စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၇ ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်း ဖားတစ်ကောင်နဲ့ ဘာကွာလို့လဲ။
ယဲ့ရှောင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ထိုအဖိုးအိုကို အငိုက်ဖမ်းလိုက်၏။ ချက်ချင်းပင် သူ၏ အရှိန်အဝါအားလုံးက ယဲ့ရှောင်ဆီသို့ ကျရောက်လာ၏။
” မကောင်းတော့ဘူး ”
သူ၏ အမူအယာက ရုပ်ချည်းပြောင်းလဲသွားသည်။ နှစ်ဖက်လုံးသည် အစက စစ်ဆေးရန်သာ ရည်ရွယ်ထား၏။ သူတို့ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရစေခဲ့လျှင် ရပ်တန့်နိုင်မှာ မဟုတ်ပေ။
အံ့ဖွယ်ချီရှန်းနှစ်ယောက်ကြားရှိ အငြင်းပွားမှုက မည်သည့် နောက်ဆက်တွဲကို ဦးဆောင်နေမည်နည်း။ သူက လူတိုင်းထက်ပို ရှင်းရှင်းလင်းလင်း သိ၏။ သို့သော်ငြား သူ့အဖို့ အံ့သြသွားရသည်က သူ၏ အရှိန်အဝါ တွန်းထုတ်လိုက်သည့် အချိန်၌ ယဲ့ရှောင်၏ ခန္ဓာကိုယ်က ချက်ချင်း ထရပ်ပြီး မလှုပ်ရှားတော့ပေ။
ထိုစဥ် အဖိုးအို၏ သူငယ်အိမ်များက ကျုံ့သွားကာ ယဲ့ရှောင်ကို မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်တော့၏။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ဒါကို သူ ဘယ်လိုလုပ်လိုက်တာလဲ။
နှစ်ယောက်လုံးက အံ့ဖွယ်ချီရှန်းများ ဖြစ်သည်။ သူတို့ခွန်အားက ညီမျှမှန်း သိထားရပေမည်။ တစ်ဖက်သူက သူ၏ အရှိန်အဝါကို ရုတ်သိမ်းပြီး သူ၏ ကိုယ်ပိုင်ရောင်ဝါကို ရှေ့သို့ တွန်းထုတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်သူအတွက် အပြည့်အဝ အဆင်ပြေနေဖို့က မဖြစ်နိုင်ပေ။ သို့သော် လက်ရှိအခြေအနေအရ ယဲ့ရှောင်သည် အပြည့်အဝ သက်ရောက်မှု မရှိပေ။ သူက ဆိုးဆေးများ ဒဏ်ရာမရ။ ယင်းက ကြောက်မက်ဖွယ်ကောင်းလွန်း၏။
ယဲ့ရှောင်၏ ခွန်အား မည်သို့ ရှိသနည်း။ ထိုသို့ ပြုလုပ်နိုင်ခြင်းက ကောင်းကင်ကို ဖီဆန်နေသည့် လုပ်ရပ်ပဲ ဖြစ်သည်။
အဖိုးအိုကို ပိုတောင် ထိတ်လန့်သွားစေသည့် အရာက ယဲ့ရှောင်၏ အသက်ပဲ ဖြစ်သည်။ သာမန်လူတစ်ယောက်သည် အရိုးအသက်ကို အလွယ်တကူ ပြောနိုင်မှာ မဟုတ်ပေ။
သူက မည်သူနည်း။ သူက နတ်မျက်စိကျင့်စဥ် ချီရှန်းတစ်ယောက်ပဲ ဖြစ်၏။ သူ၏ မျက်လုံးက သာမန်လူများနှင့် မတူညီပေ။ အသက်အရွယ်အရာ၌ ယဲ့ရှောင်အတွက် သူ့ထံကနေ ဖုံးကွယ်ထားဖို့က မဖြစ်နိုင်ချေ။ ယဲ့ရှောင်၏ အသက်က အလွန်ဆုံးမှ ၂၁နှစ်သာရှိကြောင်း သူ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
