အခန်း ၉၀။ ပြိုင်ဘက်တွေအားလုံးကို ကွပ်မျက်ပြီးရင် အင်ပါယာဖြစ်လာလိမ့်မယ်
“အင်ပါယာ အကြံပေးက ဒီလို လုပ်ဖို့ မလိုအပ်ဘူးမလား”
“မဟုတ်ဘူး။ အခုတော့ ဘုရင်ခံလင်းက ကျုပ်ကို မလိုအပ်သေးဘူး။ ကျုပ်က တော်ဝင်မင်းသားရဲ့ ဘေးမှာရှိနေရုံပါပဲ”
ယင်စစ်မင်သည် ခေါင်းခါလိုက်သည်။
ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် စိတ်ရှုပ်သွားသော်လည်း ဘာမှမပြောတော့ချေ။
“ဒါဆို ခင်ဗျားက ကျုပ်နောက်ထပ်ဘာလုပ်ရမလဲ” သူသည် ရိုးသားစွာဖြင့် အကူအညီတောင်းလိုက်သည်။
“ကျုပ်ခန့်မှန်းတာမမှားရင် ဘုရင်ခံလင်းက တော်ဝင်မင်းသားကို အင်ပါယာအဖြစ်တင်မြှောက်ချင်တဲ့အတွက် ဒီမှာ ခြေကုတ်ယူဖို့ နေရာရအောင် လွှတ်လိုက်တာဖြစ်ရမယ်”
“အမှန်ပဲ။ ကျုပ်က ဘုရင်ခံရဲ့ ပြောရဲဆိုခွင့်ရှိသူတစ်ယောက်ဖြစ်တယ်။ အနာဂတ်မှာ ကျုပ်က အင်ပါယာဖြစ်လာခဲ့ရင်တောင် ဘုရင်ခံကို လေးလေးစားစားဆက်ဆံနေအုံးမှာပဲ”
ဝေ့ချန်ယင်သည် ခေါင်းညိတ်လိုက်သည်။
သူသည် သူ၏နေရာကို သူသိပေသည်။
သူသည် အပြစ်သားမြို့တွင် နေရသည့်ဘဝထက် တော်ဝင်မြို့တော်တွင် မြင့်မြတ်စွာနေရသောဘဝကို ရွေးချယ်ပေမည်။
အကယ်၍ လင်းဝူတသာရှိနေလျှင် သူ၏ မြင့်မြတ်မှုကို ရရှိနိုင်သည်။
“တော်ဝင်မင်းသားမှာ ဒီလိုကျေးဇူးသိတတ်တဲ့ စိတ်ရှိတာ ကောင်းတယ်။ တကယ်လို့ လီမင်းဆက်ရဲ့ အရှင်သခင်ဖြစ်လာချင်ရင် တော်ဝင်မင်းသားက ဘာမှ လုပ်နေစရာမလိုဘူး။ ဘုရင်ခံလင်းရောက်လာရင် တော်ဝင်မင်းသားက ဘာမှလုပ်စရာမလိုဘဲ အင်ပါယာဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ လီမင်းဆက်ကို အုပ်ချုပ်ချင်ရင် ဘုရင်ခံလင်းမရောက်လာခင် တော်ဝင်မင်းသားရဲ့ ဩဇာအာဏာလွှမ်းမိုးနိုင်အောင်လုပ်ထားရမယ်။ အနည်းဆုံးတော့ တော်ဝင်မင်းသားက မသန်မစွမ်းဖြစ်နေရင်တောင် လီမင်းဆက်ကို ကိုယ်ပိုင်အရည်အချင်းနဲ့ ဦးစီးနိုင်ကြောင့် ပြသပေးရမယ် ” ယင်စစ်မင်သည် အဓိပ္ပာယ်ပြည့်ဝသော လေသံဖြင့်ပြောလိုက်သည်။
ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် တစ်ခုခုကို နားလည်ပုံပေါ်သွားသော်လည်း အရမ်းကြီး နားလည်ခြင်းတော့မဟုတ်ပေ။
“အင်ပါယာအကြံပေး…ကျေးဇူးပြုပြီး သင်ပြပေးပါ”
“ဒုန်း”
သူသည် လေးစားစွာ ဒူးထောက်လိုက်သည်။
“တော်ဝင်မင်းသား…ထပါ။ ကျုပ်ဆိုလိုချင်တာက အနာဂတ်မှာ ဘုရင်ခံလင်းရဲ့ ဩဇာအာဏာက လီမင်းဆက်တစ်ခုတည်းမှာ ရပ်တန့်နေမှာမဟုတ်ဘူး။ သူ့ရဲ့ ဩဇာအာဏာ ကျယ်ပြန့်လာတာနဲ့အမျှ လုပ်စရာကိစ္စတွေလည်း များလာလိမ့်မယ်။ အဲဒီအချိန်ကျရင် သူ့ရဲ့ ပိုင်နက်နယ်မြေတွေကို ထိန်းသိမ်းဖို့ လူတွေ လိုလာလိမ့်မယ်။ အခုချိန်မှာ သူ့အတွက် ကောင်းကျိုးတွေလုပ်နိုင်ခဲ့ရင် ဘုရင်ခံလင်းက သူ့ရဲ့ ပထမဆုံးပြောရဲဆိုခွင့်ရှိသူဖြစ်တဲ့ တော်ဝင်မင်းသားကို နေရာပေးလိမ့်မယ်။ တော်ဝင်မင်းသားရဲ့ အနာဂတ်မှာ ရရှိနိုင်တာတွေက မမှန်းဆနိုင်အောင်ဖြစ်နေလိမ့်မယ်။ ဒါက တော်ဝင်မင်းသားအတွက် အကောင်းဆုံးအခွင့်အရေးပဲ” ယင်စစ်မင်သည် သေချာစွာ ခွဲခြမ်းစိတ်ဖြာပေးလိုက်သည်။
ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
“အင်ပါယာအကြံပေး… ဘုရင်ခံရဲ့ အသိအမှတ်ပြုခံရအောင် ဘာလုပ်သင့်လဲ”
“လွယ်ပါတယ်။ တော်ဝင်မင်းသားရဲ့ လုပ်နိုင်စွမ်းကို သက်သေပြလိုက်။ ဘုရင်ခံလင်းရောက်မလာခင် တော်ဝင်မင်းသားရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ လီမင်းဆက်ရဲ့ အင်ပါယာဖြစ်အောင်လုပ်ရမယ်။ ဒီလိုဆိုရင် ဘုရင်ခံလင်းက တော်ဝင််မင်းသားကို လုံးဝအထင်ကြီးသွားလိမ့်မယ်”
“ပြီးတော့ ဒီကိစ္စကို တော်ဝင်မင်းသားလုပ်နိုင်ပါတယ်။ ပထမဆုံးအနေနဲ့ လီမင်းဆက်ရဲ့ အိမ်ရှေ့စံမင်းသားဖြစ်အောင်လုပ်ရမယ်။ တော်ဝင်မင်းသားမှာ ညီအကိုတွေ အများကြီးရှိပေမဲ့ တစ်ယောက်ပဲ လီမင်းရဲ့ အင်ပါယာဖြစ်နိုင်မှာ။ တော်ဝင်မင်းသားကို စော်ကားခဲ့တဲ့ သူတွေကို အရင်ဆုံးရှင်းထုတ်ဖို့ အကြံပေးတယ်။ တကယ်လို့ တော်ဝင်မင်းသားတစ်ယောက်တည်းသာကျန်ခဲ့ရင် ဝေ့ချန်ထျန်းလည်း ဘာမှ တတ်နိုင်မှာမဟုတ်တော့ဘူး၊ တော်ဝင်မင်းသားကိုပဲ ရာဇပလ္လင်လွှဲပြောင်းပေးရလိမ့်မယ်”
“ဒီကိစ္စပြီးသွားရင် ဒုတိယအနေနဲ့ ရာဇပလ္လင်ကို ရဖို့ အကွက်ချ ကြံစည်ရမယ်။ အခုအချိန်မှာ ဝေ့ချန်ထျန်းက အကောင်းဆုံး အခြေအနေမှာရှိနေပေမဲ့ မတော်တဆမှုတစ်ခုခုဖန်တီးပြီး သူ့ကို ငရဲပို့လိုက်လို့ရတယ်။ ဒီလိုသာဖြစ်လာရင် တော်ဝင်မင်းသားက လီမင်းဆက်ရဲ့ အုပ်ချုပ်သူနေရာကို ရနိုင်ပြီ” ယင်စစ်မင်သည် သေချာစွာပြောလိုက်သည်။
“ဟူး”
ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
ယင်စစ်မင်၏ နည်းလမ်းသည် ရိုးရှင်းကာ ရက်စက်လွန်းပေသည်။
ဤကိစ္စက လူတိုင်းကို သတ်ဖြတ်ရန်ပင်။ ယှဉ်ပြိုင်သူ မရှိလျှင် သူတစ်ယောက်တည်းကျန်ရစ်ခဲ့ပေမည်။
“ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို လိုချင်သူတွေဟာ ရက်စက်လွန်းရမယ်။ တကယ်လို တော်ဝင်မင်းသားမှာ လုံလောက်တဲ့ သတ္တိမရှိရင် အနာဂတ်မှာ လီမင်းဆက်ကို ဘယ်လိုကိုင်တွယ်နိုင်မှာလဲ”
“ကျုပ်နားလည်တယ်”
ဝေ့ချန်ယင်သည် လက်သီးဆုပ်လိုက်မိသည်။ ယင်စစ်မင်ပြောသော စကားများသည် မှန်ကန်ပေသည်။
“ဒါဆို… ယှဉ်ပြိုင်သူတွေကို ဘယ်လိုရှင်းထုတ်ကြမလဲ”
“ကျုပ်မှာ အကြံတစ်ခုရှိတယ်။ အရှင်မင်းသားသာ ကျုပ်ပြောတဲ့အတိုင်းလုပ်ရင် ယှဉ်ပြိုင်သူတွေကို လဝှက်အတွင်း ရှင်းပစ်နိုင်တယ်။ ဝေ့ချန်ထျန်းကိုတော့ ကျုပ် ထိန်းချုပ်ထားလိုက်ပါမယ်။ တော်ဝင်မင်းသားသာ အိမ်ရှေ့စံမင်းသားဖြစ်လာခဲ့ရင် ဝေ့ချန်ထျန်က ပြီးသွားခဲ့ပြီ”
ယင်စစ်မင်၏ အမူအရာသည် တည်ငြိမ်မြဲတည်ငြိမ်ဆဲပင်။
“အရမ်းကောင်းတယ်။ ကျန်ကိစ္စတွေကို အင်ပါယာအကြံပေးနဲ့ ထားခဲ့လိုက်မယ်။ ကိစ္စတွေအားလုံးပြီးသွားခဲ့ရင် ချန်ယင်က အင်ပါယာအကြံပေးကို ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုပေးပါမယ်”
ဝေ့ချန်ယင်သည် ရိုသေစွာပြောလိုက်သည်။
ထိုသို့မြင်သောအခါ ယင်စစ်မင်သည် ပြုံးလိုက်သည်။
“ခေါင်းကိုင်ဖခင်ရာထူးအထိ မလိုပါဘူး။ အဲဒီအချိန်ကျရင် ကျုပ်ကို အင်ပါယာရဲ့ ဆရာသခင်အဖြစ် အသိအမှတ်ပြုပေးပါ”
အင်ပါယာရဲ့ ဆရာလား။
ဝေ့ချန်ယင်သည် နားမလည်သော်လည်း လေးလံစွာခေါင်းညိတ်လိုက်သည်။
ထို့နောက် ယင်စီမင်သည် အမျိုးမျိုးသောအကြောင်းအရာများကို စတင်မေးမြန်းခဲ့ပြီး သူ့ကို သူ့တပည့်ကဲ့သို့ ဆက်ဆံလိုက်သည်။ ဝေ့ချန်ယင်မသိသောကိစ္စများကို ရှင်းပြပေသည်။
ထိုသို့ဖြင့် ဝေ့ချန်ယင်သည် ယင်စစ်မင်၏ အကြံအစည်များကို တဆင့်ချင်းပြုလုပ်ခဲ့သည်။
ဆယ်ရက်အတွင်းအတွင်းမှာ ဝေ့ချန်ယင်သည် သူ၏ ပြိုင်ဘက် တဝက်ကျော်အထိ ရှင်းလင်းနိုင်ခဲ့သည်။
အပြစ်သားမြို့တော်တွင် ရှိနေသော လင်းဝူတသည် ဤကိစ္စအားမသိရှိချေ။
သူသည် သုံးရက်လောက်အထိ ငရဲနတ်ဆိုးဂိုဏ်းတွင် ဖန်ထျန်းကြွယ်အဖြစ်နေထိုင်ခဲ့ပြီး နေဝင်ချိန်တိုက်ပွဲကွင်းပြင်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
တချိန်တည်းတွင် သူသည် သူတော်စင်ချင်းမင် ရောက်ရှိမည်ကို စောင့်ဆိုင်းနေခဲ့သည်။
…
“ဝှစ်”
၂ရက်ခန့်ကြာပြီးနောက် စိတ်ဝိညာဉ်လှေတစ်စီးသည် ငရဲနတ်ဆိုးဂိုဏ်းတွင် ဆိုက်ကပ်လေသည်။
ဂုဏ်သိက္ခာရှိဟန်ရသော သူတော်စင်ချင်းမန်သည် စိတ်ဝိညာဉ်လှေပေါ်မှ ဆင်းသက်လာခဲ့သည်။
သူတော်စင်ချင်းမင်လား။
တချက်ကြည့်ရုံဖြင့် သူ၏ အချက်အလက်များသည် ပေါ်ထွက်လာခဲ့သည်။
“သတ်ဖြတ်ခြင်းမဟာမိတ်ခုနစ်ဖော်ရဲ့ ခေါင်းဆောင်ထူချင်းချိုးနဲ့ ရာဇဝတ်သားတောင်ကြားရဲ့ ခေါင်းဆောင်ချူခွမ်းရန်တို့ကို ဖိတ်ခေါ်ထားမယ်လို့ ခင်ဗျားပြောခဲ့တယ်မလား။ သူတို့ဘယ်မှာလဲ”
“စောင့်ပါဦး။ သူတို့ မကြာခင် ရောက်လာလိမ့်မယ်”
လင်းဝူတသည် လက်ဖက်ရည်သောက်ကာပြောလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထူချင်းချိုးနှင့် ချူခွမ်းရန်တို့သည် ရောက်ရှိလာခဲ့သည်။
…
သို့သော်လည်း သူတို့နှစ်ယောက်၏ အမူအရာသည် ကောင်းလွန်းမနေပေ။
“ဘာဖြစ်လို့လဲ” လင်းဝူတသည် မေးမြန်းလိုက်သည်။
“လင်းဝူတက လှည့်စားလိုက်တယ်။ အစက နေဝင်ချိန်တိုက်ပွဲကွင်းပြင်ကို အတူတူဝင်ကြဖို့ ပြောထားပေမဲ့ သူက ထွက်သွားခဲ့ပြီ။ ညီအကိုထျန်းကြွယ်…လင်းဝူတက တခုခုရိမ်မိသွားတာလား။ ဒါမှမဟုတ် နေဝင်ချိန်တိုက်ပွဲကွင်းပြင်ကို တစ်ယောက်တည်း ထွက်သွားတာလား”
ထူချင်းချိုး၏ မျက်နှာသည် မဲမှောင်နေသည်။
ထိုသို့ကြားသည့်အခါ လင်းဝူတသည် သူ၏ နှလုံးသားထဲတွင် ရယ်မောလိုက်သည်။
“ကြည့်ရတာ ဒီကောင်က သတိကြီးလွန်းတာပဲ။ ဒီလိုဆိုမှတော့ သူ့ကို သတ်ဖို့ နောက်ထပ်အခွင့်အရေးတစ်ခုရှာကြတာပေါ့”
သူ၏ မျက်နှာတွင် ရက်စက်မှုများဖြင့် ပြည့်နေသည်။
သူတော်စင်ချင်းမင်၏ မျက်နှာသည် တင်းမာသွားခဲ့သည်။
“ခင်ဗျားတို့ ဘယ်သူ့အကြောင်းပြောနေတာလဲ”
“ကျုပ်တို့ သုံးယောက်ရဲ့ ရန်သူအကြောင်းပါ။ နေဝင်ချိန်တိုက်ပွဲကွင်းပြင်မှာ လင်းဝူတကို သတ်ဖြတ်ဖို့ ကြံစည်ထားတယ်။ ဒီကောင်က ငါးစာကို မဟပ်ဘူးလ်ို့ ဘယ်သူထင်ထားမှာလဲ။ ဒီအခွင့်အရေးသာ လက်လွတ်သွားခဲ့ရင် အနာဂတ်မှာ လင်းဝူတကို သတ်ဖို့ ပိုခက်သွားပြီး…” လင်းဝူတသည် ဟန်ဆောင်ကာ သက်ပြင်းချလိုက်သည်။
ထိုသို့ကြားသည့်အခါ သူတော်စင်ချင်းမင်သည် တွေးတောစွာဖြင့် ခေါင်းညိတ်လိုက်သည်။
…
“ဘယ်သူမှ မလာတော့ဘူးဆိုရင် ထွက်ခွာကြစို့”
“ကောင်းပြီ”
လင်းဝူတသည် တခြားဘာမှ မပြောတော့ချေ။
“ဝှစ်”
“ဝှစ်”
“ဝှစ်”
…
ဤသို့ဖြင့် သူတို့သည် ရှန်ဟိုင်းစီရင်စုသို့ ဦးတည်လိုက်ကြသည်။