Switch Mode

Chapter – 228

သူက နတ်ဘုရား

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၈ သူက နတ်ဘုရား။

ဖုန်း။
ပေါက်ကွဲသံကြီးတစ်သံ ထပ်မံ ထွက်ပေါ်လာ၏။ အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ ယဲ့ရှောင်ကြောင့် ကောင်းကင်ကနေ ပြုတ်ကျလာပြီး ကြီးမားသည့် တောင်ကြီးကို ဝင်တိုက်မိသွား၏။ ထိုအခေါက်တွင် သူက တစ်တောင်လုံးကို ဖျက်ဆီးပစ်လိုက်သည်။ သက်ရောက်မှုက ပြင်းထန်လွန်း၏။
သူက မြေကြီးပေါ် ပြင်းထန်စွာ ကျရောက်သွားပြီး သူ့ကြောင့် မူလက ပြားနေပြီးသား မြေပြန့်သည် တွင်းနက်တစ်ခု ဖြစ်သွားကာ ပေထောင်ချီ ကျယ်ဝန်းသည့် တွင်းနက်ကြီး ဖြစ်သွားလေ၏။
သူ့ရင်ထဲ၌ ဖရိုဖရဲဖြစ်နေတာကို ခံစားမိပြီး ဖြစ်သည်။ ထိုလူသား၏ လက်သီးက အဘယ်ကြောင့် ထိုမျှ သန်မာရသနည်း။
သူသည် အစွမ်းထက်သော ရုပ်ခန္ဓာဖြင့် အံ့ဖွယ်ချီရှန်းတစ်ယောက်သာ မဟုတ်ခဲ့လျှင် သူသေနေလောက်ပြီ ဖြစ်သည်။
မဟုတ်ပေ။ ဤအတိုင်း ဆက်လက် တိုက်ခိုက်၍ မရ။ သူက ဤအတိုင်း ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ထိန်းထားနိုင်တော့မှာ မဟုတ်ပဲ သေချာပေါက် သေဆုံးပေလိမ့်မည်။
သူ ထွက်ပြေးရန် လိုအပ်သည်။
သူက ထွက်ပြေးတော့မည့်အချိန်၌ သူ၏ ခန္ဓာကိုယ်က အချိန်မှီ တုံ့ပြန်နိုင်ခြင်း မရှိပေ။
နောက်တစ်စက္ကန့်၌ သူက နေရာမှာတွင် တောင့်ခဲသွားကာ မလှုပ်ရဲတော့ချေ။
သူ၏ နဖူးပေါ်မှ ချွေးစီးများ ကျလာပြီး နဖူး၌ စီးနေလေ၏။
” မလှုပ်နဲ့။ မင်းကို မေးခွန်းနည်းနည်း မေးချင်လို့ ”
ဂလု။
သူက တံတွေးမြိုချလိုက်သည်။
ဖုန်း။
နောက်တစ်စက္ကန့်တွင် ယဲ့ရှောင်၏ လက်သီးက သူ၏ ရင်ဘက်ကို ရုတ်တရက် တိုက်ခိုက်လိုက်ရာ လက်သီးက သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားတော့၏။
” အား ”
သူက လတ်လတ်ဆတ်ဆတ် သွေးများတစ်ပွက် အန်တော့၏။ သူ၏ မျက်လုံးများက ရဲတွတ်သွားကာ သွေးများ ပြည့်သွားတော့၏။
မျိုးမစစ်။
သူက တံတွေးမြိုချရုံသာ တတ်နိုင်ပြီး အမှန်တကယ် လှုပ်ရှားချင်လိုက်၏။
မှားသွားတာများလား။
” မင်းကို မလှုပ်ဖို့ ပြောတာပဲ ”
ယဲ့ရှောင်ကို သူ့လက်ကို ဆွဲထုတ်လိုက်ပြီး လတ်လတ်ဆတ်ဆတ် သွေးများက သူ၏ လက်သီးကနေ စီးကျနေလေ၏။ ပြီးနောက် သူက တည်ငြိမ်သော အမူအယာဖြင့် ပြောလိုက်တော့သည်။
” ကြယ်တာရာသားရဲတွေ စီစဥ်နေတာ နှစ်ပေါင်းရာချီနေပြီ။ ဘယ်အခြေအနေကို ရောက်ပြီလဲ။ မင်း မသိဘူးလို့ ငါ့ကို မပြောနဲ့နော်။ မင်းက အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲတစ်ကောင်။ မင်းရဲ့ သက်တမ်းက နှစ်ထောင်ချီ ရှည်နေလောက်ပြီ။ မင်း မသိတာ မဖြစ်လောက်ဘူး ”
တစ်ဖက်သူက သူ မလွတ်မြောက်နိုင်မှန်း သိပြီးသား ဖြစ်၏။ ဒဏ်ရာပြင်းပြင်းထန်ထန်နှစ်ခု ဆက်တိုက် ရထားပြီးနောက် သူ့အဖို့ မတ်မတ်ထပ်ရန်တောင် မဖြစ်နိုင်တော့ရာ ထွက်ပြေးလျှင် ပြောနေရန် မလိုတော့ချေ။
” မင်းကို ပြောပြမယ်လို့ ထင်နေလား ”
ဂျွတ်။
ယဲ့ရှောင်သည် သူ၏ လက်သည်းကို နင်းချေလိုက်ရာ နာကျင်မှုကြောင့် သူ အံကြိတ်လိုက်ရတော့သည်။
” မင်းကို ဖြေခွင့်ပဲ ပေးထားတာ။ မေးခွင့် မပေးဘူး ”
” ငါ့ကို သတ်လိုက်။ သတ္တိရှိရင် ငါ့ကို တန်းသတ်လိုက်လေ။ ငါ့ဆီကနေ ဘာလိုချင်နေတာလဲ။ မဖြစ်နိုင်တာ ”
ယဲ့ရှောင်က မျက်မှောင် အနည်းငယ် ကျုံ့သွား၏။ ထိုလူက ဖြေရှင်းရလွယ်ပုံ မပေါ်ပေ။ ထိုသို့ဆိုလျှင် သူနှင့် အချိန်ဖြုန်းနေရန် မလိုအပ်တော့ပေ။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသက်သွင်းပြီးနောက် ချက်ချင်းပင် သူ၏ ဝိညာဥ်ကို ကျူးကျော်လိုက်၏။
သို့သော်ငြား ထိုစဥ် တစ်ဖက်လူက ရုတ်တရက် ရယ်မောလာလိမ့်မည်ဟု သူ မထင်ထားပေ။
” ဟား ဟား ဟား ဟား။ မင်း လှည့်စားခံလိုက်ရပြီ။ ငါက ငါကိုယ်တော်ရဲ့ အသိစိတ်ကို မင်း ရှာဖွေလာပါစေလို့ စောင့်နေခဲ့တာ ”
” ငါ့ရဲ့ အသိစိတ်ကို ရှာဖွေဖို့ မင်းရဲ့ ဝိညာဥ်စွမ်းအားကို မသုံးခဲ့ဖူးဆိုရင် ငါ မင်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ စိတ်စွမ်းအားကို သုံးလိုက်ပြီဆိုတော့ မင်း အပြီးသတ်သွားပြီပဲ။ ငါ့ ပင်မခန္ဓာက သိုင်းပညာရပ်မှာ အတော်ဆုံး မဟုတ်ဘူး။ စိတ်စွမ်းအားနဲ့ ဝိညာဥ်တိုက်ကွက်က အတော်ဆုံးပဲ ”
နောက်တစ်စက္ကန့်တွင် သူ၏ ဝိညာဥ်ခန္ဓာက ယဲ့ရှောင်၏ စိတ်စွမ်းအင်နောက် လိုက်သွားကာ သူ့စိတ်ထဲသို့ တစ်ဟုန်ထိုး ဝင်လာလေ၏။
သူ နိုင်သွားပြီ။
ဖြစ်စဥ်က အလွန်အန္တရာယ်များသော်ငြား နောက်ဆုံးရလဒ်က မပြောင်းလဲသေးပေ။
ထို့အကြောင်းအရင်းကြောင့် သူက ကြယ်တာရာသားရဲတစ်ကောင်အနေဖြင့် ကျုံးမြို့သို့ လာရဲတာပဲ ဖြစ်သည်။ သူ၏ ပင်မခန္ဓာက အရိပ်လင်းနို့သွေးမျိုးဆက် ရှိသည်။ သူ၏ အသန်မာဆုံး မွေးရာပါ စွမ်းရည်က စိတ်ခွန်အားနှင့် ဝိညာဥ်တိုက်ခိုက်မှုပဲ ဖြစ်သည်။
သူ၏ ကျင့်စဥ်က လုံလောက်အောင် မမြင့်မားဟု တွေးမိကြသည့် သူ့ထက် ပိုသန်မာသည့် အံ့ဖွယ်ဂိုဏ်းများက မကြာမဏ ရောက်လာလေ့ရှိပြီး သတိလက်လွှတ်နိုင်လွန်းသည်။ အဆုံးတွင်မူ သူတို့အားလုံးက သူ့လက်ထဲ၌ သေကုန်၏။ ယခု ယဲ့ရှောင်အတွက်လည်း တူညီသည်။
သူက ထိုကောင်ကို သတ်ပြီး သူ၏ သွေးအဆီအနှစ်ကိုဝါးမြိုလိုက်သရွေ့ ပိုတောင် သန်မာသည့် တည်ရှိမှုအဖြစ် အဆင့်တက်ရန် လုံလောက်သွားပေလိမ့်မည်။ သူ၏ လက်ရှိ သိုင်းခွန်အား ချို့တဲ့မှုအတွက် ဖြည့်တောင်ဖြည့်နိုင်လောက်သည်။
သို့သော်ငြား သူက ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ယဲ့ရှောင်၏ ဝိညာဥ်ခန္ဓာကို တွေ့ရသည့်အချိန်၌ ယင်းတို့က အတွေးနက်သွားတော့သည်။
ဒါ ဘယ်လိုအခြေအနေမျိုးလဲ။ သူ့ကို ဟာသလုပ်နေတာလား။ ဒီလူသားက ဝိညာဥ်စွမ်းအား ကျင့်ကြံတယ်တဲ့လား။
သူတို့ ကိုယ်ပိုင်ဝိညာဥ်ထဲမှာ ခန္ဓာရှိနေပြီး နှစ်ထပ်တိုက် အဆောက်အဦးလောက် ရှိနေတာလေ။
ပြီးတော့ တစ်ဖက်သူရဲ့ ဝိညာဥ်ရုပ်သဏ္ဍန်က ဆယ်ထပ်လောက်မြင့်ပြီး တစ်ဖက်သူရှေ့မှာဆို သူက အရွယ်မရောက်သေးတဲ့ ကလေးလိုပဲ။ တစ်ဖက်သူကို ကစားဖို့ သူ အရည်အချင်း မမှီတဲ့ပုံပဲ။
ယဲ့ရှောင်က ပြောလိုက်တော့၏။
” မင်း အံ့သြသွားလား။ အံ့သြသွားသလား ”
ထောက်။
သူက ဖင်ထိုင်ရက် ပြုတ်ကျသွား၏။ အရိပ်လင်းနို့၏ ဝိညာဥ်က စိတ်ပျက်အားငယ်မှုတို့အပြည့် ဖြစ်ကုန်သည်။
သူက တစ်ပါးသူကို အနိုင်ယူရန် တစ်ပါးသူ၏ ခန္ဓာကိုယ်ကို ဝိညာဥ်စွမ်းအင်ဖြင့် ဦးစွာ ဝင်ပြီးနောက် တစ်ဖက်သူ၏ ဝိညာဥ်ကို စုတ်ဖြဲပစ်တာပဲ ဖြစ်သည်။ ဤနည်းဖြင့် သူသည် တစ်ပါးသူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် ရရှိပြီး သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ကို ပြုပြင်နိုင်မည်ဖြစ်ကာ သူ၏ ကိုယ်ပိုင် ခန္ဓာဆီသို့ သွားနိုင်လိမ့်မည်။
နောက်ဆုံးတွင် သူက တစ်ဖက်သူ၏ ခန္ဓာကိုယ်ကို စားနိုင်လိမ့်မည်။
ယခု သူက ယဲ့ရှောင်၏ ခန္ဓာကိုယ်ထဲ၌ ရှိနေပြီး သူက ယဲ့ရှောင်၏ ဝိညာဥ်ကို အနိုင်ယူနိုင်မှာ မဟုတ်တာ သေချာ၏။ သူ၏ ဝိညာဥ်ကို အနိုင်မယူနိုင်လျှင် သူ မပြန်သွားနိုင်ဟု ဆိုလို၏။