သူက အများဆုံးမှာ ၂၁နှစ်သာ ရှိသည်။ သို့သော် ထိုအရွယ်ဖြင့် ဤကဲ့သို့ အစွမ်းထက်သည့် ခွန်အားကို သူ မည်ကဲ့သို့ ပိုင်ဆိုင်ထားသနည်း။
သူ့ရှေ့ရှိ သူသည် ကျင့်ကြံမှု၊ ဉာဏ်အလင်းပွင့်ထားပြီး သူ့ဘဝ၏ အားစိုက်ထုတ်မှု အားလုံးကို ကျင့်ကြံမှုထဲ နစ်မြုပ်ထားသည့် ပါရမီရှင်တစ်ယောက်ပေလော။
ထိုစဥ် စာကြည့်တိုက်ထဲ သီချင်းသံ ပေါ်လာလေ၏။ ယသ်းက ကျုံးမြို့၏ သိုင်းကျောင်းတော်အတွက် အလုပ်ဆင်းရန် အချိန်ပဲ ဖြစ်သည်။
ယဲ့ရှောင်က စာအုပ်ကို တွန်းထုတ်ပြီးနောက် တည်ငြိမ်သည့် အကြည့်ဖြင့် ပြောလိုက်၏။
” စာကြည့်တိုက် ပိတ်တော့မယ် နှုတ်ဆက်ပါတယ် ”
ထိုစကားများကို တည်ငြိမ်စွာ ပြောပြီးနောက် ယဲ့ရှောင်က လှည့်ထွက်သွားကာ အဖိုးအိုက နေရာမှာတွင် ကြောင်အစွာ ကျစ်ရစ်၏။ သူသည် အချိန်အတော်ကြာအထိ စိတ်မငြိမ်နိုင် ဖြစ်နေ၏။
” စီရင်စု၉ခုထဲမှာ ဒီလို ပါရမီရှင် သိုင်းသမားတစ်ယောက် ဘယ်အချိန်က ပေါ်လာတာလဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူက ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ဂိုဏ်းကို တကယ်ကြီး ရောက်နေပြီလား ”
” စီရင်စု၉ခု မပြောနဲ့ တစ်ကမ္ဘာလုံးမှာတောင် ဒီစံသတ်မှတ်ချက်ကို ရောက်နိုင်တဲ့သူကို အဖိုးကြီး တစ်ခါမှ မကြားဖူးဘူး။ ဒီကလေးက ကမ္ဘာကြီးရဲ့ နံပါတ်တစ် ပါရမီရှင်အဖြစ် တကယ် သတ်မှတ်လို့ရတယ်။ အခု သားရဲကပ်ဘေးက ရောက်လာတော့မယ်။ ငါတို့သာ သူ့ကို တစ်လှမ်း အဆင့်တက်ခွင့် ပေးလိုက်မယ်ဆိုရင် စီရင်စု၉ခုအတွက် ကောင်းချီးတစ်ခုထက်တောင် ပိုနေပြီလား ”
ယဲ့ရှောင်ဘက်တွင်မူ သူက တစ်ဖက်သူ၏ အထောက်အထားကို ခန့်မှန်းမိပြီ ဖြစ်သည်။
ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦးစီရင်စု၉ခု၏ ကျုံးမြို့မှ လူတစ်ယောက် မျက်ဝန်းကျင့်စဥ် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။ ယင်းက ကမ္ဘာ့နဂါးစာရင်း၌ အဆင့် ၁၄ ရထားသည့် မီးဝိညာဥ်မျက်လုံး ပေ့ထျန်းစီပဲ ဖြစ်လောက်သည်။
သူသည် ကမ္ဘာ့နဂါးနှင့် ဖီးနစ်စာရင်း၌ အဆင့်သတ်မှတ်ချက် ဝင်ထားသည့် စီရင်စု၉ခုထဲရှိ သိုင်းပညာရှင် ၁၇ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ စီရင်စု၉ခု၌ သူ၏ ခွန်အားက ထိပ်တန်း ၁၀ယောက်အတွင်း ဝင်ရန် လုံလောက်ပေ၏။
စီရင်စု၉ခုလုံး၌ ထိပ်တန်း ၁၀ယောက်အတွင်း ဝင်နိုင်ပြီး သူက မျက်ဝန်းကျင့်စဥ် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေလေရာ ယဲ့ရှောင်အဖို့ ထိုလူ ထူးကဲကြောင်း ရှာတွေ့သွားတာ မထူးဆန်းနေပေ။
သူက အလွန် သန်မာ၏။ သို့သော် သူသည်လည်း လူတစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ပါး မဟုတ်ပေ။
သူ၏ ကျင့်ကြံမှုက ယခုအချိန်တွင် ရှန်းထျန်းနဝမအဆင့်သာ ရှိသေးသည်။ သို့သော် တစ်ဖက်သူက သူ မူမမှန်တာကို မြင်တောင်မမြင်နိုင်ဟု မဆိုလိုပေ။ သို့သော်ငြား တစ်ဖက်သူအနေဖြင့် သူ မူမမှန်တာကို မြင်နိုင်ခြင်းသည် တစ်ဖက်သူက သူ့ရန်သူဖြစ်လိမ့်မည်ဟု မဆိုလိုပေ။ သူတို့ အမှန်တကယ် တိုက်ခိုက်ကြလျှင် ယဲ့ရှောင်က ပေ့ထျန်းစီကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိသေး၏။ သူ့၌ တော်ဝင်မျက်ဝန်းကျင့်စဥ် မရှိသော်ငြား ဤလောထဲ၌ မျက်ဝန်းကျင့်စဥ်က အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသိုင်း မဟုတ်ပေ။
သူ့၌ သိုင်းကျင့်စဥ်နှင့် ဝိညာဥ်ကျင့်စဥ် ရှိသည်။ သူသည် ရုပ်ခန္ဓာနှင့် ဝိညာဥ် နှစ်ရပ်လုံးကိုလည်း လေ့ကျင့်ထား၏။ သူ၏ ခုခံမှုက ပေ့ထျန်းစီ အလွယ်တကူ ယှဥ်နိုင်သည့်အရာ မဟုတ်လေရာ တိုက်ခိုက်ဖို့ဆိုလျှင် ပြောနေရန် မလိုတော့ချေ။
ယဲ့ရှောင်သည် တစ်ဖက်သူက သူ့အထောက်အထားကို တွေ့သွားမှာကို မစိုးရိမ်ပေ။ လောကကြီးထဲရှိ ထိပ်တန်း အနည်းစုသော သူများထဲမှ တစ်ဦးအနေဖြင့် ပေ့ထျန်းစီသည် အတင်းတုပ်တတ်သော မိန်းမကြီးတစ်ယောက်ကဲ့သို့ သူ၏ အေထာက်အထားကို နေရာအနှံ့ လိုက်ဖြန့်မှာ မဟုတ်လောက်ပေ။
သူသည် ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်ကို ကျင့်ကြံပြီး ဘုရင်နယ်ပယ်၌ ရောက်ရန် အချိန်အတိုင်းအတာတစ်ခုသာ လိုတော့သည်။ ကုန်းမြေပေါ်တွင် သူ့ကို ခြိမ်းခြောက်နိုင်သည့် သိုင်းပညာရှင်များက လက်တစ်ဖက်ဖြင့် ရေတွက်နိုင်၏။
ယဲ့ရှောင်က သူ၏ အစစ်အမှန် အဓိပ္ပာယ်ကို မထုတ်ပြပေ။ အစောပိုင်းအဆင့်၌ သူ၏ ကိုယ်ပိုင် ဘေးကင်းရေးအတွက် လုပ်ခဲ့တာဖြစ်ပြီး အာရုံစိုက်မှုများစွာ မလ်ိုချင်ပေ။ ယခု သူ့မိတ်ဆွေများနှင့် ခပ်ခွာခွာ မနေချင်တော့ပေ။ သူ့ဘဝက ဘာမှမရှိ။ သူသာတစ်ကိုယ်တည်းဖြစ်နေမည်ဆိုလျှင် ပျင်းရိငြီးငွေ့ဖွယ် ကောင်းပေလိမ့်မည်။
သူ သွားသည့် နေရာတိုင်း၌ လူတိုင်းက သူ့ကို ခွေးတစ်ကောင်ပမာ လေးလေးစားစား ဆက်ဆံပေလိမ့်မည်။ သူတို့ သူ့ကို ဆက်ဆံမည့်ပုံက သူသည် တိမ်တိုက်များ၏ အထက်၌ ရှိနေသည့်ပုံ ဖြစ်နေမည်ဖြစ်ကာ ယဲ့ရှောင် လိုချင်သည့်အရာ မဟုတ်ပေ။
ယဥ်ကျေးသိမ်မွေ့မှုက စစ်မှန်သော ကိစ္စတစ်ရပ် ဖြစ်သည်။ သို့သော်ငြား ပေ့ထျန်းစီကဲ့သို့ ထိပ်သီးသိုင်းပညာရှင်တစ်ဦးက သူ၏ အထောက်အထားကို သိနေခြင်းက ရေးကြီးခွင်ကျယ် မဟုတ်ပေ။ သူတို့နှစ်ယောက်လုံးက သိုင်းပညာရှင်များ ဖြစ်၏။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ပြောဆိုဆက်ဆံခြင်း၌ မျက်နှာချိုသွေးခြင်း၊ ဖားခြင်းတို့ ရှိမှာ မဟုတ်ပေ။ သူတို့ မိတ်ဆွေဖွဲ့နိုင်လျှင် အကောင်းဆုံး ဖြစ်၏။
လက်ရှိတွင် ယဲ့ရှောင်က ဘုရင်နယ်ပယ်၊ ဧကရာဇ်နယ်ပယ်၊ အာကာသစစ်မြေပြင်အကြောင်း အချက်အလက် အနည်းငယ်သာ ရှိသည်။
အာကာစစ်မြေပြင်အကြောင်းတွင် ပိုသန်မာသည့် နယ်ပယ်များနှင့် သက်ဆိုင်သော ကိစ္စများအကြောင်း သူ့အား ရှင်းပြပေးရန် သိုင်းပညာရှင်တစ်ယောက်ကို သိကျွမ်းဖို့လည်း လိုအပ်နေသည်။
သို့သော် ယဲ့ရှောင်သည် စာကြည့်တိုက်ကနေ ထွက်ပြီး လမ်းပေါ်၌ လျှောက်စဥ် ထူးဆန်းသည့် အင်အားစုတစ်ခု၏ ပစ်မှတ်ထားခြင်း ခံရတာကို ခံစားမိလိုက်သည်။
ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်း။
ယင်းက ကြယ်တာရာသားရဲတစ်ကောင်ပဲ ဖြစ်သည်။ ထို့အပြင် တစ်ဖက်သူ၏ ဝိညာဥ်စွမ်းအားက အလွန်သန်မာ၏။
ယဲ့ရှောင်သည် တစ်ဖက်သူက သူ့ကို ရှာတွေ့ပြီဖြစ်ကြောင်း အာရုံခံမိသည်။ သူသည် သန်မာသော ကျင့်စဥ်ကို အားထားနေပြီး ကျုံးမြို့ထဲ၌ သိုင်းပညာရှင်များ ရှိမရှိကို ဂရုမစိုက်တာ အလွန်သိသာနေ၏။
ထို့ကြောင့် ကြယ်တာရာသားရဲသည်နေ့ခင်းကြောင်တောင်၌ ကျုံးမြို့၏ ကောင်းကင်အတွင်း ရဲတင်းစွာ မောက်မာထောင်လွှားသော အပြုအမူဖြင့် ပေါ်လာရဲတာပဲ ဖြစ်သည်။
လေထဲ၌ ထိုပုံရိပ်က ယဲ့ရှောင်ကို စိုက်ကြည့်နေ၏။ သူ၏ မျက်လုံး၌ သွေးဆာလောင်သည့် အကြည့် ပြည့်နေတော့သည်။
” မင်းကို ရှာတွေ့ပြီ လူသား ”
သူက နှုတ်ခမ်းသပ်ပြီးနောက် ဒိုင်ဗင်ထိုးဆင်းသည့်ပုံဖြင့် ယဲ့ရှောင်ဆီသို့ တန်းတန်းမတ်မတ် ဝင်လာ၏။
သူသည် မိန်းလမ်းမကြီးပေါ်၌ ယဲ့ရှောင်ကို တိုက်ရိုက် ခေါ်သွားချင်၏။ ရိုးရှင်းပြီး ရက်စက်၏။
သူက ယဲ့ရှောင်ကို အလေးမထားပေ။ ယဲ့ရှောင်က စိတ်ရှုပ်ထွေးသွားခြင်း မရှိ။ တစ်ဖက်သူရောက်လာသောကြောင့် သူသည် နတ်ဘုရားအာရုံစူးစိုက်ခြင်းကို ထုတ်ဖော်လိုက်၏။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် ရွေ့သွားပြီးနောက် ချက်ချင်းပင် တစ်ဖက်သူ၏ ချွန်ထက်သော လက်သည်းများကို ရှောင်လိုက်၏။
တစ်ဖက်သူ၏ မျက်နှာပေါ်၌ အံ့အားသင့်သည့် အကြည့် ပေါ်လာသည်။ သူ မတုံ့ပြန်ရသေးခင် ယဲ့ရှောင်က သူ၏ ခြေထောက်ကို ဆုပ်ကိုင်လိုက်၏။ နတ်ဘုရားအာရုံစူးစိုက်ခြင်းကို ထုတ်ဖော်ကာ သူ့ကို ကျုံးမြို့အပြင်ဘက်ရှိ တောင်တန်းတောအုပ်ဆီသို့ ချက်ချင်း ဆွဲခေါ်သွား၏။
” မြန်လိုက်တာ ”
သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့သွားသည်။ သူ မတုံ့ပြန်နိုင်ခင် ယဲ့ရှောင်က သူ့ကို ပစ်ထုတ်ပြီး ဖြစ်နေ၏။
ဖုန်း။
ပေါက်ကွဲသံကြီး ပေါ်ထွက်လာပြီး သူက အမြှောက်ဆံပမာ တောင်ထဲ၌ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေတော့သည်။ သူသည် တောင်အနောက်တွင် ပေတစ်ရာကျော်ခန့် ရှိသည့် ကျောက်ဆောင်ကိုလည်း တွင်းတစ်တွင်း ဖြစ်သွားစေ၏။ သို့သော်ငြား သူ၏ အစွမ်းထက်သော အံ့ဖွယ်ချီရှန်းအဆင့် ရုပ်ခန္ဓာအတွက် ယင်းက ဘာမှမဟုတ်ပေ။
ဖုန်း။
နောက်ထပ် ကျယ်လောင်သံတစ်ခုသည် အသံကြီးဖြင့် သူသည် အရှိန်အဝါကို ဖြန့်ကျန့်ကာ ကြီးမားသည့် တွင်းကြီး ဖြစ်ပေါ်လာစေ၏။ သူ၏ ခန္ဓာကိုယ်က လေထဲ လွင့်ပျံထွက်သွားပြန်သည်။
သူ၏ နှုတ်ခမ်းထောင့်ရှိ သွေးကို သုတ်ကာအေးတိအေးစက် အပြုံးဖြင့် ပြုံးလိုက်၏။
” ကောင်းလိုက်တဲ့ကောင်။ ကြည်ညိုဖွယ်ကောင်းတဲ့ ငါက မင်းကို ရှန်းထျန်းနဝမအဆင့် အံ့ဖွယ်ချီရှန်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ငါ ဒီတစ်ခေါက် ရောက်လာတဲ့အချိန် ရတနာ တကယ်ကောက်ယူမိတာပဲ ”
ယဲ့ရှောင်က ဘာမှမပြောပေ။
ကျုံးမြို့ မြို့စောင့်တပ်က သူ့ကို ခေါ်ပြီး ဆုန့်ရှောင်ယန် ပျောက်ဆုံးသွားကြောင်း ပြောသည့်အချိန်က သူသည် တစ်စုံတစ်ခုကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ ထိုစဥ်က ကျားနတ်ဆိုး အရေးကိစ္စအကြောင်း သိသည့်သူက သုံးယောက်သာ ရှိ၏။ သူတို့က သူ၊ ယန်ရှီးနှင့် ထိုမိန်းကလေး ဖြစ်သည်။
သူနှင့် ယန်ရှီးသည် မြို့စောင့်တပ်ဆီသို့ ကျားနတ်ဆိုးများအကြောင်း သတင်းပို့ခဲ့တာ ဖြစ်သည်။ ထိုရက်အတွင်း မြို့စောင့်တပ်ဖွဲ့က မြို့ထဲ၌ အင်အားဖြင့် ကျားနတ်ဆိုးများကို စတင်ဖြေရှင်းပြီးဖြစ်၏။ ကျားနတ်ဆိုးများက တန်ပြန်တိုက်ခိုက်မှု စတင်လာမှာ သေချာသည်။
ထိုမိန်းကလေး အလွန်ကံမကောင်းပေ။ တစ်ဖက်သူက သူမကို ရှာမတွေ့ခင် သူမက တစ်ဖက်သူကို တွေ့ဆုံရပြီး ဖြစ်နေ၏။ ထိုကဲ့သို့ ကြမ်းကြုတ်သည့် အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲနှင့် တွေ့ဆုံသောအခါ ယခုလောက်ဆို သွားလောက်ပြီ ဖြစ်သည်။
ထို့ကြောင့် ယဲ့ရှောင်သည် စကားအပို ပြောချင်စိတ် မရှိတော့ပဲ တစ်ဖက်သူကို ချက်ချင်း သတ်ရန် ပြင်ဆင်လိုက်၏။
သူ၏ ခွန်အားက နော့ဖစ်ထက် အားလျော့သည်။ ဆာမြူရယ်နှင့် ယှဥ်လျှင် အနည်းငယ် နိမ့်ကျသည်ဟုတောင် ဆိုနိုင်သည်။
သူတို့နှစ်ယောက်လုံးက ရှန်းထျန်းနဝမအဆင့် ဖြစ်သော်ငြား ခွန်အား ကွာဟချက်က ကြီးမား၏။ အစောပိုင်းအဆင့်နှင့် ရှန်းထျန်းနဝမအဆင့်၊ နှောင်းအဆင့်၏ အထွတ်အထိပ်ကြား ကွာဟချက်သည် ရှန်းထျန်းအဌမအဆင့် ၅ဆင့် ကွာခြားနေပြီး အလွယ်တကူ ဖာထေးနိုင်မှာ မဟုတ်ပေ။
သူသည် အဆင့်ကျော်ဖြတ် တိုက်ခိုက်နိုင်၏။
ရှန်းထျန်းနဝမအဆင့်သို့ ဝင်ရောက်ပြီး ရက်အနည်းငယ် အကြာတွင် သူသည် နော့ဖစ်နှင့် ဆာမြူရယ်ကဲ့သို့ အံ့ဖွယ်ချီရှန်းများကို ရင်ဆိုင်တိုက်ခိုက်နိုင်ပြီးဖြစ်ကာ သူ၏ ခန္ဓာကိုယ်ထဲ၌ အစွမ်းထက်သည့် တော်ဝင်ကျင့်စဥ်များ နေ့စဥ်နေ့တိုင်း ရှိလာ၏။ တစ်ချိန်တည်းတွင် သူက ပျားရည်သောက်ပြီး နေ့စဥ်နေ့တိုင်း အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲ အသားကိုလည်း စားနေ၏။ သူ၏ ခွန်အား တိုးတက်လာမှု မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း အလွယ်တကူ မှန်းဆနိုင်မည်။
သူ၏ လက်ရှိခွန်အားသည် လွန်ခဲ့သည့် ၁၀ရက်ကထက် ကျော်တက်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ယခုဆို ဆာမြူရယ်ထက် အနည်းငယ် နိမ့်သော သူကို ရင်ဆိုင်ရသည်က အထူးတပ်ဖွဲ့ဝင်စစ်သားသည် လမ်းလျှောက်ရန် သင်ယူခါစ ကောင်လေးကို ညှင်းပမ်းနေခြင်းနှင့် တူ၏။ သံသယဖြစ်ဖွယ် မရှိပေ။
တစ်ဖက်သူက ယဲ့ရှောင်၏ ထူးမခြားနား မျက်နှာဘေးနှင့် သူ့ကို မျက်စိထဲ မထည့်သည့် မောက်မာထောင်လွှားမှုကို ကြည့်လိုက်၏။ သူ၏ ရင်ထဲ၌ ဒေါသမီးများ တောက်လောင်လာသည်။
” ဟန့် … သိပ်ပြီးဂုဏ်မောက်မနေနဲ့။ အဆုံးကြ ဘယ်သူ နိုင်မလဲဆိုတာ မသေချာသေးဘူး ”
ထိုသို့ပြောပြီးနောက် သူ၏ ကိုယ်ဖော့သိုင်းများကို ပြသရန် ခွန်အားအကုန် အသုံးပြုလိုက်၏။ ထိုစဥ် သူ၏ အရှိန်က ရုတ်တရက် မြင့်တက်သွားသည်။ နတ်ဘုရားအာရုံစူးစိုက်ခြင်းနှင့် ၄င်းက တကယ်ယှဥ်နိုင်၏။
သို့သော် ယဲ့ရှောင်သည် ဆိုးဆေးများ ကြောက်ရွံ့ခြင်း မရှိပဲ တစ်ဖက်သူကို သူ့နား လာခွင့် ပေးလိုက်သည်။
” မင်းက သေပြီးသား အသားပဲ ”
တစ်ဖက်သူ၏ နှုတ်ခမ်းထောင့် တွန့်ကွေးသွား၏။ သူ၏ အရှိန်အောက်တွင် ယဲ့ရှောင်က ကိုယ်ဖော့သိုင်း ရှိနေလျှင် သူ့အကွက်ကို ရှောင်တိမ်းဖို့ မဖြစ်နိုင်ပေ။
သူက လက်သည်းနှစ်ဖက်ကို ထုတ်ကာ သူ၏ ကျင့်စဥ်ကို ထုတ်ဖော်လိုက်၏။ သူ၏ လက်သည်း၌ အစိမ်းရင့်ရင့် ရောင်ခြည်တန်းနှစ်ခု ဖွဲ့တည်လာသည်။
ဝစ်။
သူ၏ လက်သည်းသည် ယဲ့ရှောင်၏ လည်ပင်းကို ပိုင်းဖြတ်သွားလျက် ရက်စက်ကြမ်းကြုတ်သည့် သွင်ပြင်ဖြင့် သူ၏ လည်ပင်းကို စုတ်ဖြဲရန် ကြိုးပမ်းတော့သည်။
ရွှီး။
” အော် ”
အံ့ဖွယ်အဆင့် ကြယ်တာရာသားရဲသည် ထိုမြင်ကွင်းကို မယုံနိုင်စွာ ကြည့်ပြီး မျက်လုံး ပြူးကျယ်သွား၏။
ဘာဖြစ်တာလဲ။
သူ့ရဲ့ ချွန်ထက်တဲ့ လက်သည်းက ယဲ့ရှောင်ရဲ့လည်ပင်းပေါ်မှာ လျှပ်စီးနဲ့ မီးပွင့် အနည်းငယ်ပဲ ဖြစ်စေခဲ့တာလား။ ယဲ့ရှောင်ရဲ့ အရေပြားကိုတောင် မစုတ်ပြဲသွားစေဘူးလား။
ဒါ အတုပဲ ဟုတ်လောက်တယ်မလား။ အိမ်မက်မက်နေတာများလား။
သူ ပြသသွားသည်က သူ၏ ကိုယ်ပိုင် ပြိုင်စံရှား စွမ်းရည် ငရဲဝိညာဥ် လက်သည်းပဲ ဖြစ်သည်။
ယင်းက ရက်စက်ကြမ်းကြုတ်ပြီး ယင်ဓာတ်ပြင်းသော အဆိပ်အတွက် နာမည်ကျော်ကြားသည့် လက်သည်းသိုင်း ဖြစ်သည်။
တစ်ချိန်တည်းတွင် အလွန်ထက်သော လက်သည်းသိုင်းလည်း ဖြစ်၏။ ယင်းက တော်ဝင်ကျင့်စဥ်အဆင့် ဖြစ်သည်။ ထိုသို့တိုင် ယဲ့ရှောင်၏ အရေပြားကို ခြစ်ရာတောင် မထင်စေခဲ့ပေ။
ထိုသူ၏ ခုခံမှုက မူမမှန်လောက်အောင် သန်မာ၏။
ဒါ လူ ဟုတ်သေးရဲ့လား။
ရှန်းထျန်း နဝမအဆင့် အံ့ဖွယ်ချီရှန်း အထွတ်အထိပ်တစ်ဦးတောင် သူ့လောက် အံ့သြဖွယ် မကောင်းပေ။
သူ ကြောင်အနေစဥ် ယဲ့ရှောင်၏ လက်သီးက သူ့ရင်ဘက်ပေါ် ကျရောက်လာ၏။
ဖုန်း။
မဟာနိဗ္ဗာနလက်သီး။
လက်သီးထိုးလိုက်သည့် အချိန်၌ မြစ်များနှင့် ပင်လယ်များကို ပြောင်းပြန်လှန်သွားစေနိုင်သည့် စွမ်းအားက ပေါ်ထွက်လာ၏။ ယင်းက ၄င်း၏ ရင်ဘက်ကို ချေသွား၏။ တစ်ချိန်တည်းတွင် သူ၏ နှလုံးကလည်း နှလုံးခုန်တာ ချက်ချင်း ရပ်တန့်သွား၏။ လက်သီးသည် သူ၏ ရုပ်ခန္ဓာကနေ ခွဲထွက်လာသည့်ပမာ သူ၏ နှလုံးကို အညှာအတာမဲ့စွာ ရိုက်ချလိုက်တော့၏။
အပိုင်း ၂၂၇ ပြီး၏။