သောင်းခန့် ဓါးရောင်ခြည်ကို စတင်သိပ်သည်းနေပြီ ဖြစ်၏။ ဓါးရောင်ခြည်က၏ စွမ်းအားက ကြီးမားလွန်းလေရာ ၄င်းက ဖြာထွက်နေသော ရွှေရောင်အလင်းရောင်ခြည်တိုင်းက သိပ်သည်းသော ဓါးဆန္ဒဖြင့် ပြည့်နေပြီး တိမ်ကို ခွင်းတော့မည့်ပမာ ထင်မှတ်ရသည်။
မထင်မှတ်ထားသည့် ကိစ္စ ဖြစ်မလာလျှင် ထိုဓါးအလင်းက ပေ့ထျန်းစီကို သတ်ဖြတ်နိုင်မှာ သေချာ၏။
ထို့အပြင် သူ့ကို နှစ်ခြမ်း ခြမ်းလိုက်နိုင်သည်။
ထို့အပြင် ယင်းက ကျုံးမြို့၏ အရံအတားကိုတောင် ဖောက်ဖျက်နိုင်လောက်သည်။
ကျုံးမြို့၏ မြို့သားတစ်ဝက်အောက်သာ လွတ်မြောက်ပြီး အနည်းဆုံး သုံးပုံနှစ်ပုံခန့် သေနိုင်သည်။
ကျုံးမြို့၏ ခုခံခြင်း အစီအရင် အပြင်ဘက်၌ မရေမတွက်နိုင်သော ကြယ်တာရာသားရဲများက စီတန်းပြီး စောင့်​နေကြသည်။
သူတို့ကို အသူရာ၏ ကြီးမြတ်မှုက ဆင့်ခေါ်ထားတာဖြစ်ပြီး လူသားမျိုးနွယ်စုကို စားတော်ပွဲ တည်ရာ၌ ဝင်ပါရန် သူတို့က ကြိုးပမ်းနေတာပဲ ဖြစ်သည်။
အသူရာ၏ ဓါးက မြို့ကာကွယ်ခြင်း အစီအရင်ကို ဖြိုခွဲလိုက်လျှင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာ ဖြစ်ပေလိမ့်မည်။
ယင်းက ပေ့ထျန်းစီ၏ အဆုံးသတ်သာဖြစ်ရုံမက တစ်မြို့လုံးရှိ မြို့သူမြို့သားများ၏ အဆုံးသတ်ပဲ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူ့ကို မည်သူကမှ မတားမြစ်နိုင်တော့ချေ။
ရှီကွမ်းဟောင်နှင့် ကျန်သည့်သူများက လုံလောက်အောင် မသန်မာ။ ထို့အပြင် သူတို့သည် ဖိနှိပ့်ခံထားရပြီးဖြစ်ကာ ခန္ဓာကိုယ်၌ ဒဏ်ရာများစွာ ရထားသည်။ သူတို့ကိုသူတို့တောင် ဂရုမစိုက်နိုင်လေရာ ကျန်သည့်သူကို ကယ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ပေ့ထျန်းစီသည် ထိုဓါးချက်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထား၏။ သူ၏ ဒဏ်ရာက ပြင်းလွန်းသောကြောင့် ရင်ဘက်ပေါ်၌ အရိုးဖြူတောင် ပေါ်နေပြီ ဖြစ်သည်။ သူ၏ ခုန်နေသော နှလုံးကိုတောင် ခပ်ရေးရေး မြင်နိုင်၏။
သူ မတိုက်ခိုက်နိုင်တော့ချေ။
မိစ္ဆာမီးဝိညာဥ်မျက်လုံးသည် အသူရာ၏ ဓါးတိုက်ကွက်ကို မြင်နိုင်၏။ ထိုတိုက်ကွက်က သူ၏ ကိုယ်ပိုင် အစွမ်းထက်သော ခွန်အား စုဝေးထားကာ ဆက်လက်စုစည်းနေ၏။ ယင်းက သူ့အကန့်အသတ်ကို ကျော်လွန်နေသော တိုက်ကွက်တစ်ကွက် ဖြစ်သည်။
မီးဝိညာဥ်ပုလဲသည် သူ၏ သေခြင်းတရားကို လှုံ့ဆော်နေပြီး ဓါးတစ်ကွက်တည်းဖြင့် နှစ်ခြမ်း ခြမ်းခံလိုက်ရ၏။
သူက သေခြင်းတရားအဆင့်သို့ ရောက်ခါနီးစဥ်၌ ပေ့ထျန်းစီက မကြောက်တော့ပေ။ ယင်းက စိတ်သက်သာရာ ရသွားသည့် ခံစားချက်သာ ဖြစ်နေသည်။ ယခုအချိန်တွင် သူ၏ စိတ်အခြေအနေက ပုံမှန်မဟုတ်။ တည်ငြိမ်နေ၏။
အလုပ်ကြိုးစားပြီးနောက် သူက အပြည့်အဝ စွမ်းအားပြည့်နှက်သွားကာ သူ၏ ကံကြမ္မာကို လက်ခံလိုက်ခြင်း ဖြစ်နိုင်သည်လော။
ယဲ့ရှောင် ဤနေရာတွင် ရှိနေပါက အသူရာကို အနိုင်ယူနိုင်မည်လားဟု သူ တွေးမိသွားသည်။
ယဲ့ရှောင်၏ ကောင်းကင်က ကောင်းချီးပေးခံရသော ပါရမီဖြင့် သူသည် ကျုံးမြို့ကို ကယ်တင်နိုင်မည်လော။
အသူရာ၏ ဓါးရောင်ခြည်က နောက်ဆုံးတော့ ဆင်းသက်လာသည်။ ဓါးကို ဝှေ့ရမ်းလိုက်သည်နှင့်လေနှင့် တိမ်တိုက်များ လွင့်ပြယ်သွားကာ သရဲနှင့် နတ်ဘုရားတို့ ရှောင်တိမ်းရ၏။
ထိုဓါးက အစွမ်းထက်လွန်းရာ မရေမတွက်နိုင်သည့် လူများက စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားစေသည်။ ၄င်း၏ ဖိအားက ကျုံးမြို့ရှိ သိုင်းပညာရှင်များအားလုံးကို အသက်မရှူနိုင်တောင် ဖြစ်စေသည်။ ရှန်းထျန်းနယ်ပယ်အောက်ရှိ အားနည်းသော သိုင်းပညာရှင်များကို ဖိနှိပ့်ထား၏။ ထို့ကြောင့် မတ်တပ်တောင် မရပ်နိုင်ပေ။
စိတ်ပျက်အားငယ်မှုက ပြည့်ပြီး ပြန့်ကားလာကာ လူတိုင်း၏ နှလုံးကို လွှမ်းခြုံလိုက်၏။
မြို့ကာကွယ်ရေး အစီအရင်အပြင်ဘက်ရှိ ကြယ်တာရာသားရဲများက သူတို့သည် လူသားမျိုးနွယ်၏ ဇာပနတေးကို သီဆိုနေသည့်ပမာ အော်ဟစ်လျက် စိတ်လှုပ်ရှားနေကြတော့သည်။

အပိုင်း ၁၃၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset