Switch Mode

Chapter – 8

အကြေးခွံစိမ်း လင်းယုန်ငှက်ကြီး

Chapter – 8 အကြေးခွံစိမ်း လင်းယုန်ငှက်ကြီး

အသားမဲအန်းမန်က သူ့ရဲ့ နှုတ်ခမ်းကနေ သရေတွေစီးကျလာပြီး ဟီလာတိုက် ရယ်မောလိုက်ပါတယ်။ သူက အားလုံးရဲ့ရှေ့ကို မြန်မြန်ဆန်ဆန်ပဲလျှောက်လာပြီး ပြောလိုက်ပါတယ်။

” အသိုက်ကြီးက ငါတွေ့ဖူးသမျှထဲမှာ အကြီးဆုံးပဲ ဥကလည်း ငါခိုးစားခဲ့သမျှ ဥတွေထဲမှာ တအားကို ကြီးနေတာကွ..”

” ဟိဟိ သဘာ၀ကျလိုက်တာ သစ်သားနက်အသိုက်ထဲကနေ အခုလို ခိုးယူရတာ ငါရဲ့ အောင်မြင်မှုတစ်ခုလိုတောင် ခံစားနေရတယ် ”
ဖီးဟိုကလည်း ရယ်သွေးသွမ်းပြောဆိုလိုက်ပါတယ်။

” တကယ်ကို လှတာပဲ..”

ရှီဟောင်က သူ့ရဲ့မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပါတယ်။ သူက ပုံဆောင်ခဲရောင် တလက်လက်တောက်ပနေတဲ့ လင်းယုန်စိမ်းငှက်ဥတွေကို ငေးကြည့်နေပါတယ်။ သူလည်း ကူညီခဲ့ပေမယ့် ၀မ်းသာသလိုတော့ မခံစားရပါဘူး။ သူက ငှက်ဥတွေကို အနီးကပ်သွားရောက်ပြီး စစ်ဆေးကြည့်ရှုချင်ပေမယ့်လည်း အဖွဲ့ထဲမှာကလည်း သူက အငယ်ဆုံးဖြစ်နေတယ်လေ။

အန်းမန်က ပိုမိုနီးကပ်သွားအောင် လျှောက်သွားလိုက်ပြီး ဧရာမငှက်ဥကြီးကို လက်နဲ့ကိုင်လိုက်ပါပြီ။

” အားယိုး..”

အန်းမန်ဆီကနေ ထိတ်လန့်တကြားအော်ဟစ်သံထွက်ပေါ်လာပါတယ်။ သူက ဧရာမငှက်ဥကြီးကို ထိလိုက်ချိန်မှာပဲ လျှပ်စစ်နဲ့အတို့ခံလိုက်သလို လက်တစ်ချောင်းလုံး ထုံကျင်လို့ သွားခဲ့ပါတယ်။

” ဘာတွေဖြစ်နေတာလဲ…”

ကောင်လေးတွေအားလုံးလည်း ရုပ်ရုပ်သဲသဲဖြစ်သွားခဲ့ပါပြီ။ ကျောက်စိမ်းရောင်ငှက်ဥခွံပေါ်က အစက်အပြောက်တွေနဲ့ အမှတ်အသားတွေကလည်း ကောင်းကင်မှာထွန်းလင်းနေတဲ့ ကြယ်ပွင့်တွေအလား လင်းလက်လာခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်လှိုင်းတွေကလည်း လှည့်ပတ်စီးဆင်းနေလို့ပါ။

” အမှန်တကယ်အစွမ်းထက်တာပဲ လင်းယုန်စိမ်းငှက်ဆိုတာ ရှေးဟောင်းသားရဲတွေကနေ ဆင်းသက်လာတာပဲ သူတို့က ရှည်လျားတဲ့ဘ၀သမိုင်းကြောင်းရှိနေတာလေ အရိုးစာသာကျမ်းမှာတော့ သူတို့က သွေးသန့်စင်ဖို့အကောင်းဆုံးတဲ့ ..”

ကောင်လေးတစ်ယောက်က ကြည်လင်ပြတ်သားတဲ့ အသံနဲ့ရှင်းပြလိုက်ပါတယ်။ သူက အရိုးစာသားကျမ်းကို နေ့တိုင်းလေ့လာနေခဲ့တာကြောင့် ဖြစ်နိုင်ချေရှိတာတွေကို အစဆွဲထုတ်နိုင်ခဲ့ပါတယ်။

ကောင်လေးတွေအားလုံးကတော့ တူန်လှုပ်ခြောက်ခြားနေကြသလို ပျော်လည်း ပျော်နေကြပါတယ်။ ဧရာမငှက်ဥကြီးကနေ မွေးဖွားလာမဲ့အရာက သေချာပေါက်ရှားပါးပြီး အစွမ်းထက်မှာပါ။ ဒါ့ကြောင့် အကောင်ပေါက်လေးကလည်း ရှားပါးအဖိုးတန်တဲ့ သွေးမျိုးဆက်ကို အမွှေဆက်ခံရရှိမှာလေ။ အနာဂတ်မှာ သူတို့ရဲ့ ကျောက်ခေတ်ရွာကို ကာကွယ်ချင်ရင်တော့ သေချာပေါက်အစွမ်းထက်နေမှ ဖြစ်မှာပါ။

” အလင်းရောင်တွေက ဥခွံပေါ်က အစက်အပြောက်တွေကနေ စီးဆင်းနေတာပဲ မင်းတို့ရဲ့ လက်နဲ့ ဥကို တိုက်ရိုက်မထိစေနဲ့ ငါတို့မြန်မြန်ပြန်ထွက်မှ ဖြစ်မယ် …”

ရှီဂီဇောင်က အဖွဲ့ခေါင်းဆောင်ပီသစွာပဲ ကြံ့ခိုင်သန်မာလို့နေပါတယ်။ အခုတော့ သူက ဥအကြောင်းနဲ့ ပတ်သက်ပြီးသူ့ရဲ့လူတွေကို အချိန်မဖြုန်းကြဘဲ မြန်မြန်ဆန်ဆန်လုပ်ဆောင်ဖို့ သတိပေးလိုက်ပါတယ်။

ပြောရမယ်ဆိုရင်တော့ သူတို့တွေကလည်း အရင်တည်းကကို ဒီအချိန်တွေအတွက် အရန်သင့်ပြင်ဆင်လို့ ထားခဲ့ပါတယ်။ သူတို့က တိရိစ္ဆာန်သားရေနဲ့လုပ်ထားတဲ့ အိတ်တွေကို ဆွဲထုတ်လိုက်ပြီး ဧရာမငှက်ဥကြီးတွေကို ဂရုတစိုက်ထည့်သွင်းထားလိုက်ပါတယ်။ ကောင်လေးသုံးယောက်က ဧရာမငှက်ဥကြီးတွေကို တစ်ယောက်တစ်လုံးစီ အိတ်ထဲထည့်ပြီး လွယ်ထားလိုက်ကြပါတယ်။

” ဥတွေက အကြီးကြီးတွေပဲ ကျွန်တော်တို့တော့ ကံကောင်းတာပဲ…”

အန်းမန်က အရမ်းကို ပျော်ရွှင်လို့နေပါတယ်။ သူ့ရဲ့ ဟန်ပန်က ရတနာသိုက်တစ်ခုကို ပိုင်ဆိုင်လိုက်တဲ့ သူကြွယ်တစ်ယောက်လို မောက်မာထောင်လွှားနေပါတော့တယ်။ ကောင်မလေးဖီးဟိုကလည်း ရယ်လိုက်ပြီး

” အနာဂတ်မှာ ငါတို့က ကျောက်ခေတ်ရွာရဲ့အကြီးအကဲတွေဖြစ်လာမှာပဲ အာ့ဒီအချိန်ကျရင် ဒီထက်အစွမ်းထက်တဲ့ သားရဲငှက်တွေကို ရလာမှာလေ ရွာအကြီးအကဲအဘိုးနဲ့ ဦးလေးရှီလင်းဟူတို့ကလည်း ငါ့တို့ကို အစွမ်းကုန်ပြုစုပျိုးထောင်ပေးနေတာက ယုံကြည်ချက်ရှိနေလို့ပဲ မဟုတ်လား…”

” အား….”

ရှီဂီဇောင်က ရုတ်တရက်နေရာရွေ့မိလိုက်တာကြောင့် သတိမထားမိဘဲ သစ်သားနက်အသိုက်အောက်ကို ကျွံကျသွားခဲ့ပါတယ်။ သူက အပြင်းအထန်ကျဆင်းသွားခဲ့ပေမယ့် ဟန်ချက်ကို ထိန်းသိမ်းလိုက်နိုင်တာကြောင့် ကံကောင်းသွားခဲ့ပါတယ်။

လင်းယုန်စိမ်းငှက်ဥတွေရှိရာနေရာက ရွှေပိုးမြက်တွေနဲ့သာ ဖုံးလွှမ်းထားတာပါ။ ဒါပေမယ့် အသိုက်ရဲ့အလည်မှာတော့ အေးမြတဲ့သတ္တုရောင်လက်လက်ဖြာထွက်နေတဲ့ အရာတစ်ခုရှိနေပါတယ်။ ရှီဂီဇောင်က သတိအနေအထားနဲ့ ရှိနေပေမယ့်လည်း သူ့ရဲ့ခြေဖဝါးကနေ သွေးတွေထွက်လာခဲ့ပြီး ဖိနပ်ကိုတောင်မှ စိမ့်ထွက်လာပါတယ်။ ကံကောင်းတာတစ်ခုကတော့ ဒဏ်ရာက အပေါ်ယံအရေပြားပြတ်ရှရာလေးတစ်ခုဖြစ်နေတာပါပဲ။

” ဒါက ချွန်ထက်နေတဲ့ အကြေးခွံပဲ…”

ရှီဟောင်က အစိမ်းရောင်အကြေးခွံလေးကို ကောက်ယူသိမ်းဆည်းလိုက်ပါတယ်။ အကြေးခွံစိမ်းကတော့ ပိုးစုန်းကြူ းတစ်ကောင်လို အလင်ရောင်မှိန်မှိန်လေး ထွက်ပေါ်လို့နေပါတယ်။

” လင်းယုန်စိမ်းငှက်ကြီးရဲ့ အကြေးခွံဖြစ်မယ်ထင်တယ် ဒါကသာမန်မဟုတ်ဘဲ အံ့သြစရာတော့ကောင်းသားဟ ငါ့ရဲ့ ၁၀၀ဂျင်အလေးချိန်ရှိတဲ့ ရှေးဟောင်းဓားတောင် ဒီအကြေးခွံကို ပိုင်းဖြတ်နိင်မယ်မထင်ဘူး….”

ကောင်မလေဖီးဟိုကလည်း ပြောလိုက်ပါပြီ။ကောင်လေးတွေက ဒီနေရာမှာ နည်းနည်းလေးမှ အချိန်မဖြုန်းရဲတော့ပါဘူး။ သူတို့က မြန်မြန်ဆန်ဆန်ပဲ သစ်သားနက်အသိုက်ထဲကနေ ချောက်ကမ်းပါးတစ်လျောက်ကို ဆင်းလိုက်ပါတယ်။ သူတို့ကအရမ်းကို လျှင်မြန်စွာပဲ မြေပြင်ပေါ်ကို ပြန်ရောက်လာချိန်မှာတော့ ချွေးတွေကို သုတ်ပစ်လိုက်ပြီး အသက်ကို ပြင်းပြင်းလုရှူနေရပါတယ်။

” ဘယ်လိုလဲ မင်းတို့ ဘာတွေရလာသေးလဲ….”

ကောင်လေးတွေအားလုံးကပြန်စုဝေးမိသွားကြပါပြီ။

“ဟ ဟ ဟ ငါတို့တော့ ငှက်ဥတွေအများကြီး ရလိုက်တာပဲ ကံကောင်းလိုက်တာ…”

အန်းမန်က အားရပါးရရယ်မောလို့နေပါတယ်။ ကောင်လေးတွေကလည်း သရေအိတ်ကို ဖွင့်လိုက်ပြီး အထဲကို ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ ရေအင်တုံတစ်လုံးစာလောက်ကြီးတဲ့ ငှက်ဥတွေကိုတွေ့လိုက်ရတဲ့အခါမှာတော့ ဆွံ့အလို့သွားကြပါတယ်။ ငှက်ဥကနေ လျှို ု့ဝှက်ဆန်းကြယ်တဲ့ အစက်အပြောက်တွေကလည်း ကျောက်မျက်ရတနာတွေလို ထွန်းလင်းလို့နေပါတယ်။

” ဒါအမှန်တကယ်ကို အစွမ်းထက်တဲ့သားရဲငှက်ရဲ့ ဥတွေပဲ ငါတို့ရဲ့ ကျောက်ခေတ်ရွာတော့ နောင်တစ်ချိန်မှာ အမြင့်ပျံတဲ့ငှက်လို ကျော်ကြားဦးတော့မှာပဲ…”

” တော်လောက်ပြီး ဒီနေရာကနေ သွားကြမယ်….”

သူတို့ကအရမ်းကို ပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေကြတာပါ။ သူတို့ရောက်နေတဲ့နေရာက လင်းယုန်စိမ်းငှက်ကြီးရဲ့ သစ်သားနက်အသိုက်မှာဖြစ်တာကြောင့် ချောက်ကမ်းပါးတောနက်ကြီးထဲကနေ မြန်နိုင်သမျှ မြန်အောင်ထွက်ခွာဖို့ လိုအပ်နေပါတယ်။

” အခုချိန်ထိတော့ အားလုံးချောချောမွေ့မွေ့ပဲ ဒီနေရာကနေ မြန်မြန်ထွက်မှတော့ ဖြ၀်မယ်…”

ချောက်ကမ်းပါးသစ်တောနက်ကြီးရဲ့ မြေပြင်ပျော့ပျော့ပေါ်က သစ်ပင်ကြီးတွေက အရမ်းကိုကြီးမားသလို သူတို့ရဲ့ အရွက်ထူထူကြီးတွေကလည်း သိပ့်သည်းအောင်ဖုံးလွှမ်းလို့နေပါတယ်။ မိုးထိမတတ်မြင့်မားလှတဲ့ သစ်ပင်ကြီးတွေကြောင့် နေပျောက်မထိုးနိုင်အောက်အောင် မှောင်မည်းနေပါတယ်။ ဧရာမသစ်ပင်ကြီးတွေ ဘေးပတ်၀န်းကျင်ကနေ အတုန်းအရုန်းပေါက်ရောက်နေတဲ့ နွယ်ပင်ကြီးတွေလည်း မြွေနဂါးတွေအလား လှုပ်ယမ်းနေခဲ့ပါတယ်။ အနက်ရှိုင်းဆုံးသော တောနက်အတွင်းတစ်နေရာကနေ သားရဲကောင်ကြီးတွေရဲ့ ဟိန်းဟောက်သံတွေကလည်း စည်ချက်ညီညီထဠက်ပေါ်လို့နေပါတယ်။

ကောင်လေးတွေအဖွဲ့ရောက်ရှိနေတဲ့ အခုနေရာက ကျောက်ခေတ်ရွာနဲ့ အရမ်းတော့ မဝေးသေးပါဘူး။ သူတို့တွေက တောအတွင်းပိုင်းထက်စာရင် အတော်လေးကို လုံခြုံတဲ့နေရာမှာ ရှိနေပါသေးတယ်။ သူတို့တွေဟာ အမှတ်တကယ်တော့ ကြမ်းကြုတ်ရက်စက်တဲ့ သားရဲကောင်ကြီးတွေရှိတဲ့ နေရာကို မသွားရဲသေးကြဘူးလေ။

” ငါတို့နောက်ကနေ စွမ်းအင်လှိုင်းတွေ ပေါက်ကွဲထွက်လာပါလား တစ်ယောက်ယောက် ငါတို့နောက်ကို လိုက်လာနေပြီး ပြေးကြတော့..”

ကောင်လေးတွေအဖွဲ့က အရမ်းကို စိတ်လှုပ်ရှားမှုတွေဖိစီးလို့လာပါတယ်။ သူတို့ရဲ့ စိတ်ဝိညာဉ်ထဲကနေတောင် ခြောက်ခြားစိုးရိမ်မှုတွေကို ခံစားရလာခဲ့ပါတယ်။ ပြီးတော့ လင်းယုန်စိမ်းငှက်ကြီးဆိုတာ ကျောက်ခေတ်ရွာရဲ့ အားအကောင်းဆုံးသော အရွယ်ရောက်ပြီးသူတွေတောင် ဒူးတုန်အောင် ကြောက်လန့်ရပါတယ်။ ဒါ့ကြောင့် အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ အသိုက်ထဲကနေ ငှက်ဥတွေကို ခိုးယူပြီးထွက်ပြေးလာနိုင်တာကို အောင်မြင်မှုတဝ်ခုလို့ မထင်ကြတော့ပါဘူး။

ကောင်လေးတွေဟာ ကျောက်ခဲကျောက်ဆောင်တွေကြားကနေ တိုးထွက်လာချိန်မှာပဲ ရုတ်တရက် ကျယ်ပြောလှတဲ့ကောင်းကင်ပြာကြီးထဲကနေ ငှက်အော်သံပေါ်ထွက်လာခဲ့ပါပြီ။ ကျယ်လောင်စူးရှလှတဲ့ ငှက်အော်သံကြီးက ကောင်လေးတွေရဲ့ နားထဲကို အရမ်းကို ချွန်ထက်လှတဲ့ သံချွန်တွေနဲ့ ထိုးစိုက်ခံရသလို မြည်ဟိန်းလို့သွားခဲ့ပါတယ်။

” အကြေးခွံစိမ်းလင်းယုန်ငှက်ကြီး ပြန်လာတာနေမယ် သူ့ရဲ့ဥတွေကို မတွေ့တော့တာကြောင့် အရူးတစ်ပိုင်းဖြစ်သွားပြီ…”

” မြန်မြန် ပြေးကြမယ်ကွ…”

ရှီဟောင်က ကြီးမားလှသစ်ပင်တွေကြားထဲကနေ မိုးကောင်းကင်ကို သူ့ရဲ့အရမ်းကိုတောက်ပနေတဲ့ မျက်၀န်းများနဲ့ကြည့်လိုက်ပါတယ်။ သူက ကောင်းကင်ပြင်ကြီးထဲကနေ အရိပ်တစ်ခုက လေအလျှင်လို သူတို့ဆီ ပျံသန်းလာတာကို တွေ့လိုက်ရပါပြီ။

မိုးကောင်းကင်ပြင်ကြီးကနေ လေဟုန်ခွင်းသံတွေကလည်း တဝုန်းဝုန်းအော်မြည်လာပါတယ်။ အရမ်းကိုကြီးမားတဲ့ငှက်ကြီးတစ်ကောင်က ချောက်ကမ်းပါးတောကြီးကိုဖြတ်ပြီး ချိုးငှက်တစ်ကောင်လို အမြန်နှုန်းနဲ့ဆင်းသက်လာခဲ့ပါပြီ။ ငှက်ကြီးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက စိမ်းပြာရောင်တဖိတ်ဖိတ်တောက်ပနေပြီး အအေးအလင်းတွေ စီးဆင်းနေတာကြောင့် ကောင်လေးတွေအရမ်းကို အံ့သြနေခဲ့ကြပါတယ်။

အခုတော့ ကောင်လေးတွေဟာ သူတို့နဲ့ မနီးမဝေးနေရာက ကောင်းကင်ယံထက်မှာ ပျံသန်းနေတဲ့ ဧရာမငှက်ကြီးကို တွေ့နေကြရပါပြီ။ ငှက်ကြီးရဲ့ အမြန်နှုန်းက မိုးကောင်းကင်ထက်ကနေ ကြယ်တစ်လုံးကြွေကျလာသလို အရမ်းကို မြန်ဆန်လို့နေခဲ့ပါတယ်။ ဒီလိုအမြန်နှုန်းဟာ အရမ်းကိုကြောက်မက်ဖွယ်ရာကောင်းလို့ နေပြီလေ။

” ချီးတဲ့မှပဲ သေစမ်း အာ့လောက်တောင်ကြီးတဲ့ငှက် . ပြေးမှ …”

ကောင်လေးတွေရဲ့ တုန်လှုပ်ခြောက်ခြားနေသံတွေက မိုးပြိုမခမ်းထွက်ပေါ်လာပြီး ငိုသံတောင်ပါလာခဲ့ကြပါတယ်။

ဧရာမငှက်ကြီးရဲ့ ခန္ဓာကိုယ်က ၇မီတာ ၈မီတာလောက်ကြီးမားပြီး သူ့ရဲ့အတောင်ပံတွေကိုပါ ဖြန့်ကားလိုက်မယ်ဆိုရင် ၁၅မီတာလောက်အထိတောင် ဖုံးလွှမ်းသွားပါလိမ့်မယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း အစိမ်းရောင်အကြေးခွံတွေ ပြည့်နှက်လို့ နေပါတယ်။ သူ့ဆီက ပျက်စီးခြင်းအော်ရာတွေနဲ့ ညှဉ်းဆဲလိုခြင်းအော်ရာတွေကလည်း အရောင်အဝါတ်မျိုးဖြာထွက်နေပါတယ်။

ကောင်လေးတွေအဖွဲ့လည်း ချောက်ကမ်းပါးသစ်တောကြီးကို နယ်မြေကျွမ်းကျင်မှုအဖြစ် အသာစီရယူပြီး အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးဆီကနေ လွတ်မြောက်နိုင်ဖို့ ကြောက်ကြောက်ရွံ့ရွံ့ပြေးလွှားနေကြပါတယ်။ သူတို့က ကြမ်ကြုတ်ရက်စက်တဲ့သားရဲကောင်ကြီးတွေလက်ကနေ လွတ်မြောက်နိုင်မဲ့ လျှိ ု့ဝှက်ပုန်းခိုကျင်းတွေဆီကို ဦးတည်ပြေးသွားကြပါတယ်။

” ဝေါ…”

” ဝုန်း….”

မိုးထိမတတ်မြင့်မားနေတဲ့သစ်ပင်ကြီးတွေရဲ့ အကိုင်းအခက် အရွက်အားလုံးဟာ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးတောင်ပံရိုက်ချက်တွေကြောင့် အပိုင်းပိုင်းအစစရိုက်ချိုးခံရပြီး နေရာတိုင်းကို ပျံ့ကျဲလွှင့်စင်သွားခဲ့ပါတယ်။ ကြည့်ရတာတော့ သူ့ရဲ့ လမ်းကြောင်းမှာ တားဆီးထားသမျှအရာတွေကို နှင်းချေဖျက်စီးပစ်မယ်မှန်း ထင်ရှားနေပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက တုန်လှုပ်ခြောက်ခြားစရာကောင်းအောင် အပြင်းအထန်အော်ဟစ်လို့နေပါသေးတယ်။ ကောင်လေးတွေအားလုံးကတော့ မျက်နှာမှာ သွေးဆုတ်ဖြူရော်လာခဲ့ပြီး ဖြစ်နိုင်ရင် ဒီနေရာကနေတောင် ကိုယ်ပျောက်လို့သွားချင်နေခဲ့ပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက နဂါးတစ်ကောင်လိုကြောက်စရာကောင်းလှပြီး သူ့ရဲ့ သံမဏိတောင်ပံနှစ်ဖက်ကိုရမ်းခါရင်း အရာအားလုံးကို ဖျက်စီးပစ်နိုင်ပုံပါပဲ။

သူဟာ အရမ်းကိုအစွမ်းထက်လှပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကြီးက ကျောက်ဆောင်တွေလိုမာကျောလှပြီး ကျယ်ပြန့်တဲ့တောင်ပံတွေကလည်း ဓားသွားတွေလိုပါပဲ။ ဒါက တောင်ကြီးတောင်ငယ်တွေကို ထိုးဖောက်ဖျက်စီးနိုင်စွမ်းရှိပြီး သစ်တောသစ်ပင်တွေကိုလည်း ချိုးဖျက်ပစ်နိုင်စေပါတယ်။

ဧရာမငှက်ကြီးရဲ့ ခန္ဓာကိုယ်တစ်ခုတည်းက အမွှေးတွေရှိနေတာမဟုတ်ပါဘူး။ ကြီးမားလွန်းလှတဲ့ လင်းယုန်ငှက်ကြီးနဲ့ တူနေရုံလေးပါ။ ပြီးတော့ တုန်လှုပ်ဖွယ်ရာအော်ရာတွေပြည့်နှက်နေပြီး သတ္တုရောင်တောက်ပနေတဲ့ အကြေးခွံတွေက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ နှုတ်သီးက အနက်ရောင်အလင်းတန်းတွေထွက်နေပြီး လှံတစ်ချောင်းလို ထက်မြလှပါတယ်။ နှုတ်သီးကြီးက တစ်မီတာနီးပါးရှည်လျားလှပြီး သားရဲကောင်တွေရဲ့ သွေးစက်တို့ ပေကျံနေဆဲပါပဲ။ အာ့ဒါကပဲ သူ့ကို အမဲလိုက်ရာကနေပြန်လာမှန်း သိသာစေပါတယ်။ ဒါ့အပြင် သူ့ရဲ့ခြေသည်းတွေကလည်း ပိုပြီး စိုးရွံ့စရာကောင်းနေပါတယ်။ သူ့ရဲ့ ခြေသည်းကြီးတွေက တစ်မီတာလောက်ရှည်ပြီး အရမ်းအရမ်းကို ချွန်ထက်နေတာကြောင့် ဆင်တစ်ကောင်ရဲ့ကျောကိုတောင် အလွယ်တကူထိုးဖောက်နိုင်စွမ်းရှိပါတယ်။ ဆူးပင်တွေလိုချွန်ထက်တဲ့ခြေသည်းတွေက သူ့ရဲ့သားရဲကောင်အမဲတွေရင်ဘတ်ကို အလွယ်တကူပဲ ဖွင့်ထုတ်နိုင်ပုံပါ။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ခေါင်းကနေလည်း အပူရှိန်တဟီးဟီးထွက်လို့နေပါတယ်။

ပြောရမယ်ဆိုရင်တော့ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးရဲ့ ခန္ဓာကိုယ်က ရေခဲလိုအေးစိမ့်နေပြီး စိမ်းပြာရောင်အကြေးအခွံတွေက အလွှာလွှာအထပ်ထပ်ဖုံးလွှမ်းနေတာပါ။ သူ့ရဲ့ ခန္ဓာကိုယ် တောင်ပံနှစ်ဖက် နှုတ်သီး ခြေသည်းတွေအားလုံးဟာ သူ့ရဲ့ကြောက်မက်ဖွယ်ရာကောင်းလှလက်နက်ကြီးတွေပါပဲ။

” ဝုန်း…”

ပြိုကျပျက်စီးသံကြီးတစ်ခုဖြစ်ပေါ်လာပြီး တောင်ကုန်းငယ်တစ်ခုက လုံး၀ဖျက်စီးခံလိုက်ရပါတယ်။ ၁၀၀ဂျင်အလေးချိန်ခန့်ရှိတဲ့ ကျောက်တုံးကျောက်ခဲတွေကလည်း မိုးသီးမိုးပေါက်တွေလို ပြန့်ကျဲသွားခဲ့ပါတယ်။ ဒါက အရမ်းကို တုန်လှုပ်စရာကောင်းလှတဲ့ မြင်ကွင်းတစ်ခုပါပဲ။ လမ်းကြောင်းရှာပြီး ပြေးလွားနေတဲ့ကောင်လေးတွေရဲ့ ဆံပင်တွေနဲ့ အရိုးတွေတောင် အေးစိမ့််မှုတွေကို ခံစားလိုက်ရပါတယ်။ အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးက ရိုးရှင်းစွာပဲအင်အားကြီးမားလွန်းလှပါတယ်။ သူတို့ရဲ့လမ်းကြောင်းတွေတစ်လျှောက်ပိတ်ဆို့တိုက်ခိုက်ခံရပြီး မလွတ်မြောက်နိုင်ရင် ကောင်လေးအဖွဲ့ထဲက တော်တော်များများအဆုံးသတ်ဖွယ်ရှိနေပါတယ်။

အကြေးခွံစိမ်းလင်းယုန်ငှက်ကြီးကလည်း ချောက်ကမ်းပါးသစ်တောကြီးရဲ့နယ်ပယ်တော်တေ်ာများကို အားရအောင်ဖျက်စီးပစ်လိုက်ပြီး ကောင်းကင်ယံမှာ ရစ်ဝဲပျံသန်းလို့နေပါတယ်။ သူ့ရဲ့ ချွန်ထက်လှတဲ့ ခြေသည်းတွေနဲ့ နှုတ်ခမ်းကြီးကို အဆင်သင့်ပြင်ဆင်ရင်း တောကြီးထဲမှာ ပြေးလွားနေကြတဲ့ ကောင်လေးတွေကို သတ်ဖြတ်နိုင်ဖို့ အသေအချာကြည့်လိုက်ပါတယ်။

” ဒီနေရာက ရွာနဲ့ သိပ့်မဝေးတော့ဘူး မြန်နိုင်သမျှ မြန်အောင် ပြေးကြတော့..”

ကောင်လေးတွေလည်း အသံကုန်အော်ဟစ်လို့ ပြောလိုက်ပါတယ်။

***

Comment

Leave a Reply

Options

not work with dark mode
Reset