Switch Mode

Chapter – 89

အခန်း ၈၉။ နောက်ကွယ်မှ လျှို့ဝှက်ကြံစည်နေသည့်လူ

ဝေ့ချန်ယင်သည် ဝေ့ချန်ထျန်းကို သတ်ဖြတ်ချင်သောာအကြည့်ဖြင့် အေးစက်စက်ကြည့်လိုက်သည်။

သူသည် သူ၏ထိုက်ရွှမ်ဓားအရိုးကို ထုတ်ယူကာ တော်ဝင်မြို့တော်မှ နှင်ထုတ်လိုက်သည့်အချိန်မှစ၍ ဝေ့ချန်ထျန်းအား အဖေတစ်ယောက်အဖြစ်သတ်မှတ်ထားခြင်းမရှိတော့ချေ။

အကယ်၍ သူ့သာ ဝေ့ချန်ထျန်းကို အခုချက်ချင်းသတ်ဖြတ်လိုက်မည်ဆိုလျှင် ဘုရင်ခံ၏ အကြံအစည်များကို ထိခိုက်မှာစိုးရိမ်၍ ဘာမှမလုပ်ဘဲ နေခြင်းဖြစ်သည်။

“ဝေ့ချန်ထျန်း…ခင်ဗျားနဲ့ ကျုပ်ကြားမှာ သားအဖဆက်ဆံရေးမရှိတော့ဘူး။ ကျုပ်ကို သတ်ချင်ရင် လာခဲ့လိုက်။ သစ်ခွနန်းတော်မှာ ကျုပ်စောင့်နေတယ်”

သစ်ခွနန်းတော်သည် ဝေ့ချန်ယင်၏ မိခင် နေထိုင်ခဲ့သောနန်းတော်ဖြစ်ပေသည်။

အတိတ်တုန်းက သူ၏ ထိုက်ရွှမ်းဓားအရိုအထုတ်ခံရသည့်အခါ သူ့‌အမေ ကြင်ယာတော်လန်သည်လည်း ချက်ချင်းပင် သေဒဏ်ပေးခံခဲ့ရသည်။

ဝေ့ချန်ယင်သည် ဤအငြိုးတရားကို အမြဲမှတ်ထားပေသည်။

အခုသူသည် လီမင်းဆက်ကို ပြန်လည်ရောက်ရှိနေပေပြီ။ သူကို အနိုင်ကျင့်စော်ကားခဲ့ကြသော လူများကို ပြန်လည် လက်စားချေရပေမည်။

ထိုသို့တွေးတောပြီးနောက် ဝေ့ချန်ယင်သည် ဝေ့ချန်ထျန်း၏ ဒေါသဖြစ်နေမှုကို လျစ်လျူရှုလိုက်သည်။ သူသည် ရုပ်သေးရုပ်ကိုသိမ်းဆည်းလိုက်ကာ ချောင်ကျင်းနှင့် ကျောက်ဖုန်ထျန်းတို့ကို ခေါ်ဆောင်လျက် ကောင်းကင်ခန်းမမှ ထွက်ခွာသွားခဲ့သည်။

“စက်ဆုပ်ဖွယ်ကောင်းလိုက်တာ…သေသင့်တဲ့သားမိုက်”

“ဘန်း”

ဝေ့ချန်ထျန်းသည် ထွက်ခွာသွားသည့် ဝေ့ချန်ယင်ကို ကြည့်လျက် အလွန်ဒေါသထွက်ကာ ကျန်ရစ်ခဲ့သည်။ သူသည် သူ၏ နှလုံးသားထဲမှ ဒေါသတို့ကို ဖိနှိပ်နိုင်ခြင်းမရှိတော့ချေ။

စားပွဲပေါ်ရှိ ကျောက်စိမ်းလက်ဖက်ရည်ခွက်သည် မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသည်။

သူသည် မခံမရပ်နိုင်သည့် ဒေါသတရားများကြောင့် ကောင်းကင်ခန်းမထဲရှိ ပစ္စည်းများကို ပစ်ချနေတော့သည်။

ဤနည်းလမ်းတစ်ခုတည်းသာ သူနှလုံးသားထဲရှိ ဒေါသကို အနည်းငယ် ဖြေလျော့နိုင်သည်။

ဝေ့ချန်ထျန်းသည် အချိန်တခဏလောက် ကြာမြင့်သွားပြီးမှ သူ၏ စိတ်အာရုံများပြန်လည်ရောက်ရှိလာခဲ့သည်။

“ဝှစ်”

သူသည် အကူအညီမဲ့စွာဖြင့် ပလ္လင်ပေါ်တွင် မှုန်ကုတ်ကုတ် ထိုင်နေလိုက်သည်။

“ဆရာယင်… ခင်ဗျားက နတ်ဘုရားတွေနဲ့ ဆက်သွယ်ရာမှာအကောင်းဆုံးဖြစ်ပြီး ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကိုလည်း သိနိုင်တယ်။ ဒီကမ္ဘာပေါ်မှာ ခင်ဗျားက အရာရာကို ဖောက်ထွင်းမြင်နိုင်တယ်။ သူပုန်လင်းဝူတကို ဘယ်လိုသတ်ကမလဲဆိုတာ ဒီအရှင်ကို ပြောပြလို့ရမလား”

ဝေ့ချန်ထျန်း၏ မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်နေသည်။

ထိုသို့ကြားသည့်အခါ ယင်စစ်မင်အမူအရာသည် မထူးမခြားပင် ရှိနေခဲ့သည်။

“အရှင်မင်းကြီး… အမှန်တရားကို ကြားချင်လား၊ ဒါမှမဟုတ် လိမ်ညာပြောဆိုတာကိုကြားချင်လား”

“သေချာပေါက်အမှန်ပေါ့” ဝေ့ချန်ထျန်းသည် တုန့်ဆိုင်းမှုမရှိပြန်ဖြေလိုက်သည်။

သူ၏ အမူအရာသည် အလွန်အရေးကြီးသည့် အမူအရာဖြစ်နေသည်။

ယင်စစ်မင်၏ တည်ရှိမှုသည် အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ယခုအချိန်တွင်လည်း သူသည် ဤကိစ္စနှင့်ပတ်သတ်ပြီး တစ်ခုခုသိထားပေသည်။

ထိုအပြင် သူ၏ နည်းလမ်းများသည် သာမန်ထက်ထူးကဲသာလွန်နေပေသည်။

ဝေ့ချန်ထျန်းသိသလောက်ဆိုလျှင် ယင်စစ်မင်သည် ကမ္ဘာပေါ်ရှိ သက်ရှိများ၏ ကံတရားကို သူ၏ ဓမ္မမျက်စိဖြင့် ကြည့်ရှုနိုင်ပေသည်။ သူသည် အနာဂတ်ကို ခန့်မှန်းနိုင်စွန်းရှိပြီး မည်သည့်ကပ်ဘေးမှ မဖြစ်အောင် ကြိုတင်ပြင်ဆင်နိုင်သည်။

ဤနှစ်များအတွင်းတွင် သူသည် လီမင်းဆက်၏ ကောင်းမွန်သော အုပ်ချုပ်သူတစ်ယောက်မဖြစ်ခဲ့သော်လည်း လွယ်ကူစွာဖြင့် ကျင့်ကြံနိုင်ခဲ့ပြီး မဟာကပ်ဘေးနယ်ပယ် ပြီးပြည့်စုံသောအဆင့်အထိ အောင်မြင်စွာရောက်ရှိနိုင်ခဲ့သည်။

သူ၏ ယခုလက်ရှိအောင်မြင်မှုများသည် ယင်စစ်မင်ကြောင့် ဖြစ်ပေသည်။

ယင်စစ်မင်မရှိလျှင် သူသည် ဤနေရာသို့ မရောက်ရှိနိုင်ချေ။

သူသည် ယင်စစ်မင်ကို နတ်ဘုရားတစ်ပါးကဲ့သို့လေးစားပေသည်။ သူ၏ စကားများကို မည်သည်အခါမှ သံသယမဝင်ခဲ့ဖူးချေ။

ထို့ကြောင့် သူသည် သစ္စာဖောက် လင်းဝူတကို သတ်ဖြတ်နိုင်ရန် အကြံအစည်ကို တောင့်တနေခဲ့သည်။

သို့သော်လည်း သူ၏ စိုးရိမ်နေသောအမူအရာကို ယင်စစ်မင်သည် လုံးဝ ဂရုမစိုက်ချေ။

“အရှင်မင်းကြီးက ကြားချင်နေမှတော့ ကျုပ်ဒီအတိုင်းပဲ ပြောတော့မယ်။ အရှင်မင်းကြီးရဲ့ ကံဇာတာက အရမ်းလျော့နည်းနေတယ်။ မကြာခင် သွေးလွှမ်းတဲ့ ကပ်ဘေးတစ်ခုရောက်လာတော့မယ်။ တကယ်လို့ ဒီပြဿနာကို ဖြေရှင်းချင်ရင် ဝေ့ချန်ယင်ကို ရာဇပလ္လင်‌ပေးရမယ်၊ ဒါမှအရှင်မင်းကြီး နောက်ထပ် ၁၀နှစ်လောက်အသက်ရှင်နိုင်မယ်”

ဘယ်လို၊ သွေးလွှမ်းတဲ့ တိုက်ပွဲတစ်ခုလား။ ငါ့ရဲ့သားမိုက်ဝေ့ချန်ယင်ကို ရာဇပလ္လင်ပေးရမှာလား။ ဒါတောင်မှ အသက် ၁၀နှစ်ပဲ ရှင်သန်နိုင်မှာလား။

“ဘုန်း”

ထိုသို့ကြားသည့်အခါ သူသည် မိုးကြိုးပစ်ချခံလိုက်ရသလိုဖြစ်သွားသည်။

သူ၏ နှလုံးသားထဲတွင် အကန့်အသတ်မဲ့သော စိုးရွံ့မှုတို့ဖြစ်ပေါ်လာသည်။

“ဆရာယင်…ကျုပ်ကို ခြောက်လှန့်နေတာလား” သူသည် ခက်ခဲစွာရယ်မောလိုက်သည်။

ဤအချိန်တွင် သူ့အား ယင်စစ်မင်က ခြောက်လှန့်နေခြင်းဖြစ်သည်ဟုထင်သွားခဲ့သည်။

“အရှင်မင်းကြီး…ကျုပ်ကို မယုံဘူးလား”

“ခင်ဗျားကို မယုံတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ကျုပ်က လီမင်းဆက်ရဲ့ အင်ပါယာဖြစ်ပြီး လီမင်းဆက်တစ်ခုလုံးရဲ့ ကံစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဘယ်လိုလုပ်ပြီး သူပုန်တစ်ယောက်ကြောင့် ရှုံးနိမ့်ရမှာလဲ။ ဝေ့ချန်ယင်ကို ရာဇပလ္လင်ပေးမဲ့ ကိစ္စက ပိုတောင်မဖြစ်နိုင်သေးဘူး။ သူက မသန်မစွမ်းတစ်ယောက်ပဲ။ ဘယ်လို အရည်အချင်းမျိုးနဲ့ လီမင်းဆက်ကို အုပ်ချုပ်မှာလဲ”

ဝေ့ချန်ထျန်းသည် အလွန်ဒေါသထွက်နေသည်။

သူသည် ယင်စစ်မင်၏ စကားကို မယုံကြည်နိုင်ဖြစ်နေသည်။

ထိုသို့မြင်သောအခါ ယင်စစ်မင်၏ အမူအရာသည် မပြောင်းမလဲရှိနေဆဲပင်။

“အရှင်မင်းကြီးနဲ့ မင်းသား ၁၈တို့ကြားက ဆက်ဆံရေးက ရေနဲ့မီးလိုဖြစ်နေပေမဲ့ ကယ်ဆယ်ဖို့ နည်းတစ်ခုတော့ရှိပါသေးတယ်။ တကယ်လို့အခြေအနေတွေကို ပြောင်းလဲချင်ရင် လင်းဝူတကို တည်ငြိမ်အောင်လုပ်ရမယ်။ ပထမဆုံးအနေနဲ့ မင်းသား၁၈က လီမင်းဆက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး မင်းသားတစ်ယောက်ရဲ့ ခံစားခွင့်တွေ ပြန်လည်ပေးအပ်‌ ကြောင်းကြေညာရမယ်”

“ဒုတိယအနေနဲ့ အခုအချိန်မှာ မဆင်မခြင်လုပ်လို့မရဘူး။ အရှင်မင်းကြီး…လင်းဝူတကို သတ်ဖို့အတွက် စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်ရှာရပါမယ်။ ဒိလိုသာမဟုတ်ရင်တော့ အရှင်မင်းကြီးရဲ့သားတော်ဝေ့ချန်ယင်ကို ရာဇပလ္လင်ပေးလိုက်ပါ။ ဘာပဲပြောပြော အရှင်မင်းကြီးက သူ့ရဲ့အဖေပဲ။ သူက တကယ်မသတ်လောက်ဘူး” ယင်စစ်မင်သည် တည်ငြိမ်စွာပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ ဝေ့ချန်ထျန်းသည် မျက်ခုံးများထိစပ်လုမတတ်ဖြစ်သွားကာ ယင်စစ်မင်၏ စကားများကို တွေးတောလိုက်သည်။

တခဏလောက်ကြာပြီးနောက် သူသည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
“ခင်ဗျားရဲ့ စကားတွေအတိုင်း လုပ်ကြတာပေါ့။ ပထမဆုံးအနေနဲ့ လင်းဝူတနဲ့ ဝေ့ချန်ယင်ကို တည်ငြိမ်အောင်လုပ်ကြမယ်”

“တစ်ယောက်ယောက် လာခဲ့စမ်း” သူသည် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော မိန်းမစိုးတစ်ယောက်ကို ခေါ်လိုက်သည်။

“ငါ့ရဲ့ အမိန့်ထုတ်ပြန်လိုက်ပါ။ ဒီနေ့ကစပြီး မင်းသား ၁၈က လီမင်းဆက်ရဲ့ မင်းသားတစ်ယောက်အဖြစ်ပြန်ပြီးအသိအမှတ်ပြုတယ်။ မင်းသားတစ်ယောက်အနေနဲ့ သူ့ရဲ့ အခွင့်ထူးတွေအားလုံးကို ပြန်လည်ရရှိမှာ ဖြစ်တယ်။ အနာဂတ်မှာ ဖြစ်ခဲ့တာတွေက ငါ့ရဲ့ အမှားတွေပဲ။ ငါ့အပြစ်‌တွေကို ဝန်ခံ‌ကြောင်း တစ်ကမ္ဘာလုံးသိအောင်ကြေညာတယ်”

“ကောင်းပါပြီ …အရှင်မင်းကြီး” မိန်းမစိုးသည် ရိုသေစွာ အရိုအသေပေးလိုက်သည်။

ထို့နောက်သူသည် လျင်မြန်စွာထွက်ခွာသွားပြီး အမိန့်တော်အား ထုတ်ပြန်လိုက်သည်။

“ဆရာယင် ဝေ့ချန်ယင်ရဲ့ခြံဝင်းကို စောင့်ကြည့်ပေးနိုင်မလား။ ဘာပဲပြောပြော သူ့လက်ထဲမှာ တိုက်ပွဲဝင်ရုပ်သေးရှိနေတယ်။ တကယ်လို့ မဆင်မခြင်လုပ်မိရင် ကျုပ်ကြောက်တာက…”

“မစိုးရိမ်ပါနဲ့…အရှင်မင်းကြီး။ ကျုပ်အခုပဲသွားလိုက်ပါမယ်” ယင်စစ်မင်သည် ညင်သာစွာခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် ကောင်းကင်ခန်းမမှထွက်ခွာပြီး သစ်ခွ‌နန်းတော်ဆီသို့ ဦးတည်လိုက်သည်။

“အခု ငါလုပ်ရမှာက ရွှမ်ထျန်းဂိုဏ်းကနေ ကျွမ်းကျင်သူတစ်ယောက်ဖိတ်ခေါ်ရမှာပဲ” ဝေ့ချန်ထျန်းသည် မျက်မှောင်ကြုတ်ကာ တွေးတောလိုက်သည်။

လီမင်းဆက်သည် ရွှမ်ထျန်းဂိုဏ်းအပေါ် မှီခိုအားကိုးရပေသည်။

ရွှမ်ထျန်းဂိုဏ်းမှ ကျွမ်းကျင်သူတစ်ယောက်တည်းဖြင့်ပင် လင်းဝူတအား သတ်ဖြတ်နိုင်သည်။

ထိုသို့တွေးပြီး သူသည် အရိပ်စစ်သည်တော်တစ်ယောက်ကိုခေါ်လိုက်ကာ ရွှမ်ထျန်းဂိုဏ်းဆီသို့ အကူအညီတောင်းသည့်စာ ပေးပို့ရန်စေလွှတ်လိုက်သည်။

ယင်စစ်မင်၏ စကားများသည် သူ့အား ကြောက်လန့်စေသည်။

သို့သော်လည်း သူအယုံကြည်ရဆုံး ယင်စစ်မင်သည် သူ့အားရောင်းစားသွားခြင်းဖြစ်သည်ကိုတော့ သူသည် မသိရှိချေ။

“ဝှစ်”

အရိပ်စစ်သည်တော်သည် အင်ပါယာမြို့တော်မှ ထွက်ခွာသည့်အခါ ယင်စစ်မင်သည် ချက်ချင်းပေါ်လာခဲ့ပြီး လက်ညှိုးတစ်ချောင်းဖြင့် သတ်ဖြတ်လိုက်သည်။

အလောင်းပင် ကျန်ရစ်ခဲ့ခြင်းမရှိချေ။

ထို့နောက် ယင်စစ်မင်သည် ဘာမှ မဖြစ်ခဲ့သည့်အတိုင်း အင်ပါယာမြို့တော်ထဲသို့ ပြန်သွားလိုက်သည်။

..

သစ်ခွနန်းတော်…

ယင်စစ်မင်ရောက်ရှိလာသည့်အခါ ဝေ့ချန်ယင်သည် အခန်းထဲရှိ အမျိုးသမီးရုပ်ပုံတစ်ခုကို အသိစိတ်ကင်းမဲ့စွာစိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများတွင် သတိရခြင်း၊ လွမ်းဆွတ်ခြင်းတို့နှင့်ပြည့်နေသည်။

“‌တော်ဝင်မင်းသား…အင်ပါယာအကြံပေးရောက်လာပါတယ်” ချောင်ကျင်းသည် တင်ပြလိုက်သည်။

အမ်…အင်ပါယာအကြံပေးလား။

အတိတ်သို့ လွမ်းဆွတ်နေသော ဝေ့ချန်ယင်သည် ချက်ချင်ပင် ပြန်လည်သတိလည်လာခဲ့သည်။ သူသည် လှည့်ကြည့်လိုက်သည့်အခါ ယင်စစ်မင်ကို တွေ့လိုက်ရသည်။

ချက်ချင်းပင် သူ၏ မျက်လုံးထဲတွင် စိုးရိမ်ကြောက်လန့်မှုများဖြင့် ပြည့်နှံ့သွားခဲ့သည်။

ဤလျှို့ဝှက်ဆန်းကြယ်သော အင်ပါယာအကြံပေး၏ ဂုဏ်သတင်းကို ငယ်စဉ်ကတည်းက ကြားဖူးသည်။

“အင်ပါယာအကြံ‌ပေး…ဒီကို ဘာလိုလာတာလဲဆိုတာသိခွင့်မရှိဘူးလား” ဝေ့ချန်ယင်သည် တည်ငြိမ်စွာမေးလိုက်သည်။

သူသည် ယင်စစ်မင်နှင့် ရင်ဆိုင်ရသည့်အခါ တုန်လှုပ်နေ၍မရချေ။ သူ့ရှေ့မှ လူသည် သူ့အားဖိအားပေး‌နိုင်သော ခံစားချက်ကို ရရှိနေသည်။

“တော်ဝင်မင်းသား…စိုးရိမ်နေစရာမလိုပါဘူး။ ကျုပ်က ဒီကို အကြံတချို့ပေးဖို့ရောက်လာခဲ့တာပါ”

ဘယ်လို။ အကြံပေးမှာလား ဘယ်လိုအကြံလဲ။

ဝေ့ချန်ယင်သည် အံ့အားသင့်သွားခဲ့သည်။

“ဘာကိုဆိုလိုချင်တာလဲ၊ အင်ပါယာအကြံပေး”

“ကျုပ်ပြောချင်တာက တော်ဝင်မင်းသား လီမင်းဆက်ရဲ့ အင်ပါယာဖြစ်ချင်လား။ တကယ်လို့ တော်ဝင်မင်းသားဆန္ဒရှိရင် ကျုပ်ကူညီပေးပါမယ်။ အခုတော့ တော်ဝင်မင်းသာကို မင်းသားအဆင့်အတန်းပြန်ရအောင် ကူညီပေးခဲ့ပါပြီ။ တော်ဝင်မင်းသားကို မင်းသားအဖြစ်ပြန်လည် အပ်နှင်းကြောင်း ကြေညာဖို့လည်း အရှင်မင်းကြီးက အမိန့်ထုတ်ထားတယ်။ ရွှမ်ထျန်းဂိုဏ်းကို အကူအညီသွားတောင်းတဲ့ အရိပ်စစ်သည်တော်ကိုလည်း ကျုပ်သတ်လိုက်တယ်။ ဒါ့ကြောင့် ပြင်ပအင်အားစုတွေ ခြိမ်းခြောက်ခံရမှာကို ပူနေစရာမလိုဘူး။ ကျုပ် ဒီမှာရှိ‌နေတဲ့အတွက် တော်ဝင်မင်းသားက လုံခြုံနေလိမ့်မယ်” ယင်စစ်မင်းသည် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ ဝေ့ချန်ယင်သည် မည်သို့မှ ဖြစ်မသွားခဲ့ချေ။ သူ၏ အမူအရာသည် လေးနက်နေသည်။

“အင်ပါယာအကြံပေးက ဘာလို့ ကျုပ်ကို ကူညီတာလဲ”

“တော်ဝင်မင်းသားကို ယုံကြည်လို့ပါ”

“အမ်…ဒီလိုလား”

ဝေ့ချန်ယင်သည် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ သူသည် ယင်စစ်မင်၏ အာရုံစိုက်ခြင်းခံရမည်ဟု မထင်ထားခဲ့ချေ။

“အင်ပါယာအကြံပေးက ကြင်နာလွန်းနေပါပြီ။ ကျုပ်က ဘုရင်ခံရဲ့ ပြောရဲဆိုခွင့်ရှိသူတစ်ယောက်ဖြစ်လို့ ဝေ့ချန်ထျန်းကို ဒီလိုပြောဝံ့တာပါ။ ဘုရင်ခံမရှိရင် ကျုပ်ကဘာမှ မဟုတ်ပါဘူး။ အင်ပါယာအကြံပေးက ကျုပ်‌အပေါ် မျှော်လင့်ချက်ထားပေမဲ့ လူရွေးမှားမှာကို စိုးရွံ့မိပါတယ်” သူသည် တည်ငြိမ်စွာပြောလိုက်သည်။

ထိုသို့ကြားသည့်အခါ ယင်စစ်မင်သည် ပြုံးလိုက်သည်။

“အမှန်ပါပဲ၊ တော်ဝင်မင်းသားအခုရရှိထားတာတွေက ဘုရင်ခံလင်းရဲ့ ကျေးဇူးတွေကြောင့်ပဲ။ သူက တော်ဝင်မင်းသားရဲ့ ဘဝမှာ အရေးအကြီးဆုံးလူတစ်ယောက်ဖြစ်သင့်တယ်။ တော်ဝင်မင်းသားကို ဘာလို့‌ မျှော်လင့်ချက်ထားရလဲဆိုတော့ ဘုရင်ခံလင်းကြောင့်ပါပဲ”

ဒါက ဒီလိုပေါ့။ ဝေ့ချန်ယင်သည် နားလည်သွားခဲ့သည်။

ယင်စစ်မင်သည် သူ့ကို စိတ်ဝင်စားနေခြင်းမဟုတ်ဘဲ နောက်ကွယ်က လင်းဝူတအား စိတ်ဝင်စားနေခြင်းပင်။

Comment

Leave a Reply

Options

not work with dark mode
Reset