သူ အပြီးသတ်သွားသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။
” ကျုပ် လက်ခံသွားပါပြီ။ တကယ် လက်ခံသွားပါပြီ။ မင်းက တကယ်ရော လူသားဟုတ်ရဲ့လား။ မင်းက လူသား မဟုတ်ဘူးလို့ ငါ သံသယဝင်မိတယ် ”
ယဲ့ရှောင်က ထူးမခြားနား ပြောလိုက်သည်။
” ငါ မေးတာဖြေ ”
” ပြောရင် မင်းငါ့ကို လွှတ်ပေးမှာလား ”
” ဟုတ်တယ် ”
” ဒါဆို ငါပြောမယ် ”
အရိပ်လင်းနို့က လက်နှစ်ဖက်ကို ဖြန့်လိုက်၏။
” ရိုးရိုးသားသား ပြောရရင် ငါလည်း မသိဘူး။ မလှုပ်ရှားနဲ့ဦး။ ငါပြောတာ အမှန်ပဲ။ ငါတို့ ကြယ်တာရာသားရဲတွေက မျိုးနွယ်စု ကြယ်တာရာသားရဲတွေ ထိန်းချုပ်တာ မခံတာကြောင့် ငါတို့မှာလည်း အဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ ငါ့လိုပေါ့။ ငါက ရှီလင် နတ်ဘုရားဆီကပဲ။ ပြီးတော့ တချို့ကြယ်တာရာသားရဲတွေက ကျားနတ်ဘုရား ဒါမှမဟုတ် တခြားနတ်ဘုရား ကြယ်တာရာသားရဲတွေ လက်အောက်ကလေ ”
” အပေါ်ယံမှာတော့ ငါတို့တွေက ကြယ်တာရာသားရဲတွေနဲ့ တူပေမဲ့ လက်တွေ့မှာတော့ ငါတို့တွေက ယှဥ်ပြိုင်နေကြတာပဲ။ လူသားတွေကို ဘယ်သူက ပိုမြန်မြန် ဝါးမြိုနိုင်လဲဆိုတာ သိဖို့ ယှဥ်ပြိုင်နေကြတာ။ ကျူးကျော်တဲ့ အစီအစဥ်လုပ်တဲ့ သူတွေက စူပါအံ့ဖွယ်သားရဲတွေပဲ။ တာဝန်ယူထားတဲ့ သူတွေက အံ့ဖွယ်သားရဲတွေပေါ့။ ငါတို့ ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ဂိုဏ်းက တကယ်တော့ အလုပ်သမားတစ်ယောက်ပဲ ”
ယဲ့ရှောင်က မျက်ခုံး အနည်းငယ် ပင့်လိုက်ပြီး သူ၏ အမူအယာက အနည်းငယ် တည်ကြည်သွားလေ၏။
ကြယ်တာရာသားရဲများက အလွန်သန်မာပုံပေါ်သည်။ ရှန်းထျန်း နဝမအဆင့် အံ့ဖွယ်ကြယ်တာရာသားရဲတစ်ကောင်ကို အလုပ်သမားတစ်ဦးအဖြစ်သာ သတ်မှတ်နိုင်သည်။
ထိုသို့ဆိုလျှင် အာဏာကို အမှန်တကယ် ဆုပ်ကိုင်ထားသည့် ကြယ်တာရာသားရဲများ မည်မျှ သန်မာမည်နည်း။
ယခုအချိန်၌ ယဲ့ရှောင်သည် သာမန် လူသားများဆီကနေ ဘုရင်နှင့် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များဖုံးကွယ်နေထိုင်ရသည့် အကြောင်းအရင်းကို ရုတ်တရက် သဘောပေါက်သွားပြီ ဖြစ်၏။
အာကာသစစ်မြေပြင်ထဲရှိ ဖိအားက အမှန်တကယ် ကြီးမားလွန်းသည်။
