Switch Mode

Chapter – 226

ဆန်းကြယ်သော အကြီးအကဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၆ ဆန်းကြယ်သော အကြီးအကဲ။

” ချမ်းသာ ချမ်းသာပေးပါ ဝူ ဝူ ဝူ ”
ရှင်းလင်းယိုယွင်းနေသော စက်ရုံတစ်ခုထဲ၌ မိန်းမငယ်လေးတစ်ဦးက ဒူးထောက်နေကာ သူ့ရှေ့ရှိ ဝတ်ရုံနက်ဖြင့် လူကို တောင်းပန်လိုက်သည်။
သူမက လူအသွင်သဏ္ဍန် မရှိတော့ပေ။ သူမ၏ ခန္ဓာကိုယ်၌ သွေးများ၊ ဖုန်များ အလိမ်းလိမ်း ဖြစ်နေပြီး မိုးရေထဲရှိ ညစ်ပေနေသော ခွေးပေါက်လေးတစ်ကောင်ပမာ ဖြစ်နေ၏။ သို့သော်ငြား ဝတ်ရုံနက်ဖြင့် လူသည် အကြင်နာတရား ဆိုးဆေးများ မရှိပေ။ ထိုအစား သူက သူမကို ပြက်ရယ်ပြုသောအမူအယာဖြင့် ကြည့်လိုက်၏။
” မင်းကို ချမ်းသာပေးရမှာလား။ မင်းကို ချမ်းသာပေးလိုက်ရင် လူသားတွေ သတ်သွားတဲ့ ငါ့ရဲ့လက်အောက်ငယ်သားတွေကို ဘယ်သူက ချမ်းသာပေးမှာလဲ။ မင်းကြောင့်သာ မဟုတ်ရင် လူသားတွေက ငါ့ရဲ့ လက်အောက်ငယ်သားတွေကိုရှာတွေ့မှာ မဟုတ်ဘူး။ သူတတို့အားလုံး သေကုန်ပြီ။ မင်းလည်း သူတို့နဲ့ မြေမြုပ်ခံရသင့်တယ် ”
” ဟင့် ဟင့် ဟင့် ပြောလိုက်တာက ကျွန်မ မဟုတ်ဘူး။ အဲ့ဒါ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်မ သတိလစ်သွားပြီး သူတို့တွေက ကျားနတ်ဆိုးတစ်ကောင်ရဲ့အပေါင်းအဖော်ဆိုတာ မသိဘူး။ ကျွန်မ သတင်းမပို့ခဲ့ဘူး ”
” ငါ့ကို အရူးလုပ်ဖို့ ဒီလိုစကားလုံးကောင်းတွေ ပြောဖို့ မလိုဘူး။ မင်းက အခု ငါ့ကို စိတ်ကျေနပ်စေဖို့ပဲ လိုတာ ”
ထိုသို့ပြောပြီးနောက် သူက တစ်ဖက်သူ၏လက်မောင်းကို တက်နင်းလိုက်၏။
ဂျွတ်။
” အား ”
အသည်းခိုက်ဖွယ် အော်သံသည် ပတ်ဝန်းကျင်ရှိ ကျီးကန်းများကို ကြောက်လန့်တကြား ထွက်ပြေးသွားစေကာ သူတို့ကို တကွဲတပြားစီ ဖြစ်သွားစေ၏။ တစ်နာရီခန့်ကြာပြီးနောက် ဝတ်ရုံရှည်ဖြင့် လူသည် ယိုယွင်းပျက်စီးနေသော စက်ရုံထဲကနေ ထွက်လာလေ၏။
ငါ တကယ် မဆော့ပဲ မနေနိုင်ဘူး။ လူသားတွေက အားနည်းလွန်းတာ။ ငါက အခုချိန်မှာ အံ့ဖွယ်ချီရှန်းအဆင့်ရှိတဲ့ လူသားသိုင်းပညာရှင်တချို့နဲ့ တိုက်ရိုက်သွားမဆော့ရတာ နှမြောစရာ ကောင်းလွန်းတယ်။ မဟုတ်ရင် ငါ ပျော်စရာ နည်းနည်းလောက် ရဦးမှာ။
သူက နှုတ်ခမ်းသပ်ပြီး သူ၏ အစွယ်ကို သုတ်လိုက်လေ၏။
ထားလိုက်တော့။ ကြယ်တာရာသားရဲမျိုးနွယ်ရဲ့ အခြေအနေ အလုံးစုံကို ထောက်ပြီး အခုအချိန်မှာ သည်းခံလိုက်တာ ပိုကောင်းမယ်။ တခြားလူသားနှစ်ယောက်ကို အရင်ဖြေရှင်းတာပေါ့။
သူ့အိတ်ကပ်ထဲမှာ စာရွက်နှစ်ရွက်ကို ထုတ်လိုက်လေ၏။
” ယဲ့ရှောင်နဲ့ ယန်ရှီးက တကယ်တူတူနေကြတယ်။ ကောင်းသားပဲ။ ဒီလိုဆိုရင် ငါ သွားလိုက်ပြန်လိုက် လုပ်စရာ မလိုတော့ဘူး။ သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ဖမ်းနိုင်ပြီ ”
ထိုသို့ပြောပြီးနောက် သူက ခြေတစ်ချက် ဖော့နင်းလျက် နေရာကနေ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
အချိန်က နောက်တစ်နေ့ မွန်းတည့်ချိန်သို့ လျင်မြန်စွာ ကျရောက်လာ၏။ ယဲ့ရှောင်သည် သူ၏ လေ့ကျင့်ရေးအတန်းပြီးနောက် စာကြည့်တိုက်သို့ ချက်ချင်း သွားလိုက်၏။
သူက လေ့လာရန် အချိန်တစ်လသာ ရှိ၏။ ယခုအချိန်တွင် သုံးပုံတစ်ပုံ အချိန်ကုန်သွားပြီ ဖြစ်၏။ နောက်ထပ် နှစ်ရက်ကနေ ဆယ်ရက်အတွင်းဆို သူက ကျန်းဟိုင်မြို့သို့ ပြန်ရတော့မည်။ ကျန်းဟိုင်မြို့သို့ မပြန်ခင် စာအုပ်များစွာ တတ်နိုင်သလောက် ဖတ်သွားရမည်။
ထို့အပြင် နောက်ထပ် ပြဿနာတစ်ရပ် ရှိသည်။ ပါမောက္ခ ဟွမ်က ယခုအချိန်တွင် သူ၏ ကတ်ကို မတောင်းသော်ငြား ကျန်သည့်အချိန်၌ မတောင်းဟု ဆိုလိုတာ မဟုတ်ပေ။ ငှားရမ်းထားသော ကတ်ကို ပြန်တောင်းလာပါက သူက စာကြည့်တိုက်၏ အဆင့်မြင့်အလွှာသို့ ဆက်လက် သွားနိုင်တော့မှာ မဟုတ်ပေ။ ထို့ကြောင့် သူ၏ အချိန်က အလွန်တန်ဖိုး ရှိနေသည်။
ယနေ့တွင် ယဲ့ရှောင်က ပဥ္စမအလွှာသို့ တက်သွားလိုက်၏။ ပဥ္စမအလွှာရှိ စာအုပ်များက အောက်ထပ်ရှိ စာအုပ်များထက် ပိုကောင်းပြီး အချက်အလက် ပိုရသည်။ ထိုနေရာ၌ ယဲ့ရှောင်သည် တော်ဝင်ကျင့်စဥ် မှတ်တမ်းများ၊ ဘုရင်နယ်ပယ်နှင့် ကျန်သည့် အချက်အလက်များကိုလည်း နောက်ဆုံးတော့ တွေ့လိုက်ရ၏။ ကျင့်စဥ်များက သူတို့၏ ကွဲပြားခြားနားသော အဆင့်အရ အထက်အဆင့်အထိရောက်အောင် လူတစ်ယောက်၏ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သည်။ သာလွန်အဆင့်အောက် ကျင့်စဥ်များသည်ဟို့ထျန်း နဝမအဆင့်ထိသာ အလွန်ဆုံး မြှင့်တင်နိုင်ပြီး ယင်းက အကန့်အသတ် ဖြစ်နေပြီးသား ဖြစ်၏။
ချီရှန်းအဆင့် ကျင့်စဥ်များကမူ ချီရှန်းတစ်ခုလုံး မဟာဂိုဏ်းနှင့် အံ့ဖွယ်ဂိုဏ်း၏ ကျင့်စဥ်ကို ဖြန့်ကျက်နိုင်၏။ တော်ဝင်ကျင့်စဥ်သည် ဘုရင်နယ်ပယ်နှင့် ဧကရာဇ်နယ်ပယ်ကို လွှမ်းမိုးနိုင်သည်။
ကျင့်ကြံမှု၏ နောက်ဆုံးရလဒ်က လူတစ်ယောက်၏ ပါရမီနှင့် ကျင့်စဥ်တို့ဖြင့် သက်ဆိုင်နေသည်။
သင့်တော်သည့် ကျင့်စဥ် မရှိပဲ လူတစ်ယောက်က ပါရမီ မည်မျှ ရှိစေကာမူ အဆင့်တက်နိုင်မှာ မဟုတ်ပေ။
ဥပမာတစ်ခုအနေဖြင့် တော်ဝင်ကျင့်စဥ် မရှိပဲ လူတစ်ယောက်သည် ဘုရင်နှင့် ဧကရာဇ်နယ်ပယ်သို့ အဆင့်တက်နိုင်မှာ မဟုတ်ပေ။ သူတို့ဘဝ၌ အံ့ဖွယ်ဂိုဏ်းတွင်သာ တစ်နေလိမ့်မည်။
လူတစ်ယောက်၏ အထုံပါရမီက မလုံလောက်ခဲ့လျှင် သူက တော်ဝင်ကျင့်စဥ်တစ်ခု ရထားလျှင်တောင် ချီရှန်းနယ်ပယ်ကို ကျော်လွန်းပြီး အဆင့်တက်နိုင်မှာ မဟုတ်ပေ။
နှစ်ခုလုံးက မရှိမဖြစ်ပဲ ဖြစ်သည်။
ဘုရင်နယ်ပယ်နှင့် ဧကရာဇ်နယ်ပယ်၌ ကျင့်ကြံခြင်း အဆင့်က ခွဲထားသေးသည်။ ထိုအချက်က လူသားများနှင့် ကြယ်တာရာသားရဲများကြား ကွာဟချက်တစ်ခု ဖြစ်၏။
လူသားများသည် သူတို့ကို ဘုရင်နယ်ပယ်နှင့် ဧကရာဇ်နယ်ပယ်အဖြစ် တိုက်ရိုက် ရည်ညွှန်းစဥ် ကြယ်တာရာသားရဲများသည် သူတို့ကိုသူတို့ အံ့ဖွယ်သားရဲများအဖြစ် ရည်ညွှန်းကြ၏။ သူတို့ အံ့ဖွယ်နယ်ပယ်တွင် ရှိသည်ဟုလည်း ဆိုနိုင်သည်။
ဘုရင်နယ်ပယ်အထက်၌ ကြယ်တာရာသားရဲများသည် အံ့ဖွယ်သားရဲများနှင့် စူပါအံ့ဖွယ်သားရဲများဟူ၍ ပိုင်းခြားထား၏။ သူတို့ထဲတွင် အံ့ဖွယ်သားရဲများသည် ဘုရင်နယ်ပယ်လူသားများနှင့် ယှဥ်နိုင်ပြီး စူပါအံ့ဖွယ်သားရဲများက ဧကရာဇ်နယ်ပယ်လူသားများနှင့် ယှဥ်နိုင်၏။
ထိုအကြောင်းကို ပြောရသည်မှာ အနည်းငယ် လျှာလိန်သည်ဟု ခံစားရသော်ငြား ယဲ့ရှောင်က အတော်လေး ပုံမှန် ဖြစ်သေးသည်ဟု ခံစားရသည်။ ဆိုရလျှင် နှစ်ဖက်က မျိုးနွယ်စုနှစ်စုဖြစ်ပြီး သူတို့၏ ကြီးကြပ်မှုက တူညီသည့် အဆင့်ဖြင့် ခွဲခြားနိုင်လောက်သည်။ သို့သော် အမည်များကမူ တူညီသည့် အမည်ဖြစ်ဖို့က သေချာပေါက် မဖြစ်နိုင်ပေ။
စီရင်စု၉ခု၏ လူသားများက ငြင်းလျှင် ငြင်းသည့် အဓိပ္ပာယ်အတိုင်းသာ ဖြစ်သည်။ ရင်နိုင်ငံ၏ လူသားများက ငြင်းပယ်သည်ဟု ပြောခဲ့ပါက သူတို့က ၄င်းကို ဝတ်မှာ မဟုတ်ဟု ဆိုလိုသည်။ သို့သော်ငြား ယဲ့ရှောင်သည် အလွန်စိတ်ဝင်စားစရာကောင်းသည့် သတင်းအချက်အလက်တစ်ခုကို ရှာတွေ့ခဲ့၏။ ယင်းက အာကာသစစ်မြေပြင်၌ ကြယ်ဆုံခြင်း အဆင့်သတ်မှတ်မှုဟု ခေါ်သော အဆင့်သတ်မှတ်ခြင်း တစ်ခုလည်း ရှိနေသည်။
ယင်းသည် လူသားမျိုးနွယ်နှင့် ကြယ်တာရာသားရဲမျိုးနွယ်၏ ထိပ်တန်းသိုင်းပညာရှင်များကို တစ်ပြိုင်နက်တည်း မှတ်တမ်းတင်ထားတာပဲ ဖြစ်သည်။
ထိုသိုင်းပညာရှင်များသည် လက်ရှိ သတိထားနေရသော အဖွဲ့များဆိုတာ သေချာပေ၏။ ကြယ်ဆုံသော ကောင်းကင်ထဲရှိ လောကကြီးဆီသို့ မလာသည့်သူများကိုမူ ထည့်မတွက်ထားပေ။
တစ်ဖက်သူက အနိုင်ယူခဲ့သော ဘုရင်နယ်ပယ်အရေအတွက်နှင့် အံ့ဖွယ်သားရဲအရေအတွက်ကို သုံးပြီး အကဲဖြတ်ရန် မှတ်ကျောက်အနေဖြင့် အသုံးပြု၏။
ကြယ်ဆုံခြင်း အဆင့်သတ်မှတ်ချက်ထဲ ဝင်ရောက်နိုင်သည့် သူများက အကြွင်းမဲ့ အစွမ်းထက်၏။ သူတို့ကဲ့သို့ တည်ရှိမှုများသည် အပေါ်ယံတွင် ကမ္ဘာမြေပြင်ပေါ်သို့ ဆင်းသက်လာပါက လောကကြီးထဲရှိ လူသားသိုင်းပညာရှင်များ အားလုံးကို အလွယ်တကူ သိမ်းကျုံးသွားနိုင်၏။
အကြောင်းမှာ ကြယ်ဆုံခြင်း အဆင့်သတ်မှတ်ချက်ထဲ ဝင်ရောက်နိုင်ခဲ့သည့် သူများသည် အနည်းဆုံး ဘုရင်နယ်ပယ်တွင် ရှိကြပြီး ဘုရင်နယ်ပယ်သို့ ရောက်ရှိခါစ လူများသည် ကြယ်ဆုံခြင်း အဆင့်သတ်မှတ်ချက်သို့ ဝင်ရန် အရည်အချင်း မပြည့်မှီလောက်သောကြောင့် ဖြစ်သည်။
ထိုအချက်အလက်က ယဲ့ရှောင်ကို ထိုလောကကြီး၏ သိုင်းပညာရှင်များအပေါ် ပိုရှင်းလင်းစွာ နားလည်သဘောပေါက်လာစေ၏။
သူသည် အနှစ် ၆၀လျှင်တစ်ခါ ကြယ်တာရာသားရဲတစ်စုက အာကာသစစ်မြေပြင်ကနေ စေလွှတ်ခံရသည့် အကြောင်းအရင်းကို နောက်ဆုံးတော့သဘောပေါက်သွားပြီ ဖြစ်သည်။ ကြယ်ဆုံသောကောင်းကင်၌ အံ့ဖွယ်ဂိုဏ်းဟူသည် ဘာမှ မဟုတ်ပေ။
အာကာသစစ်မြေပြင်၏ ပြင်းထန်မှုက မြေပြင်ပေါ်ရှိ လူသားများ မှန်းဆနိုင်ချက်ထက် ကျော်လွန်နေပြီးသား ဖြစ်သည်။ သူတို့ ခံစားရသည့် ဖိအားက ယှဥ်ပြိုင်နိုင်စွမ်း မရှိပေ။
လူသားမျိုးနွယ်၌ အတိတ်တုန်းက ဧကရာဇ်များနှင့် သာမန်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များသာ များများရှိတာ အံ့သြစရာ မရှိပေ။ သို့သော်ငြားကြယ်တာရာသားရဲများနှင့် စစ်ပွဲက မရပ်တန့်သွားခဲ့ပေ။ ကြယ်တာရာသားရဲများနှင့် သိုင်းပညာရှင်အရေအတွက်က များပြားလွန်း၏။ ထိုအချက်အလက်များကို ဖတ်ရှုပြီးနောက် ယဲ့ရှောင်သည် ကျန်ရှိသည့် မျက်ဝန်းကျင့်စဥ်ကို စတင်စုဆောင်းပြီး သူ့အတွက် ပိုအစွမ်းထက်သော မျက်ဝန်းသိုင်းတစ်ခု ဖန်တီးရန် မျှော်လင့်နေမိ၏။
ဆိုရိုးစကားရှိသည့်အတိုင်း များပြားသည့် စွမ်းရည်က ခန္ဓာကိုယ်ကို လွှမ်းမိုးနိုင်မှာ မဟုတ်။ သူများများသိလေလေ ရန်သူကို ပိုဖမ်းမိနိုင်လေ ဖြစ်သည်။
သားရဲကပ်ဘေး ရောက်လာချိန်၌ သူ အသက်ရှင်ရန် အခွင့်အရေး ပိုရလိမ့်မည်။
နှစ်နာရီကျော် ရှာဖွေပြီးနောက် ယဲ့ရှောင်သည် မျက်ဝန်းကျင့်စဥ်နှစ်မျိုး ထပ်ရှာတွေ့၏။ ယခုအခေါက်တွင် စွမ်းအင်လေ့လာခြင်းကျင့်စဥ်ကဲ့သို့ သက်သေမပြတော့ပဲ ပေါက်ကွဲခြင်းကျင့်စဥ်နှင့် ထင်ယောင်ထင်မှား ကျင့်စဥ်တစ်ခု ဖြစ်နေသည်။ ပေါက်ကွဲခြင်းကျင့်စဥ်က အမည်အတိုင်းပင်။ လူတစ်ယောက်၏ အကြည့်ကျရောက်သွားသည်နှင့် ပေါက်ကွဲမှုတစ်ခု ဖြစ်စေသော မျက်လုံးသွေးမျိုးဆက်ကျင့်စဥ်ပဲ ဖြစ်သည်။ ထင်ယောင်ထင်မှားကျင့်စဥ်သည် ရန်သူကို အိပ်ငွေ့ချခံရသည့် အခြေအနေထဲ ကျရောက်စေ၏။ မျက်လုံးသွေးမျိုးဆက်ကျင့်စဥ် နှစ်မျိုးလုံးက ချီရှန်းအဆင့်တွင် ရှိသည်။ သူတို့က အလွန်အထင်ကြီးဖွယ်ကောင်း၏။ သို့သော် လက်တွေ့တွင် ယဲ့ရှောင်အဖို့ ယင်းက ပေါင်းစည်းနိုင်သည့် တော်ဝင်ကျင့်စဥ် မဟုတ်။ သူတို့အားလုံးက အမှိုက်များသာ ဖြစ်သည်။
ထင်ယောင်ထင်မှား ကျင့်စဥ်ကို ဥပမာ ယူနိုင်ပေ၏။ ယဲ့ရှောင်၌ ယခုဆို ခုနှစ်စင်ကြယ်၏ ခမ်းနားသောကျင့်စဥ်၊ ဝိညာဥ်စွမ်းအင်ကျင့်စဥ် ရှိနေပြီဖြစ်ကာ ထင်ယောင်ထင်မှား ကျင့်စဥ်ကိုလည်း အသုံးပြုနိုင်၏။ ထို့အပြင် ၄င်းကို အသုံးပြုချိန်တွင် စွမ်းအားက မနိမ့်ပေ။ ချီရှန်းအဆင့် မျက်ဝန်းကျင့်စဥ်ကို ကျော်တက်နိုင်ပြီး ချက်ချင်းတောင် သတ်ဖြတ်နိုင်ပေ၏။
ကျင့်စဥ်နှစ်မျိုးကို အခြေခံကျင့်စဥ်အနေဖြင့် အသုံးပြုပြီး ယဲ့ရှောင်၏ ပေါင်းစည်းမှုအတွက် ကုန်ကြမ်း ဖြစ်လာလိမ့်မည်။
ယဲ့ရှောင်သာ စာအုပ်တစ်အုပ် ဖတ်နေစဥ် ပိုးသားဖြူ ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦးနှင့် မျက်နှာချင်းဆိုင်သို့ ရောက်လာသည်။
” လူငယ်လေး ငါ ဒီမှာ ထိုင်ရင် စိတ်မရှိဘူးမလား ”
ယဲ့ရှောင်သည် တစ်ဖက်သူကို ကြည့်ရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကိုသာ အသုံးပြုလိုက်သည်။ သူ၏ သွင်ပြင်ကို သိသွား၏။ သူ့၌ မုတ်ဆိတ်ဖြူများရှိပြီး လေ့ကျင့်ရေးဝတ်စုံနှင့်
ဥယျာဥ်ထဲရှိ အဖိုးအိုများနှင့် ဆင်တူသည့် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ထားသည်။ သူ၏ ကျင့်ကြံဆင့်က ဖောက်မြင်နိုင်ရန် အတော်လေး ခက်ခဲလှသည်။ သီအိုရီကျကျ ပြောရလျှင် ချီရှန်းတစ်ယောက် ဖြစ်လာပြီးနောက် လူတစ်ယောက်သည် အရှိန်အဝါနှင့် ကျင့်စဥ်ကို ဖုံးကွယ်ထားနိုင်သောကြောင့် အတော်လေး စိတ်ဝင်စားဖွယ် ကောင်းပေ၏။
သို့သော်ငြား ချီရှန်းတစ်ယောက် သို့မဟုတ် မဟာချီရှန်းတစ်ယောက်ကို အံ့ဖွယ်ချီရှန်းတစ်ယောက်ရှေ့၌ ဖုံးကွယ်ထားဖို့က သေချာပေါက် ခက်ခဲသည်။ နှစ်ဖက်ကြားရှိ ခွန်အား ကွာဟချက်က ကြီးမားလွန်းနေ၏။
ထိုသို့တိုင် တစ်ဖက်သည် သူ၏ စစ်ဆေးမှုကို ပိတ်ဆို့ထားနိုင်သည်။ တစ်ဖက်သူ၏ ခွန်အားက ထူးကဲကြောင်း သက်သေပြရန် လုံလောက်သွားပြီ ဖြစ်သည်။ ယင်းက ရှန်းထျန်းသတ္တမအဆင့်အထက် အံ့ဖွယ်ချီရှန်းဆိုတာ သေချာသွား၏။
သို့သော် ယဲ့ရှောင်က အာရုံသိပ်မစိုက်ပေ။ သူက ခေါင်းတောင် မမော့ပဲ ခေါင်းညိတ်လိုက်၏။
တစ်ဖက်သူ မည်မျှ သန်မာစေကာမူ သူနှင့် ဘာမှမဆိုင်ပေ။ သူက ကျန်သည့်သူများ၏ ကျင့်စဥ်အကြောင်း အတင်းပြောရန် အချိန်ရှိလျှင် သူ၏ ကိုယ်ပိုင် ခွန်အား တိုးရန်အတွက် သူ ကိုယ်ပိုင်ကျင့်စဥ်ကို သင့်တော်စွာ ကျင့်ကြံနေတာက ပိုကောင်းပေလိမ့်မည်။
ထို့အပြင် ဤနေရာက ကျုံးမြို့ ဖြစ်၏။ စီရင်စု၉ခုရှိ မြို့များစွာအနက် ဤနေရာက ထိပ်တန်းမြို့အနည်းစုထဲမှ တစ်မြို့ဖြစ်သည်။ အံ့ဖွယ်ချီရှန်းများ ပေါ်တတ်တာ အံ့သြစရာ မရှိပေ။
သို့သော်ငြား တစ်ဖက်သူက သူ့ကို စိတ်ဝင်စားနေတာ သိသာ၏။ အဖိုးအိုက ထိုင်ပြီး စိတ်ဝင်တစား မေးလိုက်တော့သည်။
” မင်းလည်း မျက်ဝန်းကျင့်စဥ် စိတ်ဝင်စားတာလား ” ယဲ့ရှောင်သည် ခဏတာ ရပ်တန့်ပြီးနောက် ခေါင်းမော့ကာ တစ်ဖက်ကို ကြည့်လိုက်၏။ ထိုအကြည့်တစ်ချက်တွင် တစ်ဖက်သူ၏ မျက်လုံးများက အတော်လေး မူမမှန်ကြောင်း သတိပြုမိလိုက်သည်။ ယင်းက သူငယ်အိမ်ထဲ၌ အစိမ်းရောင်ဖျော့ဖျော့ အရိပ်ယောင် ပေါ်နေ၏။
သူ၏ အကြည့်က အနည်းငယ် လှုပ်သွားသော်ငြား ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ တစ်ဖက်သူက မျက်ဝန်းသွေးမျိုးဆက်ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။
စိတ်ဝင်စားစရာပဲ။
သူသည် အံ့ဖွယ်ချီရှန်းအဆင့်အထက် သွေးမျိုးဆက် ကျင့်ကြံသူတစ်ဦးကိုသာ တွေ့ခဲ့ဖူးသည်။ ယင်းက အနောက်တောင် ပင်လယ်ကမ်းခြေတောအုပ်ထဲ၌ သူနှင့် တွေ့ကြုံခဲ့ဖူးသည့် ရှားပင်းနဥ်ပဲ ဖြစ်သည်။ ဤနေရာ၌ ဒုတိယမြောက် တစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မထင်ထားပေ။
” ဟုတ်ပါတယ်။ ကျွန်တော် နည်းနည်း သိချင်လို့ ”
အကြီးအကဲက အနည်းငယ် ပြုံးလိုက်၏။
” သိချင်ရုံလောက်နဲ့ မရိုးရှင်ဘူးမလား။ မင်း စာကြည့်တိုက်ကို ပထမဆုံး ရောက်တဲ့အချိန် မင်းက ပထမထပ်က မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ်အကြောင်း အချက်အလက်တွေ ရှာတာ။ ပြီးတော့ မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ်တွေအကြောင်း စာအုပ်တွေ စဖတ်တယ်။ နောက်ပိုင်း ဝိညာဥ်သန့်စင်ခြင်းကျင့်စဥ်အကြောင်း ဖတ်ပြီးပေမဲ့ မင်းက မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ်အကြောင်း စာအုပ်တွေ အခု ဖတ်နေတယ်။ မင်းက မျက်ဝန်းသွေးမျိုးဆက်ကျင့်စဥ်ကို လေ့လာနေတာ ဟုတ်တယ်မလား ”
” ငါ အများကြီး မပြောသင့်ပေမဲ့ သိုင်းပညာလမ်းကြောင်းမှာ လောဘ သိပ်မကြီးသင့်ဘူး။ သီးခြား သိုင်းပညာလမ်းကြောင်းတစ်ခုကို ရှာပြီး အမြင့်ဆုံးအထိရောက်အောင် သင့်တော်အောင် လေ့ကျင့်သင့်တယ် ”
ယဲ့ရှောင်သည် သူ၏ မျက်ဝန်းတို့ အနည်းငယ် မှေးကျဥ်းသွားမိ၏။
ကောင်းရောပဲ။ ဒီနေ့ ခေါင်းမာတဲ့ သူနဲ့ တွေ့ပြီ။
သူက စာကြည့်တိုက်ထဲမှာ ငါ့ရဲ့ လုပ်ရပ်တွေကို နေ့ပေါင်းများစွာ တွေ့တယ်ပေါ့။ စိတ်ဝင်စားစရာပဲ။။
ယဲ့ရှောင်သည် သူ့ကိုသူ ချဲ့ကားပြောတာ မဟုတ်သော်ငြား လောကကြီးထဲ၌ ဤအဆင့်ထိရောက်အောင် လုပ်နိုင်သည့် သူက လက်ချိုးရေ၍ ရသည်။ ထိုအဖိုးအိုက အတော်လေး တကယ် တစ်ခုခုပဲ ဖြစ်သည်။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်၏။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်တိုက်ခိုက်ရန် အစွမ်းထက်သည့် အားများ ပေါ်နေပုံပေါ်သည်။ စာကြည့်တိုက်တစ်ခုလုံးထဲ၌ သူတို့နှစ်ယောက်သာလျှင် တစ်ယောက်ကိုတစ်ယောက် ခံစားမိ၏။ မည်သူကမှ သူတို့နှစ်ယောက်ကို မခံစားမိပေ။ ယင်းက ယှဥ်ပြိုင်မှုတစ်ခု သေရေးရှင်ရေး တိုက်ပွဲမဟုတ်ပေ။
သို့သော် တစ်ိတ်က ရှုံးနိမ့်သွားခဲ့လျှင် မလွယ်ကူမှာ သေချာနေ၏။ ထိုစဥ် ယခုအချိန်၌ မည်သူကမှ နောက်မဆုတ်နိုင်ပေ။ အကြောင်းမှာ တစ်ဖက်သူက နောက်တစ်စက္ကန့်၌ ရုပ်ချည်းတိုက်ခိုက်မည်ဟု အာမခံချက် မရှိသောကြောင့် ဖြစ်သည်။
သို့သော် ၁၀မိနစ် ကုန်လွန်သွားချိန်၌ ယဲ့ရှောင်သည် သူ၏ အရှိန်အဝါကို ရုတ်တရက် ရုတ်သိမ်းကာ သူ၏ ခန္ဓာကိုယ်အပေါ်ယံကို ကာကွယ်ရန် ခွန်အားအကုန် သုံးလိုက်တော့၏။

အပိုင်း ၂၂၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset