စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၃၀ မင်း ဘုရင်တစ်ပါးကို မသတ်နိုင်ရင် မင်း ဘယ်လိုလုပ် ဘုရင်တစ်ပါး ဖြစ်လာမှာလဲ။
” ဘယ်လိုလုပ် ဒီလောက် ဆန်းကြယ်ရတာလဲ။ အဲ့ဒါကို အရင်တုန်းက တွေ့ဖူးလား ”
ပေ့ထျန်းစီက ခေါင်းညိတ်လိုက်၏။
” တွေ့ဖူးတယ်။ တကယ်တော့ တွေ့ဖူးတဲ့သူ အများကြီးပဲ။ ငါတစ်ယောက်တည်း မဟုတ်ဘူး။ ဒါပေမဲ့ အခုအချိန်ထိ အမတစစ်သည်ရဲ့ ဂူသင်္ချိုင်းကို မြင်တဲ့သူက များများစားစား မရှိဘူး။ ငါတောင် သဘောတရားတစ်ခုမှ နားလည်သဘောမပေါက်သေးဘူး။ ဒါကြောင့် လောကကြီးက မယုံကြည်တော့တာလေ။ ဒါပေမဲ့ မစ္စတာ ယဲ့ရဲ့ အရည်အချင်းက အစွမ်းထက်လွန်းတော့ ဒါကို နားလည်နိုင်လောက်မယ်လို့ တွေးမိတယ် ”
ယဲ့ရှောင်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်တော့၏။
” ကောင်းပြီလေ။ ကျွန်တော် တစ်ချက် သွားကြည့်လိုက်မယ်။ ဒါပေမဲ့ ကျုံး သိုင်းကျောင်းတော်မှာ ကျွန်တော် လေ့လာနေတဲ့ ကိစ္စအတွက်ကတော့ ”
” စိတ်မပူနဲ့ သွား ဒီအဖိုးကြီး ဖြေရှင်းလိုက်မယ်။ မင်းရဲ့ ပုံမှန်ဘဝကို အနှောင့်အယှက် မဖြစ်စေရဘူး ”
” ဒါဆို ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ ”
” ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ မင်း တစ်ခုခု ရခဲ့ရင် အနည်းဆုံးတော့ စီရင်စု၉ခုရဲ့ လူတွေကို ကာကွယ်ပေးနိုင်တာပဲ။ ငါတို့ကသာ မင်းကို ကျေးဇူးတင်ရမှာပါ ” ။ သူတို့နှစ်ယောက်သားက လောကဝတ်အရ စကားတချို့ ပြောဆိုပြီးနောက် ယဲ့ရှောင်သည် မြောက်ဘက်ဆီသို့ သွားလိုက်ကာ အမတစစ်သည် ဂူသင်္ချိုင်းကို ရှာဖွေလိုက်၏။
သူ့အဖို့ မိုင်ရာချီ အကွာအဝေးများက လွယ်ကူလွန်းသည်။ ယဲ့ရှောင်သည် အတွေးတစ်ချက်မျှဖြင့် ထိုအကွာအဝေးကို ရောက်လုနီးပါး ဖြစ်သွားသည်။
ယင်းက ယိုယွင်းနေသော ဘုရားကျောင်းခန်းမပဲ ဖြစ်သည်။ ဘုရားကျောင်းဝင်ပေါက်၌ အမတစစ်သည် ဟန်ရှင်း၏ ဘဝနှင့် အကြောင်းများကို ရေးထားလေ၏။ ကျောက်ပြားချပ်ပေါ်ရှိ စကားလုံးများက အချိန်ကာလကို ကျော်လွန်မှုကြောင့် စတင်မှိန်ဖျော့နေပြီဖြစ်ကာ အညှိများစွာ တက်နေလေ၏။
ယဲ့ရှောင်က သမိုင်းစာအုပ်များစွာ ဖတ်ရှုခဲ့ဖူး၏။ ဤကမ္ဘာကြီး၏ ရှေးခေတ်ကာလတွင် သိုင်းပညာယဥ်ကျေးမှုက ပိုတောင် ပေါကြွယ်ဝခဲ့သည်။
ထိုစဥ်က လူအများစု၏ ခွန်အားသည် မြစ်၏ သမိုင်းကျောင်းကို မင်သက်စေရန် လုံလောက်သည်။
သတ်ဖြတ်ခြင်းနတ်ဘုရား ပိုင်ချီ၊ အမတစစ်သည် ဟန်ရှင်း၊ စစ်နတ်ဘုရား လီကျင်း။
ထိုလူများကြောင့် သူတို့သည် ကြယ်တာရာသားရဲများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့၏။ ကြယ်တာရာသားရဲများက အပြင်ဘက်တွင် ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပေ။ ထို့ကြောင့် ထိုစဥ်ကာလက လူသားမျိုးနွယ်က စစ်ပွဲများ အမြဲတစေ ဖြစ်ပွားနေသည်။
ယဲ့ရှောင်က ဘုရားကျောင်းထဲ လျှောက်သွားလိုက်၏။ အတွင်းပိုင်းကလည်း ယိုယွင်းနေပြီး ပင့်ကူအိမ်များ ပြည့်နေတော့သည်။
ပေ့ထျန်းစီ ပြောတာ အမှန်ဖြစ်ပုံပေါ်၏။ ဤနေရာကို လူမယုံကြည်တော့တာ အတော်ကြာပြီ ဖြစ်သည်။
ယဲ့ရှောင်က ဘုရားကျောင်းထဲ ဝင်လိုက်၏။ ယင်စွမ်းအင်လှိုင်းက သူ၏ ခန္ဓာကိုယ်ကို ချက်ချင်း ကျူးကျော်လာသည်။
ဤဘုရားကျောင်းအတွင်း လေလွင့်ဝိညာဥ်တစ်ခု ရှိနေလေသည်။ ယခုအချိန်၌ လူသားများ၏ ခန္ဓာကိုယ်ပေါ်ရှိ လတ်လတ်ဆတ်ဆတ် သွေးကို ရလာသောကြောင့် သူ့နား ဝိုင်းလာတော့သည်။
ယဲ့ရှောင်၏ အကြည့်တို့က အနည်းငယ် လှုပ်ရှားသွား၏။ သူ့၏ စိတ်စွမ်းအားက ပေါက်ကွဲထွက်လာပြီး နေရာရှိ အငြိုးကြီး ဝိညာဥ်များ၏ ဝိညာဥ်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တော့၏။ ပြီးနောက် သူက ရှေ့ရှိ ကျောက်ရုပ်ထုကို လှည့်ကြည့်လိုက်သည်။
ယင်းက အမတစစ်သည် ယန်ရှင်း၏ ရုပ်ထုပဲ ဖြစ်သည်။ နှစ်တစ်ထောင်ကျော်ပြီးသည့်တိုင် ယဲ့ရှောင်သည် တစ်ဖက်သူ၏ ရုပ်ထုကို မြင်တွေ့သည့်အခါ သူ အနည်းငယ် ထိတ်လန့်သွားမိ၏။
အချိန်ကာလသည် ရုပ်ထုကို တိုက်စားသွား၏။ သို့သော်ငြား ထိုရုပ်ထု၏ ခန္ဓာကိုယ်ကနေ အစွမ်းထက်သည့် သဘောတရားတစ်ခုကို ခံစားမိသေးသည်။
ယင်းက ကမ္ဘာလောကကြီးကို အထင်သေးပြီး ကမ္ဘာလောကကြီးကို မြက်ပင်ပမာ အထင်သေးနေတာမျိုး ဖြစ်သည်။
ယဲ့ရှောင်က ဟန်ရှင်းမဟုတ်။ သူက အကောင်ကြီးလည်း မဟုတ်ပေ။ သူ၏ ရှုထောင့်အမြင်က ဟန်ရှင်းကဲ့သို့ ရှေးခေတ်က ကျော်ကြားသော စစ်သူကြီးနှင့် မယှဥ်နိုင်တာ သေချာ၏။ သို့သော် ၄င်းကနေ သူ ခံစားမိသည်။ ထို့အပြင် ဟန်ရှင်း၏ သဘောတရားကို သူ စုပ်ယူနိုင်ပြီး သူ့အတွက် အသုံးပြုနိုင်၏။
ယဲ့ရှောင်သည် သူ၏ ဝိညာဥ်ခန္ဓာ၌ ပြောင်းလဲမှုအချို့ ရှိလာပုံ ပေါ်သည်ဟု ခံစားမိလိုက်သည်။ ဝိညာဥ်စွမ်းအားက တိုးလာသည့်ပမာ အရင်ကထက် မြန်ဆန်လာသည်။ သူက အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ဘုရားကျောင်းခန်းမထဲသို့ ဝင်လိုက်သည်။
အမတစစ်သည်၏ အုတ်ဂူက ဘုရားကျောင်းခန်းမနောက်တွင် ရှိနေသည်။
လူအချို့သည် ဤနေရာ၌ အမတစစ်သည် ဟန်ရှင်း၏ အလောင်း ချန်ထားရစ်သည်ဟု ဆိုကြသည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက် စီရင်စု၉ခုမှ လူတစ်စုထက်မက ဤနေရာသို့ လာရောက် တူးဖော်ကြသည်။ သို့သော်ငြား အုတ်ဂူအောက်၌ ၃ပေခန့် နက်သည့် ရွှံ့ဝါသာ ရှိသည်။
အုတ်ဂူသည် လူများက မရေမတွက်နိုင်အောင် တူးဖော်တာ ခံရပြီး ဖြစ်၏။ ယင်းက သာမန်ကျောက်တုံးဖြစ်သော်ငြား ထိုက်တောင်တန်းပမာ လေးလံလှ၏။ ယခုအချိန်ထိတိုင် မည်သူမှ ၄င်းကို ယူမသွားနိုင်ပေ။
အချိန်ကာလ ကုန်လွန်လာသည်နှင့် ဤနေရာက တားမြစ်ခံ နေရာဖြစ်လာတော့သည်။
ယဲ့ရှောင်သည် ဂူသင်္ချိုင်းကို စစ်ဆေးရန်အတွက် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုခဲ့သည်။ သို့သော် မည်သည့် အာနိသင်မှ မပြပေ။ သူ၏ စိတ်စွမ်းအား ရှာဖွေမှုအရ ယင်းက အဆုံးစွံ သာမန် ကျောက်တုံးကြီးဟုသာ ပြသနေသည်။ ထိုအကြောင်းကို ဂရုတစိုက် တွေးမိပြီးနောက် ယင်းက ယုတ္တိရှိကြောင်း သိလိုက်ရသည်။ စီရင်စု၉ခုထဲ၌ လူအရေအတွက်က များပြားလွန်း၏။ တော်ဝင်အဆင့် စိတ်စွမ်းအားကျင့်စဥ်ကို ကျင့်ကြံသည့် သူက အမြဲတမ်း ရှိနေမှာပဲ ဖြစ်သည်။ ဥပမာအနေဖြင့် ပေ့ထျန်းစီ၏ မျက်ဝန်းကျင့်စဥ်သည် တော်ဝင်အဆင့် ကျင့်စဥ်ထက် ပိုသန်မာ၏။ သို့သော်ငြား သူသည် ဂူသင်္ချိုင်း၏ နက်နဲသိမ်မွေ့မှုကို မမြင်နိုင်သေးပေ။
ငါ ဒီနေရာကို လာဖို့ ရွှေရောင်စာအုပ်ကို အမြဲတမ်း အားကိုးခဲ့ရတာ။ ဒီနေရာထိ ရောက်လာဖို့ ရွှေရောင်စာအုပ်ကို အမြဲအားကိုးခဲ့ရတာ။ ရွှေရောင်စာအုပ်က အုတ်ဂူထဲမှာ ဝှက်ထားတဲ့ အရာတွေကို မြင်နိုင်မလား သိချင်မိတယ်။
သူ တွေးပြီးသည်နှင့် ယဲ့ရှောင်သည် ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို ထုတ်ဖော်လိုက်လေ၏။
ရွှေရောင်စာအုပ် အံ့ဖွယ်ဝိညာဥ်ကို သူ၏ ခန္ဓာကိုယ်ထဲကနေ ထုတ်တာ ဒုတိယအကြိမ် ဖြစ်သည်။ ယခင်က မဟာနဂါးကို ဖြေရှင်းရသောကြောင့် ဖြစ်၏။ ရွှေရောင်စာအုပ် ပေါ်ထွက်လာသည်နှင့် လေနှင့် တိမ်တိုက်များ ရုပ်ချည်းပြောင်းလဲသွားသည်။ ကမ္ဘာကြီးရှိ အရာအားလုံး အရောင်အစင်းမဲ့သွားပုံ ပေါ်၏။ ပတ်ဝန်းကျင် မြင်ကွင်းကလည်း လျင်မြန်စွာ ပြောင်းလဲလာသည်။
အချိန်သည် စီရင်စု၉ခု၏ မြေပေါ်၌ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ကျော်က ခမ်းနားကြီးကျယ်သော စစ်ပွဲအဖြစ်သို့ ဆင့်ကဲပြောင်းလဲလာ၏။ ထိုမြင်ကွင်းအတွင်း သေးသွယ်သော ပုံရိပ် ရွှေရောင်သံချပ်ကာ ဝတ်ထားသည့် သူက စစ်သည်တစ်သောင်း၏ တပ်ဖွဲ့အလယ်တွင် ရပ်နေလေ၏။ ကြာပွတ်တစ်ချက်က မြှောက်တက်လာပြီး သူ၏ နောက်ကျောပေါ်သို့ ရောက်လာသည့်သူက စစ်ပွဲသည် သူ ကစားရန်အတွက် သူလက်မြှောက်နိုင်သည့် ဂိမ်းကစားပွဲတစ်ခုပမာ မြေပြင်ကို ညွှန်ပြလိုက်၏။
ယဲ့ရှောင်သည် အရာအားလုံးက အတုအယောင်မှန်း ခံစားမိသော်ငြား ထိုပုံရိပ်သည် လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်စေသော စွမ်းအား ရှိနေ၏။ ကောင်းကင်ဘုံတမျှ ကြီးမားလွန်းသည်ဟု ခံစားနေရသည်။
ဒါက အမတစစ်သည် ဟန်ရှင်းလား။
ပုံရိပ်ယောင်သာ ဖြစ်သော်ငြား သာမန်လူတစ်ယောက် မယှဥ်နိုင်သည့် အရှိန်အဝါ ပိုင်ဆိုင်ထား၏။
ယဲ့ရှောင်က တစ်ဖက်သူကို စကားပြောလိုက်သည်။
” ဂျူနီယာ ယဲ့ရှောင်က ဘုရင်နယ်ပယ်ကို အဆင့်တက်ချင်ပါတယ်။ စီနီယာ ကျေးဇူးပြုပြီး အလင်းပြပေးပါ ”
မမြင်နိုင်သည့် လောကကြီးထဲ၌ ထိုပုံရိပ်ယောင်က ယဲ့ရှောင်၏ စကားကို ကြားသွားပုံပေါ်ကာ သူ့ကို တစ်ချက် ကြည့်လိုက်၏။ ထူးမခြားနား အကြည့်တစ်ချက်၌ ကြယ်များနှင့် တောင်တန်းများကို ကွယ်ဝှက်ပေးထားသည့်ပမာ အရာအားလုံး ပါဝင်နေသည်။
” မင်း ဘုရင်တစ်ပါးကို မသတ်နိုင်ရင် ဘယ်လိုလို့ ဘုရင်တစ်ပါး ဖြစ်လာမှာလဲ ”
ထိုစကားများကို တည်ငြိမ်စွာ ပြောပြီးသည်နှင့် ပုံရိပ်ယောင်က ပျောက်ကွယ်သွားတော့သည်။
ဟန်ရှင်း၏ စိတ်စွမ်းအားကလည်း ပျောက်ကွယ်သွားပြီး ကျောက်ပြားက ပြိုကွဲသွားတော့သည်။ ဟန်ရှင်းက သူ၏ မျိုးဆက်အတွက် ချန်ထားထစ်ခဲ့သည့် နောက်ဆုံးသော သဘောတရားကလည်း အပြည့်အဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ယဲ့ရှောင် ရင်ထဲ တုန်လှုပ်ခြောက်ခြားသွားသည်။ သူက မြေကြီးပေါ်မှာ အတော်ကြာသည်အထိ စိတ်မအေးနိုင် ဖြစ်နေသည်။
သူက ဘုရင်တစ်ပါးကို မသတ်ရင် ဘယ်လိုလို့ ဘုရင်ဖြစ်နိုင်မှာလဲ။ ဒါက အမတစစ်သည်တစ်ပါးရဲ့ ကြီးမြတ်မှုလား။
ဘုရင်တစ်ပါးသည် လောကကြီးထဲ၌ အင်မတန် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး အာကာသစစ်မြေပြင်၌ ထိပ်သီးသိုင်းပညာရှင်တစ်ဦးလည်း ဖြစ်သည်။ လောကကြီးရှိ လူတိုင်းက မော့ကြည့်ပြီး သူ့ကို လေးစားရ၏။
သို့သော်ငြား သူ၏ အမြင်တွင် ဘုရင်တစ်ပါးသည် ငါးအသားသာ ဖြစ်သည်လော။ ယခုအချိန်၌ ယဲ့ရှောင်သည် စကားတစ်ခွန်းကို ရုတ်တရက် တွေးမိသွားသည်။ ဘုရင်တစ်ပါးသည် စစ်သူကြီးတစ်ပါး၏ သွင်ပြင်ထက် သတ္တိ ပိုရှိရမည်လော။
ဘုရင်တစ်ပါးတွင် ရှိကိုရှိရမည့် စံသတ်မှတ်ချက်အချို့ကို မည်သူ့ကို တောင်းဆိုထားသနည်း။ အပတ်တကုတ် ကြိုးစားရှာဖွေပြီးနောက် ရှာမတွေ့နိုင်သည့် နယ်ပယ်အချို့ ဖြစ်ရမည်။
ဘုရင်နယ်ပယ်သို့ ဝင်ရောက်နိုင်သည့် သွေးမျိုးဆက်သည် သာမန်လူများထက် ပိုထူးခြားနေသည်လော။
ကြွယ်ဝမှုနှင့် ဂုဏ်ကျက်သရေအရာ၌ မွေးဖွားလာတည်းက ထိပ်၌ ရပ်တည်နိုင်တဲ့လူအချို့ ရှိလောက်သည်။ သို့သော် ခမ်းနားထည်ဝါမှု မပါရှိပဲ ထိုနှစ်မျိုးက သွေးနှင့် အသားများသာ ဖြစ်နေလိမ့်မည်။
ဘုရင်နယ်ပယ်အတွက်လည်း ထိုအတိုင်းသာ ဖြစ်သည်။
မှန်းဆသကဲ့သို့ အထက်တွင်းလွှာ ဆန္ဒမဟုတ်။ ဘုရင်နှင့် ပြည့်စုံလေ ၄င်း၏ အဝေးသို့ ရောက်လေ ဖြစ်သည်။
အမြင့်တူညီသည့်နေရာတွင် ထားခြင်းဖြင့်သာ ဘုရင်နယ်ပယ်သို့ လျှောက်လှမ်းနိုင်ပြီး သူက ဘုရင်နယ်ပယ်သို့ ရောက်နေပြီဆိုလျှင် ဘုရင်တစ်ပါးကို သတ်ခြင်းက မည်သည့် ထိခိုက်မှု ရှိမည်နည်း။
ငါက ဘုရင်ပဲ။
ရွှေရောင်စာအုပ်သည် ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ ပြန်ဝင်ရောက်လာပြီ ဖြစ်သည်။ ယခုအချိန်၌ ယဲ့ရှောင်၏ ခန္ဓာကိုယ်က အသွင်ပြောင်းလဲမှုကြီးလည်း ဖြစ်လာ၏။ သူ၏ စိတ်စွမ်းအားများ ဆက်တိုက် တိုးတက်လာပြီး စိတ်စွမ်းအင်၌ တိုးမြင့်မှုကို လက်ခံရရှိနေသည်။ ယဲ့ရှောင်သည် သူ၏ ဝိညာဥ်စွမ်းအားကလည်း ဆက်တိုက် တိုးနေတာကို ခံစားမိ၏။ ပတ်ဝန်းကျင်ဝိညာဥ်စွမ်းအားများက ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စုဝေးလာတော့သည်။
မျက်တောင်တစ်ခတ်အတွင်း ဘုရားကျောင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။ လေပွေတစ်ချက်က ယဲ့ရှောင်နား၌ ဆက်တိုက် ဝေ့ဝဲနေ၏။ သစ်ရွက်များ ကြွေကျကာ အုတ်ခဲများက လေထဲ လွင့်ပြယ်နေ၏။ ယဲ့ရှောင်၏ ခန္ဓာကိုယ်သည် ကြီးမားသော သံလိုက်စက်ကွင်းပမာ သူ့အနား အရာအားလုံးကို လည်ပတ်နေစေပြီး မဏ္ဍိုင်ပြုလျက် ပတ်ချာလည်နေတော့သည်။
ကျုံးမြို့အပြင်ဘက်ရှိ တောအုပ်ထဲ၌ အရိပ်နှစ်ရိပ်က တောအုပ်အပြင်ဘက်၌ စုနေသည်။
” အဲ့ဒီအရူးအရိပ်လင်းနို့က သေသွားပြီ။ သူ့ကို လူသားမျိုးနွယ်က သတ်သွားတာ ”
” နော့ဖစ်ရဲ့ တည်နေရာလည်း ရှိသေးတယ် ”
” ရှောင်လင်မှာ နှစ်ပေါင်းများစွာ အပိတ်ခံထားရပြီးနောက် လူသားမျိုးနွယ်မှာ သိုင်းပညာရှင်တွေ အများကြီး ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကြည့်ရတာ ငါတို့နှစ်ယောက် ခွန်အားကိုပဲ အားကိုးမယ်ဆို လူသားမျိုးနွယ်ပေါ် သက်ရောက်မှု ဖြစ်စေဖို့ မလုံလောက်ဘူးထင်တယ်။ ကျုံးမြို့ထဲက လူတချို့ကို လွှတ်ဖမ်းမဲ့ အချိန်ကျပြီ ”
” သားရဲကပ်ဘေးက ရောက်လာတော့မယ်။ကြယ်တာရာသားရဲတွေ ယူဆောင်လာတဲ့ ကြောက်မက်ဖွယ်ကောင်းမှုကို လူသားတွေကို ခံစားစေပြီး တိုက်ပွဲထဲမှာ သူတို့ရဲ့ သတ္တိတွေကို ရိုက်ချိုးပစ်ရမယ် ”
အချိန်က ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်း ခုနှစ်ရက်တာ ကုန်လွန်သွားပြီး ကျုံးမြို့က ခါတိုင်းကဲ့သို့ တည်ငြိမ်နေသေးဆဲ ဖြစ်၏။ သို့သော်ငြား ကျုံးမြို့အပြင်ဘက် မြစ်သုံးဆင်း
ဆုံသည့်နေရာ၌ ထူးဆန်းသော အရိပ်တစ်ခုက ရုတ်တရက် ပေါ်လာ၏။
သူက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အရပ်ရှည်ကာ ပိန်ပါး၏။ သူ၏ အစိတ်အပိုင်းများက သာမန်လူနှင့် ကွဲပြားခြားနားနေ၏။
ညှိုးရော်နေသော သစ်ကိုင်းခြောက်များနှင့် တူသည့် လက်တစ်စုံသည် ကျယ်ဝန်းသည့် အင်္ကျီလက်ထဲကနေ ထွက်လာပြီး လက်ခုပ်တီးလိုက်တော့သည်။ မြစ်အထက် ကောင်းကင်ထဲတွင် လူသားစစ်သည်တော် ( ၁၀၈ ) ယောက် ပေါ်လာ၏။
စစ်သည်တော်များ ရုတ်တရက် ပေါ်လာပြီး အောက်တွင် လျင်မြန်စွာ စီးဆင်းနေသော မြစ်ကို မြင်တွေ့သည့် အချိန်၌ သူတို့အားလုံးက မကောင်းသည့် ခံစားချက် ရလာကာ အော်ဟစ်လိုက်၏။
” အား ”
” ကယ်ကြပါ ”
သို့သော် သူတို့ အော်နေစဥ် တစ်ဖက်သူ၏ လက်က ရုတ်တရက် စည်းတစ်ခုကို ချက်ချင်း ဖန်တီးကာ နေရာရှိ သိုင်းပညာရှင်များ အားလုံး၏ အလောင်းများကို ပေါက်ကွဲသွားစေ၏။
သွေးအဆီအနစ် ( ၁၀၈ ) လုံးက မြစ်ထဲသို့ ရှည်လျားသည့် မြွေတစ်ကောင်ပမာ ဖြည်းဖြည်းချင်း ကျသွားပြီး မြစ်မျက်နှာပြင်ပေါ်၌ ထူးဆန်းသော သဏ္ဍန်တစ်ခု ဖွဲ့တည်နေတော့သည်။
ဝေါင်း။
ချက်ချင်းပင် မြစ်၏ အောက်ခြေကနေ ဟိန်းသံ
ထွက်ပေါ်လာ၏။
ဝေဝါးဝါး မြစ်မျက်နှာပြင်သို့ ကြီးမားသည့် သားရဲအရိပ်အချို့က တက်လာကာ ကူးလာလေ၏။
အနက်ရောင်မြူသည် ကောင်းကင်ထဲက ပေါ်ထွက်လာလျက် မိစ္ဆာစွမ်းအားများ ပြည့်နေတော့သည်။
အနက်ရောင်အရိပ်က ထူးထူးဆန်းဆန်း ရယ်မောလိုက်၏။
” နှိုးထတော့။ သစ်နတ်ဆိုး အာဒိုလတ်စ်၊ စပါးအုံးဘုရင်ခွန်းလုံ၊ ရေခဲအရှင် ကုရှန်း၊ ဓားနတ်ဘုရားအသူရာ။ ငါ့နောက်လိုက်ပြီး လူသားမျိုးနွယ်စုဆီ အကြောက်တရား ဆောင်ယူလော့ ”
ကျုံးမြို့တွင် စာကြည့်တိုက်တွင် စာဖတ်နေသော ပေ့ထျန်းစီက ရုတ်တရက် မျက်မှောင်ကျုံ့ကာ သုန်မှုန်သော အမူအယာဖြင့် ပျောက်ကွယ်သွား၏။
သူ ပြန်ပေါ်လာသည့်အချိန်၌ ကျုံးမြို့အထက် ကောင်းကင်ထဲ၌ ရောက်နေပြီဖြစ်ကာ မြို့အပြင်ကို ကြည့်လိုက်၏။ ကျန်သည့် အစွမ်းထက်သည့် ပုံရိပ်အချို့ကလည်း သူ့ဘေးသို့ လျင်မြန်စွာ ရောက်လာ၏။
သူတို့ထဲမှ နှစ်ယောက်က ကျန်းဟိုင်မြို့သို့ ပထမအဆင့်က နဂါးစာရင်း၌ ထိပ်တန်း ၅၀ထဲ ဝင်ထားသည့် ရှီကွမ်းဟောင်နှင့် လန်ရှင်းယွဲ့ ဖြစ်သည်။
” စီနီယာ ပေ့ထျန်း။ ဒီအရှိန်အဝါက ဖြစ်နိုင်တာက ”
ပေ့ထျန်းစီက တည်ကြည်သော အမူအယာဖြင့် ခေါင်းညိတ်လိုက်၏။
” အဟုတ်ပဲ။ သူတို့ တစ်ယောက်ယောက် ချိတ်ကို ချိုးဖျက်လိုက်ပြီ ”
” ဘယ်သူလုပ်တာလဲ ”
ပေ့ထျန်းစီ၏ ဝိညာဥ်မျက်လုံးက ဖြတ်ခနဲ ပေါ်လာပြီး အနက်ရောင် အလင်းတန်းနှစ်ခုက မိုင်ရာချီအကွာကို ထိုးဖောက်သွားပုံရကာ အဝေးရှိ အခြေအနေကို အလွယ်တကူ မြင်ရ၏။
” ကြယ်တာရာသားရဲတစ်ကောင် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင် ရှောင်လင်က လွှတ်လာတဲ့ ကြယ်တာရာသားရဲတွေထဲက တစ်ကောင် ဖြစ်မယ် ”
” အခုချက်ချင်း သွားဖြေရှင်းမှပဲ ”
” အချိန်မရှိဘူး။ အချိန်မမှီဘူး။ အစီအရင်က ဖျက်ဆီးခံရလိုက်ရပြီးပြီ။ အလွန်ဆုံးမှ ၁၀မိနစ်အတွင်း လွှတ်လာမှာပဲ။ အစီအရင်သခင် မရှိပဲ ဖြုန်းရာရောက်မှာ ”
” ကျုံးမြို့သူမြို့သားတွေကို မြောက်အရပ်ဆီ မြန်မြန်ရွှေ့ခိုင်းပြီး ဒီကပ်ဘေးကို ရှောင်ဖို့ သတိပေး။ စီရင်စု၉ခု မဟာမိတ်ကို သိုင်းပညာရှင် လေးယောက်ထဲက တစ်ယောက် ပို့ပေးဖို့ အကြောင်းကြား။ မဟုတ်ရင် ကျုံးမြို့ အပြီးသတ်သွားလိမ့်မယ် ”
အပိုင်း ၂၃၀ ပြီး၏။