မြေပြင်ပေါ်ရှိ လူသားများသည် သားရဲကပ်ဘေးနှင့် ရင်ဆိုင်တွေ့ရသည့်အခါ ကြောက်လန့်နေလေရာ ထိုအံ့ဖွယ်သားရဲများနှင့် စူပါအံ့ဖွယ်သားရဲများအကြောင်း ကြားလိုက်ရသည့်အချိန်ဆို ပြောနေရန် မလိုတော့ပေ။
သိုင်းပညာရှင်တစ်ဦး၏ သိုင်းပညာရပ်လမ်းကြောင်းက ရှေ့ဆက်သွားပြီး မင်းက ၄င်းကို ပံ့ပိုးပေးနိုင်ရန် သတ္တိရှိရမည်။
ကြယ်တာရာသားရဲများက အစွမ်းထက်လွန်းပြီး အနိုင်ယူရန် ခက်ခဲဲကြောင်း သူတို့ သိသွားလျှင် လူသားမျိုးနွယ်က အရေးနိမ့်နေမှာပဲ ဖြစ်သည်။
ထိုသို့သာဆိုလျှင် များပြားလှသည့် လူများက သူတို့ ၏ မျှော်လင့်ချက်များ ကင်းမဲ့သွားလျှင် လူသားမျိုးနွယ်က စိတ်ပျက်အားငယ်မှုအထိ ကျရောက်သွားလိမ့်မည်။
လူသားမျိုးနွယ်သည် လမ်းညွှန်ပြသပေးရန် လိုအပ်နေပြီး ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် တတိတိ စောင့်ရမည်။
သိုင်းပညာရှင်များသည် သိုင်းပညာရပ် လမ်းကြောင်းတွင် ပိုမြင့်သော အဆင့်ကို ရောက်သည့်အချိန်၌ သူတို့၏ နှလုံးသားက ပိုခိုင်မြဲလိမ့်မည်။ ထိုကိစ္စရပ်များကို သိပြီးနောက် သူတို့သည် မလှုပ်ရှားလောက်သည်အထိ ကြောက်ရွံ့နေတော့မှာ မဟုတ်ပေ။
” မင်း ရင်ထဲမှာ တွက်ဆထားသင့်တယ် ဟုတ်တယ်ဟုတ်။ လူသားမျိုးနွယ်တွေက ကြယ်တာရာသားရဲတွေကို ရင်ဆိုင်ရင် အနိုင်ရနိုင်ချေက ဘာလဲ ”
” ငါ အမှန်အတိုင်းပြောရင် မင်းငါ့ကို မရိုက်ဘူးလို့ ကတိပေးလား ”
” အမှန်အတိုင်း ပြောသရွေ့ ငါ မင်းကို မရိုက်ဘူး ”
ယဲ့ရှောင်သည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးပြီး တစ်ဖက်သူ၏ ဝိညာဥ်ကို ထောက်လှမ်းပြီးသား ဖြစ်သည်။ သူ လိမ် မလိမ် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်မည်။
အရိပ်လင်းနို့က ခဏတာ တွေးဆနေပြီးနောက် ဂရုတစိုက် ပြောလိုက်၏။
” ပြောရမယ်ဆို တစ်ဆယ်ရာခိုင်နှုန်းတောင် မရှိဘူး ”
” မင်း ဘယ်လိုသိလဲ ”
” လွယ်ပါတယ်။ ဒီမှာ ကြယ်တာရာသားရဲတွေ ဘယ်လောက်ရှိလဲဆိုတာ မင်းသိလား။ လူသားတွေ ဘယ်လောက်ရှိလဲ ”
” မင်းတို့ ကမ္ဘာရဲ့ ကမ္ဘာ့မျက်နှာပြင်မှာ ကာကွယ်ခြင်း အစီအရင်တွေ ရှိနေတာကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဘက်ပေါင်းစုံကနေ ကျူးကျော်နေမိတာ ကြာရောပေါ့။ ဒီကမ္ဘာကြီးက ငါတို့ခွန်အားကိုတောင် ထိန်းထားနိုင်မှာ မဟုတ်ဘူး။ ငါတို့ကို တစ်ဝက် ဖျက်ဆီးလိုက်မယ်ဆိုရင်တောင် ကောင်းကင်ထဲကို ဒီကမ္ဘာကြီးရောက်အောင် ပစ်ထုတ်နိုင်သေးတယ်။ လူသားမျိုးနွယ်က ငါတို့ကို အနိုင်ယူနိုင်မယ်လို့ မင်း ထင်နေလား။ ဒါ့အပြင် နောက်ထပ် အရေးကြီးတဲ့အချက် ရှိသေးတယ် ”
” လူသားမျိုးနွယ်မှာ သိုင်းပညာရှင် အရေအတွက်က နည်းလွန်းတာပဲ။ တိုက်ပွဲရဲ့ အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့ ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ယောက် မရှိပဲ အရာအားလုံးက အချည်းနှီးပဲ။ ငါ ဘုရင်နယ်ပယ်အကြောင်း ပြောနေတာ မဟုတ်ဘူး။ ဧကရာဇ်နယ်ပယ်အကြောင်း ပြောနေတာလဲ မဟုတ်ဘူးနော်။ ဘယ်နယ်ပယ်လဲဆိုတာ အတိအကျ မသိသေးဘူး။ လူသားမျိုးနွယ်မှာ ဒီလို သိုင်းပညာရှင်တွေ ရှိတာ ငါ သိတယ်။ ဒါပေမဲ့ သူတို့တွေက အလွန့်အလွန် နည်းလွန်းတယ်။ တကယ်တော့ လူတစ်ယောက်က နှစ်ရာချီမှာ လူတစ်ယောက်လောက်ပဲ ပေါ်လာတာ။ ဒါ့အပြင် အများစုက တိုက်ပွဲထဲ ကျရောက်သွားတယ်။ လူသားတွေမှာ ဒီလိုတည်ရှိမှု ရှိတာကို ငါ ကြားဖူးတာ ကြာရောပေါ့ ”
” ဒါပေမဲ့ ငါတို့ ကြယ်တာရာသားရဲတွေကရော ဘယ်လိုလဲ ”
” ဒီနေ့ခေတ်မှာ ငါသိသလောက်တော့ နှစ်ယောက်ပဲ ရှိတယ် ”
ယဲ့ရှောင်၏ မျက်ဝန်းများ မှေးကျဥ်းသွားတော့၏။ တစ်ဖက်သူ လိမ်နေတာ မဟုတ်မှန်း သူ ခံစားမိသည်။
ဒါက ဧကရာဇ်နယ်ပယ်အထက် အထွတ်အထိပ် သိုင်းပညာရှင် ရှိနေသေးတယ်လို့ ပြောတာလား။
ဒါ့အပြင် လူသားမျိုးနွယိရဲ့ အထွတ်အထိပ် သိုင်းပညာရှင်တွေက အင်မတန် ရှားပါးတယ်။ ရှားပါးလွန်းလို့ တစ်ယောက်နှစ်ယောက်ပဲ ရှိလောက်တယ်။ သူတို့တွေက မရှိတော့တာတောင် ဖြစ်နိုင်လောက်တယ်။
ကြယ်တာရာသားရဲတွေကတော့ ဒီအဆင့်မှာ နှစ်ယောက်ထက်မက ရှိနေနိုင်တယ်ပေါ့။ ဒါ မကောင်းဘူးပဲ။
ခဏတာ စဥ်းစားပြီးနောက် သူက ပါးစပ်ဟကာ ထပ်ပြောလိုက်၏။
” မင်းကို ထပ်မေးမယ်။ ကြယ်တာရာသားရဲတွေက လူသားတွေကို ဘာကြောင့် ဝါးမြိုတာလဲ။ သူတို့တွေက သင်ယူဖို့အတွက် လူသားတွေရဲ့ ပါရမီတွေကို တကယ် ရယူနိုင်လို့လား ”
ထိုမေးခွန်းက ယဲ့ရှောင်ကို အခက်တွေ့စေဆုံး မေးခွန်း ဖြစ်ခဲ့သည်။
ကြယ်တာရာသားရဲများနှင့် လူသားများသည် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြ၏။ ယုတ္တိရှိရှိ ဆိုရလျှင် သူတို့သည် လူသားမျိုးနွယ်၏ သင်ယူခြင်းစွမ်းရည်ကို သင်ယူပြီးတာ ကြာလောက်သင့်သည်။
သူတို့ထဲမှ ကြယ်တာရာသားရဲများစွာသည် ကျန်သည့်တော်ဝင်ကျင့်စဥ်များကို သင်ယူနိုင်၏။ ဥပမာအနေဖြင့် သူ့ရှေ့ရှိ အရိပ်လင်းနို့သည် ခုနတုန်းက ပြသသွားခဲ့သည့် လက်သည်းကျင့်စဥ်က သူ၏ ကိုယ်ပိုင်သွေးမျိုးဆက်ထဲတွင် မရှိလောက်ပေ။ ဤကဲ့သို့ အခြေအနေမျိုး၌ လူသားများကို ဝါးမြိုပစ်ခြင်းက စဥ်းစားရာ ခက်လှသည်။
လူတစ်ယောက်သည် သူတို့ ခွန်အား မြှင့်တင်ချင်လျှင် ကြယ်တာရာသားရဲများသည် သူတို့ ကိုယ်ပိုင် မျိုးစိတ်ကို ဝါးမြိုနိုင်လောက်၏။ ယင်းက လူသားများကို ဝါးမြိုတာထက် ပိုမြန်ဆန်သည်။
အရိပ်ငှက်က ထပ်ပြောလိုက်ပြန်သည်။
” ဘာလို့လဲဆိုတော့ ငါတို့ ကြယ်တာရာသားရဲကြားထဲမှာ ဆိုရိုးစကားတစ်ခု ရှိတယ်။ လူသားတွေက တကယ်တော့ နတ်ဘုရားမျိုးနွယ်ရဲ့ မျိုးဆက်ပဲ။ ကြယ်ဆုံသော ကောင်းကင်မှာ လူသားတွေနဲ့ ကြယ်တာရာသားရဲတွေထက် ပိုတောင် သန်မာတဲ့ တည်ရှိမှုတွေ ရှိတယ်။ အဲ့ဒါက နတ်ဘုရားမျိုးနွယ်စုပဲ ”
” သက်ရှိသတ္တဝါအားလုံးထက် အမှန်တကယ် သာလွန်တဲ့ တည်ရှိမှု ရာသက်ပန်နဲ့ ဖျက်ဆီး၍ မရတဲ့ တည်ရှိမှု။ လူသားတွေက ကံကောင်းပြီး သူတို့တွေက နတ်ဘုရားမျိုးနွယ်ရဲ့ သွေးမျိုးဆက်နဲ့ မွေးဖွားလာကြတာ ”
” ကြယ်တာရာသားရဲတွေသာ ကံကောင်းခဲ့မယ်ဆိုရင် သူတို့လည်း နတ်ဘုရားရဲ့ သွေးမျိုးဆက်နဲ့ မွေးဖွားလာနိုင်မှာပဲ။ ကြယ်တာရာသားရဲဖြစ်ဖြစ် လူသားပဲဖြစ်ဖြစ် သူတို့အားလုံးက အဲ့လိုတည်ရှိမှုရဲ့ မျိုးနွယ်ဖြစ်ဖို့ တောင်းတနေကြတာ။ ဒါပေမဲ့ ဒီလို သွေးမျိုးဆက်မျိုးက အင်မတန် ရှားပါးတယ်။ အဲ့ဒါကို ရယူချင်တယ်ဆိုရင် ကြယ်တာရာသားရဲ ဘီလီယံချီ ဒါမှမဟုတ် ဘီလီယံ တစ်ရာလောက်မှာမှ တစ်ယောက် သန့်စင်နိုင်စွမ်း ရှိမှာ ”
” လူသားတွေအတွက်တော့ နတ်ဘုရားသွေးမျိုးဆက်ကို သန့်စင်ဖို့ အခွင့်အရေးရဖို့ ဘီလီယံ အနည်းငယ်ပဲ လိုအပ်တယ်။ လူသားရဲ့ နတ်ဘုရားသွေးမျိုးဆက် ဒါမှမဟုတ် ကြယ်တာရာသားရဲရဲ့ နတ်ဘုရားသွေးမျိုးဆက်ပဲဖြစ်ဖြစ် အဲ့ဒါကို သုံးစွဲလိုက်ရင် အမတနတ်ဘုရားအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ် ”

အပိုင်း ၂၂၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset