Switch Mode

Chapter – 223

ကျားနတ်ဆိုးနှင့် ပက်ပင်းတိုးခြင်း

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၂၃ ကျားနတ်ဆိုးနှင့် ပက်ပင်းတိုးခြင်း။

စွမ်းအင်လေ့ခြင်းကျင့်စဥ်က အလွန်ရိုးရှင်းပြီး သာမန်မျက်ဝန်းကျင့်စဥ်သာ ဖြစ်သည်။ ၄င်း၏ အဆင့်က အလွန်နိမ့်ပြီး အနိမ့်ဆုံး အကန့်အသတ်ကလည်း နိမ့်ပါးလွန်း၏။ အာနိသင်ကလည်း နိမ့်သည်။
အလွန်ကောင်းမွန်သည့် ဆိုရိုးစကားတစ်ခု ရှိသည်။ အားနည်းသူ၏ လက်ထဲရှိ ဓါးသည် ကျွမ်းကျင်သူ၏ လက်ထဲရှိ ကျောက်တုံးလေးကို အနိုင်မယူနိုင်ပေ။
ထိုအကြောင်းအရင်းကြောင့် ဝိညာဥ်စွမ်းအင်လေ့လာခြင်း ကျင့်စဥ်သည် စွမ်းအင်လေ့လာခြင်းကျင့်စဥ်က မည်မျှ သုံးစားမရဖြစ်စေကာမူ အသုံးပြုသည့် သူပေါ်မူတည်နေသည်။
တခြားတစ်ယောက်သာဆိုလျှင် တကယ် အသုံးမကျဖြစ်နေလိမ့်မည်။ သို့သော်ငြား ယဲ့ရှောင်၏ ကျင့်စဥ်သည် ကျင့်ကြံခြင်းအဆင့်က ရှန်းထျန်းနဝမအဆင့်သို့ ရောက်နေပြီ ဖြစ်၏။ အစွမ်းထက်သည့် ခွန်းအားဖြင့် သေးငယ်သည့် ကျင့်စဥ်တွေကို အသုံးပြုသည့် ချဲ့ထွင်သည့် အာနိသင်ကလည်း ထူးကဲနေလိမ့်မည်။
သူက အိပ်ယာဘေးတွင် ရှိနေစဥ် မျက်ဝန်းသွေးမျိုးဆက် ကျင့်စဥ်ကို အသုံးပြုပြီး နောက်တစ်စက္ကန့်၌ ကျုံးမြို့ထဲရှိ အဆောက်အဦးများအားလုံးကို မြင်နေရကာ ခွန်အားအမျိုးမျိုးသော အရှိန်အဝါများ၏ လွင့်ပြယ်တက်နေ၏။
လူအချို့က နဂါးများပမာ အစွမ်းထက်ပြီး တောင်များပမာ ကြီးမား၏။
လူအချို့ကမူ စွမ်းအားလျော့နည်းကာ အဖြူရောင်သက်တန့်ပမာ သန်မာပြီး ကောင်းကင်ထဲ၌ အဖြူရောင်အလင်းတစ်ခု ဖွဲ့တည်နေသည်။
လူတချို့က အားနည်းလွန်းသောကြောင့် ဆံချည်မျှင်များပမာ လျစ်လျူရှုထားနိုင်သည်။
ထိုလူများက အများစုက ကလေးများ ဖြစ်၏။ သူတို့သည် ယခင်က တစ်ခါမှ မကျင့်ကြံဖူးသောကြောင့် သူတို့ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်က အလွန်နည်းပါးသည်။
ထိုမှတပါး ထူးခြားသည့်အရာများလည်း ရှိသည်။ အနီရင့်၊ အနက်။
ယင်းက ကောင်းမွန်သည့်အရာများ မဟုတ်ပေ။ သို့သော် ယဲ့ရှောင်က ကယ်တင်ရှင် မဟုတ်။ ထို့ကြောင့် တစ်ယောက်ပြီးတစ်ယောက် သူ မရှာနိုင်ပေ။
ထို့အပြင် သူတို့၏ ဝိညာဥ်စွမ်းအင်များကို ကြည့်ခြင်းဖြင့် သက်ရှိများကို အကဲဖြတ်သည်က ကောင်းသည်လော ဆိုးသည်လော။ ယင်းက နည်းနည်းတော့ တစ်ဖက်သတ်ဆန်ရာ ရောက်နေသည်ဟု သူ ခံစားမိသည်။
သို့သော်ငြား မျက်ဝန်းကျင့်စဥ်က အတော်လေး အသုံးဝင်သည်ဟု ဆိုနိုင်ပေ၏။ စိတ်စွမ်းအားများကို လေ့လာပြီး ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ထင်ယောင်ထင်မှားဖြစ်မှု စသည်တို့ကို စုစည်းပေးနိုင်၏။
သို့သော် ရွှေရောင်စာအုပ်က မျက်ဝန်းကျင့်စဥ်ကိုပေါင်းစည်းနိုင်သည်။ နောင်ကြ အခြေခံ မျက်ဝန်းကျင့်စဥ်အချို့ကို ရှာရန် လိုအပ်ပြီး တော်ဝင်အ
ဆင့် မျက်ဝန်းကျင့်စဥ်ကို သူ ပေါင်းစည်းနိုင်မှာပဲ ဖြစ်သည်။ ယင်းက လုံလောက်နေပြီ ဖြစ်၏။
ကြေးမုံ၏ အလင်းပြန်မှုကနေ ယဲ့ရှောင်က သူ့သူငယ်အိမ်ထဲရှိ နေရာက အနက်ရောင်မှ ရွှေရောင်ပြောင်းလဲသွားတာကို သူ တွေ့လိုက်ရသည်။
ယင်းက ရှားပင်းနဥ်၏ ကျင့်စဥ်နှင့် အလွန်ဆင်တူသည်။ ၄င်းကို အသုံးပြုသည့် အချိန်၌ မျက်လုံးအရောင် ပြောင်းလဲသွား၏။
ထိုစဥ် သူ၏ တံခါးဘဲလ်သံ မြည်လာတော့သည်။
ယဲ့ရှောင်က တစ်ချက်ကြည့်လိုက်၏။ အရှိန်အဝါအရ ယန်ရှီး ဖြစ်လောက်သည်။
သူက မျက်ဝန်းကျင့်စဥ်ကို ပြန်ရုတ်သိမ်းပြီး တံခါးဖွင့်ရန် ရှေ့သို့ လျှောက်သွားလိုက်သည်။
” ကြီးကြပ်သူ ”
ယန်ရှီးက ရေချိုးပြီး အပြာဖျော့ဖျော့ ဂါဝန်ရှည်ကို လဲထားပြီး ဖြစ်သည်။ ပြောရန်မလို ထိုအမျိုးသမီးက ဂါဝန်တစ်ထည် ဝတ်ထားသေး၏။
ယန်ရှီး၏ အုတ်မြစ်က မဆိုးရွားပေ။ သူမက ချင်ယွိယန်ကို သေချာပေါက် မယှဥ်နိုင်သော်ငြား အလှပဂေး( ၁၀ ) ဦးထဲ၌ ( ၉ ) ယောက်မြောက်အဖြစ် သတ်မှတ်နိုင်ပေသည်။
သို့သော်ငြား သူမက ယောင်္ကျားဆန်လွန်းသည့် အဝတ်အစားမျိုးသာ ဝတ်လေ့ဝတ်ထ ရှိသည်။ ထို့ကြောင့် ဘာမှမခံစားရပေ။ ယနေ့တွင်မူ သူမက ဂါဝန်တစ်ထည် ရုတ်တရက် ဝတ်လာ၏။ ယင်းက အနည်းငယ် မင်သက်ဖွယ်ကောင်းကာ မိန်းကလေးတစ်ယောက်ရှိသင့်သည့် ကျော့ရှင်းမှု တစ်စွန်းတစ်စ ရှိလေ၏။
” ဘာဖြစ်လို့လဲ ”
ယဲ့ရှောင်က ခပ်ဖျော့ဖျော့ မေးလိုက်၏။
ယန်ရှီးက နှုတ်ခမ်းကိုက်ကာ သတ္တိမွေးပြီး ပြောလိုက်တော့၏။
” ကြီးကြပ်သူ ဒီနေ့ကိစ္စအတွက် ရှင့်ကို ကျေးဇူးတင်ချင်သေးလို့ ”
” ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူးလို့ ပြောပြီးသားပဲ။ အသေးအမွှားလေးပဲ ”
” ဒါပေမဲ့ ကြီးကြပ်သူသာ ကျွန်မတို့ကို လာမကယ်ခဲ့ရင် စာကြည့်တိုက်ကို သတင်းပို့ခဲ့ရမှာ။ ဒီလိုဆိုရင် ပြန်ရောက်တာနဲ့ အပြစ်ပေးခံရတာ။ ဒါမှမဟုတ် အလုပ်ပြုတ်ခံရတာတောင် ဖြစ်နိုင်သေးတယ်။ ဒီနေရာမှာ နာမည်ကြီးတဲ့ အနောက်ပိုင်း စားသောက်ဆိုင်တစ်ခု ရှိတယ်လေ။ ကျွန်မ လိုက်ကျွေးချင်လို့ ”
” အနောက်တိုင်း အစားအစာလား ”
ယဲ့ရှောင်က ခဏတဖြုတ် စဥ်းစားလိုက်၏။
” အနောက်တိုင်း အစားအစာ စားဖို့ မလိုဘူး။ ကြည့်ရတာ ဟန်ဆောင်ပန်ဆောင် များလွန်းတယ်။ ဒါပေမဲ့ တကယ်တော့ ပျင်းရိစရာကောင်းလွန်းတယ်။ အဲ့ဒီအစား ငါတို့ စီရင်စု၉ခုရဲ့ ဟင်းလျာတွေကို ပိုစားချင်တယ်။ အနောက်တိုင်းစားစရာထက် အဆာပြေစားတာ ပိုကောင်းဦးမှာ ”
” မင်း ငါ့ကို တကယ် တစ်နပ်ဒကာခံချင်တယ်ဆိုရင် ငါတို့တွေ ကျုံးမြို့ရဲ့ အစာပြေမုန့်စစ်စစ်တချို့ သွားစားရအောင်လား ”
” ကောင်းပြီလေ ”
ယန်ရှီးသည်လည်း အနောက်တိုင်းစားစရာကို မကြိုက်ပေ။ သူမက တစ်စုံတစ်ယောက်ကို ထမင်းတစ်နပ် ဧည့်ခံကျွေးမွေးရန်အတွက် လမ်းဘေးဈေးဆိုင်လေးများသို့ သွားရမှာကို ရှက်နေရုံသာ ဖြစ်သည်။
အဆုံးတွင်မူ သူမက ယဲ့ရှောင်သည် ဦးစွာ ပြောကြားလာလိမ့်မည်ဟု မထင်ထားပေ။ ထို့ကြောင့် အခြေအနေကို အခွင့်ကောင်းယူရန် အချိန်ကိုက်ဖြစ်သွား၏။
နှစ်ယောက်သားက ပင်မလမ်းဘေးသို့ လျှောက်သွားပြီး အရသာရှိသည့် အစားပြေမုန့်အချို့ကို မြည်းစမ်းရန် မုန့်ဈေးတန်းသို့ သွားလိုက်၏။
သူတို့က လျှောက်သွားနေပြီး မကြာမီ၌ နှစ်နာရီကျော် အချိန်ကုန်သွားသည်။
” ကြီးကြပ်သူ ကြည့်ပါဦး ကျွန်မဗိုက်တွေ ပူနေတာပဲ ”
ယန်ရှီးက သူမ၏ ဗိုက်လေးကို လက်ညိုးထိုးပြလိုက်၏။ ယင်းက ပြည့်နေပြီ ဖြစ်သည်။ အစက ယဲ့ရှောင်သည် အားနာသမှုဖြင့်သာ လိုက်လာပြီး သိပ်မစားလောက်ဟု ထင်ခဲ့တာ ဖြစ်၏။ သို့သော်ငြား သူသည် အစကနေ အဆုံးထိ အကြော်၊ အကင်၊ အပူ၊ အအေး၊ အချဥ်၊ အချိုစသည်ဖြင့် တစ်ခုမှ မလွှတ်စေပဲ အားလုံး စားလိုက်လိမ့်မည်ဟု သူမ မထင်ထားပေ။
ရလဒ်အနေဖြင့် သူမသည် ခြောက်လဗိုက် ဖြစ်သည်အထိ စားမိခဲ့၏။ သူမက လုံးဝန်းနေကာ ဧရာမပန်ဒါနှင့် တူနေတော့သည်။ သို့သော် မည်သည့်အကြောင်းကြောင့်မသိ ကြီးကြပ်သူ၏ အစာအိမ်က အဘယ်ကြောင့် အဆင်ပြေနေသနည်း။ သူမနှင့် ယှဥ်လျှင် ကြီးကြပ်သူက ပိုစားခဲ့သည်။ သို့သော်ငြား သူ၏ အစာအိမ်က အနည်းငယ်မျှတောင် ပြောင်းလဲမှု မရှိပေ။ ယခုအချိန်ထိ အဆင်ပြေနေ၏။
ယင်းက ယန်ရှီးကို ပိုတောင် ဇဝေဇဝါ ဖြစ်သွားစေသည်။
ယဲ့ရှောင်က တည်ငြိမ်စွာ ပြောလိုက်၏။
” မင်းပြောတာက နည်းနည်းတော့ လက်မခံနိုင်စရာကောင်းတယ်။ ငါ့ကြောင့်သာမဟုတ်ရင် မင်းက ဒီလို စားကောင်းသောက်ဖွယ်တွေကို စားဖြစ်မှာလား။ တစ်ချက်ကြည့်ရုံနဲ့ ဘယ်ဟာက အရသာရှိလဲ မရှိဘူးဆိုတာ ပြောနိုင်တယ်။ မင်းအတွက် ပိုက်ဆံ ချွေတာပေးခဲ့တာလေ ”
ယန်ရှီးက ခေါင်းညိတ်လိုက်၏။
ကြီးကြပ်သူပြောတာ မှန်ပေသည်။
” ငါတို့ ဈေးဝယ်ထွက်ပြီးသွားပြီ။ အခု ပြန်ကြရအောင်။ မနက်ဖြန် လေ့ကျင့်ရေး သွားရဦးမယ်လေ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ပြန်သွားပြီး အနားယူဖို့ အချိန်ရောက်ပြီ ”
နှစ်ယောက်သားက ပြန်ရန် ပြင်ဆင်လိုက်တော့၏။ သူတို့ ထွက်လာသည့်အချိန်တိုင်း ခံစားချက်ပေါ် မူတည်သည်။ လမ်းကြောင်းကို ပြန်လှည့်ခဲ့ကြသည်။
ယခုအချိန်တွင် အလွန်နောက်ကျနေပြီ ဖြစ်၏။ ည၁၁နာရီကျော်ပြီးနောက် လမ်းက ရှင်းလင်းနေပြီး လူသူ မရှိတော့ပေ။ ထူးဆန်းသည့် ခံစားချက် ဖြစ်စေ၏။
သူတို့နှစ်ယောက်က ဘိုကင်တင်ထားသည့် ဟိုတယ်ကို သွက်သွက်လေး သွားလိုက်၏။ သို့သော် မကြာမီ၌ ရှေ့ကနေ အော်သံတစ်သံ ရုတ်တရက် ကြားလိုက်ရသည်။
” အား ”
ယင်းက အမျိုးသမီးတစ်ယောက်၏ အော်သံ ဖြစ်သည်။ ယန်ရှီ၏ မျက်ဝန်းတို့က အေးစက်သွားကာ ခြေလှမ်းကြဲကြီးများဖြင့် ချက်ချင်း သွားလိုက်၏။
ယဲ့ရှောင်သည် ခြေရောလက်ရာ မပြပဲ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးကာ ချက်ချင်း နားလည်သွား၏။
လူသားများကို ထိခိုက်အောင် လုပ်နေသည့် ကျားနတ်ဆိုးတစ်ကောင် ရှိသည်။ ယခင်က မြို့စောင့်တပ်ဖွဲ့အဆိုအရ ကျုံးမြို့ထဲ၌ လတ်တလော လူပျောက်ဆုံးမှုများ ရှိခဲ့သည်။ သူတို့က မလွတ်မြောက်လောက်ပုံ ပေါ်၏။
ထိုစဥ် ယန်ရှီးက လမ်းကြားလေးရှေ့သို့ ရောက်သွားပြီ ဖြစ်သည်။ ပြီးနောက် သူမက တစ်ဖက်သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ရုတ်တရက် ထိတ်လန့်သွားတော့သည်။
” ဆုန့်ရှောင်ယန်။ နင် ဒီမှာ ဘာကြောင့် ရောက်နေတာလဲ။ နင် ဘာလုပ်နေတာလဲ ”
ယန်ရှီးက ထုတ်ပြောမိသွား၏။ ထိုစဥ် ယဲ့ရှောင်က သူမနောက်သို့ ရောက်နေပြီ ဖြစ်သည်။
တစ်ဖက်သူကို ကြည့်ပြီး အမူအယာကို ကြည့်ခြင်းအားဖြင့် သူမရင်ထဲ တစ်စုံတစ်ခုကို နားလည်သွားသည်။
မထင်ထားသည့်အရာ မဖြစ်ခဲ့လျှင် ဆုန့်ရှောင်ယန်က ယန်ရှီး၏ အတန်းဖော်ဟောင်း ဖြစ်လောက်သည်။ လူ့လောကသို့ ပြန်လာခြင်းအတွက် ပေးဆပ်လိုက်ရသည့် တန်ကြေးမှာ သူမ လူဆိုးတစ်ယောက် ဖြစ်လာတာ ဖြစ်နိုင်ချေ များ၏။ မဟုတ်ပါက သူမ ခွန်အားတစ်ခုတည်းဖြင့် ကြယ်တာရာသားရဲများ၏ ခံတွင်းထဲက လွတ်မြောက်ရန် မျှော်လင့်ချက် မရှိပေ။
ဆိုရလျှင် ကြယ်တာရာသားရဲက မျက်တောင်မခတ်ပဲ လူသတ်သည့်သူများ ဖြစ်သည်။
ဆုန့်ရှောင်ယန်ကလည်း ယန်ရှီးကို မြင်ပြီး သူမ မျက်ဝန်းထဲ၌ ကြောက်လန့်မှု တစ်စွန်းတစ်စ ပေါ်လာသည်။ မကြာမီ၌ သူမ အမူအယာက လေးနက်တည်ကြည်သွားတော့၏။
” ငါ ဘာလုပ်နေတယ်ဆိုတာ နင် ဂရုစိုက်ဖို့ မလို
ဘူး ”
ယန်ရှီး၏ မျက်နှာက အေးစက်သွားတော့သည်။
” နင် ဘာလုပ်နေလဲဆိုတာ ဂရုမစိုက်ဘူး။ ဒါပေမဲ့ နင် လူတွေကို ထိခိုက်အောင် လုပ်တာ ခွင့်မပြုဘူး။ သူ့ကို လွှတ်ပေးလိုက် ”
ဆုန့်ရှောင်ယန်က ပြောလိုက်သည်။
” လူကောင်းလို ယောင်ဆောင်နေတာ ရပ်လိုက်တော့။ ဒီမိန်းမက ငါ့ကို အကြွေးတင်နေတာ။ ဒါကြောင့် ငါ သူ့ကို ဖမ်းချင်နေတာပဲ။ ငါ့ကိစ္စကို ဝင်ရှုပ်ခဲ့ရင် နင့်ကို ရိုင်းပျတယ်ဆိုပြီး အပြစ်မတင်နဲ့ ”
အမျိုးသမီးကလည်း ကိုယ်ခံပညာကို လေ့ကျင့်ထား၏။ ခဏတာ ရုန်းကန်ပြီးနောက် သူမက ချက်ချင်း ပြောလိုက်သည်။
” ကျွန်မ သူ့ကို မသိဘူး။ ကျွန်မ သူ့ဆီက ပိုက်ဆံမချေးထားဘူး။ ကျေးဇူးပြုပြီး ကယ်ပါဦး ”
ဆုန့်ရှောင်ယန်၏ မျက်ဝန်းများက အေးစက်သွားပြီး သူမကို ချက်ချင်း ပိုတောင် ဖိနှိပ့်လိုက်၏။
” နင် သေရတော့မှာလေ။ ဒါတောင် ဝန်ခံဖို့ ငြင်းနေသေးတယ်။ အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ”
ထိုသို့ပြောပြီးနောက် သူမသည် လက်ဖဝါးဖြင့် တစ်ဖက်သူ သတိလစ်သွားအောင် ရိုက်လိုက်၏။
ယန်ရှီးက နှာခေါင်းရှုပ်ကာ ပြောလိုက်တော့သည်။
” သူ ပြောတာ မှားနေရင်တောင် ဒါက မြို့စောင့်တပ်ဖွဲ့ ကိစ္စလေ။ နင် သူ့ကို ဖမ်းပိုင်ခွင့် မရှိဘူး ”
ဆုန့်ရှောင်ယန်သည် စိတ်ရှည်သည်းခံမှု ဆုံးရှုံးသွားတာ သိသာ၏။
” နင် အရိုက်ခံချင်နေတာပဲ။ နင် သေချင်နေတာလား ရှောင်ဝမ်။ သူ့ကို တိုက်ခိုက်ပြီး ခေါ်သွားကြ ”
” ဟုတ်ကဲ့ ”
ဆုန့်ရှောင်ယန်က ပြောလိုက်၏။ နောက်တစ်
စက္ကန့်၌ သိုင်းပညာရှင်နှစ်ယောက်က အမြန်ဆုံးသော အရှိန်ဖြင့် ယန်ရှီးဆီသို့ ချက်ချင်း ပြေးဝင်သွားသည်။
ယန်ရှီး၏ အမူအယာက တောင့်ခဲသွား၏။ သူမက မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းပြီး သူမ၏ ခန္ဓာကိုယ်က မြင့်မားစွာ ရုတ်တရက် ခုန်လိုက်လေ၏။
သူမ ခြေထောက်ကို မြှောက်ကာ တစ်ဖက်သူကို လွင့်ထွက်သွားအောင် လုပ်လိုက်သည်။
ဆုန့်ရှောင်ယန်၏ အမူအယာကို အေးစက်သွားစေတော့၏။ ဒီတော့မှ ယန်ရှီး၏ ကျင့်ကြံဆင့်သည် သူတို့ထက် ပိုမြင့်ကြောင်း သူမ မှတ်မိသွား၏။
” ဟန့် … နင် ကံကောင်းတယ်လို့ တွေးလိုက်ပေါ့ ”
ဆုန့်ရှောင်ယန်က တံတွေးထွေးပြီး ထွက်ပြေးရန် ချက်ချင်း ပြင်ဆင်လိုက်သည်။
သို့သော် ထိုစဥ် မတော်တဆ ဖြစ်ပြန်၏။
အနက်ရောင်ဝတ်ရုံ ဝတ်ထားသည့် သူတစ်ယောက်က အမှောင်ထဲကနေ ဖြည်းဖြည်းချင်း ထွက်လာပြီး သူ၏ ပါးစပ်က ထူးဆန်းသည့်ရယ်သံ ပေါ်ထွက်လာသည်။
” ကျွတ် ကျွတ် ကျွတ် ဆုန့်ရှောင်ယန်။ ဒါက အရမ်း သန်မာတဲ့ သိုင်းပညာရှင် မဟုတ်လား။ မင်း သူ့ကိုဘာကြောင့် မဖမ်းတာလဲ။ အဲ့ဒီအစား မင်းက ထွက်ပြေးချင်နေတယ်ပေါ့။ တမင်တကာ လုပ်တာလား ”
ဆုန့်ရှောင်ယန်၏ ခန္ဓာကိုယ်က ချက်ချင်း တုန်ယင်သွားကာ တစ်လက်မမျှ မလှုပ်ရဲတော့ပေ။
” အရှင်မြွေနတ် ဒီလက်အောက်ငယ်သားက သူ့ကို အနိုင်မယူနိုင်မှာ စိုးရိမ်မိပြီး ကျွန်မ အဖမ်းခံလိုက်ရရင် သူ ညှင်းပမ်းနှိပ်စက်တဲ့အခါ အစီအစဥ် ထုတ်ဖော်ခံရမှာ စိုးရိမ်လို့ပါ ”
ဆုန့်ရှောင်ယန်က သူမကို တစ်ချက်ကြည့်ပြီးနောက် ရယ်မောလိုက်သည်။ နောက်ဆယ်စက္ကန့်၌ သူသည် ဆုန့်ရှောင်ယန်၏ ရင်ဘက်ကို ထိုးလိုက်၏။
ဖုန်း။
ချက်ချင်းပင် ဆုန့်ရှောင်ယန်က လွင့်ထွက်သွားကာ ယန်ရှီး၏ ခြေထောက်နား ကျသွားတော့သည်။
” ငါ တကယ် မတွေ့ဘူးများ မင်း ထင်နေလား။ ဒီနေ့ မင်း သူ့ကို KTVနဲ့ ဘားတွေကနေ ထွက်သွားအောင် တမင်တကာ ပြဿနာရှာခဲ့တဟ်။ အခု မင်းက ထွက်ပြေးချင်နေပြန်ပြီလား။ ငါ့ကို ကန်းနေတယ်လားများ ထင်လား။ ဒါမှမဟုတ် ငါ့ကို အရူးတစ်ယောက်လို့ ထင်နေတာလား ”
ယန်ရှီးသည် ထိုစကားများကို ကြားသောအခါ သူမ စိတ်က ဗြောင်းဆန်သွားတော့သည်။
ဆုန့်ရှောင်ယန်သည် သူမကို ယနေ့ တိုက်ခိုက်ခဲ့၏။ အကြောင်းအရင်းမှာ သူမကို ကယ်တင်ချင်သောကြောင့် ဖြစ်သည်။ သူမက အကြောင်းအရင်းကိုတောင် မသိပဲ တစ်ဖက်သူကို တိုက်ခိုက်ခဲ့၏။ သို့သော်ငြား ဆုန့်ရှောင်ယန်သည် သူမ၏ အထက်လူကြီးကြောင့် ဒဏ်ရာရခဲ့သည်။
သူမက အမြန် လမ်းလျှောက်သွားပြီး ဒဏ်ရာရနေသော ဆုန့်ရှောင်ယန်ကို လက်ထဲ ထွေးပွေ့ထားလိုက်၏။
” ရှောင်ယန် ငါ့ကို ဘာကြောင့် မပြောခဲ့တာလဲ။ ငါ့ကို ဘာတွေ ဖုံးကွယ်ထားတာလဲ ”
ဆုန့်ရှောင်ယန်က ချောင်းဆိုးသွေးများ သွေးများ ဟန့်ပြီးနောက် ရယ်မောလိုက်၏။
” နင် လူဆိုးတစ်ယောက် ဖြစ်လာပြီပဲ။ ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စမျိုးကို နင့်ကို ပြောပြဖို့ ဘယ်လိို့ သတ္တိရှိမှာလဲ ”
” ငါ နင့်ကို အခုချက်ချင်း ဆေးရုံပို့ပေးမယ် ”
” မရဘူး။ ငါ့ရဲ့ နှလုံးက ကွဲကြေသွားပြီ။ နောက်ထပ် နှစ်မိနှစ်လောက်ပဲ တောင့်ခံထားနိုင်မှာ။ မြန်မြန် သူတို့အကြောင်း သတင်းဖြန့်လိုက်။ ကြယ်တာရာသားရဲတွေက လူသားတွေ အများကြီးကို ဖမ်းပြီး သူတို့ကို ကျားနတ်ဆိုးတွေအဖြစ် ပြောင်းနေတာ။ ပြီးတော့ လူသားမြို့တွေဆီ ပို့နေတယ်။ သူတို့မှာ ဆိုးရွားတဲ့အကြံ ရှိတယ်။ သူတို့က နောက်ထပ် သားရဲကပ်ဘေး မစခင် လူသားအားလုံးကို ဖျက်ဆီးချင်နေတာ ”
သေခါနီး၌ ရှောင်ယန်ကလည်း ထိန်းချုပ်မှု ကင်းမဲ့သွားတော့၏။

အပိုင်း ၂၂၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset